14/09/2020
😍 Good morning to you all, greeting from our MAMM Co, Ltd (Bago, Myanmar)
😍 လူကြီးမင်းများအားလုံးအတွက် မဂ်လာအပေါင်းနှင့် ခညောင်းသော မနက်ခင်းလေးဖြစ်ပါစေလို့ ကျွန်တော်များ မြတ်အောင်မြန်မာ ကုမ္ပဏီလီမီတက်က နှုတ်ခွန်းဆက်သလိုက်ပါတယ်။
😍 ယနေ့မှာတော့ တာယာတစ်လုံးပေါ်မှာ ရိုက်နှိပ်ထားတဲ့ စာတွေ၊ သင်္ကေတတွေရဲ့ တိကျတဲ့ အဓိပ္ပါယ်တွေနဲ့ ဆောင်ရန်/ ရှောင်ရန်များကို ဗဟုသုတအဖြစ် မျှဝေပေးလိုပါတယ် ခင်ဗျာ။
😍 ကားတာယာတစ်လုံးပေါ်တွင် လူကြီးမင်းတို့၏ အသက်နဲ့ ခန္ဓာတည်မြဲရေးအတွက် သတင်းအချက်အလက်ပေါင်းများစွာကို ရိုက်နှိပ်ဖော်ပြထားပါတယ် ခင်ဗျာ။
😍 ကားတာယာတစ်လုံးပေါ်တွင် မြင်တွေ့ရမယ့် အဖိုးတန် သတင်းအချက်အလက်များမှာ -
(1) တာယာထုတ်လုပ်သည့် ကုမ္ပဏီအမည် (Brand Name) = { Maxxis/Good Year စသဖြင့်}
(2) တာယာကို အသုံးပြုရမည့် ကားအမျိုးအစားများ (Types of Vehicle) = {P=Passenger/LV=Light Vehicle/SUV=Sport Utility Vehicle/RV=Recreational Vehicle စသဖြင့်}
(3) တာယာ၏ ဗြက် (Width of tire in millimeters) = {145/155/165/175/185/195/205/215/225 စသဖြင့်} [ မီလီမီတာဖြင့် တိုင်းတာသည် ]
(4) တာယာ၏ ထုနဲ့ဗြက် အချိုး (Ratio of Height to Width = Aspect Ratio) = {45/50/55/60/65/70/75/75/80/85 စသဖြင့်}
(5) တာယာ၏ တည်ဆောက်ပုံစနစ် (Tire Construction) = {R=Radial Construction/D=Diagonal Construction စသဖြင့်}
(6) တာယာတပ်ရမည့် ခွေ(ဂွေ)၏ အချင်း (Rim Diameter in inches) = {12/13/14/15/16/17/18 စသဖြင့်} [ လက်မဖြင့်တိုင်းတာသည် ]
(7) တာယာ၏ ခံနိုင်ရည် ၀န်အား (Load index in kilograms) = {0~279 စသဖြင့်} [ ကီလိုဂရမ်ဖြင့် တိုင်းတာသည်၊ Load Index ဇယားအား ပုံတွင် ဖော်ပြထားပါသည် ]
(8) တာယာကို မောင်းနိုင်သညိ့ အမြင့်ဆုံး အမြန်နှုန်း (Speed symbol in Alphabets) = { A1~A8, B~H, J~N, P~Y(Y),ZR စသဖြင့်} [ ကီလိုမီတာ/နာရီ ဖြင့် တိုင်းတာပါသည်၊ Speed Symbol ဇယားအား ပုံတွင် ဖော်ပြထားပါသည် ]
(9) တာယာကို အသုံးပြုရမည့် ရာသီဥတု အမျိုးအစား (Weather Conditions) = {All weather/All seasons/Winter စသဖြင့်} [ Logo Symbol များဖြင့် သတ်မှတ်ထားပါသည်၊ Logo Symbol များအား ပုံများဖြင့် ဖော်ပြထားပါသည်။ ]
(10) တာယာအထပ်ရေနှင့် အသုံးပြုထားသည့် ပစ္စည်းများ (Tire Ply Composition & Material used) = [ ဂဏန်းများဖြင့် ဖော်ပြထားပါသည် ]
(11) အမြင့်ဆုံး ခံနိုင်ရည် ၀န်အား (Maximum Load Rating) = {MAX LOAD SINGLE 2000 kgs (4410 lbs) စသဖြင့်} [ ကီလိုဂရမ်/ ပေါင်ဖြင့် ဖော်ပြထားပါသည် ]
(12) အများဆုံးထိုးရမည့် လေဖိအား (လေပေါင်) (Maximum permissable inflation pressure) = {MAX PRESS 35 PSI စသဖြင့်} [ Pound per square inch = တစ်လက်မဧရိယာတွင်ထိုးရမည့် လေပေါင်ချိန်ကို ဖော်ပြထားပါသည် ]
(13) အသိအမှတ်ပြု ကုတ်/ တာယာ ထုတ်လုပ်သည့် လ၊ ခုနှစ် (US DOT Safety Standard Code/ Manufacture Date) = { MAL9ASC1120/MAL9ASC520 စသဖြင့် } [ နောက်ဆုံး ၃ လုံး သို့မဟုတ် ၄ လုံးကို လ၊ခုနှစ်အဖြစ် ဖတ်ရပါမည် ] [ US DOT = Department of Transportation, America ]
(14) တာယာပန်းအမျိုးအစားဖော်ပြချက် (Tread wear Code) = {TREADWEAR 220 စသဖြင့်} [ Brand အလိုက် သတ်မှတ်ထားပုံ မတူပါ၊ အကြမ်းဖျဥ်းအားဖြင့် ဂဏန်းဖော်ပြချက်သည် မိုင်မည်မျှ မောင်းနိုင်သည်ဟု ဖော်ညွှန်းခြင်း ဖြစ်ပါသည် ]
(15) တာယာဆွဲအားဖော်ပြချက် (Traction Code) = {TRACTION AA/TRACTION A/TRACTION B/ TRACTION C စသဖြင့်} [ AA Code မှာ အကောင်းဆုံး ဆွဲအားဖော်ပြချက် ဖြစ်ပါသည် ]
(16) တာယာ၏ အပူချိန်ခံနိုင်မှု ဖော်ပြချက် (Temperature Code) = { TEMPERATURE A/ TEMPERATURE B/TEMPERATURE C စသဖြင့်} [ Grade 3 မျိုးခွဲထားပြီး Grade A သည် တစ်နာရီလျှင် ၁၁၅ မိုင်အထက်လည်းကောင်း၊ Grade B သည် တစ်နာရီလျှင် မိုင် ၁၀၀ မှ ၁၁၅ မိုင်ကြားအားလည်းကောင်း၊ Grade C သည် တစ်နာရီလျှင် ၈၅ မိုင်မှ မိုင် ၁၀၀ ကြားအားလည်းကောင်း အသီးသီးမောင်းနှင်နိုင်ပါသည် ]
😍 လူကြီးမင်းတို့အနေဖြင့် အထက်ဖော်ပြပါ သတ်မှတ်ချက်များအား လိုက်နာဆောင်ရွက်ပါက အသက်ဘေးအန္တရာယ်ကို ကာကွယ်ပြီး ဖြစ်သလို လူကြီးမင်းတို့၏ ကားတာယာများမှာလည်း ရေရှည်အသုံးခံမည် ဖြစ်ပါကြောင်း၊
ချစ်ခြင်းများစွာဖြင့်
MAMM Co,Ltd