18/12/2020
မိုက်ကယ်ဂျက်ဆင်ဟာ အသက်(၁၅၀)လောက်ထိ
နေသွားချင်ခဲ့ပါတယ်
ဒါကြောင့်ဆံဖျားကနေခြေမအဆုံး၊သူ့ရဲ့ကျန်းမာရေးကိုစောင့်ရှောက်ဖို့မိသားစုဆရာဝန်(၁၂)ယောက်ထိ
သူခန့်ထားခဲ့တယ်။
သူနေ့စဉ်စားမယ့် အစားအသောက်တွေကိုလည်း
ဓာတ်ခွဲခန်းမှာဂရုတစိုက်စစ်ဆေးပြီးမှသာစားသောက်လေ့ရှိပါတယ်။
သူ့ရဲ့နေ့စဉ်ကျန်းမာရေးလေ့ကျင့်ခန်းများကို
ကြပ်မတ်ပေးဖို့ဝန်ထမ်း(၁၅)ယောက်လောက်
ထပ်မံခန့်အပ်ထားခဲ့တာပါ။
သူ့ရဲ့အိပ်ရာမှာအောက်စီဂျင်ပမာဏကိုထိန်းညှိပေးနိုင်တဲ့
နည်းပညာကိုအသုံးပြုထားပါတယ်။
ဆေးပညာအရအစားထိုးလို့ရနိုင်တဲ့ကိုယ်လက်အင်္ဂါအစိတ်အပိုင်းအမျိုးမျိုးကို လှူဒါန်းမယ့်သူတွေကလည်း
တစ်ခုခုဆို မိုက်ကယ်ဂျက်ဆင်အတွက်တန်းလှူနိုင်ဖို့အသင့်ရှိနေပါတယ်။
သူတို့ရဲ့စားဝတ်နေရေးကို မိုက်ကယ်ဂျက်ဆင်ကပဲ
ထောက်ပံ့ပေးထားရတာဖြစ်ပါတယ်။
ဒီလိုအဖက်ဖက်က ဂရုတစိုက်ပြင်ဆင်ထားပြီးနောက်သူဟာအသက်(၁၅၀)လောက်ထိနေသွားနိုင်မယ်လို့
ယုံကြည်နေခဲ့ပါတယ်။
ဒါပေမယ့်သူမအောင်မြင်ခဲ့ပါဘူး
(၂၀၀၉)ခုနှစ် ၊ ဇွန်လ (၂၅)ရက်
သူ့အသက်(၅၀)အရွယ်မှာတော့မိုက်ကယ်ဂျက်ဆင်ရဲ့နှလုံးဟာလုံးဝအလုပ်မလုပ်တော့ပါဘူး။
မိသားစုဆရာဝန်(၁၂)ယောက်အပါအဝင်အခြားသောဆရာဝန်ကြီးများစွာ ဝိုင်းဝန်းကြိုးစားခဲ့ကြပေမယ့်
သူတို့ဟာ မိုက်ကယ်ဂျက်ဆင်ကိုမကယ်တင်နိုင်ခဲ့ကြဘူး။
(၂၅)နှစ်လုံးလုံး ဆရာဝန်ညွှန်ကြားချက်မပါဘဲ
ခြေတစ်လှမ်းတောင်မလှမ်းတဲ့သူတစ်ယောက်ဟာအသက်(၁၅၀)ပြည့်အောင်နေချင်ပေမယ့် မနေခဲ့ရပါဘူး။
မိုက်ကယ်ဂျက်ဆင်ရဲ့စျာပနအခမ်းအနားကိုလူပေါင်း(၂)သန်းခွဲလောက်က တိုက်ရိုက်ကြည့်ရှုခဲ့ကြပြီး
ဒါဟာယနေ့အချိန်ထိ စံချိန်မှတ်တမ်းတစ်ရပ်အဖြစ်
ရှိနေဆဲဖြစ်ပါတယ်။
သူကွယ်လွန်တဲ့ (၂၀၀၉)ခုနှစ် ၊ ဇွန်လ (၂၅)ရက်
ဒေသစံတော်ချိန်ညနေ(၃း၁၅)မှာ Wikipedia,
Twitterနဲ့ AOL's instant messengerတို့ဟာ
လုံးဝပြတ်တောက်သွားသည်အထိဖြစ်ခဲ့တယ်။
လူပေါင်းရှစ်သိန်းလောက်က Googleမှာ မိုက်ကယ်ဂျက်ဆင်နာမည်ကိုတစ်ပြိုင်နက်ရှာဖွေခဲ့ကြတယ်လို့မှတ်တမ်းတွေကဆိုပါတယ်။
မိုက်ကယ်ဂျက်ဆင်ဟာ သေခြင်းတရားကိုစိန်ခေါ်ဖို့
ကြိုးစားခဲ့ပေမယ့်လည်း သေခြင်းတရားကသာ သူ့ကို
ပြန်လည်စိန်ခေါ်သွားခဲ့ပါတယ်။
ဒီနေ့ကမ္ဘာမှာတော့ ရုပ်ဝတ္ထုပစ္စည်းတွေ
အံ့မခန်းတိုးတက်ထွန်းကားနေတာဖြစ်လို့ကျွန်တော်တို့အားလုံးဟာ အဲဒီနောက်ကို တကောက်ကောက်လိုက်နေကြရတယ်။
ဒါကိုမှားတယ်လို့လည်းပြောလို့မရပါဘူး။
ရုပ်ဝတ္ထုများကို ဗဟိုပြုပြီး လည်ပတ်နေတဲ့ကမ္ဘာတစ်ခုဖြစ်လာတာကြောင့်ကျွန်တော်တို့ဟာအဲဒီနောက်ကိုလိုက်ကြရမှာပဲ။
ဒါပေမယ့်နေ့မအားညမနားလိုက်နေတာကရော
အဓိပ္ပါယ်ရှိပါ့မလား။
ကျွန်တော်တို့ဟာ တစ်ပတ်ကိုတစ်ခါလောက် မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကို အချိန်ပေးဖြစ်ခဲ့ကြလို့လား။
ကျွန်တော်တို့ဟာ ကိုယ်ရှာထားတဲ့ပိုက်ဆံရဲ့
ဆယ်ပုံတစ်ပုံလောက်ကိုတောင် ကိုယ့်ကိုပျော်ရွှင်စေမယ့်အရာတွေအတွက်သုံးဖြစ်ခဲ့ကြရဲ့လား။
ဒါကြောင့် ကျွန်တော်တို့ဟာကိုယ့်အတွက်ကိုယ်အချိန်နည်းနည်းပေးဖို့၊ကိုယ့်ပျော်ရွှင်မှုအတွက်ကိုယ်ပိုက်ဆံနည်းနည်းသုံးဖို့
လိုပါလိမ့်မယ်။
တကယ်တမ်းသေသေချာချာစဉ်းစားကြည့်မယ်ဆိုရင်
ကျွန်တော်တို့ပိုင်တာဘာမှမရှိပါဘူး။ စာရွက်စာတမ်းတွေပေါ်မှာ
ကျွန်တော်တို့နာမည်ခဏလေးရေးထိုးထားခွင့်ရရုံနဲ့
ကျွန်တော်တို့ဟာကိုယ်ပိုင်ပြီလို့ အထင်ရောက်နေခဲ့ကြတာပါ။
"ဒါ ငါ့အိမ် ၊ ဒါ ငါ့ကား"စသဖြင့် ကျွန်တော်တို့ကြွေးကြော်လိုက်တိုင်းမှာသေခြင်းကပြုံးနေလိမ့်မယ်ထင်ပါတယ်။
ချမ်းသာအောင်လုပ်စရာမလိုဘူးလို့ကျွန်တော်ဆိုလိုတာမဟုတ်ပါဘူး။
ဆင်းရဲတာနဲ့စာရင်ချမ်းသာတာကအဆပေါင်းများစွာပိုကောင်းပါတယ်။
ချမ်းသာတာကပြဿနာတစ်ခုမဟုတ်ပါဘူး။ ပိုက်ဆံချည်းပဲချမ်းသာနေပြီးစိတ်မချမ်းသာရတာကသာပြဿနာဖြစ်ပါတယ်။
ကျွန်တော်တို့ကကိုယ့်ဘဝကို ကိုယ့်စိတ်တိုင်းကျအသုံးချဖို့လိုပါတယ်။ ဒါမှမဟုတ် ဘဝက ကိုယ့်ကိုပြန်ပြီးအသုံးချသွားပါလိမ့်မယ်။
တကယ်တော့ ဘဝမှာနေပျော်ဖို့အတွက်အရေးအကြီးဆုံးက
ရောင့်ရဲမှု ၊ ကိုယ့်ဘဝကိုယ်စိတ်ကျေနပ်မှုနဲ့
စိတ်အေးချမ်းမှုတွေပဲဖြစ်ပါတယ်။
စိတ်မကောင်းစရာတစ်ခုကတော့ အဲဒီအရာတွေကိုဘယ်မှာမှ
ဝယ်လို့မရနိုင်တာပါပဲ။
to orignal writer