i KOOL Coolant

i KOOL Coolant i KOOL Coolant is the best quality coolant and technology by USA

10/06/2026
ကားမောင်းလာခဲ့တဲ့ နှစ်လေးဆယ်ကျော် သက်တမ်းတစ်လျှောက်မှာ….ကားမောင်းနှင်နေတုန်း ဂရုစိုက်စရာဖြစ်စဉ် များထဲမှာ….ကားအင်ဂျင် အပ...
10/06/2026

ကားမောင်းလာခဲ့တဲ့ နှစ်လေးဆယ်ကျော် သက်တမ်းတစ်လျှောက်မှာ….
ကားမောင်းနှင်နေတုန်း ဂရုစိုက်စရာဖြစ်စဉ် များထဲမှာ….
ကားအင်ဂျင် အပူရှိန် မြင့်တက်ခြင်းက အရေးပါတဲ့ ကိစ္စတစ်ခုပါပဲ….( ကြုံရတိုင်း ချွေးပျံရတယ်..)

ကျနော် အသုံးပြုပြီးခဲ့ Corolla 74 ,Sunny ,Publica က စခဲ့ တာ ခုခေတ် ကားအမျိုးအစား အတော်များ အထိပဲ ဆိုပါတော့…( ကိုယ့်ကားလည်းပါသလို မိတ်ဆွေ အပေါင်းအသင်း ကားတွေလည်း ပါပါတယ် )

ပြင်ဆင်သူတစ်ယောက် အနေနှင့် မဟုတ်ပဲ ယာဉ်မောင်းသူတစ်ယောက်အနေနဲ့ ….ကားအင်ဂျင်ရဲ့ အပူရှိန် ကို အမြဲမပြတ် သတိထား ခဲ့တဲ့ အကျင့် ဟာ ….( မိမိဖာသာ လုပ်ယူ ခဲ့ရတာပါ )…

အင်ဂျင်ပူလို့…ကားက ထိုးရပ်သွားတာ…
အင်ဂျင်ပူလာပြီး ကားက မဆွဲတော့တာ….
ပလပ်က မီးသံတွေ ပေးလာတာ…
ဆူနေတဲ့ ရေတွေ ပန်းထွက် လာလို့ အထှာမသိခင်က အပူလောင် ဖူးတာ…

ရေက အင်ဂျင်ရဲ့ အပြင်ကို ထိသွား လို့ရတဲ့ သံသင်း အနံ…
အပူလွန် အင်ဂျင်ထဲ က သံချင်းပွတ်ပြီး ထွက်လာတဲ့အနံ….( သံညှော်နံ )….
စသဖြင့် သော ခံစားမှုတွေကို ဆုံးရှုံးမှု ဒုက္ခရင်းပြီး သိလာခဲ့ရတာပါ…

ဒါ့ကြောင့် အင်ဂျင်ပူလာ လျင် ဖြစ်တတ်နေတတ်တဲ့ အကြောင်းလေးတွေ မှတ်သားထားသမျှ ဖေါက်သည် ချရအောင်ပါ…လိုအပ်ပါကလည်း ဖြည့်စွက်ကြပါ…
ခုပြောမှာတွေက ကိုယ်တွေ့ တွေပါ…

၁။ ကားရေတိုင်ကီ ထဲ ရေနဲ တဲ့အခါ heat တက်ပါတယ်….

၂။ရေတိုင်ကီ အတွင်း မှာ ရေပြည့်နေသော်လည်း လေခို နေလျင်လည်း Heat တက်ပါတယ် …

၃။ကားဘီးတွေ လေလျော့ပြီး လီဘာ ဖိနင်း နေရလျင်လည်း Heat တက်ပါတယ်…

၄။Over weight တင်ပြီး မောင်းရလျင် …ကုန်းမြင့်တွေ တက်ရလျင် heat တက်ပါတယ်…

၅။ ရေတိုင်ကီ အပြင်ဘက်မှာ ဖုန် / အမှိုက် / ပလက်စတစ် အိပ် / သစ်ရွက်တွေ ကပ်နေလျင်လည်း Heat တက်ပါတယ်…

၆။ရေတိုင်ကီ အတွင်း မြောင်းတွေ ပိတ်နေလျင် ဂျီးတွေ များနေလျင်လည်း Heat တက်ပါတယ်…

၇။ ရေတိုင်ကီ အတွင်းက ရေတွေဟာ…ချိုနေမယ်…ငန်နေမယ်…ချဉ်နေမည် ဆိုပါကလည်း Heat တက်ပါတယ်…( ထိုအကြောင်း တခါက ရွှေမြင်သာမှာ ဆောင်းပါး ရေးဖူးပါ တယ် )

၈။အင်ဂျင်မှာ ကပ်လျက်ပါတဲ့ ရေလည် အုံက ဓလက်တွေ ကျိုးပဲ့ တုံး ပြီး မရှိတော့လျင်လည်း ရေလည်ပါတ်အား အားနဲ မှု ကြောင့် Heat တက်ပါတယ်…ရေလည်အုံ ဘောက ဂျမ်းဖြစ်ပြီး မလည်တော့ လျင်လည်း Heat တက်ပါတယ်…

၉။အင်ဂျင် နဲ့ ဆက်လျက်ရှိသော ဖန် ပူလီတွေ ပူလီကြိုးတွေ မကောင်းလျင်လည်း Heat တက်ပါတယ်…

၁၀။ ပူလီကြိုးတွေ က မတင်းပဲ စလစ် ဖြစ်နေလျင်လည်း Heat တက်ပါတယ်….ပူလီကြိုး ပြတ်လျင်လည်း Heat တက်ပါတယ်….ပူလီကြိုးပါးပြီး ဆွဲအားမကောင်းတော့လျင်လည်း ဖြစ်ပါတယ်…

၁၁။စက်မမှန်လို့ ဖေါင်းဒိုင်း( ဗိုလ်အောင်ဒင် )ဖြစ်နေလျင်လည်း Heat တက်ပါတယ်…

၁၂။ ဂီယာကြီး နဲ့ မောင်းနေ လျင်လည်း Heat တက်ပါတယ်…

၁၃။ ရာသီဥတု ပူလွန်းလျင်လည်း Heat တက်ပါတယ်…

၁၄။ပန်ကာတွေ ပြောင်းပြန်လည်နေလျင်လည်း Heat တက်ပါတယ်…

၁၅။ ပန်ကာတွေ အလည် နှေးနေလျင်လည်း Heat တက်ပါတယ်…( နှေးတဲ့ ပန်ကာကို ပုံမှန်အနေအထား မြန်အောင်လုပ်ပါ….အပိုပန်ကာတပ်လို့ မီးလောင်တာ ကြုံဖူးပါတယ်…ဝါယာရင်း သေချာဖို့ရယ်…ဝါယာကြိုးတွေရဲ့ ခံနိုင်ရည်ပါ အရေးကြီးပါတယ် )

၁၆။ပန်ကာ ဒလက်တွေ ကျိုးပဲ့ နေလျင်လည်း Heat တက်ပါတယ်….

၁၇။ ကလပ် ဘရိတ် ပါးနေလျင်လည်း ကြာကြာမောင်းလျင် Heat တက်ပါတယ်…

၁၈။အင်ဂျင်ဝိုင် နဲနေလျင်လည်း Heat တက်ပါတယ်…

၁၉။အင်ဂျင်ကို တဗျင်းဗျင်း နင်းကာ မောင်းလျင်လည်း Heat တက်ပါတယ်….

၂၀။ ပန်ကာလေရဲ့ လားရာဟာ…ကားရှေ့ကနေ ရေတိုင်ကီ အပူကွိုင်တွေ ကို ဖြတ်ပြီး အင်ဂျင် ဘက်ကို သွားရပါမယ်…ပန်ကာ အလည်မှားလို့…လေက ရှေ့ကိုပြန်တွန်း နေလျင်လည်း heat က အတော့်ကိုတက်ပါတယ်…( ဆော့ကက် အတပ်မှား တဲ့ အခါမျိုးမှာ ပြောင်းပြန်လည်တတ်ပါတယ်)
အချို့မော်တာ ပန်ကာ တွေက တော့ ကာဗွန် တိုနေပြီး တုတ်ခလေးနဲ့ ထိလိုက်မှ လည်ပါတယ်…

၂၁။ ကားရေတိုင်ကီအဖုံးတွေ မကောင်းလျင်လည်း ရေတွေပျောက်ပြီး Heat တက်ပါတယ်…

၂၂။ အင်ဂျင် ကျနေလျင်လည်း Heat တက်ပါတယ်…

၂၃။ အိတ်ဇောပိုက် ( မီးခိုး ထွက်ပိုက် ) ပိတ်လျင်လည်း Heat တက်ပါတယ်….

၂၄။ အဲယား ကလင်နာ ပိတ်လျင်လည်း Heat တက်ပါတယ်….

၂၅။အင်ဂျင်ထဲက အင်ဂျင်ဝိုင်တွေ ပစ်ခဲလျင်…အပေါ် ကို ပြန်ရောက် ဖို့ ကြန့်ကြာ နေလျင် ဇကာပိတ်လျင်လည်း Heat တက်ပါတယ်…

၂၆။ ကထိန်ကားတွေ အလှူခံ ကားတွေ ကားရှေ့က ရေတိုင်ကီနဲ့ ရှဲကို အုပ်ကာ ဗီနိုင်းတွေ ကပ်ထားလျင်လည်း လေ အဝင် ပိတ်သွားတာကြောင့် Heat တက်ပါတယ်….

၂၇။ သာမိုစတက် မကောင်းလျင်လည်း Heat တက်တတ်ပါတယ်…( ဟိုတုန်းကတော့ ဖြုတ်ထားလိုက်တာပါပဲ )

၂၈။ ဘရိတ်တွေကပ်နေလျင် သော်လည်းကောင်း …ဟန်းဘရိတ်ကြီး ဆွဲ ကာ မောင်းနေမိလျင်သော် လည်းကောင်း ….ညှော်နံများ ထွက် ဘရိတ်ကြီး တောင့်ကာ…Heat တက်တတ်ပါတယ်…

၂၉။ ကားဘက်ထရီတွေ မကောင်းတဲ့အခါ…ဒိုင်နမိုက အချိန်ပြည့် ရုန်းနေရပါတယ်…
အားပြည့်နေတဲ့အခါ…ဒိုင်နမို ကအလုပ်သိပ်မလုပ်ရပါဘူး…ဒိုင်နမိုလည်ပါတ်အား ဟာလည်း အင်ဂျင်နဲ့ တိုက်ရိုက်ပါတ်သက်တာမို့…အင်ဂျင် ပိုရန်းရတဲ့အခါ…Heat တက်ပါတယ်….( ဒါကတော့ ကျနော် တွေ့ကြုံ ဖူးခဲ့တာ မဟုတ်ပါဘူး မိတ်ဆွေတစ်ဦး မန့်ပေးတာပါ )

ခေတ်တွေ ဘယ်လိုပြောင်းပြောင်း….
ကားအင်ဂျင် ပူရတဲ့ အခြေခံ အချက်တွေပါပဲ….စက်ပြင် ဆရာတွေကတော့ ကိုယ့်ထက်ပိုပြီးအတွင်းပိုင်း က ကိစ္စတွေ သိပါလိမ့်မယ်…

ကျနော်ပြောတာကတော့…အလွယ်တကူသိနိုင် တဲ့ ယာဉ်မောင်း တစ်ယောက်ရဲ့ ကြုံတွေ့မှုလေးတွေပါ…
နောက်ဆိုလျင်တော့ အင်ဂျင်နဲ့ ကားအကြောင်း လေးတွေဟာ ပုံပြင် တစ်ခုလို ကျန်ခဲ့တော့မှာပါ….

စကားမစပ်….အင်ဂျင် Heat တက်ပြီး ပျက်စီးခြင်းမျိုး ဟာ အာမခံ အကာအကွယ် တွင် အကျုံး မဝင် ပါဘူးခင်ဗျာ….

ကားတွေအသုံးပြုရင်း အပူအပင်တွေ ကင်းကြပါစေ…🙏🏾
Crd........

29/11/2025
29/11/2025

တောင်ပေါ်လမ်းတွေကို
အိမ်သုံးကားဖြင့် မောင်းတော့မယ်ဆိုလျှင်

🚙အော်တို ဂီယာအသုံးပြုသူများအနေနဲ့
မြင့်မားသော တောင်အတက်များတွင်
အဲယားကွန်း❌ မဖွင့်ပါနှင့်၊
အဲယားကွန်းဖွင့်တက်ပါကEngine Loading များတဲ့အတွက် ကားအင်ဂျင် ပိုရုန်းရပါသည်။

⭐တောင်တက်ရန်အတွက် Second ဂီယာဖြစ်သောS, 2 တို့ဖြင့်သာ တောင်တက်ပါ။
D သာပါသော အော်တိုကားများတွင် Manual ပြောင်း၍ တက်သင့်ပါသည်။

⭐(Edit... D နဲ့ မောင်းလည်း S, 2 ဂီယာ
ချိန်းတာ ဒေါင်းတာ အတူတူပါလို့ ပြောလာတဲ့အတွက်အမှတ်မမှားစေရန် ပိုရှင်းလင်းစေရန်
အလို့ဌာရှင်းပြပေးလိုက်ပါတယ်ဗျာ။

✅အဲ့တာဟာ သာမန်မသိတဲ့သူတွေ ထင်တဲ့အယူအဆပါ။
S, 2 မှာထားတာနဲ့D. မှာထားတာက
ဘာကွာသလဲဆိုတော့ D မှာက အတက်အတွက်
S, 2 ထည့်ပေးသည့်တိုင် ဆီပေးတဲ့နှုန်း ThrottleShutter Engine Loading စတာတွေမတူပါ။

⭐D ရိုးရိုးထားတာနဲ့ O/D Off ထားပြီးသုံးတာ
ECT Power သုံးတာချင်းမတူပါ O/D Off ကတော့နောက်ဆုံးဂီယာ အသေးဆုံး တစ်ချက် 4,5 စသည်ဖြင့် မဝင်တော့ပါ။

⭐S, 2, ဂီယာသုံးထားရင် အင်ဂျင်ကွန်ထရိုးဘောက်ကနေ Engine Loading ပိုရုန်းနိုင်ရန်အတွက် Throttle Shutter ကို ပုံမှန်ထက် ၁၅ ရာခိုင်နှုန်းအထိ ပိုဖွင့်ကာ ဂီယာအချိန်းပြောင်းလုပ်ပေးပြီး...ပုံမှန်ထက်ဆီပိုပေး...
မီးပိုမြင့်ပေးပြီးEngine Power ပိုကောင်းလာအောင် ကူညီပေးပါတယ်။

⭐O/D နဲ့ ECT Power လည်း ထိုသဘောမျိုး
Engine Power ပိုကောင်းအောင်ကူညီပေးတာပါ။

✅ဒါကြောင့် နည်းပညာနဲ့ ပတ်သက်တာကို
တကယ် ထဲထဲဝင်ဝင်မသိလို့တကယ်အမှန်မသိလို့ D နဲ့ မောင်းရင်ချိန်းပေးတာ အတူတူပဲလို့
ပြောတာပါ။

⭐ဒီဇယ် Pickup ကားများနှင့် Manual ဂီယာသုံး အိမ်သုံးကားငယ်များတွင် ဂီယာကို ကြိုဒေါင်းပါ။
မနိုင်သောဂီယာနှင့် အတင်းဆွဲတက်ပါက
Manual ဂီယာကားများတွင် ကလပ်ပလိတ်ပြား မျက်နှာပြင်များ ချော်တတ်ပါသည်။

⭐မြင့်မားသော တောင်အဆင်းတွင်လည်း အော်တိုဂီယာဖြစ်စေ Manual ဂီယာဖြစ်စေ...
ဂီယာကြီးဖြစ်သော S, 2 စသော ဂီယာကြီးဖြင့်
အနည်းဆုံးဆင်းပါ။
အဆင်းရှည်သော တောင်ဆင်းများတွင်
ဂီယာအသေးဖြစ်သော 3, 4, D ဖြင့်ဆင်းပြီး ဘရိတ်အား ကြာရှည်စွာ မှေးထားပါက
တောင်ဆင်းတွင် ဘရိတ်ပျောက်တတ်ပါသည်။ ဘရိတ်ပျောက်ပါက ဘရိတ်အောက်ကျကာ
မမိတော့ပါ။

⭐ဘရိတ်ပျောက်ခဲ့ပါက မစိုးရိမ်ပဲ
ဂီယာဖြင့် ထိန်းရပ်ကာရပ်ပြီး နာရီဝက်ကျော်ခန့်
နားလိုက်ပါက ဘရိတ်နဂိုကဲ့သို့ အပေါ်
ပြန်တက်ကာ ကောင်းသွားပါလိမ့်မည်။

⭐တောင်တက် တောင်ဆင်း မျက်ကွယ်ကွေ့များတွင် ဟွန်းတီးရန် မမေ့ပါနှင့်။ ဟွန်းသံသည် ကျဉ်းမြောင်းသော တောင်ကွေ့များတွင်
နှစ်ဖက်လုံးအတွက် အန္တရာယ်ဖြစ်စေခြင်းမှ
ကာကွယ်နိုင်ပါသည်။

⭐တောင်တက် တောင်ဆင်းချောက်ကမ်းပါးနား
ကားချင်းကပ်ရှောင်ရာ၌ ဘေးကာတန်းနှင့် တိုင်မရှိသောနေရာများတွင်ဖို့ မြေသားပေါ် မနင်းပါနှင့်...မသေချာပါက ရပ်ထားကာ ရှောင်ပါ...
ဘယ်မောင်းကားများ မသေချာပါက
ရပ်ပြီးသာ ရှောင်သင့်ပါသည်။

တောင်တက် တောင်ဆင်းများတွင်ကားကြီးများကို ဦးစားပေးပါ။ကားကြီးများသည် ဝန်အလေးချိန်များသဖြင့်အချို့နေရာများ ဖို့မြေသားများတွင် ချောက်နုတ်ခမ်းအထိ ကပ်သွား၍ မရပါ။ ထို့ကြောင့် ကားကြီးများအား လမ်းဦးစားပေးပါ။

⭐တောင်တက် တောင်ဆင်းများတွင် တအိအိ တက်ဆင်းနေသော ကားကြီးများ
အနှောင့်အယှက် ဖြစ်စေရန် ဟွန်း တတီတီ တီး၍ လမ်းမတောင်းပါနှင့်။လမ်းလွတ်သောနေရာများတွင် လမ်းမတောင်းသည့်တိုင် နောက်ကားအား ကျော်ရန်နေရာပေးပါလိမ့်မည်။ကျော်မရသော လမ်းကျဉ်းများ လမ်းပေး မရသောနေရာများတွင် ဝန်အလေးဖြင့် တက်ဆင်းနေသော ကားကြီးများအား ဟွန်းသံဖြင့် အနှောင့်အယှက်မပေးပါနှင့်။

⭐ရှမ်းအရှေ့ ကိုးကွေ့တောင်ကဲ့သို့
အတက်များတွင် ကားကြီးများသည်
ညာကွေ့များတွင် ကွေ့၍ မလွတ်သောကြောင့်
ဘယ်ဘက်ယာဉ်ကြောမှ ပန်းကွေ့တတ်ပါသည်။
ထို့ကြောင့် ကျဉ်းမြောင်းသော အကွေ့များတွင်
ကားကြီး ဘယ်ကြောယူကွေ့ပါက ကားငယ်များ ဘယ်ကြောမှ ဖြေးညှင်းစွာဆင်း၍ လမ်းပေးပါ။

⭐ဝန်အလေးတင်ထားသော ကားကြီးများသည်
ရပ်ပြီးမှ အကွေ့တွင်ပြန်တက်ပါက
အခန့်မသင့်ပါက နောက်ကရောင်းကြွေခြင်း...
ကလပ်ပလိတ်ကုန်ခြင်း...
ရှပ်များကျိုးခြင်းဖြစ်တတ်ပါသည်။

⭐တောင်တက်များတွင် ဖြေးဖြေးမှန်မှန်သာ
တက်ခြင်းသည် ကားအင်ဂျင်ကို ဝန်ရုန်းရ
သက်သာစေပြီး အန္တရာယ်ကင်းပါသည်...
အတက် အကွေ့များတွင် ချောက်ကမ်းပါးဘက်မှ ပန်းကွေ့ရပါက အရှိန်ကြိုလျော့ထားပါ...
အကွေ့မနိုင်ပါက တစ်ဘက် ချောက်နုတ်ခမ်းအထိ ပါသွားတတ်ကာ အန္တရာယ် ရှိပါသည်။

⭐တောင်တက် တောင်ဆင်းများတွင်
မိတ်ဆွေတို့ကားများ ခေတ္တနားလိုပါက
မျက်ကွယ်ကွေ့နေရာများနှင့် လမ်းကျဉ်းသော နေရာများကို ရှောင်ပြီး လမ်းကျယ်သောနေရာတွင်သာ နားပါ။

⭐မည်မျှမြင့်မားသော တောင်ပင်ဖြစ်ပါစေ...
အိမ်စီးကားများသည် ရပ်ပြီး ပြန်တက်ရာတွင်
ယခုခေတ်ကားများသည် သာသာယာယာပင်
တက်နိုင်ကြပါသည်။ဒါကြောင့် မသေချာသောနေရာများတွင် ရပ်ပြီး ရှောင်ပေးပါ။

⭐မိတ်ဆွေကားအန္တရာယ်ကင်းအောင်မောင်းပြီး
အခြားကားများလည်း အန္တရာယ်မဖြစ်အောင်
ဂရုပြု မောင်းနှင်ပေးပါရန် လိုအပ်ပါသည်။

🔥ခရီးမထွက်ခင်...
ပန်ကာကြိုး...
အင်ဂျင်ဝိုင်...
ဂီယာဝိုင်...
ဘရိတ်ဆီ...
ရေတိုင်ကီ Coolant...
ပါဝါဆီ...
ရေသုတ်တံနှင့် မှန်ဆေးရည်...
ကားဟွန်း...
တိုင်မင်ကြိုး...
ဘရိတ်ရှုးနှင့် အောက်ပိုင်းစစ်ဆေးရန်
မမေ့ပါနှင့်။

✅လေစစ်များ မကောင်းပါက
အသစ်လဲလှယ် ပြီးမှ ခရီးထွက်ပါ။

ကား တာယာရက်စွဲများကို ခရီးမထွက်ခင်
အသေအချာ စစ်ဆေးပါ။
တာယာ ပန်း ကောင်း မကောင်း စစ်ဆေးပါ။
တာယာရက်စွဲသည် ၄ နှစ်ခန့်အထိသာ
စိတ်ချရပါသည်။

Credit

Address

47street
Botataung
11161

Telephone

+959979499472

Website

Alerts

Be the first to know and let us send you an email when i KOOL Coolant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to i KOOL Coolant:

Shortcuts

Share