ရွှေကျား အမှတ်တံဆိပ် နေကြာဆီ မြေပဲဆီသန့်

  • Home
  • Myanmar
  • Kamayut
  • ရွှေကျား အမှတ်တံဆိပ် နေကြာဆီ မြေပဲဆီသန့်

ရွှေကျား အမှတ်တံဆိပ် နေကြာဆီ မြေပဲဆီသန့် ရန်ကုန်မြို့နယ်နိမိတ် အတွင်းရှိ မိမိရောင်း၊ငှား လိုသော တိုက်ခန်း၊ အိမ်ခြံမြေတို့အား ဝန်ဆောင်ပေးပါသည်။

03/03/2024
ယနေ့ခေတ်မှာ လူကြိးလူငယ် ကြိုက်နှစ်သက်တဲ့Honda Insight ကားအမျိုးအစား အကြောင်း💞💞💞💞💞💞💞💞💞💞💞💞💞💞 မှတ်သားထားတဲ ဗဟုသုတ လေးကို ဖြ...
30/08/2021

ယနေ့ခေတ်မှာ လူကြိးလူငယ် ကြိုက်နှစ်သက်တဲ့
Honda Insight ကားအမျိုးအစား အကြောင်း
💞💞💞💞💞💞💞💞💞💞💞💞💞💞

မှတ်သားထားတဲ ဗဟုသုတ လေးကို ဖြန်ဖြူးပေးတာပါ။

Honda insight ကို first generation အဖြစ် 1999 မှ 2006 ထိ ထုတ်လုပ်ပါတယ်။

second generation အဖြစ် 2009 မှ 2014 ထိထုတ်လုပ်ပါတယ်2009/2010/2011 model year ပဲကွာပါတယ်။

သိသိသာသာ ဘာမှ မကွာပါဘူး bro။ အရှေ့ ရုပ်ပြောင်းတာ 2012 ကားတွေပါ။ 1.5cc ကားတွေက ဘော်ဒီအချိုးအစား ချိုးစစ်မှုနည်းနည်းလေးကွာပါတယ်။ 1300cc ကားအားလုံးကတော့ အတူတူပါပဲ။ ဂျပန် Insight မှာ G

KLUGER Grade အခွဲတွေအကြောင်းပါ။Toyota Kluger ဆိုတဲ့ ကားကိုတော့ 2000 ခုနှစ်ကနေ စထုတ်လိုက်တာဖြစ်ပြီး 2007 ခုနှစ်မှာ သူ့ရဲ့...
30/08/2021

KLUGER Grade အခွဲတွေအကြောင်းပါ။

Toyota Kluger ဆိုတဲ့ ကားကိုတော့ 2000 ခုနှစ်ကနေ စထုတ်လိုက်တာဖြစ်ပြီး 2007 ခုနှစ်မှာ သူ့ရဲ့ မျိုးဆက်ဟာ ပျောက်ကွယ်သွားပြီး Toyota Highlander ဆိုတဲ့ နာမည်နဲ့ ခွဲထွက်သွားခဲ့ပါတယ်။ ဒါကြောင့် Kluger ဆိုတဲ့ ကားဆိုတာနဲ့ ပြောစရာက သူ့မှာ ပထမ မျိုးဆက် တစ်ဆက်တည်းနဲ့ သာလာပါတယ်။

Toyota Kluger ကို Company နှစ်ခုကနေ ခွဲထုတ်ပေးထားပါတယ်။ ဘာတွေလဲ ဆိုရင် Toyota Vista ကထုတ်လုပ်ပေးတဲ့ကား ဆိုရင် Kluger V နဲ့ လာပြီး Toyota Corolla က ထုတ်ပေးထားတာ ဆိုရင် Kluger L ဆိုပြီးတော့ပေါ့။

ဒါတွေက တော့ ယခုစာဖတ်နေတဲ့ လူကြီးမင်းတို့ သိလဲ သိ နိုင်သလို မသိတဲ့လူတွေလဲ ရှိမှာပါ။ ဒါကြောင့် အများသူဌာ သိရအောင် အကျယ်တ၀င့် ပြန်ပြောပေးတာပါ။ ဟဲဟဲ။ :D
ဒီ့အပြင် Toyota Kluger ကို ဓာတ်ဆီကော ဘက်ထရီ နှစ်မျိုးသုံး HYBRID ကားတွေကိုလည်းထုတ်လုပ်ပေး ထားပါတယ်။ ကျွန်တော်တို့ဆီမှာတော့ သိပ်မတွေ့ရပါဘူး။

HYBRID တွေကို အများဆုံးတွေ့ရတာကတော့ 2002 Model နဲ့ 2003 (Late) တွေမှာ 2400 CC နဲ့သာ အများဆုံးတွေ့ရတတ်ပါတယ်။

အကြမ်းဖျင်း
💞💞💞💞

အခုဒီ ပထမမျိုးဆက် 2000 Model ကနေ 2007 ထိကတော့ ကြီးမားတဲ့ ပြောင်းလဲမှုတွေ များများစားစား မရှိခဲ့ပါဘူး။ 2004 ခုနှစ်မှာ V6 Engine ကို 3.0L (220 hp) မှ 3.3L (225 hp) ထိ အဆင့်မြှင့်ပေးခဲ့ပြီး ၄ချက်ထိုး အော်တို ဂီယာမှ ၅ချက်ထိုး အော်တို ဂီယာသို့ ပြောင်းလဲခဲ့ပါတယ်။ ဒါ့အပြင် အလွိုင်းဘီး ပုံစံ နဲ့ ခုံ သုံးတန်း တွေဖြစ်လာပါတယ်။ 2006 Model မှာတော့ Sport Type ပုံစံတွေ စထုတ်ခဲ့ပြီး ကားအတွင်းပိုင်းကော အပြင်ပိုင်း ပါ ပုံစံ ဒီဇိုင်းတွေ အနည်းငယ် ပြောင်းလဲလာတာကို တွေ့ရမှာပါ။

Grade အမျိုးမျိုး နှင့် အင်ဂျင်ပါဝါ
💞💞💞💞💞💞💞💞💞💞💞

ဒီ Toyota Kluger မှာ Grade တွေဆိုလို့ များများစားစား မရှိပါဘူး။ Grade တွေကတော့ Basegrade, S Package, S Limited, G Package, S X Package နဲ့ S G Package တို့ပဲ ဖြစ်ပါတယ်။

အင်ဂျင်ပါဝါတွေ အနေနဲ့ကတော့ 2400 CC နဲ့ လဲလာသလို 3000 CC နဲ့လဲ လာပါတယ်ခင်ဗျ။ အင်ဂျင်ပါဝါ နှစ်မျိုးလုံးအတွက် 2WD လဲရှိသလို 4WD လဲရှိနေပါတယ်။ အောက်မှာတော့ သူတို့လေးတွေရဲ့ Chassis နံပါတ်လေးနဲ့ တကွ ဖော်ပြပေးပါမယ်။

Grade အားလုံးအတွက် Engine Power 2400 CC နှင့် 2WD ကိုတော့ Chassis အနေနဲ့ ACU20 နဲ့လာပြီး 4WD ကိုတော့ ACU25 နဲ့ လာပါတယ်။

Engine Power 3000 CC နှင့် 2WD ကိုတော့ MCU20 နဲ့လာပြီး 4WD ကိုတော့ MCU25 ဆိုပြီးဖြစ်ပါမယ်။
Grade တိုင်းရဲ့ အပြင်ပိုင်းအနေနဲ့ ရုပ်မပြောင်းမချင်း ထူးခြားမှု သိပ်မရှိကြပါဘူး။

ဒါပေမဲ့ ရုပ်ပြောင်းဖြစ်သွားတဲ့ 2003 (Late) Model ကျရင်တော့ အရင် က ရှေ့Shell (Grill) မှာ ဒေါင်လိုက်ပုံစံကနေ 2003 (Late) Model ကျတော့ အလျားလိုက်ဖြစ်သွားပါမယ်။

Shell (Grill) ပြောင်းလဲသွားတဲ့ အတွက် ဘန်ဘာမီးခွက်တွေ နှင့်အတူ၊ ရှေ့မီးခွက် နဲ့ နောက်မီးခွက်တွေပါ ဒီဇိုင်းလေး အနည်းငယ် ဆန်းသစ်သွားပါမယ်။ အောက်မှာတော့ Grade တစ်ခုချင်းစီရဲ့ အတွင်းပိုင်း ပြောင်းလဲမှုလေးတွေ ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။

Toyota Kluger ထဲမှာ အနိမ့်ဆုံး Grade တစ်ခုဖြစ်တဲ့ Basegrade ဟာ ထွေထွေထူးထူး ဘာမှ မရှိတဲ့အတွက် မရှင်းတော့ပဲ။ အောက်က Grade တွေ စရှင်းပေးလိုက်ပါတယ်။

S Package
❤️❤️❤️❤️

S Package ကတော့ အတွင်းခန်းမဲမယ်။ အတွင်းခန်းမဲတဲ့အတွက် ကျွန်းဖောက်ကလဲ ကျွန်းမဲ ဖြစ်ပါမယ်။ မှန်ငါးချပ်မဲသွားပါမယ်။ Gear အနေနဲ့ကတော့ Auto ကော Manual ပါမောင်းနှင်နိုင်မှာဖြစ်ပါတယ်။

Manual မောင်းနှင်ဖို့ အတွက်ကတော့ Steering မှာ Down and Up Button လေးတွေ ထည့်သွင်းပေးထားပါတယ်။ Original TV ကတော့ အပေါ်ဘက်မှာလာတတ်ကြပါတယ်။

Original TV နဲ့ Back Camera တွေဆိုရင်တော့ ကျွန်တော်တို့ Back Gear ထိုးတဲ့ အချိန်ကြရင် TV Screen မှာ Black and White နဲ့ ပြပါတယ်။

အပြင်ပိုင်း ကတော့ Skirt ပတ်လည်ပါတာလဲ ရှိသလို မပါတာလဲ ရှိတတ်ပါတယ်။ Roll Bar တွေ၊ Spoiler တွေပါလာပါမယ်။ 2003(Late) ရုပ်ပြောင်းမှာလဲ ဒီလိုပါပဲ။

ရုပ်ပြောင်းမှာ ထူးခြားချက်ကတော့ ထိုင်ခုံ ၃တန်း ၇ ယောက်စီးလာတာလဲရှိသလို မလာတာလဲရှိတတ်ပါတယ်။ ကျန်တာအားလုံးကတော့ ရုပ်ဟောင်းနဲ့ တူတူပါပဲ။

S Limited
❤️❤️❤️❤️

S Limited မှာ ထပ်တိုး ထူးခြားချက်တွေကတော့ ထိုင်ခုံရှမွိုင်း ပြောင်းသွားမှာဖြစ်ပြီး Side Cover တွေလည်း ပြောင်း သွား ပါမယ်၊ အပြင်းပိုင်းမှာတော့အလွိုင်း Design က S package တူ ပီး Crome alloy ဖြစ်သွားမှာဖြစ်ပါတယ်။

2003 (Late) Model တွေမှာ တော့ Roll Bar တွေ မပါ၀င်တော့ပါဘူး။ ဒီမှာ ထူးခြားတာတစ်ခုက Back Gear ထိုးရင် Camera ကColor ဖြစ်လာပြီး Steering လှည့်တဲ့ ဘက်ကို Position ပြလာပါပြီ။

G Package
❤️❤️❤️❤️

G Package ရဲ့ အတွင်းပိုင်း အပြင်အဆင်ကတော့ မှန်အဖြူမဟုတ်ပေမဲ့ ကာလာလေး အနည်းငယ်ပါလာတယ်ဗျ။

အတွင်းခန်း အဝါရောင်နဲ့လာပါတယ်။ အတွင်းခန်းဝါသွားတဲ့ အတွက် ကျွန်းဖောက်လေးတွေက လဲ ကျွန်းဝါ ဖြစ်သွားပါတယ်။ ရှေ့ခန်း တံခါး လက်ကိုင်ဘေးမှာ ကော်ဖီတင်/ အအေးဘူး တင်တဲ့ ခွက်ကလေး ပါ၀င်လာပါမယ်။

Side Cover တွေကတော့ ထိုင်ခုံသား လို ရှမွိုင်းသားနဲ့လာပါတယ်။ Gear အနေနဲ့ကတော့ Auto Gear ပဲဖြစ်ပါတယ်။ 3.0L အများစုမှာတော့ Cruise Control ပါ ပါလာပါတယ်။ အလွိုင်းလဲ မတူတော့ပဲ တမူဆန်းပြားသွားပါတယ်။

S X Package
❤️❤️❤️❤️❤️

ရုပ်ပြောင်းတွေမှာ ခုံသုံးတန်း ၇ ယောက်စီးတွေ လာတယ်လို့ တချို့တွေကပြောကြပါတယ်။ ဒါပေမဲ့ ဒီ S X Package မှာတော့ ၇ယောက်စီး (ခုံ သုံးတန်း) နဲ့ မလာတော့ပါဘူး။ ခုံနှစ်တန်း လူ ၅ ယောက်စီးသာထုတ်ထားပါတယ်။ အတွင်းခန်းကတော့ ရုပ်ပြောင်းမှာ အနိမ့်ဆုံး Grade ဆိုတော့ မှန်ဖြူ ဖြစ်ပြီး အတွင်းခန်းကိုတော့ အမဲရောင်နဲ့ လာပါတယ်။

S G Package
❤️❤️❤️❤️❤️

S G Package ဆိုတာကတော့ ရုပ်ဟောင်းမှာ မလာပါဘူး။ ရုပ်ပြောင်း 2003 (Late) Model မှာပဲ စတင်လာတာပါ။ အပြင်ပိုင်း ကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်း ပြောင်းလဲသွားပါပြီ။

အတွင်းခန်းအနေနဲ့ကတော့ ခဲရောင်လိုပုံစံ ဖြစ်ပြီး ကျွန်းဖောက်တွေကတော့ အမဲရောင်ပုံစံနဲ့လာပါတယ်။ ခုံသုံးတန်း လူ ၇ ယောက်စီးဖြစ်သွားပါမယ်။

ဒီမှာတော့ Original TV နဲ့ Back Camera တွေမှာ Back Gear ထိုးရင် Black and White မဟုတ်တော့ပါဘူး Color ပါ ပါ၀င်လာပါပြီး Steering Position ပြလာပါပြီ။

Sunroof တွေကပါတာလဲ ရှိသလို မပါတာလဲရှိတတ်ပါတယ်။ ဒါကြောင့် ပုံသေမှတ်လို့မရပါဘူး။ Driver ထိုင်ခုံမှာ Motor ပါ၀င်လာပြီဖြစ်ပါတယ်။

Gear ကတော့ Auto Gear ပဲဖြစ်ပါတယ်။ အပြင်းပိုင်းမှာတော့ Roll Bar နဲ့ Skirt ပတ်လည်မပါ၀င်တော့ဘဲ Spoiler ကတော့ပါဝင်ပါတယ်။ ဒီ S G package မှာတော့manual gear ပြောင်းလို့တော့ မရတော့ဘူးခင်ဗျ၊ Steering မှာလဲ Down and Up Button ခလုတ်တွေမပါလာတော့ပါဘူး။

CRD:original uploader
အားလုံးကိုကျေးဇူးတင်ပါတယ်

 -i အင်ဂျင်ဆိုသည်မှာဘာလဲ???ကားများ၏ စက်ဖုံးကို လှစ်လိုက်ပါက အင်ဂျင်မှာ VVT-I ဆိုသည့် စာလုံးများကို အလွယ်တကူတွေ့ရပါသည်။VV...
30/08/2021

-i အင်ဂျင်ဆိုသည်မှာဘာလဲ???
ကားများ၏ စက်ဖုံးကို လှစ်လိုက်ပါက အင်ဂျင်မှာ VVT-I ဆိုသည့် စာလုံးများကို အလွယ်တကူတွေ့ရပါသည်။

VVT-I ဆိုသည်မှာ Variable Value Timiming with intelligence ဆိုသည့်စကားလုံး၏ အတိုကောက်ခေါ်ခြင်းဖြစ်ပါသည်။

အင်ဂျင်တစ်လုံး၏ ပြောင်းလဲနိုင်သော ဗားတိုင်မင် ထိန်းချုပ်မှု စနစ်ကို Toyota က Trade name ပေးထားခြင်းဖြစ်ပါသည်။

အင်ဂျင်တစ်လုံး လည်ပတ်အလုပ်လုပ်ရန် အဝင်ဗား(intake valve) များနှင့် အထွက်ဗား(Exhaust Valve) များတိုင်မင်လိုက် အချ်ိန်ကိုက်အဖွင့်နှင့် အပိတ်လုပ်နိုင်ရန် CamShaft ကဆောင်ရွက်ပေးပါသည်။

4 Stroke အင်ဂျင်များမှာ Intake Valve နှင့် Exhaust Valve အချိန်ကိုက်ပုံမှန် အဖွင့်အပိတ်လုပ်ပါသည်။

ဗားများ အဖွင့်အပိတ်လုပ်နေသည့် Timing ကို Valve Timing ဟုခေါ်ပါသည်။

ရှေးရိုးအင်ဂျင်များ၏ ဗားတိုင်မင်က ပုံသေဖြစ်ပြီး မပြောင်းလဲနိိုင်ပါဘူး။

Cam Shaft ဒီဇိုင်းအတိုင်း ဗား အဖွင့်အပိတ်ပုံသေဖြစ်နေသောကြောင့် အင်ဂျင်လည်ပတ်နှုန်း နှေးကွေးခြင်း၊ မြန်ခြင်း အပေါ်တွင်မူတည်ပြီး ဗားတိုင်မင် ပြောင်းလဲနိုင်ခြင်း မရှိပါဘူး။

သို့သော်မီးတိုင်မင် စောပေးခြင်းမျိုး(Advanced Ignition Iiming) ကို ဒစ်စတီဗျုတာက ဆောင်ရွက်ပးပါသည်။

အင်ဂျင်လည်ပတ်နှုန်း အရမ်းမြန်နေသည့် အချိန်တွင် ပလပ်က မီးပွားဖွင့်တာ စောပေးနိုင်ခဲ့ပါက အင်ဂျင်စွမ်းအားပိုကောင်းလာပါသည်။

အင်ဂျင်လည်ပတ်နှုန်း မြန်လွန်းသည့် အခြေအနေမျိုးတွင် အင်ဂျင်ဆလင်ဒါ အတွင်းကို လေနှင့် ဓာတ်ဆီလောင်စာ အရောအနှောများ လုံလုံလောက်လောက်ဝင်ခွင့်မရပါဘူး။
မီးလောင်ပြီး ပြန်ထွက်သည့် အိတ်ဇောအငွေ့များလည်း အားလုံးကုန်စင်သွားစေရန် ထွက်သွားရန် အချိန်နည်းနေပါသည်။

4stroke engines များမှာအဝင်ဗားက ပွင့်နေသည့်အချိန်တွင် အိတ်ဇောဗားကလည်း ပြန်မပိတ်သေးဘူး၊
ဗား ၂ မျိုးစလုံးပွင့်နေသည့် အခြေအနေကို Valve Overlap ဖြစ်သည်ဟုခေါ်ပါသည်။

ခေတ်ဟောင်းကားအင်ဂျင်များမှာ ဗား Overlap ပုံသေဖြစ်သောကြောင့် အင်ဂျင်လည်ပတ်နှုန်းမြင့်သည့်အခြေအနေမှာ မလိုအပ်သည့် အားနည်းချက်များ ဖြစ်ရပါသည်။
လောင်စာဆီ ကုန်သလောက် ခရီးမတွင်ဘူး။

အိတ်ဇောအီမစ်ရှင်းများ များပြီး လေထုညစ်ညမ်းမှုများ ဖြစ်စေသည်။

အင်ဂျင်စွမ်းအား အပြည့်မထုတ်နိုင်ဘူး။
ကားအင်ဂျင်တစ်လုံးမှာ ဂီယာပြောင်းတိုင်း လည်ပတ်နှုန်း အမျိုးမျိုး ပြောင်းလဲသည်။

အင်ဂျင်လည်ပတ်နှုန်း အရမ်းမြန်သည့် အခြေအနေမှာ မဝင်ဗား၊ အထွက်ဗားများ၏ ဖွင့်ချ်ိန်ပိတ်ချိန်သည် အလွန်တိုတောင်းပါသည်။

အင်ဂျင်လည်ပတ်နှုန်း(6000 rpm) လောက်မြန်နေသည့်အချိန်တွင် ဗားတစ်ကြိမ် ပွင့်နေသည့် အချိန်ဘယ်လောက်သာရှိနေသည် ကိုသိရအောင် ချတွက်ကြည့်ပါ။

Cam Shaft လည်ပတ်နှုန်းမှာ အင်ဂျင် ကရိုင်းလည်ပတ်နှုန်း၏ ထက်ဝက်သာရှိသည်။

အင်ဂျင် 6000rpm လည်နေပါက Cam Shaft က 3000rpm သာရှိပါသည်။

Rpm ဆိုသည်မှာ တစ်မိနစ် လည်ပတ်နှုန်းစက္ကန့် ၆၀ မှာ အပတ်ရေ ၃၀၀၀ ရှိလျှင် အချိန်စက္ကန့်မှာ တစ်နည်းအားဖြင့် အချိန်စက္ကန့်ဆိုသည့့် မျက်တောင်တစ်ချက်ခတ်အချိန်တိုအတွင်းတွင် ဗားအဖွင့်အပိတ် အကြိမ်ရေ(၅၀) ရှိသည်ဆိုလျှင် ဗားတစ်ကြိမ်ပွင့်သည့် အချိန်မှာ ဘယ်လောက်ရှိမလဲ။
ဗားတစ်ကြိမ် အဖွင့်၊ အပိတ် ကြာချိန်ဟာ 1/50 ဒဿမ ဂဏန်း နဲ့ဖော်ပြရလျှင် 0.02 fee ပဲရှိပါတယ်။ အလွန် တိုတောင်းပါသည်။

တစ်စက္ကန့်ဆိုတဲ့ အချိန်တိုကလေးရဲ့ အပုံ ၁ဝဝ ပုံ ၂ ပုံ ဆိုတဲ့ အချိန်ပိုင်း ကလေးအတွင်းမှာ လေနဲ့လောင်စာဆီတွေ များများဝင်နိုင်ဖို့ အဝင်ဗားကို ကြိုတင်ပြီး ဖွင့်ပေးမယ်ဆိုရင် ကောင်းတာပေါ့။

တစ်နည်းပြောရလျှင် Valve Overlap ဖြစ်ချိန်ကို များပေးနိုင်ပါက အကျိုးရှိမယ် ဆိုတာ တွေးမိကြသည်။

အင်ဂျင် လည်ပတ်နှုန်း Slow ဖြစ်နေတဲ့ အခြေအနေမှာ Valve Overlap ဖြစ်တဲ့ ဒီဂရီကို နည်းပြီး အင်ဂျင်လည်ပတ်နှုန်း မြန်လာတာနဲ့အမျှ Valve Overlap ဒီဂရီကို များပေးနိုင်မယ်ဆိုရင် အင်ဂျင်ဆလင်ဒါထဲကို လေနဲ့ လောင်စာဆီ အရောတွေ များများ ဝင်နိုင်မည်။

အိတ်ဇောဓာတ်ငွေ့တွေလည်း ထွက်ဖို့ အချိန်ပိုရ လာမည်ဖြစ်ပြီး ထိုသို့ဖြစ်လာရန် ဗားတိုင်မင်ကို ပုံသေထားလို့ မရတော့ပဲ ပြောင်းလဲ ပေးရမည်ဖြစ်သည်။

Variable Valve Timing Technology ကို Toyota က ၁၉၉၁ ခုနှစ်မှာ စတင်သုံးခဲ့ပါတယ်။
ဒီအဆင့်ကနေ အီလက်ထရောနစ် နည်းပညာ တွေနဲ့ ပေါင်းစပ်ပြီး ပိုကောင်းတဲ့ ကွန်ပျူတာစနစ် ထိန်းချုပ်တဲ့ VVT-i နည်းပညာကိုတော့ ၁၉၉၆ ခုနှစ်မှာ အောင်မြင်စွာ တီထွင်နိုင်ခဲ့သည်။

၁၉၉၈ ခုနှစ် ရောက်တော့ Dual VVT-i နည်းပညာ ကိုထပ်ပြီး တီထွင်ပြန်သည်။

Dual VVT-i နည်းပညာကို Toyota ရဲ့ မျိုးဆက်သစ် V6 အင်ဂျင် 2GR 3.5L Engine မှာ အသုံးချ ထားပါသည်။
Toyota RAV-4, Camry, Avalon ကားတွေမှာ သုံးထားပါသည်။

Toyota VVT-i စနစ်မှာ Cam Shaft ကိုချိန်းကြိုးနဲ့ လည်ပတ်စေပါသည်။

Cam Shaft ထိပ်မှာ VVT-i Controller နဲ့ Cam Sprocket ပါရှိပြီး Cam Shaft တိုင်မင်စောခြင်း၊ နောက်ကျခြင်းကို ဟိုက်ဒရောလစ်စနစ်နဲ့ ထိန်းချုပ် ပေးနိုင်အောင် ဒီဇီုင်း လုပ်ထားပါသည်။

ဟိုက်ဒရောလစ် စနစ်မှာသုံးတဲ့ ဟိုက်ဒရောလစ် အရည်ဖိအားကတော့ အင်ဂျင်ဝိုင် ချောဆီပါပဲ။
အင်ဂျင် လည်ပတ်နေချိန်မှာ Oil Pump က ချောဆီ တွန်းပို့တာကြောင့် အင်ဂျင်ဝိုင်ချောဆီတွေ Cam Shaft အထိရောက်လာပါသည်။

အင်ဂျင်လည်ပတ်နှုန်း (rpm) မြန်တော့ ဆီပန့်က တွန်းပို့တဲ့ Oil Pressure များလေပါပဲ။

အင်ဂျင်ဝိုင်ဖိအား တွန်းကန်အားကြောင့် VVT-i Controller အတွင်းမှာရှိတဲ့ ဒလတ် (Vane) တွေလည်ပြီး Cam Shaft တိုင်မင်ကို စောပွင့်စေတဲ့ အနေအထား ရောက်သွားသည်။
Cam Shaft Timing စောလျှင် Valve Overlap ဖြစ်တဲ့ ဒီဂရီ များလာမည်။

တစ်နည်းအားဖြင့် ပြောမယ်ဆိုလျှင် အဝင်ဗား (Intake Valve) စောပွင့်ပြီး အထွက်ဗား (Exhaust Valve) က နောက်ကျမှ လိုက်မယ်။ ဒီလိုမျိုး အဝင်ဗားကို စောစော ဖွင့်ပေးမှ အင်ဂျင် Speed မြန်တဲ့ အချိန်မှာ လေနဲ့လောင်စာဆီတွေ များများ ဝင်ရောက်နိုင်ဖို့ အခွင့်အရေး ပိုရ လာမည်။

အင်ဂျင်လီဘာကို လျှော့လိုက်လို့ လည်ပတ်နှုန်း Speed ပြန်ကျသွားခဲ့လျှင် Oil Pump ကတွန်းပို့တဲ့ အင်ဂျင်ဝိုင် ဖိအားလည်း ပြန်ကျသွားပြီး Cam Shaft တိုင်မင်စောနေတဲ့ အခြေအနေလည်း မူလ အနေအထားကို ပြန်ရောက်သွားမည်။

Cam Shaft ထိပ်မှာရှိတဲ့ Controller အတွင်း အင်ဂျင်ဝိုင်ဖိအား ဖြစ်ပေါ်မှုကို OCV (Oil Control Valve) က ထိန်းချုပ် ပေးမယ်။ OCV (Oil Control Valve) ကိုအမိန့်ပေး ညွှန်ကြားနေတာ ကတော့ PCM ခေါ် ကွန်ပျူတာဖြစ်ပါသည်။

PCM က သူနဲ့ဆက်သွယ်ထားတဲ့ အာရုံခံဆင်ဆာ တွေကရရှိတဲ့ သတင်း အချက်အလက်တွေကို အခြေခံပြီး တွက်ချက်တယ်။ တွက်ချက်ပြီးမှ VVT-i စနစ်ကို ထိန်းချုပ်နိုင်ဖို့ ညွှန်ကြားသည်။

PCM နဲဲ့ ဆက်သွယ်ထားတဲ့ ဆင်ဆာတွေကတော့ ကရိုင်းရှပ် Position Sensor ၊အင်ဂျင်အအေးခံ စနစ်က Temperature Sensor,Vehicle Speed Sensor များပဲဖြစ်ပါတယ်။ VVT-i စနစ်မှာ ဗားတိုင်မင် ပြောင်းလဲပေးတဲ့ အရာတွေတော့ VVT-i Controller နဲ့ Oil Control Valve တွေ ဖြစ်ပါသည်။

အင်ဂျင်လည်ပတ်နှုန်း Speed ၊ Throttle Valve Position တည်နေရာ Cam Shaft Position Sensor ၊ Engine အပူချိန် Sensor ကပေးပို့တဲ့ Data တွေကိုအခြေခံပြီး ကွန်ပျူတာက Valve Timing (စောခြင်း၊ နောက်ကျခြင်း) ကို လိုအပ်သလို ထိန်းကျောင်း ပေးတယ်။

ကွန်ပျူတာ ထိန်းကျောင်းတဲ့ ဗားတိုင်မင် ပြောင်းလဲခြင်း ဖြစ်လို့ Toyota က Variable Valve Timing with intelligence (VVI-i) လို့ အမည်တပ်ခေါ်ခြင်း ဖြစ်ပါသည်။
မျက်မှောက်ကာလ ခေတ်ပေါ်အင်ဂျင်တိုင်းမှာ ဗားတိုင်မင် ပြောင်းလဲခြင်းစနစ် (Variable Valve Timing System) ကို သုံးနေကြပါသည်။

Honda က VTEC ဆိုတဲ့ Trade Name ကိုသုံးသည်။
VTEC ဆိုတာ (Variable Valve Timing and lift Electronic Control) ရဲ့ အတိုကောက် အခေါ်ပါ။

Mitsubishi Motor က MIVEC နာမည်ကို သုံးထားပါတယ်။

MIVEC ဆိုတာ (Mitsubishi Innovative Valve timing and lift electronic control) လို့ အဓိပ္ပာယ် ရပါသည်။
ဗားတိုင်မင်ပြောင်းလဲနိုင်ခြင်း နည်းပညာသုံး အင်ဂျင်တွေမှာ ပိုကောင်းလာတဲ့ အကျိုးရလဒ်တွေ ကတော့
အင်ဂျင်စက်နှိုးရ လွယ်ကူလာပါသည်။

လီဘာနင်းပြီး အင်ဂျင်စက်ရှိန်မြှင်တဲ့့နေရာမှာ ချောမွေ့ညင်သာပြီး စက်ရှိန် တက်တာမြန်သည်။
ရိုးရိုးအင်ဂျင်တွေထက် ဆီစားသက်သာပြီး စီးပွားရေး တွက်ခြေကိုက်တယ်။ Fuel Economy ဖြစ်သည်။

လေနဲ့ လောင်စာဆီ ရောစပ်မှု အချိုးကောင်း တာကြောင့် လောင်စာဆီတွေ အပြည့်အဝ လောင်ကျွမ်းသောကြောင့် အီမစ်ရှင်း ထုတ်လွှတ်မှု နည်း သွားသည်။

အင်ဂျင်ရုန်းအား (Torque) ပိုကောင်းပြီး High rpm Performance ကို အကောင်းဆုံး ရရှိသောကြောင့် အင်ဂျင်၏ စွမ်းဆောင်ရည် Efficiency ပိုကောင်း လာပါသည်။

ဆီစား သက်သာပြီး မီးခိုး ထွက်နည်းတယ်။
အင်ဂျင်စက်သံညင်သာသည့် ယနေ့ခေတ်ပေါ် Toyota အင်ဂျင်တွေက ခေတ်ဟောင်းအင်ဂျင် တွေထက်သာလွန်နေရသည့် အကြောင်းရင်းမှာ Variable Valve Timing နည်းပညာ ကြောင့်ဖြစ်ပါသည်။
Source:car lover

အော်တို ဂီယာအသုံးပြုသူများမြင့်မားသော တောင်အတက်များတွင်အဲယားကွန်း မဖွင့်ပါနှင့်၊တောင်တက်ရန်အတွက် Second ဂီယာဖြစ်သောS, 2 ...
29/08/2021

အော်တို ဂီယာအသုံးပြုသူများ
မြင့်မားသော တောင်အတက်များတွင်
အဲယားကွန်း မဖွင့်ပါနှင့်၊
တောင်တက်ရန်အတွက် Second ဂီယာဖြစ်သော
S, 2 တို့ဖြင့်သာ တောင်တက်ပါ...
D သာပါသော အော်တိုကားများတွင်
Manual ပြောင်း၍ တက်သင့်ပါသည်...

ဒီဇယ် Pickup ကားများနှင့်
Manual ဂီယာသုံး အိမ်သုံးကားငယ်များတွင်
ဂီယာကို ကြိုဒေါင်းပါ...

မနိုင်သောဂီယာနှင့် အတင်းဆွဲတက်ပါက
Manual ဂီယာကားများတွင်
ကလပ်ပလိတ်ပြား မျက်နှာပြင်များ
ချော်တတ်ပါသည်။

မြင့်မားသော
တောင်အဆင်းတွင်လည်း အော်တိုဂီယာဖြစ်စေ
Manual ဂီယာဖြစ်စေ...
ဂီယာကြီးဖြစ်သော S, 2 စသော ဂီယာကြီးဖြင့်
အနည်းဆုံးဆင်းပါ...
အဆင်းရှည်သော တောင်ဆင်းများတွင်
ဂီယာအသေးဖြစ်သော
3, 4, D ဖြင့်ဆင်းပြီး ဘရိတ်အား
ကြာရှည်စွာ မှေးထားပါက
တောင်ဆင်းတွင် ဘရိတ်ပျောက်တတ်ပါသည်...
ဘရိတ်ပျောက်ပါက ဘရိတ်အောက်ကျကာ
မမိတော့ပါ...

ဘရိတ်ပျောက်ခဲ့ပါက မစိုးရိမ်ပဲ
ဂီယာဖြင့် ထိန်းရပ်ကာရပ်ပြီး နာရီဝက်ကျော်ခန့်
နားလိုက်ပါက ဘရိတ်နဂိုကဲ့သို့ အပေါ်ပြန်တက်ကာ
ကောင်းသွားပါလိမ့်မည်...

တောင်တက် တောင်ဆင်း မျက်ကွယ်ကွေ့များတွင်
ဟွန်းတီးရန် မမေ့ပါနှင့်...
ဟွန်းသံသည် ကျဉ်းမြောင်းသော
တောင်ကွေ့များတွင် နှစ်ဖက်လုံးအတွက်
အန္တရယ်ကာကွယ်နိုင်ပယသည်...

တောင်တက် တောင်ဆင်းချောက်ကမ်းပါးနား
ကားချင်းကပ်ရှောင်ရာ၌
ဘေးကာတန်းနှင့် တိုင်မရှိသောနေရာများတွင်
ဖို့မြေသားပေါ် မနင်းပါနှင့်...
မသေချာပါက ရပ်ထားကာ ရှောင်ပါ...
ဘယ်မောင်းကားများ မသေချာပါက
ရပ်ပြီးသာ ရှောင်သင့်ပါသည်...

တောင်တက် တောင်ဆင်းများတွင်
ကားကြီးများကို ဦးစားပေးပါ...
ကားကြီးများသည် ဝန်အလေးချိန်များသဖြင့်
အချို့နေရာများ ဖို့မြေသားများတွင်
ချောက်နုတ်ခမ်းအထိ ကပ်သွား၍ မရပါ...
ထို့ကြောင့် ကားကြီးများအား လမ်းဦးစားပေးပါ...

တောင်တက် တောင်ဆင်းများတွင်
တအိအိ တက်ဆင်းနေသော
ကားကြီးများ အနှောင့်အယှက်ဖြစ်စေရန်
ဟွန်း တတီတီ တီး၍ လမ်းမတောင်းပါနှင့်...
လမ်းလွတ်သောနေရာများတွင်
လမ်းမတောင်းသည့်တိုင်
နောက်ကားအား ကျော်ရန်နေရာပေးပါလိမ့်မည်...
ကျော်မရသော လမ်းကျဉ်းများ
လမ်းပေးမရသောနေရာများတွင်
ဝန်အလေးဖြင့် တက်ဆင်းနေသော
ကားကြီးများအား ဟွန်းသံဖြင့်
အနှောင့် အယှက်မပေးပါနှင့်...

ရှမ်းအရှေ့ ကိုးကွေ့တောင်ကဲ့သို့
အတက်များတွင် ကားကြီးများသည်
ညာကွေ့များတွင် ကွေ့၍ မလွတ်သောကြောင့်
ဘယ်ဘက်ယာဉ်ကြောမှ ပန်းကွေ့တတ်ပါသည်...
ထို့ကြောင့် ကျဉ်းမြောင်းသော အကွေ့များတွင်
ကားကြီး ဘယ်ကြောယူကွေ့ပါက
ကားငယ်များ ဘယ်ကြောမှ
ဖြေးညှင်းစွာဆင်း၍ လမ်းပေးပါ...

ဝန်အလေးတင်ထားသော ကားကြီးများသည်
ရပ်ပြီးမှ အကွေ့တင်ပြန်တက်ပါက
အခန့်မသင့်ပါက နောက်ကရောင်းကြွေခြင်း...
ကလပ်ပလိတ်ကုန်ခြင်း...
ရှပ်များကျိုးခြင်းဖြစ်တတ်ပါသည်...

တောင်တက်များတွင် ဖြေးဖြေးမှန်မှန်သာ
တက်ခြင်းသည် ကားအင်ဂျင်ကို ဝန်ရုန်းရ
သက်သာစေပြီး အန္တရာယ်ကင်းပါသည်...
အတက် အကွေ့များတွင်
ချောက်ကမ်းပါးဘက်မှ ပန်းကွေ့ရပါက
အရှိန်ကြိူလျော့ထားပါ...
အကွေ့မနိုင်ပါက တစ်ဘက်
ချောက်နုတ်ခမ်းအထိပါသွားတတ်ကာ
အန္တရာယ် ရှိပါသည်...

တောင်တက် တောင်ဆင်းများတွင်
မိတ်ဆွေတို့ကားများ ခေတ္တနားလိုပါက
မျက်ကွယ်ကွေ့နေရာများနှင့်
လမ်ကျဉ်းသောနေရာများကို
ရှောင်ပြီး လမ်းကျယ်သောနေရာတွင်သာနားပါ...

မည်မျှမြင့်မားသော တောင်ပင်ဖြစ်ပါစေ...
အိမ်စီးကားများသည် ရပ်ပြီး ပြန်တက်ရာတွင်
ယခုခေတ်ကားများသည် သာသာယာယာပင်
တက်နိုင်ကြပါသည်...
ဒါကြောင့် မသေချာသောနေရာများတွင်
ရပ်ပြီး ရှောင်ပေးပါ...

မိတ်ဆွေကားအန္တရာယ်ကင်းအောင်မောင်းပြီး
အခြားကားများလည်း အန္တရယ်မဖြစ်အောင်
ဂရုပြု မောင်းနှင်ပေးပါရန် လိုအပ်ပါသည်...

ခရီးမထွက်ခင်...
ပန်ကာကြိုး...
အင်ဂျင်ဝိုင်...
ဂီယာဝိုင်...
ဘရိတ်ဆီ...
ရေတိုင်ကီ Coolant...
ပါဝါဆီ...
ရေသုတ်တံနှင့် မှန်ဆေးရည်...
ကားဟွန်း...
တိုင်မင်ကြိုး...
ဘရိတ်ရှုးနှင့် အောက်ပိုင်းစစ်ဆေးရန်
မမေ့ပါနှင့်...

လေစစ်များ မကောင်းပါက
အသစ်လဲလှယ်ပြီးမှ ခရီးထွက်ပါ...

ကား တာယာရက်စွဲများကို ခရီးမထွက်ခင်
အသေအချာ စစ်ဆေးပါ...
တာယာ ပန်း ကောင်း မကောင်း စစ်ဆေးပါ...
တာယာရက်စွဲသည် ၄ နှစ်ခန့်အထိသာ
စိတ်ချရပါသည်။

ချစ်မိတ်ဆွေများအားလုံး
လိုရာခရီးသို့ ချောမောစွာ ရောက်ကြပါစေ...

ချစ်ခြင်းအားဖြင့်

Credit

ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)

Toyota_Belta_အကြောင်း🚗🚗🚗🚗🚗🚗🚗🚗🚗Belta ဟာ Toyota အမျိုးအစားမို့ နဂိုကတည်းက ရင်းနှီးကျွမ်း၀င်ပြီးသား အမျိုးအစားဖြစ်ပါတယ်။ Sa...
29/08/2021

Toyota_Belta_အကြောင်း
🚗🚗🚗🚗🚗🚗🚗🚗🚗

Belta ဟာ Toyota အမျိုးအစားမို့ နဂိုကတည်းက ရင်းနှီးကျွမ်း၀င်ပြီးသား အမျိုးအစားဖြစ်ပါတယ်။ Saloon ထဲမှာဆို Toyota Corolla Axio ရှိပေမယ့် ၂၀၁၂ မှသာ ၁၃၀၀အင်ဂျင်နဲ့ စထုတ်တာမို့ ကားရှားပြီး စျေးကြီးပါတယ်။ Nissan Tiida Latio ကိုလည်း 1.2 အင်ဂျင်နဲ့ ထုတ်လုပ်ပေမယ့် တချို့က Nissan မို့ဆိုပြီး မကြိုက်ကြပြန်ပါဘူး။ Honda Civic ကျတော့ တချို့က Hybrid မို့ မကြိုက်ကြဘူး။ ဒီတော့ ၁၃၀၀ အင်ဂျင်တွေထဲမှာ ဆလွန်းထဲက ရွေးချယ်စရာဆိုလို့ လွတ်လွတ်ကင်းကင်း Toyota Belta ပဲ ကျန်ရှိပါတော့တယ်။
အင်ဂျင်အနေနဲ့...
1.0 L 1KR-FE I3
1.3 L 2NZ-FE I4 ( 4 WD )
1.3 L 2SZ-FE I4
1.5 L 1NZ-FE I4 ဆိုပြီး ထုတ်တာရှိပါတယ်
Belta မှာတော့ ရွေးချယ်စရာ သုံးမျိုးရှိပါတယ်။ ချက်စီနဲ့ပဲ ခွဲရရင်….
DBA- SCP92 – 1300 cc, 2WD,
CBA- NCP96 – 1300 cc, 4WD,
DBA- KSP92 – 1000 cc, 2WD.

အဲဒီထဲမှာ SCP92 ကိုပဲ လူကြိုက်များကြပါတယ်။ တချို့လည်း စျေးသက်သာပြီး အင်ဂျင်သေးတဲ့ ၁၀၀၀ စီစီ KSP92 ကို စီးကြပါတယ်။ မော်ဒယ်ခုနှစ်နဲ့ ခွဲရရင်တော့ ဒီကားလေးတွေကို ၂၀၀၅-ခုနှစ် နို၀င်ဘာလပိုင်းမှ စတင်ထုတ်လုပ်တာဖြစ်ပါတယ်။ ၂၀၀၈-ခုနှစ်၊ သြဂုတ်လပိုင်းမှာတော့ အရှေ့ရှဲပုံစံပြောင်းသွားပါတယ်။ နောက်ပြီး Side Mirror မှာလည်း မီးတန်းလေးပါသွားပါ တယ်။ ဒီတော့ ရှေ့ရှဲကိုကြည့်လိုက်တာနဲ့ အလယ်က ကန့်လန့်တန်းပါရင် မိုဒယ်နိမ့်တယ်။ ရှဲရဲ့အလယ်မှာ ကန့်လန့်တန်းမပါဘူး။ ဆန်ခါပေါက်လိုလို ပျားအုံလိုလိုမျိုးနဲ့ဆို မော်ဒယ်မြင့်ပါတယ်။ မော်ဒယ်မြင့်မှလည်း ဒိုင်ခွက်မှာ RPM (Revolutions Per Minute) ပါပါတယ်။ ကားရဲ့ဂရိတ်တွေကို ခွဲပြရရင်တော့...
(1) Business Package,
(2) X
(3) XS (2009 ထိသာ ထုတ်လုပ်ခဲ့)
(3) XL
(4) G ဆိုပြီး သုံးမျိုးရှိပါတယ်။

Business Package - Taxi Grade လို့လည်း ပြောလို့ရပါတယ်။ Side Mirror တို့၊ တံခါးလက်ကိုင်တို့က အနက်ရောင်နဲ့ပါ။ ထူးခြားတာက Power Window တောင်မပါဘူး။ တခြား ဘာ Feature မှလည်း မပါ၀င်ပါဘူး။ ( မြန်မာ အခေါ်ကတုံး )
မှန်လက်လှည့် / ဘက်မှန်က အမည်းရောင် မှန်ချိုးမပါ / မှန်ချိန်မပါ / သံဂွေ ငွေရောင် / ဘီးဖုန်းမပါ / FM AM radio

X - ဒီဂရိတ်မှာတော့ ပါဝါ၀င်းဒိုးတွေပါလာပြီ။ ဒါပေမယ့် Original အနောက် Speaker မပါပါဘူး။ Aircon ကျလည်း လှည့်ဖွင့်ရတာမျိုးပါ။ နောက်ကြည့်မှန်က ကားအရောင်အတိုင်း ဖြစ်လာမယ်/ မှန်ချိုး မှန်ချိန်ပါလာမယ် / တံခါး အတွင်းသားက Fibre ဖြစ်မယ် / CD player / keyless entry / မီးချိန် / သံဂွေ အမည်း နဲ့ ဘီးဖုံး

XS - ဆိုရင်တော့ sport type ဖြစ်သွားပြီ
RPM ဒိုင်ခွက် ၂ ထပ်ဖြစ်လာမယ် / ၁၄ လက်မ အလွိုင်း ဖြစ်မယ် / LED spoiler /Fog lamp / Side skirt တွေပါလာပါမယ်

XL - Aircon ခလုတ် Button Type နဲ့ ဖြစ်သွားပြီ။ Push Start မဖြစ်တာကလွဲရင် ကျန်တာ အကုန်နီးနီးပါ၀င်နေပါပြီ။ X grade အတိုင်းနဲ့ RPM ဒိုင်ခွက် / နောက်စပီကာ / Climate control/ နောက်ထိုင်ခုံ အလယ်လက်တင် / Split seat / ဘက်မှန်မီး

G - Belta ရဲ့ အမြင့်ဆုံးဂရိတ်ပါပဲ။ Push Start နဲ့ပါ။
- XL package မှာပါတာတွေ အကုန်ပါမယ်
- Push start / smart key
- ရှေ့/နောက် ဆိုနာ
- Alloy wheel 15 inch
- body kit
- iON purifier
- စီယာရင် Vol control
- TV with Navi and Bluetooth တို့ ပါလာပါမယ်

👉 မှတ်ချက်အနေနဲ့ကတော့...
- KSP 92 1000cc မှာတော့ X package ပဲလာပါတယ်။ XL နဲ့ G grade မရှိပါဘူး။ ပြီးတော့ 4WD model လည်းမရှိပါဘူး။
- အရောင်အနေနဲ့ကတော့ ၈ ရောင်အထိ ထုတ်ပေးထားပါတယ်။
- ၂၀၀၉ အထက် ပုံပြောင်းလေးမှာတော့
XS ကို မထုတ်တော့ပါဘူး / XL ကိုလည်း L package လို့ပဲ ခေါ်ပါတော့တယ်။
- XL / G grade တွေရဲ့ ထိုင်ခုံတွေက ပိုထူတဲ့ Bolster seat တွေ ဖြစ်သွားပါတယ်။
- နောက်တံခါး ရဲ့ ပါဝါခလုပ်တွေက လက်တင် မှာပေါင်းထားပေးပါတယ်။

မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံးMPV အမျိုးအစားဖြစ်သည့် Toyota Alphardအကြောင်းလေး နဲနဲပြောပြပေးချင်ပါတယ်။Toyota Alphar...
29/08/2021

မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး
MPV အမျိုးအစားဖြစ်သည့် Toyota Alphard
အကြောင်းလေး နဲနဲပြောပြပေးချင်ပါတယ်။

Toyota Alphard ရဲ့ Generation ထဲကမှ
မြန်မာနိုင်ငံမှာ လူစီးအများဆုံး နှင့် Grade ခွဲတွေ
အများဆုံး/တာမွေဂရိတ်အဖြစ် ဂျင်းထည့်လို့
အကောင်းဆုံးဖြစ်သော 1st gen alphard
ကိုပဲ အဓိကထားပြောပြ ပေးသွားမှာဖြစ်ပါတယ်။

Alphard ရဲ့ Nameplate များသည် 2003
Model ပတ်ကားဖြစ်သွားမှ ဘယ်ဖက်တံခါး
ဘောင်တွင် အနက်ရောင်လေးဖြင့် တွေ့ရပြီး
2003 မော်ဒယ်အောက်ကားများတွင် ဆိုလျှင်
အင်ဂျင်ခန်းထဲတွင် နီကယ်ရောင်လေးဖြင့်သာ
တွေ့ရှိနိုင်ပါတယ်ဟု ကနဥိီးပြောချင်ပါတယ်။
Alphard ရဲ့ Grade ခွဲများကို Name Plate
မှ Code များဖြင့်ခွဲခြားနိုင်ပါတယ်။

2400cc engine မှာဆိုရင်....
AS / AX / AXL edition ဆိုပြီးလာပါတယ်

AS grade ရဲ့ Chessis တွေက

ANH10W - PFPSK(2WD) ~ 7 seater
ANH15W - PFPSK(4WD) ~ 7 seater
ANH10W - PRPSK(2WD) ~ 8 seater
ANH15W - PRPSK(4WD) ~ 8 seater

AS grade က အတွင်းခန်းမီးခိုးရောင်
ကျွန်းကွက်မီးခိုးရောင် ထိုင်ခုံမီးခိုးရောင်
fog light အဝိုင်းနဲ့လာပါတယ် (ပုံ ~ ၁)

AX grade ရဲ​့ Chessis တွေက

ANH10W - PFPGK(2WD) ~ 7 seater
ANH15W - PFPGK(4WD) ~ 7 seater
ANH10W - PRPGK(2WD) ~ 8 seater
ANH15W - PRPGK(4WD) ~ 8 seater

AX-L edition ရဲ့ Chessis တွေက

ANH10W - PFPGK-L(2WD) ~ 7 seater
ANH15W - PFPGK-L(4WD) ~ 7 seater
ANH10W - PFPGK-X(2WD) ~ 8 seater
ANH15W - PFPGK-X(4WD) ~ 8 seater

AX&AXL edition grade ​ေတွဟာဆိုရင်ဖြင့် အတွင်းခန်းအဝါ၊ကျွန်းကွက်အဝါ ထိုင်ခုံအဝါ
Fog light လေးထောင့်အရှည်နဲ့လာပါတယ်
( ပုံ ~ ၂)

3000cc engine မှာဆိုရင်
MS/MX/MX-L/MZ/MZ-G ဆိုပြီးလာပါတယ်

MS grade ရဲ့ chessis တွေက

MNH10W - PFASK(2WD) ~ 7 seater
MNH15W - PFASK(4WD) ~ 7 seater
MNH10W - PRASK(2WD) ~ 8 seater
MNH15W - PRASK(4WD) ~ 8 seater

MS grade ဟာလည်း 2400cc AS grade လိုပါပဲ
အတွင်းခန်းမီးခို့း ထိုင်ခုံမီးခိုး ကျွန်းကွက်မီးခိုးနဲ့ပါ။

MX grade ရဲ့ chessis တွေက

ANH10W - PFPGK(2WD) ~ 7 seater
ANH15W - PFPGK(4WD) ~ 7 seater
ANH10W - PRPGK(2WD) ~ 8 seater
ANH15W - PRPGK(4WD) ~ 8 seater

MX-L edition grade ရဲ့ chessis တွေက

MNH10W - PFAGK-L(2WD) ~ 7 seater
MNH15W - PFAGK-L(4WD) ~ 7 seater
MNH10W - PFAGK-X(2WD) ~ 8 seater
MNH15W - PFAGK-X(4WD) ~ 8 seater

MZ grade ရဲ့ chessis တွေက

MNH10W -PFPQK(2WD)~ 7 seater
MNH15W -PFPQK(4WD)~ 7 seater
MNH10W -PRPQK(2WD)~ 8 seater
MNH15W -PRPQK(4WD)~ 8 seater

MZ-G edition ရဲ့ chessis တွေက

MNH10W - PFPQK-G(2WD) ~ G shell
MNH15W - PFPQK-G(4WD) ~ G shell
MNH10W - PFPQK-R(2WD) ~ V shell
MNH15W - PFPQK-R(4WD) ~ V shell

G shell & V shell ဘာကွာလဲ သိလျင်ရင်
နောက်ဖုံးမှာကြည့်နိုင်ပါတယ် Alphard G /
Alphard V ဆိုပြီး အရောင်းကိုယ်စားလှယ်
အပေါ်မူတည်ပြီးသာ ကဲွဲပြားချက်တခုဖြစ်ပါ၏။

1st gen Alphard မှာ hybrid grade လည်း
လာသေးပါတယ်(ဒီမှာတော့ တွေ့ရခဲပါတယ်)
သူ့ရဲ့ Chessis တွေကတော့

ATH10W - PFXGB(07S) ~ 7 seater
ATH10W - PFXGB(08S) ~ 8 seater

Hybrid grade မှာ 4wd မလာပါဘူးခင်ဗျာ။

အဲ့ဒီတော့ အားလုံကိုချုပ်ပြီးဆိုရရင်....
10W ဆိုရင် 2WD လို့ မှတ်ပြီး
15W ဆိုရင် 4WD ဟု မှတ်နိုင်တယ်။
Interior Seat တွေကိုလည်း Leather နဲ့
ရှန်မွိုင်း ဘယ်လိုခဲွဲကြမလဲဆိုရင်....
Leather Seat ဆိုရင် LA04/LA07 နဲ့လာပြီး
ရှန်မွိုင်းခုံဆိုရင်တော့ FB04/FB07 နဲ့လာပါတယ်။
(ပုံ ~ ၃ မှာ interior seat ကို ဘာနဲ့လာသလဲ
ဆိုတာခွဲဖို့ ကြည့်ရမဲ့နေရာကို ဝိုင်းပြထားပါတယ်)

နောက်ဆုံးတစ်ခုံပြောချင်တာက 1 gen Alphard
မှာ အဖြူကိုမှပဲ အောက်ပိုင်းမှာ မီးခိုးရောင်နဲ့
ပတ်ထားသော two colour ဖြင့်လာပါသေးတယ်
အဲ့လိုကားဆိုရင်တော့ အပေါ်မှာပြောထားခဲ့သလို
Nameplate မှာ 2JD နဲ့လာရမှာပေါ့။(ပုံ ~ ၄)

စာကြွင်း။ ယခုပိုစ့်သည် မသိသေးသောသူများ
ဂျင်းထည့်ခံရခြင်းမှ ကင်းဝေးရန်သာရေးပြခြင်း
ဖြစ်ပြီး သိပြီးသားသူများကျော်သွားနိုင်ပါသည်။
ဥပမာ MZ-G chessis မဟုတ်ပဲ ပါဝင်ပစ္စည်းတွေ
အားလုံး MZ-G ဖြစ်နေတာမျိုး...8 seater ကို
7 seater ပြောင်းထားတာမျိုး...Colour Code
မှာ 2JD(two tone) ထွက်ပြီး အပြင်မှာကျတော့
ကားက တစ်စီးလုံးဖြူနေတာမျိုး...စသဖြင့်ပေါ့
အဲ့လိုမျိုး တာမွေဂရိတ်များနှင့် ကင်းဝေးနိုင်ရ
အောင် တင်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျ။

# crd Original Writter

Toyota Probox /Succeed အကြောင်းစုံလေ့လာမယ်!Probox********First generation လို့ ခေါ်တဲ့ ပရိုဘောက်ကို ၂၀၀၂မှာစတင်ထုတ်လုပ်ခ...
29/08/2021

Toyota Probox /Succeed အကြောင်းစုံလေ့လာမယ်!

Probox
********
First generation လို့ ခေါ်တဲ့ ပရိုဘောက်ကို ၂၀၀၂
မှာစတင်ထုတ်လုပ်ခဲ့ပါတယ်။ Commercial compact car အမျိုးအစား တံခါး ၅ ပေါက် နဲ့ ရှေ့ယက် သို့ 4WD နှစ်မျိုးထုတ်ပါတယ်။
အင်ဂျင်ကတော့ ၂ မျိုးထုတ်ပါတယ် 1.3 L နဲ့ 1.5 L တွေပါ။
1.3 L 2NZ-FE I4
1.5 L 1NZ-FE I4 တွေတပ်ဆင်ထုတ်လုပ်ပါတယ်။
1.3 L အင်ဂျင်တပ် ပရိုဘောက်မှာ chassis အနေနဲ့ UA-NCP50 လို့ ထွက်ပြီး 1.5 L အင်ဂျင်တပ်ရင်တော့ UA-NCP58G / NCP55 / NCP51လို့ ထွက်ပါတယ် ( 4WD ဆိုရင် NCP59G )။
ဘာဂရိတ်မှ မဖေါ်ပြတဲ့ ကတုံး ဆိုရင်တော့ NCP50 နဲ့ ထွက်လေ့ရှိပြီး မှန်လက်လှည့်/ မှန်ချိုး မပါ/ ဘက်မှန်အသေး နဲ့ လာလေ့ရှိပါတယ်( DX လို့လည်းတပ်တတ်ပါတယ်)။
DX grade အမှန်အကန် ဆိုရင်တော့ ဒရိုင်ဘာ မှန်တစ်ပေါက် ပါဝါ ဖြစ်သွားမယ်, မှန်ချိန် ပါလာမယ်, ဘက်မှန်အကြီး ဖြစ်လာမယ်, radio FM ပါပါတယ်။
GL grade ကတော့ ရှေ့တံခါး ၂ ပေါက် ပါဝါ ဖြစ်သွားမယ်, မှန်ချိုး မှန်ခေါက် ခလုပ်လေး ပါလာမယ်, နောက်wiper ပါလာမယ်, ကျန်တာကတော့ DX နဲ့ အားလုံးတူပါတယ်။
F grade မှာတော့ 1.3 အနေနဲ့ မလာတော့ပဲ ၁.၅ သာလာတာတွေ့ရပါတယ်။ မန်နူရယ် ဂီယာ ၅ ချက်နဲ့လည်း ထုတ်သလို ကတုံးလည်း ထွက်ပါတယ်။ မှန်းရအခက်ဆုံး ဂရိတ် လို့တောင် ပြေ ာချင်ပါတယ်။
F extra package မှာတော့ GL နဲ့ ဆင်တူ ပါတယ် ထူးခြားတာကတော့ နောက်ထိုင်ခုံ ခေါင်းမှီ ပါလာတာပါ။ F extra မှာ တံခါး ၄ ပေါက် ပါဝါနဲ့လည်း လာပါတယ်။
Succeed
************
Succeed မှာတော့ Probox ကို အဆင့်မြှင့်ထားတဲ့ လူစီး wagon အမျိုးအစား ဖြစ်သွားပါပြီ။ နောက်ဖုံးတံခါး , ရှေ့မီးခွက် , နောက်မီးခွက် နဲ့ အတွင်းထိုင်ခုံတွေ မတူပါဘူး။
UL, ULX , TX, TXG ဆိုပြီး ဂရိတ် ၄ မျိုးလောက်တွေ့ရလေ့ရှိပြီး chassis ကတော့ Probox နဲ့ သွားတူနေပါတယ်။ Succeed မှာကတော့ အင်ဂျင်ပါဝါ 1.5L 1NZ-FE I4 ဟာ standard ပါပဲ( တခြား အင်ဂျင်မတပ်ပါ)။
UL ဂရိတ်မှာ က အကွဲ ၂ မျိုးလောက်တွေ့ရပါတယ်။ ရှေ့ပါဝါ ၂ ပေါက် , မှန်ချိန် နဲ့ လာသလို , လက်လှည့်နဲ့လည်း လာပါတယ်။
ULX ကတော့ ရှေ့ပါဝါ ၂ ပေါက် သို့ ၄ ပေါက် ပါပြီး ကျန်တာကတော့ အားလုံး နီးပါးပါဝင်ပါတယ်။
TX grade ကတော့ ပါဝါ ၂ ပေါက် နဲ့ ထူးခြားချက် အဖြစ် မှန်ချိုး မပါဝင်ပါဘူး။
TXG ကတော့ အစုံဆုံး ဂရိတ်လို့သာ သတ်မှတ်ရမှာပါ။ ပါဝါ ၂ ပေါက် / ၄ ပေါက် , မှန်ချိုး, မှန်ချိန်, Alloy , back mirror heater စသဖြင့် တော်တော်စုံပါတယ်။
Succeed တိုင်း ရဲ့ ထူးခြားချက် အနေနဲ့ကတော့ နောက်တုတ် ဂရိတ်တိုင်းမှာပါသလို / ပါဝါ တစ်ပေါက် မရှိပါဘူး ( လက်လှည့် သို့ ၂ ပေါက် သို့ ၄ ပေါက်)။
Succeed မှာ ဒီဇယ် အင်ဂျင်တပ် အမျိုးအစားလည်းထုတ်ပါတယ်, 1.4L 1ND-TV I4 D4-D ဒီဇယ်အင်ဂျင်ကို မန်နူရယ် ဂီယာ ၅ ချက်နဲ့ တွဲလာပါတယ်။
Probox ရဲ့ ဆီစားနှုန်း ကလည်း သက်သာလှပါတယ်။ ယနေ့ ရန်ကုန်မြို့လို့ ယာဉ်ကြောကျပ်တည်းတဲ့ နေရာမှာ Probox ရဲ့ ဆီစားနှုန်းဟာ တခြားသော ကားအမျိုးအစားတွေထက် သာလွန် သက်သာနေပါတယ်။ အောက်မှာ ပျှမ်းမျှ ဆီစားနှုန်းလေးတွေ ယှဉ်ပြထားပါတယ်,
Probox 41.8 mpg
ADvan 39.9 mpg
Passo 44.8 mpg
Note 48.8 mpg
Fielder 42.8 mpg
Fit GD1 51.4 mpg
Fit GE6 52.3 mpg
Fit GP1 64.0 mpg ( hybrid)
Insight 64.2 mpg ( hybrid)
2014 July မှာတော့ ပုံပြောင်း Probox နဲ့ Succeed ကို စတင်ရောင်းချခဲ့ပါတယ်။ လက်ရှိ ဂျပန်မှာ ရောင်းချနေတဲ့ မော်ဒယ် ဖြစ်ပါတယ်။ F, GL, DX comfort , DX ဆိုပြီးရောင်းချလျှက်ရှိပါတယ်, chassis အနေနဲ့ကတော့ NCP50 / 51/55/58/59 စသဖြင့် သုံးစွဲနေပါသေးတယ်။
F grade မှာ ကတော့ ပါဝါ ၄ ပေါက် , နောက်ထိုင်ခုံ ခေါင်းမှီ, စီယာရင် logo နီကယ်, ဘီးဖုံး , တံခါးလက်ကိုင် ကားအရောင်တူ, ဘက်မှန် ကားအရောင်တူ, မှန်မည်း, remote key နဲ့ audio-less cover တွေ ပါဝင်မှာပါ။
GL မှာတော့ ဘီးဖုံး မပါတော့ပါဘူး, ပါဝါ ရှေ့တံခါး ၂ ပေါက်ပဲ ပါမယ်, FM radio ပါလာမယ်, နောက်ခေါင်းမှီမပါတော့ဘူး, စီယာရင် logo ကတော့ နီကယ် မပါတော့ပါဘူး။ ကျန်တာ အားလုံးကတော့ F grade အတိုင်းပါပဲ။
DX comfort မှာတော့ သံဂွေဘီးဖုံးမပါ, လက်ကိုင် နဲ့ နောက်တံခါး လက်ကိုင်, စီယာရင် လိုဂို အားလုံး အမည်းရောင် , ဘက်မှန် အမည်းရောင် ( အသေး) ဖြစ်သွားပြီး GL နဲ့ ကျန်တာ အားလုံးတူပါတယ်။
DX ကတော့ အနိမ့်ဆုံး ဂရိတ် ပါဝါ တစ်ပေါက် , ရိုးရိုးကီး , နဲ့ မှန်ချိုး မပါတော့ပါဘူး။
Dashboard မှာ slide table, ABS , driver cup holder စတာတွေကတော့ ကားအားလုံးမှာပါဝင်ပါတယ်။
1.3L နဲ့ 1.5L အင်ဂျင် ၂ မျိုး ကို super CVT-i transmission တပ်ဆင်ထုတ်လုပ်ပါတယ်။
1.5L အင်ဂျင်မှာသာ 4WD model ကိုရနိုင်ပါတယ်။
ဆီစားနှုန်းကတော့
F & GL ( 1.5L, 2WD) - 18.2 km/L
F & GL ( 1.5L,4WD) - 15.8 km/L
DX ( 1.3L, 2WD) - 17.6 km/L
အသီးသီးရှိတယ်လို့ တိုယိုတာ ဂျပန် မှာ ပြေ ာထားပါတယ်။
Succeed အနေနဲ့ ထူးခြားသွားတာကတော့ ပုံပြောင်းချိန်မှာ လုံးဝ ပုံစံတူသွားတာပါပဲ။
ဂရိတ်လည်း ၄ မျိုး အတူတူ ထွက်ပါတယ် TX, UL-X, UL နဲ့ U ပါ။
U = DX , UL= DX comfort, UL-X=GL, TX= F လို့ သတ်မှတ်လို့ ရပါတယ်။ တစ်ခုပါပဲ Succeed မှာ 1.5 L အင်ဂျင်နဲ့သာ ထုတ်ပါတယ်။
အရောင်အနေနဲ့ ၆ ရောင်ထိ ရရှိနိုင်ပြီး
အဖြူ 058, အနက် 209, အစိမ်းနု 6U6 , ငွေမှင် 1E7, ဇီး 3R9 နဲ့ နက်ပြာ 8P4 တို့ ဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ မြန်မာတွေ သိပ်ခိုင်းကောင်းတယ်ဆိုတဲ့ ပရိုဘောက်အကြောင်း အနည်းငယ်သိရှိပြီလို့ ယူဆမိပါတယ်။
#ဗဟုသုတ ဖြစ်စေဖို့ ရည်ရွယ်ပါတယ်

Cars Knowledge Sharing (K.H.L)

Address

No, 5 (A4) , Third Floor , U Tun Linn Chan Street, Kamayut , Yangon
Kamayut
11041

Alerts

Be the first to know and let us send you an email when ရွှေကျား အမှတ်တံဆိပ် နေကြာဆီ မြေပဲဆီသန့် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရွှေကျား အမှတ်တံဆိပ် နေကြာဆီ မြေပဲဆီသန့်:

Share