BC MM - Battery Services Centre

BC MM - Battery Services Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BC MM - Battery Services Centre, Automotive, aircraft & boat, Yangon, Dagon.

" ညီလေးရေ  ပူတဲ့ ဒဏ် မခံနိုင်လို့ " ဆိုပြီးAircon သုံးဖို့အတွက် Eastman TubuLar Battery (2)လုံး လာရောက် အားပေးသွားတဲ့ အတ...
22/03/2024

" ညီလေးရေ ပူတဲ့ ဒဏ် မခံနိုင်လို့ " ဆိုပြီး

Aircon သုံးဖို့အတွက် Eastman TubuLar Battery (2)လုံး လာရောက် အားပေးသွားတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။


" ဟာ မီးပျက်သွားပြန်ပြီ.... "ဒီစကားလုံးကိုတော့ ကျနော်တို့ မြန်မာပြည်မှာနေ့စဥ်နဲ့အမျှ ကြားနေရတာ ဖြစ်လို့နားပါးဝနေပြီလို့ ...
22/03/2024

" ဟာ မီးပျက်သွားပြန်ပြီ.... "

ဒီစကားလုံးကိုတော့ ကျနော်တို့ မြန်မာပြည်မှာနေ့စဥ်နဲ့အမျှ ကြားနေရတာ ဖြစ်လို့
နားပါးဝနေပြီလို့ ဆိုရမယ်ထင်ပါတယ်။

#ကားဆရာကြီး

မနက်ကဖြင့် မိုးမလင်းသေးဘူး မီးက ကြိုပျက်နေပြီ၊ အိပ်ယာက ထ ၊ မှောင်မှောင်မည်းမည်းနဲ့မျက်နှာထသစ် ၊ မိန်းမဖြစ်သူကလည်း မီးသွေးမီးဖိုနဲ့ ထမင်းထ တည် ၊ တအိမ်လုံး မီးခိုးတွေမွန်လို့ပေါ့ဗျာ...။

ကဲ ထမင်းကျက်ပါပြီတဲ့
ညက ကျန်တဲ့ ဟင်းလက်ကျန်လေးနဲ့ ဖြစ်သလိုစားရတာပဲဗျာ။ လုပ်ငန်းခွင်ဝင်ဖို့ ကားသော့ယူ အိမ်အောက်ထပ်ကို ဆင်းပြီး
ကားစက်ကို နှိုးလိုက်တော့ " အစ် အစ် အစ် "
ဘက်ထရီကပါဝပ်နေလို့ ဘက်ထရီဆိုင်ကို ကားထောက်နှိုးပေးဖို့ ဖုန်းလှမ်းဆက်ရပြန်တယ်။

ကားစက်နှိုးပြီဆိုတော့ ကားကို ရဲရဲမမောင်းရဲပြန်ဘူး ၊ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုအကြောင်းနဲ့ ထိုးရပ်သွားမလဲ ဆိုပြီး စိတ်ပူနေရပြန်တယ်။

ညနေ ကားသိမ်းပြီးလို့ အိမ်ပြန်ရောက်ပြီဆိုတာနဲ့ ရေကန်ထဲ ရေက ချိုးစရာမရှိပြန်ဘူး။
သား သမီးတွေ ချိုးလို့ တဝက်နီးပါးကျန်နေတဲ့
ရေကန်ကို ​မမြင်သလိုနဲ့ အိမ်အောက်ထပ်ကို ဆင်းလာခဲ့လိုက်တယ်။ ကိုယ်က အိမ်ထောင်ဦးစီးလေ မနက်အိပ်ရာနှိုးတာနဲ့ ထမင်းတည်စရာ ၊ ခလေးတွေ မျက်နှာသစ်ဖို့က ရေလိုသေးတယ်မလား ။ ကိုယ်က အလွယ်တကူ ဘယ်လိုစိတ်နဲ့ ခပ်ချိုးရမလဲဗျာ။ ဖခင်ဆိုတာလည်း မိသားစုတွေအပေါ် မေတ္တာစိတ်အပြည့်ဝရှိတဲ့ လူသားမဟုတ်လား။

ညအိပ်ရာဝင်ကြပြီဟေ့ ဆိုတော့လည်း
မီးကပျက်နေလေတော့ ခလေးတွေက ပူလို့ အိပ်မရ ၊ တစ်နေ့ကုန် လူက ပင်ပန်းလာတော့
ည ၁၀နါရီဆိုတာ အရမ်းနောက်ကြနေပြီလို့ ထင်မိတယ်။

ဒီလိုနဲ့ စိတ်ညစ်စရာတွေကြားက ရုန်းထွက်ဖို့ကို ကားဘက်ထရီလဲဖို့ရယ် ၊ အိမ်မှာ အင်ဗာတာဆင်ဖို့ရယ်ကို တွေးပြီး ၊ မိမိကားစ မောင်းပြီဆိုကတည်းက လက်တွဲလာခဲ့တဲ့
" Bellco Min Min " ဆိုင်ကိုပဲပေါ့ဗျာ။

အခုဆိုရင် မနက်ခင်းတိုင်း ပြုံးပြုံးလေးနဲ့
ပျော်နေတတ်တဲ့ ကားဆရာက ဆိုင်ဖွင့်နေတဲ့
ကျနော်တို့ကို မနက်တိုင်း နှုတ်ဆက်နေတာကို
သာယာကြည်နှုးဖွယ် တွေ့မြင်နေရပါပြီခင်ဗျာ။

ဒါကြောင့် လူကြီးမင်းတို့လည်း ဘက်ထရီနဲ့
ပက်သက်ပြီး ဘယ်သောအခါမှ စိတ်ညစ်မခံကြပါနဲ့ဗျို့။

ကျနော်တို့ " Bellco Min Min "ဘက်ထရီဆိုင်တွင် ရရှိနိုင်သော....

ကားသုံး ၊ မီးစက်သုံး ၊ ဆိုလာသုံး ၊ အင်ဗာတာသုံး ၊ ဆိုင်ကယ်သုံး ၊ စက်ဘီးသုံး ၊ LED မီးလုံးသုံး ဘက်ထရီအစုံကို ဝယ်ယူရရှိနိုင်ပါပြီ။

Thailand Made
Vietnam Made
Korea Made
India Made
P.R.C Made
Indonesia Made စတဲ့ နိုင်ငံခြားထုတ် ဘက်ထရီအမျိုးမျိုးကို ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းလေး ပါးလိုက်ပါရစေခင်ဗျာ။

ဆိုင်မှာပဲ လာရောက်ကြည့်ရူ့မလား 🙏
အွန်လိုင်းပေါ်ကပဲ စုံစမ်း မေးမြန်းမလား 🙏
အချိန်မရွေး ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။⚛

ဒါအပြင် Inverter တွေလည်း ရရှိနိုင်ပြီဖြစ်ပါတယ်။🤗

ဆိုင်ခွဲရှိရာ မြို့နယ်တိုင်းအတွက် ပို့ဆောင်ခ / တပ်ဆင်ခ အခမဲ့ / ပို့ဆောင်ခ ( Free) ။

K-Pay တို့ဖြင့် % ပေးစရာမလိုဘဲ ငွေပေးချေနိုင်ပါတယ်။

ဆိုင်လိပ်စာ = ( ပ / 16) 37ရပ်ကွက် ၊
ပြည်ထောင်စုလမ်းမကြီး ၊ စွမ်းအင်မှတ်တိုင်အနီး ၊
မြောက်ဒဂုံ။

- 09421057395 , 09404720536


*ဘက်ထရီ အခြေခံ သဘောတရား Battery Principlesကနေ့ ခေတ်လို အင်ဗာတာတွေ ဘက်ထရီတွေ ခေတ်စားလာချိန် ။ Battery အကြောင်းကို မိတ်ဆွေ...
14/03/2024

*ဘက်ထရီ အခြေခံ သဘောတရား Battery Principles

ကနေ့ ခေတ်လို အင်ဗာတာတွေ ဘက်ထရီတွေ ခေတ်စားလာချိန် ။ Battery အကြောင်းကို
မိတ်ဆွေများအနေဖြင့် စနစ်တကျ သိစေလိုပါသည် ။ Lead Acid Battery အကြောင်းကို ဦးစွာ ဆွေးနွေးတင်ပြလိုပါသည် ။ အခြားသော ဘက်ထရီများဖြစ်သည့် ၊ Tubular , Lithium , LifePo4 စသည့် ဘက်ထရီများအကြောင်းကိုလည်းဆက်လက်ဆွေးနွေး လိုပါသေးသည် ။

ခဲအက်ဆစ် ဘက်ထရီ Lead Acid Battery သည် မော်တာယာဉ်များ ၊ သင်္ဘောများ နှင့် အင်ဂျင်စက်များအတွက် မရှိမဖြစ်လိုအပ်သည့် ပစ္စည်းဖြစ်ပါသည် ။ ထို့အတူ အင်ဗာတာအတွက်လည်း ဘက်ထရီသည် အရေးပါသည့် ပစ္စည်းဖြစ်ပါသည် ။ ဘက်ထရီမကောင်းလျှင် မော်တာယာဉ် နှင့် အင်ဂျင်စက်များကို နှိုးရန် ခက်ခဲသကဲ့သို့ အင်ဗာတာသည်လည်း ပြည့်ဝစွာ အလုပ်မလုပ်နိုင်တော့သည့် အပြင် Power Transistor များကိုလည်း လောင်ကျွမ်းပျက်စီး စေနိုင်ပါသည် ။ ယနေ့ခေတ်တွင်မူ FET များကို များစွာအသုံးပြုလာပြီဖြစ်သလို IGBT များကိုလည်း အများအပြားအသုံးပြုကြပါသည် ။

◾ ဘက်ထရီ၏ အခြေခံ သဘောတရား

ဘက်ထရီကကို Cell ဟု ခေါ်သည့် အခန်းငယ်များကို တန်းဆက်ပြုလုပ်ထားခြင်းဖြစ်ပါသည် ။ အခန်းငယ် တခန်းစီတွင် အဖိုခဲပြားတစုံ နှင့် အမခဲပြားတစုံ ပါဝင်ပြီး ကန့်ငရဲမီးခေါ် ဆာလ်ဖြူရစ်အက်စစ် Sulphuric Acid စိမ်ထားပါသည် ။ ဘက်ထရီအခန်းငယ် တခန်း၏ ဗို့အားကို 2.05 V ဟု စံသတ်မှတ်ထားပါသည် ။ ထို့ကြောင့် အခန်း ၃ ခန်းပါ ဘက်ထရီကို ၆ ဗို့ ဘက်ထရီ ၊ အခန်း ၆ ခန်းပါ ဘက်ထရီကို ၁၂ ဗို့ ဘက်ထရီ ၊ အခန်း ၁၂ ခန်းပါ ဘက်ထရီကို ၂၄ ဗို့ ဘက်ထရီ စသည်ဖြင့် အသီးသီး ခေါ်ဆိုကြခြင်းဖြစ်ပါသည် ။

ဘက်ထရီကို လျှပ်စစ်ဓါတ်အားဖြင့် အားသွင်းသည့်အခါ ဘက်ထရီသည် လျှပ်စစ်စွမ်းအင်ကို ဓါတုဗေဒ စွမ်းအင်အဖြစ်သို့ အသွင်းပြောင်းပြီး သိုလျှောင်ထားပါသည် ။ ဘက်ထရီအားသွင်းခြင်း လုပ်ငန်းစဉ်ကို Charging ဟုဆိုပြီး ဘက်ထရီအားသွင်းစက်ကို Battery Charger ဟုခေါ်ဆိုပါသည် ။

ဘက်ထရီတလုံးကို ပြန်လည်အသုံးပြုသည့်အခါ ဘက်ထရီအတွင်း သိုလှောင်ထားသည့် ဓါတုစွမ်းအင်သည် လျှပ်စစ်စွမ်းအင်အဖြစ်သို့ ပြန်ပြောင်းပေးပါသည် ။

◾ ဘက်ထရီစံနှုန်း

ဘက်ထရီတလုံးမှ လျှပ်စစ်စီးကြောင်း Ampere ထုတ်ပေးနိုင်သည့် ပမာဏသည် အတွင်းရှိ ပလိပ်ပြားများ အားလုံး၏ စုစုပေါင်း ဧရိယာအပေါ်တွင် အထိက မှီခိုနေပါသည် ။ ပလိပ်ပြား အရည်အတွက်များလေလေ ပလိပ်ပြား၏ မျက်နှာပြင်ဧရိယာကြီးလေလေ လျှပ်စီးကြောင်း Ampere များများထုတ်ပေးနိုင်လေ ဖြစ်ပါသည် ။ ထို့ကြောင့် အရွယ်ကြီးသည့် ဘက်ထရီသည် အရွယ်ငယ်သည့် ဘက်ထရီထက် လျှပ်စီးကြောင်း Ampere များများထုတ်ပေးနိုင်စွမ်းရှိပါသည် ။

ဘက်ထရီ တလုံးမှ လျှပ်စီးကြောင်း Ampere မည်မျှ ထုတ်ပေးနိုင်သည်ကို ဘက်ထရီစံနှုန်းဖြင့် ဖော်ပြလေ့ရှိပါသည် ။ ဘက်ထရီ စံနှုန်း သတ်မှတ်ပုံ အမျိုးမျိုးရှိပါသည် ။ ဘက်ထရီ စံနှုန်းသတ်မှတ်ပုံ အမျိုးမျိုး ရှိသည့် အနက် အဓိကအားဖြင့် နာရီ ၂၀ နှုန်း 20 - hour rate စနစ်ကို အသုံးများကြပါသည် ။

ဘက်ထရီတလုံးသည် ယင်း၏ အခန်းတခန်းစီ၏ ဗို့အားကို 1.75 V ထက်မလျော့ကျစေပဲ နာရီ ၂၀ ကြာအောင် အသုံးပြုနိုင်သည့် Ampere ကို ထုတ်ပေးနိုင်သည်ဆိုခြင်းကို နာရီ ၂၀ နာရီနှုန်းဟုခေါ်ဆိုခြင်းဖြစ်ပါသည်။

ဥပမာအားဖြင့် ၁၂ ဗို့ ဘက်ထရီတလုံးဆိုပါလျှင်
တခန်းလျှင် အနိမ့်ဆုံး 1.75
၆ ခန်း ဖြစ်သောကြောင့်
1.75 x 6 = 10.5 v

ဆိုလိုခြင်းမှာ နာရီ ၂၀ အသုံးပြုပြီးသည့်တိုင် ဘက်ထရီဗို့အားသည် ၁၀.၅ ဗို့ကျန်နေသေးပါက ၂၀ နာရီ စံနှုန်းဟု ခေါ်ဆိုကြပါသည် ။

100Ah Battery တလုံးကို တနာရီလျှင် 5 A ထုတ်ယူသုံးစွဲလျှင် နာရီ ၂၀ ကြာအောင် အသုံးပြုနိုင်ပါသည် ။ သို့သော် တနာရီလျှင် 10A ထုတ်ယူသုံ့းစွဲလိုက်ပါက ၁၀ နာရီ အသုံးပြု၍ ရမည်ဖြစ်သော်လည်း လက်တွေ့တွင် ၁၀ နာရီကြာအောင် အသုံးပြုနိုင်ခြင်းမရှိပါ ။

Lead Acid ဘက်ထီများဖြစ်သောကြောင့် DOD = Dead of Discharging 50% သာရှိသောကြောင့် ဘက်ထရီအိုးတလုံး၏ Ampere ထက်ဝက်သာလျှင် အသုံးပြုနိုင်မှာဖြစ်ပါသည် ။

#ဆရာဦးမောင်မောင်မြတ်


▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

No 16/Pa, 37 Ward „ Swan In Bus Stop „ Pyi Htaung Su Main Rd, Yangon

ဆက်သွယ်ရန် - 09421057395 / 09404720536



အကိုတို့ အမတို့ရေ ဘာလိုလည်း ၊ ဘာရှာလည်းကျနော်တို့ဆီမှာ အကုန်ရတယ်နော် 🤩
08/03/2024

အကိုတို့ အမတို့ရေ
ဘာလိုလည်း ၊ ဘာရှာလည်း
ကျနော်တို့ဆီမှာ အကုန်ရတယ်နော် 🤩




Dynex TubuLar Battert Inverter သုံးဖို့အတွက် လာရောက် အားပေးသွားကျေးဇူးတင်ပါတယ်ခင်ဗျာ။ကားသုံး ၊ အင်ဗာတာသုံး အစုံအလင် အားပ...
07/03/2024

Dynex TubuLar Battert

Inverter သုံးဖို့အတွက် လာရောက် အားပေးသွား
ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ကားသုံး ၊ အင်ဗာတာသုံး အစုံအလင် အားပေးလို့ ရပါပြီခင်ဗျာ။


Battery services ပညာသင်လိုသူတွေ အတွက် အထူးအခွင့်ရေး 💯ပညာလည်း ရ ၊ လစာလည်း ရမယ့် အစီစဥ်မို့စိတ်ဝင်စားသူများ လာရောက် လျှောက...
06/03/2024

Battery services ပညာသင်လိုသူတွေ အတွက် အထူးအခွင့်ရေး 💯

ပညာလည်း ရ ၊ လစာလည်း ရမယ့် အစီစဥ်မို့
စိတ်ဝင်စားသူများ လာရောက် လျှောက်ထားနိုင်ပါတယ်။

BC MM Services Center မှ Battery services အတွက် ပညာသင်ဝန်ထမ်း အလိုရှိသည်။

ပညာသင်ဖြစ်တဲ့အလျောက် ပညာအ​ရည်ချင်း မလိုအပ်ပါ။

နေထိုင် စားသောက်ဖို့ စီစဥ်ပေးမည်ဖြစ်၍ နေစားငြိမ်းဖြစ်ပါတယ်။

အမြို့မြို့အနယ်နယ်ရှိ ဆိုင်ခွဲတိုင်းတွင် တာဝန်ထမ်းဆောင်နိုင်ရမည်။

နယ်သမားများကို ဦးစားပေး ခေါ်ယူခြင်း ဖြစ်ပါသည်။

မှတ်ပုံတင်မူရင်း ပါရှိရမည်။
ရပ်ကွက်ထောက်ခံစာ ပါရှိရမည်။
(16) နှစ် မှ (25)နှစ်အတွင်း ဖြစ်ရမည်။

ရုံးချိန် မနက် (9)နာရီမှ ညနေ (5)နာရီအတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

လူကိုယ်တိုင် လာရောက် လျှောက်ထားလိုပါက

No 16/Pa, 37 Ward „ Swan In Bus Stop „ Pyi Htaung Su Main Rd, Yangon

ဆက်သွယ်ရန် - 09421057395 / 09404720536


ရွေးချယ်စရာတွေ များလို့ ရွေးချယ်ခက်နေရင်MEGA Battery ကို ရွေးပါ 😍
05/03/2024

ရွေးချယ်စရာတွေ များလို့ ရွေးချယ်ခက်နေရင်
MEGA Battery ကို ရွေးပါ 😍

BC MM ရဲ့ ကုသိုလ်ယူမှုလေး တဖြတ် 😍
04/03/2024

BC MM ရဲ့ ကုသိုလ်ယူမှုလေး တဖြတ် 😍

Medical လူငယ်များ / လူမှုကူညီရေးအသင်း အတွက်နိုင်တဲ့နေရာကနေ ၊  BC MM ရဲ့ အလှူဒါနလေးပါခင်ဗျာ 🙏🏻
28/02/2024

Medical လူငယ်များ / လူမှုကူညီရေးအသင်း အတွက်
နိုင်တဲ့နေရာကနေ ၊ BC MM ရဲ့ အလှူဒါနလေးပါခင်ဗျာ 🙏🏻

 #ဆိုင်ပိတ်ရက်_ကြေငြာခြင်း 25.2.2024 ရက်နေ့တွင် " Bellco မင်းမင်း " ဆိုင်ခွဲများအားလုံး ဆိုင်တစ်ရက် ပိတ်ပါသည်။BC MM မိသာ...
24/02/2024

#ဆိုင်ပိတ်ရက်_ကြေငြာခြင်း

25.2.2024 ရက်နေ့တွင် " Bellco မင်းမင်း " ဆိုင်ခွဲများအားလုံး ဆိုင်တစ်ရက် ပိတ်ပါသည်။

BC MM မိသားစု၏ (14)နှစ်ပြည့် အထိမ်းမှတ်အနေနဲ့
ဆိုင်တစ်ရက်ပိတ်မည်ဖြစ်ကြောင်း အသိပေး အကြောင်းကြား အပ်ပါတယ်ခင်ဗျာ။

Bellco Min Min - Battery Shop ပင်ရင်း
BC MM - Battery Services Centre

တပို့တွဲ လပြည့်နေ့ BC MM ရဲ့ ထမနှဲအလှူ 😍
24/02/2024

တပို့တွဲ လပြည့်နေ့ BC MM ရဲ့ ထမနှဲအလှူ 😍



Address

Yangon
Dagon
11421,11422

Telephone

+959421057395

Website

Alerts

Be the first to know and let us send you an email when BC MM - Battery Services Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share