28/10/2026
❣️ Ban Rak Thai သို့ ဒုတိယအကြိမ် ရောက်ရှိခြင်း
ဒီရွာလေးမှာ အားသာချက်၊ အားနည်းချက်လေးတွေ ရှိပါတယ်။
🔅 ညဘက်ဆို မီးရောင်လေးတွေနဲ့ စည်ကားလှတဲ့ ဈေးဆိုင်တန်းလေးမှာ လမ်းလျှောက်ရတာက ပျော်စရာ တစ်မျိုးပါ။
🔅 ချမ်းအေးတဲ့ ရာသီဥတုမှာ ရေကန်ကြီးဘေး လှပတဲ့ ရှုခင်းတွေ ကြည့်ရင်း မူကထ လေး လေးစားရတာလည်း မမေ့နိုင်စရာ ညချမ်းလေး ပါ။
🔅 ဆောင်းရာသီမနက်ခင်းဆို မြူခိုးတွေကြား လှေလေးတွေ စီးရတာကလည်း စိတ်အေးချမ်းမှုကို ရစေတဲ့ အလှဆုံး မနက်ခင်း လေးတွေမို့...ပင်ပန်းပေမယ့် နှစ်တိုင်းသွားပါတယ်။
တစ်ခုတော့ ရှိတာပေါ့နော်
သွားရတဲ့ လမ်းခရီးပင်ပန်းပြီး၊ ငွေကုန်များတဲ့ နေရာမို့ သူများတွေက ဒီ ခရီး သွားရတာ ဂျင်း ပါ လို့ ဘယ်လောက်ပဲ ပြောပြော
ကိုယ့်လို အကြိုက်တူတဲ့သူလေးတွေ ရှိလို့ လည်း သူ့ရာသီဆို အမြဲတမ်း စည်ကားနေတာပါ။
မှန်ပါတယ်
ဒီရွာလေးက သွားရတာ ခရီး အတော်ဝေးပြီး၊ လမ်းကအကွေ့အကောက်များ၊ တောင်တက်တောင်ဆင်း များတဲ့ အရပ်ဒေသ ဖြစ်လို့ လမ်းခရီးမှာ ပင်ပန်းပြီး၊ ညနေမှရောက် ဟိုတယ်မှာ အိပ်ပြီး၊ မနက်စာ စားပြီးတာနဲ့ တန်း ပြန်ရတော့ လမ်းမှာပဲ အချိန်ကုန်များတာကြောင့် ပေးရတာနဲ့ မတန်ဘူးလို့ ခံစားရလို့ တချို့ကလည်း မကြိုက်ကြပါဘူး။
ကျွန်တော်တို့ အနေနဲ့လည်း
ဒီလို လမ်းခရီး ကို ကားကောင်းပြီး၊ ကျွမ်းကျင်တဲ့ ကားဆရာများ နဲ့ သာ ပို့ပေးရဲတာ မလို့၊ ကုန်ကျစရိတ်က သူများတွေထက်တော့ ပိုပါတယ်။
ဒါကြောင့်
သင့်တင့်တဲ့ ဈေးနှုန်းဖြင့်သာ၊ အန္တရာယ် ကင်းရှင်းမှု ကို အဓိကထားပြီး ပို့ပေးဖြစ်ပါတယ်။
ဈေးနှုန်း သက်သက်သာသာ သွားချင်သူများအတွက်တော့
တခြားသူများနဲ့ စုပြီးသွားကြဖို့ အကြံပေးချင်ပါတယ်။ အဲ့လို တခြားသူတွေနဲ့ အတူ သွားချင်ရင်လည်း လာမေးလို့ရပါတယ်။
🔅 ၁ ညအိပ်၂ ရက်ခရီးလေး သွားရင် လမ်းမှာ ဝင်လို့ရတဲ့ နေရာလေးတွေက
▫️ Pai Memorial Bridge
▫️ Santichon Village
▫️ Yuan Lai View Point
▫️ Nam Lod Cave
▫️ Ban Rak Thai Village
▫️ Lee W**e လက်ဖက်ခင်း
▫️ Pang Ung Lake
▫️ Pai Canyon
🔅 ခရီးစဉ် တစ်ခု ကို ဈေးနှုန်းသင့်တင့်စွာဖြင့် အဆင်ပြေပြေသွားချင်သူများ အသေးစိတ်လာမေးလို့ရပါတယ်။
အားလုံး စိတ်ချမ်းသာ ပျော်ရွှင်စေဖို့