30/07/2026
ဆီကားအပ်၍ EV ကားတင်သွင်းရန် လမ်းညွှန်
*ရရှိထားသော သတင်းအချက်အလက်များ ကို စုစည်းတင်ပြထားပြီး အမှားပါနိုင်ပါသည််။
တရားဝင် ထုတ်ပြန်သော အစိုးရမူဝါဒ သာလျင် အတည်ဖြစ်ပါသည်။
၁။ တင်သွင်းမည့် ကား ကြိုတင်ရွေးရန်
(က) ကြိုက်နှစ်သက်ရာ နိုင်ငံမှ စိတ်ကြိုက် Brand ကို တင်သွင်းနိုင်ပါသည်။
(ခ) Brand New 2025, 2026 model “ဘယ်မောင်း” ဖြစ်ရမည်။
(ဂ) တန်ဖိုး USD 50,000 အောက် ဖြစ်ရမည်။
၂။ ရွေးထားသောကားပေါ်မူတည်ပြီး စလစ်ထုတ်ရန် ကား ရှာဝယ်ရန် (သို့) ပိုင်ဆိုင်ပြီးကား ပေးအပ်ရန်
(က) Asia ကားများ Asia ကားပဲ ပြန်တင်သွင်းရန်
(ခ) USA, EU ကားများ နိုင်ငံ မရွေးတင်သွင်းနိုင်မည်
(ဂ) လူစီး အပ် > လူစီး ပြန်ရမည် (Taxiအပ် > Taxiရ / လုပ်ငန်းသုံးအပ် > လုပ်ငန်းသုံးရ)
(ဃ) ရန်ကုန် လိုင်စင်အပ် > ရန်ကုန် လိုင်စင်ရ (နယ်အပ် > နယ်ရ)
(င) အပ်ကားသည် မောင်းနှင်နိုင်သည့် ကားဖြစ်ရမည် (ကားကောင်းရန်မလို)
(စ) တိုက်ကြေ ဖြတ်ဆက် ကားများ အပ်လျင် EV ပြန်သွင်း ရန် လိုင်စင် မပေးပါ
(ဆ) အင်ဂျင် ပါဝါပေါ် မူတည်ပြီး ပြန်သွင်းနိုင်သော ကားကွာခြားမှု မရှိနိုင်ပါ။
(ဇ) ခုနှစ် အကန့်အသတ် မထားသည့်အတွက် အပ်သောကား၏ ရာဖြတ်ဈေးနှင့် သာ သက်ဆိုင်နိုင်ပါသည်။
(စီးကူးမှ တရားဝင်ထုတ်ပြန်ထားသောစာကို comment မှာ ကြည့်ပါ)
၃။ ကားကို တင်သွင်းပေးမည့် ကုမ္ပဏီ အမည်ပြောင်းပြီး အရည်ကျို အပ်၍ ပုံစံ (ဃ+စ) ထုတ်ရန်
(က) EV တင်သွင်းခွင့်ရှိသော ကုမ္ပဏီ ၁၀၀ ခန့် မှ တင်သွင်းနိုင်ပါသည်။
(ခ) Warranty ရယူလိုပါက Brand အလိုက် official distributor ဆီ သွားပြီး တင်သွင်းနိုင်ပါသည်။
(ဂ) Warranty မလိုအပ်ပါက (သို့) official distributor မရှိပါက နှစ်သက်ရာ EV ကုမ္ပဏီမှ ကြိုက်ရာ Brand ကိုတင်သွင်းပေးနိုင်သည်။
ကြာချိန် - ၂-၃ ပတ် ခန့်
၄။ စီးကူးမှာ ပုံစံ (ဃ+စ) စလစ်ပြပြီး လိုင်စင် လျောက်ရန်
ကြာချိန် - ၂-၃ ပတ် ခန့်
၅။ လိုင်စင်ရသည့်ကားကို ဝယ်ယူပြီး ရန်ကုန်သို့ တင်သွင်းရန်
ကြာချိန် - ၁ လ ခန့် (တရုတ်)
ကြာချိန် - ၃ လ ခန့် (USA)
၆။ ကားမြန်မာပြည် ရောက်ချိန် အခွန်ဆောင်ပြီး ဆိပ်ကမ်းထုတ်၍ ကညန လိုင်စင်ဝင်ရန်
ကြာချိန် - ၂-၃ ပတ် ခန့်
ကားဝယ်ယူတင်သွင်းရန် အစအဆုံး အနည်းဆုံး ၃ လ မှ အများဆုံး ၆ လ ကြား ကြာနိုင်ပါမည်။
ကားဖိုး+အခွန်အပြီးအစီး စုစုပေါင်းကျသင့်ငွေကို Comment တွင် ဖော်ပြထားပါသည်။
EV ကားများ ကိုယ်တိုင်တင်သွင်းလိုသူများ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
EV တင်သွင်းနိုင်သည့် ဆီကားများ ရောင်းချလို သူများလည်း စာရင်းပေးသွင်းထားနိုင်ပါသည်။
09 779 037 122