Jaguar Land Rover MM Service

Jaguar Land Rover MM Service Welcome to Jaguar Land Rover Myanmar Service—the official after-sales service center for Jaguar Land Rover and Capital Automotive Ltd. .

Expert maintenance, genuine parts, and premium care for your vehicle. 🚗🔧

ဒီနေ့မှာ ကျရောက်တဲ့ မေလ၊ ၁ရက်နေ့ (မေဒေးနေ့ဆိုတာ) ကမ္ဘာ့စီးပွားရေးနှင့် တိုးတက်မှုအပေါင်းတို့ရဲ့ မောင်းနှင်အားဖြစ်တဲ့  အလ...
01/05/2026

ဒီနေ့မှာ ကျရောက်တဲ့ မေလ၊ ၁ရက်နေ့ (မေဒေးနေ့ဆိုတာ) ကမ္ဘာ့စီးပွားရေးနှင့် တိုးတက်မှုအပေါင်းတို့ရဲ့ မောင်းနှင်အားဖြစ်တဲ့ အလုပ်သမားထုတစ်ရပ်လုံးကို ဂုဏ်ပြုသောနေ့ဖြစ်ပါတယ်။

ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် မိမိတို့ရဲ့ ကဏ္ဍအသီးသီးမှာ
အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေကြသူ အလုပ်သမားအားလုံးကို
Jaguar Land Rover Myanmar မှ အလေးအမြတ်ပြု ဂုဏ်ပြုအပ်ပါတယ်။ 💼✨

ဧပြီလကို နှုတ်ဆက်ရမယ့် နေ့ရက်တွေဆီကို ရောက်ရှိလာခဲ့ပါပြီ။ 🏁ဒီလအတွင်းမှာပဲ Jaguar Land Rover နဲ့အတူ ခရီးစဉ်အသစ်တွေကို ပျေ...
30/04/2026

ဧပြီလကို နှုတ်ဆက်ရမယ့် နေ့ရက်တွေဆီကို ရောက်ရှိလာခဲ့ပါပြီ။ 🏁

ဒီလအတွင်းမှာပဲ Jaguar Land Rover နဲ့အတူ ခရီးစဉ်အသစ်တွေကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြတဲ့ JLR ပိုင်ရှင်တစ်ဦးတစ်ယောက်ချင်းစီကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ 🤝

Modern Luxury ရဲ့ ပြည့်စုံတဲ့ အရသာကို ခံစားရင်း လမ်းခရီးတိုင်းမှာ ယုံကြည်မှုရှိရှိနဲ့ မောင်းနှင်နိုင်ခဲ့ကြလိမ့်မယ်လို့လည်း ကျွန်တော်တို့ ယုံကြည်ပါတယ်။

လူကြီးမင်းတို့ရဲ့ ကားကို အကောင်းဆုံး ဂရုစိုက်ထိန်းသိမ်းခြင်းက
ရှေ့ဆက်ရမယ့် ခရီးစဉ်တွေကို ပိုမိုပြည့်စုံစေမှာပါ။
ရှေ့လာမယ့် နေ့ရက်တွေမှာလည်း စိတ်အေးချမ်းသာစွာနဲ့ မောင်းနှင်နိုင်ဖို့အတွက်
Jaguar Land Rover Myanmar Service အမြဲတမ်း အဆင်သင့်ရှိနေပြီး
လကုန်ရက် အားလပ်ချိန်လေးတွေမှာ မိမိတို့ရဲ့ ကားကို အထွေထွေစစ်ဆေးမှုတွေ ပြုလုပ်ထားဖို့ ဖိတ်ခေါ်အပ်ပါတယ်။ 🛠️🌟

အချိန်မဆွဲဘဲ အခုပဲ Booking ရယူလိုက်ပါ!

📍 အမှတ် ၃၊ ၁၂ ရပ်ကွက်၊ အင်းစိန်လမ်း၊ လှိုင်မြို့နယ်။ 🗺️
☎️ Hotline: 09-953149376, 09-454881845 📞

"သင့်ရဲ့ JLR ကားများကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်ခြင်းက ခရီးစဉ်တိုင်းကို ပိုမိုအဓိပ္ပာယ်ရှိစေမှာပါ။" 🌟

ကဆုန်လပြည့်နေ့ (Buddha Day)သဗ္ဗညုတဉာဏ်တော်ရှင် မြတ်စွာဘုရားရှင်၏ ဖွား၊ ပွင့်၊ စံ ထူးခြားလှသည့် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ...
30/04/2026

ကဆုန်လပြည့်နေ့ (Buddha Day)

သဗ္ဗညုတဉာဏ်တော်ရှင် မြတ်စွာဘုရားရှင်၏ ဖွား၊ ပွင့်၊ စံ ထူးခြားလှသည့် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် လူကြီးမင်းတို့၏ စိတ်နှလုံးကြည်သာပြီး၊ ညောင်ရေသွန်းလောင်းသကဲ့သို့ အေးချမ်းသာယာမှု ရှိပါစေကြောင်း Jaguar Land Rover Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ✨🙏

29/04/2026

Expert hands. Advanced diagnostics. Service you can trust.

Our certified technicians combine experience with cutting-edge technology to deliver precise and reliable service. Every inspection, every repair—done with care to ensure your vehicle performs exactly as it should.

ရုံးပိတ်ရက်အသိပေးကြေညာခြင်းမကြာခင်ကျရောက်တော့မည့်  ဧပရယ်လ ၃၀ရက်နေ့၊ ကဆုန်လပြည့် ဗုဒ္ဓနေ့ (Buddha Day) နှင့် မေလ ၁ရက်နေ့၊...
29/04/2026

ရုံးပိတ်ရက်အသိပေးကြေညာခြင်း

မကြာခင်ကျရောက်တော့မည့် ဧပရယ်လ ၃၀ရက်နေ့၊ ကဆုန်လပြည့် ဗုဒ္ဓနေ့ (Buddha Day) နှင့်
မေလ ၁ရက်နေ့၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (May Day) တို့တွင်
ကျွန်တော်တို့၏ Jaguar Land Rover Myanmar Service Center များကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

လူကြီးမင်းတို့အားလုံး အေးချမ်းသာယာသော အားလပ်ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ✨

Jaguar Land Rover Myanmar Service မှာ ဘာတွေရနိုင်မလဲ …? 👨‍🔧  Certified Technicians    ဒါက ပြင်ပဝပ်ရှော့တွေထက် ကြီးမားတဲ့...
28/04/2026

Jaguar Land Rover Myanmar Service မှာ ဘာတွေရနိုင်မလဲ …?

👨‍🔧 Certified Technicians
ဒါက ပြင်ပဝပ်ရှော့တွေထက် ကြီးမားတဲ့အားသာချက်ပါ။
Jaguar Land Rover Global ကနေပြီးတော့ အသိအမှတ်ပြုထားတဲ့ Technicians တွေကြောင့် လူကြီးမင်းတို့ရဲ့ တန်ဖိုးကြီး Jaguar Land Rover ကားတွေကို စိတ်ချလက်ချ ပြုပြင်နိုင်မှာပဲ ဖြစ်ပါတယ်။

💻 Advanced Diagnostics
Modern Luxury ကားတွေရဲ့ ရှုပ်ထွေးတဲ့ Electronic စနစ်တွေကို တိကျစွာ စစ်ဆေးနိုင်ဖို့အတွက် JLR ရဲ့ သီးသန့် Diagnostic Tools များကို အသုံးပြုပြီး ချို့ယွင်းချက်တွေကို ရှာဖွေပြင်ဆင်ပေးနိုင်မယ့် ကြီးမားတဲ့ အားသာချက်ကို ပိုင်ဆိုင်နိုင်မှာပါ။

⚙️ Genuine Parts
ကားရဲ့ သက်တမ်းကို ပိုမိုကြာရှည်စေဖို့နဲ့ Safety အပြည့်အဝရဖို့အတွက် Jaguar Land Rover မူရင်းစက်ရုံထုတ် အပိုပစ္စည်း (Genuine Parts) များကိုသာ ၁၀၀% အာမခံချက်နဲ့ လဲလှယ်တပ်ဆင်ပေးတာပဲ ဖြစ်ပါတယ်။

🔄 Software Updates
လူကြီးမင်းတို့ ကားတွေရဲ့ Infotainment စနစ်နဲ့ အင်ဂျင်ပိုင်းဆိုင်ရာ ဆော့ဖ်ဝဲလ်တွေကို အမြဲတမ်း နောက်ဆုံးထွက် Version တွေဖြစ်အောင် Upgrade လုပ်ပေးလို့ ပိုမိုကောင်းမွန်တဲ့ မောင်းနှင်မှုရသကို ရရှိမှာပါ။

🎨 Body & Paint Service
မတော်တဆမှုကြောင့်ပဲဖြစ်ဖြစ်၊ အစွန်းအထင်းတွေကြောင့်ပဲဖြစ်ဖြစ်၊ သက်တမ်းကြာလာလို့ အရောင်ပြန်တင်ချင်တာပဲဖြစ်ဖြစ် မိမိကားရဲ့ မူလအအရောင်အတိုင်း ၁၀၀ရာခိုင်နှုန်းနီးပါး ပြန်လည်ရရှိဖို့အတွက် အဆင့်မြင့် Body & Paint ဝန်ဆောင်မှုကိုလည်း ပေးအပ်နေတာပဲ ဖြစ်ပါတယ်။
JLR ရဲ့ သတ်မှတ်အရောင်အတိုင်း တိကျစေရမယ့်အပြင် အလူမီနီယံဘော်ဒီ ပြင်ဆင်မှုတွေကိုပါ ကျွမ်းကျင်စွာ ဆောင်ရွက်ပေးနေတာပါ။

☕ Premium Lounge
လူကြီးမင်းရဲ့ကားကို ဝန်ဆောင်မှုပေးနေစဉ်အတွင်းမှာပဲ အဆင့်မြင့်လှပတဲ့ Customer Lounge မှာ ကော်ဖီသောက်ရင်း၊ မုန့်လေးတွေစားရင်း၊ အလုပ်လုပ်ရင်း စိတ်အေးချမ်းသာစွာ စောင့်ဆိုင်းနိုင်မှာပဲ ဖြစ်ပါတယ်။

Jaguar Land Rover ပိုင်ရှင်လူကြီးမင်းများအတွက် .. အဘက်ဘက်က ပြည့်စုံအောင် ကြိုးစားထားတဲ့ Jaguar Land Rover Myanmar Service ပဲဖြစ်ပါတယ်။

Jaguar Land Rover ကားပိုင်ရှင်များအနေနဲ့ ကိုယ့်ရဲ့ ကားကို အရေးပေါ်ပြုပြင်ဖို့လိုအပ်တာပဲဖြစ်ဖြစ်၊ ပုံမှန်ပြုပြင်ထိန်းသိမ်းချင်တာပဲဖြစ်ဖြစ် Jaguar Land Rover Myanmar Service ကို
အရောက်လှမ်းခဲ့ဖို့ပဲ လိုအပ်ပါတယ်။

အချိန်မဆွဲဘဲ အခုပဲ Booking ရယူလိုက်ပါ!

📍 အမှတ် ၃၊ ၁၂ ရပ်ကွက်၊ အင်းစိန်လမ်း၊ လှိုင်မြို့နယ်။ 🗺️
☎️ Hotline: 09-953149376, 09-454881845 📞

"သင့်ရဲ့ JLR ကားများကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်ခြင်းက ခရီးစဉ်တိုင်းကို ပိုမိုအဓိပ္ပာယ်ရှိစေမှာပါ။" 🌟

28/04/2026

Refined performance starts with expert care. Discovery Sport, ready for every journey.

Keep your Discovery Sport performing at its best with professional servicing from certified technicians. From advanced diagnostics to precision maintenance, every detail is handled to ensure smooth, confident driving—on city roads or beyond.

လမ်းကြမ်းတွေကို ဖြတ်သန်းပြီးတဲ့နောက် … 🌟🌟🌟Jaguar Land Rover ကားတွေဆိုတာ .. လမ်းကြမ်းပဲဖြတ်သန်းရမလား ..၊ မြို့တွင်းမှာပဲ ...
25/04/2026

လမ်းကြမ်းတွေကို ဖြတ်သန်းပြီးတဲ့နောက် … 🌟🌟🌟

Jaguar Land Rover ကားတွေဆိုတာ .. လမ်းကြမ်းပဲဖြတ်သန်းရမလား ..၊ မြို့တွင်းမှာပဲ ဇိမ်ခံပြီး စီးမလား .. ဘယ်လိုအခြေအနေမျိုးမှာမဆို အင်မတန်လိုက်ဖက်တဲ့ နည်းပညာမြင့်ကားတွေပါ။
ဒါပေမဲ့ မတူညီတာတစ်ခုက မြို့တွင်းမှာ မောင်းနှင်ပြီးချိန်နဲ့ လမ်းကြမ်းတွေမှာ မောင်းနှင်ပြီးချိန်တွေ ကားကို ထိန်းသိမ်းပြုပြင်ရတဲ့ ပုံစံတွေက မတူညီပါဘူး။ 🛠️

ပုံမှန်အားဖြင့် လမ်းကြမ်းတွေကို မောင်းနှင်ပြီးတဲ့နောက်မှာ အဓိက စစ်ဆေးရမယ့်အရာနှစ်ခုရှိပါတယ်။
အဲဒါကတော့ Brake နဲ့ Suspension ပါပဲ။

ရွှံ့နွံတွေ၊ ဖုန်မှုန့်တွေနဲ့ သဲတွေ နဲ့ ကြမ်းတမ်းတဲ့လမ်းမောင်နှင်တဲ့အခါ ဘရိတ်ပြား (Brake Pads) နဲ့ ဒစ်ပြား (Rotors) ကြားထဲမှာ ပွတ်တိုက်မှုဖြစ်စေပြီး ဘရိတ်စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။ ဘရိတ်နင်းတဲ့အခါ ပုံမှန်မဟုတ်တဲ့ အသံထွက်တာ ဒါမှမဟုတ် တုန်ခါတာမျိုးရှိတတ်တာကြောင့် Brake ကို အထူးစစ်ဆေးဖို့ လိုအပ်တာပါ။ 🛑

ပြီးတော့ JLR ရဲ့ နာမည်ကျော် Air Suspension စနစ်ဟာ လမ်းကြမ်းဒဏ်ကို အကောင်းဆုံး ခံနိုင်ရည်ရှိတယ်ဆိုပေမဲ့ ပြင်းထန်တဲ့ ရိုက်ခတ်မှုတွေကြောင့် Alignment လွဲတာ ဒါမှမဟုတ် ဆိုင်းထိန်းစနစ် အစိတ်အပိုင်းတွေမှာ ချောင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါဟာ ကားမောင်းရတာ ငြိမ်သက်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် Suspension ကိုလည်း အထူးစစ်ဆေးဂရုစိုက်ဖို့ လိုအပ်တာပါ။ 🏗️

အသေးအဖွဲလို့ ထင်ရတဲ့ အချက်လေးတွေကို ကြိုတင်မစစ်ဆေးမိရင် နောင်မှာ ပိုမိုကြီးမားတဲ့ ပြုပြင်စရိတ်တွေ ကုန်ကျနိုင်သလို လမ်းခရီးမှာလည်း အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် လမ်းကြမ်းတွေကို ဖြတ်သန်းပြီးတဲ့နောက်မှာ အမြဲတမ်း Brake နဲ့ Suspension တွေကို စစ်ဆေးဖို့လိုအပ်ပြီး၊
ဒီလို စစ်ဆေးတဲ့နေရာမှာ Jaguar Land Rover ကားတွေနဲ့ ပတ်သက်ပြီး
အတိကျဆုံးနဲ့ စိတ်အချရဆုံးကတော့ Jaguar Land Rover Myanmar Service ပဲ ဖြစ်ပါတယ်။ ✅✅✅

ကဲ … Jaguar Land Rover ကားတွေနဲ့ လမ်းကြမ်းတွေကို ဖြတ်သန်းပြီးရင်တော့
Brake နဲ့ Suspension တွေကို စစ်ဆေးဖို့ လိုမယ်နော်။

အချိန်မဆွဲဘဲ အခုပဲ Booking ရယူလိုက်ပါ!

📍 အမှတ် ၃၊ ၁၂ ရပ်ကွက်၊ အင်းစိန်လမ်း၊ လှိုင်မြို့နယ်။ 🗺️
☎️ Hotline: 09-953149376, 09-454881845 📞

"သင့်ရဲ့ JLR ကားများကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်ခြင်းက ခရီးစဉ်တိုင်းကို ပိုမိုအဓိပ္ပာယ်ရှိစေမှာပါ။" 🌟

“ခေတ်မီဇိမ်ခံကားတွေက ရေဒဏ်ကို အေးဆေးခံနိုင်တယ်” ဆိုတာ တကယ်ပဲလား? 🚗💦⚖️Jaguar Land Rover ကားတွေက နည်းပညာမြင့်မားပြီး ကြံ့ခ...
23/04/2026

“ခေတ်မီဇိမ်ခံကားတွေက ရေဒဏ်ကို အေးဆေးခံနိုင်တယ်” ဆိုတာ တကယ်ပဲလား? 🚗💦⚖️

Jaguar Land Rover ကားတွေက နည်းပညာမြင့်မားပြီး ကြံ့ခိုင်မှုအားကောင်းတာ မှန်ပေမဲ့
"ရေဒဏ်ကို လုံးဝဂရုစိုက်စရာမလိုဘူး" ဆိုတဲ့ အယူအဆကတော့ မှားယွင်းပါတယ်။

အထူးသဖြင့် သင်္ကြန်ကာလအတွင်း ရေပက်ခံထွက်ထားတဲ့ ကားတွေအတွက် သိထားသင့်တဲ့ အချက်တွေကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်။
❌ Myth: "ခေတ်ပေါ်ကားတွေက ရေလုံအောင် လုပ်ထားတာပဲ၊ အင်ဂျင်ခန်းထဲ ရေဝင်လည်း ဘာမှမဖြစ်ဘူး။"
✅ Fact: ကားအပြင်ပိုင်းက ရေဒဏ်ခံနိုင်အောင် ဒီဇိုင်းထုတ်ထားပေမယ့် အင်ဂျင်ခန်းထဲမှာ သိမ်မွေ့တဲ့ Electrical Systems (Sensors, Connectors, Modules) တွေ အများကြီး ရှိပါတယ်။ ဒီနေရာတွေကို ဖိအားပြင်းတဲ့ ရေတွေဝင်သွားရင် ရေရှည်မှာ ဆားပေါက်တာ၊ ဝါယာရှော့ဖြစ်တာနဲ့ စနစ်တွေ ချို့ယွင်းတာမျိုး ဖြစ်နိုင်ပါတယ်။ ⚡🛠️

❌ Myth: "ရေစိုသွားတဲ့ အတွင်းခန်းကို သူ့အလိုလို အခြောက်ထားလိုက်ရင် ရပြီ။"
✅ Fact: JLR ရဲ့ Premium Leather ထိုင်ခုံတွေနဲ့ ခမ်းနားတဲ့ ကော်ဇောတွေအောက်မှာ ရေငွေ့တွေ အောင်းကျန်နေတတ်ပါတယ်။ ဒါကို သေချာ Clean မလုပ်ဘဲ ထားလိုက်ရင် အနံ့အသက်ဆိုးထွက်တာတင်မကဘဲ မှို (Mold & Mildew) တက်လာပြီး အတွင်းခန်းရဲ့ တန်ဖိုးကို ကျဆင်းစေပါတယ်။ 🪑🦠

❌ Myth: "ကားက မောင်းလို့ရနေသေးတာပဲ၊ ဘာမှ စစ်စရာမလိုပါဘူး။"
✅ Fact: ရေကြောင့်ဖြစ်တဲ့ ပျက်စီးမှုတွေက ချက်ချင်းမပေါ်ဘဲ တဖြည်းဖြည်းချင်းမှ ပေါ်လာတတ်တာပါ။ အထူးသဖြင့် Air Filter ထဲ ရေငွေ့ဝင်တာ ဒါမှမဟုတ် ဘရိတ်ပိုင်းမှာ ရွှံ့နွံတွေ ကပ်ကျန်တာမျိုးကို ကြိုတင်မစစ်ဆေးမိရင် နောင်မှာ ပြုပြင်စရိတ် ပိုမိုကုန်ကျနိုင်ပါတယ်။ 💰⚠️

ဒါကြောင့် .. လူကြီးမင်းတို့ရဲ့ နည်းပညာမြင့်မားပြီး ကြံ့ခိုင်မှုအားကောင်းတဲ့ Jaguar Land Rover ကားတွေကို ရေဒဏ်ကြောင့် ရေရှည်ထိခိုက်မှုတွေ မဖြစ်ရအောင် Jaguar Land Rover Myanmar Service Center မှာ Professional ကျကျ စစ်ဆေးသန့်စင်ဖို့ တိုက်တွန်းလိုက်ပါရစေ။

အခုပဲ Service Booking ရယူလိုက်ပါ! 📅✅
📍 အမှတ် ၃၊ ၁၂ ရပ်ကွက်၊ အင်းစိန်လမ်း၊ လှိုင်မြို့နယ်။ 🗺️
☎️ Hotline: 09-953149376, 09-454881845 📞

"သင့်ရဲ့ JLR ကားများကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်ခြင်းက ခရီးစဉ်တိုင်းကို ပိုမိုအဓိပ္ပာယ်ရှိစေမှာပါ။" 🌟

“အတွင်းခန်းနဲ့ အင်ဂျင်ခန်းကိုလည်း ဂရုစိုက်ဖို့ မမေ့နဲ့နော်” 🚗✨ပုံမှန်အားဖြင့် သင်္ကြန်ကာလပြီးတဲ့အချိန်မှာ Jaguar Land Ro...
21/04/2026

“အတွင်းခန်းနဲ့ အင်ဂျင်ခန်းကိုလည်း ဂရုစိုက်ဖို့ မမေ့နဲ့နော်” 🚗✨

ပုံမှန်အားဖြင့် သင်္ကြန်ကာလပြီးတဲ့အချိန်မှာ Jaguar Land Rover ပိုင်ရှင်တွေအနေနဲ့ ကားအောက်ပိုင်းနဲ့ ထင်သာမြင်သာရှိတဲ့ ဘော်ဒီပိုင်းတွေကို ပိုပြီး ဂရုစိုက်ကြလေ့ရှိပါတယ်။ 🧼🛣️
ဒါပေမဲ့ တကယ်တမ်းမှာ အတွင်းခန်းနဲ့ အင်ဂျင်ခန်းကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါသေးတယ်။ 🛠️💡

အထူးသဖြင့် အတွင်းခန်းနဲ့ပတ်သက်ရင် သင်္ကြန်ကာလမှာ ရေစိုတာတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အနံ့အသက်ဆိုးတာတွေ၊ မှိုတက်တာတွေ၊ အရောင်မှိန်တာမျိုးတွေ မဖြစ်ရအောင်လို့ သေချာသန့်ရှင်းပေးဖို့ လိုအပ်သလို၊ ရေငွေ့နဲ့ ဖုန်မှုန့်တွေ အများဆုံးရှိတတ်တဲ့ အင်ဂျင်ခန်းကိုလည်း Electrical System တွေ မထိခိုက်စေဘဲ အသေးစိတ် သန့်စင်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ 🌬️⚡
ဒါကြောင့် .. လူကြီးမင်းတို့ရဲ့ Jaguar Land Rover ကားတွေရဲ့ အတွင်းခန်းနဲ့ အင်ဂျင်ခန်းကိုလည်း ဂရုစိုက်ပြီး Cleaning လုပ်ဖို့အတွက် အကြံပေးချင်ပါတယ်။ 💎🧤

Jaguar Land Rover ကားတွေနဲ့ပတ်သက်ပြီး ဘာပဲလိုလို Jaguar Land Rover Myanmar Service ကို အရောက်လှမ်းခဲ့ဖို့လည်း ဖိတ်ခေါ်လိုက်ရပါတယ်။ 🏛️🤝
အခုပဲ Service Booking ရယူလိုက်ပါ! 📅✅

📍 Location: အမှတ် ၃၊ ၁၂ ရပ်ကွက်၊ အင်းစိန်လမ်း၊ လှိုင်မြို့နယ်။ 🗺️ ☎️ Hotline: 09-953149376, 09-454881845 📞
"သင့်ရဲ့ JLR ကားများကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်ခြင်းက ခရီးစဉ်တိုင်းကို ပိုမိုအဓိပ္ပာယ်ရှိစေမှာပါ။" 🌟

သင်္ကြန်ကာလအပြီး JLR ရဲ့ စွမ်းဆောင်ရည်ကို အကောင်းဆုံး ပြန်လည်ထိန်းသိမ်းလိုက်ပါ။ 🚗💨သင်္ကြန်ပိတ်ရက်အတွင်း ခရီးဝေးတွေ၊ ရေစိ...
20/04/2026

သင်္ကြန်ကာလအပြီး JLR ရဲ့ စွမ်းဆောင်ရည်ကို အကောင်းဆုံး ပြန်လည်ထိန်းသိမ်းလိုက်ပါ။ 🚗💨

သင်္ကြန်ပိတ်ရက်အတွင်း ခရီးဝေးတွေ၊ ရေစိုနေတဲ့လမ်းတွေကို မောင်းနှင်ခဲ့ပြီးပြီဆိုတော့ လူကြီးမင်းတို့ရဲ့ Jaguar Land Rover ကားတွေဟာ လမ်းအခြေအနေအမျိုးမျိုး၊ ဖုန်မှုန့်နဲ့ ရေငွေ့ဒဏ်တွေကို ကြုံတွေ့ခဲ့ရနိုင်ပါတယ်။ 🌧️🛣️

အလုပ်ပြန်မဝင်ခင်မှာ လူကြီးမင်းတို့ Jaguar Land Rover ကားတွေရဲ့ စွမ်းဆောင်ရည်ဟာ မူလအတိုင်း အထစ်အငေါ့မရှိ ကောင်းမွန်နေစေဖို့အတွက် "Full Vehicle Inspection" နဲ့ စစ်ဆေးဖို့ တိုက်တွန်းလိုပါတယ်။ 🛠️⭐

ဘာတွေ စစ်ဆေးရမလဲ ..? 🤔

🔹 Fluid Levels Check: အင်ဂျင်ဝိုင်၊ ကူးလန့် (Coolant) နှင့် ဘရိတ်ဆီများ လိုအပ်ချက်ရှိမရှိ စစ်ဆေးခြင်း။ 💧

🔹 Undercarriage & Suspension: ခရီးဝေးမောင်းနှင်မှုကြောင့် ကားအောက်ပိုင်း ထိခိုက်မှုရှိမရှိနှင့် ဆိုင်းထိန်းစနစ်များကို စစ်ဆေးခြင်း။ 🏗️

🔹 Braking System: ဘရိတ်ရှူးနှင့် ဘရိတ်ဒစ်များ၏ ကြံ့ခိုင်မှုကို စစ်ဆေးခြင်း။ 🛑

🔹 Air Filtration: သင်္ကြန်ကာလ ဖုန်မှုန့်များကြောင့် ပိတ်ဆို့နိုင်သည့် Air Filter များကို သန့်စင်/လဲလှယ်ခြင်း။ 🌬️

🔹 Tire Health: တာယာလေဖိအားနှင့် ပွန်းစားမှု အခြေအနေများကို စစ်ဆေးခြင်း။ 🛞

အစရှိတာတွေကို စစ်ဆေးဖို့ လိုအပ်ပါတယ်။ 🧐

ဘယ်မှာ စစ်ဆေးမလဲ …? 🏛️

လူကြီးမင်းတို့ရဲ့ Jaguar Land Rover ကားတွေအတွက် ယုံကြည်စိတ်အချရဆုံးနဲ့ အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေကို ရယူဖို့အတွက်ဆိုရင်… 🎖️
Jaguar Land Rover Myanmar Service ကို သာ အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ✨

Jaguar Land Rover Myanmar Service ကျွမ်းကျင်ပညာရှင်တွေက Checklist အချက်အလက်များကို အသေးစိတ် စစ်ဆေးပေးသွားမှာဖြစ်တဲ့အပြင်၊ 👨‍🔧

အရည်အသွေးမြင့် စက်ပစ္စည်းတွေ၊၊ စိတ်ချရတဲ့ Genuine Parts တွေကိုသာ အသုံးပြုပြီး ဝန်ဆောင်မှုပေးနေတာကြောင့် လူကြီးမင်းတို့ရဲ့ Jaguar Land Rover ကားတွေကို အမြဲတမ်းအသစ်အတိုင်း ဖြစ်နေစေမှာပါ။ 💎

အခုပဲ Service Booking ရယူလိုက်ပါ! 📅✅

📍 Location: အမှတ် ၃၊ ၁၂ ရပ်ကွက်၊ အင်းစိန်လမ်း၊ လှိုင်မြို့နယ်။ 🗺️
☎️ Hotline: 09-953149376, 09-454881845 📞

"သင့်ရဲ့ JLR ကားများကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်ခြင်းက ခရီးစဉ်တိုင်းကို ပိုမိုအဓိပ္ပာယ်ရှိစေမှာပါ။" 🌟

Address

No3, Insein Road
Hlaing
11051

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30
Sunday 08:30 - 15:00

Telephone

+959953149376

Website

https://www.landrovermyanmar.com/

Alerts

Be the first to know and let us send you an email when Jaguar Land Rover MM Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Jaguar Land Rover MM Service:

Share