မော်တော်ကားနည်းပညာဖလှည်ရာ

  • Home
  • Myanmar
  • Insein
  • မော်တော်ကားနည်းပညာဖလှည်ရာ

မော်တော်ကားနည်းပညာဖလှည်ရာ နည်းပညာလေ့လာလိုသော မောင်မယ်များကိရ

25/04/2022

ကားဘရိတ်စနစ်မှာ ဖြစ်တတ်တဲ့ ပြဿနာ ၁၀ ချက်
============================

ယာဉ်မောင်းသူတွေအနေနဲ့ မိမိကားရဲ့ ဘရိတ်စနစ်မှာ ဖြစ်တတ်တဲ့ ပြဿနာတွေကို သိရှိထားဖို့ ဖြစ်ပါတယ်။

(၁) ဘရိတ်နင်းတဲ့အခါ တစ်ဖက်ဆွဲသွားတာ – ကားကို တစ်နာရီ ၂၀ မိုင်နှုန်း အထက် မောင်းနှင်ရင်း ရပ်တန့်ဖို့ ဘရိတ်နင်းလိုက်တဲ့အခါ ကားဘီးတွေက အခြား ဦးတည်ရာဘက်ကို ဆွဲသွားတာမျိုးပါ။ ဘရိတ်ရဲ့ သက်ရောက်မှုက ကားကို ဆန့်ကျင်ဘက် အရပ်ဆီ ဆွဲသွားစေတာ ဖြစ်တယ်။ အဲဒါ က ဘရိတ်ရဲ့ ဟိုက်ဒရောလစ်စနစ်မှာ ပြဿနာရှိနေပြီဆိုတာ သတိပေးလိုက်တာပါ။

(၂)ဘရိတ်လိုင်းတွေရဲ့ ပြဿနာ – ရပ်တန့်နိုင်ဖို့အတွက် ဘရိတ်ကို ပြင်း ပြင်းထန်ထန်ဖိနင်းနေရပြီဆိုရင် ဘရိတ် လိုင်း (brake lines)တွေ ပိတ်ဆို့နေတာ ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘရိတ် လိုင်းတွေကို စစ်ဆေးပြီး ပျက်စီးတာ၊ ကျိုး ပဲ့တာတွေကို ချက်ချင်းအသစ်လဲလှယ်ရပါမယ်။

(၃)ပါကင်ဘရိတ်ပြဿနာ – ပါကင်ဘရိတ်ကို လက်နဲ့ ဆွဲပေမဲ့ ယာဉ်က ရပ်တန့်မသွားဘဲ လိမ့်နေမယ်ဆို ရင် ပါကင်ဘရိတ်ချို့ယွင်းနေတာပါ။ ဘ ရိတ်စနစ်ရဲ့ ချိတ်ဆက်ထားတဲ့ကြိုး (cable) ပြတ်တောက်သွားတာ ဒါမှမဟုတ် ဒရမ်(drum)၊ ဒစ် (disk) ဘရိတ်စနစ်တွေက မှန်မှန်ကန်ကန် အလုပ်မလုပ်တာဖြစ်တယ်။

နောက်တစ်ချက်က မာစတာဆလင် ဒါ (master cylinder) ဘရိတ်စနစ်နဲ့ ချိတ်ဆက်မှု အပိုင်းတွေမှာ ပြဿနာ ရှိနေ တာပါ။ မာစတာ ဆလင်ဒါက ဘရိတ်စနစ် နဲ့ ဟိုက်ဒရောလစ် အ ရည် ဖိ အား ကို ထောက်ပံ့ပေးပါတယ်။ ဘရိတ်ရှူး၊ ပက်ဒ် (pads)၊ ဒရမ်နဲ့ ရော့တာ (rotors) စတဲ့ အ စိတ်အပိုင်းတွေကို မာစတာဆလင်ဒါနဲ့ စနစ်တစ်ခု အနေနဲ့ ချိတ်ဆက်လှုပ်ရှားစေ ပါတယ်။ ဘရိတ်စနစ်အတွင်းမှာ လည်ပတ် နေတဲ့ ဘရိတ်ဆီအနေအထားကိုလည်း စစ်ဆေးဖို့ လိုပါတယ်။ အထူးသဖြင့် မာစတာ ဆလင်ဒါရဲ့ ပတ်လည်ဧရိယာဝန်းကျင်မှာ ဘရိတ်ဆီယိုစိမ့်မှု ရှိမရှိ စစ်ဆေးရ ပါမယ်။ ယိုစိမ့်မှုတွေက ဘရိတ်ဆီ ထိန်းသိမ်းတဲ့ စနစ်ချွတ်ယွင်းတာ၊ ဆီလ် (seals) တွေ ပျက်စီးတာကြောင့်ပါ။ အဲဒါက မာစတာဆလင်ဒါရဲ့ ပံ့ပိုးပေးတဲ့ ဖိအားကို လျော့ကျစေတာကြောင့် ဘရိတ်စနစ်ကို အကျိုးရှိရှိ အသုံးမပြုနိုင်တာပါ။

(၄)ဘရိတ်ပက်ဒ်ပြဿနာ – ဘရိတ်နင်းလိုက်တဲ့အခါ တကျွီကျွီ မြည်သံကြားရရင်တော့ ကားရဲ့ ဘရိတ်ပက်ဒ် (brake pads) အသစ်လဲဖို့ လိုအပ် နေတာပါ။ ဘရိတ်နင်းတဲ့အခါ တုန်ခါတာ ကလည်း ဘရိတ်ပက်ဒ်ချို့ယွင်းလို့ပါပဲ။

(၅) ဘရိတ်အသုံးပြုတဲ့အခါ အသံမြည်တာ – မောင်းနှင်ရင်း ဘရိတ်ကို နင်းလိုက်တဲ့ အခါ ပုံမှန်အတိုင်း ရပ်တန့်တာမျိုး ရှိမရှိ ဂရုပြုစစ်ဆေးတာမျိုး ပြုလုပ်သင့်ပါတယ်။ အဲသည်အချိန်မှာ ဘရိတ်စနစ်တွေဆီက ပြင်းထန်တဲ့ တဂျစ်ဂျစ် မြည်သံ ဒါမှမဟုတ် တကျွီကျွီမြည်သံတွေ ကြားရရင်တော့ ဘရိတ်စနစ်မှာ ပြဿနာ ရှိနေပြီဆိုတာ ညွှန်ပြနေတာပါ။

(၆) ဘရိတ်ဆီ လျော့နည်းတာ – ဘရိတ်ကို ပုံမှန်ဖိနင်းလိုက်တဲ့ အခါ ပစ္စတင် (piston) ရဲ့ တွန်းအားနဲ့ ရော့ တာ (rotor)ကို တစ်ဖန်ပုံမှန်လှုပ်ရှားနိုင်ဖို့ ဘရိတ်ဆီကို ပိုမိုဆွဲယူရပါတယ်။ ဘရိတ် ဆီ လိုအပ်တာထက် လျော့နည်းနေတာက ဘရိတ်စနစ်မှာ ပြဿနာ တစ်ခုပါပဲ။ ဘ ရိတ်ဆီက သတ်မှတ်တဲ့ ပမာဏပြည့်မီဖို့ လိုအပ်သလို သတ်မှတ်တဲ့ အရည်အသွေး ပြည့်ဝဖို့လည်း လိုအပ်တယ်။

(၇) Brake power boost unit ပြဿနာ – ကားရဲ့ brake power boost unit ချွတ်ယွင်းတာကလည်း ဘရိတ်ကို ပုံမှန် ထက် ပိုပြီး ဖိနင်းရပါတယ်။ ဒါကြောင့် ဘရိတ်ကို ပုံမှန်ထက်ဖိနင်းရတဲ့ ပြဿနာ က brake power boost unit ကို စစ်ဆေးဖို့လည်း လိုအပ်တယ်။

(၈) ဘရိတ်ဆီတွေ ညစ်ညမ်းလို့ – ဘရိတ်ကို ပုံမှန်ထက် ဖိနင်းနေရပြီဆို ရင် ဘရိတ်ဆီ ညစ်ညမ်းတာများလာတာ ကြောင့်လည်း ဖြစ်နိုင်တယ်။

(၉) Vacuum System ပြဿနာ – Vacuum System မှာ ပြဿနာ ရှိနေ ရင်လည်း ဘရိတ်စနစ်ချွတ်ယွင်းပါတယ်။ အဲဒါကြောင့် ရပ်တန့်တဲ့အခါ ဘရိတ်ကို ပြင်းပြင်းထန်ထန် ဖိနင်းရပါတယ်။

(၁၀) ကားရဲ့ ဘရိတ်ဒစ်ချွတ်ယွင်းတာ – ဘရိတ်ကို အသုံးပြုတဲ့အခါ တစ်ဖက် ဆွဲသွားတာ၊ တုန်ခါတာတွေက ဘရိတ်ဒစ် (brake discs) ချွတ်ယွင်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒစ်ဘရိတ်တွေကို စစ်ဆေးပြီး တစ်ခုဖြစ်စေ၊ အားလုံးဖြစ်စေ ပျက်စီးမှုအလိုက် အသစ် လဲလှယ်ရပါမယ်။

မူရင်းရေးသားသူအားလေးစားအပ်ပါသည်

15/04/2022
06/04/2022
02/04/2022
10/03/2022
15/02/2022
23/01/2022

ခရီးသွားများ သတိထားဖို့ပါ… ၃၆၆ မိုင် ၃ ဖာလုံ ( သို့မဟုတ်) ရန်ကုန် မန္တလေးအမြန်လမ်း

ခရီးသွားများ သတိထားဖို့ပါ… ၃၆၆ မိုင် ၃ ဖာလုံ ( သို့မဟုတ်) ရန်ကုန် မန္တလေးအမြန်လမ်း

မိတ်ဆွေတွေအတွက် သိနေပြီးသား ဖြစ်နိုင်ပေမဲ့ တနှစ်တစ်ခေါက်လောက် ရုံးပိတ်ရက် အလည်သွားမဲ့ မိတ်ဆွေတွေ မသိတဲ့ နေရာလေးတွေရှိခဲ့ရင် အသုံးဝင်ခဲ့ရင် လက်ညောင်းရကျိုးနပ်ပါပြီ။

ဒီမိုင်တိုင် ( ၃၆၆/ ၃ မိုင် )အတွင်းမှာ နေရာတွေ အများကြီးပါ ။

ဒီထဲက ကျနော် မှတ်သားထားတာလေးတွေ ခေါင်းစဉ်တစ်ခုဆီအောက်မှာ ဖေါ်ပြပေးထားပါသည် ။

၁။ အကွေ့
အမြန်လမ်းမှာ အရေးအကြီးဆုံးပါ ကိုယ့်အရှိန်ကို မထိန်းနိုင်ပဲ အိပ်မငိုက်ပဲနဲ့ မှောက်တာ အကွေ့တွေမှာပါ ။
•၄၆ မိုင်
•၁၀၅ မိုင်( ရွှေလီဦး ၁၇ယောက်သေ)
•၁၇၃ သာဂရအကွေ့
•၁၉၇ (ရာဇာမင်း ၉ယောက်သေ)
•၂၂၂
•၂၂၇ ကွေ့ဆင်း
••၂၄၂ အကွေ့အကြမ်းဆုံး သတိပြုရမဲ့အကွေ့

မန်းလေးဘက်သွားတဲ့ဘက်မှာတော့
•၃၅၆
•၃၅၉ အကွေ့အရမ်းကြမ်းပါတယ်။

၂။ဂငယ်ကွေ့
အမြန်မောင်းနေတဲ့ လမ်းမှာ ရှေ့ကားဂငယ်ကွေ့ရင် အရမ်းသတိထားရပါတယ်။

•၁၅မိုင်ဘရားကြီးအနီး ဘုရားဖူးကားတွေ ရန်ကုန်ပြန်ဖို့ ဂငယ်ပြန်ကွေ့ကြတယ်…

•၁၁၃ ကြက်ကာလသားချက်ဆိုင်
•၁၄၇ တောင်ငူအနီး

၃။ကျွဲဖြတ် နွားဖြတ်
၁၁၀-၁၄၇ ကြားမှာ ကျွဲအုပ် နွားအုပ်တွေ ဖြတ်သန်းသွားလာပါတယ်။သတိထားပါ တိုက်မိရင် ပိုင်ရှင်စုံစမ်းမရပါ။

၄။ဆိုင်ကယ်အဖြတ်အများဆုံး
ဟိုဘက်ဒီဘက် ကျေးရွာရှိတဲ့နေရာတွေမှာ အဓိက ဖြတ်သန်းပါတယ်။

၁၃မိုင် – မိုင်တိုင် ၂ဝကြား
၁၄၇မိုင်- မိုင်တိုင် ၁၅၃ကြား (တောင်ငူ-ကေတုမနီ)
၂၅၆မိုင် – မိုင်တိုင် ၂၆၂ကြား( ပျော်ဘွယ်လမ်းခွဲ)

၅။ကီလိုမီတာဖမ်း (ရဲစခန်းနဲ့ အနီးဆုံးနေရာများ)
၈၃မိုင်
၁၄၇မိုင်
၂၂၇ ကုန်းဆင်း
၃၂၅ မိုင်

လမ်းဘေးမှာ Light truck ကားလေးရပ်ထားရင်သတိထားပါ …သတိထားကြည့်ရင် နောက်ဖုံးမှာ Highway Police စာတန်းလေးပါပါတယ်။
(ဒီစာပိုဒ်က စည်းကမ်းမဲ့မို့အတွက်မဟုတ်ပေမဲ့တခါတလေ အရေးကြီးလို့ အမြန်မောင်းမိရင် ဒီနေရာတွေကို သတိမထားလို့ ရဲဖမ်းခံရရင် ပိုကြာတတ်လို့ပါ)

၆။ နယ်မြေကြမ်း
မြေနေရာ မသန့်ဘူးပဲ ပြောရမလား အတိုက်အခိုက်အများဆုံးနဲ့ ယာဉ်မောင်း အိပ်အငိုက်ဆုံးနေရာတွေပါ….

•၁၃မိုင် ၁၅မိုင်ကြား
•မိုင် ၂၀ ပတ်လည်
•မိုင် ၈၄-၁၀၀မိုင်တိုင်ကြား
•မိုင်တိုင် ၂၈၅-၃၃၀ ကြား

၇။ ညသရဲခြောက်
•၈၄-၁၀ဝကြား
•၂၈၅-၃၃ဝကြား ညနက်ပိုင်းတစ်ယောက်ထဲ မိတ္တီလာကထွက်လာရင် သတိထားမိတယ်။
အဲဒီမိုင်တိုင်တွေမှာ ကျောချမ်းလာတယ်။
•၁၁၅-၉၀ ကြား

၈။လုယက်မှု့
•မိုင်၂၀ပတ်လည်
•မိုင် ၉၀ပတ်လည်
•၁၅၈-၂၀ဝကြား

၉။ ယာဉ်ကြံခိုင်ရေး
ခရီးဝေးသွားမယ်ဆို တာယာ မနှမျောပါနဲ့…..
အင်ဂျင်ဝိုင် ရေတိုင်ဂီရေ ကားကြံခိုင်ရေး သေချာပြင်ဆင်သင့်ပါတယ်။

၁၀။မိုးရွာရင်
•ရေဝပ်တဲ့နေရာတွေ သတိထားပါ
•အချက်ပြမီး ရှေ့မီးကြီး ဖွင့်ထားပါ။
•ကီလိုမီတာ ( ၆၀) ထက် ပိုမောင်းလို့ မကောင်းပါ။
ကားကြံခိုင်ရေး စစ်ဆေးချိန် မရရင် ညပိုင်းသွားခြင်း ရှောင်ကြည်ပါ။
အမြန်လမ်း အသုံးပြုတဲ့ မိတ်ဆွေတွေ ဘေးကင်းနိုင်ကြပါစေ…။

နောက်ထပ် သတိမှုစရာလေးများကျန်ခဲ့လျှင် ဖြည့်စွက် ရေးသားကြပါ။
ဒီစာကိုရေးသားနိုင်တာဟာ ကျနော်တစ်ဦးထဲအတွေ့အကြုံမဟုတ်ပါ။ယာဉ်မောင်းသက် ၁၅နှစ်ကျော် ရှိတဲ့ ယာဉ်မောင်း မိတ်ဆွေကြီးတွေ ရဲ့ အတွေ့အကြုံတွေကြောင့်ပါ။

လိုအပ်တဲ့ နေရာ နဲ့ သတိပြုရန် အချက်များလည်း ထပ်ပြီး ဖော်ပြရေးသားပေးခြင်းဖြင့် ခရီးသွား နှင့် ခရီးဖော် ဘဝတူယာဉ်မောင်းများအား ကူညီပေးကြပါ ။

ဘေးအန္တရယ် ကင်းရှင်းစွာဖြင့် အေးချမ်းသာယာကြပါစေ …။

အတွေ့အကြုံမျှဝေပေးသောဆရာများအား credit ပေးပါတယ်ရှင့်

Address

Insein

Telephone

09420072617

Website

Alerts

Be the first to know and let us send you an email when မော်တော်ကားနည်းပညာဖလှည်ရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share