COLD PLAY Air-Con Service

COLD PLAY  Air-Con Service Appliance Repair Service

14/01/2024

အေးပါကွာ…
ခွေးကိုက်ခံနေရတာနဲ့
ကိုယ့်ရဲ့ သက်မွေးမှုလုပ်ငန်းနဲ့ ကင်းကွာခဲ့ရတာ ၂ နှစ်ပြည့်ပြီလေ…
😔

Honda Fit A/C Evaporator Leakage,
14/02/2022

Honda Fit
A/C Evaporator Leakage,

အသားထားဖို့ အအေးခန်းကို ကားရဲ့ Box မှာ ရိုးရိုးအိမ်သုံး အဲကွန်း ၂ လုံးတပ်ပြီး စမ်းကြည့်တာ။A/C ၂ လုံးကို ချိန်းအိုဗာ နဲ...
03/01/2022

အသားထားဖို့ အအေးခန်းကို ကားရဲ့ Box မှာ ရိုးရိုးအိမ်သုံး အဲကွန်း ၂ လုံးတပ်ပြီး စမ်းကြည့်တာ။
A/C ၂ လုံးကို ချိန်းအိုဗာ နဲ့ အလှည့်ကျချိန်းမောင်းပြီး …
သူ့မှာပါတဲ့ Thermostat က အနိမ့်ဆုံး ၁၆ ထိထားမောင်းတာတောင် မောင်းချိန် ၁ မိနစ်မှာပဲ ဖြတ်သွားတော့တာ။
(အခန်းအပူချိန် 7 ဒီဂရီ မှာဖြတ်တာ …)
ကိုယ်လိုချင်တာက - 5 လောက်ထိဆိုတော့…
သူ့ Sensor တွေကိုကျော်ပြီး -40 လောက်အထိ ချ လို့ရတဲ့ Controller တစ်လုံးကြားခံပြီး သူ့ကို Relay တစ်ခုနဲ့ မောင်းတာပေါ့။

Outdoor ရဲ့ ပိုက်တွေမှာ Frost တွေလိုက်လာပေမယ့်…
အအေးကွိုင်ကြီး ခဲ ပြီး လေ ပိတ်လောက်အောင်အထိတော့ မဖြစ်အောင် Controller setting ကို -5 ~ +5 Celsius မှာ ချိန်ပေးလိုက်တော့…
မောင်းချိန် ၁ နာရီ အကြာမှာ -5 ရောက်ပြီး စက်ကနားသွားပြီး +5 တက်လာတာနဲ့ Auto ပြန် Run ပါပြီ။
ဒီနားတဲ့ အချိန်မှာ A/C ၂ လုံးကို ချိန်းအိုဗာကနေ အလှည့်ကျပြောင်းမောင်းမယ်ဆိုလည်းရတာပေါ့။
တကယ်တော့ တစ်လုံးထဲတပ်လည်းရပါတယ်။
အရန်တစ်လုံးက တစ်ခု ခု ဖြစ်ရင် ပြင်ဖို့ဆိုပြီး တပ်ထားတာပါ။

Super Custom A/C Evaporator coil replacement,ကာစတန် အအေးကွိုင် နဲ့ V-46 Pajero အအေးကွိုင် တို့ဟာ အတူ တူပါပဲ။1996,7 ဝန်းက...
18/12/2021

Super Custom
A/C Evaporator coil replacement,

ကာစတန် အအေးကွိုင် နဲ့ V-46 Pajero အအေးကွိုင် တို့ဟာ အတူ တူပါပဲ။

1996,7 ဝန်းကျင်Model တွေဆိုတော့ …
သတ္ထုဂျိုးကပ်ပြီး ဆွေးပြီပေါ့။

အသစ်လဲပစ်မှပဲ စိတ်ချရပါမယ်။

Ertiga Compressor
23/11/2021

Ertiga Compressor

SUPER CUSTOMRear Evaporator Core Leak Repair & 17C COMPRESSOR REPLACEMENT.
10/09/2021

SUPER CUSTOM
Rear Evaporator Core Leak Repair & 17C COMPRESSOR REPLACEMENT.

17C/A Compressor For 1KZ Engine( SURF, PRADO , SUPER CUSTOM)Made By MALAYSIA
10/09/2021

17C/A Compressor
For 1KZ Engine( SURF, PRADO , SUPER CUSTOM)
Made By MALAYSIA

LAND CRUISER V8 (2014)A/C Condenser Core Replace &Overall Leakage Repair.
06/09/2021

LAND CRUISER V8 (2014)
A/C Condenser Core Replace &
Overall Leakage Repair.

Wrangler Jeep (Japan)Dashboard Removal, A/C Evaporator Core Replacement.
10/08/2021

Wrangler Jeep (Japan)
Dashboard Removal, A/C Evaporator Core Replacement.

November 2020 မှစ၍ ကိုဗစ်ကြောင့် ရပ်လိုက် ၊ နားလိုက်နဲ့ အလုပ်က 2021 February ကျ ကိုဗစ်လေးအေးလို့ အလုပ်လေးပြန်စမယ်ဆိုကာမှ...
27/05/2021

November 2020 မှစ၍ ကိုဗစ်ကြောင့် ရပ်လိုက် ၊ နားလိုက်နဲ့ အလုပ်က 2021 February ကျ ကိုဗစ်လေးအေးလို့ အလုပ်လေးပြန်စမယ်ဆိုကာမှ…

ငဗစ်ထက်ဆိုးတဲ့ ငစစ် 😡 ကရောက်လာပြန်လို့…
တတိယမ္ပိ ငုတ်တုပ်ပိတ်ထားလိုက်ရပြန်ပါ့။

အခု May နှောင်းပိုင်းမှာတော့ ပူလွန်းတဲ့ ရာသီကြောင့် ကိုယ့် Customer များရဲ့ လိုအပ်ချက်အရရော…
ကိုယ့်ရဲ့ ကြွေးမှီတွေရဲ့ သဘောကြောင့်ရော…
နေ့တစ်ပိုင်းဆိုင်ပြန်ဖွင့်ထားပါပြီ။
😔

23/10/2020

ဆိုင်မဖွင့်ခင် မနက်စောစော အဲကွန်းပျက်လို့ဆိုပြီးလာပြင်သောကား (မနေ့က senior ချိတ်သွားတာ)
ဘာမှ မဘာခင် ခေါင်းခန်းထဲဝင် ခလုတ်တွေအရင်ဖွင့်စစ်ကြည့်တော့ …
Thermostatic ကို အဆုံးချထားတာ တွေ့ရော။
(ယုဒ္ဓယထုတ် Vigo တွေမှာ A/C Push သပ်သပ်မပါဘူးရယ်၊ Thermostatic အပြာရောင်လိုင်းနဲ့ အဝိုင်းလှည့်စရာပဲပါတာ)
အ့ကောင်ကို အဆုံးချ Off လိုက်ရင် A/C ပိတ်တာပါပဲ။

ဆိုတော့ သူ့ကို လိုသလောက်အအေးရအောင်ချိန်ပြပေးလိုက်ရုံကလွဲ ဘာမှမလိုတော့ဘူးလေ။

ကောင်းနေတာကို…
ပြီးရော တစ်စီး။

ခဏနေတော့ နောက်တစ်စီး
Workshop ဆရာညီငယ်လေးတစ်ယောက်က ဖုန်းအရင်ဆက်ချိတ်ပြီး လွှတ်ပေးလိုက်လို့ရောက်လာတာ…
"ဆြာသူက အချိန်မရလို့ မွာသွားရမှာ…
အ့ဟာ အအေးနည်းလို့ Gas ဖြည့်ချင်တယ်ပြောနေတာ…"
"အေးကွာ…"
"သူရို့ကတော့ အဲကွန်းမအေးရင် အ့လိုကြီးပဲပြောကြတာပဲ”
"လွှတ်ကြည့်လိုက်ပေါ့ ၊ စစ်ပေးလိုက်မယ်"
ဆိုပြီးသကာလ

ရောက်လာတော့…
ထုံးစံအတိုင်း ( စက်ဖုံးအရင်မဖွင့်ဘူးနော် ၊ အ့လိုလုပ်တာ လူတော့ မရှိန်ဘူးပေါ့😎)
အထဲဝင်ထိုင်ပြီး အခြေအနေ အကဲခတ်ကြည့်တော့…
ဒီဆြာကားကလည်း ထိုနည်းနှင်နှင်ပဲ။
A/C ခလုတ်ကို ပိတ်ထားတာ။
သူ့ကျ Nissan Wingroad ပုံမှန်ကားတွေလိုပါပဲ A/C Push button ကြီး ပြူးနေအောင်မြင်ရပါတယ်။

အ့ဟာကို ဖိမဖွင့်ပဲ Fan ပဲ ဖွင့်ထားတော့ အဲကွန်းက ဘယ်အေးတော့မလဲလေ။

ကဲ…
အ့နဲ့ စက်ဖုံးမဖွင့်လိုက်ရပဲ မနက်စောစောမှာ ကျပ်ကျပ်မှ မရပဲ ကား၂ စီး စစ်ဆေးပြီးရော။

😁😎

ပြောချင်တာက အခုမှရောက်မှာ…

A/C မအေးဘူးဆို …
စစ်ဆေးစရာတွေအများကြီးပါ။
ဒါကိုမှ ထစ်ခနဲ့ရှိ ကြားဖူးနားဝနဲ့ Gas ဖြည့်ရမာ … ဂဖြည့်ပေးပါကြီးပဲ လာမလုပ်ကြပါနဲ့။

"လိုအပ်တာစစ်ကြည့်ပေးပါ…"

ဒါပဲပြောပေးကြပါခင်ဗျာ…

ကိုယ်က ရှေ့ကနေ ဂစ်ဖြည့်ပေးပါသွားလုပ်နေတော့ မသမာတဲ့သူနဲ့တွေ့ရင် ကားပိုင်ပြောသမျှ ဟုတ်ကဲ့ ဟုတ်ကဲ့ လိုက်ပြီး …
Gas ဖြည့်တာ မဖြည့်တာ အသာထား Pressure gauge ချိတ် ၊ Gas အိုးနဲ့ချိတ်ဟန်ရေးပြပြီး

(မရိုသေ့စကား) ဆြာတို့ကို ဖျင်ချသွားမှာပါ။

ဒါမျိုးကို လူတိုင်းမလုပ်သော်လည်း လုပ်သူတွေလည်းရှိတော့…
အချို့အုန်နာတွေကလည်း အဟုတ်ထင်ပြီး ငါပြောသလိုလုပ်လို့ အေးသွားတာဆိုပြီး ကိုယ်ဖျင်ချခံလိုက်ရတာကို မသိပဲ ကျေနပ်နေကြတော့…
အ့၂ဦးက အတူ တူပါပဲ။

ဆိုတော့ကာ…
သိသလိုလို တတ်သလိုလိုနဲ့ ဒီအလုပ်နဲ့ သက်မွေးဝမ်းကျောင်းနေသူတွေရှေ့မှာ (ဘယ်နေရာဖြစ်ဖြစ်)ဘာလုပ်ပေးပါ ညာလုပ်ပေးပါ အရင် သွားမပြောကြပါနဲ့။
ကိုယ်တကယ် သိ တတ်နေတောင် မပြောသင့်ပါဘူး။
(သူဘာလုပ်လဲ ပိုပြီးတောင် အကဲခတ်လို့ကောင်းသေး)
ကိုယ်သိလည်း စစ်ကြည့်ပေးပါပေါ့။

ဒီကနေမှ ပြုပြင်သူရဲ့ စစ်ဆေးတွေ့ရှိချက်အပေါ် ကိုယ်သိထားတာနဲ့ ချိန်ထိုးကြည့်ပေါ့။
အမှာ ဘတ်ကီး ဆြာလား ?
အမှန်အကန် ဆြာလား? ပေါ်လာမှာပဲလေ။

တစ်ခုရှိတာက လူတိုင်းအပေါ် သံသယစိတ်များသူတွေကလည်း ဆိုင်တစ်ဆိုင်ဝင်လိုက်ရင် ငါ့ ဘတ် မလားမသိဘူးဆိုတဲ့ စိတ်အစွဲ အခံရှိနေတတ်ကြပြီး
ထိုအခါမှာလည်း ရှေ့ကနေ ငါ သိပါတယ်ဆိုတဲ့ အချိုးနဲ့ "ဟေ့ အဲကွန်းမအေးဘူး‌ကွ၊ Gas ဖြည့်ပေးစမ်း"
ဒါမျိုးသွားလုပ်ပြန်ရော…

အ့မှာ အထက်က ဆြာနဲ့ဆို တွေ့ကြပြီပေါ့။

ဆိုတော့ကာ…
"လူတိုင်းကိုလည်း သံသယနဲ့ မကြည့်ပါနဲ့…"
"ကိုယ်ကိုတိုင်လည်း သိသလို လို နဲ့ မ အ ကြပါတော့နဲ့ …"
လို့သာ…

ဟုတ်ကဲ့…
ဘတ် ငွေ တွေ နှင့် ကျွန်တော် မရပ်တည်/ လက်မခံပါဗျာ…🙏🙏🙏

A/C မအေးရတဲ့အကြောင်းတွေထဲမှာ…ရေတိုင်ကီထဲက ရေမကောင်းတာကြောင့်လည်း ဖြစ်တတ်ပါတယ်။Coolant ကို ရေရောသုံးတဲ့ကားတွေအဖြစ်များပါတ...
17/09/2020

A/C မအေးရတဲ့အကြောင်းတွေထဲမှာ…
ရေတိုင်ကီထဲက ရေမကောင်းတာကြောင့်လည်း ဖြစ်တတ်ပါတယ်။

Coolant ကို ရေရောသုံးတဲ့ကားတွေအဖြစ်များပါတယ်။
Engine Heat က လိုအပ်တာထက်ပိုပူနေတဲ့အခါ A/C pipe joint က O`Rings (oil seal) လေးတွေက အပူမခံနိုင်တော့ပဲ မကြာခဏ Leak ဖြစ်ပြီး ဓာတ်ငွေ့တွေစိမ့်ထွက်လို့ အအေးပေါ့သွားတတ်ပါတယ်။
အင်ဂျင်ဟိကိုပြပေးတဲ့ ရေမီတာမှာတော့ သိသိသာသာ တက်လာတာမျိုးတော့ မပြတတ်လို့ ယာဉ်မောင်းက ဒါကို သတိမထားမိကြပါဘူး။
Auto Transmission မှာ Heat က မီတာ အမှတ် တစ်ဝက်အောက်လျော့လျော့လေးမှ အမြဲရှိနေကျပါ။

ဆိုခဲ့သလို Coolant ကိုရေရောသုံးရင် မသိမသာလေးတော့ မီတာပိုတက်ပါတယ်။

သိသိသာသာသိချင်ရင်တော့ ဘယ်ခရီး ဘယ်နေရာပဲ သွားသွား ရပ်နားတဲ့အခါ စက်မရပ်သေးပဲ အင်ဂျင်အဖုံးဘေးဘောင်နားတလျောက် လက်နဲ့ ခပ်ဆဆလေး ( ပူမှာစိုးလို့) စမ်းကြည့်ပါ။
လက်က မခံနိုင်လောက်အောင် အပူများနေပြီဆိုလျင်တော့…
ဒီကား A/C ပိုင်း မကြာခဏ ဒုက္ခပေးဖို့ 90% သေချာပါသဗျာ။

ဆိုတော့ မိမိတို့ရဲ့ ကားရေတိုင်ကီကို အမြဲ စစ်ဆေးလို့ Coolant ရေကောင်းကောင်းလေးသုံးဖို့ကို မနှမျောကြပါနဲ့လို့သာ …

Address

၄/၁၈ သခင်ကိုယ်တော်မှိုင်းလမ်း၊တပ်ဦးသီတာရပ်ကွက်၊ကလေးမြို့။
Kalemyo

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

09444020631

Website

Alerts

Be the first to know and let us send you an email when COLD PLAY Air-Con Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to COLD PLAY Air-Con Service:

Share