Myanmar Mazda 3 Axela Club - MM3C

Myanmar Mazda 3 Axela Club - MM3C Welcome to our page !!!! We Love Mazda 3.

20/01/2022

သားလေးမွေးပြီး ကတည်းက သားအတွက်ဆိုပြီးဝယ်ထားပေး တဲ့
ကားကို တကြိမ်တခါ မှမသုံးပဲ ကား ဂိုဒေါင်ထဲမှာ
၂၃နှစ်တိုင်တိုင် သိမ်းထားပေး ခဲ့တယ်

ကျောင်းပြီးသွားတဲ့ချိန် ဂုဏ်ပြုလက်ဆောင်အဖြစ် ဒီကား နဲ့
Surprise လုပ်ပေး မယ်ပေါ့....

ဖခင်က သားကို ပြောတယ် ကားကိုအပိုင်မပေးခင် ဒီကားဘယ်လောက်တန်လဲ သိရအောင် တစ်ပတ်နွမ်းကားစျေးတန်းမှာ သွားပြကြည့်ပါလို့ပြောလိုက်တယ်...။

သူ့သား က တစ်ပတ်နွမ်းကားစျေးတန်းမှာ သွားပြပြီး အဖေရေ သူတို့က $ 1000 ပဲပေးမယ် လို့ပြောကြတယ်....
ဘာလို့လဲဆိုတော့ ကားက နည်းနည်းဟောင်းနေလို့တဲ့။

ဒါနဲ့သူ့အဖေက သား ရေဒီတစ်ခါ
အပေါင်ဆိုင်ကို သွားပြကြည့်ပါအုံးလို့ ခိုင်းပြန်ပါတယ်။
သားက လည်း အပေါင်ဆိုင်ကိုသွားပြတယ်...ပြီးတော့ အဖေရေ
သူတို့က $ 100 ပဲ ပေးမယ်လို့ပြောကြတယ်။ ဘာလို့လဲဆိုတော့ ကားကအရမ်းအိုနေပြီတဲ့....

ဖခင်က သား ရေ ဒီတစ်ခါတော့
ကားပြပွဲ car show အသင်းဆီကို ယူသွားကြည့်ပါလို့ပြော ပါတယ်။
သားက ကားပြပွဲအသင်းဆီ ကားကိုပြလိုက်တဲ့အချိန်
ကြားလိုက်ရတဲ့ စကားကြောင့် အရမ်းကို စိတ်လှုပ်ရှားသွားစေတယ်....

အဖေ အဖေ သူတို့က ကားကို $100000 ပေးမယ်တဲ့ ။
ဘာလို့လဲဆိုတော့ ဒီကားက ရောင်းရအကောင်းဆုံးနဲ့ ခုဆိုရှားပါးကားဖြစ်တယ် လို့ ပြော ကြတယ်....

ဖခင်က ဒီမှာ ''သား ရေ #မှန်ကန်တဲ့နေရာမှာသာ
တန်ဖိုးထားမှုခံရကြ တာပါ...
သား ကို တန်ဖိုးမထားကြရင် အသိအမှတ် မပြုကြရင်
ဝမ်းမနည်းပါနဲ့။ စိတ်လည်း မဆိုးပါနဲ့။

အမြဲ မှတ်ထားပါ သား......
ဘာလို့လဲဆိုတော့ အဲ့ဒီနေရာက #သားအတွက်နေရာမှန်မဟုတ်လို့ပဲ
သားရဲ့ ''တန်ဖိုး'' ကို နားလည်တဲ့ နေရာမှာသာ
သားကို အသိအမှတ်ပြုကြမှာ။

ပြောချင်တာက-သင့်တန်ဖိုးကိုနားမလည်တဲ့နေရာမျိုးမှာ_အချိန်အကြာကြီး_မဖြုန်းပါနဲ့......

29/07/2020
YEAH !!! WE MEET AGAIN   🇲🇲 (26.7.20)THANKS EVERYONE FOR JOINING EVENT 🤝HOPE THAT THE GUYS MISSED OUT FROM MEET UP CAN J...
28/07/2020

YEAH !!! WE MEET AGAIN 🇲🇲 (26.7.20)
THANKS EVERYONE FOR JOINING EVENT 🤝
HOPE THAT THE GUYS MISSED OUT FROM MEET UP CAN JOIN NEXT TIME ☺️

21/07/2020

🔶🔶 မီးခွက်တွေ ဘာကြောင့်ဝါတာလဲ၊ ပြန်ကြည်အောင်ကော လုပ်လို့ရလား၊ မီးခွက်အသစ်တွေကိုကော မဝါအောင် ဘယ်လိုထိန်းသိမ်းရမလဲ 🔶🔶

မင်္ဂလာပါခင်ဗျ... ထုံးစံအတိုင်း Ivory - Auto Ward ကနေ Knowledge Sharing လုပ်တာပါ။ ဒီပို့စ်မှာတော့ မီးခွက်တွေ ဝါရခြင်းအကြောင်းကို ပြောပြချင်ပါတယ်။

နေရောင်ခြည်ရဲ့ UV ဒဏ်ကို ခံနိုင်အောင်လို့ မီးခွက်အသစ်တွေမှာ Coating တစ်ထပ် အမြဲပါပါတယ်။ မီးခွက်ထုတ်တဲ့စက်ရုံက Coating တင်ပေးလိုက်တာပါ။ အချိန်ကြာလာတာနဲ့အမျှ ရာသီဥတုတိုက်စားမှုဒဏ်ကိုခံရပြီး အဲ့ဒီမီးခွက်ရဲ့ Coating Layer ဟာ တဖြည်းဖြည်းပါးလာပြီး မှေးမှိန်ပျောက်ကွယ်သွားပါတယ်။

Coating Layer မရှိတော့တဲ့ မီးခွက်ဟာ လိုက်ကာမရှိတော့တဲ့ ဆေးသားလိုပါပဲ။ နေရောင်ခြည်ကလာတဲ့ UV ဒဏ်ကို အလူးအလဲခံရပါတယ်။ ဒါ့အပြင် မိုးရွာရင်လည်း မိုးရွာတဲ့အလျောက်၊ လေတိုးရင်လည်း လေတိုးတဲ့အလျောက်၊ ဖုန်ထူရင်လည်း ဖုန်ထူတဲ့အလျောက် တိုက်စားမှုဒဏ်‌တွေကို ခံရပါသေးတယ်။ ဆိုတော့ကာ... Coating မရှိတော့တဲ့ မီးခွက်တစ်ခုဟာ အချိန်တိုအတွင်းမှာ အလွန်လျင်လျင်မြန်မြန်ပဲ မှေးမှိန်ဝါထိန်လာတော့မယ်ဆိုတာကို တွေးကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။ ပြီးတော့ ဝါတာကြာရင် ကျဉ်လာပါလိမ့်မယ်။ ကျဉ်တာကြာရင် အက်ကွဲလာပါလိမ့်မယ်။

ဒါကြောင့် ရုပ်လည်းမဆိုးအောင်၊ ညဘက်‌တွေမှာလည်း မီးလင်းအား မကျအောင်၊ မလိုအပ်ဘဲ ငွေကုန်ကြေးကျလည်း မများရလေအောင် မီးခွက်တွေကို ကြိုတင်ထိန်းသိမ်းဖို့ အထူးလိုအပ်ပါတယ်။

🔶 အဲ့တော့ မီးခွက်အသစ်တွေကို မဝါသွားအောင် ဘယ်လိုထိန်းသိမ်းရမလဲ?
ကျွန်တော်တို့ ကားရေဆေးပြီးရင် ဆေးသားကို ဖယောင်းတင်သလိုပဲ မီးခွက်အသစ်တွေကိုလည်း Original Coating Layer မပျက်အောင်လို့ မကြာမကြာ Sealant သို့မဟုတ် Protectant တင်ပေးသင့်ပါတယ်။ Original Coating Layer ကို ပြန်ကာပေးတဲ့သဘောပါ။ ကျွန်တော်သိသလောက်တော့ Meguiar's ဘရန်းထဲမှာဆိုရင် Headlight Protectant ဆိုတဲ့ဆေး ရှိပါတယ်။ Chemical Guys ထဲကဆိုရင်တော့ Jet Seal ကို သုံးနိုင်ပါတယ်။ Chemical Guys ရဲ့ Jet Seal ကို ဘယ်လိုသုံးရမလဲဆိုတာကိုတော့ အောက်ကလင့်မှာ ဝင်ကြည့်နိုင်ပါတယ်။
https://www.youtube.com/watch?v=RKTYxp-DpQg

🔶 ဝါပြီးသားမီးခွက်တွေကျတော့ကော ဘယ်လိုလုပ်ရမှာလဲ?
DIY လုပ်ချင်ရင်တော့ Youtube မှာ Headlight Restoration ဆိုပြီး ရှာလိုက်တာနဲ့ Tutorial Video တွေ အများကြီး ကျလာပါလိမ့်မယ်။ လိုက်လုပ်ကြည့်‌ပေါ့။ ဆိုင်မှာသွားလုပ်ချင်တယ်ဆိုရင်တော့ ကျွန်တော်သိသလောက် ၂ မျိုးရှိပါတယ်။ တစ်မျိုးက မီးခွက်ကို ပေါလစ်တိုက်ပေးတာပါ။ နောက်တစ်မျိုးက မီးခွက်ကို Coating ဆေး မှုတ်ပေးတာပါ။ ၂ မျိုးလုံးက အသစ်နီးပါး ပြန်ကြည်ပေမဲ့ ပေါလစ်တိုက်တာက ကြာရှည်မခံဘူးလို့ သိထားပါတယ်။ ၃ လ ၄ လ‌လောက်နေရင် ပြန်ဝါသွားနိုင်တာမျိုးပါ။ ဆိုတော့ ကိုယ်ဘာနဲ့လုပ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ရွေးချယ်ရမှာပါ။

အပေါ်မှာပြောခဲ့တာတွေက သေသေချာချာ မထိန်းသိမ်းလို့ မီးခွက်တွေ ဝါရတဲ့ အကြောင်းအရင်းပါ။ အခုထပ်ပြောချင်တာကတော့ မီးခွက်မှာ စတစ်ကာအလှကပ်တဲ့ ဆိုးကျိုးပါ။

ကိုယ့်မီးခွက်လေးလှနေအောင် စတစ်ကာကပ်တာ ကပ်နိုင်ပါတယ်။ သို့ပေမဲ့ စတစ်ကာကို ကပ်ပြီးပြီးရော ပစ်ထားလို့ မရပါဘူး။ ကြာလာတာနဲ့အမျှ စတစ်ကာအသားဟာ ကျွတ်ဆတ်လာပြီး မီးခွက်မျက်နှာပြင်မှာ စွဲကပ်သွားတတ်ပါတယ်။ ခွာရအလွန်ခက်တဲ့အပြင် ခွာပြီးရင်လည်း မီးခွက်မှာ ကော်ရာဗရပွနဲ့ ပုံဆိုးပန်းဆိုးကျန်ခဲ့တာကို လိုင်စင်ဝင်တဲ့အချိန် ခွာဖူးတဲ့သူတွေ သိမှာပါ။ ပြီးတော့ စွဲကပ်နေတဲ့ စတစ်ကာကို မရမကခွာရတဲ့အတွက် မီးခွက်မှာပါတဲ့ Original Coating Layer ကပါ ခွာလိုက်တဲ့အထဲ ပါသွားတတ်ပါတယ်။

ဆိုတော့... အတတ်နိုင်ဆုံး မီးခွက်ကို စတစ်ကာ မကပ်ပါနဲ့။ တကယ်လို့ အရမ်းကပ်ချင်တယ်ဆိုရင်လည်း ကပ်ပြီး ၂ လ ၃ လလောက်နေရင် အဟောင်းကိုပြန်ခွာပြီး အသစ် ပြန်လဲကပ်တာမျိုး လုပ်ပေးပါလို့ အကြံပေးချင်ပါတယ်။

ဒီနေ့တော့ ဒီလောက်ပါပဲ။ ကားရှေ့မီးခွက်ကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို နားလည်သွားကြမယ်လို့ ထင်ပါတယ်။ သင်ကကော မီးခွက်ကို ပုံမှန်ထိန်းသိမ်းနေတဲ့သူတစ်ယောက်လား၊ ဒါမှမဟုတ် မီးခွက်ဝါနေတဲ့ကားရဲ့ ပိုင်ရှင်လား၊ ဒါမှမဟုတ် လိုင်စင်ဝင်တုန်းက မီးခွက်စတစ်ကာ ခွာခဲ့ဖူးတဲ့သူလား စသဖြင့် comment ထဲမှာ ဝေမျှပေးပါဦး။

ကားပိုင်ရှင်များအားလုံး ပူပင်သောကမရှိ ကားမောင်းနိုင်ကြပါစေ...

31/12/2019

Happy New Year !!! Mazda3 Family ☺️

Spare parts for mazda 3(Axela) are available at that shop 😊
08/11/2019

Spare parts for mazda 3(Axela) are available at that shop 😊

30/07/2019

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myanmar Mazda 3 Axela Club - MM3C posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share