  • Home
  • Myanmar
  • Hlegu
ကျတော်တို့ဆိုင်နဲ့ အရစ်ကျစနစ်ဖြင့် ဆောင်ရွက်ရောင်းချပေးတဲ့ LOLC Finance မှ ဝန်ထမ်းအသစ်များ ခေါ်နေပါတယ်။
17/09/2026
ကျတော်တို့ဆိုင်နဲ့ အရစ်ကျစနစ်ဖြင့် ဆောင်ရွက်ရောင်းချပေးတဲ့ LOLC Finance မှ ဝန်ထမ်းအသစ်များ ခေါ်နေပါတယ်။
ဝယ်တဲ့နေ့မှာပဲ သင်မောင်းလိုင်စင် အပြီးနဲ့  အိုးဝေ ဝယ်သွားတဲ့ ဦးတင်ဌေးကိုကျေးဇူးအများကြီးတင်ပါတယ်။မနေ့က ရောင်းထွက်သွားတဲ...
16/09/2026
ဝယ်တဲ့နေ့မှာပဲ သင်မောင်းလိုင်စင် အပြီးနဲ့ အိုးဝေ ဝယ်သွားတဲ့ ဦးတင်ဌေးကိုကျေးဇူးအများကြီးတင်ပါတယ်။
မနေ့က ရောင်းထွက်သွားတဲ့အစီးလေးပါ။
13/09/2026
Bajaj ဝယ်မယ်ဆိုရင် ဝယ်တဲ့နေ့မှစ နှစ်ရှည်ပိုပြီး လှည့်ကြည့်စရာမလိုအောင် အပြီးအစီး ဆောင်ရွက်ရောင်းချပေးပါတယ်။
11/09/2026
အမျိုးသမီးတွေအတွက်လည်း RE က မောင်းနှင်လို့အဆင်ပြေပါတယ်
08/09/2026
#အိုးဝေ
Bajaj RE အသစ်ဝယ်ရင် ခုလိုအပြီးအစီး ဝယ်တာပိုအဆင်ပြေပါတယ်
နောက်ဆုံးမော်ဒယ် တစ်ခါထဲ လိုင်စင်တန်းရတာ လိုချင်ရင်. .   . .ဘီးကြဲတစ်ပွေ အသက်ကတော့ လေးဆယ်ပတ်ချာလည်လောက်ရှိမယ်ထင်တယ်ကားကလ...
07/09/2026
နောက်ဆုံးမော်ဒယ် တစ်ခါထဲ လိုင်စင်တန်းရတာ လိုချင်ရင်. . . .
ဘီးကြဲတစ်ပွေ အသက်ကတော့ လေးဆယ်ပတ်ချာလည်လောက်ရှိမယ်ထင်တယ်
ကားကလည်းအကောင်းစား ကားပေါ်ကနေဆင်းလာတယ် ဘေးကနေ သူနဲ့အသက်ထက်ဝက်မကကွာတဲ့ စကီချောချာလေးပါလာတယ်
"ညီလေး အကို ဆိုင်ကယ်ကြည့်ချင်လို့ ယိုးဒယား အော်တိုဘီးထဲက နောက်ဆုံးမော်ဒယ် စာအုပ်လိုင်စင်ထွက်ပြီးသား လိုချင်တယ်ရှိလား" ဆိုပြီး မေးရော
ကိုယ်လည်း အကို နောက်ဆုံးမော်ဒယ် ဘယ်လိုမျိုးထဲကလဲ မေးတော့ ဘီးကြဲက
"အခု 2026 9 လ ပိုင်းထွက်တဲ့ထဲက လိုချင်တာ တစ်ခါထဲ လိုင်စင်စာအုပ်ထွက်ပြီးသားပဲရချင်တာ"
Honda ဘက်ကတောင် သူ့အတွက်တောင် သီးသန့်တစ်စီးမြန်မာပြည်ကိုပို့ပေးရမယ့်အနေအထားရှိတယ်
ကိုယ်လည်း Customer service မညံ့ရလေအောင်
ချက်ကျလက်ကျရှင်းပြပါတယ်
ဆိုင်ကယ်စက်ရုံတွေကနေ စျေးကွက်ထဲကို သူတို့ရဲ့ဆိုင်ကယ် Product တွေ ရောက်ဖို့ အချိန်က လအနည်းငယ်ကြာတတ်ကြောင်း လိုင်စင်ဆိုသည်မှာလည်း ဌာနဆိုင်ရာအသီးသီးဖြတ်ရတာကြောင့် လေးလငါးလလောက်ကတော့ကြာတတ်ကြောင်း လိုင်စင်ကျပြိးသား အသစ်တွေဆိုတာလည်း ရှိပေမယ့် Model အားဖြင့်တော့ သုံးလ လေးလလောက​တော့ နိမ့်​တဲ့အကြောင်း ရှင်းပြပါတယ်။
သို့သော်လည်း ဘယ်လိုမှ ရှင်းပြမရ နောက်ဆုံး model လမြင့်ကိုမှ လိုင်စင်တစ်ခါထဲရတာ ရှာပေး စျေးမဆစ်ဘူး တောင်းသလောက်ပေးမယ် ငွေစကားတွေပြောလာရော
ကိုယ်လည်း မရတဲ့အဆုံး
"အကိုရေ ဘယ်သူမှ မွေးမွေးပြီးချင်း မှတ်ပုံတင်တန်းရပြီး ၆က (၁၈ ပြည့်မှတ်ပုံတင်) တန်းမရဘူး ကာလတစ်ခုကိုတော့ ဖြတ်သန်းရတယ် အဲ့ကနေမှ ကလေးအရွယ်မှာ ၃က (ကလေးမှတ်ပုံတင်) အသက်ပြည့်မှ ၆က ဆိုပြီး အဆင့်ဆင့်ရတာဗျ ခုဆေးရုံမှာ တန်းမွေး တန်းမှတ်ပုံတင်ရ တန်းယူလို့မှ မရတာ ဆိုင်ကယ်လည်း အဲ့လိုပဲ စက်ရုံကထုတ်တယ် ဌာနအဆင့်ဆင့်ဖြတ် အခွန်တွေဆောင် နောက်ဆုံးမှ ကညနမှာ နံပါတ်ကျ စာအုပ်၊နံပါတ်ပြားထုတ်ရတာပါ " လို့ပြောတော့မှ
သူ့အတွေးနဲ့သူပေါက်ပြီး ဘေးက သူ့စကီလေးကို "ကလေးရော မှတ်ပုံတင်လဲပြီးပြီလား" လို့မေးတော့
ဟိုက " ဟင့်အင်း ဘေဘီက ဒီဇင်ဘာမှာ 18 ပြည့်မှာလေကိုကို " လို့ဖြေတယ်
အဲ့ကျမှ သူလည်း နားလည်သွားတယ်နဲ့တူပါတယ် လိုင်စင်ထွက်ပြီးသား အသစ်ထဲကရှိရင် ဆက်သွယ်ပေးပါဆိုပြီး ဖုန်းနံပါတ်ပေးထွက်သွားတယ်။
သူ့ကြည့်တော့ လိုင်စင်တန်းမကျတာကြီးစီးနေပြီး အဲလေ 18 မပြည့်တာလေးကို တွဲနေပြီးတော့များ. . တကယ့်လူ
07/09/2026
အရစ်ကျရလားမေးကြလို့ အိုးဝေဝယ်တဲ့အဝယ်တစ်ဝက်လောက်က အရစ်ကျနဲ့ဝယ်ကြတာပါ။ သုံးဘီးဆိုင်ကယ် တုတ်တုတ် အိုးဝေ အရစ်ကျနဲ့ရောင်းချနေတာ ကာလအတန်ကြာပါပြီ။
စီးပွားရေးအတွက်ဝယ်မလား။
အိမ်သုံးရုံးသုံးလား။
တစ်ကမ္ဘာတစ်လွှားရဲ့ ထိပ်တန်း Bajaj ရှိတယ်
07/09/2026
အိုးဝေ ဝယ်ရင် တစ်ခါထဲ အပြီးအစီးဖြစ်ဖို့ ဝယ်သူကိုအကြံပေးပြီး ရောင်းချပါတယ်။
အတွင်းခန်းအမိုးကို တစ်ထပ်ခံတယ် ဇစ်ပါတဲ့လည်သာအမိုးတစ်ထပ်မိုးတယ်။
ဘေးမိုးကာနဲ့ဖင်ထိုင်ခုံစွပ်တစ်ခါထဲလုပ်လိုက်တယ်။
အမိုးနှစ်ထပ်ဖြစ်တာကြောင့် ရေယိုမှာ မလုံမှာကိုမစိုးရိမ်ရတော့ဘူး
ဝယ်တဲ့နေ့လည်းဆီအပြည့်လက်ဆောင်အပြင် ယာဥ်မောင်းလိုင်စင်မရှိရင်သင်မောင်းလက်ဆောင်ပါပေးလိုက်တယ်။
ကိုဟိန်းဆိုင်ကယ်အရောင်းပြခန်း
လှည်းကူး
09696531437
အိုးဝေထဲမှာ အကြီးဆုံး Maxima Z တွေ အခုလောဆယ် ပစ္စည်းပြတ်နေပါပြီ။ အခုနောက်ဆုံးထွက် Maxima Z မှာ စပြီး အနောက်ဂီယာကို လက်ကိ...
06/09/2026
အိုးဝေထဲမှာ အကြီးဆုံး Maxima Z တွေ အခုလောဆယ် ပစ္စည်းပြတ်နေပါပြီ။
အခုနောက်ဆုံးထွက် Maxima Z မှာ စပြီး အနောက်ဂီယာကို လက်ကိုင်ခလုတ်စနစ် ပါလာတာဖြစ်ပါတယ်။
Bajaj RE တွေလည်း စတင်ပါလာပါတယ်။
China ထိပ်တန်း Zonsen Brand ထဲက ဂါဗနာ တာဘိုစနစ်ပါ Zonsen Wave 110 လေးတွေ အရောင်စုံရှိပါတယ်။ပဲခူးနဲ့အနီးတဝိုက် အဝယ်များအတ...
06/09/2026
China ထိပ်တန်း Zonsen Brand ထဲက ဂါဗနာ တာဘိုစနစ်ပါ Zonsen Wave 110 လေးတွေ အရောင်စုံရှိပါတယ်။
ပဲခူးနဲ့အနီးတဝိုက် အဝယ်များအတွက် Mo Mo Finance ဖြင့် အတိုးနှုန်းသက်သာစွာ အရစ်ကျဝယ်ယူလို့ရပါတယ်။
လှည်းကူး
09696531437
Address
Yangon-Mandalay Highway Road
Hlegu
11371
Opening Hours
Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00
Telephone
+959696531437
Website
Alerts
Be the first to know and let us send you an email when ကိုဟိန်း ဆိုင်ကယ်အရောင်းပြခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to ကိုဟိန်း ဆိုင်ကယ်အရောင်းပြခန်း:
Shortcuts
Share