Mr Myat Min car rental services

Mr Myat Min car rental services Whenever your need our service you can get it easily . " Your safety is our first priority "

18/12/2020

မိုက်ကယ်ဂျက်ဆင်ဟာ အသက်(၁၅၀)လောက်ထိ
နေသွားချင်ခဲ့ပါတယ်

ဒါကြောင့်ဆံဖျားကနေခြေမအဆုံး၊သူ့ရဲ့ကျန်းမာရေးကို‌စောင့်ရှောက်ဖို့မိသားစုဆရာဝန်(၁၂)ယောက်ထိ
သူခန့်ထားခဲ့တယ်။

သူနေ့စဉ်စားမယ့် အစားအသောက်တွေကိုလည်း
ဓာတ်ခွဲခန်းမှာဂရုတစိုက်စစ်ဆေးပြီးမှသာစားသောက်လေ့ရှိပါတယ်။

သူ့ရဲ့နေ့စဉ်ကျန်းမာရေးလေ့ကျင့်ခန်းများကို
ကြပ်မတ်ပေးဖို့ဝန်ထမ်း(၁၅)ယောက်လောက်
ထပ်မံခန့်အပ်ထားခဲ့တာပါ။

သူ့ရဲ့အိပ်ရာမှာအောက်စီဂျင်ပမာဏကိုထိန်းညှိပေးနိုင်တဲ့
နည်းပညာကိုအသုံးပြုထားပါတယ်။

ဆေးပညာအရအစားထိုးလို့ရနိုင်တဲ့ကိုယ်လက်အင်္ဂါအစိတ်အပိုင်းအမျိုးမျိုးကို လှူဒါန်းမယ့်သူတွေကလည်း
တစ်ခုခုဆို မိုက်ကယ်ဂျက်ဆင်အတွက်တန်းလှူနိုင်ဖို့အသင့်ရှိနေပါတယ်။
သူတို့ရဲ့စားဝတ်နေရေးကို မိုက်ကယ်ဂျက်ဆင်ကပဲ
ထောက်ပံ့ပေးထားရတာဖြစ်ပါတယ်။

ဒီလိုအဖက်ဖက်က ဂရုတစိုက်ပြင်ဆင်ထားပြီးနောက်သူဟာအသက်(၁၅၀)လောက်ထိနေသွားနိုင်မယ်လို့
ယုံကြည်နေခဲ့ပါတယ်။

ဒါပေမယ့်သူမအောင်မြင်ခဲ့ပါဘူး

(၂၀၀၉)ခုနှစ် ၊ ဇွန်လ (၂၅)ရက်
သူ့အသက်(၅၀)အရွယ်မှာတော့မိုက်ကယ်ဂျက်ဆင်ရဲ့နှလုံးဟာလုံးဝအလုပ်မလုပ်တော့ပါဘူး။
မိသားစုဆရာဝန်(၁၂)ယောက်အပါအဝင်အခြားသောဆရာဝန်ကြီးများစွာ ဝိုင်းဝန်းကြိုးစားခဲ့ကြပေမယ့်
သူတို့ဟာ မိုက်ကယ်ဂျက်ဆင်ကိုမကယ်တင်နိုင်ခဲ့ကြဘူး။

(၂၅)နှစ်လုံးလုံး ဆရာဝန်ညွှန်ကြားချက်မပါဘဲ
ခြေတစ်လှမ်းတောင်မလှမ်းတဲ့သူတစ်ယောက်ဟာအသက်(၁၅၀)ပြည့်အောင်နေချင်ပေမယ့် မနေခဲ့ရပါဘူး။

မိုက်ကယ်ဂျက်ဆင်ရဲ့စျာပနအခမ်းအနားကိုလူပေါင်း(၂)သန်းခွဲလောက်က တိုက်ရိုက်ကြည့်ရှုခဲ့ကြပြီး
ဒါဟာယနေ့အချိန်ထိ စံချိန်မှတ်တမ်းတစ်ရပ်အဖြစ်
ရှိနေဆဲဖြစ်ပါတယ်။

သူကွယ်လွန်တဲ့ (၂၀၀၉)ခုနှစ် ၊ ဇွန်လ (၂၅)ရက်
ဒေသစံတော်ချိန်ညနေ(၃း၁၅)မှာ Wikipedia,
Twitterနဲ့ AOL's instant messengerတို့ဟာ
လုံးဝပြတ်တောက်သွားသည်အထိဖြစ်ခဲ့တယ်။

လူပေါင်းရှစ်သိန်းလောက်က Googleမှာ မိုက်ကယ်ဂျက်ဆင်နာမည်ကိုတစ်ပြိုင်နက်ရှာဖွေခဲ့ကြတယ်လို့မှတ်တမ်းတွေကဆိုပါတယ်။

မိုက်ကယ်ဂျက်ဆင်ဟာ သေခြင်းတရားကိုစိန်ခေါ်ဖို့
ကြိုးစားခဲ့ပေမယ့်လည်း သေခြင်းတရားကသာ သူ့ကို
ပြန်လည်စိန်ခေါ်သွားခဲ့ပါတယ်။

ဒီနေ့ကမ္ဘာမှာတော့ ရုပ်ဝတ္ထုပစ္စည်းတွေ
အံ့မခန်းတိုးတက်ထွန်းကားနေတာဖြစ်လို့ကျွန်တော်တို့အားလုံးဟာ အဲဒီနောက်ကို တကောက်ကောက်လိုက်နေကြရတယ်။
ဒါကိုမှားတယ်လို့လည်းပြောလို့မရပါဘူး။

ရုပ်ဝတ္ထုများကို ဗဟိုပြုပြီး လည်ပတ်နေတဲ့ကမ္ဘာတစ်ခုဖြစ်လာတာကြောင့်ကျွန်တော်တို့ဟာအဲဒီနောက်ကိုလိုက်ကြရမှာပဲ။
ဒါပေမယ့်နေ့မအားညမနားလိုက်နေတာကရော
အဓိပ္ပါယ်ရှိပါ့မလား။

ကျွန်တော်တို့ဟာ တစ်ပတ်ကိုတစ်ခါလောက် မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကို အချိန်ပေးဖြစ်ခဲ့ကြလို့လား။

ကျွန်တော်တို့ဟာ ကိုယ်ရှာထားတဲ့ပိုက်ဆံရဲ့
ဆယ်ပုံတစ်ပုံလောက်ကိုတောင် ကိုယ့်ကိုပျော်ရွှင်စေမယ့်အရာတွေအတွက်သုံးဖြစ်ခဲ့ကြရဲ့လား။

ဒါကြောင့် ကျွန်တော်တို့ဟာကိုယ့်အတွက်ကိုယ်အချိန်နည်းနည်းပေးဖို့၊ကိုယ့်ပျော်ရွှင်မှုအတွက်ကိုယ်ပိုက်ဆံနည်းနည်းသုံးဖို့
လိုပါလိမ့်မယ်။

တကယ်တမ်းသေသေချာချာစဉ်းစားကြည့်မယ်ဆိုရင်
ကျွန်တော်တို့ပိုင်တာဘာမှမရှိပါဘူး။ စာရွက်စာတမ်းတွေပေါ်မှာ
ကျွန်တော်တို့နာမည်ခဏလေးရေးထိုးထားခွင့်ရရုံနဲ့
ကျွန်တော်တို့ဟာကိုယ်ပိုင်ပြီလို့ အထင်ရောက်နေခဲ့ကြတာပါ။

"ဒါ ငါ့အိမ် ၊ ဒါ ငါ့ကား"စသဖြင့် ကျွန်တော်တို့ကြွေးကြော်လိုက်တိုင်းမှာသေခြင်းကပြုံးနေလိမ့်မယ်ထင်ပါတယ်။

ချမ်းသာအောင်လုပ်စရာမလိုဘူးလို့ကျွန်တော်ဆိုလိုတာမဟုတ်ပါဘူး။
ဆင်းရဲတာနဲ့စာရင်ချမ်းသာတာကအဆပေါင်းများစွာပိုကောင်းပါတယ်။

ချမ်းသာတာကပြဿနာတစ်ခုမဟုတ်ပါဘူး။ ပိုက်ဆံချည်းပဲချမ်းသာနေပြီးစိတ်မချမ်းသာရတာကသာပြဿနာဖြစ်ပါတယ်။

ကျွန်တော်‌တို့ကကိုယ့်ဘဝကို ကိုယ့်စိတ်တိုင်းကျအသုံးချဖို့လိုပါတယ်။ ဒါမှမဟုတ် ဘဝက ကိုယ့်ကိုပြန်ပြီးအသုံးချသွားပါလိမ့်မယ်။

တကယ်တော့ ဘဝမှာနေပျော်ဖို့အတွက်အရေးအကြီးဆုံးက
ရောင့်ရဲမှု ၊ ကိုယ့်ဘဝကိုယ်စိတ်ကျေနပ်မှုနဲ့
စိတ်အေးချမ်းမှုတွေပဲဖြစ်ပါတယ်။

စိတ်မကောင်းစရာတစ်ခုကတော့ အဲဒီအရာတွေကိုဘယ်မှာမှ
ဝယ်လို့မရနိုင်တာပါပဲ။

to orignal writer

29/11/2020
U Bein bridgeCredit : photographer
09/08/2020

U Bein bridge
Credit : photographer

04/07/2020

# Don't throwing away #
# Don't give up #

That is mine greatest guess from united state
14/01/2020

That is mine greatest guess from united state

Address

Yangon

Alerts

Be the first to know and let us send you an email when Mr Myat Min car rental services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mr Myat Min car rental services:

Share