Road To BAGAN - Car Rental & Tour Service Station

Road To BAGAN - Car Rental & Tour Service Station We serve car rental and city tour service at Bagan. E bike Rental, Tuk Tuk, Hotel Booking and Balloon Flying Ticketting service at Bagan.

02/08/2023

ပုန်းရည်ကြီးတောင်
ဒီလောက်စိမ့်ပြီး အရသာရှိနေတာ
ပုဂံသူလေးတွေဆို ဘယ်လိုများနေမလည်းနော်...🤔🤔🤔

ပုဂံ ပုဂံ  (ခေါ်) တမ္ပဒီပ သည် မြန်မာနိုင်ငံ၏ ပထမဆုံးဧကရာဇ်နိုင်ငံ တည်ထောင်ရာ မြို့တော်ဟူ၍ မြန်မာတို့အတွက် အမျိုးသားရေး လ...
10/05/2022

ပုဂံ

ပုဂံ (ခေါ်) တမ္ပဒီပ သည် မြန်မာနိုင်ငံ၏ ပထမဆုံးဧကရာဇ်နိုင်ငံ တည်ထောင်ရာ မြို့တော်ဟူ၍ မြန်မာတို့အတွက် အမျိုးသားရေး လက္ခဏာတစ်ရပ်အနေဖြင့်လည်းကောင်း၊ များပြားလှသည့် ရှေးဟောင်းလက်ရာ စေတီပုထိုးများကြောင့်လည်း‌ေကာင်း၊ ကမ္ဘာလှည့်ခရီးသည်တို့ကို ဆွဲဆောင်ရာနေရာအဖြစ်လည်းကောင်း ကမ္ဘာကျော်သည့် နေရာတစ်နေရာ ဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခုလုံးကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။

🟡 ဝေါဟာရရင်းမြစ်

များသောအားဖြင့် ပျူဂါမမှ ပုဂါမ၊ ပုဂါမ်မှ ပုဂံဖြစ်လာခဲ့သည်ဟု ဖော်ပြလေ့ရှိကြသည်။ ဤကဲ့သို့ ဖော်ပြခြင်းမှာ မှန်နန်းရာဇဝင်ကြီး စသည်များတွင် သရေခေတ္တရာပြည် ပျက်ပြီးနောက် သရေခေတ္တရာမှ ပျူအစုတို့သည် တောင်ညိုအရပ်၊ ၎င်းနောက် ပန်းတောင်းသက်သာအရပ်၊ ထိုမှ မင်းတုန်းအရပ်၊ တဖန် ယုန်လွှတ်ကျွန်းအရပ်သို့ အဆင့်ဆင့် အဆင့်ဆင့် ပြောင်းရွှေ့လာခဲ့ကြပြီးနောက် ထိုယုန်လွှတ်ကျွန်းအရပ် ရွာပေါင်း တစ်ဆယ့်ကိုး ရွာသားတို့နှင့် သမုဒ္ဒရာဇ်မင်းသည် အရိမဒ္ဒနာမည်သော ပုဂံပြည်ကို တည်လေသည်ဟု ပါရှိခြင်းများကို အထောက်အထားပြု၍ ဖော်ပြကြခြင်းပင် ဖြစ်ဟန်ရှိလေသည်။ တုရင်တောင်အရှေ့ ယုန်လွှတ်ကျွန်း ဒေသတွင် လာရောက်တည်ထောင်သော ပျူအမျိုးစုတို့နှင့် ရွာတစ်ဆယ့်ကိုးရွာဟူသော စကားပေါင်းစပ်၍ ပျူဂါမဟူသောအမည် ပေါ်ထွက်လာခြင်း ဖြစ်ပေသည်။

ရှေးပုဂံခေတ် ကျောက်စာများတွင် "'ပုကံ"'ဟူ၍ ရေးသားပြီး ပုဂံဟူသော အရေးအသားမှာ အလွန်နည်းပါးသည်။ ပုဂံခေတ်ကျောက်စာများတွင်သာမက ပင်းယ၊ အင်းဝ ကျောက်စာများတွင်လည်း ပုကံဟူသော အရေးအသားမှာ များပြားပါသည်။
ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီး (၄၄၆-၄၇၅) ရေးထိုးခဲ့သော မွန်ဘာသာ ကျောက်စာများတွင် ပုဂံအမည်ကို ပါဠိဘာသာတွင် "'ပေါကာမ"'ဟု လည်းကောင်း ၊ မွန်ဘာသာတွင် "'ပေါကာမ်"'ဟု လည်းကောင်း ပါရှိသည်။

🟡တည်နေရာ

မန္တလေးတိုင်းအတွင်းရှိ ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိသည်။ မန္တလေးမြို့မှ အနောက်တောင်ဘက် မိုင် ၉ဝ အကွာတွင်တည်ရှိသည်။

🟡သမိုင်းကြောင်း

ပျူမြို့ပြနိုင်ငံများခေတ် ကုန်ဆုံးပြီးနောက် တကောင်းနယ်မှတစ်ဆင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ အတွင်းသို့ အုပ်စုများဖွဲ့ကာ ဝင်ရောက်လာသည့် ဗမာလူမျိုးတို့သည် မူရင်းဌာနေလူမျိုးများဖြစ်သည့် ပျူ တို့ထံမှ စာပေ၊ လယ်ယာစိုက်ပျိုးခြင်း နှင့် ယဉ်ကျေးမှုများကို ဆက်ခံရယူကာ တဖြည်းဖြည်း အင်အားကောင်းသည့် အဆင့်သို့ရောက်လာသည်။ မူလအစက စစ်တိုက်ခိုက်ခြင်းဖြင့် ကျော်ကြားသော လူမျိုးသည် စည်းလုံးခြင်းဖြင့်သာ မိမိတို့၏အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်မည်ဟုသော စစ်ရေးအမြင်ဖြင့် မြို့ရွာများကို စုစည်းတည်ထောင်လာကြသည်။ သို့ဖြင့် လမ်းခရီးနှင့်ဆက်သွယ်ရေး လွယ်ကူပြီး မိမိတို့ အခြေချရာ ရပ်ဝန်း၏ ဗဟိုတွင်ရှိသည့် ဒေသမှ ကျေးရွာများကို စုစည်းကာ ပုဂံမြို့အဖြစ် တည်ထောင်လိုက်ကြသည်။

ပုဂံသည် စတုတ္ထပုဂံ မင်းဆက်များ နန်းတည်သွားသော နေရာဖြစ်သည်။ ပျဉ်ပြားမင်း(၈၄၆-၈၇၆)လက်ထက်မှ စောမွန်နစ်မင်း(၁၃၂၅-၁၃၆၈)အထိ စိုးစံခဲ့ကြသည်။

🟡ပုဂံနိုင်ငံတော်

အစောပိုင်း ပုဂံမင်းဆက်များနှင့် ပတ်သက်၍ တိကျသည့် သမိုင်းအထောက်အထားများကို မတွေ့ရပဲ ပါးစပ်ရာဇဝင်များအနေဖြင့်သာ မှတ်သားလာခဲ့ကြပြီး အနော်ရထာမင်းလက်ထက်ရောက်မှသာ တိကျသည့် သမိုင်းအထောက်အထားများကို စတင်တွေ့ရှိလာကြရသည်။ အနော်ရထာ၏ သိမ်းသွင်းမှုကြောင့် ပုဂံနိုင်ငံတော်သည် ပဒေသရာဇ် အဆင့်မှ ဧကရာဇ် (အင်ပါယာ) အဆင့်တို့ တက်လှမ်းလာနိုင်ခဲ့သည်။ သူ့နောက် ဆက်ခံသည့် စောလူးမင်းလက်ထက်တွင် တိုင်းပြည်အခြေအနေဆိုးရွားသွားခဲ့သော်လည်း ကျန်စစ်သား၊ အလောင်းစည်သူ အစရှိသည့် မင်းများလက်ထက်တွင်မူ တိုင်းပြည်အင်အား ပြန်လည်ပြည့်ဝလာပြန်သည်။

🟡ပုဂံနိဂုံး

အလောင်းစည်သူနောက် နန်းတက်သည့် မင်းများလက်ထက်တွင် ပုဂံ၏ဩဇာအာဏာကျဆင်းလာသလို၊ နယ်ခြားမှ ရန်သူများ၏ လုပ်ကြံမှုကြောင့် ထီးဆောင်းမင်းတစ်ပါးကျဆုံးရသည့် အဖြစ်၊ နရသီဟပတေ့ကဲ့သို့ အစားကျူးပြီး အမျက်ဒေါသကြီးသည့်မင်း အစရှိသဖြင့် ပေါ်ပေါက်လာသည်။ ခရစ်နှစ် ၁၂၈၇ တွင် မွန်ဂိုတို့၏ ကျူးကျော်မှုကြောင့် နရသီဟပတေ့ ပုဂံကိုစွန့်ခွာထွက်ပြေးရခြင်းဖြင့် ပုဂံ၏ဩဇာမှာ လုံးဝကျဆင်းတော့သည်။ ရှင်ဒိသာပါမောက်၏ သံတမန်ရေးကျွမ်းကျင်စွာ အရေးဆိုမှုကြောင့် မွန်ဂိုဘုရင် ကူဗလိုင်ခန်က တပ်များကို ပြန်ဆုတ်စေသည်။ ထိုမှစကာ ပုဂံမင်းဆိုသည်မှာ အဆောင်အယောင်မျှသာ ဖြစ်၍ အမှန်ဩဇာကြီးသူများမှာ ရှမ်းညီနောင်သုံးဦး ဖြစ်သည်။

🟡ယနေ့ပုဂံ

ယနေ့ပုဂံမှာ ရှေးဟောင်းလက်ရာများနှင့် ပြည့်နက်နေသည့် မြို့ဟောင်းကြီးအသွင်မျှသာ ကျန်ရှိတော့သည်။ သို့သော် အဆိုပါရှေးဟောင်းလက်ရာများမှာ ပြည်တွင်း၊ ပြည်ပတို့မှ ခရီးသွားများကို ဆွဲဆောင်နိုင်သည်ဖြစ်၍ အတော်ပင်ကျော်ကြားလှပေသည်။ ကမ္ဘာလှည့်ခရီးသည်များ၏ အဓိကလှည်ပတ်ရာ နေရာတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ သို့သော် သီးခြားမြို့အဖြစ် ရပ်တည်နိုင်ခြင်းမရှိပဲ ညောင်ဦးမြို့နယ်အတွင်းတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အဖြစ်ထည့်သွင်းထားသဖြင့် အများအခေါ်တွင် ပုဂံ-ညောင်ဦး ဟူ၍ထင်ရှားသည်။ ညောင်ဦးမြို့သည် ယခင်က ရွာကြီး ၁၉ရွာစုစည်း၍ ယုန်လွှတ်ကျွန်းအရပ်၌ နန်းတည်စဉ်က ညောင်ဦးရွာဟူ၍ ယနေ့တိုင်တည်ရှိဆဲဖြစ်သည်။
၂၀၁၆ ခုနှစ်၊ ဩဂုတ်လ (၂၄)ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် (၅)နာရီ (၀၄)မိနစ် (၅၅)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ အနောက်တောင်ဘက် (၁၂၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြို့အနောက်ဘက် (၁၂)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၆.၈)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင် တစ်ခုလှုပ်ရှားသွားသဖြင့် ပုဂံရှိ စေတီပုထိုး ၆၅ဆူခန့် ထိခိုက်ပျက်စီးခဲ့သည်။

🟡မြေမျက်နှာသွင်ပြင်

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် မြောက်ဘက်တွင် ညောင်ဦး နှင့် တောင်ဘက်တွင် ပုဂံမြို့သစ်တို့ တည်ရှိပြီး ဧရာဝတီမြစ်ဘေး မြန်မာနိုင်ငံအထက်ပိုင်း ကျယ်ပြောလှသော လွင်ပြင်တွင် တည်ရှိသည်။ မန္တလေးမြို့ မှ အနောက်တောင်ဘက် ကီလိုမီတာ ၂၉၀ (မိုင် ၁၈၀) ကွာဝေးပြီး ရန်ကုန်မြို့မှ မြောက်ဘက် ကီလိုမီတာ ၇၀၀ (မိုင် ၄၃၀) အကွာတွင် တည်ရှိသည်။

🟡ရာသီဥတု

ပူပြင်းခြောက်သွေ့သည့် ရာသီဥတုမျိုးဖြစ်သည်။

🟡ယဉ်ကျေးမှု

ပုဂံခေတ်ယဉ်ကျေးမှုသည် မြန်မာနိုင်ငံအတွက် ပျူ နှင့် မွန်တို့ပြီးလျှင် တိုးတက်ဖြစ်တည်လာသည့် ယဉ်ကျေးမှုဟု ဆိုရမည်ဖြစ်သည်။ ပျူတို့ထံမှ ဘာသာ၊ ကိုးကွယ်ယုံကြည်မှု နှင့် မွန်တို့ထံမှ အနုပညာ၊ လယ်ယာစိုက်ပျိုးရေး၊ စာပေအက္ခရာ အစရှိသည်တို့ကို သင်ယူခဲ့ကြသည်။ ထို့ကြောင့် နရပတိစည်သူမတိုင်မီ အထိတည်ဆောက်ခဲ့သည့် ပုဂံရှိ စေတီပုထိုးများမှာ မွန်တို့၏ ဓလေ့၊ လက်ရာနှင့် အယူအဆများလွှမ်းမိုးနေသည်ကိုတွေ့ရသည်။ သို့သော် နရပတိစည်သူမင်းလက်ထက်မှစ၍ လက်တွေ့ကျသည့် မြန်မာတို့သည် စိတ်ကူးယဉ်ဆန်သည့် မွန်တို့ထက် ပို၍တက်ကြွသည့်၊ အရပ်ဒေသနှင့် ပိုမိုကိုက်ညီမည့် လက်ရာများကို တီထွင်သုံးစွဲလာကြသည်။

🟡ပြတိုက်

ပုဂံရှေးဟောင်းသုတေသနပြတိုက်သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း တစ်ခုတည်းသော ရှေးဟောင်းသုတေသနပြတိုက်ဖြစ်သည်။ (၃) ထပ်အဆောက်အဦးဖြစ်ပြီး မြစေတီကျောက်စာမူရင်း အပါအဝင် ရှေးဟောင်းအမွေအနှစ်များကို ပြသထားသည်။ မြန်မာနိုင်ငံ၏ပထမဆုံးသော ပုဂံရှေးဟောင်းသုတေသန ပြတိုက်ကို ၁၉၀၄ ခုနှစ်တွင် ပုဂံမြို့ဟောင်း အာနန္ဒာဘုရား၏မြောက်ဘက်စောင်းတန်းအနီးတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၇၉ ခုနှစ်အောက်တိုဘာလတွင် ကန်တော့ပလ္လင်ဘုရား တောင်ဘက်၌ ရှစ်မြှောင့်ပုံသဏ္ဌာန်ရှိသော ရှေးဟောင်းသုတေသနပြတိုက်ကို ထပ်မံတည်ဆောက်ဖွင့်လှစ်ခဲ့သည်။ ယခုလက်ရှိကမ္ဘာ့အဆင့်မီ ရှေးဟောင်း သုတေသနပြတိုက်ကြီးကို ၁၉၉၈ ခုနှစ် ဧပြီလ (၁၇) ရက်နေ့တွင်ဖွင့်လှစ်ပြသနိုင်ခဲ့သည်။ ပြတိုက်ကြီးတွင် အထူးပင်မပြခန်း၊ ပုဂံခေတ်ဗိသုကာပြခန်း၊ ပုဂံခေတ်လက်မှုအနုပညာပြခန်း၊ ပုဂံခေတ်နန်းမြို့ပြခန်း၊ ပုဂံခေတ်စာပေပြခန်း၊ ပုဂံခေတ်လူနေမှုဘဝပြခန်း၊ ပုဂံခေတ်ဗုဒ္ဓအနုပညာပြခန်း၊ ပုဂံခေတ်ဗုဒ္ဓဆင်းတုတော်များပြခန်း၊ ပုဂံခေတ်ဘုရားပုထိုးပန်းချီပြခန်းနှင့် ပုဂံခေတ်နံရံဆေးရေးပန်းချီပြခန်းစသည့် ပြခန်း(၁၀)ခန်းဖြင့် ခင်းကျင်းပြသထားသည်။၂၀၁၇ခုနှစ်တွင် ကလေးများပြတိုက်ကို ပြတိုက်ကြီး၏ မြောက်ဘက်ရှိရှစ်မြှောင့်ပုံသဏ္ဌာန်အဆောက်အဦ၌ ခင်းကျင်းပြသထားသည်။

🟡နန်းတော်

အနော်ရထာမင်း နန်းတော် - ၂၀၀၃ ခုနှစ်တွင် ယခင်တည်ရှိခဲ့သော နန်းတော်ပေါ်မူတည်၍ ပြန်လည်တည်ဆောက်ခဲ့သည်။ သို့သော် မြေပြင်အထက်မှာ စိတ်ကူးသက်သက် ပြန်လည်ပုံဖော်တည်ဆောက်ထားခြင်း ဖြစ်သည်။

🟡သယ်ယူပို့ဆောင်ရေး

ပုဂံသို့ လေယာဉ်၊ ရထား၊ ကား တို့အပြင် သင်္ဘောဖြင့်ပါ လာရောက်နိုင်သည်။ လည်ပတ်စရာအနေဖြင့် e-bike ငှားရမ်းအသုံးပြုနိုင်သည်။

🟡လေကြောင်းလိုင်း

နိုင်ငံခြားသားခရီးသွား အများစုသည် လေကြောင်းလိုင်းကို အသုံးပြု၍ ပုဂံသို့ လာရောက်လည်ပတ်ကြသည်။ ညောင်ဦးလေဆိပ်မှာ ပုဂံဒေသ၏ လေကြောင်းဝင်ထွက်သွားလာရာ ဖြစ်သည်။ ပြည်တွင်းလေကြောင်းလိုင်း အများစုမှာ ပုဂံသို့ ဆင်းသက်ကြသည်။ ရန်ကုန်မြို့မှ လာပါက မိနစ် ၈၀ ခန့် ကြာမြင့်ပြီး မန္တလေးမြို့မှ လာပါက မိနစ် ၃၀ ခန့်ကြာမြင့်မည် ဖြစ်သည်။ ညောင်ဦးလေဆိပ်သည် ညောင်ဦးမြို့အပြင်ဘက်တွင် တည်ရှိပြီး ပုဂံသို့ ရောက်ရှိရန် ကားဖြင့် (၁၅) မိနစ် ခန့် ကြာမြင့်မည် ဖြစ်သည်။

🟡ရထား

ပုဂံရထားလမ်းသည် ရန်ကုန် - မန္တလေး ရထားလမ်းမှ ပျဉ်းမနား ဘူတာတွင်လမ်းခွဲပါသည်။ ယခင် ပျဉ်းမနား - ကျောက်ပန်းတောင်းရထားလမ်းမှ ဆက်ဖောက်ထားသောလမ်းဖြစ်ပြီး ယ္ခုအခါ ပခုက္ကူ နှင့် မြင်းခြံတို့ထိဆက်ထားသည်။ မြန်မာ့မီးရထားမှ နေ့စဉ် ရန်ကုန် - ပုဂံ ခရီးစဉ်ကို ပြေးဆွဲပေးလျက် ရှိသည်။ ရန်ကုန် မှ ပုဂံသို့ (၁၈) နာရီခန့် ကြာမြင့်မည် ဖြစ်သည်။ ရထားတွင် အိပ်စဉ်၊ အထက်တန်း နှင့် ရိုးရိုးတန်းတို့ ပါဝင်သည်။]မန္တလေး - ပုဂံ ရထားမှာ ၁ ရက်လျှင် ၂ ကြိမ် ပြေးဆွဲလျက် ရှိပြီး (၈) နာရီခန့် ကြာမြင့်သည်။ သို့သော် အိပ်စဉ်တွဲ မပါဝင်ဘဲ အထက်တန်း နှင့် ရိုးရိုးတန်းသာ ပါဝင်သည်။

🟡ကားလမ်း

ရန်ကုန်မှ ပုဂံသို့ ကားလမ်းမှ လာလျှင် ၉ နာရီ နှင့် ၁၀ နာရီ အသီးသီးကြာမြင့်သည်။ မန္တလေးမှ ပုဂံသို့ ကားလမ်းမှသွားလျှင် ၃ နာရီ နှင့် ၄ နာရီ ကြာမြင့်သည်။
ရေကြောင်း

မန္တလေး - ပုဂံ အသွားအပြန် သင်္ဘောများ ရှိပြီး ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ကီလိုမီတာ ၁၇၀ သွားလာရန် ၉ နာရီခန့် ကြာမြင့်မည် ဖြစ်သည်။ ခရီးသွားရာသီတွင် နေ့စဉ်ခရီးစဉ် ရှိပြီး တစ်ခါတစ်ရံ ညအိပ်ခရီးစဉ်များပါ ရှိသည်။

🟡ထင်ရှားသည့် ပုဂံဘုရားပုထိုးများ

• ရွှေစည်းခုံစေတီ
• အလိုတော်ပြည့်ဂူဘုရား
• ထီးလိုမင်းလိုဘုရား
• အာနန္ဒာဘုရား
• ကန်တော့ပလ္လင်ဘုရား
• သဗျဗညုဘုရား
• ဗူးဘုရား
• ရွှေဆံတော်စေတီ
• ဓမ္မရံကြီးဘုရား
• လောကထိပ်ပန်ဘုရား
• မြစေတီ
• မနူဟာဘုရား
• နန်းဘုရားကျောင်း
• လောကနန္ဒာဘုရား
• ပြဿဒါးကြီး (ပြဿဒ်ကြီး)
• သကျမုနိ
• ရှင်ပင်သာလျောင်း
• ဂူပြောက်ကြီး
• ငှက်ပစ်တောင်ဘုရား(ညောင်ဦး)
• စူဠာမဏိဘုရား
• ဘုရားသုံးဆူ(ပုဂံ)
• သမ္ဘူလဘုရား
• တရုတ်ပြေးဘုရားကြီး
• အပယ်ရတနာဘုရား
• ရွှေဂူကြီး( နန်းဦး) ဘုရား

🟡စွယ်တော်လေးဆူ

• ရွှေစည်းခုံစေတီ
• တန့်ကြည့်တောင်စေတီ
• လောကနန္ဒာစေတီ
• တုရင်တောင်စေတီ

🟡ဘုရားပုထိုးများ

• ဂူပြောက်ကြီး (ဝက်ကြီးအင်း)
• ဂူပြောက်ငယ် (ဝက်ကြီးအင်း)
• ဆပဒစေတီ
• ကျောက်ဂူဥမင်ဘုရား
• ကုန်းတော်ကြီးဂူဘုရား
• သကျမုနိဂူဘုရား
• ထီးလိုမင်းလိုဘုရား
• အာနန္ဒာဘုရား
• ရွှေဂူကြီးဘုရား
• သံတော်ကြားဘုရား
• သဗျဗညုဘုရား
• ဓမ္မရံကြီးဘုရား
• ရွှေဆံတော်စေတီ
• ရှင်ပင်သာလျောင်း
• မင်္ဂလာစေတီ
• ပုထိုးသားများဂူဘုရား
• ကန်တော့ပလ္လင်ဘုရား
• မဟာဗောဓိစေတီ
• ဗူးဘုရား
• ဂူပြောက်ကြီး (မြင်းကပါ)
• ဂူပြောက်ငယ် (မြင်းကပါ)
• မြင်းကပါစေတီ
• ပေါ်တော်မူဘုရား
• မနူဟာဘုရား
• နန်းဘုရားကျောင်း
• အပယ်ရတနာဘုရား
• နဂါးရုံဂူဘုရား
• စိမ်းညက်အစ်မဘုရား
• စိမ်းညက်ညီမဘုရား
• နန္ဒာမညာဂူဘုရား
• သမ္ဘူလဘုရား
• ဘုရားသုံးဆူ
• လေးမျက်နှာဂူဘုရား
• ဓမ်မရာဇိကဘုရား
• စူဠာမဏိဘုရား
• မြစေတီ
• ပြဿဒါးကြီး (ပြဿဒ်ကြီး)
• အလိုတော်ပြည့်ဂူဘုရား
• ရှင်မထီးဘုရား
• ငကျွဲနားတောင်းစေတီ
• လောကထိပ်ပန်ဘုရား
• စိုးမင်းကြီးစေတီ
• ဖက်လိပ်ဘုရားများ
• စေတနာကြီးဘုရား (စည်စနာ)
• ဂူပြောက် (ဗိုလ်ချိုမိဂူပြောက်)
• တရုတ်ပြေးဘုရားကြီး
• ရပ်စောက်ဂူဘုရား
• တောင်ပုံလောကနာထ ဂူဘုရား
• တိုင်းချွတ်ဂူဘုရား
• ပုတ္တလင်ပုထိုး
• မြင်းပြဂူဘုရား
• ကျဆင်းဂူဘုရား
• အဇ္ဇဂေါဏဂူဘုရား
• ငလူးဂူဘုရား
• စောလှဝန်းဂူဘုရား
• မလာဖြစ်ဂူဘုရား
• မလုံးဖြစ်ဂူဘုရား
• လက်ပွတ်ကန်ဂူဘုရား
• သင်္ကန်းရုံဂူဘုရား
• သမန်းဂူဘုရား
• ဇံသီးဂူဘုရား
• ထောက်လှော်ကားဂူဘုရား
• တပ်ခလေးဂူဘုရား
• ပိန်နဲဂူဘုရား
• ဇေယျသွတ်ဂူဘုရား
• ကဇွန်းအိုဘုရား
• သုံးနယ်ခြားဂူဘုရား
• ဆင်များရှင်ဘုရား
• ရှင်ပင်သက်ရှည်ဘုရား
• သက်တော်ရစေတီတော်
• ထီးတန်ဆောင်ဘုရား
• ငှက်ပစ်တောင်ဘုရား
• နရသီဟပတေ့မင်းကောင်းမှုဘုရား
• အိမ်ရာကျောင်းငါးမျက်နှာ
• တန်ဆောင်းဂူဘုရား
• မြေပုံသာဘုရားလှ(လောကမုနိ)
• တာမနိဘုရား
• ချောက်ဘုရားလှ
• ချောက်ဘုရားလှငယ်
• ဂူနီဘုရား

🟡အထင်ကရ နေရာများ

• ပုဂံမြို့ဟောင်း
• ပုဂံမြို့သစ်
• ပုဂံရှေးဟောင်းသုတေသနပြတိုက်
• ပုဂံနန်းတော်ရာ
• သရပါတံခါး
• ငှက်ပစ်တောင်
• မြင်းကပါ
• ဥပါလိသိမ်
• နတ်လှောင်ကျောင်း
• ရှင်အာနန္ဒာအုတ်ကျောင်း
• ကျန်စစ်သားဥမင်
• မြကန် -ပိဋကတ်တိုက်
• မီးမလောင်ကျောင်း
• စိုးမင်းကြီးကျောင်း
• အာမနာကျောင်း -ဖွားစောရွာ -မင်းနန်သူရွာ
• သူဌေးမုခ်ဂူ
• ကျောက်စာဂူ
• စာသင်ဂူ
• တုရင်တောင်
• မြကန်စက္ကူတိုက်
• တန့်ကြည့်တောင်
• သမီးဝှက်ဥမင်နှင့် မြားသဂူ
• သီရိပစ္စယာ

Crd # မူရင်းရေးသားသူအား လေးစားလျှက်ပါ🙏🙏🙏

⭐ တပေါင်းလဆန်း (၃)ရက်⭐🔘 ပုန်းမကြည်နတ်ပူဇော် ရိုးရာပွဲ🔘====================အညာဒေသမှာ ကောက်ကြီးသိမ်းပြီးတဲ့အချိန် တပေါင်းလ...
03/03/2022

⭐ တပေါင်းလဆန်း (၃)ရက်⭐
🔘 ပုန်းမကြည်နတ်ပူဇော် ရိုးရာပွဲ🔘
====================

အညာဒေသမှာ ကောက်ကြီး
သိမ်းပြီးတဲ့အချိန်
တပေါင်းလမှာ ပုန်းမကြည်နတ်
တင်တဲ့ပွဲ ရှိပါတယ်

တပေါင်းလဆန်း ၁ ရက် ၂ ရက်မှာ
ရိုးရာမုန့်တွေ ကြော်ပြီးတော့

တပေါင်းလဆန်း (၃)ရက်နေ့မှာ
ပုန်းမကြည် (ပုဗ္ဗကြယ်) နတ်ကို တောင်သူလယ်သမား၊ ကိုင်း၊ကျွန်းလုပ်တဲ့ လူတိုင်း
ပူဇော်တင်မြှောက်ပသကြတဲ့နေ့ပါပဲ

အိမ်တိုင်း အိမ်တိုင်း ဆန်မှုန့်နဲ့
တောင်သူသုံးပစ္စည်း၊အိမ်သုံးပစ္စည်းတွေ ဖြစ်တဲ့
နွား၊ ထွန်၊ ထယ်၊ လှည်း၊ ကျောက်ပျဉ်၊
လက်ကောက် အစရှိတဲ့တာတွေကို‌ကြော်၊
နောက်ပြီး မုန့်ဆီကြော်ကို ကြော်၊
ငါးကြော် လ္ဘက်နဲ့ ပုန်းမကြည်ရှင်မကို
ပူဇော်ပသတဲ့ နေ့ဖြစ်ပါတယ်။

ပုန်းမကြည် ရှင်မက
စပါး၊ပဲ၊နှမ်း၊ဝါ စတဲ့အပင်တွေကို
များများရအောင် ကူညီစောင့်ရှောက်တဲ့
နတ်လို့လည်း ယူဆကြပါတယ်

တစ်ရွာ တစ်ပုဒ်ဆန်း၊
တစ်ကျောင်း တစ်ဂါထာ”ဆိုသလိုပါပဲ
နယ်မြေဒေသကိုလိုက်ပြီး
ကွဲပြားမှုတွေလည်း
ရှိကောင်း ရှိမှာပါ။

လဆန်း(၁)ရက်နေ့မှာ
လေတိုက်ရင်
မိုးဦးကောင်းမယ်

လဆန်း(၂)ရက်နေ့မှာ
လေတိုက်ရင်
မိုးလယ်ကောင်းမယ်

လဆန်း(၃)ရက်နေ့မှာ
လေတိုက်ရင်
မိုးနှောင်းကောင်းမယ် ဆိုပြီး
တောသူ၊ တောင်သားတွေက
မိုးလေ၀သကိုလည်း
ခန့်မှန်းတတ်ကြပါတယ်။

ကောက်ရိတ်ချိန်နဲ့
ပုန်းမကြည် ဆက်စပ်ပုံကိုလည်း
နည်းနည်းလောက်
ပြောပြပါရစေ....

လယ်တစ်ခင်းရိတ်လို့
အဲဒီလယ်ခင်းထဲက စပါးပင်မှာ
အရုပ်(ပုန်းမကြည်ရုပ်)နဲ့တူတဲ့၊
အဲဒီအရုပ်လေးပါတဲ့စပါးပင်ကို
ရိတ်မိတဲ့သူကို လယ်ရိတ်ခအပြင်
စပါးတစ်ခွဲ(၈)ပြည် ပေးရပါတယ်တဲ့

အဲဒီအရုပ်လေးကို
စပါးကြည်ထဲမှာ ထည့်ထားရင်
စီးပွားလာဘ်လာဘ ကောင်းတယ်၊
ဆန်ရေစပါးပေါများတယ်ဆိုတဲ့ အယူအဆကြောင့်ပါ။

ပုန်းမကြည်နတ်တင်တဲ့အခါမှာတော့
တင်တဲ့သူတွေက“ဆန်မုန့်နဲ့ပြုလုပ်ထားတဲ့ဟာတွေကို

တင်ပါတယ်၊ မြှောက်ပါတယ်
မုန့်ဆီကြော်လည်း ပါပါတယ်၊
လ္ဘက်ဆီဆမ်းလည်း ပါပါတယ် ဝါးပါ၊ စားပါ၊
ပြီးရင်လည်း မိုးသုံးချက်၊
လေသုံးချက်နဲ့ညီပြီး စိုက်တဲ့သီးနှံတိုင်း
အောင်မြင်ဖြစ်ထွန်းအောင် မ,စပါ
ပုန်းမကြည် အရှင်သခင်မ” ဆိုပြီး
ဆုတွေတောင်းပါတော့တယ်။

နတ်တင်ပြီး ချလာတဲ့မုန့်တွေကို
အ၀ အပြဲစားရလို့ပေါ့ မုန့်ဖြူကို
ထန်းလျက်ရည်နဲ့ တို့စားပါတယ်
မုန့်ဆီကြော်ကိုတော့ ဒီတိုင်းစားတာပေါ့။

ပုန်းမကြည်နတ်
ဘယ်ကစပေါ်လာတယ် ဆိုတာကို
နည်းနည်းလောက် သိအောင်ပြောပြပါရစေ

ပုန်းမကြည်နတ်လို့ ပြောတာထက်
ပုန်းမကြည် ဘီလူးမလို့ပြောလျှင် ပိုမှန်ပါလိမ့်မယ်။

ထိုပုန်းမကြည် ဘီလူးမသည်
လူသူမရှိသော ဆိတ်ငြိမ်သောအရပ်တွင်
ပုန်းအောင်းနေရမှ စိတ်ကြည်လင်သည့်အတွက်
ပုန်းမကြည်မလို့ ခေါ်တွင်သည်။

ပုန်းမကြည်မအကြောင်း
ပြောရမည်ဆိုလျှင်မြတ်စွာဘုရား
ဟောကြားခဲ့သော

ကာဠိယက်ခိနီ ဘီလူးမရဲ့
ဝတ်ထု၏
အကြောင်းကို ပြောပြရပေမည်
မြတ်စွာဘုရားရှင်
ဇေတဝန်ကျောင်းတော်မှာ
သက်တော်ထင်ရှားရှိစဉ်
တုန်းက
ပုဏ္ဏားသူကြွယ်
လုလင်တစ်ယောက်မှာ
မယားတစ်ယောက် ရှိပါသည်

အဲဒီမယားကြီးမှာ
ကံအကြောင်းမလှ၍
သားသမီးမရနိုင် ဖြစ်ခဲ့လေတော့
ပုဏ္ဏားသူကြွယ်လုလင်လေးမှာ
နေ့စဉ်နှင့်အမျှ
စိတ်မကောင်းဖြစ်နေရတာပေါ့

အဲဒီလိုဖြစ်နေတာကို
မယားလုပ်တဲ့သူက
မျိုးဆက်မပြတ်ရေးအတွက်

နောက်မိန်းမထပ်ယူဖို့
ယောက်ျားကို ပြောလိုက်တော့
ယောက်ျားကလည်း
နောက်မိန်းမ ယူလိုက်တာပေါ့

နောက်မိန်းမယူပြီး မကြာခင်မှာပဲ
မယားငယ်လေးက
ကိုယ်ဝန်လွယ်ရပါတော့တယ်
မယားကြီးက
စိတ်ပြောင်း သွားပြီးတော့
မယားငယ်၏ ကိုယ်၀န်ပျက်ဖို့ အမျိုးမျိုးကြံတော့တာပါပဲ။

ကိုယ်ဝန်ရလာလိုက်
မယားကြီးက
ဆေးတိုက်ပြီး ဖျက်ချလိုက်နဲ့
(၃)ဗိုက်မြောက်မှာတော့ အသက်ဆုံးရှုံးသွားပါတယ်

အသက်မဆုံးရှုံးခင်မှာ
မယားငယ်က
ကျိန်စာတိုက် သစ္စာဆိုသွားပါတယ်

ဖြစ်လေရာ ဘ၀မှာ
မယားကြီးနဲ့မယားကြီးကမွေးတဲ့
ကလေးတွေကိုစားရပါလို၏လို့
ကျိန်စာဆိုပြီးမှ သေသွားပါတယ်

မယားငယ် သေသွားတဲ့အကြောင်းကို
ယောက်ျားသိတော့
မယားကြီးကို
ရိုက်နက်၍ ဆုံးမပါတယ်

အဲဒီ ဒါဏ်ကြောင့်ပဲ
မယားကြီးမှာလည်း
သေသွားရပြန်ပါတယ်

မယားငယ်က
အဲဒီသူကြွယ် အိမ်မှာ
ကြောင်မ သွားဖြစ်ပါတယ်
မယားကြီးကတော့
ကြက်မ သွားဖြစ်ပါတယ်

သူတို့ ရဲ့
ဆုတောင်းတွေကြောင့်
ကြက်မမွေးတိုင်း
ကြောင်မက စားပါတယ်။

နောက်ပိုင်း ကြက်မကလည်း
ဆုတောင်းပြန်ပါတယ်
နောင်ဘ၀မှာ
ကြောင်မမှ မွေးသော
သားသမီးတိုင်းကို စားရပါလို၏လို့
ဆုတောင်းလိုက်ပါတယ်

အဲဒီ ဆုတောင်းကြောင့်
နောက်ဘ၀မှာ ကြောင်မက
သမင်မ သွားဖြစ်ပါတယ်
ကြက်မက
ကျားသစ်မ ဖြစ်ပါတယ်

သမင်မမွေးတဲ့ ကလေးတွေကို
ကျားသစ်မက အမြဲစားပါတယ်
အဲလိုနဲ့ သမင်မ သေတော့
နောက်ဘ၀မှာ
ကျားသစ်မကို နိုင်တဲ့သူ
ဖြစ်ပါစေဆိုပြီး
ဆုတောင်းပြန်ပါတယ်။

သေတော့ နောက်ဘ၀မှာ
သမင်မက
ဘီလူးမ ဖြစ်သွားပါတယ်
ကျားသစ်မကတော့
သာ၀တ္ထိပြည်မှာ
မိန်းမသွားဖြစ်ပါတယ်

အဲဒီ မိန်းကလေးအရွယ်ရောက်တော့
အိမ်ထောင်ကျပြီး
အမျိုးသမိး မီးဖွားတဲ့အချိန်မှာ
ဘီလူးမက
လူယောင်ဆောင်ပြီးတော့
ကလေးကို စားပါတယ်

နှစ်ခါမြောက်
မွေးတဲ့အခါမှာလည်း စားပါတယ်

အဲဒီလိုပါပဲ
သုံးကြိမ်မြောက်အခါတော့
အမျိုးသမီးက
ဘီလူးမကိုမြင်တာနဲ့ မြတ်စွာဘုရားရှင်
သတင်းသုံးတော်မူတဲ့
ဇေတ၀န်ကျောင်းတော်ထဲသို့ သားလေးကိုပိုက်ပြီး
အတင်း၀င်ပြေးသွားပြီးတော့
မြတ်စွာဘုရားရဲ့
ခြေထောက်ပေါ်ကိုတင်ပြီး

“သားငယ်အား လှူဒါန်းပါ၏၊
သားငယ်အား အသက်ရှင်ခြင်းကို
ပေးသနားတော်မူပါဘုရား”ဟု လျှောက်တင်လေ၏

မြတ်စွာဘုရားရှင်က
ဘီလူးမကို
“အဘယ်ကြောင့်
ဤသို့ပြုရပါသနည်း”ဟု
မေးပြီးတော့

နဟိဝေရေန ဝေရာနိ အစချီသော
ဂါထာကို ဟောကြားတော်မူပါသည်

အဓိပ္ပါယ်ကတော့
ရန်ကိုရန်ချင်းမတုန့်နှင်းနဲ့
ရန်မလိုမှ ရန်ပြိုတယ်
ရန်လိုလျှင်ရန်ပိုတတ်တယ် ရန်ငြိမ်းမှ ရန်အေးချမ်းတယ်
လို့ ဟောပြီးတဲ့နောက်မှာတော့

ဘီလူးမဟာ အသိဥာဏ်ပွင့်၍
သောတာပန်တည်သွားပါတယ်

အဲဒီနောက်မှာ
မြတ်စွာဘုရားရှင်က
အမျိုးသမီးအား
သားလေးကို ဘီလူးမအား
ပေးတော်မူဖို့ပြောလေသောအခါ
အမျိုးသမီးငယ်က
မပေးဝံ့ကြောင်း
မြတ်စွာဘုရားအား
လျှောက်တင်လေသည်။

မြတ်စွာဘုရားက
“ချစ်သမီးမကြောက်လေလင့်
ဘီလူးမသည်အခုချိန်ကစပြီး
သင့်သားကိုစားတော့မည်မဟုတ်”ဟု
မြတ်စွာဘုရားကပြောလိုက်မှ
အမျိုးသမီးသည်
ကလေးကို ဘီလူးမလက်ထဲသို့
ထည့်ပေးလိုက်ပါသည်။

ဘီလူးမလည်း
ကလေးကို
နမ်းလိုက် ငိုလိုက် လုပ်နေတာကို
မြတ်စွာဘုရားကသိသွားတော့

ဘီလူးမ
သင် အဘယ့်ကြောင့်
ငိုကြွေးနေရပါသလဲ

မှန်လှပါဘုရား

တပည့်တော်မ အရင်တုန်းက
သူများရဲ့အသက်ကိုသာ
သတ်ပြီး စားဖူးပါသည်

အခုဘာကို စားရပါမလဲ
မသိလို့
ငိုကြွေးမိကြောင်းပါဘုရား။

အဲဒီတော့မှ
မြတ်စွာဘုရားရှင်က

“ဘီလူးမ
အသင် မစိုးရိမ်လင့်”ဟု
ပြောပြီးတော့

ထိအမျိုးသမီးကို
ထမင်းဦး၊ ယာဂုစတဲ့
အစားအသောက်တွေကို လုပ်ကျွေးလော့ဟု
မိန့်တော်မူပါသည်

ဘီလူးမကို
တိတ်ဆိတ်ငြိမ်သက်တဲ့
နေရာတစ်ခုမှာ ထားပြီးတော့

အမြဲတမ်း ယာဂု၊
ထမင်းဦး စသည်တို့ကို
သွားသွားပို့လေသည်
အဲလိုပို့ပါ များလာတော့

“တစ်ဦးကစေတနာ၊
တစ်ဦးမေတ္တာ”ဆိုသလိုပါပဲ
ဘီလူးမက မိန်းမပျိုအား
“ဒီနှစ် မိုးကောင်းမယ်
ကုန်းအရပ်ပါ စပါးစိုက်ပျိုး၊
ဒီနှစ် မိုးခေါင်မယ်
ချိုင့်ဝှမ်းတွေမှာ
စိုက်ပျိုးဖို့”
ပြောပြောပေးတော့
မိန်းမပျိုတို့ မိသားစုက
တစ်နေ့တစ်ခြား ကြီးပွားတိုးတက်လာပါတယ်။

သာ၀တ္ထိမြို့သူ၊
မြို့သားတို့သည်လည်း
အဲဒီအချိန်က စပြီး ”အစားအသောက်တို့ကို
ဘီလူးမဆီကို သွားသွား
ပို့လေသည်
ဘီလူးမသည်လည်း
အားလုံးကို ကြည့်ရှု့မစ
စောင့်ရှောက်ခဲ့သောကြောင့်
တစ်မြို့လုံး စည်ပင်သာယာ ဝပြောလေတော့သည်

အဲဒီ အယူအဆကနေပြီးတော့ ပုန်းမကြည်နတ်ကို
တင်မြှောက် ပူဇော် ပသတဲ့ ဓလေ့ဖြစ်လာတာပါ တဲ့၊

"ပုန်းမကြည်"လို့
နောက်တစ်နည်းခေါ်တာကတော့
ဘီလူးမက
အင်မတန်ရုပ်ဆိုး အကျည်းတန်ပြီး
မျက်နှာက ကြောက်မက်ဖွယ် ဖြစ်နေတော့
လူတွေက
သူ့ဆီကို
စားဦးစားဖျားလာတင်တဲ့အခါ
ရှက်လွန်းလို့ ပုန်းပုန်းနေသတဲ့

အဲ့ဒီလိုခဏခဏ ပုန်းနေတော့
လူအများက
သူ့ကို "ပုန်းမကြီး"လို့ခေါ်သတဲ့

ကာလ ရွေ့လျော လာရာကနေ "ပုန်းမကြီး"မှ
"ပုန်းမကြည်"ဖြစ်လာကြောင်းလည်း ဆိုကြပါတယ်။

(မှတ်) ဘုရား တရား သံဃာ
ရတနာမြတ်သုံးပါးမှတစ်ပါး အခြားကိုးကွယ်စရာ မရှိပါ
ရိုးရာဓလေ့ အကြောင်းများ
သိရှိစေရန်အတွက်သာ
ထပ်မံ၍ ဖော်ပြပေးရခြင်း ဖြစ်ပါသည်။

(( သည်တပေါင်း ))

ရွက်ရွှေကလေး လည်ချာချာ
ဝင်းထိန်လို့ ဝါ။

ပီကလာ သံသာနှော
ငှက်ရွှေဥသြ။

ဥဩကလေး ညိုတိုတို
တေးဖွဲ့လို့ ငို။

ကြည်ချိုချို သူ့သံကြားရင်
လွမ်းဆွတ် သနား။

တပေါင်းနဲ့ ရွက်ရွှေဝါ
ဥဩကလေးက သာ။

ကိုယ်တို့မှာ သာနိုင်ဘဲ
ဟော...စာမေးပွဲ။

ဖောင်တိန်ကလေး အသင့်ပြင်
ဖိုလှိုက် ရွှေရင်။

တုန်ကယင် ပျာရာခတ်
စာမေ့မတတ်။

အမေတို့ရွာဆီ
လွမ်းမိပြန်ပြီ။

ပုန်းမကြည် နတ်တင်ပွဲမို့
မုန့် အဝ ခဲ။

ကလေးမ ညိုပြာပြာ
မွှေးတဲ့သဒ္ဓါ။

အခါတော် မုန့်ချိုကျွေးတယ်
ဝမ်း အဝ လွေး။

ရွက်ကြွေကလေးနဲ့တူတူ
ရွာသို့ တူရူ။

ပြန်ချင်သူ နွဲ့နှလုံး
ကြိမ်မီးနှင့်အုံး။

ငှက်ကလေး တေးသံချိုချို
မန်းတက္ကသိုလ်။

ပြန်မယ်ဆို မဖြစ်သေးလို့
မေးခွန်းလွှာ ရှုပ်အထွေးကို
ဖြေဦးမယ်လေး။ ။

တင်မိုး
၁၉၅၈၊ မတ်၊ အမှတ် ၉၅

အိုမီခရွန်အတွက်သဘာဝဆရာဝန် ၇ယောက်=================================၁ ။ Dr Sun (  ဒေါက်တာနေ )========================နေရောင...
16/02/2022

အိုမီခရွန်အတွက်သဘာဝဆရာဝန် ၇ယောက်
=================================
၁ ။ Dr Sun ( ဒေါက်တာနေ )
========================
နေရောင်ခြည်ကို တစ်နေ့လျှင် ၁နာရီခံယူပါ ၊ နေပူဆာလှူံပါ ၊ အကောင်းဆုံးအချိန်မှာ မနက် ၇ မှ ၉ခွဲ ဖြစ်ပါသည် ၊ Vitamin D ရစေသည် ၊ ( Vitamin Dများသောက်ကြလျှင် တစ်နေ့လျှင် 3000 အားထက်မပိုစေရန် သတိပြုပါ အချို့ဆေးများတွင် ၅၀၀၀ ကျော် ၁သောင်းများဖြစ်၍ ကျောက်ကပ်ပျက်စီးစေနိုင်သည် ) သဘာဝဖြင့်ရသော Vitamin D သည် အကောင်းဆုံးဖြစ်ပါသည် ။

၂ ။ Dr Water ( ဒေါက်တာ ရေ )
===========================
ရေသန့်အား တစ်နေ့လျှင် ၂လီတာ (ဖန်ခွက် ၆ခွက်မှ ၈ခွက် )သောက်ပါ ရေအစားရေနွေးကြမ်း ( ကျကျ ခါးခါး မဟုတ်ပါ ) လည်းသောက်၍ ရပါသည်

၃ ။ Dr Air ( ဒေါက်တာ လေ )
=========================
သန့်ရှင်းလတ်ဆတ်သောလေကိုရိူက်ရူပြီး အသက်ရူလေ့ကျင့်ခန်းလုပ်ပါ ၊ နှာခေါင်းဖြင့် ရိူက်ရူပြီး ၁၊ ၂ ၊ ၃ ၊ ၄ ၊ ၅ ရေ၍ ၅စက္ကန့်လောက်ထိန်းထားပြီးမှ အားရပါးရ ပါးစပ်မှ ပြန်ရူထုတ်ပါ ၊ တစ်ကြိမ်လျှင် အခါ ၂၀ မှ ၂၅ ခါ တစ်နေ့လျှင် ၄ကြိမ် စုစုပေါင်း အခါ ၁၀၀ အသက်ရူလေ့ကျင့်ခန်းလုပ်ပါ။

၄ ။ Dr Sleep ( ဒေါက်တာ အိပ် )
==========================
ကောင်းမွန်စွာ အိပ်စက်အနားယူပါ အသက် ၁၂ အောက်ကလေးများ တစ်နေ့လျှင် ၁၀နာရီ လူကြီးများ တစ်နေ့လျှင် ၈နာရီ ကောင်းစွာအိပ်စက်၍ ခန္ဓာကိုယ်မှ Cell များအား အနားပေးကာ ပြင်ပမှဝင်ရောက်လာမည့် ရောဂါပိုးများ အန္တရယ်ကို ကိုယ်ခံအားမြင့်စွာ ခုခံအားကောင်းစွာ ကာကွယ်နိုင်ကြပါစေ ။

၅ ။ Dr Exercise ( ဒေါက်တာ လှုပ်ရှားမှု )
==============================
ကိုယ်လက်လှူပ်ရှား လေ့ကျင့်ခန်းလည်း သင့်တော်သလို နေ့စဉ်ပြုလုပ်ပါ ၊ Gym သွားကစားခြင်း ပြင်းထန်သော အားကစားများ လေ့ကျင့်ခန်းများ မလုပ်နိုင်သော်ငြား မိမိခြံအတွင်း မိမိအိမ်အတွင်း လမ်းဖြည်းဖြည်းလျှောက်ခြင်း မြန်မြန်လှောက်ခြင်း jogging ရွရွပြေးခြင်းတို့ လုပ်ပေးခြင်းဖြင့် ပို၍ ကျန်းမာပါလိမ့်မည် ။

၆ ။ Dr Diet ( ဒေါက်တာအဟာရ )
===========================
မိမိတို့ နေ့စဉ် စားသောက်ကြရာတွင် ခန္ဓာကိုယ်မှ လိုအပ်သော ကယ်လိုရီ လူတစ်ယောက်အတွက် အနည်းဆုံး ၂၅၀၀ အား ၅၀၀ အပိုဆောင်း၍ ၃၀၀၀ calorie စားရန်လိုပါသည် ၊ အချိုဓာတ် အသားဓာတ် အဆီဓာတ်တို့ကို သင့်တော်ရုံစားရမည် အလွန်အကျွံ လိုသည်ထက်ပိုကာ ဘေးဖြစ်အောင်လည်း မစားရပါ ၊ အသီးအရွက်များ လတ်ဆတ်သောအသီးများကို စားသုံးခြင်းဖြင့် လုံလောက်သော vitamin ဗိုက်တာမင်များကို ဆေးများဖြင့်မဟုတ် သဘာဝဖြင့် ပြန်လည်ဖြည့်ဆည်းပါ ၊ အသီးအရွက်များကို အကြမ်းဖျဉ်း တစ်နေ့လျှင် အရောင် ၅မျိုး ပါအောင်စားခြင်းဖြင့် ( ဥပမာ အစိမ်းရောင် အရွက် ၊အနီရောင်ခရမ်းချဉ်သီး ၊လိမ္မော်ရောင် မုန်လာဥနီ ၊အဖြူရောင် မုန်လာဥ အဖြူ ဘူးသီး ပန်းဂေါ်ဖီ စသည်ဖြင့် ) ဗိုက်တာမင် A to Z များပြည့်ဝနိုင်ပါသည် ။

၇ ။ Dr Energy ( ဒေါက်တာ စွမ်းအင် )
===============================
မိမိခန္ဓာကိုယ်အတွက် စွမ်းအင်များ အားများကို ရုပ်ပိုင်းဆိုင်ရာ အစားအသောက်များ အိပ်စက်ခြင်း ကိုယ်လက်လှူပ်ရှားခြင်းတို့သာမက စိတ်ပိုင်းဆိုင်ရာ စွမ်းအားများဖြည့်တင်းရန် ကုသိုလ်စိတ်များနှင့်ပျော်မွေ့ပါ ၊ နေ့စဉ်ဘုရားရှိခိုးပါ ၊ သီလဆောက်တည်ပါ ၊ တရားထိုင်ပါ ၊ မိမိ၏ စိတ်အစဉ်ကို ငြိမ်းအေးရန် စိတ်စွမ်းအင်ကို လေ့ကျင့်ပါ ။

Dr မိုးမြတ်အောင်

ကားမောင်းတဲ့လူတိုင်း အဆင့်နှစ်ဆင့်ကို ဖြတ်သန်းရပါတယ် .....ပထမတစ်ဆင့်ကတော့ ကားမောင်းသင်ရမယ်၊ ဒုတိယကတော့ ကားမောင်းလိုင်စင်...
25/01/2022

ကားမောင်းတဲ့လူတိုင်း အဆင့်နှစ်ဆင့်ကို
ဖြတ်သန်းရပါတယ် .....

ပထမတစ်ဆင့်ကတော့ ကားမောင်းသင်ရမယ်၊
ဒုတိယကတော့ ကားမောင်းလိုင်စင် ဖြေရပါမယ်။

အောင်ရင် လိုင်စင်ရပြီး ကားမောင်းတတ်ပြီလို့
မထင်လိုက်ပါနဲ့ဦး၊ ကားမောင်းလိုင်စင်ရတိုင်း
ကားမောင်းတတ်တယ်လို့ထင်ရင်
အမှားကြီးမှားသွားနိုင်ပါတယ်။
လိုင်စင်ကိုင်ထားပြီး ယာဉ်စည်းကမ်း၊
လမ်းစည်းကမ်းမသိသူတွေ ဒုနဲ့ဒေး ပါ။

ဒါကြောင့် ကားတစ်စီးကို ကျွမ်းကျင်စွာ
မောင်းနှင်တတ်ဖို့အတွက်
မသိမဖြစ်သိထားရမယ့်
အခြေခံအကြောင်းအရာလေးတွေကို
ဖော်ပြပေးလိုက်ပါတယ်။

◼️လက်ကိုင်ဂွေကို မှားယွင်းစွာ ကိုင်ဆောင်ခြင်း ၊

မြို့တွင်းမှာမောင်းမယ်ဆိုရင်တော့ ၃ နာရီနဲ့ ၉ နာရီ အနေအထားတွေကို ကိုင်ရမှာဖြစ်ပြီး၊
အမြန်လမ်းမှာဆိုရင်တော့ ၄ နာရီနဲ့ ၈ နာရီ
အနေအထားတွေကိုင်ပြီး မောင်းနှင်ရင်
လူသက်သာပါတယ်။
(၂ နာရီနဲ့ ၁၀ နာရီ အနေအထားတွေကတော့
လေအိတ်မပါတဲ့ကားဟောင်းတွေ၊
လက်ကိုင်ဂွေကြီးမားတဲ့ကားတွေနဲ့
ပါဝါစတီယာရင်စနစ်မပါဝင်တဲ့ ကားတွေအတွက်ပါ) လက်ကိုင်ဂွေကို လက်ဖဝါးနဲ့တွန်းထားတာမျိုးတွေဟာ လက်ချော်တတ်တာကြောင့် လက်နှစ်ဖက်နဲ့
ခိုင်မြဲစွာဆုပ်ကိုင်ပြီး မောင်းပါ။

◼️လက်ကိုင်ဂွေ နှင့် နီးကပ်စွာထိုင်ခြင်း ၊

လူအများစု အမှုမဲ့ အမှတ်မဲ့ ဖြစ်တတ်ကြတဲ့
အကြောင်းအရာလေးတစ်ခုကတော့ လေအိတ်ပါပဲ။ ယာဉ်မတော်တဆမှုဖြစ်လို့ လေအိတ်ပွင့်လာခဲ့ရင်
လက်ကိုင်ဂွေနဲ့နီးကပ်စွာ ရှိနေခဲ့ပါက
နံရိုးကျိုးတာတွေ၊ မီးလောင်သလို
အပူလောင်တာတွေ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကားတစ်စီးကိုမောင်းနှင်တော့မယ်ဆိုရင် လက်ကိုင်ဂွေနဲ့ အနည်းဆုံး တစ်ပေခွဲလောက်
အကွာအဝေးရှိနေရပါမယ်။

◼️တာယာလေပေါင် ပုံမှန်မစစ်ဆေးခြင်း ၊

ယာဉ်မောင်းသမား အများစုဟာ
လေချိန်ဖို့ အနည်းငယ်ပျင်းတတ်ကြလေ့ရှိပါတယ်။ အခြားနိုင်ငံတွေမှာလည်း ဆီဆိုင်တွေမှာ
လေချိန်လို့ရတာတောင် ချိန်ဖို့ပျင်းနေတတ်ကြ
ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာကတော့
လမ်းမကြုံရင် (သို့) ကားမောင်းနေရင်း
ဆိုင်တွေ့မှ ဝင်ချိန်တတ်ကြပါတယ်။
တာယာဟာ သင့်ကားရဲ့အရေးအကြီးဆုံး
အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက်
ပုံမှန်လေချိန်တာမျိုးတွေပြုလုပ်ပေးသင့်ပြီး
ခရီးဝေးသွားမယ့်အခါမျိုးတွေမှာ
နိုက်ထရိုဂျင်လေထိုးသွားကြဖို့
အကြံပေးလိုက်ပါရစေ။

◼️ဘေးမှန်များ အချိန်အဆလွဲနေခြင်း ၊

လမ်းပြောင်းခါနီးနဲ့ ဘက်ဆုတ်တဲ့ အချိန်တွေမှာ
ဘေးမှန်က အချိန်အဆလွဲနေရင်
မျက်လုံးကန်းနေတဲ့လူ ကားမောင်းနေသလိုပါပဲ။ အခန့်မသင့်ရင် နောက်ဆုတ်တုန်း
လူတိုက်မိတာတို့ ၊လမ်းပြောင်းတုန်း သူများကား သွားပွတ်မိတာတို့ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ဘေးမှန်နှစ်ဖက်လုံးကို
နောက်ကော ဘေးကော
နှစ်ဘက်စလုံး ထင်မြင်အောင်
သေချာချိန်ထားဖို့လိုအပ်ပါတယ်ခင်ဗျ


ယခု ~ လာမည့်  တန်ဆောင်မုန်း လပြည့်၏ဆေးပေါင်းခ ချိန်သည် ၈နာရီ ၄၆ မိနစ် ၃၅ စက္ကန့်ဖြစ်ပါတယ်။ အလွန် ထူးခြား၍ ရှားပါးသော(Sup...
09/11/2021

ယခု ~ လာမည့် တန်ဆောင်မုန်း လပြည့်၏
ဆေးပေါင်းခ ချိန်သည် ၈နာရီ ၄၆ မိနစ် ၃၅ စက္ကန့်
ဖြစ်ပါတယ်။

အလွန် ထူးခြား၍ ရှားပါးသော
(Super moon )လပြည့်လည်း ဖြစ်ပါတယ် ။

၁၉၄၈တွင် တစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး
၇၀ နှစ် ကျော်ကြာ မှတစ်ကြိမ်ထပ်မံကြုံခွင့်ရှိသော
Super Moon ဖြစ်ပါတယ် ။

လ ဟာ ကမ္ဘာနဲ့အနီးဆုံးအနေ အထားမှာရှိနေမှာဖြစ်တဲ့အတွက် အဆမတန်ကြီးမားတဲ့ လပြည့် ကြီးကို
မြင်တွေ့ရမှာပါ ။

၁၉၄၈ ခုနှစ်က တစ်ခါ ဖြစ်ပေါ် ဘူး ခဲ့ပါတယ် ။

ယခု မမြင် လိုက်ရ ဘူးဆိုရင် နောက် လာမည့်
၂၀၃၄ နိုဝင်ဘာ ၂၅ မှ ထပ်မြင် ရမှာပါ ။

ပုဂံမြို့သစ်က ``ဒို့သားအဖ" ဝက်သားတုတ်ထိုးဆိုင်....သွားရင်း လာရင်း ဆိုင်လေးနားရောက်ဖြစ်တာနဲ့စားမိရင်း အရသာ နဲ့ ဆက်ဆံရေးဟန...
06/11/2021

ပုဂံမြို့သစ်က ``ဒို့သားအဖ" ဝက်သားတုတ်ထိုးဆိုင်....

သွားရင်း လာရင်း ဆိုင်လေးနားရောက်ဖြစ်တာနဲ့စားမိရင်း အရသာ နဲ့ ဆက်ဆံရေးဟန်ချက်သိပ်ညီနေတာတွေ့မိသည်၊ စပ်စုခဲ့သည်ပေါ့။

#အရင်ဆုံးအရသာပြောပါမယ်

ဝက်သား နဲ့ ကလီစာတွေကို ဒီတိုင်းပြုတ်ထားမဟုတ်ပဲ ၃နာရီကြိုတင်ပြီး အစိမ်းလိုက်အရသာနှပ်ထားတယ်။
ပြုတ်တဲ့အခါမှာလည်း မီးအေးအေးနဲ့အရသာစိမ့်ဝင်အောင် အချိန်ပေးပြုတ်တယ်။
ဟင်းရည်ကိုလည်း ဝက်သားပြုတ်ရည်နောက်ဆုံးရည်ကို အသုံးပြထားတော့ သျှာပေါ်မှာစွဲကျန်နေတဲ့ အရသာရှိတယ်။
အချဉ်ကြိုက်သူတွေအတွက် သံပုရာသီး အစစ်ကိုအသုံးပြုပေးထားတယ်။ (ပစ္စည်းမခိုတဲ့သဘော)
ကြက်သွန်ဖြူ ငရုတ်သီးစိမ်းမထည့်ပဲသောက်ကြည့်တာကိုပဲ အရမ်းအဆင်ပြေနေတယ်။
စားခဲ့တဲ့ကလီစာက နှုတ်သီးဖုံး၊ နားရွက်အရင်း၊ အူမကြီး စားခဲ့တာ ဆော အချဉ်မတို့ပဲ မြည်းစမ်းကြည့်တာ နူးညံ့သိမ်မွေ့ပြီး သျှာလည်လည်အရသာတွေ့ရတယ်။ အရသာခံရင်း ပန်း‌ကန်ကြည့်တော့ ၈ ပွဲဖြစ်သွားပြီ😁
ကြုံတွေ့ခဲ့တဲ့အရသာလေးက ဒီလောက်ပါပဲ။
ကိုယ်တိုင်သာ မြည်းစမ်းကြည့်ကြ။

#ဆက်ဆံရေးလေးပြောပြမယ်

စားချင်တဲ့ကလီစာ ကုန်နေရင်တောင် အနီးဆုံးဟာကို စားချင်စိတ်ပေါ်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးတယ်။
စောင့်ရတယ်မရှိအောင် ရုပ်ချောတဲ့သားငယ်က သွက်လက်တယ် ဖော်ရွေတယ်။
လှီးတဲ့နေရာမှာလည်း စေတနာထည့်လှီးတော့ စားပွဲက နဲတယ်လို့ပြောစရာမလို။

#တည်နေရာညွှန်းရမယ်ဆိုရင်
ပုဂံမြို့သစ် Main လမ်းမကြီး၊ ရွှေပိုးအိမ်ဟိုတယ် နဲ့ မျက်နှာချင်းဆိုင် (တကယ်ဆို မျက်စောင်းထိုး)နေရာမှာ ညနေ၃နာရီဆို စားလို့ရနေပြီ။

နောက်တစ်ခါလာရင်သွားစားဖို့ ဖုန်းနံပါတ်ယူခဲ့တယ်
ဒို့သားအဖ ဝက်သားတုတ်ထိုး
09259681905





𝑴𝒂𝒌𝒆 𝒚𝒐𝒖𝒓 𝒔𝒂𝒇𝒆𝒕𝒚 𝒆𝒏𝒋𝒐𝒚𝒂𝒃𝒍𝒆 𝒕𝒓𝒊𝒑 𝒘𝒊𝒕𝒉 𝒖𝒔..!

𝐑𝐨𝐚𝐝 𝐓𝐨 𝐁𝐀𝐆𝐀𝐍 - 𝐂𝐚𝐫 𝐑𝐞𝐧𝐭𝐚𝐥 & 𝐓𝐨𝐮𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐒𝐭𝐚𝐭𝐢𝐨𝐧

𝐂𝐚𝐫 𝐑𝐞𝐧𝐭𝐚𝐥, 𝐓𝐮𝐤 𝐓𝐮𝐤 𝐑𝐞𝐧𝐭𝐚𝐥, 𝐄 𝐁𝐢𝐤𝐞 𝐑𝐞𝐧𝐭𝐚𝐥, 𝐓𝐢𝐜𝐤𝐞𝐭𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐚𝐧𝐝 𝐇𝐨𝐭𝐞𝐥 𝐑𝐞𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 𝐒𝐞𝐫𝐯𝐢𝐜𝐞

+𝟗𝟓𝟗𝟕𝟖𝟗𝟕𝟖𝟗𝟓𝟖𝟖
+𝟗𝟓𝟗𝟒𝟎𝟒𝟎𝟗𝟒𝟒𝟗𝟗 𝐫𝐨𝐚𝐝𝐭𝐨𝐛𝐚𝐠𝐚𝐧.𝐭𝐫𝐚𝐯𝐞𝐥@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦
𝐁𝐚𝐠𝐚𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫

04/10/2021

ပုဂံကိုရောက်ရင် ပုပ္ပါးကိုလည်းအရောက်သွားပါ။
ပန်းတော်ဆက် ကိုဗျတ္တ နဲ့ ပုပ္ပါးသူလေးမယ်ဝဏ္ဏတို့ အလွမ်းရာဇဝင်တွေကို တဝကြီးခံစားကြည့်ပါ။
ဘုရင်တစ်ပါးရဲ့ အာဏာစက်အောက်မှာ နှလုံးသားတစ်ချို့ အကျဉ်းချလှောင်ပိတ်ခံရတာတွေ ပုဂံခေတ်မှာရှိခဲ့ကြတယ်။





28/09/2021

ပုဂံကိုသွားမယ်
မှတ်တမ်းတွေနဲ့အတူ
ပုဂံရဲ့ နေဝင်ချိန် နေထွက်ချိန်တွေအကြောင်း
ပုဂံဟာ ပထမမြန်မာနိုင်ငံတော်ဖြစ်သည်နှင့်အညီ အမရပူရနဲ့ဆက်နွယ်တဲ့သမိုင်းတွေရှိခဲ့တဲ့အကြောင်း
အိုမင်းတဲ့အထိ ပြောကြမယ်။




24/09/2021

ပုဂံ ဆိုတာ
နွေး မိုး ဆောင်း ဘယ်လိုပြောင်းပြောင်း
သမိုင်းတွေနဲ့ နှလုံးသားတွေကို အထင်းသားမြင်စေတယ်။
နံနင်းခင်း သာမက ဆည်းဆာချိန်မှာပါ
တင့်တယ်နေတယ်။



အညာဒေသရဲ့ အသဲနှလုံး #ထန်းညှောက် (ဆံကျီထွေး)  #ထန်းမြစ်ဖုတ် ထန်းသီးနုနု လေးတွေ ကို ခွဲစားရကောင်းမှန်းတော့ အတော်များများ သ...
24/09/2021

အညာဒေသရဲ့ အသဲနှလုံး
#ထန်းညှောက် (ဆံကျီထွေး)
#ထန်းမြစ်ဖုတ်

ထန်းသီးနုနု လေးတွေ ကို ခွဲစားရကောင်းမှန်းတော့ အတော်များများ သိကြပါတယ် ။
ဒါပေမဲ့ ထန်းသီးစေ့ကနေ ထန်းပင်ပေါက်ဖြစ်ပြီး ထန်းသီးစေ့ ထဲမှာ ရှိနေတဲ့ ထန်းညှောက် ( ဆံကျီထွေး) ကိုတော့ စားလို့ရမှန်း သိပ်မသိကြပါဘူး။
ငယ်ငယ်ကတော့ ခုလို ထန်းမြစ်ပုံတွေဖော်ချိန် (တန်ဆောင်မုန်း လရာသီ)ဆို ထန်းမြစ်နဲ့ ထန်းညှောက်ခွဲစားနေကြ။
ကျောင်းမုန့်စျေးတန်းမှာကတော့ ထန်းမြစ်ပြုတ်ကို သုံးချောင်းတစီး ငါးကျပ် တဆယ်နဲ့ ရောင်းတာကိုး....။
ဓားလေးတစ်ချောင်း ခါးထိုးပြီး ကြိုက်တဲ့ ကျင်း မှာ သွားခွဲစား ဘယ်သူမှ မတွန့်တိုကြဘူး ။
အဲဒီထဲမှာ မှ တီကိုက်စေ့ပါတဲ့ ထန်းသီးကျင်းဆိုရင် ကျင်းရှင်တွေ အတွက်သိပ်မကိုက်ပေမဲ့ ... ကလေးတွေ အတွက်တော့ ကြိုက်မှကြိုက်ပဲ ။
ထန်းသီးစေ့ ကနေ အညှောင့် ကလေးတွေ ထွက်လာ ပြီးတော့ ထန်းပင်မြစ် ဖြစ်တာပေါ့
ထန်းပင်မြစ် မဖော်ပဲ ဒီတိုင်းထားရင်တော့ ထန်းပင်ကြီးတွေ ဖြစ်တာပေါ့ ။
တချို့ ထန်းမြစ်ပုံဟောင်းနေရာတွေဆို ထန်းပင်ငယ်လေးတွေ ပြွတ်သိပ်နေရော....။
ဒါပေမဲ့ တချို့ ထန်းသီးစေ့ ကျတော့ မြေကြီးထဲမှာတင် တီကောင်ကိုက်ခံရပီး ထန်းပင်ပေါက် မဖြစ်တော့ဘူး လက်ညှိုးလောက် အညှောင့် ငုတ်တိုလေးတွေ နဲ့ ပဲ အဆုံးသတ်သွားတယ်။
အဲ့ဒီလို တီကိုက်စေ့ ကို ဓားနဲ့ ခွဲ လိုက်ရင် ဆံကျီထွေး ရပါတယ် ။ ထန်းညှောက်ပေါ့ ။ ချို ဆိမ့် ပြီး အေးနေတာပဲ။ တောသား ကိတ်မုန့် ပေါ့ ။ ငယ်ငယ်တုန်းကတော့ ကိတ်မုန့် စားမလား ၊ ထန်းညှောက်စားမလားဆို ထန်းညှောက်ပဲစားမှာပဲ။
ထန်းမြစ်ဖြစ်ပြီးမှ ရတဲ့ ထန်းညှောက်က ပွရောင်းရောင်းနဲ့ အချိုဓတ်နည်းပြီးအရည်ရွှမ်းတယ်။ သိပ်မချိုဘူး။
ထန်းပင်အောက်တင် ထန်းသီးမှည့်ကြွေကျပြီး မြေသားအရမ်းမာလို့ ထန်းမြစ်မထိုးနိုင်တဲ့ ထန်းညှောက်ကကျ အသားကျစ်ကျစ်နဲ့ အချိုဓာတ်ပိုများသလို အာဟာရပိုရှိတယ်။
ဓားမနဲ့ခဲပြီး ဓားမအဖျားလေးနဲ့ ကလော်ထုတ်ပြီး စားရတာကလည်း အရသာတမျိုးပဲ။

ကိုရုပ်ဆိုး
Photos

Address

Bagan Main Road
Bagan
2229

Telephone

+959789789588

Website

Alerts

Be the first to know and let us send you an email when Road To BAGAN - Car Rental & Tour Service Station posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Road To BAGAN - Car Rental & Tour Service Station:

Share

Category