04/12/2021
📣ဘ၀မှာအောင်မြင်ဖို့အတွက် တတိယ ၈နာရီကို အသုံးပြုပါ။
===============================
🎯ရလဒ်ကောင်းဖို့အတွက် အလုပ်မလုပ်ပါနဲ့။ အလုပ်ကောင်းကောင်းလုပ်ရင် အလိုလိုရလဒ် ကောင်းတွေထွက်ပေါ်လာမှာဖြစ်ပါတယ်။
🎯သွားနေကြလမ်းကိုသွားရင် တွေ့နေကြအရာ တွေကိုပဲ တွေ့နေမှာဖြစ်ပါတယ်။ ထူးခြားဆန်း ကြယ်တဲ့အရာတွေနဲ့ မမြင်ဖူးတာတွေ တွေ့ချင်ရင် တော့ လမ်းသစ်ကနေသွားပါ။
🎯ထိုနည်းတူစွာပဲ လုပ်နေကျအရာတွေချည်းပဲ လုပ်နေရင်တော့ သင်ရနေကျအရာတွေပဲ ရရှိ နေမှာဖြစ်ပါတယ်။ သူများနဲ့မတူညီဘဲ အောင်မြင် တဲ့ လူမှုဘ၀ကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ သူများတွေနဲ့မတူတဲ့ အလုပ်တွေကို လုပ်နိုင်ရမှာ ဖြစ်ပါတယ်။
🎯လောကမှာလူတိုင်းက အချိန် ၂၄နာရီကို တူညီစွာပိုင်ဆိုင်ကြပါတယ်။ သို့သော် တချို့က ဆင်းရဲတယ်။ တချို့က ချမ်းသာကြတယ်။ ၂၄နာရီကို ၃ပိုင်းခွဲကြည့်ရအောင်။ ပထမ ၈နာရီကတော့ အလုပ် လုပ်တဲ့အချိန်ဖြစ်ပါတယ်။ ဒုတိယ ၈နာရီကတော့ အိပ်တဲ့အချိန်ဖြစ်ပါတယ်။ တတိယ ၈နာရီမှာ သင်ဘာတွေလုပ်ဖြစ်ပါသလဲ? သေချာပြန်စဉ်းစားပြီး ချရေးကြည့်ပါ။ ဘ၀မှာ ကိုယ့်ဒူးကိုယ်ချွန်ပြီး အောင်မြင်ချမ်းသာတဲ့ လူတွေက တတိယ ၈နာရီကို ကောင်းမွန်စွာ အသုံးချတတ်လို့ပဲ ဖြစ်ပါတယ်။
🎯သူတို့ဟာ တတိယ ၈နာရီမှာ အကျိုးရှိသော စာပေများဖတ်ရှုခြင်း ၊ မိမိ Career နှင့်သက်ဆိုင် သော သင်တန်းများတက်ရောက် လေ့လာခြင်း ၊ အလုပ် လုပ်ခြင်း ၊ ဗဟုသုတများထပ်မံရှာဖွေ ခြင်းတွေနဲ့ပဲ ကုန်ဆုံးကြပါတယ်။ ဒါတွေက အောင်မြင်တဲ့သူတွေရဲ့ လျို့ဝှက်ချက်ပဲဖြစ်ပါ တယ်။
🎯ဘ၀မှာမအောင်မြင်တဲ့သူတွေကတော့ တတိယ ၈နာရီမှာ လျှောက်လည်ခြင်း ၊ Facebook ပေါ်တွင် အကျိုးမဲ့စွာ အချိန်ကုန်ဆုံးခြင်း ၊ TV အလွန်အကျွံကြည့်ခြင်း ၊ ပျင်းရိစွာအိပ်စက်ခြင်း ၊ ဗဟုသုတမရရှိနိုင်သော စာများကို ဖတ်ခြင်း ၊ သူတပါး အတင်းအဖျင်းပြောခြင်း ၊ သူများကို ဝေဖန် ကဲ့ရဲ့ တိုက်ခိုက်ခြင်း အစရှိတာတွေနဲ့ပဲ ကုန်ဆုံးကြပါတယ်။
🎯သင်သာ တကယ်အောင်မြင်ချင်တယ်ဆိုရင် အပေါ်မှာပြောထားသလိုပဲ တတိယ ၈နာရီကို ကောင်းမွန်စွာအသုံးချကြည့်ပါ။ အချိန် ၆လ ၊ ၁နှစ်အတွင်း ထူးခြားလာတာတွေ့ရပါလိမ့်မယ်။
🔖ဒီ Post က မိတ်ဆွေရဲ့ သူငယ်ချင်း အသိမိတ်ဆွေ တွေအတွက် အထောက်အကူ ဖြစ်မယ်ဆိုရင် ရှယ်ပေးလိုက်ကြအုံးနော်..... :)
အားလုံးကိုကျေးဇူးတင်ပါတယ်။
Dream it, Believe it, Achieve it. :)