Win Lab - Car Care

Win Lab - Car Care Sharing Car Detailing & Car Care knowledge.

2023 မော်တော်ယာဥ်မူဝါဒ သုံးသပ်ချက် (၁)အရောင်းပြခန်း (Showroom)( Brand Authorise Distributors)လက်ရှိလူစီးမော်တော်ယာဥ်တင်သ...
16/02/2023

2023 မော်တော်ယာဥ်မူဝါဒ သုံးသပ်ချက်

(၁)အရောင်းပြခန်း (Showroom)( Brand Authorise Distributors)
လက်ရှိလူစီးမော်တော်ယာဥ်တင်သွင်းမှုရပ်ဆိုင်းခံထားရ၍တင်သွင်းခွင့်ရရှိမည့်အချိန်တခုအထိကုန်ကျစရိတ်များကိုကျခံလျှက်တင်သွင်းခွင့်အချိန်တခုကိုမျော်မှန်း
စောင့်ဆိုင်းနေရပါတယ်၊ လုပ်ငန်းသုံးပါခဲ့လျှင် တပတ် ၅စီးကိုလိုင်စင်လျောက်ခွင့်ရှိပြီး လိုင်စင်ကျခဲ့ပါကတင်သွင်းခွင့်ရှိပါတယ်။ (သိန်း၁၀၀၀အာမခံ Sqft 14000
Showroom, သိုလှောင်ရုံ Sqft 5000)

(၂)အရောင်းစင်တာ (Sale Center)( ၅နှစ်အတွင်းUsed ကားတင်သွင်းခွင့်ရှိ)
ယခင်က လူစီးနှင့်လုပ်ငန်းသုံး (၂)မျိုးစလုံးတင်သွင်းခွင့်ရခဲ့ပါတယ်,ယခုအခါတင်သွင်းခွင့်ရဖို့စောင့်မျော်နေရပါတယ်၊ လုပ်ငန်းသုံးများတင်သွင်းခွင့်ပြုနေသော်လည်း
လုပ်ငန်းသုံးအရောင်းစင်တာမဟုတ်သတ်မှတ်ခံရ၍
ပြောင်းလဲခွင့်မရသော(ပိတ်သိမ်း)ကုမ္ပဏီများအဖြစ်
ရောက်ရှိနေပါတယ် ။ ( သိန်း၁၀၀၀ အာမခံ Sqft 9000)

(၃)လုပ်ငန်းသုံးအရောင်းစင်တာ ( ၅နစ်အတွင်းUsed တင်သွင်းရရှိ)
လုပ်ငန်းသုံးအရောင်းစင်တာများသည်ယခင်အရောင်းစင်တာ,အရောင်းပြခန်းများကဲ့သို့အာမခံမထားဘဲ ကုမ္ပဏီ
လိုင်စင်ဖြင့်တင်သွင်းခဲ့ပြီး,အချိန်တခုမှာပြောင်းလဲခဲ့သော
Importers များဖြစ်ပါတယ်,ယခု အချိန်ထိတင်သွင်းခွင့်ရရှိခဲ့ပြီ, Kore မှ KIA Karneval လိုကားမျိုးကို ခွင့်ပြုချက်ရရှိနေပါတယ်( ကံကောင်းသော ကုမ္ပဏီ ၅ခု ၆ခု)
( သိန်း ၁၀၀၀ အာမခံနှင့် Showroom ပြရပါမယ်)

(၄) လုပ်ငန်းသုံးအရောင်းပြခန်း ( Brand Authorise Distributors)
လုပ်ငန်းသုံးကားများကိုဆက်လက်ခွင့်ပြုနေခဲ့ပါတယ်
တပတ်၅စီးလိုင်စင်လျောက်ခွင့်ရှိပြီး,ခွင့်ပြုချက်ရလျှင်တင်သွင်းခွင့်ရှိပါတယ်, ဒေါ်လာစျေးမြင့်မှုကြောင့်စျေးကွက်ဝယ်လိုအားအပေါ် မှီပြီးတင်သွင်းနေရပါတယ်
( သိန်း၁၀၀၀အာမခံ နှင့် Showroom ပြရပါမယ်)

(၅) SKD (ပြည်တွင်းတပ်ဆင်ထုတ်လုပ်မှု)( Brand Authorise Distributors)
ပြည်တွင်းထုတ်လုပ်မှုမှာဆက်လက်ခွင့်ပြုထားပါတယ်
အချိန်တခုမှာခဏရပ်လိုက်ရလို့ပြန်လည်လည်ပတ်ပိုဖို့ဆောင်ရွက်နေရပါတယ်၊ ယခင်ထုတ်လုပ်မှု (၃)နှစ်စာရဲ့ ၅၀%ကိုမတ်လအကုန်အထိခွင့်ပြုခဲ့ပါတယ်,လာမည့်နှစ်ကိုပိုမိုခွင့်ပြုဖို့ရှိပါတယ်၊ Suzuki, Hyundai လိုတပ်ဆင်တဲ့နိုင်ငံခြားရင်းနှီမြုပ်နှံမှုကတော့ ဒေါ်လာငွေညီမျှမှုအချိန်မှလည်ပတ်လို့ရမည့်အခြေအနေဖြစ်နေတာတွေ့နေရပါတယ်, China Brands ထုတ်လုပ်သူတွေကလည်း
ယခင်ကဲ့သို့ပေါက်စျေးအတိုင်းရောင်းရင်စျေးကွက်ဝေစုကိုပိုမိုရရှိနိုင်ပါတယ် , ( စက်ရုံများနှင့်လုပ်သားအင်အားများစွာကိုအလုပ်အကိုင်အခွင့်အလန်းများရရှိအောင်ဆောင်ရွက်နေရပါတယ်)

(၅) SKD Dealar
ပြည်တွင်းတပ်ဆင်ထုတ်လုပ်သည့်ကားများကို 3S
တာဝန်ယူပြီးပြန်လည်ရောင်းချနေရပါတယ်၊ ယခုအချိန်မှာကုန်ကျစရိတ်များစွားကိုကျခံပြီးစက်ရုံမှရောင်းချခွင့်ခွဲတမ်းများဖြင့်လုပ်ငန်းရှင်သန်ခွင့်စောင့် နေရပါတယ်

(၆) တဦးချင်းတင်သွင်းမှု ( Importers)
တဦးချင်းလိုင်စင်ဖြင့်တင်သွင်းမှုကတော့ဝန်ထမ်းပါမစ်များဝယ်ယူတင်သွင်းခြင်းကနောက်ဆုံးပါ.

(၇)ဝယ်ရောင်း ( ပြည်တွင်းဝယ်ယူရောင်းချမှု)
လက်ရှိအချိန်မှာတင်သွင်းမှုနည်းပါ၍ တဖြည်းဖြည်းစျေးပါလာတဲ့အတွက်အကောင်းဆုံးအချိန်လို့ပြောလို့ရပါတယ်, မူဝါဒ ပြောင်းလဲမှုတိုင်း အရှုံးအမြတ် ဒဏ်ကိုခံစားရပါတယ်

(၈) EV (Electric Vehicle )( Brand Authorise Distributors)
နိုင်ငံတော်မှအများပြည်သူများအသုံးပြုနိုင်ရန်အားပေးဆောင်ရွက်လျှက်ရှိ ၊ pilot အစီအစဥ်ဖြင့်ဆောင်ရွက်နေပါတယ်, တင်သွင်းမှု နှင့် Charging Station များကိုပူတွဲလုပ်ကိုင်ပြီးရင်နှီမြုပ်နှံခွင့်ပြုခဲ့ပါတယ် ၊တင်သွင်းမှုကိုတော့စီးကူးမူဝါဒအတိုင်း Authorise Distributors များဖြစ်မှသာတင်သွင်းခွင့်ပြုခဲ့ပါတယ် ( Telsa, Leaf တွေယခင်ကတင်သွင်းခွင့်ပြုခဲ့ပြီး 60% လောက်မှာ Authorise Distributors မရှိခဲ့လို့ အားလုံးကြိတ်ပြီးကုနေရတာအသိပါ) EV ကားများတွေကအဆင်ပြေပါတယ်
3S,4S Showroom တွေမြင်ရဖို့ပိုမိုအရေးကြီးပါတယ်
တာဝန်ယူမှု,တာဝန်ခံမှုရှိသော EV ကုမ္ပဏီ များပေါ်ပေါက်ဖို့အရေးအကြီးဆုံးပါ။

၂၀၂၃ မှာမော်တော်ယာဥ်နှင့်ပတ်သက်ပြီးကျွန်တော်သိသလောက်တတ်သလောက်ရေးသားခြင်းဖြစ်ပါတယ်
အမှတ် ၁ ကနေ အမှတ် ၈ အထိဘယ်လိုပဲပြောင်းလဲသွားပါစေ၊ မော်တော်ယာဥ်လုပ်ငန်းလုပ်ကိုင်သူအများကိုကြည့်လျှင်ကျွန်တော်တို့ညီအကိုတွေနှင်မိတ်ဆွေသူငယ်ချင်းတွေပါ, ပြောရလျင် ဒီလူတွေပါဘဲလို့ ,ကားကိုအားထည့်လုပ်သူသည်ကားတမျိုးကိုသာဇောက်ချလုပ်ကြသူတွေပါ....
ကားလောကသည်အမြဲပြောင်းလဲနေပြီး,လူဟောင်းတွေနားပြီးလူသစ်တွေပေါ်လာစမြဲကတော့ မထူးခြားတော့ပါ
၂၀၂၃မှာ အားလုံးအခက်အခဲများကိုအောင်မြင်စွာကျော်ဖြတ်ပြီးစိတ်ချမ်းသာကိုယ်ကျန်းမာကျပါစေလို့ဆုတောင်းပေးနေပါတယ်

crd # Zaw Htike Aye

မြန်မာ့မော်တော်ယာဥ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဌ

2023 🅷🅰🅿🅿🆈 🅽🅴🆆 🆈🅴🅰🆁🎉🎉၂၀၂၃ နှစ်သစ်မှာ မိတ်ဆွေအပေါင်းတို့  ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုင်အင်စန္ဒများပြည့်ဝနိုင်...
01/01/2023

2023 🅷🅰🅿🅿🆈 🅽🅴🆆 🆈🅴🅰🆁🎉🎉

၂၀၂၃ နှစ်သစ်မှာ မိတ်ဆွေအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုင်အင်စန္ဒများပြည့်ဝနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်ခင်ဗျာ


ကားနဲ့ပတ်သတ်ပြီး ဆောင်ရန် ၊ ရှောင်ရန်များ➖➖➖➖➖➖➖➖➖➖➖➖➖၁။ ကားစက် စနှိုးမယ် ဆိုရင် (၃)ခါထက်ပိုပြီး   မရမခြင်း တကျိကျိနဲ့ မ...
17/12/2022

ကားနဲ့ပတ်သတ်ပြီး ဆောင်ရန် ၊ ရှောင်ရန်များ
➖➖➖➖➖➖➖➖➖➖➖➖➖
၁။ ကားစက် စနှိုးမယ် ဆိုရင် (၃)ခါထက်ပိုပြီး
မရမခြင်း တကျိကျိနဲ့ မနှိုးပါနဲ့ ဘက်ထရီ ကြောင့်လား ? starter motor ကြောင့်လား ဆီကုန်နေတာလား?
သိတဲ့လူနဲ့ တိုင်ပင်ပါ။
အလွယ်နည်းလုပ်ကြတာတော့ ဟွန်းတီးကြည့်လို့
အသံကျယ်တယ်ဆိုရင် battery ကောင်းတယ်ပေါ့။
(ဟွန်းတော့ကောင်းရမယ်)

၂ ။ ကားစက်နှိုးပြီးတာနဲ့ ချက်ချင်း ဂီယာထိုးပြီး
တန်းမထွက်ပါနဲ့ 10~15 sec (၁၀ မှ ၁၅ စက်ကန့်)
လောက်စောင့်ပြီးမှ ဂီယာထိုး ထွက်ပါ။

✅အကြောင်းရင်း ကတော့ အင်ဂျင်ဝိုင်တွေ
အင်ဂျင်အထက်ထိ တက်အောင်စောင့်ခိုင်းတာပါ။
ပြီးရင်လည်း လီဗာ(accelerator) ကို တန်းပြီး
တရှိန်ထိုးမနင်းပါနဲ့ ဂီယာကို တစ်ဆင့်ခြင်း ပြောင်းသွား
အောင် နင်းလိုက် လျှော့လိုက်နဲ့ အရှိန်တင်သွားပါ။

၃။ ဆီ ထည့်တဲ့ နေရာမှာလည်း ကိုယ့်ကားနဲ့
ကိုက်ညီတဲ့ octane number ကိုသုံးရပါမယ်။
ဒါပေမယ့် မြန်မာပြည်မှာတော့ ကားတစ်စီးဝယ်ပြီးရင်
ထိုးမရပ်မခြင်းစီးတော့တာပါပဲ။
owner manual / service manual စတဲ့
စာအုပ်လေးတွေ ကားမှာ ပါရင်ပါ မပါရင်
online ကနေရှာ ဖတ်လို့ရပါတယ်။

✅ဒီမှာက ကိုက်ညီတဲ့ octane number
သိတောင်မှ ရှိတဲ့ ဆီဆိုင်ကနေ ဟုတ်ဟုတ် မဟုတ်ဟုတ်
92 နဲ့ 95 ပဲထည့်ရတာပါပဲ။ octane နဲ့ပတ်သတ်ပြီး
ကျွန်တော် ရေးပြီးသားပါ။
ဆီနဲ့ ပတ်သတ်ပြီးတော့ကံဆိုး/ ကံကောင်းပေါ့။

၄။ အင်ဂျင်ဝိုင် လဲဖို့ကတော့ ယေဘူယျ အားဖြင့်
5000 kmတစ်ခါလဲပါ။ အင်ဂျင်ဝိုင် အမျိုးအစား
ကောင်းရင် ကောင်း သလို 10000 km ထိရတာလည်း
ရှိပါတယ်။ အဓိက ကတော့ သတ်မှတ် level
(lower limit နဲ့ upper limit) ကြားမှာရှိပြီး upper level
အမှတ် အနား ကပ် ရပါမယ်။ workshop တော်တော်
များများက customer အကြိုက် အင်ဂျင်ဝိုင်ပုံး
အကုန်လောင်း ထည့်ပေးတတ်ပါတယ်။ အင်ဂျင်ဝိုင်
များခြင်းဟာ နည်းခြင်းနဲ့ ဆိုကျိုးအတူတူပါပဲ။
အင်ဂျင်ဝိုင်ထဲမှာ bubble တွေဖြစ်ပြီး ပန့်ပျက်တတ်ပါ
တယ်။

၅။ ဂီယာဝိုင် (auto ဆီ) လည်းအတူတူပါပဲ။
over ဖြစ်လို့ ကျွန်တော် အမြဲ ပြန်စုပ်ထုတ်ရပါတယ်။
ကိုယ့်ဟာကို ဆီလျှော့ချင်ရင် ပိုက်သေးလေးနဲ့
dip stick ထုတ်ပြီး အဲ့အပေါက်ကနေ ပိုက်ထိုးပြီး
(ဆိုက်ဖွန်) နည်းနဲ့ပဲ ထုတ်လို့ရပါတယ်။
✅အရေးကြီးတာ ကတော့ ATF နဲ့ CVTF မမှားဖို့ပါပဲ။
Theory အရ ATF ကို CVT မှားထည့်တာထက်
CVT ကို ATF ထည့်မိတာ ပိုဆိုးပါတယ်။
ကိုယ့်ကား ဂီယာဘောက်စ်ကို လေ့လာဖို့ လိုပါတယ်။

ဒီမှာ လေ့လာကြည့်ပါ

၆။ ကိုယ့် plug ကအကောင်းစားဖြစ်ပြီး အခြေအနေ
ကောင်းသေးရင် ဆေးပြီးသုံးသင့်ပါတယ်။
ဒါပေမယ့် engine oil တွေ ပုံးအကုန်လောင်းထည့်ပေး
သလိုပါပဲ plug ဆေးတာမှာလည်း plug ကို ဓားနဲ့
အသားကုန်ခြစ်ခြင်းဟာ မှားပါတယ်။
plug ဆေးတဲ့ဆေးရည်သုံးပြီး သွားပွတ်တံ
လေးနဲ့ပဲ ဆေးရမှာပါ။
✅ဒီကဆီတွေနဲ့က တော့ plug လဲလိုက်တာအကောင်းဆုံး

၇။ တစ်ပတ်တစ်ခါတော့ ကားစက်မနှိုးခင်လေး
ကားရေတိုင်ကီ (radiator) လေးကို အဖုံးဖွင့်ကြည့်ပါ။
(ကားစက်နှိုးပြီး / မောင်းပြီးကာစ လုံးဝ မဖွင်ပါနှင့်)
အမြဲ ပြည့်နေရပါမယ်။ မပြည့်ရင် သတ်မှတ်ရေလေး
ဖြည့်ကြည့်ပါ။ မောင်းပြီး အင်ဂျင်အေးရင်
ပြန်ဖွင့်ကြည့်ပါ။လျော့နေရင် leakage ဖြစ်နေတာပါ။
တစ်ပတ်တစ်ခါ ပြည့်နေရင်တော့မလိုပါ။
ရေပြန်ဘူးက စစ်တာ အကောင်းဆုံးပါ။
ရေတိုင်ကီ အဖုံးကို ဖွင့်စစ်ပါများရင် ရေမလုံ
တတ်ပါတယ်။ ဂရုစိုက်ပါ။

၈။ တာယာလေပေါင်ကို driver door နောက်မှာ
ကပ်ထားတဲ့ အတိုင်းဖြည့်ပါ။ ဖြစ်နိုင်ရင် ဘီးလေစစ်
တဲ့ ကိရိယာလေးဝယ်ထားပါ(၃၀၀၀ကျပ်)တချို့ဆိုင်
တွေက လေပေါင်တော်တော်များပါတယ်။
အကြောင်းက
လေဆိုင်မှာ သုံးတဲ့ လေဖိအားချိန် ကိရိယာက
အသုံးများတော့ ဂျီးကပ်ပြီး ဖိအား မတက်တာပါ။
သတိထားပါ။ တာယာတွေကတော့ Theory မှာ
၆ နှစ်ခံပါတယ်။ အသုံးပြုမှုအပေါ် မူတည်ပြီး
၄ နှစ်လောက်ထိ သက်တမ်းကျနှိုင်ပါတယ်။
✅တာယာတွေရဲ့ သက်တမ်းဟာ ဝယ်ပြီးသိမ်းထားလည်း (၆) နှစ်ပဲဆိုတာ သတိထားပါ။

၉။ ကားကို ခရီးဝေးသွားတော့မယ်ဆို
အောက်ပိုင်းစစ်ပြီး alignment ချိန်ပါ။

၁၀။ မီးစုံလင်းဖို့နဲ့ ဟွန်းကောင်းဖို့ ကတော့ ပြောဖို့
လိုမည် မထင်ပါ။ ကျန်တာတွေရှိပါသေးတယ်။
ဒီ ၁၀ ချက်ကတော့ ကားဝယ်စီးပြီး ဘောနပ်ဖုံး
တစ်ခါမှ လှန်မကြည့်ဘူးတဲ့ သူများအတွက်ပါ။
တစ်ဆက်ထဲ အခေါ်အဝေါ် အမှားလေးတွေပါ ရေးပါ
ရစေ။

Swift, Vitz,
Fit, Ractis,
Demio, C**t, Passo စတဲ့ တံခါး ၅ ပေါက်ပါတဲ့
ကားတွေက Hatchback အမျိုးအစားပါ။

Axio, Belta,
Premio, Allion, Latio စတဲ့ တံခါး ၄ ပေါက်ပါတဲ့
ကားတွေက Saloon (Sedan) ကားတွေပါ။

AD van, Mark II Blit တို့လိုက
Station wagon (van) တွေပါ။

တံခါး ၅ပေါက်မှာမှ suzuki R + လို
နောက်တံခါးက အဖြောင့်ဆိုရင် Wagon ပါ။

Wish တို့ Ipsum တို့ က
MPV (Multipurpose vehicle) ပါ။

Credit

ကားအောက်ပိုင်းက မြည်သံတွေ 1. စတီယာရင်အကွေ့တွေမှာ ရှေ့ဘီးတွေက "တောက်တောက်" မြည်တာဒူးဆစ်အသံပါ2. 50-60 km/h မှာ "လေယာဉ်ပျံသ...
10/12/2022

ကားအောက်ပိုင်းက မြည်သံတွေ
1. စတီယာရင်အကွေ့တွေမှာ ရှေ့ဘီးတွေက "တောက်တောက်" မြည်တာဒူးဆစ်အသံပါ
2. 50-60 km/h မှာ "လေယာဉ်ပျံသံ" လိုမျိုးကြားလာရရင် Hub Ball ပဲ။
3. ဘရိတ်နင်းရင်"တောက်တောက်"မြည်တာက ဘရိတ်ရှုးချောင်နေတာ ( ရှုးထိန်းကလစ် စစ်ကြည့်ရန် )။
4. ဘရိတ်မှေးထားတဲ့အချိန် စထွက်တဲ့အချိန် တကျွီကျွီမြည်တာက ဘရိတ်ရှုးအသားနဲ့ ဒရမ်မျက်နှာပြင်ကြောင့်။
5. ကားဘယ်ညာယိမ်းတဲ့အချိန် တဂျောက်ဂျောက်မြည်တဲ့အသံက လင့်နဲ့ခွဲဘွတ်ကြောင့်ဖြစ်ပါတယ် ( အသံတော်တော်ဆိုးတယ် )။
6. အောက်ပိုင်းက ကလုတ်ကလုတ်အသံထွက်နေတယ်၊ ဘရိတ်မှေးထားရင်ပျောက်တယ်ဆိုတာက ဘရိတ်ပင်ချောင်နေတာ။
7. ကားကအရှိန်တစ်ခုရောက်လာချိန်မှာ တစ်စီးလုံးတုန်လာတာ၊ ရှေ့ယက်ကားတွေမှာဆိုရင် အတွင်းဒူးဆစ်ခွက်တွေစားနေတာကြောင့် အဖြစ်များတယ်။
8. စတီယာရင်ဂန်းဘွတ်စားနေရင် ညာမောင်းဆိုရင် ဘယ်ဘက်က ဂန်းရှပ်ဖ် ရိုက်သံကြားရ၊ ဘယ်မောင်းဆို ညာဘက်က ကြားရတယ်။
9. ချိုင့်ထဲကျတိုင်း တဒုန်းဒုန်းတဒိုင်းဒိုင်းဖြစ်နေတာကတော့ ရှော့ဘားတွေ ထောက်တန်းဘွတ်တွေ ရှော့ဘားအထိုင်တွေ မကောင်းတာကြောင့်ဖြစ်တတ်ပါတယ်။
10. စတီယာရင်လှည့်တိုင်း ညီးသံထွက်နေတာကတော့ ပါဝန်ပန့်ကြောင့်ဖြစ်ပါတယ်။
11. တိုင်းရော့၊ မိန်းလုံး၊ ဘောဂျွိုင်းအသံတွေမြည်နေတာကတော့ ဒီအတိုင်းခွဲရခက်တယ် ဘီးဖြုတ်စစ်ကြည့်ရင်တော့ သိသာပါတယ်။
သာယာငြိမ့်ညောင်းစွာ ကားမောင်းနိုင်ကြပါစေဗျာ။
ဗဟုသုတ အဖြစ်ပြန်လည်မျှဝေပါသည်။
Credit မူရင်းတင်သူအားလေးစားလျက်။


ကားအောက်ပိုင်းကြံ့ခိုင်မှုအတွက် အမြဲတမ်းသတိပြုသင့်သော အချက်များကားရဲ.အကြီးမားဆုံးပြဿနာရယ်လို့ ဆိုလိုက်ရင် တော်တော်များမျ...
09/12/2022

ကားအောက်ပိုင်းကြံ့ခိုင်မှုအတွက် အမြဲတမ်းသတိပြုသင့်သော အချက်များ

ကားရဲ.အကြီးမားဆုံးပြဿနာရယ်လို့ ဆိုလိုက်ရင် တော်တော်များများ က အင်ဂျင်ပိုင်းဆိုင်ရာ
ဂီယာပိုင်းဆိုင်ရာ ပြဿနာတွေကို ပြေးမြင် တတ်ကြပါတယ်၊ တကယ်တော့ အင်ဂျင်ရောဂါပိုင်းဆိုင်ရာ တွေကဖြေရှင်းရခက်ခဲပြီး ငွေကုန်ကြေးကျများတဲ့ ရောဂါတွေဖြစ်ပေမယ့်၊ သင့်ကားနဲ့ သင်ရဲ့ အသက် အန္တရာယ်အထိ အကြီးမားဆုံး ဒုက္ခပေးနိုင် တာကတော့ Suspension ပိုင်းလို့ခေါ်တဲ့ သင့်ကား အောက်ပိုင်း ရောဂါတွေပါ။ ဥပမာပြောရရင် အဝေးပြေးလမ်းကြောင်းခရီးသွားဖို့ ရှိတယ်။ ဒါမှမဟုတ် ကားကို မိုင်နှုန်းမြင့် မောင်းတော့မယ်ဆို ကားအောက်ပိုင်းတွေကို အဲ့ဒါကြောင့် အဓိက စစ်ဆေးကြတာပါ။ ဘာကြောင့်လဲဆိုရင် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်နေတဲ့ကားတစ်စီးဟာ အင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ရုတ်တရက် စက်ထိုးရပ်သွားရင်၊ သင့်ခရီးလမ်းမှာ စိတ်အနှောက်အယှက်ဖြစ်မယ်၊ ယုတ်စွအဆုံး အင်ဂျင်တစ်လုံး လဲလိုက်ရတာကလွဲလို့ ကျန်တာမဖြစ်နိုင်ပါ ။ ဒါပေမယ့် ကားအောက်ပိုင်း Suspensionပိုင်းက ပစ္စည်းတွေ
ပျက်နေတာ သတိမပြုမိလို့ ကားမောင်းနေတုန်း ပြုတ်ထွက်သွားမယ်၊ ကျိုးပဲ့သွား မယ်ဆိုရင် သင့်ကားမှောက်နိုင်ပြီး သင့်အသက်အန္တရာယ်အထိ ထိခိုက်လာနိုင်ဖွယ်တွေ ရှိပါတယ်။ ဒါကြောင့် သင်နဲ့ သင့်ကားရဲ့ လုံခြုံစိတ်ချရမှု Safety အတွက် သင်ကိုယ်တိုင် သတိပြုနိုင်တဲ့ ကားအောက်ပိုင်းရောဂါလက္ခဏာတွေကို အကျဉ်းချုပ်တင်ပြပေးပါ့မယ်။

ကားအောက်ပိုင်း (Suspension )ကို အဓိကအားဖြင့် အောက်ပါ ပစ္စည်းများဖြင့် ဖွဲ့စည်းထားပါတယ်။
( Tie rod ) တိုင်းရော့
( Tie rod end or Rack End ) မိန်းလုံး
( Ball Joint ) ဘောလ်ဂွိုင့်
( Constant Velocity -CV Joint ) ဒူးဆစ်
(Stabilizer Bar ) နှုတ်ခမ်းမွှေးလိုင်း
(Shock Absorber ) ရှော့ခ်ဘား
(Upper Arm ) အပေါ်လက်ဝါး
(Lower Arm ) အောက်လက်ဝါး
(Coil Spring ) ကွိုင်စပရင်
(Rubber Bushing ) ရာဘာဘွတ်
(Bellows ) သဲကာ
အစရှိတဲ့ အခြေခံပစ္စည်းတွေနဲ့ ဖွဲ.စည်းထားပြီး ကားအမျိုးအစား မော်ဒယ် အမျိုးအစား ထုတ်လုပ်တဲ့ ကုမ္ပဏီပေါ် မူတည်ပြီး အောက်ပိုင်းပစ္စည်း အစိတ်အပိုင်းတွေ အများကြီး ပါဝင်ပါသေးတယ်။ အဲ့ဒီပစ္စည်းတွေနဲ့ အဓိကတွဲဖက် အလုပ်လုပ်နေတာကတော့ Brake System ဘရိတ်အဖွဲ့အစည်းတွေနဲ့ တာယာတွေပါ ။

(၁) တိုင်းရော့ (Tie rod )နဲ့ မိန်းလုံး(Tie rod end or Rack End) မကောင်းရင် ဘယ်လို ရောဂါလက္ခဏာတွေ ပြမလဲ တိုင်းရောနဲ့ မိန်းလုံးမကောင်းရင်ဖြစ်တတ်တဲ့ ထင်ရှားတဲ့ လက္ခဏာ ကတော့ သင်ကားကို အရှိန်ဖြည်းဖြည်းနဲ့ မောင်းနေတဲ့အခါမျိုး ဒါမှ မဟုတ် ကားကို ရုတ်တရက် ထောင့်ချိုးကွေ့ လိုက်တဲ့အခါမျိုးမှာ အရှေ့ဖက်အစွန်းဆုံးဆီကနေ ဒုတ် ဒုတ် မြည်သံထွက်လာမယ်။ လာထုနှက်တဲ့ အသံမျိုး ထွက်နေမယ်ဆိုရင် သင့်ကားရဲ့ တိုင်းရော့နဲ့ မိန်းလုံးတွေ ချို့ယွင်းနေပါပြီ။ နောက်တစ်ချက် က သင်ကားမောင်းနေ တဲ့အချိန်၊ ကားဘရိတ်အုပ်လိုက်တဲ့ အချိန်မှာ ကားက တဖက်ဖက်ကို ဆွဲနေမယ်။ ဒါ့အပြင် ကားတာယာတွေက အတွင်းဖက်ကိုဖြစ်စေ အပြင်ဖက်ကိုဖြစ်စေ ဘက်မညီမမျှ စားသွားမယ်ဆိုရင်လည်း အဲ့ဒါ တိုင်းရော့နဲ့ မိန်းလုံးမကောင်းတဲ့ရောဂါလက္ခဏာပါ။ တိုင်းရော့နဲ့ မိန်းလုံးဆိုတာကတော့ ကားအောက်ပိုင်းမှာ ပျက်စီးမှု အများဆုံး ပစ္စည်းပါ။ တိုင်းရော့ ကျိုးပိုင်းလို့၊ပြုတ်ထွက်လို့ တောင်တက်တို့ အဝေးပြေးတို့မှာ အသက်အန္တရာယ် ကြုံရတဲ့အထိ ဒုက္ခရောက်ရတဲ့ ကားတွေရှိဖူးပါတယ် ။ ဒီတော့ အခုဖော်ပြထားတဲ့ ရောဂါ လက္ခဏာလေးတွေ တွေ.ရင် မြင်ရင် ကြားရင် ကြီးကြီးမားမား ပျက်စီးမှု မဖြစ်ခင် ဝပ်ရှော့သွားပြီး တိုင်းရော့နဲ. မိန်းလုံးကို အသစ်လဲတန်လဲ ၊ Press ခုံမှာနင်းပြီး ပြန်သုံးတန်သုံးဖို့ လိုအပ်နေပါပြီ။

(၂) Ball Joint မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ Ball Joint မကောင်းရင် ဖြစ်တတ်တဲ့ လက္ခဏာတွေက သင့်ကား အောက်ဘက်ထောင့်ဆီကနေ တစ်ချက်တစ်ချက်၊ အသံခပ်မျှဉ်းမျှဉ်း ထုနှက်သံမျိုးတွေ ထွက်တတ်တယ်။ အထူးသဖြင့် လမ်းအတိမ်းအ စောင်း ဖြစ်နေတဲ့နေရာတွေတို့ ချိုင့်ခွက်တွေထဲတို့ မှာ မောင်းလိုက်ရင် အဲဒီအသံက ထွက်လာတယ်ဆိုရင် အဲဒါ Ball Joint မကောင်းတဲ့ လက္ခဏာပါပဲ ။ ပြောရရင် သံကိုတူနဲ့ ထုတဲ့ အသံမျိုးနဲ့ဆင်ပါတယ် ။ Ball Joint က သင့်ကားဘီးရဲ့ ဘယ်ညာအကွေ့အထိန်းတွေမှာ အဓိကထိန်းပေးထားတာမို့၊ Ball Joint မကောင်းဘူးဆိုတာနဲ့ သင့်ကားစတီယာရင် ( Steering ) ကို လာပြီး သက်ရောက်မှုတွေ ရှိလာပါမယ်။ ဖြစ်လာနိုင်တာကသင့်ကားစတီယာရင် မာပြီးလှည့်ရတာ ခက်သွားမယ်၊ ဒါမှမဟုတ် အရမ်းပေါ့ရွှတ်ပြီး ထိန်းရခက်သွားမယ်။ လမ်းအဖြောင့်မောင်းနေရင်းက အနိမ့်ပိုင်းကို ဆင်းလိုက်ရင် သင့်စတီယာရင် လက်ကိုင်ခွေကို လာတိုးတာမျိုးတွေဟာ Ball Joint မကောင်းခြင်းရဲ့ ရောဂါ လက္ခဏာတွေပါ။ အခြားရောဂါလက္ခဏာ ကတော့ တိုင်းရောမိန်းလုံးတို့လိုပဲ တာယာအတွင်းအပြင် မညီမညာစား သွားတာမျိုးပါပဲ ။

(၃) (Constant Velocity -CV Joint ) ဒူးဆစ် မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ ဒူးဆစ်လက္ခဏာကတော့ သိသာထင်ရှားပါတယ်။ သင့်ကား ဘယ် ကိုဖြစ်ဖြစ် ညာကိုဖြစ်ဖြစ် ကွေ့လိုက်လို့ တစ်ခုနဲ့တစ်ခု ကြိတ်ဝါးနေ သလို * ကလစ်ကလစ် တောက်တောက်တောက် တက်တက်တက် * အသံတွေ ထွက်လာတယ်။ ကွေ.တိုင်း အဲ့ဒီလို အသံတွေထွက်နေ တယ်ဆိုရင် အဲ့ဒါ ဒူးဆစ်မကောင်းတဲ့လက္ခဏာတစ်ရပ်ပါ။ နောက် ဒူးဆစ်ဘောတွေကို ထိန်းထားတဲ့ ကလစ် ပြုတ်ထွက်တာမျိုးဆိုရင်တော့ ကားကဂီယာ ဘယ်လိုထိုးထိုး ဂီယာဖရီးလို ဖြစ်နေတတ်ပါတယ်။

(၄) Shock bar , Coil Spring , Struts မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ ဒီအပိုင်းတွေ မကောင်းရင်ပြတဲ့ လက္ခဏာတွေက သိသာထင်ရှားပါတယ်။ အထူးသဖြင့် လမ်း အနိမ့်အမြင့် မညီမညာဖြစ်တဲ့နေရာတွေ ၊ ဒါမှမဟုတ် ချိုင့်ခွက်တွေထဲ မောင်းတယ်ဆိုရင် ညိမ့်ညော ညင်သာမှု မရှိတော့ဘဲ အောက်ဘက်ကနေ ပြင်းထန်စွာ လာစောင့်နေတာမျိုးတွေကို သိသာထင်ရှားစွာ ခံစားရပြီဆိုရင်တော့ အဲ့ဒါ Shock bar , Coil Spring , Struts တို့ မကောင်းတဲ့ လက္ခဏာရပ်ပါ ။ရှော့ဘားတွေ မကောင်းတဲ့ လက္ခဏာ နောက်တစ်မျိုးကသင့်ကားကိုယ်ထည်တစ်ခုလုံးကို ပြင်းပြင်းထန်ထန် ယိမ်းနွဲ.စေတတ်ပါတယ်။ နောက်တစ်မျိုး ကလည်း တချို့ရှော့ဘားမှာဆိုရင် ဆီတွေ ယိုကျတာတို့၊ ရှော့ဘားကေ အောက်ကို ကျပြီး
အပေါ်ကို ပြန်ကန် မတက်တော့တာမျိုးတွေကို လည်း မြင်တွေ.နိုင်ပါတယ်ခမျာ။

(၅) ကားတဖက်ဖက်ကိုဆွဲနေတဲ့ ရောဂါလက္ခဏာပြရင် ဖြစ်နိုင်တာတွေက တာယာလေနည်းနေတာ ၊ တာယာလေပေါင် တစ်ဖက်နဲ့တစ်ဖက်မညီတာဖြစ်တတ်ပါတယ် ။ တာယာလေပေါင် အရင်စစ်ဆေး ရပါမယ်။ အခုနောက်ပိုင်းတချို့မော်ဒယ်မြင့် ကားတွေမှာတော့ တာယာ လပေါင်မညီရင် ဒက်ဘုတ်မှာ လေပေါင်မညီတာကိုပြတဲ့ မီးလင်း ပါတယ်။ တာယာတစ်ဖက်ဖက်စားနေတာ ဖြစ်နိုင်ပါတယ်၊ တာယာ တစ်ဖက်ဖက်မညီမညာ စားနေလား၊ ရှေ.နောက်ဘေး သေချာ စစ်ဆေးရပါမယ်။ မညီမညာဖြစ်နေရင် ဘာကြောင့်ဖြစ်တယ်စစ်ဆေးပြီး အသစ်လဲတန်လဲရပါမယ်။ ကားအလိုင်းမင့် (Alignment) မညီမညာ ဖြစ်တာမျိုးလည်းဖြစ်တတ်ပါတယ်။ အလိုင်းမင့်ချိန်ဆိုင်တွေမှာ သေချာစစ်ဆေးသင့်ပါတယ်။ တိုင်းရော့တို့ မိန်းလုံးတို့ မကောင်း တာလည်းဖြစ်တတ်ပါတယ် ။ ကားအောက်ပိုင်းပြုပြင်ရေ းဆိုင်တွေမှာ ပြုပြင်သင့်ပါတယ်။

(၆) Brake မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ ဘရိတ်နင်းရတာထိုင်းနေမယ်၊ ကပ်နေမယ် (ဝါ) လျောနေမယ်၊ ဘရိတ်အုံတွေအရမ်းပူနေမယ်၊ ဘရိတ်ကလစ်နဲ့ ဘရိတ်ဒရမ်နဲ့ ပွတ်တဲ့ ဂျစ်ဂျစ်ဂျစ်ဆိုတဲ့ ရောဂါလက္ခဏာပြရင် Break Pads တွေ ကုန်နေတာ၊ ဘရိတ်ပစ်စတင်တွေ ဂျမ်းဖြစ်နေတာ၊ ဘရိတ်ရူးလျော့နေတာ၊ ပင်တွေ သံချေးတက်ပြီး ကိုက်နေတာတွေဖြစ်နိုင်ပါတယ်။

(၇) Steering မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ စတီယာရင် လှည့်ရတာချော်နေမယ်၊ သင်စတီယာရင်ကို လှည့်တဲ့ အခါဖြစ်စေ၊ လှည့်ထားတဲ့ အတိုင်းလေး ထိန်းတာတဲ့အခါဖြစ်စေ၊ စတီယာရင်က ချော်ထွက်နေမယ် ဒါမှမဟုတ် လှည့်ဖို့ ခက်ခဲနေမယ် ဆိုရင် Steering Fluid နည်းနေတာဖြစ်နိုင်တယ်၊ Steering Belt ကြိုးလျော့နေတာ ဒါမှမဟုတ် ပွန်းစားနေတာဖြစ်နိုင်ပါတယ်. Steering Pump မကောင်းတာလည်းဖြစ်နိုင်ပါတယ်၊ Steering Pump က O ring ပျက်ပြီး ဆီယိုနေတာလည်းဖြစ်နိုင်ပါတယ်။ ဒါတွေက ကားတစ်စီးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေခံအောက်ပိုင်း ရောဂါလက္ခဏာရပ်တွေပါ၊ အခြားခြားသော ကားအောက်ပိုင်းရောဂါ တွေ အများကြီး ကျန်ရှိပါသေးတယ်၊ မြန်မာနိုင်ငံမှာက လမ်းမကောင်း တာရယ်၊ နောက် Used ကားတွေသာများတာကြောင့် ကားအောက်ပိုင်း ရောဂါတွေကတော့ အဖြစ်များဆုံးရောဂါတွေလို့လည်းဆိုနိုင်ပါတယ်။ တချို့ကားတွေမှာဆို ဒူးဆစ်တို့ မိန်းလုံးတို့ ဘောဂွိုင့် တိုက်ရော့တို့ကို အုပ်ထားတဲ့ သဲကာလေးပေါက်တာကို မလဲတာကနေပြီးအဲ့ဒီ အရာတွေ ကြားထဲမှာနေရမယ့် အမဲဆီတွေ အပြင်ထွက်ပြီး ၊ အထဲမှာ မရှိရမယ့် သဲတွေ ဖုန်တွေ ရွှံ.တွေက အထဲဝင်ကာ အောက်ပိုင်းဆက်စပ် ပစ္စည်းတွေကို ပျက်စီးစေတာလည်း မကြာခဏဆိုသလို တွေ့မြင်ရ ပါတယ် ။

အောက်ပိုင်းကလင့်တွေ ၊ Bushing တွေ မကောင်းတာ ကြောင့်လည်း အထက်က ရောဂါတွေဖြစ်နိုင်ပါသေးတယ်။နောက်တစ်ခုက အထက်ပါရောဂါတွေက တစ်ခုခြင်းဖြစ်နိုင်သလို ၊ နှစ်ခုကနေ အကုန်လုံး စုပေါင်းပြီးလည်း ဖြစ်နိုင်ပါတယ်။ ကားပေါ် တက်လိုက်လို့ အောက်ပိုင်းဆီကနေ
သံစုံတီးဝိုင်းသံတွေ ကြားနေရ ရင်တော့ သင့်ကားအောက်ပိုင်း တော်တော်များများ ပျက်စီးယို ယွင်းနေပြီဆိုတာ သတိပြု သင့်ပါတယ်။ စစဖြစ်ခြင်း ရောဂါလက္ခ ဏာတွေ သတိမမူဘဲမပြုပြင် မထိန်းသိမ်းရင် အောက်ပိုင်း အခြား ဆက်စပ်ပစ္စည်းတွေကိုပါ လိုက်ပျက်စီးစေပြီးအနည်းဆုံး တာယာ စားသွားတာ၊ ကားမောင်းရတာ မငြိမ်တော့ဘဲ အသံတွေထွက်လာတာ ကနေ အဆိုးဝါးဆုံး သင့်အသက်အန္တရာယ်ထိအောင် ထိခိုက်စေမှာပါ။ ဒါကြောင့်သင့်ကားအောက်ပိုင်းကနေမူမမှန်တဲ့ အသံတွေ တုန်ခါမှုတွေ ကို သတိထားပြီး ရောဂါလက္ခဏာပြပြီဆိုတာနဲ့ သင်နဲ့ သင့်ကား ဘေးအန္တရာယ် ကင်းရှင်းရေး လုံခြုံရေးအတွက် ကားအောက်ပိုင်းဆိုင်ကိုစစ်ဆေးအကြံပြုတင်ပြပါသည်။

Credit : Original Uploader


မြန်မာ့တွေ တွေးတဲ့ EV အကြောင်း  2~~~~~~~~~~~~~~~~~~~~ဖတ်ပြီးမှသာ EV ဝယ်ဖို့ စဉ်းစားပါ Traffic cost EV ဝယ်မယ်ဆို စဉ်းစာတာ...
09/12/2022

မြန်မာ့တွေ တွေးတဲ့ EV အကြောင်း 2
~~~~~~~~~~~~~~~~~~~~
ဖတ်ပြီးမှသာ EV ဝယ်ဖို့ စဉ်းစားပါ
Traffic cost
EV ဝယ်မယ်ဆို စဉ်းစာတာ တခု က ICE တွေနဲ့ ယှည်ရတာပေါ့နော် ။ ဘာကောင်းမလဲပေါ့။ အဲဒီ မှာ စဉ်းစားရတာကတော့ efficiency ပါပဲ ။ အားတွေ တခု ပေးသွင်းလိုက်ပြီး ရလာတဲ့ Result ပါ။ ICE က ၃၀% ပဲရှိပြီး EV က 80 % ရှိပါတယ်။ အဓိကကတော့ ICE ကားတွေ က piston တွေ အထက်အောက်လှုပ်ရှား မှု fiction အတွက် ဆုံးရှုံးသွားတာရယ် မီးလောင် ပေါက်ကွဲ မှုကြောင့် ဆုံးရှုံးသွားတာရယ်ကြောင့်ပါ။ Exhaust အပူဆိုတာ ဆုံးရှုံးသွားတာတွေပါ။ EV ကားတွေ နောက်ဖက်သွားမရှာပါနဲ့။ Exhaust မရှိပါ။ ဒါက EV တွေရဲ့ ကောင်းကွက် တချို့ပါ။ ကျွန်တော် ပြောတာ မဟုတ်ပါဖူး။ Research တွေ က တွက်ထားတာပါ။
နောက်တချက် EV သုံးရင် သိသာထင်ရှားစေတာကတော့ Traffic တွေမှာပါ။ မော်တာတွေရဲ့သဘောက ရပ်ထားလို့ရပါတယ်။ အင်ဂျင်တွေ လို idle speed လို မောင်းနေစရာမလိုပါ။ ဒါကြောင့်မို့လဲ စက်မှုလုပ်ငန်းတွေ မှာ Motor ပဲသုံးတာပေါ့။
အဲတော့ Traffic တွေမှာကားပိတ်မိနေရင် EV ကားက ရပ်ထားရင် Zero power consumption ပါ။ မီးပိုင့် မှာရပ်နေရရင် Zero ပါ။ Aircon ကတော့ သုံးရင် တချို့ တော့ ကုန်မှာပေါ့။ ဒါပေမဲ့ ကားအင်ဂျင် သုံးတဲ့ AC လောက်တော့ မကုန်ဖူး ။
ကျွန်တော်တို့နိုင်ငံလို Traffic များတဲ့နိုင်ငံမှာဆို EV ကတော့ ဘယ်လို ပြောမလဲ ။ မကုန်တော့ဖူးပေါ့နော်။
ကလေးတွေ ပြောသလို လုံးဝ အငြိမ်လို့ပြောရမှာပေါ့နော်။
ပေးချင်တဲ့ မက်ဆိ ကတော့ Traffic များလေ EV အတွက် ကတော့ big gain များလေပါ။
ဖတ်ရှု အတွက် ကျေးဇူးပါနော်

Credit: Kyaw Oo


မြန်မာ့တွေ တွေးတဲ့ EV အကြောင်း ~~~~~~~~~~~~~~~~~~~~ဖတ်ပြီးမှသာ EV ဝယ်ဖို့ စဉ်းစားပါ ( ၁ ) မြန်မာ ပြည်မှာ EV တွေ အကြောင်း...
08/12/2022

မြန်မာ့တွေ တွေးတဲ့ EV အကြောင်း
~~~~~~~~~~~~~~~~~~~~
ဖတ်ပြီးမှသာ EV ဝယ်ဖို့ စဉ်းစားပါ ( ၁ )

မြန်မာ ပြည်မှာ EV တွေ အကြောင်း သန်ရာသန်ရာရေး ကျပါတယ်။ တချို့တွေ ကတော့ အချက် အလက်တွေ မဟုတ်ပဲ EV ကို စိတ်ပျက်သွားလောက် အောင်ရေး ကျပါတယ်။ Myth story သဘောမျိုးတွေ ဖြစ်လာတယ်။ EV ဝယ်မဲ့ သူတွေ ကြားရင် ဝယ်ရမှာ နောက်တွန့် သွား နိုင်ပါတယ်။ ကျွန်တော် ကတော့ Oil and Gas က လျပ်စစ် အင်ယာ တယောက် Experience အခြေ ခံ ပြီး ရေးပါတယ်။
ဒါလေးဖတ်ပြီးရင် လူတိုင်းက စဉ်းစားညာဏ် ရှိပါတယ်။ မဝယ်ခင် စဉ်းစားပေါ့။

**1 KW နဲ့ အားသွင်းမယ်
ပထမဆုံးရေးတာက အားသွင်းတဲ့ အကြောင်းပါ။ သူတို့ရဲ့ စာတွေ ဖတ်လိုက်ရင် EV ဝယ်ပြီးတာနဲ့ လူတယောက် ကနေ့မအားညမအား အားသွင်းဖို့ EV charger cable ကြီးကိုင်ပြီး လုပ်နေရတဲ့ ပုံ ကို မြင်လာအောင် တောင် ရေးနိုင်ပါတယ်။ နောက် အားသွင်းရင်လဲ 7KW charger ကြီးနဲ့ Aircon ၉ လုံးစာလောက် ကို အားစားပြီး တရက် ကွက်လုံး မှောင်မိုက်သွားတဲ့ ပုံစံပါပဲ။
မှားပါတယ်။
EV တွေ အားသွင်းရင် သုံးခဲ့တဲ့ battery ပမာဏ ( လျော့သွားတဲ့ ပမာဏ) ကို ပဲ ပြန်ဖြေ့ ရမှာပါ။ တွက်ချက်မှု အရ 1 KWh မှာကားက 5 miles or 8 kilometer သွားနိုင်ပါတယ်။
အဲတော့မိတ်ဆွေ ကား ကို သွားသလောက်ပဲ ဖြည့်ရမှာပါ။ တနေ့မှာ မိုင် ၂၀ သွားရင် 4 Kilo watts ပဲ ပြန်ဖြည့်ရမှာပါ။ မိုင် ၄၀ သွားရင် 8 Kilowatts စာပဲ ပြန်ဖြေ့ရမှာပါ။
အဲတော့ ရိုးရိုး 1 KW charger ပဲ သုံးရင်တောင် ညဖက် ၉ နာရီ ကတပ်ထားရင် မနက် ၅ နာရီ အထိဆို မိုင် ၄၀ စာ ဖြည့်လို့ရပါတယ်။ အားသွင်းတယ်ဆိုတာလဲ ငုတ်တုတ် ထိုင်စောင့်ကြည့် ဖို့ မလိုပါဖူး။ Puld and play ပါ။ ပြည့်ရင် သူ့ဘာသာသူ ရပ်သွားမှာပါ။ မနက် ၈ နာရီလောက်သွားမယ်ဆို ဖြုတ်သိမ်း မောင်းသွားယုံပါပဲ။ ဒါကတော့နေ့တိုင်း အားပြည့်အောင် သွင်းချင်တဲ့ မိုင် ၄၀ မောင်းမဲ့ သူ အတွက်ပါ၊

**မီးပျက်ရင် အားသွင်းရပ်ရင် Cycle count ရေတယ်။ ( မှားပါတယ် )
LiFePo4 battery count က 100 % သုံးလိုက်မှာ 1 cycle ရေပါတယ်။ အားသွင်းတာ ကိုရေတာမဟုတ်ပါဖူး။ မီးပျက်တာလာလိုက် ရပ်လိုက်ရင် Cycle count ကို ရေပြီး မြန်မာပြည်မှာဆို ခဏပဲ ခံမယ်လို့ ရေးထားကျလို့ပါ။ ဆရာတို့ကားတွေက တနေ့မှာ 5 KWh သုံးပြီး ပြန်အားသွင်းနေတယ်။ ကားမှာ 50 KWh battery pack တပ်ထားမယ် ဆိုရင် ၁၀ ရက်မှာ one cycle ပြည့်ပါမယ်။ ဒါကတော့ သာမန်လူ နားလည်အောင် ရေးပြတာပါ။ ကျန်တဲ့ factor တွေ ရှိပါသေးတယ်။ ပေးချင်တဲ့ မက်ဆိတ်ကတော့ Cycle count ရေတာ ကို မီးပျက်တဲ့ အရည် အတွက်နဲ့ တိုင်းတာ မဟုတ်ဖူးဆိုတာပါပဲ။

**Charging station ရှိမှ အားသွင်းလို့ရမယ် ( မှားပါတယ်)
EV ကားတွေ ဝယ်ရင် အားသွင်းလို့ရတဲ့ AC charger cable တွေ ပါပါတယ်။ level 1 charger ပေါ့။ အိမ်က 16 Amp plug ပေါက်မှာ လျပ်စစ်မီးဖို သုံးသလိုပဲ ထိုးပြီး အားသွင်းလို့ရပါတယ်။ အဲတော့ 16 Amp ELCB breaker လေးခံ ပလတ်ခုံ အကောင်းစားလေး လုပ်ပြီး အားသွင်းရင် ရပါတယ်။ 16 Amp ဆိုရင် 3 KW charger အထိ စိတ်ချ လက်ချ သုံးနိုင်ပါတယ်။ များများသုံး မိရင်တော့ ကြာကြာလေး အားသွင်းရမှာပေါ့ ။ အဲတော့ တနေ့ ကို ဘယ်လောက် သုံးလဲ စဉ်းစားပေါ့။

**လျပ်စစ် ဓါတ်က မလုံလောက်ဖူး
ဆရာတို့ စဉ်းစားရမှာက ဓါတ်ဆီနဲ့ လျပ်စစ် ဘယ်ကလွယ်လွယ် ကူကူ ရနိုင်လဲ ။ ဓါတ်ဆီ ကကိုယ်ပိုင်ထုတ်နိုင်လား , လျပ်စစ် ကကိုယ်ပိုင်ထုတ်နိုင်လား ။ ဓါတ်ဆီတွေ ပြတ်လို့ တန်းစီရတာတွေ , ဆီတွေ မသန့်လို အင်ဂျင်တွေ ချရတာတွေ မလို ချင်ဖူးဗျာ ။
ဘယ် က ပို အဆင်ပြေ နိုင်မလဲ ဆိုတာတော့ ဖတ်တဲ့ ဆရာတွေ ရဲ့ အတွေး အတွက် ချန်ထားပါတယ်။နောက်မှ ကိုယ်ပိုင်အိမ်သမားတွေ အတွက် ရေးပြပါ့မယ်။

**မြို့တိုင်းမှာ ဆီဆိုင်တွေ ရှိတယ် ( မှန်ပါတယ် )
အိမ်တိုင်းမှာ လျပ်စစ်မီး ရှိပါတယ် ( ဒါကလဲ မမှားဖူး ) အားလဲ သွင်းလို့ရပါတယ်

**EV ကားတွေ Battery က ငါးနှစ်မှာလဲ ရမယ် အဲဖိုးပါထည့်တွက်ရမယ်
ဒါလေးရေးထားတာလေး Copy ပြန်ထည့်ပေးလိုက်ပါတယ်
ကားတွေရဲ့ LiFePo4 ကို ကြေညာထားတာက @80% DOC မှာ အကြိမ် ၆၀၀၀ ခံမယ်လို့ရေးထားပါ တယ်။ အလကားတော့ရေးထားတာမဟုတ်ပါဖူး။ Test lab တွေ ကို ပိုပြီး မှာ Certify လုပ်ပြီး ကြော်ညာ ကျတာပါ။ Brand battery တွေ ကိုပြောတာပါ။
အဓိပ္ပာယ် ကတော့ တကြိမ် ကို ၈၀ % အထိ ကျအောင် သုံးရင် အကြိမ် ၆၀၀၀ သုံးလို့ရပါတယ် ပြောတဲ့ သဘောပါပဲ ။
အဲတော့ ၆၀၀၀ ကို ၃၆၅ နဲ့ စားရင် ၁၆ နှစ်လောက် သုံးရမယ် ဆိုတဲ့ သဘောပါပဲ။
ဒါတောင် တနေ့ ၈၀% အထိ သုံးရင်ပြောတာပါ။
ဒါကြောင့်မို့ EV ကား တွေထုတ်တဲ့ သူတွေက ၈ နှစ် မိုင် တသိန်း warranty ပေးကျပါတယ်။ ဒီမှာ တချို့ က warranty ပြောရင် အဲဒီ အချိန် ပျက်မှာလား။ မဟုတ်ပါ ။ warranty သဘောက အာမခံပါ ။ လျော်မယ့် သဘောပါ။ warranty ထက် အများကြီး ကျော်သုံးရပါတယ်။
တချို့က Nissan Leaf ကို ကြည့်ပြီး နှိုင်းယှည် ကျတယ်။ မတူတော့ပါဖူး။ Technology ကတော့ အမြဲ ပြောင်းလဲ နေတာပါ။ ဖုန်းတွေ laptop တွေ ကိုကြည့်ပါ။
အဲတော့ ကျွန်တော်ရဲ့ အတွေ့ အကြုံ အရတော့ အခု ထုတ်တဲ့ Grade A LiFePo4 battery တွေ ကတော့ အနဲဆုံး ၁၅ နှစ်လောက်တော့ သုံးရမယ်ထင်ပါတယ်။
နောက်ဆုံး အခု ထုတ်နေတဲ့ CATL battery ကတော့ကြမ်းတယ်။ အခုထုတ်မဲ့ battery တွေ ကတော့ မိုင် တသန်းနှစ်သိမ်း 1.2 miiloin miles နဲ့ ၁၆ နှစ် warranty ပေးပါ တယ်တဲ့။
ဆက်ရန်
ဖတ်ရှုတဲ့ အတွက် ကျေးဇူးပါ

Credit: Kyaw Oo


● 𝐄𝐕 နဲ့ပတ်သက်ပြီး သိထားသင့်တဲ့အသုံးအနှုန်းလေးတွေ . . .လူအများစိတ်ဝင်စားနေကြတဲ့ လျှပ်စစ်ကားတွေနဲ့သက်ဆိုင်ပြီး အရေးကြီးတဲ...
07/12/2022

● 𝐄𝐕 နဲ့ပတ်သက်ပြီး သိထားသင့်တဲ့အသုံးအနှုန်းလေးတွေ . . .
လူအများစိတ်ဝင်စားနေကြတဲ့ လျှပ်စစ်ကားတွေနဲ့သက်ဆိုင်ပြီး အရေးကြီးတဲ့စကားလုံးတချို့ကို ဖော်ပြပေးပါရစေခင်ဗျာ။
- kWh
kWh ဆိုတာကတော့ ကားရဲ့ဘက်ထရီ Capacity ဖော်ပြတာဖြစ်ပါတယ်ခင်ဗျာ။ (kilowatt-hour လို့ အသံထွက်ပါတယ်)
ကားရဲ့ဘက်ထရီထဲမှာသိမ်းထားနိုင်တဲ့ လျှပ်စစ်ပမာဏယူနစ်ကိုဆိုလိုတာမို့လို့ kWh နံပါတ်ကြီးလေလေ ကားကို နာရီကြာကြာဆက်တိုက်မောင်းနိုင်လေပဲပေါ့။

- Range
ကားဘက်ထရီထဲမှာ အားအပြည့်ရှိနေရင် မောင်းနိုင်လို့ရမယ့်အကွာအဝေး(Range) ဖြစ်ပါတယ်ခင်ဗျာ။ ကားရဲ့ Range ကီလိုမီတာ(km) နဲ့ဖော်ပြကြပါတယ်ဗျ။ ကိုယ်က မြို့တွင်းပဲမောင်းမှာလား၊ ခရီးခနခနထွက်တတ်သူလားဆိုတာပေါ်မူတည်ပြီး ကိုယ်ဝယ်လိုတဲ့ EV ရဲ့ Range နဲ့ နှိုင်းယှဉ်စဉ်းစားဖို့ လိုမှာပါ။

- Miles per kWh
ဓါတ်ဆီတလံမှာ ဘယ်နှမိုင်မောင်းလို့ရသလဲ ဆီစားနှုန်းကိုတွက်သလိုပဲ EV တွေမှာ 'Miles per kWh' လို့ရေးကြပါတယ်။ လျှပ်စစ် 1kWh နဲ့ ဘယ်နှမိုင်သွားနိုင်မလဲပေါ့။ Range (မိုင်)ကို Battery Capacity နဲ့စားရင် Miles per kWh ကို သိနိုင်ပါတယ်ခင်ဗျာ။
40-kWh ဘထ္ထရီရဲ့ range က 100 miles ဆိုရင် စားလိုက်တော့ consumption ratio က 2.5 miles/kWh ပေါ့။
EV ရဲ့ Efficieny ကို Watt-Hours per Mile (Wh per Mile) နဲ့လည်း ဖော်ပြတာမျိုးရှိပြီး 1000 ကို Wh per Mile နဲ့စားလိုက်ရင် Miles per kWh ကို သိရမှာပါ။

- Charging
EV ကို အားပြန်သွင်းနိုင်မယ့်နည်းလမ်း ၃သွယ်ရှိပါတယ်ဗျ။
Level 1 နဲ့ Level 2 Charging မှာ Alternating Current ကို အသုံးပြုတာမို့လို့ အိမ်သုံးလျှပ်စစ်မှအားသွင်းယူခြင်းမျိုးဖြစ်ပါတယ်ခင်ဗျာ။
Level 1 ကတော့ အိမ်သုံးပလပ်ပေါက်နဲ့ချာဂျာကြိုးချိတ်ဆက်အားသွင်းတာကို ဆိုလိုတာဖြစ်ပြီး
Levle 2 ကတော့ အားသွင်းစက်သီးသန့်ဝယ်သုံးရမှာပါ။
Level 3 ကို DC Fast Charging လို့လည်းခေါ်ပါတယ်ခင်ဗျာ။ သူ့မှာတော့ Direct Current ကို သုံးတာမို့လို့ Charging Station မှာ အားသွင်းယူခြင်းမျိုးဖြစ်ပါတယ်ဗျ။ Charging စနစ်၃မျိုးထဲမှာ အမြန်ဆုံးလည်းဖြစ်ပါတယ်။

Credit :BAIC Myanmar

EV ကားတွေ Motor  အမျိုးမျိုးမှာ*******************************EV ကားတွေ က မော်တာနဲ့ မောင်းသလို တပ်ဆင်ထားတဲ့ မော်တာ တပထား...
04/12/2022

EV ကားတွေ Motor အမျိုးမျိုးမှာ
*******************************
EV ကားတွေ က မော်တာနဲ့ မောင်းသလို တပ်ဆင်ထားတဲ့ မော်တာ တပထားတဲ့ system က အမျိုးမျိုး ရှိနေပါတယ်။ detail တော့မဟုတ်ပေမဲ့ အကြမ်းဖျင်း အားဖြင့် လက်ရှိ မှာ type 4 မျိုး ရှိပါတယ်။
1-Single motor
2-Duel motors ( 2 motors )
3-Tri ( 3 ) motors
4-Four motors system တွေ ရှိတယ်လို့သိရပါတယ်။
1-Single motor ကတော့ motor တလုံးထဲ တပ်ထားပြီး ရှေ့ယက် ( or ) နောက်ယက် သဘောမျိုးပေါ့။ သူကတော့ transmission gear ပါပြီး ဘိန်း ၂လုံး ကို Synchro ဖြစ်အောင်မောင်းပါမယ်။
2-Duel motor ( 2 motors + transmission gear ) ကလည်း မော်တာ ကို အရှေ့တလုံး အနောက်တလုံး တပ်ထားပြီး မော်တော်ကားသဘော တရားအရ all wheels drive ပေါ့။
3-Tri ( 3 ) motor ကတော့ အရှေ့မှာ တလုံး နောက်မှာ ၂ လုံးတပ်ထားပါတယ်။ အရှေ့ ကမော်တာကတော့ transmission gear ပါပြီး နောက် ၂ လုံးကတော့ ဘာမှ မပါပဲ ဘီး ကို တိုက်ရိုက် မောင်းပါတယ်။
4-Four motor system ကတော့ ဘီးတွေ တလုံး ခြင်းစီမှာ မော်တာကို တပ်ထားပြီး အားလုံး ကို တိုက်ရိုက်မောင်းပါတယ်။
မြန်မာပြည်မှာ ဝယ်မယ်ဆိုရင် အရိုး အရှင်းဆုံး Single မော်တာ ( 3 phase induction motor ) နဲ့ 30~40 KWh လောက်ရှိတဲ့ battery pack နဲ့ ဆို အဆင်ပြေနိုင်ပါတယ်။ မြို့ထဲ နဲ့ မြို့ပြင် သုံးပေါ့။

Credit: kyaw Oo

EV တွေ အ ပေါ် ကျွန်တော့ အမြင် ( အပိုင်း ၂  )~~~~~~~~~~~~~~~~~~~~~~EV ကို ဝယ်ဖို့လက်တွန့်နေရတဲ့ ပူပန်မှု~~~~~~~~~~~~~~~~~...
29/11/2022

EV တွေ အ ပေါ် ကျွန်တော့ အမြင် ( အပိုင်း ၂ )

~~~~~~~~~~~~~~~~~~~~~~

EV ကို ဝယ်ဖို့လက်တွန့်နေရတဲ့ ပူပန်မှု

~~~~~~~~~~~~~~~~~~~

EV များကို ရှောင်ရသည့် အကြောင်းရင်းများတွင် ယာဉ်မောင်းများ အများစုမှာ ၎င်းတို့၏ ဦးတည်ရာသို့ မရောက်ရှိမီ ဘက်ထရီ အားကုန်သွားမည်ကို စိုးရိမ်ခြင်း က အဓိကအကြောင်းတရားဖြစ်ပါတယ်။ Range anxiety လို့ ခေါ်ပါတယ်။

နောက်တချက်က လမ်းမှာ အားသွင်းရုံများ နည်းပါးခြင်း၊ ကြာရှည်စွာ အားသွင်းရမယ်ထင်ခြင်းနဲ့ နှင့် ဝယ်ယူတဲ့ အခါ Initial cost မြင့်မားသော ယာဉ်စရိတ်များကို ကြောက်ရွံ့ခြင်းတို့ ပါဝင်သည်။

range anxiety ကတကယ် ဖြစ်ဖို့လိုလား

~~~~~~~~~~~~~~~~~~~~~~

တကယ်တော့ range anxiety ကခရီးဝေးသွားတဲ့ အခါမှာသာ စိုးရိမ်စရာလိုပေမဲ့ အိမ်သုံး မြို့ထဲ အတွက် တွေ ဉပမာရုံးသွားဖို့ သုံး မဲ့သူတွေ အတွက်ကတော့ အခုနောက်ပိုင်း ၂၀၂၀ ထုတ်တဲ့ ကားတွေ အတွက် ကတော့ လုံးဝ ကို စိုးရိမ် ပူပန်စရာ မလိုတော့ပါ။ ကားတွေမှာလဲ ဘယ်လောက် အထိ မောင်းလို့ရတယ်ဆိုတာကို real time နဲ့ ဖေါ်ပြနေတာမို့ ကြိုတင်ပြင်ဆင်နို င်ပြီး စိုးရိမ်စရာမရှိတာပါ။

အခု ခေါတ် EV တွေ က ကား အပေါ်မူတည်ပြီး 1 KWh ကို 5~7 Kilo meters လောက် ရပါတယ်။ တနေ့ကို 10 KWh လောက် သုံးမယ်ဆိုရင် ၅၀ ကနေ ၇၀ ကီလိုမီတာလောက် ရပါမယ်။ EV ကားတွေ အများစုကတော့ battery pack ကို 40 KWh ကနေ 70KWh လောက် တပ်ထားကျပါတယ်။

ဒီနေရာမှာ လျပ်စစ် အသုံး သဘောတရားလေး အကြောင်း သိသင့်ပါတယ်။

ကျွန်တော်တို့သုံးနေတဲ့ လျပ်စစ်မီးဖိုတွေ က လျပ်စစ် အား အနေနဲ့ 2 KW ရှိပါတယ်။ အဲဒါ ကို တနာရီ သုံးရင် 2 KWh ဖြစ်သွားပါပြီ။ တနေ့ ၅ နာရီ ဟင်းချက်ရင် 10 KWh ဖြစ်သွားပါပြီ။ မီတာခအနေနဲ့ 1 KWh ကို လက်ရှိက ၁၂၅ ကျပ်ဈေးပါ။ 10 KWh ကို ၁၂၅၀ ကျပ် ကျပါမယ်။ အဲဒါကို ကားထဲ ဖြည့်မယ်ဆိုရင် ကားအမျိုးအစား အပေါ် မူတည်ပြီး ၅၀ ကနေ ၇၀ ကီလိုမီတာ လောက် သုံး လို့ ရပါ့မယ်။

အသေးဆုံး 40 KWh တပ်ထားတဲ့ ကားဆိုရင် 10 KWh သုံးပြီးရင် 30 KWh ကားထဲ မှာ ကျန်ပါသေးတယ်။ အားပြန်ဖြည့်ရင်လဲ သုံးပြီးသား 10 KWh ကိုသာပြန်ဖြည့်ရမှာပါ။

အိမ်မှာသုံးလို့ ရတဲ့ Level 1 ကတော့ 3 KWh လောက်အထိ ဖြည့်လို့ရပါတယ်။ သဘောက တနာရီ ကို အားဖြည့်မယ်ဆိုရင် 3 KWh က battery ထဲ ရောက်သွားမယ်ဆိုတဲ့ သဘောပါ။ ဘယ်လောက်ဖြည့်မလဲ ဆိုတာတော့ ရွေးချယ်လို့ ရမယ်ထင်ပါတယ်။

အဲတော့ နေ့တိုင်း သာမန်သုံးမဲ့ သူတွေ အတွက် ကတော့ range အတွက် စိုးရိမ်ပူပန်မှုလုံးဝ ရှိစရာမလိုပါ။

မြန်မာမှာ Charging station တွေလိုလား

~~~~~~~~~~~~~~~~~~

ကျွန်တော် အမြင်ကတော့ မြန်မာမှာ EV ကားဝယ်မဲ့ အများစုက အိမ်မှာ Charging သွင်းဖို့ နေရာရှိတဲ့ သူတွေရယ် သာမန်သုံးဖို့ သူတွေ ရယ် ဆိုတော့ လက်ရှိမှာ Charging station တွေ က မလိုအပ်သေးပါဖူး။

တကယ်လို့ EV Taxi ကို group နဲ့ ထောင်မယ်ဆိုရင်တော့ လိုအပ်ကောင်း လိုအပ်ပါမယ်။ မြန်မာပြည် အတွက် ရန်ကုန် မန္တလေး နဲ့ နယ်တွေမှာ မှာ အိမ်စီးကား အများစု ကတော့ လုံးဝ ( လုံးဝ ) မလိုအပ်ပါဖူး။

တိုက်ခန်းလဲနေတယ် , EV ကားဝယ်စီးချင်တယ် , ကိုယ်ပိုင်အားသွင်းဖို့လဲ အဆင် မပြေတဲ့ သူတွေ ကတော့ လိုအပ်မှာပါ။ ကိုယ်ပိုင် အားသွင်းဖို့ အခြေ အနေ မပေးရင် ဝယ်ဖို့ ကို အားမပေးပါ။

တခြားနိုင်ငံတွေ ကတော့ ခရီးတွေ က ဝေးတော့လိုအပ်ကောင်း လိုအပ်မှာပါ။

EV ကားတွေက Initial cost မြင့်လား

~~~~~~~~~~~~~~~~~~~~

ကျွန်တော် အမြင်ကတော့ EV ကားတွေ က အသစ်တွေ သာဖြစ်တဲ့ အတွက် ဈေးကတော့ မြင့်တယ်လို့မထင်ပါဖူး။ US$ 20000 ကနေ 50000 ပတ်ဝန်းကျင်ပါပဲ။ ICE ကားတွေ ကလဲ ဒီဈေးပတ်ဝန်းကျင်ပါပဲ။ အဓိကအားသာချက်က ရည်ရှည်မှာ မောင်းလို့ ကောင်းတယ် အမြဲတမ်း အင်ဂျင် အသစ်လို ဖြစ်နေမှာပါပဲ။ ဘာလို့လဲ ဆိုတော့ Motor ရဲ့ သဘောတရား အရ performance ကျသွားတယ်လို့ မရှိလို့ပါ။ Engine ကတော့ piston တွေ ဆီတွေ ရဲ့ သဘောတရားကြောင့် Engine power ကျတတ်ပါတယ်။

နောက် Efficiency ကတော့ EV က 80% ရှိပြီး ICE တွေ က 30% ရှိပါတယ်။ Efficiency ဆိုတာက ၁ ကျပ်ဖိုး ကိုယ်ကထည့်ရင် ဘယ်လောက် ပြန်ရလဲဆိုတာပါ။ EV က ပြား ၈၀ ဖိုး ပြန်ရပြီး ICE က ပြား ၃၀ ဖိုးပြန်ရတဲ့ သဘောပေါ့။ စီးပွားရေး သဘော ရေရှည် အတွက် လတ်တလော မြှုတ်နှံ မှု Capital expenditures (CapEx) နဲ့ ရည်ရှည် ကုန်ကျစရိတ် Operating expenses (OpEx) ကို တွက်ရင် EV က အများကြီး သာပါတယ်။ လူတွေ အများစု က Technology ဘက် ကမဟုတ်တော့ အသစ်တွေ ကို ကြောက်နေကျတာဖြစ်ပါတယ်။

မောင်းရတာ အကြိုက်ဆုံး Feeling ဖြစ်မဲ့ EV

~~~~~~~~~~~~~~~~~~~~~~~~~~~

အင်ဂျင်ကားတွေ မှာ ပါတာက Engine , Gear box clutch , တွေ ပါတော့ မောင်းရတာ နဲနဲ resistance ရှိပါတယ်။ EV ကတော့ အဲဒါတွေ မပါတော့ ပိုပြီး smooth and easy ဖြစ်ပါတယ်။ နောက် gear ratio မရှိတဲ့ အတွက် အရှိန် မြင့်တဲ့ အခါလဲ ပို မြန်ဆန်တယ်။ နောက်တချက်က ကားအသစ် အင်ဂျင် အသစ် တွေ ကကောင်းပေမဲ့ နောက်ပိုင်း ကျတော့ အင်ဂျင် ကျတာ Exhaust ပိတ်တာ ဆီမသန့်တာတွေ အစရှိတာတွေ ကြောင့် မောင်းရတာ ပါဝါ ကျတဲ့ Feeling ကို ခံစား ကျရပါတယ်။ EV သဘောတရားကတော့ Motor တလုံးရဲ့ သက်တန်းကြောင့် အမြဲတမ်း ကားအင်ဂျင် အသစ် က ဆီ သန့်သန့် နဲ့ မောင်းသလို အမြဲ ခံစားရပါမယ်။ battery မပျက် မချင်းအထိပေါ့။

ဖတ်ရှုခဲ့တဲ့ အတွက်ကျေးဇူးပါ

ဆက်ရန်

Credit: Kyaw Oo



Address

Kyaukme

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Win Lab - Car Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share