Pyae Sone Car Wiring

Pyae Sone Car Wiring Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyae Sone Car Wiring, Hsipaw.

Crown 2008 DTC OFF
01/09/2023

Crown 2008 DTC OFF

ကျနောအချိန်ကုန်ခံရှာထားပေးတာ  လိုအပ်ရင် မိတ်ဆွေလွယ်လွယ်ကူကူအသုံးပြုပါ( Mark 2 ရွေငါး ABS sensor နောက်ညာ pinout )လုက်ဖူးတ...
27/08/2023

ကျနောအချိန်ကုန်ခံရှာထားပေးတာ

လိုအပ်ရင် မိတ်ဆွေလွယ်လွယ်ကူကူအသုံးပြုပါ

( Mark 2 ရွေငါး

ABS sensor နောက်ညာ pinout )

လုက်ဖူးတဲ့သူ ဘယ်လောက်တိုင်ပတ်လဲသိပါတယ်

Crd .pyae sone phyoe

မသိသေးတဲ့သူတွေအတွက် Mark ll ကားတွေရဲ့ နောက်ညာ ABS sensor အကြောင်းလေးမျှဝေပေးပါစေ ။ Mark ll ကားတေမှာ C0210.   Right rear ...
30/10/2022

မသိသေးတဲ့သူတွေအတွက် Mark ll ကားတွေရဲ့ နောက်ညာ ABS sensor အကြောင်းလေးမျှဝေပေးပါစေ ။ Mark ll ကားတေမှာ

C0210. Right rear sperd sensor circuit

ဆိုပြီး ကုဒ်တက်ရင် နောက်ညာမှာ ABS sensor မပါပါဘူး ။ mark 2 ကားတေမှာ နောက်ညာABS sensor data ကိုထူးထူးခြားခြား vehicel speed sensor ကနေယူထားတာပါ sensor ကို ပုံ 2 မှာပြထားပါတယ် ။
abs sensor မှာ hall effect tyle ရယ်
inductive tiype နှစ်မျိုးလာပါတယ် hall effect type sensor တေမှာ ig on ပြီး ဆင်ဆာဆော့ကဒ်ဖြုတ်တိုင်းရင် 10 volt နဲ့ 14 volt ကြားရှိရပါမယ်။

inductive type ဆင်ဆာမှာတော့ volt မရောက်တဲ့တွက် ohm တိုင်းကြည့်လို့လဲသိနိုင်ပါတယ် ။
ဆင်ဆာကိုမဟုတ်ပါဘူး ecu ကနေလာတဲ့ကြိုးကို ohm တိုင်းရမှာပါ သဘောက ecu ထဲက ABS sensor circuit ကို ABS sensor နားကနေ Ohm လှမ်း တိုင်းတဲ့သဘောပါ ။

နောက်ဆုံးပုံမှာ circuit dirgram ကိုအကြမ်းဆွဲထားပေးပါတယ်

ecu နဲ့ အဆက်အသွယ်ရှိရင် k ohm တစ်ခုခု တက်ရ
မှာပါ ။
ဒီလိုမှမဟုတ်ပဲ LED taster နဲ့လဲ စမ်းလို့ရပါတယ်။

ဆင်ဆာနှစ်မျိုုးလုံးမှာ တူတာကတော့ ground တစ်ပင်ရှိရမှာပါ ။
pyae sone phyoe အကောင့်မှ ကူးယူဖော်ပြသည်။

မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေ 🙏🙏🙏

Lexus 600h hybrid battery charge 😊😊😊* ဆေးဘော်ဒီပြင်တာပဲဖြစ်ဖြစ် ၊ အကြောင်းအမျိုးမျိုးကြောင့် ရပ်ထားတာ ကြာသွားတဲ့ ကားတွေမ...
11/07/2022

Lexus 600h

hybrid battery charge 😊😊😊

* ဆေးဘော်ဒီပြင်တာပဲဖြစ်ဖြစ် ၊ အကြောင်းအမျိုးမျိုးကြောင့် ရပ်ထားတာ ကြာသွားတဲ့ ကားတွေမှာ
Battery အားနည်းသွားပြီး P3000 code တက်ရင်နိုးမရတော့ပါဘူး ။

*ပုံမှန်မောင်းနေတဲ့ ကား battery code တက်လို့ ပြင်ရင် အားမသွင်းပဲ မကောင်းတာလဲလို့ရပေမဲ့
ရပ်ထားတာကြာတဲ့ကားတွေမှာ battery block တွေအားလုံး volt အားကျသွားရင်တော့ အားသွင်းရမှာပါ ။

*အကုန်လဲမယ်ဆိုရင်အခု ဖြစ်နေတဲ့ part ဓျေးနဲ့ကတော့
ကားသမားအတွက်တော်တော်အဆင်ပြေမယ်မထင်ပါဘူး
😁😁😁

*ပြောချင်တာကတော့ hybrid battery အားသွင်းဖို့ ၊
အပြစ်ရှာဖို့ အခက်အခဲရှိနေတဲ့ ညီအကိုတွေ CB မှာ လာရောက်အကူညီတောင်းနိုင်ပါတယ်ဗျာ ။
( မှတ်ချက် . ‌မသိတာလဲ မေးသေးတယ် အထက်စီးကမေးတဲ့သူတွေ မလာပါနဲ့ ကျနောလဲ ကိုယ်မသိတာ သိတဲ့ဆရာတွေဆီက မေးရင် လေးလေးစားစားဆက်ဆံပါတယ် )

LIN ( Local Interconnet  Network )LIN Bus ( and ) CAN Bus  Lexus 570 ( 2010 ) တစ်စီး power window ကို driver side ဘက် ma...
05/07/2022

LIN ( Local Interconnet Network )
LIN Bus ( and ) CAN Bus

Lexus 570 ( 2010 ) တစ်စီး power window ကို driver side ဘက် main switch ကနေ control လုပ်မရတဲ့ပြသနာပါ သူ့တံခါးပေါက်က ခလုပ်နဲ့ကတော့ သုံးပေါက်လုံးရပါတယ် ။Scan tool နဲ့စစ်ကြည့်တော့

B2325 . LIN Communication Bus
Malfunction
ဆိုတဲ့ code ကိုbody ထဲမှာတွေ့ပါတယ် ။

ဒီကားရဲ့ power window system က တံခါးလေးပေါက်ရဲ့ power window motor တစ်ခုစီမှာ power window ECU တစ်လုံးစီပါပြီးခလုပ်ထဲမှာတော့ circuit မပါတော့ပါဘူး ။
driver side switch ကနေ တခြား သုံးပေါက်မှန်အတက်အချကို LIN Bus နဲ့ data signal ပို့ပေးတာပါ ။
LIN Bus က ကြိုးတစ်ချောင်းထဲကို power window ECU တေအားလုံးနဲ့ body ECU ကိုဆက်သွယ်ထားပါတယ် ။ LIN bus မှာပြသနာရှိရင်
Body ECU ကနေ ဆောင့်ကြည့်ပြီးB2325 code က်ုထုတ်ပေးလိုက်မှာပါ ။
( ပုံ 1 မှာwiring dirgramလေ့လာကြည့်ပါ )
( ပုံ 2 မှာ LIN Bus system sirgram ကိုလေ့လာကြည့်ပါ )
ဒီကားလေးကတော့ LIN bus ပိုင်းပြသနာဖြေရှင်းလိုက်တော့ အားလုံးအဆင်ပြေသွားပါတယ် ။

LIN Bus and CAN Bus
အကြောင်းလေး မသိသေးတဲ့ညီအကိုတို့အတွက်နည်းနည်းလောက်ရှင်းပြချင်ပါတယ် ။
Can bus ကတော့ Can high နှင့် Can Low
ဝါယာကြိုးနှစ်ချောင်းနဲ့ ဆက်သွယ်ထားပြီး
LIN bus ကတော့ control module တွေကို ကြိုးတစ်ချောင်းထဲနဲ့ပဲဆက်သွယ်ထားပါတယ် ။ wiring system ကတော့ ပိုပြီးရှင်းပါတယ် ။
( Can အကြောင်းအရင်တစ်ခါရေးပေးထားဖူးလို့
မဖတ်ရသေးတဲ့ ညီငယ်များ ရှာဖတ်ကြည့်ပါ ။ )
Can Bus voltage က 5 V သုံးပြီး
Lin bus volt ကတော့ 12 v အသုံးပြုပါတယ် ။

Lin bus ကတော့ Can bus လို data တွေအများကြီး မပို့နိုင်ပေမဲ့ သူ့နေရာနဲ့သူတော့ အသုံးတည့်ပါတယ် ။
( ပုံ 3 မှာ အနည်းကျဉ်းလေ့လာကြည့်နိုင်ပါတယ်ဗျ )

LIN bus ကို data တွေ များများအသုံးပြုဖို့မလိုအပ်တဲ့
Sensor ပိုင်းမှာ speed . Position . Pressure တေလိုပုံစံမျိုးမှာသုံးပါတယ် ။

( ဉပမာတစ်ခုအနေနဲ့ Audi Q7 2016 ကားမှာ
Aircon pressure sensor ကို LIN Bus နဲ့သုံးထားပါတယ် ။
ပုံမှန်ဂျပန်ကားတွေမှာ 5v . Ground . Signal နဲ့ ပါ ) ပုံ 5 မှာလေ့လာကြည့်ပါ ။
တခြား data များများပေးပို့ရန်မလိုအပ်တဲ့
Body control . Aircon . Radio . Wiper .
Rain sensor . Power window နဲ့ တခြားနေရာတွေမှာလဲ အသုံးပြုပါသေးတယ် ။

LIN bus data ပိုင်းလေးတေ ဒီရက်ပိုင်းကြုံရလို့
လိုအပ်တာလေးမျှဝေပေးလိုက်ပါတယ် ။
နားမလည်တာ လိုအပ်တာကို comment မှာဆွေးနွေးနိုင်ပါတယ် ။

မြန်မာပြည်ကြီး လူမှန် နေရာမှန်နဲ့

အမြန်ဆုံးငြိမ်းချမ်းပါ‌စေ🙏🙏🙏

Toyota 2008 ( Lexus )Back door ထဲမှာ DTC ရှိနေရင် back doorဖွင့်မပေးပါဘူး scan tool နဲ့ code ဖျက်လိုက်ရင်တော့ အဆင်ပြေပါပ...
04/07/2022

Toyota 2008 ( Lexus )

Back door ထဲမှာ DTC ရှိနေရင် back door

ဖွင့်မပေးပါဘူး scan tool နဲ့ code ဖျက်လိုက်ရင်

တော့ အဆင်ပြေပါပြီ ။ 😊😊😊

နောက်ဖုံးနဲ့ပါတ်သတ်တာ ပြင်ပြီးမှမရတာတေဖြစ်တတ်ပါ

တယ်။ ( မသိသေးတဲ့သူတေရှိနေသေးလို့ပါ )

Lexus 460 * ဂီယာဆောင့်*P0985. shift solenoid E control circuit                    low Solenoid coil short ကျ 😊😊မြန်မာနို...
04/07/2022

Lexus 460

* ဂီယာဆောင့်
*P0985. shift solenoid E control circuit
low
Solenoid coil short ကျ 😊😊

မြန်မာနိုင်ငံကြီး လူမှန်နေရာမှန်နဲ့

အမြန်ဆုံး ငြိမ်းချမ်းပါစေ။ 🙏🙏🙏

Lexus 460 / 570  Control Unit  ( and ) Fuse box locationကိုယ်လိုချင်တဲ့ ECU ရဲ့ Location ကိုရှာတတ်ကြည့်တတ်ရင်ကားပြင်ရတာ ...
04/07/2022

Lexus 460 / 570

Control Unit ( and ) Fuse box location

ကိုယ်လိုချင်တဲ့ ECU ရဲ့ Location ကိုရှာတတ်

ကြည့်တတ်ရင်ကားပြင်ရတာ မပင်ပန်းပဲ ပိုပြီးမြန်ပါတယ် ။

( ကားထဲ ကိုယ်လိုချင်တဲ့ ECU ရှာမတွေ့တဲ့ ဝေတနာ
ခံစားဖူးသူပဲသိပါတယ် 😁😁😁 )

မြန်မာနိုင်ငံကြီး လူမှန်နေရာမှန်နဲ့

အမြန်ဆုံးငြိမ်းချမ်းပါစေ 🙏🙏🙏။

Lexus 570 ( 2011 ) B15D0  most communication               malfunctionFault radio off ဖြစ်နေတာလေးလွယ်မယ်ထင်ပေမဲ့ ငါးရက်လ...
04/07/2022

Lexus 570 ( 2011 )

B15D0 most communication
malfunction

Fault radio off ဖြစ်နေတာလေးလွယ်မယ်ထင်ပေမဲ့ ငါးရက်လောက်ခေါင်းကိုက်လိုက်ရတယ် ။ 😁😁

ဒီညတော့ ကောင်းကောင်းအိပ်နိုင်ပြီ 😊😊😊

မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းပါစေ 🙏🙏🙏

EFI main relay EFI relay ကို သော့က နေတိုက်ရိုက်အလုပ်လုပ်တာလားECU ကအလုပ်လုပ်ခိုင်းတာလားဆိုတာကို သိဖို့အတွက်ရည်ရွယ်ပါတယ်။ ...
09/06/2022

EFI main relay

EFI relay ကို သော့က နေတိုက်ရိုက်အလုပ်လုပ်တာလား
ECU ကအလုပ်လုပ်ခိုင်းတာလားဆိုတာကို သိဖို့အတွက်ရည်ရွယ်ပါတယ်။ 😊😊😊

* EFI relay circuit Type( 2 )မျိုးရှိပါတယ် ။ *

1 . ignition switch ကနေ EFI relay တိုက်ရိုက်
အလုပ်လုပ်ပြီး ECU ရဲ့ +B ကို positive ရောက် ပါတယ်။
2 . Ignition switch မှ Engine ECUရှိ
IGSW pin သို့ positive ၀င်ပြီး ECU မှ EFI
Main relay ကို အလုပ်စေပါတယ် ။ EFI main
Relay ကနေမှ Engine ECU ရဲ့ +B pin ကို
Positive ပြန်၀င်ပါတယ် ။
မတူပါဘူး
အကြောင်းကတော့ Stepper motor isc
မပါတဲ့ Type နဲ့ ပါတဲ့ Type ကွာသွားတာပါ ။
( ပထမဆုံးပုံမှာ ပုံ ( 1 ) and ပုံ ( 2 ) ကို ယှဉ်ပြထားပါတယ် ။ )

STEPPER MOTOR ISC Type

Stepper motor type isc ပါရှိသော အင်ဂျင်မှာ
IG OFF ( သော့ပိတ် ) လိုက်ပြီး 2 second လောက်အကြာထိ Main relay မှ isc valve သို့
12 volt ထုတ်ပေးပါတယ်။
အင်ဂျင်ကိုရပ်‌ထားသောအခါ အင်ဂျင်ပြန်လည်နိုးရလွယ်ကူစေရန်Isc valve ကိုအပြည့်ဖွင့်( 125 step )ထားပေးရန်အတွက်ကြောင့်ပါ။

Stepper motor type isc valve တွေမှာက
Power ပျက်သွားရင် Hold state အခြေအနေမှာရှိနေပြီး Motor ရောက်ရှိတဲ့နေရာတွင်သာ ရပ်နေကြတဲ့အတွက်ကြောင့် EFi main relay ကို engine ECU က ထိန်းချုပ်ပေးတာပါ။ ( Stepper motor အကြောင်းစာရှည်မှာဆိုးလို့မရေးတော့ပါ ☺️)

ဒါဆိုရင် ဒီဇယ်အင်ဂျင်တွေဖြစ်တဲ့ ဥပမာ 1KZ-TE
1KD -FTV တို့လိုကားတွေမှာ isc valve မပါပဲ
EFI main relay ကို ECU က control
လုပ်တာ ဘာအတွက်ကြောင့်လဲ ဆိုတာကို စဉ်းစားပြီးဖြေစေလိုပါတယ် ။

မှန်တာမှားတာအဓိကမကျပါ လူတိုင်းအမှားရှိပါတယ်။
နည်းပညာတိုးတက်စေရန်အတွက် ရည်ရွယ်ပါတယ်။
ကျနောလဲ လေ့လာနေဆဲသူတစ်ယောက်ပါပဲ 😊😊

မြန်မာနိုင်ငံကြီး လူမှန်နေရာမှန်နဲ့

အမြန်ဆုံး ငြိမ်းချမ်းပါစေ 🙏🙏🙏

ငါး‌ရော ငါးဖမ်းနည်းရော ပေးလိုက်ပါတယ်ဗျာကျနော့စာမှမဟုတ်ဘူး တခြားဆရာတေရဲ့စာတေပါ တန်ဖိုးထားတတ်ကြပါစေ။ 🙏🙏🙏Wish 2009 ( 2ZR -F...
09/06/2022

ငါး‌ရော ငါးဖမ်းနည်းရော ပေးလိုက်ပါတယ်ဗျာ
ကျနော့စာမှမဟုတ်ဘူး တခြားဆရာတေရဲ့စာတေပါ တန်ဖိုးထားတတ်ကြပါစေ။ 🙏🙏🙏

Wish 2009 ( 2ZR -FAE )
Valve Matic system engine
နဲ့လာတဲ့ကားတွေမှာ Valvematic တွေအပျက်များပါတယ်။ (ပုံ 1 မှာကြည့်ပါ )

ValveMatic ရဲ့ ဝါယာရိန်း system ကရှင်းပါတယ်။
Pin 1. +B( အနက် )
Pin 2. Can Low ( အဖြူ )
Pin 3. SDWN ( shutdown အစိမ်း )
Pin 4. Can High ( အနီ ) ဒီ 4 pin ပါပဲ 😊😊
(ပုံ 2 မှာ dirgram
ပုံ 3 မှာ pin out ကြည့်ပါ )

တခြားpin တွေကို ဒီအတိုင်း ig on ပြီးစစ်လို့ရပေမဲ့
Pin 3 Shut down pin ကတော့ Valve matic
System မှာ ပုံမှန်အခြေအနေရှိမှ ECU က‌နေ
Ig on ရင် power ထုတ်ပေးမှာပါ ( 8volt ကျော် )

P104 A code တက်ရင်တော့ pin4 မှာ ground နဲ့ short ကျမကျ ECU နဲ့ အဆက်အသွယ်ရှိမရှိ စစ်ရပါမယ်။ ဒါက SDWN pin 3 နဲ့ဆိုင်တဲ့ code ပါ။

ချက်မီးလင်းမယ် အဆွဲအရုန်းကျပြီး Valve matic ( rocker Arm ) နဲ့ပါတ်သတ်တဲ့
Position sensor code
Actuator code နဲ့ တခြား
Communication နဲ့ပတ်သတ်တဲ့ U code တွေတက်ရင်တော့ အပေါကပြောတဲ့ wiring မှန်ရင် အလွယ်ဆုံးအနေနဲ့ Valve Lift Controller သာလဲရမှာပါ ။ 😊😊😊
Scan tool မှ data ကိုနောက်မှရေးပေးပါမယ်ခဗျ ။

ပုံ 4 မှာ valve matic system ရဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်ကိုလေ့လာကြည့်ပါ ။

မြန်မာနိုင်ငံကြီးလူမှန်နေရာမှန်နဲ့

အမြန်ဆုံးငြိမ်းချမ်းပါစေ 🙏🙏🙏

Address

Hsipaw

Website

Alerts

Be the first to know and let us send you an email when Pyae Sone Car Wiring posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pyae Sone Car Wiring:

Share