UKN - Tricycle

UKN - Tricycle Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from UKN - Tricycle, Motorbike dealership, ရန်ကုန်/မန္တလေး လမ်းမကြီး၊ ပဲခူးလွှတ်တော်ဘေး၊ဘုရင့်‌ေနာင်မှတ်တိုင်, Bago.

ပဲခူးမြို့တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးများ လျှောက်ထားနိုင်ပါသည်။ကုမ္ပဏီတိုက်ရိုက်အလုပ်ခေါ်စာUKN - သုံးဘီးဆိုင်ကယ်...
02/08/2026

ပဲခူးမြို့တွင် တာဝန်ထမ်းဆောင်ရန်
အောက်ပါရာထူးများ လျှောက်ထားနိုင်ပါသည်။

ကုမ္ပဏီတိုက်ရိုက်အလုပ်ခေါ်စာ

UKN - သုံးဘီးဆိုင်ကယ်အရောင်းပြခန်း နှင့် သုံးဘီးအပိုပစ္စည်းအ​ရောင်းဆိုင် (ပဲခူးတိုင်း)တွင်အောက်ဖော်ပြပါဝန်ထမ်းများ ခေါ်ယူနေပါသည်။

Sale - 7 ဦး (ကျား/မ)
စက်ပြင်၊တပ်ဆင်- 15 ဦး
Warehouse Assistant - 5ဦး

📍 Sale - 7 ဦး (ကျား/မ)
Job Description
🔹သုံးဘီးဆိုင်ကယ်နှင့်စက်ပစ္စည်းများ​ အထိအတွေ့ရှိသူ / အရောင်းပိုင်းအတွေ့အကြုံရှိသူ ဦးစားပေးရွေးချယ်ပါမည်။
🔹သွက်လက်တတ်ကြွ၍စကားပြောပြေပြစ်သူဖြစ်ရမည်။
🔹Facebook / Tik tok တို့ကို ကောင်းစွာ အသုံးပြုနိုင်ရမည်။ TikTok video / facebook live များ လိုအပ်ပါက ပါဝင်ပေးနိုင်ရမည်။
🔹ဖောက်သည်သစ်များ ရှာဖွေနိုင်ခြင်းနှင့် Sale Target ပြည့်မှီဆောင်ရွက်နိုင်ရမည်။Sale Target ပြည့်မှီပါက Bonus ရှိသည်။

Job Requirement
🔸ရုပ်ရည်ကြည့်ကောင်းပြီး လျှောက်ထားသောရာထူးတွက် experienced ရှိရမည်။
🔸လိုအပ်ပါက ရက်တိုခရီးသွားနိုင်ရမည်။

📍 တပ်ဆင် ၊ ပြုပြင် - 15 ဦး (ကျား)
Job Requirement
🔸အသက် ၂၅ မှ ၅၀ အတွင်းဖြစ်ရမည်
🔸သုံးဘီးဆိုင်ကယ် တပ်ဆင်ခြင်း/ ပြုပြင်ခြင်းလုပ်ငန်းတွင် အ​တွေ့အကြုံ ၅ နှစ်နှင့်အထက်ရှိရမည်
🔸ရုံးမှ သတ်မှတ်ထားသော စည်းကမ်းများကိုလိုက်နာနိုင်သူဖြစ်ရမည်
🔸ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်
🔸လိုအပ်ပါက ရက်တိုခရီးသွားနိုင်ရမည်။

📍 Warehouse Assistant - 5 ဦး (ကျား/မ)
Job Description
🔹နေ့စဉ် ပစ္စည်း အဝင် / အထွက် စာရင်းရေးသွင်းရမည်
🔹အပါတ်စဉ် အသွင်း ၊ အထုတ် ၊ Stock လက်ကျန် များကို Report ထုတ်ပေးရမည်
🔹ပစ္စည်းအဝင်၊အထွက်များကို သတ်မှတ်​သောရက်တွင်း စိစစ်ပေးနိုင်ရမည်။
🔹Warehouse လုပ်ငန်းပိုင်းတွင်အ​တွေ့အကြုံရှိသူဦးစား​ပေးမည်။

Job Requirement
🔸အထက်တန်း​အောင်ပြီးသူဖြစ်ရမည်။
🔸Microsoft word , excel ကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်။
🔸အလုပ်မှချမှတ်ထားသော စည်းကမ်းများကို လိုက်နာနိုင်ရမည်။
🔸အများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
🔸ဂိုထောင်ကို တာဝန်ယူပြီး ထိန်းသိမ်းနိုင်သူဖြစ်ရမည်။

📣ဖော်ပြပါရာထူးများအားလုံးအတွက် လစာကို အတွေ့အကြုံ​ပေါ်မူတည်ပြီး ညှိနှိုင်းပေးမည်

🎁 Benefit - ရက်မှန်ကြေး ၊ Training and Other Bonus and Allowance

📑 လျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများ
📍ကိုယ်ရေးရာဇဝင်အကျဉ်း (CV Form)
📍မှတ်ပုံတင် (မိတ္တူ)
📍သန်းခေါင်းစာရင်း (မိတ္တူ)
📍ရပ်ကွက်ထောက်ခံစာ နှင့် ရဲစခန်းထောက်ခံစာ (မူရင်း)နှင့်တကွ

လျှောက်ထားလိုသူများသည်
UKN Group Gmail- [email protected]
Viber - +95 95301568
သို့ဖြစ်​စေ UKN ရုံးသို့ CVဖောင်နှင့်တကွ လူကိုယ်တိုင်လာရောက်၍ဖြစ်​စေ လျှောက်ထားနိုင်ပါသည်။

🚩 𝐔𝐊𝐍 - 𝐓𝐫𝐢𝐜𝐲𝐜𝐥𝐞

ဆက်သွယ်ရန်ဖုန်းနံပါတ် - ၀၉၅၃၀၁၅၆၈ ၊ ၀၉၅၁၃၇၄၆၃ ၊ ၀၉၂၅၄၇၆၇၅၅၄

လိပ်စာ >>> ရန်ကုန် - မန္တလေး လမ်းမကြီး ၊ ပဲခူးလွှတ်တော်ဘေး ၊ ဘုရင့်နောင်မှတ်တိုင် ၊ ပဲခူးမြို့ ။


#သုံးဘီးဆိုင်ကယ်အရောင်းပြခန်း
ဲခူး
#ရန်ကုန် - မန္တလေး လမ်းမကြီး



#ပဲခူးအလုပ်အကိုင်ရှာဖွေရေး

ဘုရားရှင်ကိုယ်တော်တိုင် ဓမ္မစကြာတရားဦး ဟောကြားတော်မူခဲ့တဲ့ ဝါဆိုလပြည့်နေ့အခါသမယမှာ တရားအသိတွေတိုးပွားပြီး အေးချမ်းသာယာတဲ...
29/07/2026

ဘုရားရှင်ကိုယ်တော်တိုင် ဓမ္မစကြာတရားဦး ဟောကြားတော်မူခဲ့တဲ့ ဝါဆိုလပြည့်နေ့အခါသမယမှာ တရားအသိတွေတိုးပွားပြီး အေးချမ်းသာယာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့

နှစ်ဆန်းတစ်ရက်နေ့မှာ စိတ်နှလုံးအေးချမ်းခြင်း၊ ကြည်လင်သန့်ရှင်းခြင်းတို့ဖြင့် ပြည့်စုံပြီး အေးချမ်းသာယာသော ဘဝခရီးကို လျှေ...
17/04/2026

နှစ်ဆန်းတစ်ရက်နေ့မှာ စိတ်နှလုံးအေးချမ်းခြင်း၊ ကြည်လင်သန့်ရှင်းခြင်းတို့ဖြင့် ပြည့်စုံပြီး အေးချမ်းသာယာသော ဘဝခရီးကို လျှောက်လှမ်းနိုင်ပါစေ။


#နှစ်ဆန်းတစ်ရက်နေ့

လက်ရှိ မြန်မာနိုင်ငံမှာ စက်သုံးဆီဈေးနှုန်းတွေက တရိပ်ရိပ်တက်နေသလို၊ ဆီဝယ်ရခက်ခဲတဲ့ ဒုက္ခကလည်း လုပ်ငန်းရှင်တိုင်း ကြုံတွေ့...
13/04/2026

လက်ရှိ မြန်မာနိုင်ငံမှာ စက်သုံးဆီဈေးနှုန်းတွေက တရိပ်ရိပ်တက်နေသလို၊ ဆီဝယ်ရခက်ခဲတဲ့ ဒုက္ခကလည်း လုပ်ငန်းရှင်တိုင်း ကြုံတွေ့နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။ 😩

ကုန်စည်ပို့ဆောင်ရေးမှာ ကားကြီးတွေသုံးရင် ဆီဖိုးနဲ့တင် အမြတ်မကျန်နိုင်သလို၊ ဆီဆိုင်မှာ တန်းစီရတဲ့ အချိန်တွေကြောင့်လည်း အလုပ်တွေကြန့်ကြာတတ်ပါတယ်။ ဒီလိုအခက်အခဲတွေကို အကောင်းဆုံး ကျော်လွှားနိုင်ဖို့ဆိုရင် ဆီစားသက်သာတဲ့ DAYANG သုံးဘီးဆိုင်ကယ်တွေက မရှိမဖြစ် လိုအပ်ပါတယ်နော်။ 📌

အင်ဂျင်ပါဝါ 150cc/200cc/250cc အမျိုးမျိုးရှိပြီး အားလုံး ဆီစားသက်သာတာကြောင့် ကုန်ကျစရိတ်သက်သာပြီး အမြတ်ပိုရစေပါတယ်။ 💰

စက်သုံးဆီဝယ်ရခက်ခဲနေတဲ့ ကာလမှာ လုပ်ငန်းပုံမှန်လည်ပတ်နိုင်ပြီး အမြတ်ပိုကျန်စေဖို့ DAYANG သုံးဘီးဆိုင်ကယ်တွေကို UKN မှာ လာရောက်ဝယ်ယူလိုက်ပါ။ 🤗

𝐔𝐊𝐍 - 𝐓𝐫𝐢𝐜𝐲𝐜𝐥𝐞

📍 ဆိုင်လိပ်စာ - ရန်ကုန် - မန္တလေး လမ်းမကြီး ၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဘေး ၊ ဘုရင့်နောင်မှတ်တိုင် ၊ ပဲခူးမြို့။

☎️ ဆက်သွယ်ရန်ဖုန်း - ၀၉၅၃၀၁၅၆၈ ၊ ၀၉၅၁၃၇၄၆၃ ၊ ၀၉၂၅၄၇၆၇၅၅၄


#သုံးဘီးဆိုင်ကယ်
#ပဲခူး


#အရစ်ကျစနစ်

လုပ်ငန်းသုံးအတွက်ပဲဖြစ်ဖြစ်၊ ကုန်စည်ပို့ဆောင်ရေးအတွက်ပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမျိုးမှာမဆို အကြမ်းခံပြီး Quality ကောင်းတဲ...
11/04/2026

လုပ်ငန်းသုံးအတွက်ပဲဖြစ်ဖြစ်၊ ကုန်စည်ပို့ဆောင်ရေးအတွက်ပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမျိုးမှာမဆို အကြမ်းခံပြီး Quality ကောင်းတဲ့ သုံးဘီးဆိုင်ကယ်တစ်စီးတော့ ရှိထားဖို့ လိုအပ်ပါတယ်။ 🛺

UKN မှာ ရောင်းချပေးနေတဲ့ သုံးဘီးဆိုင်ကယ်တွေက ဈေးကွက်မှာ နာမည်ကြီးပြီးသား DAYANG အမှတ်တံဆိပ်ဖြစ်လို့ အင်ဂျင်စွမ်းဆောင်ရည် စိတ်ချရသလို၊ ရေရှည်ပြေးဆွဲရတဲ့ လုပ်ငန်းခွင်တွေအတွက် ပြင်ဆင်ထိန်းသိမ်းစရိတ်ကိုလည်း အများကြီး သက်သာစေပါတယ်။ 🤩

ဒါကြောင့် ရေရှည်အတွက် တွက်ခြေကိုက်ပြီး အကြမ်းခံတဲ့ လုပ်ငန်းသုံး သုံးဘီးဆိုင်ကယ် ကောင်းကောင်းတစ်စီး ရှာနေတယ်ဆိုရင်တော့ အခုပဲ UKN-Tricycle ဆိုင်ကို လှမ်းခဲ့လိုက်ပါနော်။ 🙋‍♂️

𝐔𝐊𝐍 - 𝐓𝐫𝐢𝐜𝐲𝐜𝐥𝐞

📍 ဆိုင်လိပ်စာ - ရန်ကုန် - မန္တလေး လမ်းမကြီး ၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဘေး ၊ ဘုရင့်နောင်မှတ်တိုင် ၊ ပဲခူးမြို့။

☎️ ဆက်သွယ်ရန်ဖုန်း - ၀၉၅၃၀၁၅၆၈ ၊ ၀၉၅၁၃၇၄၆၃ ၊ ၀၉၂၅၄၇၆၇၅၅၄


#သုံးဘီးဆိုင်ကယ်
#ပဲခူး

#အကြမ်းခံပြီးQualityကောင်းတဲ့DAYANG

“ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကြောင့် လူကြိုက်များတဲ့ DAYANG” လုပ်ငန်းရှင်တိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ DAYANG သုံ...
09/04/2026

“ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကြောင့် လူကြိုက်များတဲ့ DAYANG”

လုပ်ငန်းရှင်တိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ DAYANG သုံးဘီးဆိုင်ကယ်တွေကို UKN-Tricycle မှာ အာမခံချက်အပြည့်နဲ့ ရောင်းချပေးနေပါပြီ။ 🤩

ကုန်ပစ္စည်းတွေကို နေရာအနှံ့ ပို့ဆောင်ရတဲ့အခါပဲဖြစ်ဖြစ်၊ လမ်းကြမ်းလမ်းချောမရွေး ဝန်အလေးအပင်တွေ သယ်ဆောင်ရတဲ့အခါမှာပဲဖြစ်ဖြစ် DAYANG ရဲ့ စွမ်းဆောင်ရည်က သင့်ကို ဘယ်တော့မှ စိတ်ပျက်စေမှာ မဟုတ်ပါဘူး။ 🙆‍♂️

အင်ဂျင်ဆွဲအားကောင်းမွန်ပြီး အပူချိန်ထိန်းညှိမှုစနစ် ပါဝင်တာကြောင့် ခရီးဝေးတွေကို အေးအေးဆေးဆေး မောင်းနှင်နိုင်မှုက DAYANG ရဲ့ အဓိကအားသာချက်ပါ။ ✔️

ဝန်အလေးအပင်ဒဏ်ကို ခံနိုင်ရည်ရှိအောင် အထူးပြုလုပ်ထားတဲ့ ကိုယ်ထည်ကြောင့် နှစ်ရှည်လများ အကြမ်းခံပါတယ်။ 🥰

ဒါ့အပြင် ဆီစားနှုန်းလည်းသက်သာလို့ လုပ်ငန်းခွင်ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်ပါတယ်။ 💰

UKN မှာဆိုရင် DAYANG ရဲ့ မော်ဒယ်အစုံ၊ အရောင်အစုံကို စိတ်ကြိုက်ရွေးချယ်နိုင်သလို Service ပိုင်းကိုလည်း အထူးဂရုစိုက်ပြီး ဆောင်ရွက်ပေးနေပါတယ်။ 🤗

ပဲခူးမြို့က လူကြီးမင်းတို့အတွက် UKN-Tricycle ဆိုင်မှာ စိတ်ကြိုက်လာရောက်ကြည့်ရှုပြီး လက်တွေ့စမ်းသပ်မောင်းနှင်ကြည့်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။ 👋

𝐔𝐊𝐍 - 𝐓𝐫𝐢𝐜𝐲𝐜𝐥𝐞

📍 ဆိုင်လိပ်စာ - ရန်ကုန် - မန္တလေး လမ်းမကြီး ၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဘေး ၊ ဘုရင့်နောင်မှတ်တိုင် ၊ ပဲခူးမြို့။

☎️ ဆက်သွယ်ရန်ဖုန်း - ၀၉၅၃၀၁၅၆၈ ၊ ၀၉၅၁၃၇၄၆၃ ၊ ၀၉၂၅၄၇၆၇၅၅၄


#သုံးဘီးဆိုင်ကယ်
#ပဲခူး

လက်ရှိမှာဆိုရင် ဆီ‌ဈေးတွေတက်လို့ ဆီဝယ်ရခက်ခဲနေတာက လုပ်ငန်းရှင်တိုင်း ကြုံနေရတဲ့ အကြီးမားဆုံး ပြဿနာတစ်ခုပါ။ 😓ရှားရှားပါးပ...
07/04/2026

လက်ရှိမှာဆိုရင် ဆီ‌ဈေးတွေတက်လို့ ဆီဝယ်ရခက်ခဲနေတာက လုပ်ငန်းရှင်တိုင်း ကြုံနေရတဲ့ အကြီးမားဆုံး ပြဿနာတစ်ခုပါ။ 😓

ရှားရှားပါးပါး ဝယ်လို့ရထားတဲ့ဆီဘယ်ကိုမှ သွားမရတော့ အလုပ်တွေ မပြီးတဲ့အခါ လုပ်ငန်းရဲ့ ဝင်ငွေကို အဓိက ထိခိုက်စေပါတယ်။ 📉

ဒါကြောင့် ဒီအခက်အခဲကို ဖြေရှင်းနိုင်ပြီး လုပ်ငန်းရှင်တိုင်း ဝင်ငွေတိုးဖို့ DAYANG သုံးဘီးဆိုင်ကယ်ကို ဆောင်ထားလိုက်ပါနော်။ 😊

DAYANG သုံးဘီးဆိုင်ကယ်တွေက ဆီစားသက်သာတဲ့ အင်ဂျင်တွေကိုပဲ ထည့်သွင်းပေးထားတာကြောင့် ဆီဖိုးသက်သာပြီး အကုန်အကျ ပိုသက်သာပါတယ်။ 💰

အခုလိုမျိုး ဆီရှားနေတဲ့ကာလနဲ့ အကိုက်ညီဆုံး DAYANG သုံးဘီးဆိုင်ကယ်တွေကို UKN-Tricycle မှာ ရရှိနိုင်ပါပြီ။ 📢

ဈေးနှုန်း နဲ့ အချက်အလက် အသေးစိတ်ကို စုံစမ်းချင်တယ်ဆိုရင်တော့ UKN-Tricycle ကို အခုပဲ ဆက်သွယ်လိုက်ပါ။ 📞

𝐔𝐊𝐍 - 𝐓𝐫𝐢𝐜𝐲𝐜𝐥𝐞

📍 ဆိုင်လိပ်စာ - ရန်ကုန် - မန္တလေး လမ်းမကြီး ၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဘေး ၊ ဘုရင့်နောင်မှတ်တိုင် ၊ ပဲခူးမြို့။

☎️ ဆက်သွယ်ရန်ဖုန်း - ၀၉၅၃၀၁၅၆၈ ၊ ၀၉၅၁၃၇၄၆၃ ၊ ၀၉၂၅၄၇၆၇၅၅၄


#သုံးဘီးဆိုင်ကယ်
#ပဲခူး


#အရစ်ကျစနစ်

ချိုင့်ခွက်တွေ၊ ရွှံ့ဗွက်တွေများနေတဲ့ လမ်းကြမ်းပေါ်မှာလား ?ချောမွေ့နေတဲ့ ကတ္တရာလမ်းမပေါ်မှာလား ?DAYANG သုံးဘီးဆိုင်ကယ်နဲ...
25/03/2026

ချိုင့်ခွက်တွေ၊ ရွှံ့ဗွက်တွေများနေတဲ့ လမ်းကြမ်းပေါ်မှာလား ?

ချောမွေ့နေတဲ့ ကတ္တရာလမ်းမပေါ်မှာလား ?

DAYANG သုံးဘီးဆိုင်ကယ်နဲ့သာဆိုရင် လမ်းတိုင်းမှာ စိတ်ကြိုက်မောင်းလိုက်ပါ။ 🛺

အရှိန်ဘယ်လောက်မြှင့်မြှင့်၊ အင်ဂျင်မကျဘဲ မောင်းနိုင်တဲ့ သုံးဘီးဆိုင်ကယ်အမျိုးအစားထဲမှာဆိုရင် အကောင်းဆုံးကတော့ DAYANG အမှတ်တံဆိပ်ပါပဲ။ 👍

DAYANG သုံးဘီးဆိုင်ကယ်တွေက 250 cc အင်ဂျင်ကစပြီး အစုံရှိတာကြောင့် ခရီးဘယ်လောက်သွားမလဲ၊ ပစ္စည်းဘယ်လောက်တင်မလဲ အပေါ် မူတည်ပြီး ဆိုင်ကယ်အမျိုးအစားကို ရွေးချယ်လို့ရပါတယ်။ ✅

လမ်းတိုင်းမှာ စိတ်ကြိုက်မောင်းနိုင်တဲ့ သုံးဘီးဆိုင်ကယ်ကိုမှ လိုချင်တယ်ဆိုရင် UKN-Tricycle မှာ အခုပဲ လာရောက်ဝယ်ယူလိုက်ပါ။ 🙋‍♀️

𝐔𝐊𝐍 - 𝐓𝐫𝐢𝐜𝐲𝐜𝐥𝐞

ဖုန်းနံပါတ် - ၀၉၅၃၀၁၅၆၈ ၊ ၀၉၅၁၃၇၄၆၃ ၊ ၀၉၂၅၄၇၆၇၅၅၄

လိပ်စာ >>> ရန်ကုန် - မန္တလေး လမ်းမကြီး ၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဘေး ၊ ဘုရင့်နောင်မှတ်တိုင် ၊ ပဲခူးမြို့ ။


#သုံးဘီးဆိုင်ကယ်အရောင်းပြခန်း
#ပဲခူး


#အရစ်ကျစနစ်

ကုန်စုံဆိုင်ပဲဖြစ်ဖြစ်၊ ဆောက်လုပ်ရေးလုပ်ငန်းပဲဖြစ်ဖြစ်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းပဲဖြစ်ဖြစ်... ဘယ်လိုလုပ်ငန်းမျိုးမှာ...
23/03/2026

ကုန်စုံဆိုင်ပဲဖြစ်ဖြစ်၊ ဆောက်လုပ်ရေးလုပ်ငန်းပဲဖြစ်ဖြစ်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းပဲဖြစ်ဖြစ်... ဘယ်လိုလုပ်ငန်းမျိုးမှာမဆို DAYANG သုံးဘီးဆိုင်ကယ်သာ ရှိမယ်ဆိုရင် အရင်ကထက် လုပ်ငန်းပိုတွင်ကျယ်လာမှာပါ။ 📈

ဘာကြောင့်လဲဆိုတော့ DAYANG သုံးဘီးဆိုင်ကယ်တွေက ပစ္စည်းပိုမိုသယ်ဆောင်နိုင်သလို အလေးချိန်များတဲ့ဒဏ်ကိုပါ ခံနိုင်လို့ပါ။ 💪

အင်ဂျင်ပါဝါအားကောင်းလို့ ပစ္စည်းအများကြီးတင်ထားပြီး အရှိန်မြှင့်မောင်းလို့လည်း ရပါတယ်။ ⚡️

အင်ဂျင်အမျိုးအစားအားလုံး ဆီစားသက်သာတာကြောင့် လုပ်ငန်းရှင်တိုင်း တွက်ခြေကိုက်ပြီး အမြတ်ပိုရစေပါတယ်။ 💰

ဒါကြောင့် လုပ်ငန်းတိုင်းမှာ စိတ်ကြိုက်သုံးလို့ရမဲ့ အရည်အသွေးအကောင်းဆုံး DAYANG သုံးဘီးဆိုင်ကယ်တွေကို UKN-Tricycle မှာ အခုပဲ ယုံကြည်စိတ်ချစွာ ဝယ်ယူလိုက်ပါ။ ✨

𝐔𝐊𝐍 - 𝐓𝐫𝐢𝐜𝐲𝐜𝐥𝐞

ဖုန်းနံပါတ် - ၀၉၅၃၀၁၅၆၈ ၊ ၀၉၅၁၃၇၄၆၃ ၊ ၀၉၂၅၄၇၆၇၅၅၄

လိပ်စာ >>> ရန်ကုန် - မန္တလေး လမ်းမကြီး ၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဘေး ၊ ဘုရင့်နောင်မှတ်တိုင် ၊ ပဲခူးမြို့ ။


#သုံးဘီးဆိုင်ကယ်အရောင်းပြခန်း
#ပဲခူး


#အရစ်ကျစနစ်

စီးပွားရေးလုပ်ငန်း စလုပ်ချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်လုပ်ငန်းအတွက် ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ပဲဖြစ်ဖြစ် သုံးဘီးဆ...
22/03/2026

စီးပွားရေးလုပ်ငန်း စလုပ်ချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်လုပ်ငန်းအတွက် ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ပဲဖြစ်ဖြစ် သုံးဘီးဆိုင်ကယ် ကောင်းကောင်းတစ်စီးတော့ လိုအပ်နေပြီ...

ဒါပေမဲ့ ဈေးတွေက ခေါင်ခိုက်နေတော့ မတန်တဆ ပိုက်ဆံပေးပြီး ဝယ်ရတယ်… 😓

ဒီလိုမျိုး သုံးဘီးဆိုင်ကယ်လေးတစ်စီး ပိုင်ဖို့အတွက် ပိုက်ဆံတွေ အများကြီးကုန်ကျနေရပြီဆိုရင် UKN-Tricycle သုံးဘီးဆိုင်ကယ်အရောင်းဆိုင်ကို သတိရလိုက်ပါ။ 💡

UKN-Tricycle မှာဆိုရင် နိုင်ငံတကာအဆင့်မီ DAYANG အမှတ်တံဆိပ် သုံးဘီးဆိုင်ကယ်များကိုသာ ရောင်းချပေးလျက်ရှိပြီး -
🔶 125 cc
🔶 150 cc
🔶 250 cc (Single Wheel)
🔶 300 cc (Double Wheel)
🔶 EV (လျှပ်စစ်) ဆိုပြီး အင်ဂျင်ပါဝါ အစုံရှိတာကြောင့် စိတ်ကြိုက်စမ်းသပ်ပြီးမှ ဝယ်ယူနိုင်ပါတယ်။

ဆိုင်ကယ်တိုင်းကို အရစ်ကျစနစ်နဲ့ ပိုက်ဆံပေးသွင်းပြီး ဝယ်ယူနိုင်မဲ့ အထူးအစီအစဉ်ရှိလို့ သုံးဘီးဆိုင်ကယ်တစ်စီးကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူရရှိနိုင်ပါပြီ။ 😇

ဒါကြောင့် သုံးဘီးဆိုင်ကယ်တစ်စီးကို ပိုက်ဆံအကုန်အကျမများဘဲ ဝယ်ယူချင်ရင် UKN-Tricycle ကို လှမ်းခဲ့လိုက်ပါ။ 📍

𝐔𝐊𝐍 - 𝐓𝐫𝐢𝐜𝐲𝐜𝐥𝐞

ဖုန်းနံပါတ် - ၀၉၅၃၀၁၅၆၈ ၊ ၀၉၅၁၃၇၄၆၃ ၊ ၀၉၂၅၄၇၆၇၅၅၄

လိပ်စာ >>> ရန်ကုန် - မန္တလေး လမ်းမကြီး ၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဘေး ၊ ဘုရင့်နောင်မှတ်တိုင် ၊ ပဲခူးမြို ။


#သုံးဘီးဆိုင်ကယ်အရောင်းပြခန်း
#ပဲခူး


#အရစ်ကျစနစ်

Address

ရန်ကုန်/မန္တလေး လမ်းမကြီး၊ ပဲခူးလွှတ်တော်ဘေး၊ဘုရင့်‌ေနာင်မှတ်တိုင်
Bago
08018

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+9595301568

Website

Alerts

Be the first to know and let us send you an email when UKN - Tricycle posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share