Driving Myanmar Group - DMG

Driving Myanmar Group - DMG We Are Drivers
We Are Brothers
Driving Myanmar Group

�- DMG group ၏ အမှန်တံဆိပ် (Logo) ကိုတန်ဖိုးထားရမည်။

�- Group ၏ အမှတ်တံဆိပ် (Logo) အား မူရင်းမှတ်ပုံထင်ထားသော ပုံစံ ကိုပြင်ဆင်ခွင့်မရှိစေရ။ Admin Team ၏ တရားဝင်ရောင်းချခွင့်ပြုထားသော ပုဂ္ဂိုလ်မှလွဲ၍ မိမိ ကိုယ်တိုင် ထုတ်လုပ် ရောင်းချ သုံးစွဲခြင်း မပြုရ။

�- DMG အမည်အမှတ်တံဆိပ်ဖြင့် မည်သည့် နိင်ငံရေး ပါတီနှင့်မျှ ပတ်သက်ခြင်း မပြုရ ။

� - အကြောင်း အမျိုးမျိုးကြောင့် ယာဉ်တိုက်မှုဖြစ် ခဲ့ပါက ယာဉ်မော

င်းသူ၏ တာဝန်သာဖြစ်သည်၊ GROUP နှင့် Logo အပေါ်သက်ရောက်မှုမရှိစေရ။

�- ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဉီးစီးဌာန တွင် တရားဝင်မှတ်ပုံတင်ထားသော မော်တော်ယာဉ်တွင်သာ DMG logo ကိုသာကပ်ရပါမည်။

��������������������
�- ကားမောင်းကြသူများ အဖွဲ့ဖြစ်သည့်အတွက် ဗဟုသုတရစေမည့် ကားနှင့်ပတ်သက်သော လမ်းနှင့်ပတ်သက်သော Post များသာတင်ခွင့်ပြုပါမည်။
�ပစ္စည်းအပျောက်အရှ ဈေးအရောင်းအဝယ်နှင့်ပတ်သက်သော ကြေငြာ စသည်တို့ကိုလုံးဝခွင့်မပြုပါ ။

အောက်ပါ စည်းကမ်းချက်များ ချိုးဖောက်ပါက Group မှ ရာသက်ပန် ထုတ်ပါယ်ခြင်းခံရမည်

�- Group တွင် နိင်ံငံရေး လူမှုရေး ဘာသာရေး ထိခိုက်စေမည့် အရေးအသား ၊ ညစ်ညမ်းသော အရေးအသားများ လုံးဝ လုံးဝ ခွင့်မပြုပါ။

�- ကားအမျိုးအစား ပေါင်းစုံ လူတန်းစားပေါင်းစုံ လူမျိုးပေါင်းစုံ နှင့်ဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်သည့်အတွက် အခြားသော အဖွဲ့အစည်း သော်၎င်း မန်ဘာဝင်အချင်းချင်း ထိခိုက် နစ်နာစေသော အပြုအမူ အရေးအသား အနေအထိုင်များ အထူးအလေးထား ထိမ်းသိမ်း ကြပါရန်။

�- GPမှအခါအားလျှော်စွာချမှတ်သော စည်းမျည်း/ စည်းကမ်းများအား လိုက်နာနိုင်ရမည်။

� - မိမိကိုယ်ရေးကိုယ်တာ တစ်ကိုယ်တော်အလှုခံခြင်း လုံးဝလုံးဝ မပြုလုပ်ရ။

Admin Team

16/08/2026

၂၀၂၆- ဧရာဝတီ ငါးသိုင်းချောင်း အိုင်သပြု ရေဘေး မှတ်တမ်း ပုံရိပ်များ

၂၀၂၆- ဧရာဝတီ ငါးသိုင်းချောင်း အိုင်သပြု ရေဘေး မှတ်တမ်း ပုံရိပ်များ
16/08/2026

၂၀၂၆- ဧရာဝတီ ငါးသိုင်းချောင်း အိုင်သပြု ရေဘေး မှတ်တမ်း ပုံရိပ်များ

၂၀၂၆ ဧရာဝတီရေဘေး အတွက် အလှုငွေ ရရှိငွေစုစုပေါင်းမှာ #သိန်းသုံးရာရှစ်ဆယ်နှစ်သောင်းလေးထောင့်လေးရာကျပ်တိတိ ဖြစ်ပါသည်။အဆိုပါ...
15/08/2026

၂၀၂၆ ဧရာဝတီရေဘေး အတွက် အလှုငွေ ရရှိငွေစုစုပေါင်းမှာ

#သိန်းသုံးရာရှစ်ဆယ်နှစ်သောင်းလေးထောင့်လေးရာကျပ်တိတိ ဖြစ်ပါသည်။

အဆိုပါရရှိငွေ များအထဲမှ
၂၄ ပြည်ဝင်ဆန်အိတ် အိတ်ပေါင်း ၈၀
၅ပြည်ဝင်ဆန်အိတ် ၉၀၀
စားဆီ ပိသာ ၇၀ ပိသာ
ရေသန့်ကဒ် ၉၀၀ နှင့်
ခြင်ဆေး / ဖယောင်းတိုင် /ခေါက်ဆွဲထုတ် / ဆရာခို / ငါးပိထောင်းဗူးသေး / မီးခြစ် / ငါးခြောက်ကြော် / အသင့်စားလက်ဖက်ထုတ် / အမျိုးသမီးလစဉ်သုံးပစ္စည်း / ခလေးငယ်များအတွက် စားစရာ / ခြင်ဖြန်းဆေး / ကိတ်ခြောက် တို့ကို အပြီးအပြတ် ဝယ်ယူပြီး ယနေ့ ၁၅-၀၈-၂၀၂၆ စနေနေ့ နေ့တွင် Driving Myanmar Group ညီကိုမောင်နှမများမှ လူဦးရေ ၄၀ ပါအဖွဲ့ ၅ ဖွဲ့ခွဲ ပြီး လက်ရောက်လှုဒါန်းပြီးဖြစ်ပါသောကြောင့် သာဓုခေါ်ဆိုနိင်ရန် တင်ပြအပ်ပါသည်။
အခြားသောပြင်ပအလှုရှင်များမှပေးပို့လှုဒါန်းသော စောင်/ရေသန့် ပေါင်မုန့် နှင့်အခြားသော ပစ္စည်းများကို တပါတည်း လိုအပ်သော နေရာများသို့ လှုဒါန်းပြီးဖြစ်ပါသည်။

Admin team
Driving Myanmar Group - DMG

5-7-2026 ရက်တွင်ကျရောက်သော Driving Myanmar Group ၏ ၁၁ နှစ်ပြည့် ညီကိုမောင်နှမများ တွေ့ဆုံပွဲကို ရန်ကုန်တိုင်း ဗဟန်းမြို့...
06/07/2026

5-7-2026 ရက်တွင်ကျရောက်သော Driving Myanmar Group ၏ ၁၁ နှစ်ပြည့် ညီကိုမောင်နှမများ တွေ့ဆုံပွဲကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ကန်တော်ကြီး တွင်ကျင်းပပြုလုပ်ခဲ့ပါတယ်၊
လာရောက်ကြသူများအတွက် အဆာပြေသုံးဆောင်ရန် ပဲထမင်းဆီဆမ်း အကြော်စုံ၊ ကြက်ဥပြုတ် ဌက်ပျောသီး စသဖြင့် တပျော်တပါးသုံးဆောင်ခဲ့ကြပါသည်။

Driving Myanmar Group 11 th years anniversary မှ အဖွဲ့သားများ ကျန်းမာချမ်းသာ ဘေးဘယာဝေးကွာပြီး နှစ်ပေါင်းများစွာတည်တံ့ပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါသည်။

Admin team

25/05/2026

#ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမီးသတ်စခန်းများ

#ပလွေးအမြန်လမ်းမီးသတ်စခန်း(အမြန်လမ်းမီးသတ်တပ်ဖွဲ့ကွပ်ကဲမှုရုံး)(၁၈၅/၂ မှ ၂၀၅/၅၀)ထိ
၀၉ ၄၄၄၁၁၁၁၅၀
#၁၁မိုင်အမြန်လမ်းမီးသတ်စခန်း(၀/၀ မိုင် မှ ၂၃/၄)ထိ
၀၉ ၄၄၄၁၁၁၁၅၁
#ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်း(၂၃/၄ မှ ၄၅/၅)ထိ
၀၉ ၄၄၄၁၁၁၁၅၂
#ဘောနီအမြန်လမ်းမီးသတ်စခန်း(၄၅/၅ မှ ၆၀/၀)ထိ
၀၉ ၄၄၄၁၁၁၁၅၃
#အုတ်ရှစ်ကုန်းအမြန်လမ်းမီးသတ်စခန်း(၆၀/၀ မှ ၇၅/၀)ထိ
၀၉ ၄၄၄၁၁၁၁၅၄
#မြို့ချောင်းအမြန်လမ်းမီးသတ်စခန်း(၇၅/၀ မှ ၁၀၅/၅)ထိ
၀၉ ၄၄၄၁၁၁၁၅၆
#ဖြူးအမြန်လမ်းမီးသတ်စခန်း(၁၀၅/၅ မှ ၁၂၀/၀)ထိ
၀၉ ၄၄၄၁၁၁၁၅၇
#ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်း(၁၂၀/၀ မှ ၁၅၆/၅)ထိ
၀၉ ၄၄၄၁၁၁၁၅၈
#သာဂရအမြန်လမ်းမီးသတ်စခန်း(၁၅၆/၅ မှ ၁၈၅/၂)ထိ
၀၉ ၄၄၄၁၁၁၁၅၉
#ပန်းတင်အမြန်လမ်းမီးသတ်စခန်း(၂၀၅/၅ မှ ၂၂၇/၀)ထိ
၀၉ ၄၄၄၁၁၁၁၆၀
#ဘုရားတောင်အမြန်လမ်းမီးသတ်စခန်း(၂၂၇/၀ မှ ၂၄၂/၀)ထိ
၀၉ ၄၄၄၁၁၁၁၆၁
#ပေပင်လေးအမြန်လမ်းမီးသတ်စခန်း(၂၄၂/၀ မှ ၂၇၆/၂)ထိ
၀၉ ၄၄၄၁၁၁၁၆၂
#သီးကုန်းအမြန်လမ်းမီးသတ်စခန်း(၂၇၆/၂ မှ ၃၁၇/၂)ထိ
၀၉ ၄၄၄၁၁၁၁၆၃
#ပြင်စည်အမြန်လမ်းမီးသတ်စခန်း(၃၁၇/၂ မှ ၃၃၁/၆)ထိ
၀၉ ၄၄၄၁၁၁၁၆၄
#စကားအင်းအမြန်လမ်းမီးသတ်စခန်း(၃၃၁/၆ မှ ၃၅၈/၁)ထိ
၀၉ ၄၄၄၁၁၁၁၆၅

Address

Yangon
10112

Alerts

Be the first to know and let us send you an email when Driving Myanmar Group - DMG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category