Pyae Pyae's ကားမျိုးစုံ ရောင်းဝယ်ရေး website

  • Home
  • Myanmar
  • Yangon
  • Pyae Pyae's ကားမျိုးစုံ ရောင်းဝယ်ရေး website

Pyae Pyae's ကားမျိုးစုံ ရောင်းဝယ်ရေး website လိုအပ်သောကားနဲ့ရောင်းလိုသော
ကားကို

မိတ်ဆွေတို့ ရောင်းလိုသောကားများကို ဒီပေ့တွင် ကြော်ငြာနိုင်သလို ၀ယ်ယူလိုသော ကားများကိုလည်း ၀င်ရောက်ကြည့်ရှုလေ့လာ ၀ယ်ယူနိုင်ပါသည်

30/01/2018

Lady's Secret BKK Bra shop ကို 1.2.2018တွင်ဆိုင်စဖွင့်မည်ဖြစ်ပီးဖွင့်ပွဲအနေနဲ့ 1.2.2018 မှ 4.2.2018ထိဝယ်ယူအားပေးသောcustomersများအား Bra ၅ထည်ဝယ်ယူလျှင်၂၅၀၀တန်pants ၁ထည်။ Pants ၁၀ ထည်ဝယ်ယူလျှင် ၂၅၀၀တန် ၁ထည်လက်ဆောင်ပေးသွားပါမည်။ Online မှဝယ်ယူသူများလဲ deliveryရှိပါတယ်။ နယ် customers များနီးစပ်ရာကားဂိတ်ထိပို့ပေးပါတယ်။ Thailand မှတိုက်ရိုက်တင်သွင်းတာဖြစ်သောကြောင့်လက်ကားဝယ်ယူသူများအတွက်လဲအထူးဈေးနှုန်းများရှိပါတယ်။ အမျိုးများအားလုံးဒီ page လေးကို like, share & rating 5 star လေးတွေလုပ်ပေးပါဦးနော်။ 😘😘😘

https://www.facebook.com/Ladys-Secret-BKK-Bra-Underwear-148427262612231/

အမှတ်(၅၉)မဏ္ဠိုင်လမ်းမကြီး ဝါဆိုရပ်ကွက် ဒေါပုံမြို့နယ် ရန်ကုန်
ဖုန်း 09450018198 09788200544

ကဲအမျိုးတို့ရေ၂.၁.၂၀၁၈ မှစပြီး ကားလိုင်စင်သက်တမ်းတိုးရင်Online ကနေရက်ချိန်းယူပြီးမှယာဉ်စစ်လို့ရပါပီဘယ်လိုလုပ်ရမလဲဆိုတာအေ...
15/12/2017

ကဲအမျိုးတို့ရေ
၂.၁.၂၀၁၈ မှစပြီး ကားလိုင်စင်သက်တမ်းတိုးရင်
Online ကနေရက်ချိန်းယူပြီးမှယာဉ်စစ်လို့ရပါပီ

ဘယ်လိုလုပ်ရမလဲဆိုတာအောက်မှာပုံလေးတွေနဲ့ပြထားတယ်နော်

၂.၁.၂၀၁၈မှာစပြီးသက်တမ်းတိုးချက်သူတွေက ၂၇.၁၂.၂၀၁၇ မှာ
Online ရက်ချိန်ယူလို့ရပါတယ်

အနီးကပ်မှရက်ချိန်းမရမှာစိုးတဲ့အမျိုးတွေအတွက်လည်း ၃ လ ကြိုတိုးလို့ရပြီး

ဧပြီလမှာသက်တမ်းကုန်တဲ့ကာတွေပါ ရက်ချိန်းယူလို့ရပါတယ်

မူရင်း - Tun Linn

27/11/2017

နယ်လိုင်စင်ဖြင့် ပြေးဆွဲနေသောတက္ကစီယာဉ်များကို ဒီဇင်ဘာလ
ကုန်တွင် ရန်ကုန်မြို့ပြင် ထုတ်မည်
================================
၂၇..၁၁..၁၇
-
ရန်ကုန်မြို့တွင်း၌ နယ်လိုင်စင်ဖြင့် ပြေးဆွဲနေသောတက္ကစီယာဉ်များကို ယခုလာမည့်ဒီဇင်ဘာလအကုန်တွင် အပြီးသတ် ဖယ်ရှားဆောင်ရွက်
မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲရေးအာဏာပိုင်အဖွဲ့ထံမှ သိရသည်။
-
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အာဏာပိုင်အဖွဲ့မှ ယာဉ်ကြောကျပ်
တည်းမှုကို ဖြေရှင်းဆောင်ရွက်ရန် မြို့တွင်းပြေးဆွဲနေသည့် တက္ကစီ
ယာဉ်များကို စီးတီးတက္ကစီအဖြစ် ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံးထား၍ မှတ်ပုံတင်ရန် ထုတ်ပြန်ထားသဖြင့် တက္ကစီများကလည်း မှတ်ပုံတင်
မှုများကို မြန်မြန်ဆန်ဆန် လုပ်ဆောင်နေကြကြောင်း သိရသည်။
-
ယင်းသို့ပြုလုပ်ရခြင်းသည် မြို့တွင်းပြေးဆွဲနေသည့် တက္ကစီယာဉ်
အစီးရေနှင့် နယ်ကျော်တက္ကစီ အစီးရေကို တိတိကျကျသိရှိရန်ဖြစ်ပြီး သတ်မှတ်ထားသည့် ကာလအတွင်း မှတ်ပုံတင်ထားခြင်းမရှိသည့် တက္ကစီများကို စစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် လိုင်စင်အနီမှ အနက်သို့ ပြောင်းရမည်ဖြစ်ကြောင်း သိရသည်။
-
“ တက္ကစီသမားတွေက နေလို့ရတဲ့အထိ နေနေကြတာ။ မဖြစ်မနေ မှတ်ပုံတင်ရမယ်ဆိုတော့ အကုန်လုံးစုပြီး တိုးနေကြတယ်။ တစ်ချို့
ဆိုရင် ညအိပ်ပြီးလာစောင့်ကြတယ်။ လူတွေက အရမ်းများတယ်။ ခရိုင်လေးခုလုံးကို တစ်နေရာတည်းမှာပဲ လုပ်ပေးနေရတာဆိုတော့ အဆင်မပြေဘူး။ အစိုးရအဖွဲ့ရုံးကို တင်ပြထားတယ်။
-
နေရာခွဲပြီးလုပ်ပေးဖို့အတွက်ပါ။ အင်းစိန်ဘက်မှာ အာဏာပိုင်အဖွဲ့က
ပိုင်တဲ့ မြေနေရာရှိတယ်။ အဲဒီမှာမြောက်ပိုင်းခရိုင်နဲ့ အနောက်ပိုင်း
ခရိုင်ကို စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်လုပ်ပေးသွားမယ် ” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲရေး
အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် စီးတီးတက္ကစီမှတ်ပုံတင်ခြင်းကို နေ့စဉ်ယာဉ်အစီးရေ ၃၀၀ ခန့် မှတ်ပုံတင်ပြုလုပ်ပေးနေပြီး အရှေ့ပိုင်းခရိုင်မှ စီတီးတက္ကစီအဖြစ် လာရောက်မှတ်ပုံတင်သူမှာ အများဆုံးဖြစ်ကြောင်း သိရသည်။ “ နယ်လိုင်စင်တွေနဲ့ ဒီမှာမောင်းနေကျတော့ အဆင်မပြေဘူး။ ယာဉ်ကြော ပိုကြပ်တယ်။ ခရီးသည်လည်း မရတော့ဘူး။ နယ်လိုင်စင်တွေကိုသာ သေသေချာချာလေးလုပ်နိုင်ပြီဆိုရင် ယာဉ်ကြောလည်း အထိုက်အလျောက်တော့ လျော့သွားမှာပါ ” ဟု တက္ကစီယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးသန်းစိုးက ပြောသည်။
-
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လက်ရှိ ယာဉ်အစီးရေ ၅ သိန်း ၃ သောင်းနီးပါးတွင် တက္ကစီယာဉ်အစီးရေမှာ ၁ သိန်းခန့် ရှိနေပြီး ယင်းတွင် ရာသက်ပန်တက္ကစီယာဉ်အစီးရေ ၃၀၀၀၀ နှင့် အက္ခရာ
နံပါတ် တက္ကစီယာဉ်အစီးရေမှာ ၃၀၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။
=======

Credit
စုသက်နှင်း

https://shwewiki.com/%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9...
20/11/2017

https://shwewiki.com/%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%84%e1%80%b6-%e1%80%99%e1%80%bd-%e1%80%81%e1%80%9c%e1%80%ad%e1%80%af%e1%80%84%e1%80%b9/

မြန်မာနိုင်ငံမှ (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများအနေဖြင့် အာဆီယံနိုင်ငံများတွင်ပါ မောင်းနှင်ခွင့် ရရှိထားပြီးဖြစ်သော်လည်း သိရှိထားမှု နည်းပါးနေသေးကြောင်း ကုန်းလမ်းပို့ေ…

12/11/2017

ရန်ကုန်လိုင်စင် တက္ကစီများ ဒီဇင်ဘာလကုန် နောက်ဆုံးထား၍
စီးတီးတက္ကစီ မှတ်ပုံတင်ရမည်နယ်လိုင်စင်ဖြင့် တက္ကစီပြေးဆွဲမှုများကို
အရေးယူတော့မည်ဟုဆို
------------------------------------------------------------------------------------------
ရန်ကုန်လိုင်စင်ထုတ် ပေးထားသည့် တက္ကစီများ ဒီဇင်ဘာလကုန် နောက်ဆုံးထား၍
စီးတီးတက္ကစီ မှတ်ပုံတင်ရမည်ဖြစ်​ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ
ပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အ တွင်းရေးမှူး ဒေါက်တာ 
မောင်​အောင်က ပြောသည်။

ထိုသို့ ရန်ကုန်လိုင်စင်များ စီးတီးတက္ကစီအဖြစ် ပြောင်းလဲပြီးပါက နယ်လိုင်စင်
တက္ကစီများ ရန်ကုန်မြို့တွင်း ပြေးဆွဲနေမှုများကို စိစစ်အရေးယူမည်ဟု ၎င်းက
ဆက်လက်ပြောသည်။

‘‘ဒီဇင်ဘာ နောက်ဆုံးပတ် လုပ်ရမယ်လို့ ပြောထားတယ်။ ဒါပြီးရင် စစ်ထုတ်ရမယ်။
နယ်လိုင်စင်တွေကို ညအိပ်ခွန် ​ကောက်တာ​တွေ ဘာတွေ ကောက်ရမယ်’’ ဟု ဒေါက်တာ 
မောင်အောင်က ပြော သည်။ လက်ရှိတွင် ရန်ကုန်မြို့၌ စီးတီးတက္ကစီ အစီးရေ
ခြောက်သောင်းကျော်ရှိကြောင်း ကညနလုပ်ငန်းလိုင်စင်ရုံးက ထုတ်ပြန်သည်။
ရန်ကုန်မြို့ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေလျှော့ရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရ
အဖွဲ့က တက္ကစီများကို ထိန်းချုပ်ရန် စီစဉ်ခြင်းဖြစ်သည်။

‘‘နယ်တက္ကစီတွေက ပြေးဆွဲခွင့်မရှိတာ။ သူတို့ တိုင်းထဲမှာ အတွက်ပဲ ထုတ်ပေးထားတာ။
သူတို့ ရန်ကုန်မှာ လာပြေးဆွဲနေတာ ဥပဒေနဲ့ မညီဘူး။ ရန်ကုန်မှာ တက္ကစီများလွန်း
နေတော့ တက္ကစီသမားတွေ ဒုက္ခရောက်နေတယ်’’ ဟု Hello Cab တက္ကစီကုမ္ပဏီ
မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဝင်းက ပြောသည်။

ထိုသို့ လုပ်ဆောင်ခြင်းသည် ဥပဒေအရ ကြီးကြပ်ခြင်းဖြစ်ပြီး ရန်ကုန်လိုင်စင် တက္ကစီ
သမားများ အတွက် အသက်ရှူချောင်စေမည် ဟု ၎င်းက ဆိုသည်။မြန်မာနိုင်ငံ
မော်တော်ယာဉ် ဥပဒေအရ မော်တော်ယာဉ်တိုင်းသည် နိုင်ငံတစ်ဝန်း မည်သည့်နေရာ
တွင်မဆို မောင်းနှင်ခွင့်ရှိရမည်ဟု တာမွေမြို့နယ်နေ တက္ကစီ ယာဉ်မောင်း
ဦးအောင်သန်းဝင်းက ပြောသည်။

စီးတီးတက္ကစီများ သက်တမ်းတိုးခြင်းကို ပြီးခဲ့သည့် အစိုးရလက်ထက်၌ ရန်ကုန်မြို့တော်
စည်ပင်က ကိုင်တွယ်ခဲ့ပြီး နောက်ပိုင်းတွင် မထသက လွှဲပြောင်းရယူခဲ့သည်။ ထို့နောက်
စီးတီးတက္ကစီသက်တမ်းတိုးခြင်းနှင့် မှတ်ပုံတင်ခြင်း လုပ်ငန်းကို ရန်ကုန်တိုင်း ဒေသကြီး
သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (ဗဟို) (YRTA)က လွှဲပြောင်း
ရယူခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း နယ်နံပါတ်ကားများနှင့် ညအိပ်ခွန်
မဆောင်ထားသည့်ကားများ ညအိပ်ခွင့် မရှိကြောင်းနှင့် ညအိပ်ခွန် ပေးဆောင်ထားခြင်း
မရှိသည့် ယာဉ်များကို အရေးယူမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီက ကြေညာသည်။

ထွန်းထွန်းမင်း
၂၀၁၇၊ နိုဝင်​ဘာ ၁၂

05/11/2017
02/11/2017

- စက်သုံးဆီကို တစ်ဂါလန် ဝယ်တိုင်း အခွန်ကောက်ပြီး လမ်း၊ တံတား အသုံးပြုခ မကောက်တော့ဘူး ဆိုပါတယ်။ ဆိုလိုချက်အရ ဝယ်သူက အခွန်ဆောင်ရမယ့်ပုံပါပဲ။ စက်သုံးဆီဈေးတွေ နိုင်ငံခြားဈေးကျလဲ မချပဲ တင်ရောင်း၊ အရည်အသွေး၊ အလေးချိန် မပြည့်တဲ့ အပြင် အခွန်ပါထပ်ဆောင်ရပါ့မယ်။
- အဲ့တော့ စားသောက်ဆိုင်တွေလို စားသုံးသူကဆောင်၊တံဆိပ်ခေါင်းကပ်ချင်သလိုကပ်၊ မကပ်တဲ့ဆိုင်မကပ်၊ ဆိုတော့က လမ်းဘေးဆိုင်နဲ့ မှောင်ခို ဆီပ္ပေါလိုက်ဝယ်ထည့် ရမယ့်ခေတ် ပြန်ရောက်မလားပဲ။ တွေးမိတာပါ ခင်ဗျာ။
-
စက်သုံးဆီ အခွန်ကောက်ဥပဒေထွက်ပေါ်လာပါက နိုင်ငံတစ်ဝန်း လမ်းအသုံးပြုခကောက်ခံမှု ရပ်ဆိုင်းမည်ဟုဆို .....

By ရဲနိုင်၊ ဝဏ္ဏအောင် On Thu, 2017-11-02

ဓာတ်ဆီ၊ ဒီဇယ် တစ်ဂါလန် ဝယ်ယူတိုင်း အခွန် ကောက်ခံမည့် ဥပဒေပြဋ္ဌာန်းပြီးပါ က တစ်နိုင်ငံလုံးရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ကောက်ခံနေသော လမ်းတံတား အသုံးပြုခ ကောက်ခံသည့် ဂိတ်များတွင် ကောက်ခံတော့မည် မဟုတ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။

‘‘ဓာတ်ဆီတစ်ဂါလန်ဝယ်တိုင်း ဝယ်တိုင်းမှာ လမ်းပြင်ဖို့ အတွက် ဘယ်လောက်ထပ် ဆောင်းပါဆိုတဲ့ ဥပဒေတစ်ခု အတည်ပြုသွားရင် ဒီဂိတ်တွေလည်း မလိုတော့ဘူး’’ဟု ၎င်းက ပြောသည်။

အဆိုပါ ဥပဒေကို ဝန်ကြီး ဌာနကရေးဆွဲနေပြီး ပြီးဆုံးမည့် အချိန်နှင့် ဂိတ်များတွင် အသုံးပြုခ ကောက်ခံမှု ရပ်ဆိုင်းမည့်ကာလ၊ ကောက်ခံမည့် နှုန်းထားတို့ကို ပြောကြားခြင်းမရှိပေ။

နိုဝင်ဘာ ၁ ရက်က ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် တိုးဂိတ်များကို လမ်းတံတား အသုံးပြုခွင့် ပယ်ဖျက်ရန် ကိစ္စနှင့် ပတ်သက်၍ 7Day Dailyသတင်း စာ၏ မေးမြန်းမှုကို ဒုတိယ ဝန်ကြီးက ဖြေကြားခဲ့သည်။

အစိုးရသစ်တက်လာပြီး နောက်ပိုင်းတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ဂိတ် ၁၆၁ ခု ကို ၂၀၁၆ ဧပြီကစ၍ လမ်းအသုံး ပြု ကောက်ခံမှုမပြုတော့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

‘‘ကျန်နေတဲ့ ဂိတ်တွေက တော့ နိုင်ငံတော် ဝင်ငွေတင် မဟုတ်ဘူး။ လုံခြုံရေးအတွက်ပါ အထောက်အကူပြုတယ်။ တန်ပို ထိန်းသိမ်းရေး အတွက်ပါ အထောက်အကူပြုတယ်။ လော လောဆယ်မှာတော့ ဒီဂိတ်လေး တွေက ရှိနေမယ်’’ဟု ဦးကျော်လင်းက ပြောသည်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် လက်ရှိ၌ လမ်းတံတား အသုံးပြုခ ကောက်ခံနေဆဲဂိတ် ၁၄၁ ခုရှိသည်။

ဓာတ်ဆီ၊ ဒီဇယ်နှုန်းထားများအပေါ် ကောက်ခံမည့်အခွန် နှုန်းထားကို အတိအကျမသိသေး သဖြင့် မှတ်ချက်ပေးရန် မလွယ် ကူကြောင်း JJ ခရီးသွားလုပ်ငန်း ပိုင်ရှင် ဦးမြင့်ဦးက ပြောသည်။

copy .

31/10/2017

Belta 1000cc ဝယ်လိုသည်။၁၃၀သိန်းဝန်းကျင်သုံးမည်။ 09976269476

ငွေကျပ်သိန်းထောင်ချီ လိမ်လည်မှုဖြင့် မော်တော်ယာဉ်ရောင်းဝယ်ရေး ကုမ္ပဏီကို ဧရာဝတီဘဏ်ကအမှုဖွင့် ==============================...
23/09/2017

ငွေကျပ်သိန်းထောင်ချီ လိမ်လည်မှုဖြင့် မော်တော်ယာဉ်ရောင်းဝယ်ရေး
ကုမ္ပဏီကို ဧရာဝတီဘဏ်ကအမှုဖွင့်
=============================================
ရန်ကုန်၊ စက်တင်ဘာ ၂၁

ဧရာဝတီဘဏ်က Best Auto Co., Ltd. မော်တော်ယာဉ် ရောင်းဝယ်ရေး ကုမ္ပဏီမှ
မန်နေဂျင်း ဒါရိုက်တာနှင့် မန်နေဂျာတို့ကို ယုံကြည်အပ်နှံရေး ဖောက်ဖျက်ကာ
ငွေကျပ်သိန်းထောင်ချီ လိမ်လည်မှုဖြင့် စက်တင်ဘာလ ၂၀ ရက် ညနေ ၅ နာရီခွဲခန့်တွင်
ပိတောက်ချောင်း နယ်မြေရဲစခန်း၌ အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်း
ဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice.

ဧရာဝတီဘဏ်က Best Auto Co., Ltd. မော်တော်ယာဉ် ရောင်းဝယ်ရေး ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာနှင့် မန်နေဂျာတို့ကို ယုံကြည်အပ်နှံရေး ဖောက်ဖျက်ကာ ငွေကျပ်သိန်းထောင်ချီ လိမ်လည်မှုဖြင့် စက်တင်ဘာလ ၂၀ ရက် ညနေ ၅ နာရီခွဲခန့်တွင် ပိတောက်ချောင်း နယ်မြေရဲစခန်း၌ အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့...

21/09/2017

ဂျပန်တိုယိုတာကုမ္ပဏီ သီလဝါ၌ ကားစက်ရုံဆောက်ရန် ဆွေးနွေး

မြန်မာနှင့်ဂျပန်တို့ ပူးပေါင်းအကောင် အထည်ဖော်လျက်ရှိသည့် သီလဝါအထူး စီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံ၏ ထိပ်တန်း မော်တော်ယာဉ် ကုမ္ပဏီ တိုယိုတာက လာရောက် ရင်းနှီးမြှုပ်နှံ၍ စက်ရုံဆောက်ရန် ဆွေးနွေးမှုများရှိကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။

မြန်မာနိုင်ငံတွင် မော်တော်ယာဉ်အသစ် ထုတ်လုပ်မှု လုပ်ဆောင်နိုင်ရန်အတွက် အစိုးရ၏ မော်တော်ယာဉ် တင်သွင်းမှုနှင့် ပတ်သက်သည့် ကားမူဝါဒအပေါ်တွင် မူတည်နေကြောင်း အဆိုပါ စီမံခန့်ခွဲမှု ကော်မတီ၏ အတွင်းရေးမှူး ဦးရွှေဟိန်းက ပြောကြားသည်။

“ကားအသစ် ထုတ်မယ်ဆိုတော့ အစိုးရရဲ့ပေါ်လစီအပေါ်မှာ အများကြီး မူတည်တာပေါ့။ တိုယိုတာသာ လာမယ်ဆိုရင်တော့ သူနဲ့တွဲပါလာမယ့် ကုမ္ပဏီက ရာနဲ့ချီ လိုက်လာမှာဆိုတော့ နိုင်ငံအတွက် တော်တော်ကို အထောက်အကူပြုနိုင်မယ်”ဟု ၎င်းက ပြောဆိုသည်။

ယင်းသို့ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန် ရှိနေသည့် အခြေအနေများနှင့် ပတ်သက်ပြီး သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီနှင့် ပြည်ထောင်စု အစိုးရတို့အကြား ဆွေးနွေးနေမှုများ ရှိကြောင်း ၎င်းကဆိုသည်။

“ကားအဟောင်း တင်သွင်းမှုကို ပိတ်မှာလား၊ တင်သွင်းမှု အရေအတွက် လျှော့ချမှာလားပေါ့။ အဲဒီလို အခြေအနေမျိုးမှ သူတို့ ရင်းနှီးမြှုပ်နှံနိုင်မှာ။ အစိုးရနဲ့လည်း ဆွေးနွေးနေတယ်။ ဒီကိစ္စကလည်း တစ်ဆင့်ချင်း သွားရမှာဆိုတော့ အချိန်တော့ယူရမယ်”ဟု ဦးရွှေဟိန်းက ပြောကြားသည်။

ယင်းသို့သော ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ဖြစ်နိုင်မည့်အပြင် ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများပါ ရရှိနိုင်မည်ဖြစ်ကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်း အတွင်းရေးမှူး ဦးမျိုးဇင်ဝင်းက ပြောကြားသည်။

“သူတို့လာပြီး ရင်းနှီးမြှုပ်နှံနိုင်မယ်ဆိုရင် နိုင်ငံ့စီးပွားရေးအတွက်ရော၊ ပြည်သူတွေ အတွက်ရောပါ ကောင်းတာပေါ့။ ဒီမှာပဲ ထုတ်မယ်၊ ပြည်တွင်းဈေးကွက်ကိုလည်း ဖြန့်မယ်ဆိုရင် ပြည်သူတွေအတွက် ကားအသစ်တွေကို ဈေးသက်သက်သာသာ စီးနိုင်မယ့် အနေအထား ဖြစ်လာနိုင်တာပေါ့”ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်တွင်လည်း မြန်မာနိုင်ငံ၌ ဂျပန်နိုင်ငံအခြေစိုက် မော်တော်ယာဉ် ကုမ္ပဏီများဖြစ်သည့် ဆူဇူကီးနှင့် Nissan တို့က မော်တော်ယာဉ် တပ်ဆင် ထုတ်လုပ်သည့် လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။

ပြည်ပမှ တစ်ဦးချင်းပါမစ် (Free Permit) ဖြင့် တင်သွင်းသည့် မော်တော်ယာဉ်များကို ရန်ကုန်လိုင်စင် ထုတ်မပေးသော်လည်း ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် မော်တော်ယာဉ်များကိုမူ ရန်ကုန် လိုင်စင် ထုတ်ပေးလျက်ရှိသည်။

The Voice

Address

No. 99, Ngu Wah Street, Ahlone Tsp. Yagon. Myanmar
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

09 30 243682

Alerts

Be the first to know and let us send you an email when Pyae Pyae's ကားမျိုးစုံ ရောင်းဝယ်ရေး website posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pyae Pyae's ကားမျိုးစုံ ရောင်းဝယ်ရေး website:

Share