K-TEC Auto Repair Shop

K-TEC Auto Repair Shop မင်္ဂလာပါ

ဘက္ထရီ ထောက်ကြိုးBattery Jumper Cableကားတစ်စီး သက်တမ်းစေ့နေနိုင်ဘို့အတွက် ကားနဲ့ပတ်သက်လို့ဘယ်အရာမဆို စနစ်တကျ လုပ်ထုံးလုပ...
12/09/2023

ဘက္ထရီ ထောက်ကြိုး
Battery Jumper Cable

ကားတစ်စီး သက်တမ်းစေ့
နေနိုင်ဘို့အတွက် ကားနဲ့ပတ်သက်လို့
ဘယ်အရာမဆို စနစ်တကျ လုပ်ထုံး
လုပ်နည်း procedure များ ရှိပြီးဖြစ်သည်။

Battery လစ်သွားပြီဆိုရင် ~~~~~
တွန်းနှိုးလို့ရတဲ့ ကားတွေအတွက်လဲ
တွန်းပေးဘို့ လူရှာရသည်။
ဂီယာ pinion တွေနာသည်။

၁။ Live Batt အနီ(+) ငုတ်နဲ့
Dead Batt အနီ(+) ငုတ်ကို ချိတ်။
၂။ Live Batt အနက်(-) ငုတ်နဲ့
Dead ကားရဲ့ ဖရိမ် ဆေးလွတ်နေရာ
(သို့) အင်ဂျင်ဘလောက်ဆေးလွတ်နေရာ
ကို ချိတ်။ (Ground / Earth conn.)
၃။ Live ကားကို အင်ဂျင် run ထားပါ
၄။ Dead ကားကို နှိုးပါ။

စက်နိုးသွားပြီးလျင်လည်း
ပုံပါ အမှတ်စဉ်အတိုင်း
ပြောင်းပြန် ဖြုတ်ပါ။

Cable Clip များ ပြည့်စုံပါက
တစ်ယောက်ထဲ လုပ်နိုင်ပြီး
Clip များ မပါက ထောက်ပေးဘို့
လူလိုအပ်သည်။
Credit

TPMS (Tire-Pressure Monitoring System)🚨🚨🚨🚨🚨 🔘💡တာယာပုံနဲ့ မီးလေး လင်းလာရင် ကားရဲ့ဘီး တစ်ဘီး ဘီး လေလျော့နည်းနေပါပြီ ။ ဘီးပ...
12/09/2023

TPMS (Tire-Pressure Monitoring System)
🚨🚨🚨🚨🚨

🔘💡တာယာပုံနဲ့ မီးလေး လင်းလာရင်
ကားရဲ့ဘီး တစ်ဘီး ဘီး လေလျော့နည်းနေပါပြီ ။ ဘီးပေါက်လို့ ဖာပြီး လေပြန် ဖြည့်ပီးလည်း ဒီမီးလေး က ဆက် လင်းနေမှာပါဘဲ။
reset ချမှ လေပေါင်မီးက ငြိမ်းမှာပါ။

🇲🇲 ဘယ်လို reset ချမလဲ?

🚨 ဘီးလေးလုံး ကို ကားတံခါးဘေးဘောင်မှာ ပါတဲ့ ထားရမယ့် လေပေါင် အညွှန်းအတိုင်း လေချိန်ပါ။
လေချိန်ပြီးသွားရင် ယာဉ်မောင်းဘက် စတီယာရင် အောက်နားမှာ လေပေါင်မီးပုံနဲ့ SET
ခလုတ်လေး ပါ ပါတယ် ။

🚨 ပထမဦးဆုံး
ကားသော့ကို ဒိုင်ခွက်မီးများ လင်းလာချိန်ထိ ဖွင့်ထားပါ။ ( IG on )
Push start ဆိုရင် ခြေနင်းဘရိတ် မနင်းဘဲ push ခလုတ်ကို ၂ ချက် ထိလိုက်ပါ ။

🚨 လေပေါင်မီးပုံနဲ့ SET ခလုတ်ကို စက္ကန့် အနည်းငယ် ဖိထားပါ ။
TPMS လေပေါင်မီးလေး ၃ ကြိမ်လောက် ခုန်ပီး ငြိမ်းသွားပါလိမ့်မယ်။

🚨 စက်မနိုးသေးပါနဲ့။
သော့ကိုပြန်ပိတ်ပါ။
Push start ဆို တစ်ချက်နိုပ်လိုက်ပါ။

🚨 ပြီးမှသော့ ပြန်ဖွင့် စက်နိုး ပါ။
TPMS လေပေါင်မီးလေး ငြိမ်းနေပါပြီ။

အဆင်ပြေနိုင်ကြပါစေ။
🚘🚘🚘
Credit》》
photo : internet

အော်တိုဂီယာမှာပါဝင်တဲ့ P, R, N, D, S, L တို့အကြောင်း တစေ့တစောင်း============================အော်တိုဂီယာ မောင်းတတ်ခါစ ယာဉ...
24/08/2023

အော်တိုဂီယာမှာပါဝင်တဲ့ P, R, N, D, S, L တို့အကြောင်း တစေ့တစောင်း
============================
အော်တိုဂီယာ မောင်းတတ်ခါစ ယာဉ်မောင်းအချို့သည် အခြေခံအနေနဲ့ P ကို ကားရပ်ထားချိန်၊ R က နောက်ဆုတ်ရန်အတွက် N ဆို ဖရီး မီးပွိုင့်စောင့်ချိန်မျိုးသုံး၊ D ထိုးရင်မောင်းလို့ရပြီ လို့ပဲအလွယ်မှတ်ထားလေ့ရှိကြပါတယ်။ တကယ်လည်း ဒီအတိုင်းမောင်းနှင်ရတာ အဆင်ပြေနေတော့အများစုက ကျန်ဂီယာတွေကို သတိမထားမိတတ်ကြပါဘူး။

ဒါကြောင့် ဘယ်လိုအချိန်မှာ ဘယ်ဂီယာနဲ့ အသုံးပြုရမလဲဆိုတာကို သတိမထားမိသူများအတွက် Gear Shift Lever (ဂီယာတံ) မှာပါဝင်တဲ့စာလုံးတွေရဲ့အဓိပ္ပါယ်နဲ့ အသုံးပြုပုံ အကျဉ်းချုပ်လေးတွေကို‌ ဖော်ပြပေးလိုက်ပါတယ်။

P = Parking position
P ကို ကားရပ်ဖို့အတွက်သုံးတယ်လို့ပဲ အလွယ်မှတ်ထားတတ်ကြပါတယ်။ အမှန်ကတော့ အော်တိုဂီယာမှာပါတဲ့ P ဂီယာဆိုတာဟာ လုံးဝရပ်တန့်ထားတော့မယ့်အချိန်မျိုးမှာသုံးတဲ့ ဂီယာမဟုတ်ပါဘူး။ ကားစိတ်ချလက်ချရပ်ဖို့ဆိုရင်တော့ Parking Brake (ဟန်းဘရိတ်) ဆွဲထားဖို့ လိုအပ်ပါတယ်။ P ရောက်မှ ဇက်သော့ ခတ်လို့ရပြီး ကားသော့ကိုဖြုတ်လို့ရပါမယ်။ P နဲ့ N နေရာ မှာပဲ ကားစက်နှိုးလို့ရနိုင်ပါမယ်။

R = Reverse position
R ကတော့ ဘက်ဂီယာ (သို့) နောက်ဆုတ်ချိန်တွင် အသုံးပြုရမယ့် ဂီယာအနေအထားပါ ။

N = Neutral position
N ကိုအသုံးပြုလိုက်မယ်ဆိုရင်တော့ သင့်ကားရဲ့ ဂီယာသည် ဖရီး အနေအထားတွင် ရှိနေမှာဖြစ်ပါတယ်။ တချို့တွေက N နဲ့ ဖရီးရိုက်မောင်းလေ့ရှိကြပါတယ်။ လုံးဝမလုပ်သင့်ပါဘူး။ မီးပွိုင့်တွေမှာလည်း N ထားပြီးစောင့်ရင် ဆီစားပိုသက်သာတယ်ဆိုပြီး လုပ်လေ့ရှိကြပါတယ်။ D အစား N ထားပြီး ရပ်ထားရင် ပြောပလောက်စရာ ဆီစားသက်သာစရာမရှိတာမို့ မီးပွိုင့်မိနေချိန် သိပ်မကြာဘူးဆိုရင် D ထား ဘရိတ်နင်း၍သော်လည်းကောင်း၊ ကြာမယ်ထင်ရင် P ထားပြီးသာ စောင့်ပါ။

နောက်တစ်ခုက မိမိရဲ့အော်တိုဂီယာကားလေးပျက်သွားလို့ ကားကိုဆွဲရတော့မယ်ဆိုလျှင် N ထားပြီးဆွဲရုံနဲ့မလုံလောက်ပါဘူး။ ကိုယ့်ရဲ့ကားက ရှေ့ယက်လား၊ နောက်ယက်လား ခွဲခြားပြီး ရှေ့ယက်ဆို ရှေ့ဘီးမြှောက်၊ နောက်ယက်ဆို နောက်ဘီးမြှောက်ပြီးမှ ဆွဲရမှာ ဖြစ်ပါတယ်။

D = Drive position
ဒါကတော့ အများသိတဲ့အတိုင်း ရှင်းပါတယ်။ Drive ဆိုတာ စတင် မောင်းနှင်တော့မယ့်အချိန်မှာ သုံးပါတယ်။ ဂီယာနံပါတ် အချက်ရေပေါ်မူတည်ပြီး ရှိသလောက် နောက်ဆုံးဂီယာအထိ အရှိန်နဲ့လိုက်ပြီး အလိုက်သင့် ပြောင်းပေးသွားပါလိမ့်မယ်။

2 = 2 speed
အများဆုံး အရှိန်ပြောင်း ၂ ခုပဲ ချိန်းပေးပါမယ်။ 2 မှာ ဂီယာစထိုးပြီး ထွက်လည်း ရပါတယ်။ ဘာထိုးထိုးစထွက်မှာကတော့ 1 နဲ့ပဲစထွက်ပါမယ်။ အရှိန်ရလာရင် နောက်တစ်ချက် ထပ်ချိန်းပေးပါမယ်။ တောင်တက်တဲ့လမ်းမျိုးမှာ သုံးသင့်ပါတယ်။ မြေပြန့်မှာ မေ့ပြီးထိုးမိထားရင်တော့ ကားကလည်း တော်တော်ပြေးတယ် ထင်ရပေမယ့် မလိုအပ်ပဲ ဆီစားခြင်းကိုခံရပါမယ်။ (ကြာလာရင်အင်ဂျင်ကိုလည်း ထိခိုက်စေပါတယ်)

S = Snow = 2 speed
2 နဲ့ အတူတူပါပဲ။ နှင်းကျချိန်တွေ၊ မိုးအရမ်းရွာပြီး လမ်းချောတတ်တဲ့အချိန် တောင်ဆင်း/တောင်တက်တွေမှာ ဖြည်းဖြည်းမှန်မှန်လေးသွားနေအောင် ဂီယာ နံပါတ် (၂) ထက် ပိုမချိန်းပေးတော့ပါ။

L = Low speed
အနိမ့်ဆုံးဂီယာပါ။ နံပါတ် (၁) ဆိုတဲ့ ဂီယာတစ်ချက်နဲ့ပဲ မောင်းနှင်နေမှာဖြစ်ပါတယ်။ မတ်စောက်တဲ့ တောင်တက်တဲ့အခါ/ဆင်းတဲ့အခါ သုံးသင့်ပါတယ်။ နောက်ပြီး ဗွက်နစ်လို့ရုန်းတဲ့အခါမျိုးတွေမှာ အသုံးပြုလို့ရပါတယ်။

အော်တိုဂီယာကားကို မောင်းတော့မယ်ဆိုရင် ဘယ်ခြေကို လုံးဝ (လုံးဝ) အသုံးမပြုပါနဲ့။ ညာခြေကိုသာသုံးပြီး လီဗာနဲ့ ဘရိတ်ကိုနင်းပါ။ ကားရဲ့ကွန်ပျူတာစနစ်သည် လီဗာကိုလွှတ်လိုက်ပြီး ဘရိတ်နင်းမှသာ ဘရိတ်နင်းတဲ့ပမာဏအပေါ်မူတည်တွက်ချက်ကာ ဂီယာဒေါင်းသင့် မဒေါင်းသင့် ဆုံးဖြစ်တာ ဖြစ်ပါတယ်။ ဘယ်ခြေက ဘရိတ်၊ ညာခြေက လီဗာ လို့အသုံးပြုပြီး မောင်းနှင်နေမယ်ဆိုရင် ဘရိတ်နဲ့လီဗာကိုတစ်ပြိုင်တည်း နင်းမိထားတာမျိုးတွေကြုံတွေ့ရနိုင်ပြီး ကားရဲ့ကွန်ပျူတာစနစ်က မောင်းနေတာလား ရပ်မှာလား ဆုံးဖြတ်ရခက်စေပါတယ်။

နောက်ဆုံးတစ်ခုကတော့ အော်တိုဂီယာကားတွေအရှိန်နဲ့မောင်းနှင်နေစဉ်မှာ ရုတ်တရက်အတားအဆီးတစ်ခုခုပေါ်လာပါက ဂီယာချိန်းတာမျိုးတွေမပြုလုပ်ပါနဲ့။ ဘရိတ်ကိုပဲ နင်းလိုက်ပါ။ ကားရဲ့ကွန်ပျူတာစနစ်က သင့်ထက်လျင်မြန်စွာ ဂီယာဒေါင်းပေးပါလိမ့်မယ်။

Credit to -ရေးသားသူအားလေးစားစွာဖြင့်မျှဝေခြင်းပါခင်ဗျ
🙏🙏🙏🙏

22/08/2023

အလုပ်တွေပြန်စတော့မယ်

♦ ကားမော်ဒယ်စုံ OBD2 Jumper ထိုးနည်း ♦DLC ဆော့ကပ်၏ ဘယ်ပင်တွေကို ထိုးရမလဲ? OK              မဂ္ဂင်းနစ်ဆရာများ ဘေးကင်းကြပါစ...
16/07/2023

♦ ကားမော်ဒယ်စုံ OBD2 Jumper ထိုးနည်း ♦
DLC ဆော့ကပ်၏ ဘယ်ပင်တွေကို ထိုးရမလဲ? OK







မဂ္ဂင်းနစ်ဆရာများ ဘေးကင်းကြပါစေ 😍🙏

Nissan Note ကားအကြောင်းတစေ့တစောင်း=============================Nissan ရဲ့ Hatchback ကားထဲမှာတော့ အတွင်းခန်းကျယ် ကားနဲ့သင...
11/07/2023

Nissan Note ကားအကြောင်း
တစေ့တစောင်း
=============================
Nissan ရဲ့ Hatchback ကားထဲမှာတော့ အတွင်းခန်းကျယ် ကားနဲ့သင့်တော်တဲ့ အင်ဂျင်ပါဝါ ရှိတဲ့ ကားအမျိုးအစား လို့ ပြောလို့ရပါတယ်။

မျိုးဆက်အား ဖြင့်တော့ လက်ရှိချိန်ထိ မျိုးဆက် ၂ ဆက်ပါ။

စတင်ထုတ်လုပ်တဲ့
၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်ထိက ပထမမျိုးဆက်
(First Generation)
Nissan Note E11 ဖြစ်ပြီး ၂၀၁၂ ခုနှစ်က နေ လက်ရှိအချိန်အထိကို ဒုတိယ မျိုးဆက်
(Second Generation)
Nissan Note E12 ကို ထုတ်
လုပ်လျက်ရှိပါတယ်။

First Generation ကားများကို Europe ဘက် အခြမ်းတွင် Engine အနေဖြင့်
1.4L CR14DE I4 88HP
1.6L HR16DE I4 110 HP 1.5K9K dCi 86HP
အင်ဂျင်များဖြင့် ထုတ်လုပ်ပါတယ်။

Europe Made Model များကို Transmission ပိုင်းတွင် Manual 5 Speed
AT 4 Speed Hydraulic ဖြင့် တပ်ဆင်အသုံးပြုပါသည်။

Japanese Made Model များကိုတော့ HR15DE I4 109HP အင်ဂျင်များဖြင့်ထုတ်လုပ်ပြီး Transmission ပိုင်းကိုတော့ CVT ဖြင့်တပ်ဆင်အသုံးပြုပါသည်။

လက်ရှိမြန်မာနိုင်ငံတွင်
အများဆုံး အသုံးပြုသော Nissan Note E11 များသည် Japanese Made Model များသာဖြစ်ပါသည်။

Nissan Note E11
(2005 to 2011)
Nissan Note E11 တွင် စတင်ထုတ်လုပ်သည့်
၂၀၀၅ ခုနှစ်မှ ၂၀၀၇ ခုနှစ်ထိ မှာ ရှေ့ Shell ပုံစံတူဖြစ်ပြီး၊ ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်ထိမှာ အရင် Model နဲ့ Shell ပုံစံ ကွာခြားသွားပါသည်။

ထို့အပြင် Nissan Note Rider Series တွင်လည်း ပုံမှန် Model များဖြင့် ရှေ့ Shell မတူပဲ Nissan Rider Series
အတိုင်း Shell ပုံသဏ္ဌာန်
ပြောင်းသွားပါတယ်။

ထုတ်လုပ်သည့်ခုနှစ်အလိုက် Grade ခွဲများစွာရှိသဖြင့် ကားတစ်စီးနှင့် တစ်စီး အတွင်းပိုင်းတွင် အနည်းငယ် ကွားခြားမှု
လေးများရှိနိုင်ပါတယ်။

Nissan Note E11 နှင့် Engine နှင့် အခြား Specification ပိုင်းဆိုင်ရာ ပုံစံတူ ကားများမှာ Nissan Tida Latio
Nissan AD Van
Nissan Wingroad တို့ဖြစ်ကြပါသည်။

ယခုမြန်မာပြည်တွင် Brand New အသစ်ထုတ်လုပ်ရောင်းချသော Nissan Sunny များလဲ HR15DE Engine သုံးထား
ပြီး Note E11 နဲ့ တချို့ Spare Parts များတူပါသည်။

Nissan Note E12
(2012 to Current)
လက်ရှိမြန်မာပြည်တွင် Nissan Note ပုံပြောင်းလို့
အသိများပါတယ်။

၂၀၁၂ ခုနှစ်မှ စတင်ကာ
လက်ရှိအချိန်ထိ ဆက်လက်ထုတ်လုပ်လျက်ရှိသော
ကားအမျိုးအစားဖြစ်ပါသည်။

Nissan Note E12 ကို Japanese Made Model များ အနေဖြင့် အင်ဂျင် 1.2L HR12DE I3 နှင့် 1.2L HR12DDR I3 တို့ဖြင့်ထုတ်
လုပ်ပါတယ်။

HR12 Engine များကတော့ Straight-3 Engine
(Piston 3 လုံး) ဖြစ်ပြီး HR12DE ကတော့ Enginer Power အနေနဲ့ 59kW
(80PS, 79HP) ထုတ်လုပ်ပြီး HR12DDR ကတော့ Supercharged ဖြစ်ပြီး 72kW (97 hp) ထုတ်လုပ်ပါတယ်။

HR12DE နှင့် HR12DDR
အသုံးပြုသော Nissan Note E12 ကားများသည် Body ပုံစံ အားလုံးတူသော်လည်း
အင်ဂျင်ခန်းဖွဲ့စည်းမှုနှင့်
အတွင်းခန်း Dashboard Designများ ကွာခြားပါတယ်။

2012-2015 Model များသည် အပြင် Body ပုံစံ အတူတူဖြစ်ကာ 2017 Model သည်
ပုံစံအသစ် ဖြင့်ပြောင်းလဲ
ထုတ်လုပ်ပါသည်။

Nissan Note E12 နှင့် Engine & Specification အမျိုးအစားတူ ကားကတော့ Nissan Latio ဖြစ်ပါသည်။

Grade ခွဲများစွာရှိပြီး အတွင်း
ခန်းတွင် Digial Aircon or Manual Aircon အစရှိသဖြင့် Grade ပေါ်မူတည်ပြီး
ပါ၀င်သော Function များ
ကွဲပြားခြားနားနိုင်ပါသည်။

အားသာချက်များ
Nissan Note E11 သည် ၎င်းကားနှင့်တန်းတူ အတန်းအစားများဖြစ်သော အခြား 1300cc Hatchback ကား များ နှင့် နှိုင်းယှဉ်ပါက

၁။ အင်ပါဝါ 1.5L ရှိသော
ကြောင့် အခြား 1300cc များ
နှင့်ယှဉ်ပါက မောင်နှင်းရာ
တွင် ပိုမိုကောင်းမွန်တယ်လို့ ခံစားရပါတယ်။

၂။ အတွင်းခန်း
(နောက်ပစ္စည်း) ခန်းအကျယ်အ၀န်းမှာလည်းအခြား Hatchback ကားများထက်
ပိုကျယ်၀န်းပါတယ်။

၃။ Transmission သည်
CVT ဖြစ်သောကြောင့် အခြား AT များထက်မောင်းနှင်ရာ
တွင် ညက်ညောမှုရှိတယ်လို့ ခံစားရပါသည်။

၄။ ပြုပြင်ထိန်းသိမ်းရန်
အပိုပစ္စည်းများ အလွယ်တကူ ၀ယ်ယူ ရရှိနိုင်ပါသည်။

၅။ အခြား Hatchback ကားများနှင့်ယှဉ်ပါက စျေးနှုန်းမှာ သက်သာမှုရှိသလို မိသားစု
အသုံးပြုရန်အဆင်ပြေသော ကားတစ်စီးဖြစ်ပါသည်။

၆။ Nissan Note E12 သည်
ပုံစံအလွန်လှပပြီး အတွင်းခန်း ကျယ်၀န်းပါသည်။

တန်းတူ ဖြစ်သော အခြား Hatchback ကားဖြစ်သော (Honda Fit GK5) နှင့်ယှဉ်ပါ က စျေးနှုန်းမှာ သက်သာပြီး HR12DDR တွင် Supercharger ပါ၀င်သော
ကြောင့် ယာဉ်မောင်းနှင်မှုတွင် အလွန်ကောင်းမွန်သာလွန်
တယ်လို့ ခံစားရပါသည်။

အဓိက လူကြိုက်နည်းရချင်းများမှာ
၁။ Note E11 body design သည် အမှတ်တမဲ့ ကြည့်ပါက ဆွဲဆောင်မှု နည်းသလိုခံစားရပါသည်။

၂။ Note E12 မှာ ပြင်ဆင်ရာတွင် အပိုပစ္စည်းအနည်းငယ်ရှားသလို ခံစားရပါသည်။

(အရေးကြီးပါက အွန်လိုင်းက နေ တိုက်ရိုက်တင်သွင်းလို့
ရနိုင်ပါသည်၊ အချိန်လေး
သည်းခံစောင့်ပေးရုံပါ ၁
လလောက်ပေါ့)

၃။ Steering Gun Motor Type ဖြစ်လို့ အသံလေးနဲနဲရှိတတ်ပါတယ်။

အရေးကြီးဆုံး သတိထားရ
မည့်အချက်
Nissan Note E11 & E12 ၏ Auto Oil (Gear Oil) ကိုလဲ
လှယ်မည်ဆိုပါက Nissan Genuine CVT NS-2/NS-3
ကိုသာ သုံးစွဲပေးပါရန်၊ အခြား Brand များထည့်မိပါက Transmission System
ထိခိုက်နိုင်ပါသည်။

(Review ရေးတဲ့အထဲမှာ
လိုအပ်တာလေးတွေရှိရင်
တော့ ဖြည့်တွေးပေးဖို့
အကြံပေးပါရစေခင်ဗျား)

ဒါမှမဟုတ် အောက်က Link မှာလဲ ၀င်ရောက်ကြည့်ရှုလေ့လာမှတ်သားလို့ ရပါတယ်
https://en.wikipedia.org/wiki/Nissan_Note
အမျိုးများအားလုံး
ကားမှား ရောင်းမှား ဝယ်မှား
ပေါင်မှား ကာလာမှား ဂရိတ်မှား အန္တရာယ်မှ ကင်းဝေးကြပြီး ဗဟုသုတများတိုးပွားကြပါစေခင်ဗျား။
လေးစားစွာဖြင့်
ကိုချမ်းအေး
မူရင်းရေးသားသူကို
Credit :ပေးပါတယ်ခင်ဗျား။

ခုရက်ပိုင်းလုပ်ဖြစ်တဲ့ကားလေးတွေ🚗
20/05/2023

ခုရက်ပိုင်းလုပ်ဖြစ်တဲ့ကားလေးတွေ🚗

တကယ်အသုံးဝင်တဲ့ Link တွေပါ👍➖➖➖➖➖➖➖➖➖➖➖*** ကားမော်ဒယ်မှန် မမှန်ကို Online ပေါ်မှာကိုယ်တိုင်တိုက်စစ်ကြမယ် ***• ကားတစ်စီးဝယ...
10/05/2023

တကယ်အသုံးဝင်တဲ့ Link တွေပါ👍
➖➖➖➖➖➖➖➖➖➖➖

*** ကားမော်ဒယ်မှန် မမှန်ကို Online ပေါ်မှာကိုယ်တိုင်တိုက်စစ်ကြမယ် ***

• ကားတစ်စီးဝယ်ယူတော့မယ်ဆိုရင် Model Year(ထုတ်လုပ်သည့်ခုနှစ်)က အရေးပါပါတယ်၊ ကားထုတ်လုပ်သူတို့ဟာ
Generation(မျိုးဆက်) တစ်ခုထဲမှာပင် ထုတ်လုပ်သည့်
ခုနှစ်ကိုလိုက်ပြီ ကားအတွင်းအပြင်ပါဝင်ပစ္စည်းတွေ အနည်းအငယ်ကွဲပြားသွားပါတယ်၊ Generation တစ်ခုသို့ပြောင်းခါနီးဆိုရင်လဲ Limited Edition Model ဆိုပြီထုတ်ရောင်းကြပါသေးတယ်၊ Generation တစ်ခုကို ၃ နှစ်မှ ၆ နှစ်အထိထုတ်ကြပါတယ်၊

• မော်ဒယ်ခုနှစ်ကိုလိုက်ပြီ ပြည်တွင်းအခွန်ပေးဆောင်ရာမှာလဲမတူညီကြပါဘူး မော်ဒယ်မြင့်ရင်ပိုများပါမယ်၊ အနှိမ့်ကားတွေမှာမသိသာပင်မဲ့ စလစ်ကပ်အမြင့်ကားတွေမှာသိသာပါတယ်၊ ပြည်တွင်းစျေးကွက်မှာ Generationတစ်ခုတူပြီ ရုပ်(Body Chassis)မပြောင်းသေးပင်မဲ့ မော်ဒယ်မြှင့်ရင်စျေးကွာကြပါတယ်၊

• ဒါကြောင့် ကားဝယ်တဲ့အခါမော်ဒယ်ကိုမေးပါ၊ တစ်ချို့ကအလွယ်တကူ ခါးပတ်ကိုကြည့်ကြပါတယ်၊ မသေချာဘူးဆိုရင် မိမိကိုယ်တိုင် အွန်လိုင်းမှာတိုက်စစ်လို့ရပါတယ်၊ တစ်ချို့ဝက်ဆိုဒ်တွေက ပိုက်ဆံပေးမှအပြည့်အစုံပေါ်ပြီကြည့်လို့ရတာတွေရှိပါတယ်၊

အောက်မှာဖော်ပြပေးထားတဲ့ ဝက်ဆိုဒ်လိပ်စာတွေကတော့ အခမဲ့ဖြစ်ပြီးတစ်ချို့ဆိုရင် ဂရိတ်၊ အင်ဂျင်အမျိုးအစားတွေပါ ပြည့်စုံအောင်ပါပါတယ်၊ Name Plate, Chassis နေရာတွေကတော့ အင်င်္ဂျင်ခန်း၊ တံခါးဘောင်၊ ထိုင်ခုံအောက်၊ ရှေ့လေကာမှန်အောက်ခြေတို့မှာ ရှိတက်ကြပါတယ်။အားလုံးပဲ အဆင်ပြေကြပါစေ။

ဂျပန်ကားများအတွက် -

http://www.japan-partner.com/check-manufacture-year.php

http://www.toyodiy.com/parts/q?vin=

http://oliac.com/autos/i/

http://ice-jp.com/pages/mfr_date_check.html

http://beforward.aleado.com/cabinet

http://jpcenter.ru/month

http://www.alainauction.com/
-

နောက်ဆိုမြင်တွေ့ကြရမဲ့ အမေရိက၊ ယူရိုဘက်က ကားများအတွက်ပါ-

http://www.vindecoderz.com

https://www.vehiclehistory.com/vindecoder/vindecode-land.php

https://www.autodna.com

http://www.mycarhelpline.com/index.php?option=com_easyblog&view=entry&id=38&Itemid=91

http://www.autoblog.com/2016/04/15/determine-car-model-year-vin/

** မိမိအတွက်အသုံးဝင်မယ်ဆိုရင် ရှဲပြီသိမ်းထားနိုင်ပါတယ် **
စေတနာဖြင့်-

မူရင်းတင်သူKo Aung Pyae အား

creditပေးပါသည်

#လဝန်းသစ်ကားဝပ်ရှော့



4WD မှာပါတဲ့ L ၊ H နဲ့ C ဆိုတဲ့ အက္ခရာတွေက ဘာတွေကိုကိုယ်စားပြုတာလဲ2H ၊ 4H ၊ 4HLC ၊ 4LLC ဆိုပြီးတော့ပါတဲ့ 4WD ကားတွေမှာဆိ...
03/05/2023

4WD မှာပါတဲ့ L ၊ H နဲ့ C ဆိုတဲ့ အက္ခရာတွေက ဘာတွေကိုကိုယ်စားပြုတာလဲ

2H ၊ 4H ၊ 4HLC ၊ 4LLC ဆိုပြီးတော့ပါတဲ့ 4WD ကားတွေမှာဆိုရင်……

2H ဆိုတာ နောက်ဘီးနှစ်ဘီးယက်စနစ်ဖြစ်ပါတယ်။ သူက ပုံမှန်လမ်းတွေမှာ ပုံမှန် သွားစေပါတယ်။

4 H ဆိုတာကတော့ ရှေ့ဘီး နောက်ဘီး နှစ်မျိုးလုံး စက်အားဖြင့် တွန်းစေတာပါ။ ရာသီဥတုဆိုးဝါးချိန်မှာ ဆွဲအားညီမျှ စေဖို့သုံးတာပါ။

4HLC ဆိုတာကတော့ center differential ကို lock လုပ်လိုက်တာပါ။ပြောရရင် ရှေ့နောက်ဘီးတွေရဲ့လိမ်အားကို ၅၀% စီမျှတအောင် လုပ်ဆောင်စေတာပါ။

အထူးသတိပေးချင်တာက ကားရပ်ပြီးမှ ဒီMode ကို ချိန်းပေးရတာပါ။ ရွှံ့နွံ လမ်းကြမ်းတွေမှာသုံးတာပါ။

4LLC ကတော့ Low range Gear lock center ဖြစ်စေတာပါ။ သူ့ကိုသုံးရင်လဲကားရပ်ပြီးမှာ Gear mode ကို ချိန်းပေးရမှာပါ။တောတွေတောင်ကုန်းငယ်တွေတက်တဲ့အခါသုံးပါတယ်။

နောက် ပုံမှန်ဂီယာမှာ
P ဆိုတာ ပါကင် ရပ်ထားတာပါ။
R ဆိုတာ နောက်ဆုတ်ခြင်းပါ။
N ဆိုတာ NEUTRAL ဂီယာပါ။
D ဆိုတာ DRIVE ရှေ့သို့မောင်းနှင်ခြင်းပါ။
+/- (သို့) M +/- ဆိုတာ အော်တိုမှမန်ငြူ ရယ် ချိန်းပြီး ကိုယ်တိုင် ဂီယာ အတိုး/အလျော့ လုပ်တာပါ။

=====================

Credit-Original Writer
#လဝန်းသစ်ကားဝပ်ရှော့



ကားကို လေပေါင် ဘယ်လောက်ထိုးရမလဲ?🎶🎶🎶🎶🎶 🎈 ကိုယ့်ကားကို လေပေါင် ဘယ်လောက်ထိုးရမယ် ဆိုတာ ကို ထုတ်လုပ်တဲ့ကား ကုမ္ပဏီ တွေက ကားမ...
09/04/2023

ကားကို လေပေါင် ဘယ်လောက်ထိုးရမလဲ?
🎶🎶🎶🎶🎶

🎈 ကိုယ့်ကားကို လေပေါင် ဘယ်လောက်ထိုးရမယ် ဆိုတာ ကို ထုတ်လုပ်တဲ့ကား ကုမ္ပဏီ တွေက ကားမှာ အသင့်ကပ်ပေး လိုက်ပါတယ်။

☑ ဘယ်နေရာကပ်ထားလဲ ဆိုတော့ ယာဉ်မောင်းဘက်ခြမ်း တံခါး ဖွင့်လိုက်ပါ ။
တံခါး ဂျက်အထိုင်ဘက် အတွင်းဘောင် ကို ကြည့် ကြည့် ပါ ။ ပုံ မှာပြထားသလို ဂျပန်စာနှင့် စတစ်ကာ မျိုးတွေ့ရပါမယ် ။ ခုဆို ကိုယ့်ကား ရဲ့ ထိုးရမယ့် လေပေါင် သိရပါပြီ ။
(နေရာ ကတော့ ပုံသေ တော့မရှိပါ )

🎀 သို့သော် ဂျပန် ကျ ကားများ သာ အများဆုံး စီးကျသော မြန်မာပြည် ဖြစ်၍ ဂျပန်စာများ သည် ပြသနာ တခု ဖြစ်နေပါသည်။
(ကျွန်တော့လို ဂျပန်စာ မတတ်သောအခါ)

🎀 နောက် ပြသနာကတော့ ဂျပန်စာ ဖတ်တတ်ရင် တောင် ( google translate ပြန်ထားရင်)
လက်ရှိ မြန်မာပြည် အသုံးပြု သော လေပေါင်နဲ့ မတူပြန်ပါဘူး
ဥပမာ ကီလိုမီတာ နဲ့ မိုင် လိုပေါ့

⌛ ဂျပန် အသုံးပြုတာက kPa (kg/cm2)
မြန်မာ အသုံးပြုတာက လေပေါင် psi ပါ

🎈 kPa ဆိုတာက kilopascal
psi ဆိုတာကတော့ Pounds per Square Inch ပါ။

🎈 1 kPa မှာ 0.145038 psi ရှိပါတယ် ။
( 6.89475729 kpa = 1 psi )

🎈 ပုံထဲမှာက 230 kPa ပါ ။ ဒီတော့
တွက်ကြည့်မယ်ဆိုရင်
100 kPa = 14.5038 psi
200 kPa = 29.0076 psi
230 kpa = 33.3587 psi

🎈 ခုဆိုရင် 230 kPa ဆို လေပေါင် 33 psi ထိုးရမယ်ဆိုတာ ရှင်းသွား လောက်ပါပြီ ။

☑ ပုံထဲမှာက ရှင်းအောင် လေပေါင် တမျိုးတည်းပါတာ ရွေးတင် ပေးလိုက်တာပါ။
အများအားဖြင့်
ရှေ့ဘီး လေပေါင် / နောက်ဘီးလေပေါင် ပြီးတော့ စပယ်ရာဝှီး လေပေါင် ။
ဂွေဆိုက် / တာယာဆိုက် ပေါ် မူတည်ပီး ထိုးရမယ့်လေပေါင် ပါ ပါတယ် ။
တခု နဲ့တခု လေပေါင် မတူညီပါဘူး ။ ကောင်းတာက တော့ သတ်မှတ်ထားတဲ့ ဂွေ / တာယာ ဆိုက် ဘဲ သုံးသင့်ပါတယ်။ (ဂွေ ဆိုက် မတူဘဲ အလွိုင်းလှလို့ ဆိုပီး ချိန်းတတ်ကြလို့ ပါ )

🎀 ဒါကြောင့် fit ကို ဘယ်လောက်ထိုးရမယ်။
vitz က ဒီလောက်ထိုး ဆိုပြီး အတိကျ ပြောလို့တော့ မရပါဘူး ။ တပ်ဆင်ထားတဲ့ ဂွေဆိုက် တာယာ ဆိုက် မှန်နေရင်တော့ တမျိုးပေါ့။
အဆင်ပြေပါစေ ။
🚘🚘🚘🚘🚘
Credit》》
#လဝန်းသစ်ကားဝပ်ရှော့



Pajero flywheel 👌
06/02/2023

Pajero flywheel 👌

Address

ပါရမီလမ်းသွယ် 12
Lashio

Website

Alerts

Be the first to know and let us send you an email when K-TEC Auto Repair Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to K-TEC Auto Repair Shop:

Share