30/09/2023
ရှေးလူကြီးများက
ခွေးလို မနေနှင့် သိုးတွေလိုနေဟု
ဆုံးမကြခြင်းမှာ
တစ်ကောင်နှင့်တစ်ကောင်
မကိုက်ဘဲ ငြိမ်ချမ်းစွာဖြင့်
အတူတကွ မျှဝေတတ်သောစိတ်ရှိသည့်
လူ့ဘောင်အဖွဲ့အစည်းသည်သာ
တိုးတက်စည်ပင် ဖွံ့ဖြိုးမည်ဖြစ်ကြောင်းကို
ပြဆိုခြင်းဖြစ်သည်....
ခွေးတွေလို ငါ့တွက် ငါ့ဟာ
ငါ့ဥစ္စာ ဆိုပြီး လောဘတက် ကိုက်လျှင် သေကြမည်။
အတ္တ လောဘ နဲ့ တကိုယ်ကောင်းစိတ်
မွေးသူများသည် ခွေးသဏ္ဍန် နှင့် တူပေသည်။
သိုးတွေလို မျှဝေစိတ်ထားလျှင် ရှင်ကြမည်။
သူ့ဖက် ကိုယ့်ဖက် သူ့အတွက် ကိုယ်အတွက်
မျှတစွာ နေထိုင်သူသည် သိုးသဏ္ဍန်နှင့် တူပေသည်