တန် ရာ တန် ကြေး ကားဈေးဖြတ် ရောင်းဝယ်ရေး

  • Home
  • Myanmar
  • Yangon
  • တန် ရာ တန် ကြေး ကားဈေးဖြတ် ရောင်းဝယ်ရေး

တန် ရာ တန် ကြေး   ကားဈေးဖြတ်   ရောင်းဝယ်ရေး တန်ရာတန်ကြေးကားဈေးဖြတ်ရောင်းဝယ်ေ?
(266)

26/12/2014

Simian Hua
2 October 11:58
dear sir
How are you?
Our company exports used cars from Japan to various countries throughout the world.
This is our website. http://www.individual-usedcar.com/
Please ask us whatever you would like to know.
Customer satisfaction is important to us.
We are looking forward to hearing from you.
Kindest Regards,
Individual.Co.Ltd

20/12/2014

Tinmintun Suwailwin
15 December 09:53
Want to buy. Fortuner. Black color. Good condition. Hammer H2. Big size. Black color want to buy. Please contact. Buy myself. Tin Min Tun 095029542

Congratulations Myanmar U-19မြန်မာ U-19အသင်းအား ဤgroup မှ•••••••••••ဂုဏ်ပြုအပ်ပါသည်••••••••••်
18/10/2014

Congratulations Myanmar U-19
မြန်မာ U-19အသင်းအား ဤgroup မှ
•••••••••••ဂုဏ်ပြုအပ်ပါသည်••••••••••

27/08/2014

Lin Htet
6 July 12:01
Succeed 2009 TXG packet တစ်စီးလောက်ဝယ်ချင်ပါသည် (မှတ်ချက် New Number)

110 ၀န်းကျင် လောက် ပါ

ဖုန်းနံပါတ်ကတော့  0943108341 ပါ

27/08/2014

Htoo Si Lwin
22 August 04:49
hijet 2006 model (7G....) ဘယ်လောက်ပေါက်ပါသလဲအကို ပြန်ရောင်းချင်လို့ပါ ရန်ကုန်ပါ။ လုပ်ငန်းလိုင်စင်ပါပါတယ်ဗျ။ တစ်ချက်လောက်ရမယ့်ဈေးပြောပေးပါအကို

ပါဝါအဲကွန်း မန်နူရယ်ဂီယာ စီယာတိုင်ကမန်နူရယ် တူးဝှီးပါ

ကျွန်တော်ဆိပ်ကမ်းချတုန်းကဝယ်ထားတာမကြာသေးဘူးဗျ ၄လပဲရှိသေးတယ် ငွေသုံးစရာလိုလို့ပြန်ထုတ်ချင်လို့ပါ

ကူညီပြန်လည်ဖြေကြားပေးပါဦးခင်ဗျာ

18/07/2014

Kyaw Kyaw San
15 July at 04:49
Honda inside G- grade model-2009 colour-dark silver tv .volume .back camera 112 lak ညှိုးနှိုင်း ph-095055184

08/07/2014

Ahtee Kyannay Thu
6 July 12:01
Succeed 2009 TXG packet တစ်စီးလောက်ဝယ်ချင်ပါသည် (မှတ်ချက် New Number)

http://burma.irrawaddy.org/business/2014/07/08/61570.htmlစီးပွားရေး ကားဟောင်း အားလုံး အပ်နှံခွင့်ပြုမှု ကားဈေးနှုန်းနှင့်...
08/07/2014



http://burma.irrawaddy.org/business/2014/07/08/61570.html
စီးပွားရေး ကားဟောင်း အားလုံး အပ်နှံခွင့်ပြုမှု ကားဈေးနှုန်းနှင့် စလစ်ဈေးကွက် ပျက် မင်းဗညား ဒီသတင်း ထွက်လာပြီး နောက်ပိုင်း စလစ်တွေက ဈေးကွက်မှာ အရင်က သိန်းတရာ စွန်းစွန်းကို ရောက်နေ ရာကနေ အခု စလစ် ဈေးနှုန်းက ကျလာပြီး ဈေးကွက် ပျက်သွားပြီ။ ကားလောက အတွက် အပြောင်း အလဲကြီးလို့ ပြောလို့ရတယ်
အစိုးရက ကားဟောင်းများကို အပ်နှံခွင့်ပြုပြီး ကားသစ်တင်သွင်းခွင့်ပြုလျက်ရှိနေရာမှ စက်မှုဇုန်ထုတ်ယာဉ်များ အပါအ၀င် နှစ် ၂၀ ကျော်သော ယာဉ်အို ယာဉ်ဟောင်းများအားလုံးကို တပြိုင်နက်တည်း အပ်နှံခွင့်ပြုလိုက်ပြီဖြစ်၍ ကားသစ်များ တင် သွင်းခွင့်ပြု မည်ဖြစ်ကြောင်း ကြေညာလိုက်ရာ ကားသစ်တင်သွင်းနိုင်သော ကားဟောင်းအပ်နှံစလစ်များ အရောင်းအ၀ယ် ပြုလုပ် နေသော ဈေးကွက် ပျောက်ပျက်သွား ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ကားဟောင်းများကို အက္ခရာ စဉ် အလိုက် အပ်နှံခွင့်ပြုနေရာမှ ဇူလိုင် ၁၄ ရက်နေ့မှစ၍ စက်မှုဇုန်ထုတ်ကားဟောင်းများအားလုံးကို အပ်နှံခွင့်ပြုမည်ဖြစ်ပြီး စက်တင် ဘာ လ ၁ ရက်နေ့မှစ၍ နှစ် ၂၀ ကျော် ကားများအားလုံး အပ်နှံခွင့်ပြုမည်ဖြစ်ကြောင်း၊ သြဂုတ်လ ၁ ရက်နေ့မှစ၍ သုံးဘီးယာဉ် အို ယာဉ်ဟောင်း များကို ဖျက်သိမ်းခွင့်ပြု၍ ကားသစ်တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ ကားဟောင်းများအပ်နှံ၍ ကားသစ် တင် သွင်း ခွင့်ပြုရာတွင် ယာဉ်မှတ်ပုံတင်ခ လျှော့ပေါ့ ကောက်ခံမည်ဖြစ်သော်လည်း ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ မှစ၍ ကားဟောင်းအပ်နှံ၍ ကားသစ်တင်သွင်းမှုအားလုံးအတွက် ယာဉ်မှတ်ပုံတင်ခ လျှော့ပေါ့ ကောက်ခံရန် မရှိ တော့ ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကားဟောင်းများအပ်နှံ၍ ကားသစ်တင်သွင်းရာတွင် ‘စ’ အက္ခရာမှ ‘ပ’ အက္ခရာအထိ အပ်နှံသောကားများအတွက် ယာဉ် မှတ်ပုံတင်ခ ၄၀ ရာခိုင်နှုန်း၊ ‘ဗ’ အက္ခရာမှစ၍ ‘၂က’ အက္ခရာအထိ ကားဟောင်းများအတွက် ယာဉ်မှတ်ပုံတင်ခ ၆၀ ရာခိုင် နှုန်း၊ လေလံပြန်လည် မှတ်ပုံတင်ယာဉ်များ အတွက် ၆၀ ရာခိုင်နှုန်း၊ အငှားယာဉ်များအတွက် ၈၀ ရာခိုင်နှုန်း လျှော့ပေါ့ ကောက်ခံ မည်ဖြစ်ပြီး ယင်းလျှော့ပေါ့ ကောက်ခံမှုကို ၂၀၁၄ ခုနှစ်အတွင်းသာ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ အပ်နှံခွင့်ပြုမည့် သက်တမ်း ၂၀ ကျော် ယာဉ်အိုယာဉ်ဟောင်းများအတွက် မှတ်ပုံတင်ခ ကို ၂၀ ရာခိုင်နှုန်းလျှော့ပေါ့ကောက်ခံမည်ဖြစ်ကြောင်း၊ စက်မှုဇုန်ထုတ်ကားဟောင်းများအတွက် သင်္ဘောတင် ဈေးနှုန်း(CIF) အမေရိကန်ဒေါ်လာ ၁၅၀၀၀ နှင့်အောက် ကားသစ်များကိုသာ တင်သွင်းခွင့်ပြု၍ ယာဉ်မှတ်ပုံတင် ၂၀ ရာခိုင် နှုန်း လျှော့ပေါ့ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့ပြင် ယာဉ်တိုက်မှု၊ မီးလောင်ပျက်စီးသော ယာဉ်များနှင့် သဘာဝ ဘေး အန္တရာယ်ကြောင့် ပျက်စီးသွားသော ကားများ အပ်နှံခွင့်လျှောက်ထားလျှင် အပ်နှံခွင့်ပြု၍ တန်ဖိုးတူညီသော ကားသစ် ကို သာ တင်သွင်းခွင့်ပြုပြီး ယာဉ်မှတ်ပုံတင်ခ ၁၀ ရာခိုင်နှုန်းလျှော့ပေါ့ပေးမည်ဖြစ်သည်ဟု သိရှိရသည်။

“ဒီသတင်းထွက်လာပြီး နောက်ပိုင်း စလစ်တွေက ဈေးကွက်မှာ အရင်က သိန်းတရာ စွန်းစွန်းကို ရောက်နေရာကနေ အခု စလစ် ဈေးနှုန်းက ကျလာပြီး ဈေးကွက်ပျက်သွားပြီ။ ကားလောကအတွက် အပြောင်းအလဲကြီးလို့ ပြောလို့ရတယ်။ ဇုန်ထုတ် ကား တွေမှာလည်း အပ်မယ့်ကားတွေက အများကြီး ရှိနေတော့ စလစ် ဖြစ်လာမယ့်ကားတွေ များလာ တဲ့သဘောပါပဲ။ ဒီတော့ ကားဈေးကွက် က ပိုတောင်ကျလာနိုင်တယ်။ နောက်ဆိုရင် ဒီစလစ်နဲ့ ဝယ်တဲ့ စနစ်ကို ပျောက်သွားနိုင်တယ်” ဟု ၀ါရင့် ကားပွဲစားတဦးက သုံးသပ်သည်။

Famer Auto Showroom မှ ဒေါက်တာ စိုးထွန်းက“ဇုန်ကားတွေ အပ်ခွင့်ပြုလိုက်တဲ့အခါ စလစ်နဲ့ ကပ်ပြီး ရောင်းရတဲ့ ကား တွေ ပိုပြီး အရောင်းအဝယ်ဖြစ်လာနိုင်တယ်။ အရင်က စလစ်ဈေးကတင် သိန်းတရာကျော် ဖြစ်နေတော့ မရောင်းရဘူး။ ဈေး က မြင့်နေတယ်။ အခုဇုန်ဂျစ်တွေ အပ်ခံခွင့် ပြုလိုက်တာ အရောင်းစင်တာတွေအတွက် အရောင်းအဝယ် ဖြစ်လာ နိုင် တယ်” ဟု ဆိုသည်။

အစိုးရ၏ ကားတင်သွင်းခွင့်မူဝါဒ အပြောင်းအလဲကြောင့် ကားဟောင်းအပ်စလစ် ၀ယ်ယူ သိုလှောင် ဈေးကစားသော စလစ် ဈေးကွက် ပျက်စီးသွားသည့်အပြင် စလစ်ဈေးကွက်တွင် ငွေကြေးမြောက်မြားစွာ ရင်းနှီးမြှုပ်နှံထားသူများသည် သိန်းထောင်ချီ အရှုံး ပေါ်နိုင်ကြောင်း၊ ထို့ပြင် ကားဈေးနှုန်းများလည်း ကျဆင်းလာနိုင်ကြောင်း သိရှိရသည်။

“စလစ်ဈေး မြင့်နေတဲ့ အချိန် မှာ ဝယ်ထား၊ ရင်းနှီးထားတဲ့ သူတွေကတော့ ရှုံးမှာပဲ”ဟု မော်တော်ယာဉ် တင်သွင်းသူများနှင့် ထုတ်လုပ်ရောင်းချသူများအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးအေးထွန်းက ပြောသည်။The Irrawaddy (Burmese Version)

ဒီသတင်း ထွက်လာပြီး နောက်ပိုင်း စလစ်တွေက ဈေးကွက်မှာ အရင်က သိန်းတရာ စွန်းစွန်းကို ရောက်နေ ရာကနေ အခု စလစ် ဈေးနှုန်းက ကျလာပြီး ဈေးကွက် ပျက်သွားပြီ။ ကားလောက အတွက် အပြောင်း အလဲကြီးလို့ ပြောလို့ရတယ်

30/06/2014

Moh Moh
26 June at 23:11
ကားဝယ်လိုပါသည် ၇၅ -၉၀အတွင်းသုံးပါမည် Demio or Vitz ၂၀၀၈ လိုချင်ပါသည် ဆက်သွယ်ရန် phone 09400000401

25/06/2014

မော်တော်ယာဉ်မှတ်ပုံတင်နှုန်းထားများ ၁၀ဆမှ အဆ၃၀အထိ တိုးမြှင့်ကောက်ခံမည်

လက်ရှိမြန်မာနိုင်ငံ(အထူးသဖြင့် ရန်ကုန်မြို့)တွင်ဖြစ်ပေါ်နေသော ယာဉ်ကြောပိတ်ဆို့မှုဆိုးဝါးခြင်းကို လျှော့ချရန်ဟုဆိုကာ မော်တော်ယာဉ်မှတ်ပုံတင်နှုန်းထားများကို အနည်းဆုံး ၁၀ဆမှ အဆ ၃၀ အထိ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်)မှ အကြီးတန်းအရာရှိတစ်ဦးထံမှသိရသည်။

“အခုနောက်ပိုင်း ကားအစီးရေများလာတာနဲ့အမျှ ယာဉ်မတော်တဆမှုတွေကလည်း များလာတာကြောင့်ပါ။ ဒါတွေကိုလျှော့ချနိုင်ဖို့အတွက် ဒီလိုတိုးဖို့လုပ်ရတာပါ” ဟု ၎င်းကဆိုသည်။ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ပေါများသည့် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတွင် နှုန်းထားပိုမိုတိုးမြှင့်မည်ဖြစ်ကြောင်း ကညနထံမှ သိရသည်။ နှုန်းထားများကို ဒေသအပေါ်လိုက်၍ အုပ်စု ၃ခုခွဲခြားသတ်မှတ်သွားမည်ဖြစ်ပြီး အာဆီယံဒေသအတွင်း နိုင်ငံအများစုကောက်ခံသောနှုန်းထားများကိုလေ့လာ၍ ပြင်ဆင်ခြင်းဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ယင်းသို့တိုးမြှင့်ကောက်ခံခြင်းကြောင့် ကိုယ်ပိုင်မော်တော်ယာဉ်များအတွက် အခက်အခဲမရှိဘဲ အငှားယာဉ်နှင့် ခရီးသည်တင်ယာဉ်များ အခက်အခဲဖြစ်လာနိုင်ကာ ပွဲစားခများလည်း မြင့်တက်လာမည်ဖြစ်ကြောင်း ကိုယ်ပိုင်ယာဉ်မောင်းအချို့က ပြောဆိုသည်။

25/06/2014

Tun Myat Kyaw
11 June at 18:24
admin အကို ၂၀၀၉ မော် alphard ပါ အတွင်း grade A ပါ အင် ဂျင် ပါဝါ 2.4 ပါ ထိုင် ခုံက လည်သာစိပါ ဘေးတံခါးပတ်လည်က ဟ ဟိုဒရောလစ်ပါတီဗွီပါ ဂရိတ်ကတော်တော်ပြည့ပါတယ်အကို နံပါတ်မယူရသေးပါဘူး ကားကဆိပ်ကမ်းကထုတ်တာ ၁ရက်ပဲရှိပါသေးတယဘယ်လောက်အများဆုံးရနိုင် မလဲ comment လေးပေးပေးပါ

Address

Online/website
Yangon

Alerts

Be the first to know and let us send you an email when တန် ရာ တန် ကြေး ကားဈေးဖြတ် ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share