Kyaw Bago Suzuki Car Showroom

Kyaw Bago Suzuki Car Showroom Kyaw Bago Suzuki Car Showroom

08/05/2026
08/05/2026

ကုန်းတက်တွေမှာ အမြဲကူညီပေးနေမယ့် Hill Hold Control

ကုန်းတက်တွေမှာ အကြောင်းတစ်ခုခုကြောင့် လူကြီးမင်းတို့ ကားကို ဘရိတ်နင်းပြီး ခေတ္တရပ်လိုက် ရတဲ့အချိန်မှာ ကားပြန်မောင်းထွက်ရင် နောက်ပြန်များလိမ့်သွားမလားဆိုပြီး စိုးရိမ်မိကြတယ် မဟုတ်လား …

ဒီလိုအခြေအနေမျိုးကို စိတ်ပူစရာမလိုဖို့အတွက် Suzuki Ertiga Smart Hybrid မှာ Hill Hold Control စနစ်ကို ထည့်သွင်းပေးထားပါတယ်။

Hill Hold Control ဆိုတာ ဘာလဲ?
Hill Hold Control ဆိုတာ ကုန်းတက်တွေမှာ ကားကို ရပ်ထားရာကနေ ပြန်ထွက်တဲ့အခါ နောက်ကို လိမ့်မကျသွားအောင်အလိုအလျောက် ထိန်းပေးထားတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။

ဘယ်လိုအလုပ်လုပ်သလဲ?
ကုန်းတက်တွေမှာ ကားကို ရပ်ထားပြီး ပြန်ထွက်ဖို့အတွက် ဘရိတ်ခြေနင်းကို လွှတ်လိုက် တဲ့အခါ Hill Hold Control စနစ်က စတင်အလုပ်လုပ်ပါတယ်။ ဘရိတ်ကို လွှတ်လိုက်ပေမယ့် ကားရဲ့ Braking Pressure ကို ၂ စက္ကန့်အထိ ဆက်လက်ထိန်းထားပေးပါတယ်။ အဲဒီအချိန်လေးအတွင်းမှာ ဘရိတ်ကနေ လီဗာကို ခြေထောက်ပြောင်းနင်းဖို့ အချိန် လုံလုံလောက်လောက် ရရှိသွားမှာဖြစ်ပါတယ်။

ဘယ်လိုအချိန်တွေမှာ အသုံးဝင်သလဲ?
တံတားတွေတက်ရင်း ယာဉ်ကြောပိတ်မိလို့ ကားကို ရပ်တန့်နေရတဲ့အခါ အသုံးဝင်ပါတယ်။
မတ်စောက်တဲ့လမ်းတွေနဲ့ အကွေ့အကောက်များတဲ့ တောင်တက်လမ်းတွေမှာ စိတ်အေး လက်အေး မောင်းနှင်နိုင်ပါတယ်။ Shopping Mall တွေရဲ့ ကားပါကင်တွေနဲ့ အထပ်မြင့်ကားပါကင်တွေ တက်တဲ့အခါမျိုးမှာလည်း အဆင်ပြေစေပါတယ်။

Hill Hold Control စနစ်ကြောင့် ကားကို ထိန်းချုပ်မောင်းနှင်ရာမှာလည်း အထောက်အကူ ဖြစ်စေပြီး ဘေးကင်းလုံခြုံမှုကိုပါ ရရှိစေမှာ ဖြစ်ပါတယ်။

ဒီလို Hill Hold Control စနစ်ပါဝင်တဲ့ Suzuki Ertiga Smart Hybrid မှာ နောက်ထပ် ထူးခြားမှုဘာတွေရှိသေးလဲဆိုတာကို ဒီ Link ထဲမှာ အခုပဲ ဝင်ရောက်လေ့လာလိုက်ပါဦးနော်။

https://suzukimyanmar.com/suzuki/ertiga





08/05/2026

ဆီစား သက်သာစေမယ့် လျှို့ဝှက်ချက် (၅) ချက်

ကားမောင်းတဲ့ ပုံစံလေး နည်းနည်း ပြောင်းလိုက်ရုံနဲ့တင် ဆီစားနှုန်းကို သိသိသာသာ လျှော့ချနိုင်တယ်ဆိုတာ သိပါသလား။ လူကြီးမင်းတို့ အားလုံးအတွက် လွယ်လွယ်ကူကူနဲ့ ဆီစားသက်သာအောင် လုပ်လို့ရတဲ့ လျှို့ဝှက်နည်းလမ်းလေး ၅ ချက်ကို မျှဝေပေးပါမယ်။

၁။ အရှိန်ကို မျှတအောင် ထိန်းမောင်းပါ (Smooth Driving)

အရှိန်ကို ရုတ်တရက် တင်လိုက်တာ ဒါမှမဟုတ် ရုတ်တရက် ဘရိတ်ကို နင်းပြီး အရှိန်သတ်တာမျိုးက ဆီစားနှုန်းကို သိသိသာသာပိုစေပါတယ်။ ဥပမာ မီးပွိုင့်လိုနေရာမှာ ကားရပ်ရတော့မယ်ဆိုရင် ကြိုပြီး အရှိန်လျှော့တာမျိုးနဲ့ ကုန်းတက်လိုနေရာတွေမှာ ဆိုရင်လည်း အရှိန်ကို ရုတ်တရက် တင်လိုက်တာထက် ကုန်းမတက်ခင် မြေပြန့်ကတည်းက ဖြည်းဖြည်းချင်း အရှိန်ယူ မောင်းလာတာမျိုးတွေက ဆီစားပိုသက်သာပါတယ်။

ဒါ့အပြင် Engine RPM ကို ၂၀၀၀ နဲ့ ၂၅၀၀ ကြားမှာပဲ ထိန်းထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒီလို Smooth Driving မောင်းနှင်ခြင်းဟာ ဆီစားနှုန်းကို ၃၀% လောက်အထိ သက်သာစေနိုင်ပါတယ်။

၂။ တာယာ လေပေါင်ချိန်ကို ပုံမှန်စစ်ဆေးပါ (Tire Pressure)

ကားတာယာမှာ လေလျော့နေရင် လမ်းနဲ့ တာယာ ပွတ်တိုက်မှု ပိုများလာပြီး အင်ဂျင်က ပိုရုန်းရပါတယ်။ ဒါကြောင့် အနည်းဆုံး တစ်ပတ်တစ်ခါ သတ်မှတ်လေပေါင်ချိန် ရှိ/မရှိ စစ်ဆေးခြင်းက ဆီစားသက်သာစေရုံတင်မကဘဲ တာယာကိုလည်း သက်တမ်းစေ့ အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။

၃။ မလိုအပ်တဲ့ အလေးချိန်တွေကို လျှော့ချပါ (Minimize Weight)

ကားနောက်ဖုံးထဲမှာ မသုံးဘဲ ထည့်ထားတဲ့ ပစ္စည်းအလေးအပင်တွေ ရှိနေလား။ ဒါတွေက ကားထဲမှာ အလေးချိန် များလေလေ၊ ဆီပိုစားလေလေပါပဲ။ ဒါကြောင့် မလိုအပ်တဲ့ ပစ္စည်းတွေကို ဖယ်ထုတ်ထားခြင်းဖြင့် အင်ဂျင်ဝန်ပိမှုကို လျှော့ချပါ။

၄။ Air Con (A/C) ကို စနစ်တကျ သုံးပါ။

နေပူထဲမှာ ကားရပ်ထားပြီး ပြန်မောင်းရင် Air Con ကို ချက်ချင်း အအေးဆုံးထားပြီး မဖွင့်ပါနဲ့။ မှန်တွေကို ခဏချပြီး ကားထဲက လေပူတွေကို အရင်ထွက်ပါစေ။ ဒီနောက်မှ Air Con ကို သင့်တင့်တဲ့ temperature မှာ ထားမောင်းခြင်းက ဆီစားနှုန်းကို အထောက်အကူပြုပါတယ်။

၅။ ကားစက်ကို အကြာကြီး နှိုးမထားပါနဲ့ (Avoid Idling)

အကြောင်းအမျိုးမျိုးကြောင့် တစ်နေရာရာမှာ ကားခဏရပ်ပြီး စောင့်ဖို့လိုအပ်တဲ့အခါ (၁ မိနစ်ထက် ပိုကြာမယ်ဆိုရင်) အင်ဂျင်ကို ရပ်ထားလိုက်တာက ပိုကောင်းပါတယ်။ ERTIGA Smart Hybrid မှာဆိုရင်တော့ Engine Auto Start/Stop Function ပါဝင်တာကြောင့် ကားရပ်ထားတဲ့အချိန် အင်ဂျင်လည်ပတ်မှုကို အလိုလျောက်ရပ်တန့်ပေးမှာ ဖြစ်လို့ ဆီစားနှုန်းကို သက်သာစေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကားကို ပုံမှန် စစ်ဆေးပေးတာ (ဥပမာ - အင်ဂျင်ဝိုင်လဲတာ၊ လေစစ်/ဆီစစ် သန့်ရှင်းတာ) ကလည်း ဆီစားနှုန်း အမှန်ကန်ဆုံးဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

ဒီနည်းလမ်းတွေအတိုင်း ဆီစားသက်သာအောင် မောင်းနှင်ရင်း လူကြီးမင်းတို့ရဲ့ မိတ်ဆွေတွေကိုလည်း ဆီဖိုးသက်သာအောင် ဒီ post လေးကို Share လုပ်ပြီး လက်တို့ပေး လိုက်ပါဦး။

မလိုအပ်ပဲ ဆီကုန်ကျမှုမဖြစ်စေဖို့ လူကြီးမင်းတို့ရဲ့ suzuki ကားတွေကို ပုံမှန် စစ်ဆေးဖို့အတွက် နီးစပ်ရာ SUZUKI Authorized Service Center တွေရဲ့ လိပ်စာကို ဒီ Website Link ထဲမှာ အလွယ်တကူဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

https://suzukimyanmar.com/suzuki/dealer




08/05/2026
02/02/2026
24/01/2026

Air Filter ကို နောက်ဆုံးဘယ်တုန်းက စစ်ဆေးခဲ့တာလဲ ….

အင်ဂျင်လည်ပတ်ဖို့ဆိုရင် လေနဲ့ လောင်စာဆီတို့ အချိုးကျရောစပ်ပြီး မီးလောင်ပေါက်ကွဲရတာပါ။ အင်ဂျင်ထဲမှာ လောင်စာဆီတွေ ကောင်းကောင်း လောင်ကျွမ်းဖို့အတွက် သန့်ရှင်းတဲ့လေကို ရရှိဖို့လိုအပ်ပါတယ်။

ပြင်ပကနေ ဝင်လာတဲ့ လေတွေ သန့်ရှင်းစေဖို့နဲ့ ဖုန်မှုန့်၊ အမှုန်အမွှားတွေ အင်ဂျင်အတွင်းထဲကို မဝင်စေဖို့အတွက်ကိုတော့ Air Filter က အဓိက စစ်ထုတ်ပေးတာပါ။ ဒါကြောင့် အချိန်ကြာလာတာနဲ့ အမျှ Air Filter မှာ အညစ်အကြေးတွေ ပိတ်ဆို့လာတဲ့အပြင် အင်ဂျင်ထဲကိုလည်း လေအလုံအလောက်မဝင်တော့ဘဲ လောင်စာဆီအချိုးက ပိုများနေပါလိမ့်မယ်။

ဒီလိုမျိုး ဖြစ်လာပြီဆိုရင်တော့

- ဆီပိုစားလာခြင်း
- အင်ဂျင်စွမ်းဆောင်ရည်ကျခြင်းနဲ့
- Spark Plug တွေကိုပါ ပျက်စီးစေနိုင်ပါတယ်။

ဒါကြောင့် လူကြီးမင်းတို့အနေနဲ့ Air Filterကို ကီလို ၃၀၀၀၀ ဝန်းကျင်လောက်ရောက်တိုင်း ပုံမှန်စစ်ဆေး လဲလှယ်ပေးသင့်ပါတယ်။ ဖုန်ထူတဲ့ ပတ်ဝန်းကျင်မှာ မောင်းနှင်နေရတယ်ဆိုရင်တော့ ကီလို ၅၀၀၀ လောက်ရောက်တိုင်း စစ်ဆေး သန့်ရှင်းရေးလုပ်ပြီး လိုအပ်ပါက လဲလှယ်သင့်ပါတယ်။

ပုံမှန်စစ်ဆေး လဲလှယ်တာတွေ လုပ်ဆောင်နိုင်ဖို့အတွက် လူကြီးမင်းတို့နဲ့အနီးစပ်ဆုံး Suzuki Authorized Service Center တွေရဲ့ လိပ်စာတွေကို အောက်ပါ Website Link လေးမှ တစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/dealer


08/11/2025

ယနေ့ကျရောက်သော တန်ဆောင်တိုင် အခါသမယမှာ မြန်မာနိုင်ငံသားများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး အန္တရာယ်အပေါင်းမှ ကင်းဝေး၍ ဘေးရန်ခပ်သိမ်း ငြိမ်းချမ်းကြပါစေကြောင်း SUZUKI Myanmar Motor မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

#တန်ဆောင်တိုင်

13/10/2025
အောက်တိုဘာလမှာ Suzuki ကားပိုင်ရှင်တွေအတွက် သီးသန့်မေတ္တာလက်ဆောင်မင်္ဂလာပါ မိတ်ဆွေတို့ခင်ဗျာ..အောက်တိုဘာလမှာ ကျွန်တော်တို...
05/10/2025

အောက်တိုဘာလမှာ Suzuki ကားပိုင်ရှင်တွေအတွက် သီးသန့်မေတ္တာလက်ဆောင်

မင်္ဂလာပါ မိတ်ဆွေတို့ခင်ဗျာ..အောက်တိုဘာလမှာ ကျွန်တော်တို့ Suzuki Kyawbago မိသားစုကနေ မိတ်ဆွေတို့ရဲ့ Suzuki ကားလေးတွေအတွက် အထူးအစီအစဉ်တစ်ခု ပြုလုပ်ပေးဖို့ စီစဉ်လိုက်ပါတယ်။

သီတင်းကျွတ်မှာ ခရီးတွေထွက်ဖို့အတွက်ပဲဖြစ်ဖြစ်၊ မိုးရာသီတစ်ခုလုံးရဲ့ ဒဏ်တွေကို ခံခဲ့ရလို့ပဲဖြစ်ဖြစ်၊ အခုအချိန်ဟာ သင့်ကားရဲ့ကျန်းမာရေးကို ပြန်လည်စစ်ဆေးဖို့ အကောင်းဆုံးအချိန်ပါပဲ။

ဒါကြောင့် ဒီလတစ်လလုံး၊ သင်မောင်းနှင်နေတဲ့ Suzuki ကားမှန်သမျှကို ကျွန်တော်တို့ဆီမှာ "စစ်ဆေးခ လုံးဝအခမဲ့" နဲ့ လာရောက်စစ်ဆေးနိုင်ပါပြီ။ ပိတ်ရက်မရှိ၊ နေ့စဉ်ဖွင့်လှစ်ပေးထားတာမို့ အားတဲ့အချိန်သာ ကြွလှမ်းခဲ့ပါ။

ကားမှာ ဘာပြဿနာသေးသေးလေးတွေ ရှိနေလဲဆိုတာ ကြိုသိရတော့ စိတ်အေးရတာပေါ့။

ပြုပြင်ဖို့လိုအပ်ခဲ့ရင်တောင် စိတ်မပူပါနဲ့။ ဘယ်အပိုင်းကို၊ ဘယ်လောက်ကုန်ကျမလဲဆိုတာ အသေးစိတ်ဆွေးနွေးတိုင်ပင်ပြီး၊ စက်ရုံသတ်မှတ်ထားတဲ့ စျေးနှုန်းအမှန်နဲ့ အပိုပစ္စည်းအစစ်တွေကို တစ်နေရာတည်းမှာ ရနိုင်တော့ မိတ်ဆွေတို့အတွက် အချိန်ရောငွေရော အများကြီးသက်သာစေရမယ်လို့ ကျွန်တော်တို့ အာမခံပါတယ်။✨

ဒါတင်မကသေးပါဘူး။ ကျွန်တော်တို့ဆီမှာ အင်ဂျင်ဝိုင်လာရောက်လဲလှယ်မယ့် ကားတိုင်းကို အောက်ပါဝန်ဆောင်မှုတွေကိုပါ လုံးဝအခမဲ့ ပြုလုပ်ပေးသွားဦးမှာပါ-

✅ အောက်ပိုင်းစစ်ဆေးခြင်း - မိုးတွင်းလမ်းကြမ်းတွေကြောင့် ပျက်စီးသွားတာ ရှိ၊ မရှိ အသေးစိတ်စစ်ဆေးပေးမယ်။

✅ လေတံခါး (Throttle Body) နဲ့ ပလပ် (Spark Plugs) တွေကို သန့်ရှင်းရေးလုပ်ပေးခြင်း။

✅ Coolant, ဘရိတ်ဆီ နဲ့ မှန်သန့်စင်ရေလို ခရီးလမ်းအတွက် အရေးကြီးတဲ့အရည်တွေ အားလုံးကို ပြန်ဖြည့်ပေးမယ်။

✅ ဘီးလေပေါင်ချိန်ညှိခြင်း - ဘေးကင်းပြီး ချောမွေ့တဲ့မောင်းနှင်မှုအတွက် ဘီးလေးဘက်လုံးကို လေပေါင်ချိန်ညှိပေးမယ်။

✅ အဲကွန်းစစ်ဆေးသန့်စင်ခြင်း - ကားထဲမှာ လေကောင်းလေသန့်နဲ့ အေးမြလန်းဆန်းနေစေဖို့ AC Filter တွေကိုပါ သန့်ရှင်းရေးလုပ်ပေးမှာပါ။

ဒီအောက်တိုဘာမှာ သင့် Suzuki ကားလေးကို အကောင်းဆုံးဂရုစိုက်မှုပေးဖို့ Suzuki Mega 6 ကိုသာ ယုံကြည်စိတ်ချစွာ လှမ်းလာခဲ့ပါ။
Suzuki Kyawbago Car Showroom နှင့် Service Centre

ဆက်သွယ်ရန် ဖုန်းနံပါတ်များ:
☎️ - 09 260000736
☎️ - 09 260000706
တည်နေရာ-အမှတ်388
ရန်ကုန်-မန်းတလေးလမ်းဟောင်ဥသာမြို့သစ်တရုတ်ဘုံကျောင်းအနီး ပဲခူးမြို့

30/09/2025

Address

No. 388, YGN-MDY Main Road, Near Chinese Temple
Bago
11111

Telephone

+959260000706

Website

Alerts

Be the first to know and let us send you an email when Kyaw Bago Suzuki Car Showroom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kyaw Bago Suzuki Car Showroom:

Share

Category