Robert Mendoza

  • Home
  • Robert Mendoza
Directions Contact the business

Robert Mendoza Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Robert Mendoza, Automotive Service, .

Photo News!လော်တာရို မာတီနက် ရဲ့ ပုံစံနဲ့ အောင်ပွဲခံခဲ့ကြတဲ့ အယ်ဗာရက်ဇ် နဲ့ အန်ဇိုအာဂျင်တီးနားအသင်းရဲ့ အဓိက ဂိုးသွင်းရှင...
27/03/2025

Photo News!
လော်တာရို မာတီနက် ရဲ့ ပုံစံနဲ့ အောင်ပွဲခံခဲ့ကြတဲ့ အယ်ဗာရက်ဇ် နဲ့ အန်ဇို

အာဂျင်တီးနားအသင်းရဲ့ အဓိက ဂိုးသွင်းရှင် လော်တာရို မာတီနက် ဟာ Injury ကြောင့် အခုကစားခဲ့တဲ့ world cup qualifier ပွဲစဉ်တွေကို လွဲချော်ခဲ့ရပါတယ် ။ ဒါပေမယ့် အာဂျင်တီးနားအသင်းဖော်တွေကတော့ မာတီနက် ဟာ သူတို့နဲ့ အမြဲ ရှိနေတယ်ဆိုတာကို ပြသတဲ့ အနေနဲ့ ဘရာဇီးနဲ့ ပွဲမှာ ဂိုးသွင်းယူအပြီး အခုလို အောင်ပွဲခံသွားခဲ့ကြတာပဲ ဖြစ်ပါတယ် ။


အားကစားဆိုင်ရာအချက်အလက်တွေကို စုစည်းဖော်ပြရာမှာ နာမည်ကျော်တဲ့ Opta ရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ခန့်မှန်းတွက်ချက်မှုမှာတော့ ...
27/03/2025

အားကစားဆိုင်ရာအချက်အလက်တွေကို စုစည်းဖော်ပြရာမှာ နာမည်ကျော်တဲ့ Opta ရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ခန့်မှန်းတွက်ချက်မှုမှာတော့ အာဂျင်တီးနားအသင်းကပဲ ၂ နှစ်ဆက် ချန်ပီယံဖြစ်လာမယ်လို့ ပါရှိခဲ့ပါတယ် ။ ယူရို ၂၀၂၄ ချန်ပီယံ စပိန် ၊ ၂ နှစ်ဆက် ယူရို ဒုတိယဆုရှင် အင်္ဂလန် အသင်းတွေဟာလည်း ကမ္ဘာ့ဖလားချန်ပီယံဆုကြီးကို ရယူနိုင်ဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတယ်လို့ Opta က ခန့်မှန်းထားပါတယ် ။


ဒီကနေ့ညနေပိုင်းမှာ ကစားသွားခဲ့တဲ့ World Cup Qualifier ပွဲစဉ်မှာ နယူးဇီလန်ဘောလုံးအသင်းဟာ နယူးကာလီဒိုးနီးယားအသင်းကို အနိုင...
27/03/2025

ဒီကနေ့ညနေပိုင်းမှာ ကစားသွားခဲ့တဲ့ World Cup Qualifier ပွဲစဉ်မှာ နယူးဇီလန်ဘောလုံးအသင်းဟာ နယူးကာလီဒိုးနီးယားအသင်းကို အနိုင်ကစားခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလားဝင်ခွင့်ကို ရရှိသွားခဲ့ပါတယ် ။

ဒါဟာ ဂျပန်အသင်းပြီးရင် ကမ္ဘာ့ဖလားဝင်ခွင့်ရရှိတဲ့ ဒုတိယမြောက်အသင်းလည်း ဖြစ်လာစေခဲ့တာပါ ။ နယူးဇီလန်အသင်းအတွက်တော့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို တတိယအကြိမ်ပါဝင်ယှဉ်ပြိုင်နိုင်ခွင့် ရရှိခဲ့ပါပြီ ။

👏👏👏


ချဲလ်ဆီး နဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဘရာဇီးနောက်ခံလူဟောင်း ဖိလစ်ပီ လူးဝစ် ဟာ လက်ရှိမှာ ဘရာဇီးကလပ် ဖ...
27/03/2025

ချဲလ်ဆီး နဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဘရာဇီးနောက်ခံလူဟောင်း ဖိလစ်ပီ လူးဝစ် ဟာ လက်ရှိမှာ ဘရာဇီးကလပ် ဖလာမင်ဂို အသင်းကို နည်းပြအဖြစ် ကိုင်တွယ်ပြီး ဆုဖလားတွေ ရယူပေးနေပါတယ် ။ ဖိလစ်ပီ လူးဝစ် ဟာ မနှစ်က စက်တင်ဘာလကမှ ဖလာမင်ဂိုအသင်းကြီးကို ကိုင်တွယ်ခဲ့တာဖြစ်ပေမယ့် ၆ လ အတွင်းမှာတင် ရီယိုဒီ ဂျနေးရိုး ရှုံးထွက်ဖလား ၊ ဘရာဇီး ရှုံးထွက်ဖလား နဲ့ ဘရာဇီးစူပါဖလားတွေကို ရယူပေးထားခဲ့တာပါ ။

ဒါ့အပြင် ဖလာမင်ဂိုအသင်းဟာ ဖိလစ်ပီ လူးဝစ် လက်ထက်မှာ ရလဒ်တွေ အလွန်ကောင်းမွန်ခဲ့ပြီး သူကိုင်တွယ်တဲ့ ၂၈ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ခဲ့တဲ့အပြင် ၁၇ ပွဲအထိ clean sheet ရယူထားနိုင်ခဲ့ပါတယ် ။


"အခုကစားမယ့် ပွဲမှာ ကျွန်တော့ကို ထည့်မကစားလို့ အနိုင်ရမယ်ဆိုရင် ကျွန်တော် ဒီပွဲကို လုံး၀၀င်မကစားပါဘူးလို့ ပြောနိုင်ပါတယ်...
27/03/2025

"အခုကစားမယ့် ပွဲမှာ ကျွန်တော့ကို ထည့်မကစားလို့ အနိုင်ရမယ်ဆိုရင် ကျွန်တော် ဒီပွဲကို လုံး၀၀င်မကစားပါဘူးလို့ ပြောနိုင်ပါတယ် ။ ပေါ်တူဂီအသင်းကို မအောင်မြင်စေချင်တဲ့သူတွေ အများကြီး ရှိတာကို ကျွန်တော်သိပါတယ် ။ အမှန်တော့ ဒါက ပုံမှန်ပါပဲ"

"ဒီပွဲမှာ ဂိုးသွင်းနိုင်မယ်ဆိုရင် ကျွန်တော် ပျော်ရွှင်မှာပါ ။ တကယ်လို့ ကျွန်တော်မသွင်းနိုင်ဘဲ တခြားတစ်ယောက်ယောက် သွင်းနိုင်ခဲ့မယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး ။ အဓိကက ပေါ်တူဂီအသင်း အနိုင်ရဖို့ပါပဲ"
Ronaldo


လီယွန်နယ် မက်ဆီ မပါဝင်တဲ့ အာဂျင်တီးနားအသင်းဟာ ဘရာဇီးအသင်းကို ၄ ဂိုးသွင်းပြီး ဂိုးပြတ်အနိုင်ကစားခဲ့ပါတယ် ။ ရိုနယ်ဒို မပါတ...
27/03/2025

လီယွန်နယ် မက်ဆီ မပါဝင်တဲ့ အာဂျင်တီးနားအသင်းဟာ ဘရာဇီးအသင်းကို ၄ ဂိုးသွင်းပြီး ဂိုးပြတ်အနိုင်ကစားခဲ့ပါတယ် ။ ရိုနယ်ဒို မပါတဲ့ ပေါ်တူဂီအသင်းကတော့ ခရိုအေးရှားအသင်းကို အနိုင်မကစားနိုင်ခဲ့ပါဘူး ။

အာဂျင်တီးနားအသင်းဟာ လီယွန်နယ် မက်ဆီ မရှိခင်ကတည်းက ကမ္ဘာ့ဖလား ၂ ကြိမ် နဲ့ ကိုပါအမေရိကဖလား ၁၄ ကြိမ်အထိ ရယူထားနိုင်ခဲ့တာပါ ။

ပေါ်တူဂီအသင်းကတော့ ရိုနယ်ဒို မရှိခင်မှာ ဘာဆုဖလားမှ မရရှိခဲ့ပါဘူး ။ ရိုနယ်ဒို ကစားနေတဲ့ အချိန်အတွင်းမှာမှ ဆုဖလား ၂ ခု ရယူနိုင်ခဲ့တာပါ ။ ပေါ်တူဂီအသင်းရဲ့ သမိုင်းမှာ ပထမဆုံးသော ဆုဖလားတွေဖြစ်ခဲ့ပါတယ် ။

အာဂျင်တီးနားအသင်းဟာ မက်ဆီမကစားတော့တဲ့ နောက်ပိုင်းမှာလည်း အသင်းကြီးတစ်သင်းအဖြစ် ဆက်ရှိနေဦးမှာ ဖြစ်ပြီး ဆုဖလားတွေလည်း ရယူနိုင်ဦးမှာပါ ။
ပေါ်တူဂီအသင်းကတော့ ဒီလိုမျိုး စွမ်းဆောင်နိုင်ပါ့မလားဆိုတာ စိတ်ဝင်စားစရာပါပဲ ။

ပေါ်တူဂီအသင်းနဲ့ ယူရိုဖလားရယူနိုင်တာဟာ ကမ္ဘာ့ဖလားရသလောက်အောင်မြင်မှုဖြစ်တယ်လို့ ရိုနယ်ဒို ပြောတာ လွန်မယ်မထင်ပါဘူး ။


ဂျာမနီဘောလုံးအသင်းဟာ UEFA Nations League ကွာတားဖိုင်နယ်အဆင့်မှာ အီတလီအသင်းကို နှစ်ကျော့ပေါင်းရလဒ် ၅-၄ နဲ့ အနိုင်ရရှိကာ ဆ...
27/03/2025

ဂျာမနီဘောလုံးအသင်းဟာ UEFA Nations League ကွာတားဖိုင်နယ်အဆင့်မှာ အီတလီအသင်းကို နှစ်ကျော့ပေါင်းရလဒ် ၅-၄ နဲ့ အနိုင်ရရှိကာ ဆီမီးဖိုင်နယ်ကိုတက်ရောက်ခဲ့ပါတယ် ။ ဂျာမနီအသင်းခေါင်းဆောင် ဂျိုရှုအာ ကင်မစ်ချ် ဟာ အဆိုပါ ၅ ဂိုးမှာ ကိုယ်တိုင် ၁ ဂိုး သွင်းယူပေးခဲ့ပြီး ကျန်တဲ့ ၄ ဂိုးစလုံးကိုပါ ဖန်တီးပေးခဲ့ပါတယ် ။ တကယ့်ကို ထူးခြားပြောင်မြောက်လှတဲ့ စွမ်းဆောင်ရည်ပါပဲ ။

ဂျာမနီအသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာတော့ ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ် ။


"အာဆင်နယ်အသင်းက အခုဆိုရင် အောင်မြင်မှုလမ်းကြောင်းပေါ်မှာ ရှိနေတဲ့အသင်းလို့ ပြောရမှာပါ ။ ကစားသမားကောင်းတွေရှိနေပြီး ဆုဖလာ...
27/03/2025

"အာဆင်နယ်အသင်းက အခုဆိုရင် အောင်မြင်မှုလမ်းကြောင်းပေါ်မှာ ရှိနေတဲ့အသင်းလို့ ပြောရမှာပါ ။ ကစားသမားကောင်းတွေရှိနေပြီး ဆုဖလားတွေကို ရယူနိုင်မယ့် အနေအထားမှာ ရှိနေပါပြီ"

"ချန်ပီယံလိဂ်ဆိုတာ ခက်ခဲတဲ့ပြိုင်ပွဲတစ်ခုပါ ။ ဒါပေမယ့် ကျွန်တော်တို့ ( ချန်ပီယံလိဂ်ဖလားကို မျှော်မှန်းဖို့ ) အဆင်သင့်ဖြစ်နေပါပြီ ။ မနှစ်တုန်းကဆိုရင်လည်း ဘိုင်ယန်မြူးနစ်ကို အနိုင်ကစားပြီး ဆီမီးဖိုင်နယ်ကို ရောက်ဖို့ နီးစပ်ခဲ့သေးတာပါ"

"အခုလည်း ရီးရဲမက်ဒရစ်လိုအသင်းနဲ့ ယှဉ်ပြိုင်ရပါမယ် ။ ဒီလိုအသင်းမျိုးတွေက ကိုယ့်အသင်းက ပုံစံကောင်း ရှိနေတဲ့အချိန်မှာ ကစားသင့်တဲ့ အသင်းမျိုးတွေပါပဲ"
David Raya




ခရစ္စတီယာနို ရိုနယ်ဒို ဟာ မနေ့ညက ကစားခဲ့တဲ့ ပေါ်တူဂီအသင်းနဲ့ ဒိန်းမတ်အသင်းတို့ရဲ့ ပွဲစဉ်မတိုင်ခင်မှာ နိုင်ငံအသင်းကစားသမာ...
27/03/2025

ခရစ္စတီယာနို ရိုနယ်ဒို ဟာ မနေ့ညက ကစားခဲ့တဲ့ ပေါ်တူဂီအသင်းနဲ့ ဒိန်းမတ်အသင်းတို့ရဲ့ ပွဲစဉ်မတိုင်ခင်မှာ နိုင်ငံအသင်းကစားသမားဘဝမှာ နိုင်ပွဲအများဆုံး ရရှိသူဆိုတဲ့ ဂင်းနစ်မှတ်တမ်းစံချိန်ကို လက်ခံရရှိခဲ့ပါတယ် ။ ရိုနယ်ဒို ဟာ ( မနေ့ညကပွဲမပါဘဲ ) နိုင်ငံအသင်းကစားသမားဘဝမှာ နိုင်ပွဲပေါင်း ၁၃၂ ပွဲအထိ ရရှိထားခဲ့တာပါ ။

မနေ့ညကပွဲမှာလည်း ပေါ်တူဂီအသင်းအတွက် ၁ ဂိုးသွင်းယူပေးခဲ့ပါတယ် ။ ဒီဂိုးကြောင့် ရိုနယ်ဒို ဟာ သွင်းဂိုးပေါင်း ၁၀၀၀ ပြည့်ဖို့ ၇၁ ဂိုးအလိုကို ရောက်ရှိလာခဲ့ပါပြီ ။


Address


Website

Alerts

Be the first to know and let us send you an email when Robert Mendoza posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Robert Mendoza:

Shortcuts

  • Want your business to be the top-listed autos & automotive service?

Share