DIY - Drive in Yangon

DIY - Drive in Yangon ရန်ကုန်မှာ DIY နဲ့ ကားမောင်းသင်ကြမယ်။

🚘 နိုင်ငံခြားသွားတာပဲ ကားမောင်းတတ်စရာ ဘာလိုလဲ၊ တကယ်တော့ မလိုပေမယ့် တတ်ထားသင့်တဲ့ ပညာတွေထဲမှာ ကားမောင်းတာဟာလည်း တစ်ခုအပါအ...
05/02/2025

🚘 နိုင်ငံခြားသွားတာပဲ ကားမောင်းတတ်စရာ ဘာလိုလဲ၊ တကယ်တော့ မလိုပေမယ့် တတ်ထားသင့်တဲ့ ပညာတွေထဲမှာ ကားမောင်းတာဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ကြုံလို့ပြောရရင် ရေကူးလည်း သင်ထားသင့်တာပါပဲ။

👦👧 အရင်ကတော့ ယောက်ျားလေးတွေပဲ ဦးစားပေး ကားမောင်းသင်ကြပေမယ့် အခုလို ခေတ်ကြီးထဲမှာ ယောက်ျားမိန်းမ,မခွဲခြားဘဲ အားလုံးလိုလို ကားမောင်းနေပြီဆိုတော့ အခုမလိုအပ်လည်း အနာဂတ်အတွက် တတ်ထားသင့်ပါတယ်ခင်ဗျာ။

🤩 နိုင်ငံရပ်ခြားရောက်တဲ့အခါ ကိုယ်လိုချင်တဲ့အလုပ် မရသေးရင်လည်း ကားမောင်းတတ်တာနဲ့တင် အလုပ်တစ်မျိုး ထပ်လုပ်လို့ရသလို တစ်ချို့ ကိုယ့်ကားကိုယ်မှမောင်းမသွားနိုင်ရင် အလုပ်အသွားအပြန်လုပ်ဖို့ ခက်ခဲတဲ့ကိစ္စတွေအတွက်လည်း Cover ယူပြီးသား ဖြစ်သွားမှာပါ။

✅ အချိန်အတိအကျနဲ့ဖွင့်ထားတဲ့သင်တန်း မဟုတ်တဲ့အတွက် သင်ပေးမယ့်သူနဲ့ သင်ယူမယ့်သူ အချိန်ညှိပြီး သင်လို့ရတာမျိုးဆိုတော့ ....

ကားမောင်းသင်တန်းစုံစမ်းရန်
DIY - Drive in Yangon
📱 09 40903 7700

04/02/2025

😳 (၁၄)နာရီ သင်ရုံနဲ့ ကားမောင်းတကယ် တတ်မှာလား ???

🚘 အိမ်မှာကားရှိပြီး ကားမမောင်းတတ် ဖြစ်နေလား။
🚘 ရန်ကုန်မှာ စည်းကမ်းရှိရှိ အန္တရာယ်ကင်းကင်း ကားမောင်းချင်လား။
🚘 စနစ်တကျ ပါကင်ထိုးတတ်ချင်လား။

🚙 (၁၀)နာရီ၊ (၁၄)နာရီ အချိန်ပေးရုံနဲ့ ရှုပ်ထွေးတဲ့ ရန်ကုန်မြို့လမ်းမတွေပေါ်မှာ စည်းကမ်းရှိရှိ ဘေးအန္တရာယ်ကင်းကင်းနဲ့ အလိုရှိရာကို မောင်းနှင်သွားလာနိုင်ပါပြီ။ ကားမောင်းသင်နေစဉ်အတွင်းမှာလည်း ကားနဲ့ ပတ်သက်တဲ့ (ယာဉ်/လမ်းစည်းကမ်း) အခြေခံနားလည်ရမှာတွေကိုလည်း သင်နေရင်း ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

ကားမောင်းသင်တန်းစုံစမ်းရန်
DIY - Drive in Yangon
📱 09 40903 7700

✅ ဖုန်းဆက်ပြီး အချိန်ညှိနိုင်ပါတယ်ခင်ဗျာ။
#ကားမောင်းသင်တန်း #ယာဉ်မောင်းသင်တန်း

ရန်ကုန်မှာ DIY နဲ့ ကားမောင်းသင်ကြမယ်။

🚘 ကားမမောင်းခင်ဆိုတာထက် ကားပေါ်မတက်ခင် သတိထားရမယ့်အရာတွေရှိပါတယ်။ သေသေချာချာမဟုတ်တောင် အပေါ်ယံလေး သတိထားကြည့်မိရင် အကျင့...
20/01/2025

🚘 ကားမမောင်းခင်ဆိုတာထက် ကားပေါ်မတက်ခင် သတိထားရမယ့်အရာတွေရှိပါတယ်။ သေသေချာချာမဟုတ်တောင် အပေါ်ယံလေး သတိထားကြည့်မိရင် အကျင့်ဖြစ်သွားပြီး အကျိုးမယုတ်စေပါဘူး။

ကားအောက်ကိုကြည့်ပါ။ ကားအောက်ကိုကြည့်တယ်ဆိုတာ ကားအောက်မှာ အင်ဂျင်ကဆီယိုတာတို့ဘာတို့ရှိလား။ ကားအောက်မှာ ကလေး/တိရိစ္ဆာန်တစ်ကောင်ကောင် ဆိုတာမျိုးရှိနေလား စစ်ဆေးကြည့်ပါ။

ပုံမှန်အတိုင်း ဆီ၊ ရေ၊ လေ၊ ဝိုင်(Oil) စစ်ပါ။ (ဆီကား/ဒီဇယ်ကား)တွေက ဆီကိုဟိုးအောက်ဆုံးဖင်ကပ်ထိ မမောင်းပါနဲ့၊ ဆီဖြည့်ရင်လည်း လျှံတဲ့အထိမထည့်ပါနဲ့။ ရေကတော့ Coolant ကောင်းတာလေးသုံးပါ။ Wiper ရေလည်း Wiper Fluid ကောင်းတာလေး သုံးပါ (တတ်နိုင်သလောက် တွေ့ရာရေ မထည့်ပါနဲ့)။ ကားဘီးတွေ လေရှိ/မရှိ စစ်ဆေးပါ။ Engine Oil ကို မနက်စောစော ကားမထွက်ခင် တစ်ပတ် ၁/၂ ကြိမ်စစ်ဆေးပါ။

နောက် Battery ကို ကြည့်ပါ။ ခုနောက်ပိုင်း Battery အိုးတွေမှာတော့ အစိမ်းရောင်လေးမြင်ရရင် OK 👍🏻 .. အဝါဆိုရင်တော့ သတိထား Warning ⚠️ .. အနီဆိုရင်တော့ ⛔ Battery လဲသင့်နေပြီဖြစ်ပါတယ်။

နောက်တစ်ခုအရေးကြီးတာက အချက်ပြမီးတွေဖြစ်ပါတယ်။ Signal ရှေ့နောက်မီးပွင့်တွေ ဘယ်ညာ လာရဲ့လား၊ မီးကြီးတွေ နှစ်ဘက်လုံး ကောင်းရဲ့လား။ ဒါတွေလည်း အရေးကြီးပါတယ်။ ဒီမီးတွေကောင်းမှ ကိုယ်အချက်ပြတာကို တစ်ဘက်ကားသမားတွေ နားလည်မှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ Break ဘရိတ်ပါ။ ကားကို တစ်ခါတည်း ထွက်မသွားဘဲ လီဗာဖြည်းဖြည်းနင်းလိုက် ဘရိတ်လေးနင်းလိုက် စမ်းကြည့်ပြီး ဘရိတ်တွေကောင်းတယ်ဆိုမှ လိုရာကို စတင်ထွက်ခွါပါ။

🎁 နောက်အရေးကြီးတာ ရှိပါသေးတယ်၊ Air-conditioning ကားအဲကွန်း မအေးတော့ဘူးဆိုရင် "မအေးလည်းရတယ် မလုပ်သေးဘူး" ဆိုပြီး အကြာကြီးပစ်မထားဘဲ အရင်ဆုံး ဘာပြဿနာရှိလဲဆိုတာ ဆိုင်မှာ အရင်ဆုံး သွားပြီးစစ်ဆေးပါ။ အဲကွန်းမအေးဘူးဆိုတာ အဲကွန်းကောင်းပြီး တခြားအရာတွေပျက်နေလို့လည်း ဖြစ်နိုင်ပါတယ်။

🌷 အားလုံး ဘေးအန္တရာယ်ကင်းဝေးပြီး လိုရာခရီးကို အဆင်ပြေချောမွေ့စွာ သွားလာနိုင်ကြပါစေ။

ကားမောင်းသင်တန်းစုံစမ်းရန်
DIY - Drive in Yangon
09409037700

16/01/2025

🚘 ရန်ကုန်မှာ ကားမောင်းတတ်ဖို့က လွယ်ပါတယ်၊ စည်းကမ်းရှိရှိ ကားမောင်းတတ်ဖို့သာ ခက်တာပါ။

သင့်အိမ်မှာ ကားရှိဖို့က သင့်တာဝန်။ သင် စည်းကမ်းရှိရှိ အန္တရာယ်ကင်းကင်း ကားမောင်းတတ်ဖို့က DIY ရဲ့တာဝန်ပါ။

ကျွန်တော်တို့ DIY မှာ ကားကို ရှေ့မောင်း နောက်ဆုတ် ပါကင်ထိုးတတ်ရုံတင်မကဘဲ ရှုပ်ယှက်ခတ်နေတဲ့ လမ်းပေါ်က ကားတွေကြားမှာ စည်းကမ်းရှိရှိ အန္တရာယ်ကင်းကင်းနဲ့ ဘယ်လိုမောင်းသင့်သလဲ၊ ဘယ်လိုအခြေခံစည်းကမ်းတွေကို သိထားသင့်/ လိုက်နာသင့်သလဲဆိုတာကို ...

တစ်ဦးချင်း သေချာဂရုစိုက် သင်ကြားပေးမှာ ဖြစ်တဲ့အတွက် (၅)ရက်သင်တန်း၊ ဒါမှမဟုတ် (၇)ရက်သင်တန်း မိမိကြိုက်နှစ်သက်ရာ အတန်းကို (သင်ပေးမည့်ဆရာနှင့် အချိန်ညှိနှိုင်းပြီး) ရွေးချယ်တတ်ရောက်နိင်ပါတယ်ခင်ဗျာ။

DIY - Drive in Yangon
09409037700

ရန်ကုန်မှာ DIY နဲ့ ကားမောင်းသင်ကြမယ်။

Address

Yangon
11201

Website

Alerts

Be the first to know and let us send you an email when DIY - Drive in Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category