Automotive Training Centre

Automotive Training Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Automotive Training Centre, Airlie Beach.

Spark Plugs (ပလပ်)အကြောင်း👇👇👇👇👇👇👇👇👇👇👇ဓာတ်ဆီအင်ဂျင်တစ်လုံးမှာ လေ နဲ့ လောင်စာအရောတွေ အကောင်း ဆုံး မီးလောင်ပေါက်ကွဲနိုင်ဖို...
17/09/2020

Spark Plugs (ပလပ်)အကြောင်း
👇👇👇👇👇👇👇👇👇👇👇

ဓာတ်ဆီအင်ဂျင်တစ်လုံးမှာ လေ နဲ့ လောင်စာအရောတွေ အကောင်း ဆုံး မီးလောင်ပေါက်ကွဲနိုင်ဖို့ Spark Plugs ရဲ့လုပ်ဆောင်ချက်ဟာ အရေးကြီးပါတယ်။
Ignition System မှာနောက်ဆုံးအဓိကကျတဲ့အရာကလည်း Spark Plug ပါပဲ။ Plug မကောင်း လို့ အင်ဂျင်လုပ်ဆောင်ချက်စွမ်းရည် အပြည့်အဝမရရင် ဆီစားနှုန်းများလာ ပါတယ်။ အင်ဂျင်ရုန်းအား၊ ဆွဲအား လည်း ကျဆင်းပါတယ်။Plug ဆိုတာ လူတိုင်းသိပေမယ့် Plug ကြောင့် ဖြစ်နေ တဲ့ပြဿနာတွေ၊ ချွတ်ယွင်းအားနည်း ချက်တွေကို အသေးစိတ်နားလည် သိရှိကြသူတွေ နည်းပါတယ်။ အရည် အသွေးမကောင်းတဲ့ ဓာတ်ဆီတွေသုံး ပြီး ပြုပြင်ထိန်းသိမ်းမှုအားနည်းနေတဲ့ ကားတွေမှာ Plug ပြဿနာ၊ Plugဒုက္ခတွေကို ရင်ဆိုင်နေကြရပါတယ်။ ဓာတ်ဆီအင်ဂျင်တစ်လုံး မှာ လေနဲ့ လောင်စာဆီအရောကို Power Stroke ရောက်ခါနီးမှာ မီး လောင်ပေါက်ကွဲသွားအောင် မီးပွား (Spark) တွေဖန်တီးပြုလုပ်ပေးတဲ့အရာပါပဲ။ Ignition စနစ်မှာ မီးကွိုင် (Ignition Coil) က ပို့လွှတ်ပေးလိုက် တဲ့ ဗို့အားမြင့် (High Voltage) တွေ၊ ပလပ်ကြိုးကနေတစ်ဆင့် Plug ကို ရောက်လာပါတယ်။ ဗို့အား ၁၂၀ဝ၀ ကနေ ၂၅၀ဝ၀Volt ရှိတဲ့အတွက် Plugထိပ်မှာရှိတဲ့ Center Electrode က နေ Ground ငုတ်ကို မီးပွားတွေ ခုန်ကူးပါတယ်။ ဒီမီးပွားကြောင့် Combustion Chamber ထဲမှာရှိနေတဲ့ ဖိသိပ်ခံထားရတဲ့ လေ-လောင်စာဆီ အရောတွေ ပေါက်ကွဲထွက်သွားပါတယ်။ ဒီပေါက်ကွဲတွန်းကန်အား ကြောင့် ပစ္စတင်က Connecting Rod ကိုတွန်းချပြီး ကရိုင်းရှပ်ကိုလည် ပတ်စေပါတယ်။ ပစ္စတင် ၄ လုံးရှိရင် ပလပ် ၄ လုံးရှိပါတယ်။ တချို့ကားတွေမှာ ဆလင်ဒါတစ်လုံးအတွက် Plug ၂ လုံးစီတောင်တပ်ဆင်ထားပါတယ်။ အင်ဂျင်လည်ပတ်နေတဲ့နှုန်းကမြန်လွန်းတဲ့အတွက် ပလပ် မီးပွားပွင့်ချိန်ကလည်း အလွန်တို တောင်းလှပါတယ်။ High Speed မောင်းနေတဲ့အချိန်မှာ ပလပ်မီးပွားပွင့် ချိန်တစ်ခုဟာ ၁ စက္ကန့်ရဲ့ အပုံ ၁၀ဝ၀ ပုံ ၁ ပုံ (၁/၁၀ဝ၀) လောက်ပဲ ကြာပါတယ်။
ပလပ်ထိပ် Electrode နဲ့ြွေကသားတွေမှာ ကာဗွန်တွေချိုးကပ်ပြီး ပလပ်ညစ်ပေလာတတ်ပါတယ်။ ကာဗွန်ချိုးတွေ ညစ်ပေတာများလာရင် ပလပ်မီးပွားခုန်ကူးတာကို အနှောင့် အယှက်တွေဖြစ်လာပါတယ်။ ပလပ် မီးကူးတာ မမှန်တော့ဘူး။ အင်ဂျင် ပေါက်ကွဲမှုလည်း မမှန်တော့ဘူး။ ပလပ်ညစ်ပေနေပြီး ပလပ်မခုတ်တော့ တာကို Carbon Fouling ဖြစ်တယ် လို့ ခေါ်ပါတယ်။
ဘာကြောင့် Plug ထိပ်မှာ (Hot Type), အအေးပလပ် (Cold Type) ဆိုပြီး ခွဲခြားထုတ်လုပ်ပါလဲ။ Plug တစ်လုံးကနေအပူတွေလျှောက်ကူး စီးဆင်း ပြန်လည်အအေးခံတဲ့အခါမှာ ကြာတဲ့အချိန်ပေါ်မှာမူတည်ပြီး အပူ ပလပ်၊ အအေးပလပ်ကို သတ်မှတ်ပါတယ်။ ပလပ်တစ်လုံးမှာ လျှပ်ကာ ပစ္စည်းဖြစ်တဲ့ြွေကသီးတွေနဲ့ တည် ဆောက်ထားပါတယ်။ ပလပ်ရဲ့ အလယ်အူတိုင် Center Electrode ကိုြွေကသား Insulator ကဖုံးအုပ်ပြီးထား ပါတယ်။ အပူပလပ်တွေမှာြွေက သား Insulator Nose က အလျားရှည်ပါတယ်။ အအေးပလပ်(Cold Type) မှာတော့ Insulator Nose က အလျားပိုပြီးတိုပါတယ်။ အပူပလပ်နဲ့ အအေးပလပ်ကို ကုပ်နံပါတ်တွေနဲ့ ခွဲခြားထုတ်လုပ်ထားပါတယ်။ပလပ်တစ်လုံးက အပူတွေကို အင်ဂျင်Head ကနေတစ်ဆင့် အပြင် ကိုစွန့်ထုတ်ပစ်ရပါတယ်။ အပူပလပ် တစ်လုံးရဲ့ Insulator Nose က ပို ပြီးရှည်တာကြောင့် အပူစွန့်ထုတ်ပစ် တဲ့နေရာမှာကြာပါတယ်။ ဒီလိုကြာတဲ့ အတွက် ပလပ်ရဲ့အပူချိန်က မြင့်နေပါတယ်။
အကောင်းဆုံးပလပ်တစ်လုံးရဲ့ မီးလောင်ပြီးဆုံးမှုအပူချိန်ဟာ (500C) ကနေ (800C) အတွင်း ခန့်မှန်းခြေ အားဖြင့်ရှိပါတယ်။ 500C ထက်နိမ့် ကျနေတဲ့ အပူချိန်မှာ ပလပ်တစ်လုံးရဲ့ Self-Cleaning Temperature လို့ ခေါ်ပါတယ်။ ဒီအပူချိန်အခြေအနေ မှာရှိနေရင် ပလပ်တွေသန့်ရှင်းနေပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပလပ် အတွင်းပိုင်းမှာလာပြီး ချိုးကပ်နေတဲ့ ကာဗွန်တွေဟာ သူ့သဘာဝအတိုင်း လောင်ကျွမ်းသွားကုန်လို့ပါပဲ။ 800C ထက်ပိုနေရင်လည်း Overheating ဖြစ်ပါတယ်။ ပလပ်တစ်လုံးရဲ့ အကောင်းဆုံး Thermal Performance ရဖို့ ပလပ်တစ်လုံးကို ရွေးချယ်တဲ့အခါမှာ Heat range ဟာ အရေးကြီးတဲ့အချက်ပါပဲ။
ပလပ်တစ်လုံးမှာ ကာဗွန်ချိုးတွေ ညစ်ပေနေရင် မီးပွားပွင့်တာမမှန် တော့ပါဘူး။ ပလပ်ကာဗွန်ချိုးတွေ တွယ်ကပ်လာစေနိုင်တဲ့အကြောင်း တရားတွေကတော့
– ကားအင်ဂျင် low speed မှာပဲ ခရီးတိုလေးတွေကို အဆက်မ ပြတ်မောင်းနေခြင်း။
– အအေးပလပ် (Cold Plug)ကို ရွေးချယ်အသုံးပြုထားခြင်း။
– အင်ဂျင်အတွင်းသို့ ဆီများသော လေ-လောင်စာအချိုးအစားများဝင်ရောက်မှုများနေခြင်း။
– အင်ဂျင်Compression ကျ နေခြင်း၊ ပစ္စတင်ရိန်းနဲ့ ဆလင်ဒါနံရံများစားနေ၍ အင်ဂျင်ဝိုင်အကုန်များနေခြင်း။
– မီးတိုင်မင် (Ignition timing)နောက်ကျလွန်းခြင်း။
– မီးပေးစနစ်(Ignition System) အခြေအနေယိုယွင်းပျက်စီးနေ ခြင်း တို့ဖြစ်ပါတယ်။

Credit-ဆရာ KMA(သိပ္ပံနှင့်နည်းပညာ)

ဓာတ်ဆီနဲ. ဒီဇယ် လောင်စာဆီမှားပြီး သင့်ကားမှာထည်.မိရင် ဘာဖြစ်နိုင်သလဲ ? သင်ဟာ ဓာတ်ဆီအင်ဂျင်ကားတစီးကို မောင်းနေတဲ့ ယာဉ်မော...
11/09/2020

ဓာတ်ဆီနဲ. ဒီဇယ် လောင်စာဆီမှားပြီး သင့်ကားမှာထည်.မိရင် ဘာဖြစ်နိုင်သလဲ ?

သင်ဟာ ဓာတ်ဆီအင်ဂျင်ကားတစီးကို မောင်းနေတဲ့ ယာဉ်မောင်းသူတယောက်ဖြစ်ရင်ဖြစ်မယ် ၊ ဒီဇယ်အင်ဂျင်ကားကို မောင်းနေတဲ့ ယာဉ်မောင်းတယောက်ဖြစ်ရင်ဖြစ်ပါမယ် ။ သင့်ကား ဆီဖြည့်စဉ်မှာ ဆီဆိုင်က ဓာတ်ဆီကားကို ဒီဇယ်
မှားထည်.လိုက်မိတယ် ၊ ဒီဇယ်ကားကို ဓာတ်ဆီမှားထည်.လိုက်မိတယ်ဆိုပါစို. ၊( ဖြစ်ခဲပေမယ့် ဖြစ်တော့ဖြစ်တတ်ပါတယ် ) ၊ သင်ကလည်း အမှုမဲ့ အမှတ်မဲ့ ဆီမှားထည်.လိုက်တာမသိဘဲ ကားစက်နှိုးလိုက်မိတယ်ဆို သင်ကားအင်ဂျင်
ဘာတွေဖြစ်သွားနိုင်မလဲဆိုတာကို သိပ္ပံနည်းကျ လက်တွေ.ကျကျ ဆွေးနွေးတင်ပြချင်ပါတယ် ။

ဆီမှားထည်.တဲ့ ပြသနာဘာတွေဖြစ်နိုင်တယ်ဆိုတာကို မသိခင် ဓာတ်ဆီအင်ဂျင်နဲ. ဓာတ်ဆီအင်ဂျင်တို.ရဲ. မတူကွဲပြားတဲ့ အင်ဂျင်တည်ဆောက်ပုံ မီးလောင်ပုံလေးတွေကို သိထားရင်ပိုကောင်းပါတယ် ။ ကျနော်အရင်ရေးထားတဲ့ ပိုစ့်မှာ
ရှာဖွေဖတ်နိုင်ပါတယ် ။

အခုတင်ပြချင်တာက ဓာတ်ဆီနဲ. ဒီဇယ်ဆီတို.ရဲ. မတူကွဲပြားတဲ့ ဂုဏ်သတ္တိတွေကိုပါ ။

ဓာတ်ဆီ၏ ဂုဏ်သတ္တိများ

အငွေ.ပျံလွယ်သည် ၊ ပုံမှန်အပူချိန်တွင် လွယ်ကူစွာ အငွေ.ပျံသည် ။
အရောင်မရှိ ၊ ထွင်းဖောက်မြင်နိုင်သည် ၊ အနံ.အနည်းငယ်သင်းပျံ.သည် ။
မီးစတင်လောင်ကျွမ်းရန် အနိမ့်ဆုံးသော အပူချိန်လိုအပ်ချက် ( Flash Point ) = -10 to -15 ' C (or) 14 to 15 ' F
နိပ်သောသိပ်သည်းဆ (0.60 to 0.78)
ဆီနှင့်ရာဘာထဲသို. စိမ့်၀င်နိုင်သည် ။
အပူချိန်ပမာဏ ( 9500 to 10500 Kcal / Kg 0r 4300 to 4800 Kcal / lb )
အေးနေသော အင်ဂျင်ကို စတင်နိုးချိန်တွင် လေနှင့်ဆီရောနှောမှုလွယ်ကူစေရန် လွယ်ကူသော အငွေ.ပျံစွမ်းရည်ရှိသည် ။

ဒီဇယ်၏ ဂုဏ်သတ္တိများ

ဒီဇယ်ကို ရေနံစိမ်းမှ အပူချိန် 200 ' C -300 ' C (104 to 212 ' F ) ရှိသည် ။
ဒီဇယ်သည် ရေနံဆီ ဓာတ်ဆီတို.ထက် နောက်ကျပေါင်းခံထားသော လောင်စာဆီဖြစ်သည် ။
အဝါရောင်သန်းသည် ၊ သင်းပျံ.သောရနံ.ရှိသည် ။
မီးစတင်လောင်ကျွမ်းရန် အနိမ့်ဆုံးသော အပူချိန်လိုအပ်ချက် ( Flash Point ) မြင့်မားပြီး 40 to 100 ' C (or) 104 to 212 '
သိပ်သည်းဆ ( 0.82 to 0.86 )
အပူချိန်ပမာဏ အနီးစပ်ဆုံး ( 10500 ' Kcal / Kg or 4800 Kcal / lb )
နိမ့်သောအပူချိန်တွင် အရည်အဖြစ်တည်ရှိနေရမည် ။
ဒီဇယ်သည် အင်ဂျက်ရှင်းပန်. ( Injection Pump ) နှင့် နော်ဇယ် (Nozzle ) များအတွင်းချောဆီအဖြစ်ဆောက်ရွက်ရသဖြင့် စေးပျစ်ပြီး ချောဆီဂုဏ်သတ္တိရှိရမည် ။

ဆီနှစ်ခုရဲ. မတူညီတဲ့ ဂုဏ်သတ္တိနှစ်ခုကို သိပြီဆိုရင် အခု ဓာတ်ဆီအင်ဂျင်ထဲကို ဒီဇယ်ဆီမှားထည်.ကြည်.ပါမယ် ။

ဓာတ်ဆီအင်ဂျင်ထဲကို ဒီဇယ်ဆီထည်.ပြီး စက်နိုးလိုက်ရင် ဘာဖြစ်မလဲ ?

အဖြေကတော့ ဘာမှမဖြစ်ပါဘူး ။ သင့်ကားအင်ဂျင် စက်နှိုးလာမှာမဟုတ်ပါဘူးခမျာ ။ စနစ်တကျပြန်ရှင်းပြပါမယ် ။

ဓာတ်ဆီအင်ဂျင်မီးလောင်ပေါက်ကွဲပုံက ဓာတ်ဆီနှင့်လေ အရောအနှောတွေကို အင်ဂျင်ထဲထည်. ဖိသိပ်ပြီး ပလက်ကနေမီးပေါက်ပေးပြီး မီးလောင်ပေါက်ကွဲမှုဖြစ်စေတာပါ ။ ဒီလိုအင်ဂျင်လည်ပတ်မှုဖြစ်စဉ်ဖြစ်စေဖို.
ဓာတ်ဆီကိုက သူ.ဂုဏ်သတ္တိအရ လေနဲ.ရောနှောရင် အဆင်ပြေစေဖို. အငွေ.ပျံလွယ်တဲ့စွမ်းရည်သတ္တိရှိပါတယ် ။ ဒီလိုအင်ဂျင်ထဲကို အငွေ.မပျံလွယ်တဲ့ ဒီဇယ်ထည်.လိုက်တဲ့အခါ ဒီဇယ်
ဟာ အငွေ.မပျံဘဲ အရေတွေအဖြစ်နဲ.ပဲတည်ရှိနေလို. လေနဲ.အရောအနှောမှာ ပေါက်ကွဲမီး
လောင်စေဖို. ဘယ်လိုမှမလွယ်ကူစေပါဘူး ။ နောက်တချက်က ဓာတ်ဆီရဲ. မီးလောင်လွယ်နိုင်စွမ်းပမာဏက မြင့်မားပြီးသားမို. အင်ဂျင်တည်ဆောက်ပုံကိုက အပူချိန်များစေတဲ့ တမင်ဖိနှိပ်မှုများတွေမပါ၀င်ပါဘူး ။
ဒီတော့ ဒီလိုအင်ဂျင်ထဲမှာ မီးလောင်မလွယ်နိုင်တဲ့ ဒီဇယ်ဆီဟာ မီးလောင်ဖို.လိုအပ်တဲ့အပူချိန်မရရှိလို. မီးလောင်ကျွမ်းဖို.မဖြစ်နိုင်ပါဘူး ။

ဒီတော့ ဓာတ်ဆီအင်ဂျင်ထဲ ဒီဇယ်ထည်.မိပြီး စက်နှိုးလိုက်ရင် ဘာမှမဖြစ်နိုင်ပါဘူးခမျာ ။ ဓာတ်ဆီကားမောင်းသူတွေကံကောင်းပါတယ် ။ မတော်မှားထည်.မိရင် စက်နှိုးမရတာကလွဲလို. အင်ဂျင်မထိခိုက်ဘဲ
ဆီတိုင်ကီ ထဲက ၊ ပိုက်လိုင်းတွေထဲက မှားထည်.မိတဲ့ ဒီဇယ်တွေကို ကုန်အောင်ထုတ် ဓာတ်ဆီပြန်ထည်.မောင်းလို.ရပါတယ် ။ ကဲဓာတ်ဆီအင်ဂျင်ပြီးတော့ ဒီဇယ်အင်ဂျင်အလှည့်ပေါ့ ။

ဒီဇယ်အင်ဂျင်ထဲကို ဓာတ်ဆီမှားထည်.ပြီး စက်နှိုးမောင်းမိရင် ဘာဖြစ်မလဲ ?

အဖြေက ခေတ်စကားနဲ.ပြောရရင် မြွေခြောက်ကိုက်သလိုပါပဲဗျာ ။ အင်ဂျင်ရယ် ဆက်စပ်ပစ္စည်းတွေ အကုန်ဂန်.သွားနိုင်ပါတယ် ။ စနစ်တကျပြန်ရှင်းပြပါမယ် ။

ဒီဇယ်အင်ဂျင်မီးလောင်ပေါက်ကွဲမှု ဖြစ်စဉ်က ဒီဇယ်အင်ဂျင်ထဲကို လေတမျိုးထဲကိုသာ Inlet ကနေ သွင်း ၊ အဲ့လိုကိုပဲ အပူချိန်အများကြီးရအောင် Piston ဖိအားတွေနဲ. အတင်းဖိသိပ် ၊ တော်ရုံမီးမလောင်နိုင်တဲ့ ဒီဇယ်ဆီတွေ
မီးလောင်လောက်တဲ့ အပူချိန်ရောက်ပြီဆိုမှ ဒီဇယ်ဆီတွေကို နော်ဇယ်ကနေ သတ်မှတ်အတိုင်းအတာအဖြစ် အမှုန်အမွှားလေးတွေဖြန်းပေးခြင်းဖြင့်မီးလောင်တာပါ ။ အဲ့လိုအင်ဂျင်ထဲကို မီးလောင်လွယ်လွန်းတဲ့ ဓာတ်ဆီထည်.ပါပြီတဲ့
ဗျာ ။ အပူချိန် အနှုတ်ဒီဂရီမှာတောင်မီးလောင်နိုင်တဲ့ ဓာတ်ဆီဟာ မလောင်လောင်အောင် အပူချိန်နဲ.ဖိအားတွေပေးထာတဲ့ အင်ဂျင်ထဲမှာ စည်းမဲ့ကမ်းမဲ့ အထိန်းအကွပ်မဲ့ မီးလောင်ကျွမ်းမှု
( Uncontrolled Combustion ) ဖြစ်ပါတော့တယ် ။ အဲ့လိုဖြစ်တဲ့အတွက် အင်ဂျင်သံမီးလောင်မှုကို နားမထောင်တဲ့ ယာဉ်မောင်းနဲ.ဆိုရင် သတိမမူမိဘဲ အချိန်အတော်ကြာမောင်းလိုက်မယ်ဆိုရင်ပဲ
အင်ဂျင်အတွင်းက မီးလောင်ခန်းသုံး ပစ္စည်းတွေဖြစ်တဲ့ Piston , Valve , Cylinder Head , Cam Shaft အစရှိတဲ့ ဆက်စပ်ပစ္စည်းတွေအကုန်ပျက်စီးပါမယ် ၊ ၀ပ်ရှော့ပို.ပြီး အင်ဂျင်ချရမယ် ။ အတွင်းပစ္စည်းတွေအကုန်ပြုပြင်လဲလည်ရ
နိုင်ပါတယ် ။ ဒါတွင်ပဲလားဆို မဟုတ်သေးပါဘူး ။ ဒီဇယ်အင်ဂျင်မှာ သုံးနေတဲ့ နော်ဇယ်တွေ အင်ဂျက်ရှင်းပန်.တွေဟာ ဒီဇယ်ရဲ. စေးပျစ်မှု ချောဆီသဘောကို မှီခိုပြီးရပ်တည်နေပါတယ် ။ အဲ့လိုပစ္စည်းတွေထဲကို စေးပျစ်မှုမရှိတဲ့ ဓာတ်ဆီ
ထည်.လည်ပတ်လိုက်တဲ့အတွက် ချောဆီစနစ်ပျက်စီးပြီး နော်ဇယ်တွေ အင်ဂျက်ရှင်းတွေပါ အပိုလိုက်ဂန်.ပါမယ် ၊ တခြား ရာဘာစီးတွေမှာလည်း ဓာတ်ဆီဟာပျော်၀င်ကုန်တာမို. အင်ဂျင်တခုလုံးပျက်စီးမှုမျိုးစုံကြုံတွေ.ရပါမယ် ။

ဒီဇယ်အင်ဂျင်ယာဉ်မောင်းဆရာတွေ သတိပြုကြစေလိုပါတယ် ။ ဓာတ်ဆီမှားမထည်.မိဖို.ရယ် မှားထည်.မိရင်တောင် စက်နှိုးပြီးပြီးချင်သိပြီး အချိန်မှီ အခြေအနေမဆိုးခင်ရပ်တန်.ဖို.ရယ်ပါ ။

ဒီလောက်ဆို ဆီမှားထည်.တဲ့ ပြသနာကနေ အင်ဂျင်တွေဘာဖြစ်နိုင်တယ်ဆိုတာ ကွဲကွဲပြားပြားသိလောက်ပါပြီ ။

နောက်ဆုံး သတိပေးချင်တာက ဒီဇယ်အင်ဂျင်ထဲ ဓာတ်ဆီ လုံး၀ (လုံး၀)ထည်.မောင်းလို.မရပါခမျာ ။

စာဖတ်သူမိတ်ဆွေများအားလုံး နည်းပညာဗဟုသုတ ဖွံ.ဖြိုးတိုးတက်ကြပါစေ ။

========================Photo Crd from goole

Respectfully Credit >>>

L.Zarni (P.T.U)
Prime Auto Technology

🔘 VOLVO EBS ( Electronic Brake System)  ➿ EBS brake system  ကတော့ electronic စနစ်နဲ့ control လုပ်တဲ့brake စနစ်ဖြစ် ပီးတေ...
09/08/2020

🔘 VOLVO EBS ( Electronic Brake System)

➿ EBS brake system ကတော့ electronic စနစ်နဲ့ control လုပ်တဲ့brake စနစ်ဖြစ် ပီးတော့ ဘရိတ်ကိုမြန်မြန်ဆန်ဆန် ဖမ်းမိနိင်ဖို့၊ ဘရိတ်ကို အကွာဝေးတိုတို အတွင်းမှာ မိဖို့နဲ့ လမ်းပေါ်မှာ အန္တရယ်ရှင်းစွာမောင်းနိင်ဖို့ အတွက် နည်းပညာတိုးမြှင့်ထားတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ အကယ်၍ electronic စနစ်မှာ Error ရှိခဲ့ရင်တော့ backup အနေနဲ့ pneumatic system ပါ ပူးတွဲတပ်ဆင်ထားပါတယ်။

➿EBS စနစ်မှာတော့ အဓိကအားဖြင့် အောက်ပါ အစိတ်ပိုင်းတွေပါဝင်ပါတယ်။

☑EBS controller
☑Footbrake Vale
☑Modulator Valve
☑Wheel Speed Sensor
☑Linning Wear Sensor
☑ABS
☑TCS

🔯EBS controller
EBS controller ကတော့ ဘရိတ်စနစ် တစ်ခုလုံးကို ထိန်းချုပ်ပေးမဲ့ ယူနစ်တစ်ခုပါ။ သက်ဆိုင်ရာ sensor တွေကနေ သတင်းအချက်လက်ယူပြီး သင့်တော်တဲ့ brake pressure ကို brake chamberတွေဆီကို ပေးပို့ပေးမှာပါ။ဒါ့အပြင် EBS controller ဟာ ABS, ASR, LWC, ESP အစရှိတဲ့ စနစ်တွေအကုန်လုံးကို ထိန်းချုပ်ထားပါတယ်။ဒါကြောင့် EBS စနစ်တပ်ဆင်ထားတဲ့ကားတွေမှာ တခြားသီးသန့်controller တွေ မလိုတော့ပါဘူး။

🔯Footbrake Valve
Footbrake valve ကတော့ ရိုးရိုးကားတွေမှာပါတဲ့ ပုံစံနဲ့အတူတူပါဘဲ၊ ထူးခြားသွားတာက brake pedal position switch လေးပါပူးတွဲတပ်ဆင်ထားတာပါ။ဘရိတ်နင်းတဲ့အခါ modulator valve ကိုelectric signal ပေးပြီးcontrolလုပ်တာပါ။အကယ်၍ footbrake valve ရဲ့ electrical အပိုင်းမှာ ပြသနာရှိခဲ့ရင်တော့ ရိုးရိုးBrakeစနစ်တိုင်းအလုပ်လုပ်မှာ ဖြစ်ပါတယ်။Electronic စနစ်နဲ့ controlလုပ်တာကြောင့် ရိုးရိုး brake valve တွေထက်တော့ နင်းရတဲ့အပိုင်းမှာ ပိုပြီး သက်တောင့်သက်သာရှိစေမှာပါ။

🔯Modulator Valve
Modulator Valve က relay valve နဲ့ သဘောတရားတူတူပါဘဲ။ထူးခြားသွားတာက modulator valve က electrical နည်းနဲ့ရော pneumatical နည်းနဲ့ ရော brake pressureကို controlလုပ်နိင်ပါတယ်။Modulator Valve ထဲမှာတော့ solenoid 3လုံးလုံး၊control unit တစ်ခု၊pneumatic relay valve တစ်ခု နဲ့ pressure sensor တစ်လုံးပါပါတယ်။pressure sensor,wheel speed sensor နဲ့ Lining wear sensor တို့က informationကို modulator ကိုပေးပို့ရပါတယ်။modulatorက နေ သက်ဆိုင်ရာdataတွေကို တွက်ချက်ပြီး EBS controllerကိုပေးပို့ရပြီး EBS controller မှာ သက်ဆိုင်ရာ modulator တွေကို signal ပြန်ပို့ပေးပါတယ်။

🔯Wheel Speed Sensor
Wheel speed sensor ကတော့ inductive အမျိုးစားဖြစ်ပြီး သက်ဆိုင်ရာကားဘီးတွေရဲ့ rotation speed ကို modulatorတွေဆီပို့ပေးရပါတယ်။modulatorကနေတဆင့် EBS controller ကိုပေးပို့ပြီး..Data Linkတွေမှာတဆင့် သက်ဆိုင်ရာ controller တွေ ထပ်ဆင့်ပေးပို့ပါတယ်။

🔯Linning Wear Sensor
Linning Wear sensor ကတော့ brake pad တွေ ဘယ်လောက်စားသွားလဲဆိုတာ..စောင့်ကြည့်ပေးတဲ့sensor ဖြစ်ပါတယ်။ ၂ဝ ရာနှုန်းအောက်Brake pad စားသွားပြီဆိုရင်တော့ "Check Brake'' ဆိုတဲ့ warning lampလေးနဲ့ driver ကိုသတိပေးမှာဖြစ်ပါတယ်။Instrument cluster ထဲကနေလဲ ဘရိတ် padဘယ်လောက်စားသွားပြီလဲ ဘယ်လောက်မောင်းလို့ရသေးလဲဆိုတာကြည့်နိင်ပါတယ်။

🔯ABS and TCS
ABS နဲ့ TCS စနစ်က ပုံမှန်ကားတွေမှာဆိုရင်တော့ သီးသန့်ပါတဲ့စနစ်ပါ။EBS စနစ်မှာတော့ ABSနဲ့TCS functionတွေကို EBS controller ကဘဲ ထိန်းချုပ်ထားပါတယ်။

အချုပ်အားဖြင့်တော့ EBS စနစ်ဟာ ဒီ့ထက်မက detail ကျပြီး ကားတစ်စီးလုံးရဲ့ brake စနစ် ABS စနစ်၊ TCS စနစ် တွေအပြင် exhaust brake,Engine brake တွေနဲ့လဲချိတ်ဆက်ထားပါတယ်။Electronic စနစ်နဲ့ control လုပ်ထားတာကြောင့် ဘရိတ်စွမ်းဆောင်ရည်ပိုမိုကောင်းမွန်ပြီး ကားကို တည်တည်ငြိမ်ငြိမ် ထိန်းချုပ်နိင်ပါတယ်။EBSစနစ်ကိုပြုပြင်တဲ့သူတွေအတွက်တော့ လေလိုင်းသာမက electrical and electronic လိုင်းတွေပါ..နားလည်ထားဖို့လိုပါတယ်။

Zawgyi >>>" အချိန်တန်လျှင် အစားထိုး လဲလှယ်ပေးရသော ကားအစိတ်အပိုင်းများ "🚨🚨🚨🚨🚨 🔛 ကားပိုင်ရှင်အများစုသည် ကားကို အသုံးချနေသေ...
08/08/2020

Zawgyi >>>

" အချိန်တန်လျှင် အစားထိုး လဲလှယ်ပေးရသော ကားအစိတ်အပိုင်းများ "
🚨🚨🚨🚨🚨

🔛 ကားပိုင်ရှင်အများစုသည် ကားကို အသုံးချနေသော်လည်း၊ ပုံမှန်ထိန်းသိမ်းခြင်းနှင့် ကားပျက်၍ ပြုပြင်ရခြင်းများအတွက် ငွေကြေးသုံးစွဲရာတွင် လက်တွန့်တတ်ကြသည်။ ကားအကြောင်း၊ ကားသဘာ၀၊ ကားပြုပြင်ထိန်းသိမ်းခြင်းများကို နားလည်သဘောပေါက်သော ကားပိုင်ရှင်များက ကုန်ကျစရိတ်များကို လက်ခံနိုင်ကြသော်လည်း ကားအကြောင်း နားမလည်သော ပိုင်ရှင်နှင့် ယာဉ်မောင်းတို့အကြားတွင် ကားပြုပြင်ထိန်းသိမ်း စရိတ်သည် စကားများများပြောရသော ပြဿနာဖြစ်လာတတ်သည်။

🔧 ပုံမှန်ပြုပြင်ထိန်းသိမ်းစရိတ်နှင့် အချိန်တန်လျှင် ပျက်စီးတတ်သော ကားအစိတ်အပိုင်းများ ပြင်ဆင်စရိတ်များကို အကုန်အကျခံရန် ငြိုငြင်တတ်ကြသည်။ ကားတစ်စီး လက်၀ယ်ထားလျှင် ပြင်ဆင်ထိန်းသိမ်းစရိတ်သည် အသုံးပြုရမြဲဖြစ်သည်။ ကားဟောင်း၊ ကားညံ့၀ယ်မိလျှင် မကြာခဏ ကားပျက်၍ အကုန်အကျ ပိုများသည်။ ကားကောင်း၀ယ်လျှင်လည်း ပုံမှန်ပြုပြင်ထိန်းသိမ်း စရိတ်ရှိသည်။ အချို့သော ကားပိုင်ရှင်များသည် ပျက်မှသာ ကားပြင်လိုကြသည်။ ပုံမှန်ထိန်းသိမ်းရသည်ကို နားမလည်၍ အပိုကုန်ကျသည်ဟု မြင်ကြသည်။

🔧 ကားတစ်စီးအား ပုံမှန်စစ်ဆေးထိန်သိမ်းခြင်း လုပ်မပေးပါက ပို၍ပျက်စီးစေသည်။ ဘေးကင်းလုံခြုံမှု တဖြည်းဖြည်း ကျဆင်းလာ၍ အန္တရာယ်လည်း ဖြစ်နိုင်သည်။ ကားတစ်စီးတွင် အစိတ်အပိုင်းပေါင်း များစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး စနစ် (System) များ ပေါင်းစပ်၍ လည်ပတ်အလုပ်လုပ်သည်။ အချိန်တန်လျှင် ပွန်းစားပျက်စီးတတ်သည်။ ပုံမှန်ပြုပြင် ထိန်းသိမ်းခြင်းများအပြင် ပျက်စီးချွတ်ယွင်းသွားသော အစိတ်အပိုင်းများကို အစားထိုးလဲလှယ်၍ ပြုပြင်ပေးရသည်။ ကားအစိတ်အပိုင်း (Auto Parts) ပစ္စည်းများသည် သုံးစွဲနိုင်သော သက်တမ်းရှိသည်။ သက်တမ်းကုန်လျှင် ချွတ်ယွင်းပျက်စီး လာတတ်သည်။

☑ (၁) ဆီစစ်၊ လေစစ်များ

🔧ကားတိုင်းတွင် Air Filter ခေါ် လေစစ်များသည် အချိန်တန်လျှင် လဲပေးရသည်။ ခရီးမိုင် (၃၀,၀၀၀) မှ (၅၀,၀၀၀) အတွင်း သုံးပြီးပါက လေစစ်များ လဲပေးသင့်သည်။ အင်ဂျင်ဝိုင် အသစ်လဲတိုင်းလည်း ဆီစစ် (Oil Filter) ဘူးကို လဲပေးရမည်။ ခရီးမိုင် ၃၀၀၀ မှ ၅၀၀၀ အတွင်းသွားပြီးတိုင်း အင်ဂျင်ဝိုင်နှင့် ဆီစစ်ကို လဲပေးသင့်သည်။ ကားအမျိုးအစားအလိုက် သင့်လျော်သော အင်ဂျင်ဝိုင် အမျိုးအစားကို ရွေးချယ်သုံးစွဲသင့်သည်။

☑ (၂) ဘက္ထရီ

🔧ကားတစ်စီးတွင် ဘက်ထရီသည် အသက်ဖြစ်သည်။ ဘက်ထရီကောင်းပြီး၊ အားသွင်းစနစ် မကောင်းပါက ဘက်ထရီ အားမရှိဘဲ ဖြစ်တတ်သည်။ ဘက်ထရီ အားမကောင်းလျှင် ကားစက်နှိုးရ ခက်ခဲတတ်သည်။ ကားဘက်ထရီတစ်လုံးသည် ပုံမှန်ထိန်းသိမ်းပေးရန် လိုအပ်သည်။ အရည်အသွေးအမျိုးအစား ကောင်းသော ကားဘက်ထရီတစ်လုံး၏ ပျမ်းမျှသက်တမ်းသည် အများဆုံး (၃) နှစ်သာ အသုံးခံသည်။ AGM (Absorbant Glass Mat) ဂျယ်လီသုံးသော ဘက်ထရီအမျိုးအစားသည် ရိုးရိုးခဲ-အက်ဆစ်ဘက်ထရီ အမျိုးအစားထက် (၁) နှစ်ကျော် ပို၍အသုံးခံသည်။ Maintenance Free ဘက်ထရီမှလွဲ၍ ခဲ-အက်ဆစ် ဘက်ထရီများသည် ပြုပြင်ထိန်းသိမ်းပေးရန် လို အပ်ပါသည်။

☑ (၃) ဘရိတ်ရှုး (Brake Pad)

🔧ဘရိတ်ရှူးများသည် အမြဲပွတ်တိုက် သုံးစွဲရသောအရာဖြစ်၍ ပွန်းစားသွားနိုင်သည်။ ကားအရွယ်အစား၊ အလေးချိန်အပေါ် မူတည်၍ ဘရိတ်ရှူးသက်တမ်းသည် မိုင် ၃၀,၀၀၀ မှ မိုင် ၇၀,၀၀၀ အထိ အသုံးခံသည်။ ကားမောင်းနှင်မှုစတိုင် အလေ့အကျင့်အပေါ် မူတည်၍ ဘရိတ်ရှူးသက်တမ်း ကွာခြားနိုင်သည်။ ရှေ့ဘီးမှ ဘရိတ်ရှူးများသည် ပို၍အကုန်မြန်သည်။ ခေတ်ပေါ်ကားများမှ ဘရိတ်ရှူးလိုင်နာကို Semi-metallic လိုင်နာနှင့် Ceramic လိုင်နာ အမျိုးအစားများ အသုံးပြုထား၍ သက်တမ်း ပို၍ကြာရှည်ခံသည်။

☑ (၄) တာယာ (Tires)

🔧ကားတစ်စီး ဘေးကင်းလုံခြုံစွာ မောင်းနှင်နိုင်ရေးအတွက် တာယာဘီးများသည် အရေးကြီးဆုံးဖြစ်သည်။ တာယာဘီးများ ကြာရှည်အသုံးခံရန် ပုံမှန်ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ပေးမှဖြစ်မည်။ ကားအောက်ပိုင်း Suspension စနစ်နှင့် စတီယာရင်စနစ်များ ကောင်းပါမှ တာယာများ အသုံးခံမည်။ တာယာဘီး အလိုင်းမန့် ပုံမှန်ချိန်ပေးရသည်။ လေပေါင်ဖိအား မှန်ရမည်။ တာယာများကို ရှေ့-နောက်၊ ဘယ်-ညာလှည့်၍ သုံးပေးရသည်။ တာယာ ထိန်းသိမ်းမှုကောင်းပြီး အရည်အသွေးကောင်း နာမည်ရသော တာယာများသည် မိုင် ၆၀,၀၀၀မှ မိုင် ၈၀,၀၀၀ အထိ အသုံးခံပါသည်။

☑ (၅) ကလပ် (Clutch)

🔧Manual Gear သုံးသောကားများတွင် ကလပ်အဖွဲ့အစည်းသည် အများဆုံး အလုပ်လုပ်ရ၍ ပွန်းစားပျက်စီးမှု ရှိသည်။ ကလပ်ပလိတ်ပြား တစ်ချပ်သည် မိုင်(၇၀,၀၀၀) ကျော်အထိ အသုံးခံပါသည်။ ကားမောင်းကြမ်းသော အလေ့အထရှိသော ဘတ်စ်ကားများနှင့် ကုန်တင်ထရပ်ကားများတွင် ကလပ်ပလိတ်သက်တမ်း ကြာရှည်မခံပါ။

☑ (၆) တိုင်မင်ဘတ်လ်ကြိုး (Timing Belt)

🔧OHC (Over Head Cam) အင်ဂျင်များတွင် ရာဘာတိုင်မင် Belt ကြိုးပြတ်ပါက အင်ဂျင်ပျက်စီးတတ်သည်။ သက်တမ်းမကုန်မီ ကြိုတင်လဲပေးရသော ကားအစိတ်အပိုင်း ပစ္စည်းဖြစ်သည်။ ရာဘာနှင့် ပြုလုပ်ထားသော တိုင်မင် Belt ကြိုးသည် အမဲဆီ၊ အင်ဂျင်ဝိုင်၊ ဒီဇယ်ဆီစသော ရေနံအခြေခံပစ္စည်းများကို ကြောက်ပါသည်။ ဝုိင်းဆီးမကောင်း၍ ဆီယိုနေလျှင် Timing Belt ကြိုးကို ထိခိုက်ပြီး သက်တမ်းမစေ့မီ ပြတ်ထွက်တတ်သည်။ Belt ကြိုးတစ်ချောင်း၏ သက်တမ်းသည် မိုင် ၆၀,၀၀၀ (သို့မဟုတ်) ကီလိုမီတာ ၁၀၀,၀၀၀ အထိ ရှိသည်။

☑ (၇) ဆီပန့် (Fuel Pump)

🔧ဓာတ်ဆီအင်ဂျင်သုံးကားတစ်စီးတွင် Fuel Pump ကောင်းမှ (Fuel System) ဆီပို့စနစ်ကောင်းမည်။ ခေတ်ပေါ်ကားများတွင် EFI စနစ်ဖြစ်၍ Fuel Pump အရေးကြီးသည်။ Fuel Pump တစ်လုံး၏ သက်တမ်းသည် မိုင် ၆၀,၀၀၀ ကျော် အသုံးခံသည်။

☑ (၈) ဂတ်စ်ကတ် (Gasket)

🔧ကားအင်ဂျင်တစ်လုံးတွင် Gasket မျိုးစုံသုံးသည်။ အဓိကအားဖြင့် Intake Manifold, Exhaust Manifold နှင့် အင်ဂျင် Head တို့ တပ်ဆင်ရာတွင် ဂတ်စ်ကတ်ကိုသုံးရသည်။ ရာဘာဂတ်စ်ကတ်များလည်းရှိသည်။ ဂတ်စ်ကတ်အားလုံးထဲတွင် အင်ဂျင် Head Gasket သည် အရေးအကြီးဆုံး ဖြစ်သည်။ အကြောင်းမျိုးမျိုးကြောင့် ရေတိုင်ကီရေဆူပြီး အင်ဂျင်အပူချိန် လွန်ကဲလျှင် ဂတ်စ်ကတ် ပြတ်တတ်သည်။ ဂတ်စ်ကတ်ပြတ်ပါက ရေလိုင်း၊ ဆီလိုင်းများ ရောနှောသွားပြီး အင်ဂျင်ကို ပျက်စီးစေသည်။ အရည်အသွေးကောင်းသော Gasket တစ်ချပ်၏ သက်တမ်းသည် မိုင် ၆၀,၀၀၀ မှ မိုင် ၇၀,၀၀၀အထိ အသုံးခံသည်။ အင်ဂျင်အအေးခံစနစ်ကို ဂရုစိုက်လျှင် ဂတ်စ်ကတ်ပြတ်သောပြဿနာ ကင်းဝေးပြီး ကြာရှည်အသုံးခံမည်။

☑ (၉) ရေလည်အုံ (Water Pump)

🔧အင်ဂျင်အအေးခံစနစ်တွင် အဓိကကျသောအရာမှာ ရေလည်အုံဖြစ်သည်။ အအေးခံစနစ်အတွင်း အရည်များ လည်ပတ်စေရန်၊ ရေလည်အုံပန့်က လှည့်ပေးရသည်။ Water Pump တွင် ဝိုင်းဆီးနှင့် Ball Bearing အထိုင်သည် အရေးကြီးသည်။ Pump သုံးစွဲမှုသက်တမ်းကြာလာလျှင် ဝိုင်းဆီးပေါက်ပြီး ၎င်းနေရာမှ အအေးခံရည်များ ယိုစိမ့်ထွက်မည်။ အအေးခံစနစ်တွင် ရေယိုစိမ့်နေခြင်းသည် ရေတိုင်ကီ ရေဆူနိုင်သော ပြဿနာအရင်းအမြစ် ဖြစ်သည်။

🔧(Water Pump) ရေလည်အုံတစ်လုံးသည် မိုင် ၇၀,၀၀၀ မှ မိုင် ၁၀၀,၀၀၀ ကျော်အထိ အသုံးခံပါသည်။ Water Pump မှ ရေယိုစိမ့်သော လက္ခဏာပြလျှင် ဘောလ်ထိုင်နှင့် ဝိုင်းဆီးမကောင်းတော့သည့် လက္ခဏာဖြစ်သည်။ အချို့သောကားဆရာများက ရေလည်အုံကို ပြန်ပြင်၍သုံးကြသည်။ အကောင်းဆုံးမှာ ရေလည်အုံ အသစ်တစ်လုံး လဲပေးခြင်း ဖြစ်ပါသည်။

☑ (၁၀) Spark Plugs

🔧အင်ဂျင်မီးပေးစနစ် (Ignition System) တွင် Plug များသည် အဓိက တာ၀န်ထမ်းဆောင်ရသော အစိတ်အပိုင်းဖြစ်သည်။ ပလပ်မကောင်းလျှင် အင်ဂျင်စက်သံ မမှန်တော့ဘဲ ဆီစားများမည်။ ပလပ်များကို စစ်ဆေးခြင်း၊ ဆေးကြောခြင်း လုပ်ပေးရသည်။ EFI စနစ်သုံးသော ကားအင်ဂျင်များတွင် ပလပ်အမျိုးအစား ကောင်းကောင်းသုံးဖို့ လိုပါသည်။ ပလပ်တီနမ်ပလပ်များသည် စျေးနှုန်းကြီးသော်လည်း မိုင် ၁၀၀,၀၀၀ အထိ အသုံးခံသည်။ အရည်အသွေးညံ့သော ဓာတ်ဆီများသည် ပလပ်သက်တမ်းကို တိုစေသည်။ မူလအော်ရီဂျင်နယ်ပါလာသော ပလပ်အမျိုးအစားသည် အကောင်းဆုံးဖြစ်၍ နောက်ထပ်လဲလျှင်လည်း အော်ရီဂျင်နယ်ပစ္စည်းကိုသာ သုံးသင့်သည်။

🔛 ကားတစ်စီးတွင် ပုံမှန်သက်တမ်းအတိုင်း လဲလှယ်ပေးရသော ပစ္စည်းအစိတ်အပိုင်း (Auto Parts) များသည် ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းဆရာတို့၏ ဂရုစိုက်ထိန်းသိမ်းခြင်းပေါ်၌ မူတည်ပါသည်။ အချို့သောပစ္စည်းများ ကြာကြာအသုံးမခံခြင်းမှာ အရည်အသွေးပြဿနာကြောင့်လည်း ဖြစ်နိုင်သည်။

🔛 ကားတစ်စီးသည် အသစ်ဖြစ်စေကာမူ ပုံမှန်ထိန်းသိမ်းခြင်း (Maintenance Service) ဆောင်ရွက်ပေးရသည်။ Used Car များသည်လည်း ပို၍ဂရုစိုက်ပြုပြင်ရသည်။ ပုံမှန် Maintenance ပြုခြင်းအပြင် သက်တမ်းစေ့၍ ပစ္စည်းလဲလှယ် ပြုပြင်ရသော စရိတ်များလည်းရှိသည်။ ပြုပြင်ထိန်းသိမ်းခြင်းသည် သင့်ကားကို သက်တမ်းကြာရှည်စေရုံသာမက အမြဲတမ်း အဆင်သင့်ကောင်းမွန်နေသော အခြေအနေကို ထိန်းသိမ်းထားခြင်းလည်း ဖြစ်သည်။ ဘေးကင်းလုံခြုံစိတ်ချရသော ကားတစ်စီး ဖြစ်နေစေရန်အတွက်လည်း ဆောင်ရွက်ခြင်းဖြစ်သည်။
🚘🚘🚘🚘🚘
================================================
ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်
By 👉 ကား-Car အကြောင်းစုံ

Credit》》original uploader

Unicode >>>

" အချိန်တန်လျှင် အစားထိုး လဲလှယ်ပေးရသော ကားအစိတ်အပိုင်းများ "
🚨🚨🚨🚨🚨

🔛 ကားပိုင်ရှင်အများစုသည် ကားကို အသုံးချနေသော်လည်း၊ ပုံမှန်ထိန်းသိမ်းခြင်းနှင့် ကားပျက်၍ ပြုပြင်ရခြင်းများအတွက် ငွေကြေးသုံးစွဲရာတွင် လက်တွန့်တတ်ကြသည်။ ကားအကြောင်း၊ ကားသဘာဝ၊ ကားပြုပြင်ထိန်းသိမ်းခြင်းများကို နားလည်သဘောပေါက်သော ကားပိုင်ရှင်များက ကုန်ကျစရိတ်များကို လက်ခံနိုင်ကြသော်လည်း ကားအကြောင်း နားမလည်သော ပိုင်ရှင်နှင့် ယာဉ်မောင်းတို့အကြားတွင် ကားပြုပြင်ထိန်းသိမ်း စရိတ်သည် စကားများများပြောရသော ပြဿနာဖြစ်လာတတ်သည်။

🔧 ပုံမှန်ပြုပြင်ထိန်းသိမ်းစရိတ်နှင့် အချိန်တန်လျှင် ပျက်စီးတတ်သော ကားအစိတ်အပိုင်းများ ပြင်ဆင်စရိတ်များကို အကုန်အကျခံရန် ငြိုငြင်တတ်ကြသည်။ ကားတစ်စီး လက်ဝယ်ထားလျှင် ပြင်ဆင်ထိန်းသိမ်းစရိတ်သည် အသုံးပြုရမြဲဖြစ်သည်။ ကားဟောင်း၊ ကားညံ့ဝယ်မိလျှင် မကြာခဏ ကားပျက်၍ အကုန်အကျ ပိုများသည်။ ကားကောင်းဝယ်လျှင်လည်း ပုံမှန်ပြုပြင်ထိန်းသိမ်း စရိတ်ရှိသည်။ အချို့သော ကားပိုင်ရှင်များသည် ပျက်မှသာ ကားပြင်လိုကြသည်။ ပုံမှန်ထိန်းသိမ်းရသည်ကို နားမလည်၍ အပိုကုန်ကျသည်ဟု မြင်ကြသည်။

🔧 ကားတစ်စီးအား ပုံမှန်စစ်ဆေးထိန်သိမ်းခြင်း လုပ်မပေးပါက ပို၍ပျက်စီးစေသည်။ ဘေးကင်းလုံခြုံမှု တဖြည်းဖြည်း ကျဆင်းလာ၍ အန္တရာယ်လည်း ဖြစ်နိုင်သည်။ ကားတစ်စီးတွင် အစိတ်အပိုင်းပေါင်း များစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး စနစ် (System) များ ပေါင်းစပ်၍ လည်ပတ်အလုပ်လုပ်သည်။ အချိန်တန်လျှင် ပွန်းစားပျက်စီးတတ်သည်။ ပုံမှန်ပြုပြင် ထိန်းသိမ်းခြင်းများအပြင် ပျက်စီးချွတ်ယွင်းသွားသော အစိတ်အပိုင်းများကို အစားထိုးလဲလှယ်၍ ပြုပြင်ပေးရသည်။ ကားအစိတ်အပိုင်း (Auto Parts) ပစ္စည်းများသည် သုံးစွဲနိုင်သော သက်တမ်းရှိသည်။ သက်တမ်းကုန်လျှင် ချွတ်ယွင်းပျက်စီး လာတတ်သည်။

☑ (၁) ဆီစစ်၊ လေစစ်များ

🔧ကားတိုင်းတွင် Air Filter ခေါ် လေစစ်များသည် အချိန်တန်လျှင် လဲပေးရသည်။ ခရီးမိုင် (၃၀,၀၀၀) မှ (၅၀,၀၀၀) အတွင်း သုံးပြီးပါက လေစစ်များ လဲပေးသင့်သည်။ အင်ဂျင်ဝိုင် အသစ်လဲတိုင်းလည်း ဆီစစ် (Oil Filter) ဘူးကို လဲပေးရမည်။ ခရီးမိုင် ၃၀၀၀ မှ ၅၀၀၀ အတွင်းသွားပြီးတိုင်း အင်ဂျင်ဝိုင်နှင့် ဆီစစ်ကို လဲပေးသင့်သည်။ ကားအမျိုးအစားအလိုက် သင့်လျော်သော အင်ဂျင်ဝိုင် အမျိုးအစားကို ရွေးချယ်သုံးစွဲသင့်သည်။

☑ (၂) ဘက်ထရီ

🔧ကားတစ်စီးတွင် ဘက်ထရီသည် အသက်ဖြစ်သည်။ ဘက်ထရီကောင်းပြီး၊ အားသွင်းစနစ် မကောင်းပါက ဘက်ထရီ အားမရှိဘဲ ဖြစ်တတ်သည်။ ဘက်ထရီ အားမကောင်းလျှင် ကားစက်နှိုးရ ခက်ခဲတတ်သည်။ ကားဘက်ထရီတစ်လုံးသည် ပုံမှန်ထိန်းသိမ်းပေးရန် လိုအပ်သည်။ အရည်အသွေးအမျိုးအစား ကောင်းသော ကားဘက်ထရီတစ်လုံး၏ ပျမ်းမျှသက်တမ်းသည် အများဆုံး (၃) နှစ်သာ အသုံးခံသည်။ AGM (Absorbant Glass Mat) ဂျယ်လီသုံးသော ဘက်ထရီအမျိုးအစားသည် ရိုးရိုးခဲ-အက်ဆစ်ဘက်ထရီ အမျိုးအစားထက် (၁) နှစ်ကျော် ပို၍အသုံးခံသည်။ Maintenance Free ဘက်ထရီမှလွဲ၍ ခဲ-အက်ဆစ် ဘက်ထရီများသည် ပြုပြင်ထိန်းသိမ်းပေးရန် လို အပ်ပါသည်။

☑ (၃) ဘရိတ်ရှုး (Brake Pad)

🔧ဘရိတ်ရှူးများသည် အမြဲပွတ်တိုက် သုံးစွဲရသောအရာဖြစ်၍ ပွန်းစားသွားနိုင်သည်။ ကားအရွယ်အစား၊ အလေးချိန်အပေါ် မူတည်၍ ဘရိတ်ရှူးသက်တမ်းသည် မိုင် ၃၀,၀၀၀ မှ မိုင် ၇၀,၀၀၀ အထိ အသုံးခံသည်။ ကားမောင်းနှင်မှုစတိုင် အလေ့အကျင့်အပေါ် မူတည်၍ ဘရိတ်ရှူးသက်တမ်း ကွာခြားနိုင်သည်။ ရှေ့ဘီးမှ ဘရိတ်ရှူးများသည် ပို၍အကုန်မြန်သည်။ ခေတ်ပေါ်ကားများမှ ဘရိတ်ရှူးလိုင်နာကို Semi-metallic လိုင်နာနှင့် Ceramic လိုင်နာ အမျိုးအစားများ အသုံးပြုထား၍ သက်တမ်း ပို၍ကြာရှည်ခံသည်။

☑ (၄) တာယာ (Tires)

🔧ကားတစ်စီး ဘေးကင်းလုံခြုံစွာ မောင်းနှင်နိုင်ရေးအတွက် တာယာဘီးများသည် အရေးကြီးဆုံးဖြစ်သည်။ တာယာဘီးများ ကြာရှည်အသုံးခံရန် ပုံမှန်ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ပေးမှဖြစ်မည်။ ကားအောက်ပိုင်း Suspension စနစ်နှင့် စတီယာရင်စနစ်များ ကောင်းပါမှ တာယာများ အသုံးခံမည်။ တာယာဘီး အလိုင်းမန့် ပုံမှန်ချိန်ပေးရသည်။ လေပေါင်ဖိအား မှန်ရမည်။ တာယာများကို ရှေ့-နောက်၊ ဘယ်-ညာလှည့်၍ သုံးပေးရသည်။ တာယာ ထိန်းသိမ်းမှုကောင်းပြီး အရည်အသွေးကောင်း နာမည်ရသော တာယာများသည် မိုင် ၆၀,၀၀၀မှ မိုင် ၈၀,၀၀၀ အထိ အသုံးခံပါသည်။

☑ (၅) ကလပ် (Clutch)

🔧Manual Gear သုံးသောကားများတွင် ကလပ်အဖွဲ့အစည်းသည် အများဆုံး အလုပ်လုပ်ရ၍ ပွန်းစားပျက်စီးမှု ရှိသည်။ ကလပ်ပလိတ်ပြား တစ်ချပ်သည် မိုင်(၇၀,၀၀၀) ကျော်အထိ အသုံးခံပါသည်။ ကားမောင်းကြမ်းသော အလေ့အထရှိသော ဘတ်စ်ကားများနှင့် ကုန်တင်ထရပ်ကားများတွင် ကလပ်ပလိတ်သက်တမ်း ကြာရှည်မခံပါ။

☑ (၆) တိုင်မင်ဘတ်လ်ကြိုး (Timing Belt)

🔧OHC (Over Head Cam) အင်ဂျင်များတွင် ရာဘာတိုင်မင် Belt ကြိုးပြတ်ပါက အင်ဂျင်ပျက်စီးတတ်သည်။ သက်တမ်းမကုန်မီ ကြိုတင်လဲပေးရသော ကားအစိတ်အပိုင်း ပစ္စည်းဖြစ်သည်။ ရာဘာနှင့် ပြုလုပ်ထားသော တိုင်မင် Belt ကြိုးသည် အမဲဆီ၊ အင်ဂျင်ဝိုင်၊ ဒီဇယ်ဆီစသော ရေနံအခြေခံပစ္စည်းများကို ကြောက်ပါသည်။ ၀ိုင်းဆီးမကောင်း၍ ဆီယိုနေလျှင် Timing Belt ကြိုးကို ထိခိုက်ပြီး သက်တမ်းမစေ့မီ ပြတ်ထွက်တတ်သည်။ Belt ကြိုးတစ်ချောင်း၏ သက်တမ်းသည် မိုင် ၆၀,၀၀၀ (သို့မဟုတ်) ကီလိုမီတာ ၁၀၀,၀၀၀ အထိ ရှိသည်။

☑ (၇) ဆီပန့် (Fuel Pump)

🔧ဓာတ်ဆီအင်ဂျင်သုံးကားတစ်စီးတွင် Fuel Pump ကောင်းမှ (Fuel System) ဆီပို့စနစ်ကောင်းမည်။ ခေတ်ပေါ်ကားများတွင် EFI စနစ်ဖြစ်၍ Fuel Pump အရေးကြီးသည်။ Fuel Pump တစ်လုံး၏ သက်တမ်းသည် မိုင် ၆၀,၀၀၀ ကျော် အသုံးခံသည်။

☑ (၈) ဂတ်စ်ကတ် (Gasket)

🔧ကားအင်ဂျင်တစ်လုံးတွင် Gasket မျိုးစုံသုံးသည်။ အဓိကအားဖြင့် Intake Manifold, Exhaust Manifold နှင့် အင်ဂျင် Head တို့ တပ်ဆင်ရာတွင် ဂတ်စ်ကတ်ကိုသုံးရသည်။ ရာဘာဂတ်စ်ကတ်များလည်းရှိသည်။ ဂတ်စ်ကတ်အားလုံးထဲတွင် အင်ဂျင် Head Gasket သည် အရေးအကြီးဆုံး ဖြစ်သည်။ အကြောင်းမျိုးမျိုးကြောင့် ရေတိုင်ကီရေဆူပြီး အင်ဂျင်အပူချိန် လွန်ကဲလျှင် ဂတ်စ်ကတ် ပြတ်တတ်သည်။ ဂတ်စ်ကတ်ပြတ်ပါက ရေလိုင်း၊ ဆီလိုင်းများ ရောနှောသွားပြီး အင်ဂျင်ကို ပျက်စီးစေသည်။ အရည်အသွေးကောင်းသော Gasket တစ်ချပ်၏ သက်တမ်းသည် မိုင် ၆၀,၀၀၀ မှ မိုင် ၇၀,၀၀၀အထိ အသုံးခံသည်။ အင်ဂျင်အအေးခံစနစ်ကို ဂရုစိုက်လျှင် ဂတ်စ်ကတ်ပြတ်သောပြဿနာ ကင်းဝေးပြီး ကြာရှည်အသုံးခံမည်။

☑ (၉) ရေလည်အုံ (Water Pump)

🔧အင်ဂျင်အအေးခံစနစ်တွင် အဓိကကျသောအရာမှာ ရေလည်အုံဖြစ်သည်။ အအေးခံစနစ်အတွင်း အရည်များ လည်ပတ်စေရန်၊ ရေလည်အုံပန့်က လှည့်ပေးရသည်။ Water Pump တွင် ၀ိုင်းဆီးနှင့် Ball Bearing အထိုင်သည် အရေးကြီးသည်။ Pump သုံးစွဲမှုသက်တမ်းကြာလာလျှင် ၀ိုင်းဆီးပေါက်ပြီး ၎င်းနေရာမှ အအေးခံရည်များ ယိုစိမ့်ထွက်မည်။ အအေးခံစနစ်တွင် ရေယိုစိမ့်နေခြင်းသည် ရေတိုင်ကီ ရေဆူနိုင်သော ပြဿနာအရင်းအမြစ် ဖြစ်သည်။

🔧(Water Pump) ရေလည်အုံတစ်လုံးသည် မိုင် ၇၀,၀၀၀ မှ မိုင် ၁၀၀,၀၀၀ ကျော်အထိ အသုံးခံပါသည်။ Water Pump မှ ရေယိုစိမ့်သော လက္ခဏာပြလျှင် ဘောလ်ထိုင်နှင့် ၀ိုင်းဆီးမကောင်းတော့သည့် လက္ခဏာဖြစ်သည်။ အချို့သောကားဆရာများက ရေလည်အုံကို ပြန်ပြင်၍သုံးကြသည်။ အကောင်းဆုံးမှာ ရေလည်အုံ အသစ်တစ်လုံး လဲပေးခြင်း ဖြစ်ပါသည်။

☑ (၁၀) Spark Plugs

🔧အင်ဂျင်မီးပေးစနစ် (Ignition System) တွင် Plug များသည် အဓိက တာဝန်ထမ်းဆောင်ရသော အစိတ်အပိုင်းဖြစ်သည်။ ပလပ်မကောင်းလျှင် အင်ဂျင်စက်သံ မမှန်တော့ဘဲ ဆီစားများမည်။ ပလပ်များကို စစ်ဆေးခြင်း၊ ဆေးကြောခြင်း လုပ်ပေးရသည်။ EFI စနစ်သုံးသော ကားအင်ဂျင်များတွင် ပလပ်အမျိုးအစား ကောင်းကောင်းသုံးဖို့ လိုပါသည်။ ပလပ်တီနမ်ပလပ်များသည် ဈေးနှုန်းကြီးသော်လည်း မိုင် ၁၀၀,၀၀၀ အထိ အသုံးခံသည်။ အရည်အသွေးညံ့သော ဓာတ်ဆီများသည် ပလပ်သက်တမ်းကို တိုစေသည်။ မူလအော်ရီဂျင်နယ်ပါလာသော ပလပ်အမျိုးအစားသည် အကောင်းဆုံးဖြစ်၍ နောက်ထပ်လဲလျှင်လည်း အော်ရီဂျင်နယ်ပစ္စည်းကိုသာ သုံးသင့်သည်။

🔛 ကားတစ်စီးတွင် ပုံမှန်သက်တမ်းအတိုင်း လဲလှယ်ပေးရသော ပစ္စည်းအစိတ်အပိုင်း (Auto Parts) များသည် ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းဆရာတို့၏ ဂရုစိုက်ထိန်းသိမ်းခြင်းပေါ်၌ မူတည်ပါသည်။ အချို့သောပစ္စည်းများ ကြာကြာအသုံးမခံခြင်းမှာ အရည်အသွေးပြဿနာကြောင့်လည်း ဖြစ်နိုင်သည်။

🔛 ကားတစ်စီးသည် အသစ်ဖြစ်စေကာမူ ပုံမှန်ထိန်းသိမ်းခြင်း (Maintenance Service) ဆောင်ရွက်ပေးရသည်။ Used Car များသည်လည်း ပို၍ဂရုစိုက်ပြုပြင်ရသည်။ ပုံမှန် Maintenance ပြုခြင်းအပြင် သက်တမ်းစေ့၍ ပစ္စည်းလဲလှယ် ပြုပြင်ရသော စရိတ်များလည်းရှိသည်။ ပြုပြင်ထိန်းသိမ်းခြင်းသည် သင့်ကားကို သက်တမ်းကြာရှည်စေရုံသာမက အမြဲတမ်း အဆင်သင့်ကောင်းမွန်နေသော အခြေအနေကို ထိန်းသိမ်းထားခြင်းလည်း ဖြစ်သည်။ ဘေးကင်းလုံခြုံစိတ်ချရသော ကားတစ်စီး ဖြစ်နေစေရန်အတွက်လည်း ဆောင်ရွက်ခြင်းဖြစ်သည်။
🚘🚘🚘🚘🚘
================================================
ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်
Credit original uploader

31/07/2020

Basic components of car

Some type of gear
30/07/2020

Some type of gear

အိပ်ဇောဘရိတ် နှင့်အင်ဂျင်ဘရိတ်  အိပ်ဇောဘရိတ်သည် ဒီဇယ်အင်ဂျင်အတွက်ဖြစ်သည်။ဒီဇယ်အင်ဂျင်သည် ဓာတ်ဆီအင်ဂျင်နှင့်ကွာခြားသည်မှာ...
28/07/2020

အိပ်ဇောဘရိတ် နှင့်အင်ဂျင်ဘရိတ်

အိပ်ဇောဘရိတ်သည် ဒီဇယ်အင်ဂျင်အတွက်ဖြစ်သည်။
ဒီဇယ်အင်ဂျင်သည် ဓာတ်ဆီအင်ဂျင်နှင့်ကွာခြားသည်မှာ
ဆီမကျွေးသော အခါ ဓာတ်ဆီအင်ဂျင်ကဲ့သို့လည်ပတ်မူနှ ုန်းထုိးကျသွားခြင်းမရှိချေ။
သို့ ဖြစ်ရာ ယာဉ်ကိုအရှိန်လျော့ကျသွားစေရန်အတွက် အင်ဂျင်အားကို သုံးရန်မဖြစ်တော့ ချေ။
တစ်နည်းပြောရလျှင် ဂီယာပြောင်းပေးခြင်းဖြင့်ကားကို အရှိန်လျော့ချ ပေးနိုင်ခြင်းလည်းမရှိချေ။
ထိုကြောင့်ဘီးများတွင်တပ်ဆင်ထားသည့်
ဘရိတ်စနစ်ကိုသာအားကိုးအားထားပြုနေရသည့်အဖြစ်မှလွတ်စေရန် အိပ်ဇောဘရိတ်ကို တပ်ဆင်ပေးထားကြသည်။
၎င်း၏အဓိကတာဝန်မှာ ဘီးတွင် တပ်ဆင်ထားသည့်ဘရိတ်စနစ်မပါဘဲ
၎င်းချည်းသက်သက်ဖြင့်ကားကို
အရှိန်လျှော့ချပေးခြင်းဖြစ်သည်။
အိပ်ဇောဘရိတ်ကိုစေခိုင်းပုံမှာ အမျိုးမျိုးရှိသည်။

အလိုလျောက်စနစ်ဆိုပါက လီဗာကိုလွှတ်လိုက်သည်နှင့် အိပ်ဇောဘရိတ်စတင်အလုပ်လုပ်သည်။
ခလုတ်ဖြင့်ထိန်းချုပ်ပါက စတီယာရင်အနီးတွင်ရှိသောခလုတ် ကိုဖွင့်ပေးလိုက်မှ အလုပ်လုပ်သည်။
ပိတ်ထားလျှင်အလုပ်လုပ်မည်မဟုတ်ပါ။
အချို့ကားတို့တွင် အိပ်ဇောဘရိတ် မှသက်ရောက်မူပေးပုံအပြင်း၊အလယ်၊
အလတ်၊အပျော့စသဖြင့်ချိန်နိုင်ရန် ခလုတ်တွင်စီစဉ်ပေးထားသည်
လည်းရှိပေသည်။

သုံးသင့်မသုံးသင့်

အိပ်ဇောဘရိတ်သည် မြို့တွင်း၌သာသုံးသင့်ပြီး အဝေးပြေးခရီးလမ်းတွင် မသုံးသင့်၊အမြန်လမ်းမကြီးတွင်သုံးပါက ဘာမှမထူးစသဖြင့် ပြောဆိုကြသည် များရှိပါတယ်။ထိုအချက်မမှန်ပါ။
အိတ်ဇောဘရိတ်သည်ဘရိတ်စနစ်တစ်မျိုး သာဖြစ်သည်။
ယာဉ်ကို အရှိန်လျှော့ချသောအခါဘီးတို့ တွင်ပါရှိသည့်ဘရိတ် စနစ်ကို အထောက်ကုပေးသည်။
သို့ဖြစ်ရာဘရိတ်ရှူးအစားသက်
သာစေသည့်အပြင်ယာဉ်တန်ချိန်နှင့်
ကုန်တန်ချိန်စုစုပေါ်င်းတန်ဖိုးများပြားနေပါက
အိပ်ဇောဘရိတ်ကို သုံးခြင်းသည် ဘေးကင်းစေပါတယ်။
ကားဘီးမှဘရိတ်သည်ဘရိတ်ရှုးပူတက်
လာပြီးဘရိတ်လျှော့နင်းသွားသည့်ပြသာနာ ရှိသည်။တောင်ဆင်းလမ်းမျိုးတွင် ဘရိတ်ကို တောက်လျှောက်နင်းပေးနေရပေ ရာရှူးပူတက်ပြီးဘီးခွေပါပူသည်အထိ
ကူးစက်ရောက်ရှိသွားသည်။
အိပ်ဇောဘရိတ်ကိုတွဲသုံးပေးထားပါက ဘီးဘရိတ်များအထိုက်အလျောက် သက်သာမူရရှိစေမည်ဖြစ်သည်။
ထိုကြောင့်ကုန်တင်ယာဉ်ကြီးများ၊
ဘတ်စ်ကား များ သာမကဒီဇယ်အင်ဂျင်တပ်ဆင်ထားသည့် ပစ်ကပ်အချု ိ့တို တွင်အိပ်ဇောဘရိတ်တပ်ဆင်ပေးထားကြောင်းကိုလည်းကြော်ငြာထားသည်
ကိုတွေ့ရသည်။ထိုသို့ တပ်ဆင်ပေးထားကြောင်းကိုလည်းကြော်ငြာ တွင်ဝင့်ကြား စရာတစ်ခုအဖြစ်ထည့်သွင်းကြလေ့ရှိသည်။သို့ဖြစ်ရာ အိပ်ဇောဘရိတ်သည်ိလိုအပ်၍တပ်ဆင်ပေးထားခြင်းဖြစ်သဖြင့် မပျက်ကွက် သုံးစွဲသင့်ကြောင်း အကြံပေးလိုသည်။

အလုပ်လုပ်ပုံ

ကားအင်ဂျင်မှစွန်ပစ်သော ဓာတ်ငွေ့အမျိုးမျိုးသည် အိပ်ဇောပိုက်မှ တဆင့်ပိုက်ဝသို့ရောက်ရှိကယာဉ်ပေါ်မှခုန်ဆင်းပြီးကျန်နေရစ်ကြရသည်။ထိုသို့ပိုက်လိုင်းတစ်လျှောက်ဓာတ်ငွေ့များသွားကြရာ၌ရှေ့သို့တိုးရာ၌
ပြေပြေပြစ်ပြစ်မဖြစ်ပါကနောက်ပြန်လန်သည်တန်ပြန်သက်ရောက်မူဖြစ်ပေါ်ပါသည်။ထိုသို့နောက်ပြန်သက်ရောက်မူကြောင့်အင်ဂျင်လည်ပတ်မူနှ ုန်း ကိုလျော့နည်းစေသည်။ဤသဘောတရားကို အခြေခံပြီးအိပ်ဇောဘရိတ် ကိုတည်ဆောက်ပေးထားပါသည်။အိပ်ဇောမှဖြတ်သန်းစီးဆင်းသည့်ဓာတ်ငွေ့ များကို တားဆီးပေးခြင်းဖြင့်အင်ဂျင်ပေါ်နောက်ပြန်သက်ရောက် မူဖြစ်ပေါ်စေကာ အင်ဂျင်လည်ပတ်မူကို လျှေ ာ့ချပေးသည်။
ထိုသို့အင်ဂျင်လည်ပတ်မူကိုလျော့ ချခြင်းဖြင့်ကားဘီးလည် ပတ်မူကိုလျော့ချပေးကာယာဉ်ကို အရှိန်လျော့ပေးလိုက်ခြင်းဖြစ်သည်။
ဤကိစ္စ၌ သဘောပေါက်ရမည်မှာ အိပ်ဇောဘရိတ်သည် ဘရိတ်အဖြစ်ယာဉ်ကို အရှိန်လျော့ချပေးနိုင်သည်မှာမှန်သော်လည်း ကားဘီးတွင် ပါရှိသည့် ဘရိတ်စနစ်ကိုထောက်ကူပြုပေးခြင်းဖြင့်ယင်း ဘရိတ်စနစ်သက်သာမူရစေရန်အတွက်သာဖြစ်သည်။အိပ်ဇောဘရိတ်ချည်း သက်သက်ကို အားကိုးအားထားပြုကာယာဉ်ကိုထိန်းကျောင်းမောင်းနှင် ခြင်းမပြုအပ်ချေ။
အိပ်ဇောဘရိတ်စနစ်တည်ဆောက်ထားပုံအမျိုးမျိုးရှိရာ၌အချု ိ့ ဘရိတ်တို့သည်အင်ဂျင်လည်ပတ်နှုန်းနိမ့်ကျနေပါက အလုပ်မလုပ်တော့ချေ။သတ်မှတ်လည်ပတ်နှ ုန်းပြည့်ပြည့်ဝဝဖြင့်မောင်းနှင်နေချိန်၌သာအလုပ်
လုပ်သည်။အချို့အိပ်ဇောဘရိတ်တို့သည် ဒီဇိုင်းအပိုင်းအားနည်းချက်ရှိသဖြင့် အသံထွက်သည်။
အိပ်ဇောဘရိတ် ဒီဇိုင်းအမျုိုးမျိုးရှိနေကြရာ၌အလုပ်လုပ်သည့် အခြေခံသဘောတရားမှာ အတုတူပင်ဖြစ်သည်။အင်ဂျင်မှ စွန်ထုတ်လိုက် သည့် အိပ်ဇောဓာတ်ငွေ့များကို အတိုင်းအတာတစ်ခုအထိပိတ်ကာတား ဆီးပေးသည်။လုံးဝပိတ်လိုက်ခြင်းမဟုတ်ချေ။ဓာတ်ငွေ့များရှေ့သို့ ခရီးဆက်မရတော့သဖြင့် နောက်ကြောင်းပြန်သည့်သက်ရောက်မူ
ဖြစ်ပေါ်စေကာ စက်ရှိန်သတ်ပေးသည်။ထိုသို့ေ နာက်ကြောင်းပြန်သည့်ဖိ
အားသည် အင်ဂျင်လည်ပတ်နှ ုန်းများလျှင်ပိုများမည်ဖြစ်သည်။ယေဘု ယျအားဖြင့်၆၀ပီအက်စ်အိုင်အထိရှိနိုင်သည်။ယင်းဖိအားဖြင့့်ပစ္စတင်ကို အပေါ်မှဖိချပေးထားသည်။ထိုအခါ အင်ဂျင်လည်ပတ်နှ ုန်းလျော့ ကျသွားလေတော့သည်။
အိပ်ဇောဓာတ်ငွေ့တို့အကုန်လုံးကို လုံးဝပ်ိတ်မပစ်သည်မှာ အကြောင်းရှ်ိသည်။ တစ်ချက်မှာ ဖိအားပြင်းထန်လွန်းသဖြင့်အိပ်ဇော ဘရိတ်အနီးတစ်ဝိုက်တွင်အပူချိန်အလွန်အမင်း ထိုးတက်သွားနိုင်သည်။အိပ်ဇောဓာတ်ငွေ့တို့သည်နဂိုကတည်းက ပူပြီးသားဖြစ်ပေရာ အပူချိန်တက်နှ ုန်းမြန်ဆန်မည်ဖြစ်ပြီးအိပ်ဇောဘရိတ်အိမ်ကိုအက်ကွဲ
စေနိုင်သည်။နှစ်အချက်မှာ အင်ဂျင်ကို ထိခိုက်ပျက်ဆီးစေလိမ့်မည်။သို့ ဖြစ်ရာအင်ဂျင်ခံနိုင်ရည်ရှိသလောက်ကိုသာပိတ်ကာပေးခြင်းပြု ရပေမည်။အချု ိ့အင်ဂျင်တို့သည် ၃၀ ပီအက်စ်အိုင်အထိသာခံနိုင်ရည်ရှိကြသည်။အင်ဂျင်အများစုသည် ၄၀ ပီအက်စ်အိုင်ကျော်ပါက ထိခိုက်ပျက်စီးနိုင်သည်။သို့ ဖြစ်ရာခံနိုင်အတိုင်း အတာထက်လျော့နည်းသောဖိအားပမာဏဖြစ်နေအောင် ချိန်းပေးထားကြ၏။
ထိုသို့အိပ်ဇောဓာတ်ငွေ့ကိုသုံးစွဲခြင်းကြောင့်ဆီစားမများဖို့ လည်း လိုအပ်လှပေရာအမြန်နှ ုန်းနည်းနည်းဖြင့်မောင်းနှင်ရာတွင်လည် အိပ်ဇောဘရိတ်အလုပ်မလုပ်အောင်ချိန်ပေးထားကြရသည်။

ဂျိုတ်ဘရိတ်
ဂျိတ်ဘရိတ်(jake brake)
ဟုခေါ်တွင်ကြသည့်အင်ဂျင်ဘရိတ်ကို ၁၉၆၁ခုနှစ်ကတည်းကစျေးကွက်တွင်ဂျက်ကော့ဗီဟီကယ်စစ္စတမ်အင့်အမည်ရှိအင်ဂျင်ဘရိတ်အထူးပြုလုပ်ကိုင်သည့်လုပ်ငန်းမှ စတင်ဖြန့်ချိခဲ့သည်။ယခုအခါရွှေရတုကို ကျော်လွန်ခဲ့ပြီးဖြစ်သည်။
ဂျိတ်ဘရိတ်ကို ကမ်းမင်းဆိုသူက တီထွင်ဖြစ်စေခဲ့ရန် နောက်ခံဇာတ် လမ်းတစ်ပုဒ် ၁၉၃၁ခုနှစ်၌ဖြစ်ပွားခဲ့သည်။ထိုနှစ်သြဂုတ်လ၌ ကမ်းမင်းသည် အဖော်နှစ်ဦးဖြင့်အတူနယူးယောက်မှလောစ့်အိန်ဂျယ်လိစ်သို့ အလတ်စားအရွယ်ရှိထရပ်ကားဖြင့်အမြန်ဆုံးမောင်းနှင်မူစံချိန်သစ်တင်ရန်ခရီးနှင်ခဲ့ကြသည်။လမ်းခရီးတစ်နေရာ၌မြွေလိမ်မြွေကောက်ဖြစ်နေသည့် လမ်းကြောင်းတစ်ခုဖြတ်သန်းမောင်းနှင်ရသည်။လမ်းမှာ ကျောက်ခင်းလမ်းဖြစ် သည်။ရထားလမ်းကိုလည်းဖြတ်သန်းထားသည်။ထိုနေရာတွင်တွေ့ကြုံခဲ့ ရပုံကို ကမ်းမင်းကဤသို့ပြန်ပြောပြခဲ့သည်။ငါးရက်မြောက်နေ့တွင်ကျွန်တော် တို့ကာဂျွန်တောင်ကြားလမ်းနေရာက်ိုရောက်ပါတယ်။အတူပါလာတဲ့ဒေ့ဗ်က တစ်မှေးအိပ်ပါတယ်။ မအိပ်ခင်မှာ သူကကျွန်တော်ကို သတိပေးပါတယ်။တောင်ကြော တစ်လျောက်လမ်းဖောက်ထားရတာဖြစ်လို့အကွေ့ကောက်တွေ ရှိနေတဲ့အပြင် ၃၅မိုင်ရှည်တဲ့တောင်ဆင်းလမ်းလည်းရှိနေပါတယ်သတိကြီးစွာ ထားပြီး မောင်ပါလို့သူကပြောခဲ့ပါတယ်။
‘ကာဂျွန်တောင်ကြားဖြစ်ကြောင်းစိုက်ထူပေးထားတဲ့ဆိုင်းဘုတ် ငယ်ကို ကျွန်တော်သတိမထားလိုက်မိဘူအချိန်က ညဘက်ကြီးဖြစ်နေတာကိုး၊တောင်ဆင်းလမ်းကြောကို ရောက်တော့မှ ကာဂျွန်တောင်ကြော လမ်းကို ဖြတ်နေရပြီဆိုတာသိလိုက်တယ်။အဆင်းမှာ ကားကိုအရှိန်ထိန်းဖို့ ဘရိတ်သုံးပေမဲ့မရဘူး။ဂီယာနံပါတ်(၃)နဲ့မောင်းနေပါတယ်။အရှိန်က မလျော့ဘူး၊ကားကမနှေးသွားပါဘူး။အဲဒီတော့ စိတ်ထဲပူပန်နေမိသည်။အဲဒီအချိန်မှာရှေ့တည့်တည့်မှာရထားတစ်စီးကန့်လန့်ဖြတ်သွား တာမှောင်ထဲမှာတရိပ်ရိပ်လှမ်းတွေ့လိုက်တယ်။ကားကရထားကိုပြေးဆောင့်ဖို့ သွားနေတယ်။ကံ သီလို့မသေခဲ့ကြတာပါ။ရထားလမ်းဆီအရောက်မှာ ရထားနောက်ဆုံးတွဲက ကားလမ်းကို့ဖြတ်ကျော်သွားတယ်။ ရထားနှင့် ကားလက်မ အနည်းငယ်ပဲလွှတ်သွားပါတယ်။
ထိုညက အဖြစ်အပျက်ကို ကမ်းမင်းမမေ့ချေ။ ၂၄နှစ်ကြာ ၁၉၅၁ ခုနှစ်၌အလုပ်မှ အငြိမ်းစားယူချိန်၌အင်ဂျင်ဘရိတ်ကို သူတီထွင် ဖန်တီးနိုင်ဖို့ စတင်ကြိုပမ်းခဲ့ပါတယ်။
ခုနှစ်နှစ်တိုင် သူလေ့လာကြံဆခဲ့ပြီးချိန်တွင်စိတ်ကူးကောင်းတစ်ခုကို သူရရှိသွားသည်။ဒီဇယ်အင်ဂျင်မှ ကင်ရှပ်တစ်ချောင်း၏ပုံမှန်လှ ုပ်ရှားနိုင် မူနှင့်ချိတ်ဆက်ပြီးဘားအဖွင့်အပိတ်လုပ်ပေးပြုလုပ်ပေးနိုိင်အောင်သူတီထွင်
တည်ဆောက်နိုင်ခဲ့ပြီး မူပိုင်ခွင့်ကိုမှတ်ပုံတင်ရခဲ့သည်။
စမ်သပ်မောင်နှင်မူများ အကြိမ်ကြိမ်ပြုခဲ့ပြီး၁၉၆၀ ခုနှစ်တွင် စက်ရုံတည်ပြီး စတင်ထုတ်လုပ်ခဲ့ရာ၁၉၆၁ ခုနှစ်တွင်စတင်ဖြန့်ဖြူးရောင်း ချနိုင်ခဲ့သည်။
အင်ဂျင်ဘရိတ်သည် အင်ဂျင်ထဲမှ ဓာတ်ငွေ့ဖိအားကို လျှော့ချကာ အင်ဂျင်စက်ရှ်ိန်ကျအောင် လုပ်ပေးခြင်ဖြစ်သည်။အင်ဂျင်ထဲမှ ထွက်လာသော အိပ်ဇောဓာတ်ငွေ့များနှင့်မဆိုင် ချေ။ဓာတ်ဆီအင်ဂျင်တို့ လီဗာကိုလွှတ် လိုက်သောအခါ ရယူသောလေ ငတ်မွတ်သွားသဖြင့် အင်ဂျင်လည်ပတ်မူကို ထိုးကျသွားပြီး ချိတ်ဆက်ပေးသော အင်ဂျင်အစိတ်ပိုင်းများ လည်ပတ်မူကို လျော့ကျစေသည်။ထိုအခါဂီယာနှင့်ချိတ်ဆက်ထားသော ဘီးတု ိ့သည်လည်း လည်ပတ်နှ ုန်းလျော့ကျသွားပြီးကားကို အရှိန်လျှော့ချပေးလိုက်ကြသည်။ဒီဇယ် အင်ဂျင်တွင်ထိုသို့မဖြစ်ပေါ်ချေ။ဒီဇယ်အင်ဂျင်တွင်ထုိသု ိ့မဖြစ် ပေါ်သဖြင့် အင်ဂျင်ကို ဘရိတ်အဖြစ်အသုံးမပြုနိုင်ချေ။သို့ဖြစ်ရာသီးခြား ကိရိယာတပ်ဆင်ကာအင်ဂျင်ကို ဘရိတ်အဖြစ်သုံးနိုင်အောင် ဖန်တီးထားကြရ၏။ထိုကိရိယာကို အချိန်ကိုက်လုပ်ကိုင်ပေးနေရသည်။
အင်ဂျင်အလုပ်လုပ်ပုံ ဖြစ်စဉ်ကိုကြည့်ပါကပစ္စတင်ကိုအထက်သို့ ထိုးတင်ပြီးဆလင်ဒါ အခန်းတွင်းရှိလေဆီအနှောဓာတ်ငွေ့ထုကို ဖိသိပ်ပစ် လိုက်သည်။ဖိအားမြင့်မားချိန်၌ဒီဇယ်အငွေ့တို့မီးလောင်ပေါက် ကွဲပြီးပစ္စတင်ကိုပါအားပါပါဖြင့် ပြန်တွန်းချပစ်လိုက်သည်။ ထိုဖြစ်စဉ်မှရသောတွန်းဖိအားဖြင့်အင်ဂျင်လည်ပတ်နေသည်။
ဓာတ်ငွေ့တို့ကို ဖိသိပ်နေစဉ်အင်ဂျင်ဘရိတ် ကိရိယာ၎င်း၌ရှိသော အပေါက်ကို ဖွင့်ချပစ်လိုက်သည်။ထိုအခါဖိအားမလုံလောက်တော့သဖြင့် မီးလောင်ပေါက်ကွဲနိုင်ခြင်းမရှိတော့ချေ။ထိုသု ိ့ဓာတ်ငွေ့တို့ကို ဖိသိပ်လိုက်တိုင်းအပေါက်ဖွင့်ချပေးခြင်းဖြင့် အင်ဂျင်ထဲမှဖိတွန်းအား မရနိုင်အောင် လုပ်ပေးကာစက်ရှိန်သတ်ပေသည်။
ပြသာနာမှာအပေါက်ဖွင့်ချိန်ဓာတ်ငွေ့တု ိ့ပြင်ပလေထုဆီသို့ အင်ဂျင်ထဲမှတိုးဝှေ့ထွက်ကြရာ၌တရှူးရှူးအသံကျယ်ကျယ်မြည်သည်။တိတ်ဆိတ်နေသောညဘက်မျိုးမှာ၌အိမ်ထဲအိပ်ပျော်နေသူတို့ကိုလမ်းပေါ်မှ လှမ်းနှုိးနိုင်လောက်အောင်အသံကျယ်လောင်သည်။
အိပ်ဇောဘရိတ်သည် စွန့်ပစ်ရန်ထွက်လာသည့်ဓာတ်ငွေ့တို့ကို လိပ်ပြာတောင်ပံဘားဖြင့် ပိတ်ပေးကာတားဆီးပေးခြင်းဖြစ်သည်။
ထို သို့ရှေ မှဆီးပိတ်ပေးကာတားဆီးသဖြင့်ဖြစ်သည်။ထိုသိုရှေ့မှဆီးပိတ်လိုက်သဖြင့်
နောက်ကြောင်းပြန်သက်ရောက်မူများဖြစ်ပေါ်ကာ အင်ဂျင်ကို စက်ရှိန်သတ် ပေးခြင်းဖြစ်သည်

Crd.Y.M.T

Address

Airlie Beach, QLD

Website

Alerts

Be the first to know and let us send you an email when Automotive Training Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share