15/09/2023
Detailing ဆိုင်တွေဘာကြောင့်
ပြုတ်သွားကြတာလဲ ကျွန်တော်တွက်ပြမယ်....
-ဥပမာ -honda fit တစီး ပေါ်လစ်တိုက်မယ်ဆိုရင် Brand ကောင်းတဲ့ဆေးသုံးမယ်ဆိုရင်ဘယ်လောက်ကျမလဲတွက်ပြပါမယ်။
-ဆိုင်ကတစီးတသိန်းယူတယ်ဆိုပါစို့။
-ပထမအဆင့်...
ကားကိုရေဆေး၊ ဂျီးချွတ်၊ အလွိုင်းဂျီးဆေးတာယာဆေး။
အဲ့လိုဆေးရင် ကျသင့်ငွေ- ၁၅,၀၀၀
-ဒုတိယ အဆင့်...
Compound တိုက်မယ်ဆိုရင်
ဆေးဖိုးနဲ့လက်ခ- ခန့်မှန်း၂၅,၀၀၀
-တတိယ အဆင့်...
Polish တိုက်မယ်ဆိုရင်
ဆေးဖိုးနဲ့လက်ခ- ခန့်မှန်း၂၀,၀၀၀
-စတုတ္တ အဆင့်...
နောက်တဆင့် Glaze ထပ်တိုက်မယ်ဆိုရင်
ဆေးဖိုးနဲ့လက်ခ- ခန့်မှန်း ၂၀,၀၀၀
-နောက်ဆုံးအဆင့်အနေနဲ့
Sealent or Wax သုံးရင် ခန့်မှန်း ၁၀,၀၀၀
အနည်းလေးကျပါမယ်။
-အဲ့တော့တစီးတသိန်းရတယ်နော်။
-ကုန်ကျငွေက
-၁၅,၀၀၀+၂၅,၀၀၀+၂၀,၀၀၀+၂၀,၀၀၀+၁၀,၀၀၀=
-စုစုပေါင်း- ၉၀,၀၀၀ ကျနေပါပြီ...
-အဲမှာပေါ်လစ်ပတ်ဖိုး
-ဆိုင်နေရာငှားခ
-မီးစက်ဆီဖိုးထည့်မတွက်ထားသေးပါဘူး။
အဲ့တော့တွက်ကြည့်ပေါ့....🤔🤔🤔🤔
ရာဘင်းကို အရေဖျော်ပြီးတိုက်တဲ့ ဆိုင်ကတော့ စျေးအနိမ့်နဲ့ ရချင်ရလိမ့်မယ်။
တကယ်Quality Service ပေးတဲ့ ဆိုင်ကတွေ ကတော့ ကားရချင်စိတ်နဲ့ စျေးအနိမ့်ချပြီးလုပ်လို့ရင် ဆိုင်အရင်းပြုတ်ပါလိမ့်မယ်
Crd Ko Htet Paing