VENUCIA Myanmar

VENUCIA Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from VENUCIA Myanmar, Motor Vehicle Company, No. 206 (A), Insein Road, 13 Ward, Hlaing Township, Yangon.

ရန်ကုန်ကနေ အားတစ်ကြိမ် အပြည့်သွင်းပြီး မိုင်ကုန် မောင်းထွက်လိုက်ရင်… ဘယ်မြို့အထိ အားပြန်သွင်းစရာ မလိုဘဲ အေးဆေး ရောက်နိုင...
20/08/2026

ရန်ကုန်ကနေ အားတစ်ကြိမ် အပြည့်သွင်းပြီး မိုင်ကုန် မောင်းထွက်လိုက်ရင်… ဘယ်မြို့အထိ အားပြန်သွင်းစရာ မလိုဘဲ အေးဆေး ရောက်နိုင်မလဲ? 🔋⚡️
‎EV ကားတစ်စီးနဲ့ ခရီးဝေး ထွက်တော့မယ်ဆိုရင် Battery Range က အရေးကြီးဆုံးပါပဲ။
‎Venucia VX6 မှာ တပ်ဆင်ထားတဲ့ 58 kWh Luban Battery ဟာ Full Charge တစ်ကြိမ် အပြည့်သွင်းထားရုံနဲ့ 510 km (CLTC) အထိ မောင်းနှင်နိုင်စွမ်း ရှိပါတယ်။
‎ကဲ… ဒါဆိုရင် ပဟေဠိလေး ဖြေကြည့်ရအောင်… 👇
‎ရန်ကုန်မြို့ကနေ စထွက်မယ်ဆိုရင် Full Charge ၁ ကြိမ်တည်းနဲ့ အောက်ပါ မြို့တွေထဲက ဘယ်မြို့အထိ အားပြန်သွင်းစရာ မလိုဘဲ အေးဆေး ရောက်ရှိနိုင်မလဲ?
‎A.ရန်ကုန် ➡️ တောင်ငူ
‎B.ရန်ကုန် ➡️ နေပြည်တော်
‎C.ရန်ကုန် ➡️ မန္တလေး
‎👉 အဖြေမှန်ကို Comment မှာ ခန့်မှန်းခဲ့ကြပါဦး။

မြို့ပြရဲ့ ရှုပ်ထွေးမှုတွေကနေ ခဏတာ လွတ်မြောက်ဖို့အတွက် ကားပေါ်မှာ သီချင်းအေးအေးလေး ဖွင့်ပြီး ကောင်းကင်ကြီးကို ကြည့်ရတဲ့ ...
18/08/2026

မြို့ပြရဲ့ ရှုပ်ထွေးမှုတွေကနေ ခဏတာ လွတ်မြောက်ဖို့အတွက် ကားပေါ်မှာ သီချင်းအေးအေးလေး ဖွင့်ပြီး ကောင်းကင်ကြီးကို ကြည့်ရတဲ့ ခံစားချက်က တကယ်ကို စိတ်လက်ပေါ့ပါးစေပါတယ်။ ​Venucia VX6 ရဲ့ 2.1 m² Universal Starry Sky Panoramic Sunroof ဟာ ကျယ်ဝန်းလှပတဲ့ ကောင်းကင်မြင်ကွင်းကို ကားအတွင်းခန်းတစ်ပြင်လုံးဆီ ယူဆောင်ပေးထားပါတယ်။ ​UV Rays တွေကိုလည်း သဘာဝအတိုင်း ကာကွယ်ပေးထားတာကြောင့် နေ့လယ်ဘက်ဆိုရင် လင်းလက်ဆန်းသစ်ပြီး၊ ညဘက်ဆိုရင် ရိုမန်းတစ်ဆန်တဲ့ Night View ကို ခံစားရမှာပါ။

‎ကားသော့လေးကို ကိုင်လိုက်ရတဲ့အချိန်... စောင့်ရကျိုးနပ်သွားတယ်ဆိုတဲ့ အပြုံးတွေက အသက်ပါပဲ 🤩🔑‎Venucia VX6 ကိုယုံကြည်စွာနဲ့ ...
16/08/2026

‎ကားသော့လေးကို ကိုင်လိုက်ရတဲ့အချိန်... စောင့်ရကျိုးနပ်သွားတယ်ဆိုတဲ့ အပြုံးတွေက အသက်ပါပဲ 🤩🔑
‎Venucia VX6 ကိုယုံကြည်စွာနဲ့ ရွေးချယ်ထားကြတဲ့ လူကြီးမင်းတို့ရဲ့ လက်ဝယ်ဆီကို ကားလေးတွေ နေ့စဉ်နဲ့အမျှ အရှိန်အဟုန်မပျက် ဆက်လက် အပ်နှံပေးနေပါပြီ။ 💯
‎ပုံလေးတွေထဲက ပိုင်ရှင်အသစ်တွေရဲ့ အပြုံးတွေကို မြင်ရတာ ကျွန်တော်တို့အတွက်တော့ အမောပြေဆုံးပါပဲ။ မကြာခင်မှာ ဒီလိုလှပတဲ့ အပြုံးတွေနဲ့အတူ Venucia VX6 ကို မောင်းနှင်ထွက်သွားမယ့်သူဟာ လူကြီးမင်း ဖြစ်လာတော့မှာပါ။ 📸🚗
‎"ငါ့ကားလေး မရသေးဘူး... ဘယ်တော့လောက်များ ရမလဲ" လို့ စိတ်ပူနေတယ်ဆိုရင် လုံးဝ (လုံးဝ) စိုးရိမ်စရာမလိုဘူးလို့ ဒီနေရာကနေ ရဲရဲကြီး အာမခံပါရစေ။ လူကြီးမင်းတို့ရဲ့ ကားလေးတွေကို အမြန်ဆုံး၊ အလုံခြုံဆုံးနဲ့ အသေသပ်ဆုံး အပ်နှံပေးနိုင်ဖို့ ကျွန်တော်တို့အဖွဲ့သားတွေ အစွမ်းကုန် တာဝန်ယူ စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ 🛠️🤝
‎အချိန်တစ်ခုအထိ ယုံကြည်မှုအပြည့်နဲ့ စိတ်ရှည်သည်းခံ စောင့်ဆိုင်းပေးခဲ့ကြတဲ့ Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်။ 🙏

‎EV တစ်စီးမှာ Touch Screen ကြီးရုံနဲ့ လုံလောက်ပြီလား? 📱⚡️‎ဒီနေ့ခေတ် EV SUV တွေဟာ ကားတစ်စီးသက်သက် မဟုတ်တော့ဘဲ ဒစ်ဂျစ်တယ် ...
14/08/2026

‎EV တစ်စီးမှာ Touch Screen ကြီးရုံနဲ့ လုံလောက်ပြီလား? 📱⚡️
‎ဒီနေ့ခေတ် EV SUV တွေဟာ ကားတစ်စီးသက်သက် မဟုတ်တော့ဘဲ ဒစ်ဂျစ်တယ် နည်းပညာတွေ ပြည့်နှက်နေတဲ့ "Wheel ပေါ်က Smart Space" တစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် ကားတွင်း Entertainment နဲ့ Control System တွေ လျှင်မြန်ချောမွေ့ဖို့ဆိုရင် ကားရဲ့ ဦးနှောက်လို့ခေါ်တဲ့ Processor Chipset ရဲ့ စွမ်းဆောင်ရည်က အဓိက သော့ချက်ပါပဲ။
‎Venucia VX6 မှာတော့ အမေရိကန်နိုင်ငံအခြေစိုက် Semiconductor နဲ့ Technology ကုမ္ပဏီ Qualcomm ရဲ့ Snapdragon 8155 Automotive Chipset ကို တပ်ဆင်ပေးထားပါတယ်။
‎စခရင်ကြီးရုံတင်မကဘဲ နောက်ကွယ်က တကယ့် စွမ်းဆောင်ရည်မြင့် Chipset နည်းပညာနဲ့ ပံ့ပိုးထားလို့ Venucia VX6 ရဲ့ Floating Island Cockpit ဟာ ကားမောင်းသူရော လိုက်ပါသူများအတွက်ပါ တကယ့် Smart Living ခံစားချက်ကို ပေးစွမ်းနိုင်တာ ဖြစ်ပါတယ်။
‎ကားတစ်စီးမှာ နည်းပညာသုံးရတာ ချောမွေ့ဖို့ ကားမောင်းသူတိုင်းအတွက် ဘယ်လောက်အရေးပါတယ်လို့ ထင်ပါသလဲ? ကွန်မန့်မှာ ဆွေးနွေးသွားခဲ့ကြပါဦး။

‎✨ "တန်ဖိုးရှိတဲ့ စောင့်ဆိုင်းခြင်းတွေရဲ့ အဆုံးသတ်မှာ အလှပဆုံးသော အပြုံးတွေ ရှိပါတယ်..." ✨‎လူကြီးမင်းတို့ရဲ့ အချစ်တော် V...
11/08/2026

‎✨ "တန်ဖိုးရှိတဲ့ စောင့်ဆိုင်းခြင်းတွေရဲ့ အဆုံးသတ်မှာ အလှပဆုံးသော အပြုံးတွေ ရှိပါတယ်..." ✨
‎လူကြီးမင်းတို့ရဲ့ အချစ်တော် Venucia VX6 ကားသစ်ကြီးတွေကို အခုလိုမျိုး ပျော်ရွှင်ကျေနပ်မှုတွေနဲ့အတူ Customer တွေရဲ့ လက်ဝယ်အရောက် အချိန်နဲ့တပြေးညီစနစ်တကျ အပ်နှံပေးနေပါပြီ။ 🚘
‎ကျွန်တော်တို့ကို ယုံကြည်စိတ်ချစွာနဲ့ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးခဲ့ကြတဲ့ Customer တစ်ဦးချင်းစီတိုင်းရဲ့ နားလည်ပေးမှုအတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
‎မကြာခင်မှာ လူကြီးမင်းဆီကိုလည်း ဒီလို လှပတဲ့အပြုံးတွေ၊ စိတ်လှုပ်ရှားဖွယ်ရာ ခံစားမှုတွေနဲ့အတူ ရောက်လာတော့မှာမို့ ရင်ခုန်စွာနဲ့ ဆက်လက်စောင့်မျှော်ပေးပါဦးခင်ဗျာ။ 💙

မိုးရာသီရောက်ပြီဆိုတာနဲ့ ရန်ကုန်လမ်းတွေမှာ ရေကြီးရေလျှံတာတွေက ရှောင်လွှဲလို့မရတဲ့ အရာတစ်ခုပါပဲ။ EV ကားပိုင်ရှင်တွေအနေနဲ့...
05/08/2026

မိုးရာသီရောက်ပြီဆိုတာနဲ့ ရန်ကုန်လမ်းတွေမှာ ရေကြီးရေလျှံတာတွေက ရှောင်လွှဲလို့မရတဲ့ အရာတစ်ခုပါပဲ။ EV ကားပိုင်ရှင်တွေအနေနဲ့ "ငါ့ကားလေး ရေထဲဖြတ်မောင်းရင် ဘတ်ထရီရေဝင်သွားမလား" ဆိုပြီး စိတ်ပူတတ်ကြတယ်မလား ခင်ဗျာ?
ဒီနေ့တော့ Venucia VX6 ရဲ့ ရေကျော်နိုင်စွမ်းနဲ့ ပတ်သက်ပြီး ဉာဏ်စမ်းလေးတစ်ခု ဖြေကြည့်ရအောင်။ Venucia VX6 မှာ တပ်ဆင်ထားတဲ့ Lu Ban Battery စနစ်နဲ့ဆိုရင် ဘယ်လောက်အထိ ရေအနက်ကို လုံခြုံစိတ်ချစွာ ဖြတ်သန်းနိုင်မလဲ?

A. 150 mm (သာမန်ရေအိုင်လေးများ အဆင့်)

B. 180 mm (ကား၏ မူလ Minimum Ground Clearance အမြင့်အတိုင်း)

C. 180 mm Above (လုံခြုံစိတ်ချရတဲ့ ရေစိုခံစနစ်ပါဝင်လို့ Ground Clearance ထက်ကျော်လွန်တဲ့ သတ်မှတ်ရေအနက်အထိ စိတ်ချလက်ချ ဖြတ်မောင်းနိုင်သည်)

ကဲ... VX6 ချစ်သူတွေ အနေနဲ့ Comment မှာ A, B, C ထဲက အဖြေမှန်လေးကို ဝင်ရောက်ရွေးချယ်ပေးခဲ့ပါဦး။

မိုးရွာထဲ ကားမောင်းရင်း နားထောင်လို့ အကောင်းဆုံးသီချင်းက ဘာဖြစ်မလဲ? 🌧မိုးဖွဲဖွဲလေးကျနေတဲ့ အချိန်၊ လမ်းမီးရောင်လေးတွေကို ...
31/07/2026

မိုးရွာထဲ ကားမောင်းရင်း နားထောင်လို့ အကောင်းဆုံးသီချင်းက ဘာဖြစ်မလဲ? 🌧
မိုးဖွဲဖွဲလေးကျနေတဲ့ အချိန်၊ လမ်းမီးရောင်လေးတွေကို ငေးရင်း ကိုယ်အကြိုက်ဆုံး သီချင်းတစ်ပုဒ်ကို ဖွင့်ထားရတဲ့ ဖီလင်မျိုးကို ကားချစ်သူတိုင်း သဘောကျမယ်ထင်ပါတယ် ခင်ဗျာ။
သီချင်းတစ်ပုဒ်ရဲ့ အသက်က Sound Quality ကောင်းကောင်းနဲ့ နားထောင်ရမှ Vibe ပိုမိတာပါ။ Venucia VX6 ရဲ့ ကျယ်ဝန်းလှတဲ့ Floating Island Cabin ထဲမှာဆိုရင် အသံထွက်ကြည်လင်ပြတ်သားတဲ့ Premium In-Car Speaker (၉) လုံး အထိ တပ်ဆင်ပေးထားပါတယ်။
ဒါကြောင့် မိုးတွင်း ခရီးသွားရင်းပဲဖြစ်ဖြစ်၊ ကားထိုင်ခုံတွေကိုလှဲချပြီး (Bed Mode) နဲ့ အေးဆေးအနားယူရင်းပဲဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့ Playlist ကို ဖွင့်လိုက်တာနဲ့ Concert တစ်ခုထဲ ရောက်နေသလိုမျိုး အမိုက်စား ခံစားမှုကို ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။
ဒီတော့ မိတ်ဆွေတို့အနေနဲ့ မိုးရွာတဲ့ရက်တွေ ကားမောင်းရင် ဘယ်သီချင်းလေးတွေကို အများဆုံး ဖွင့်ဖြစ်လဲ? 🎧
Comment မှာ ကိုယ့်ရဲ့ 'Rainy Ride Playlist' လေးတွေကို အချင်းချင်း မျှဝေပေးခဲ့ကြပါဦး။ အမိုက်ဆုံး သီချင်းလေးတွေကို Admin ကိုယ်တိုင် Playlist လိုက်လုပ်ပြီး ဖွင့်ကြည့်ချင်လို့ပါ။😁 👇✨

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) မြတ်နံနက်ခင်းလေးမှာ မိတ်ဆွေတို့ရဲ့ ကိုယ်စိတ်နှစ်ပါး ငြိမ်...
29/07/2026

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) မြတ်နံနက်ခင်းလေးမှာ မိတ်ဆွေတို့ရဲ့ ကိုယ်စိတ်နှစ်ပါး ငြိမ်းအေးချမ်းသာကြပါစေလို့ Venucia Myanmar မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
ဒီလို နေ့ထူးနေ့မြတ်မှာ မိသားစုနဲ့အတူ ဘုရားကျောင်းကန်သွားရင်း ကုသိုလ်ယူမယ့် ခရီးစဉ်တိုင်းအတွက် Venucia VX6 EV SUV က အကောင်းဆုံး အဖော်မွန်ဖြစ်နေမှာ သေချာပါတယ်။
EV ရဲ့ အသံဆူညံမှုကင်းမဲ့တဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းက သင့်ရဲ့ခရီးစဉ်ကို ပိုပြီးအေးချမ်းစေမှာဖြစ်သလို၊ ကျယ်ဝန်းလှတဲ့ အတွင်းခန်းဖွဲ့စည်းပုံကလည်း မိသားစုဝင်အားလုံးကို သက်တောင့်သက်သာဖြစ်စေမှာပါ။ Myint Myat Maung Co., Ltd. မှ ပြည်တွင်းမှာ SKD စနစ်နဲ့ စနစ်တကျ ထုတ်လုပ်ထားတဲ့အတွက် After-sales service အတွက်လည်း လုံးဝ (လုံးဝ) ပူစရာမလိုဘဲ စိတ်အေးချမ်းသာစွာနဲ့ ရွေးချယ်နိုင်ပါတယ်။
ကောင်းမြတ်တဲ့ နေ့ထူးနေ့မြတ်မှာ အေးချမ်းတဲ့ အနာဂတ်ခရီးစဉ်တွေအတွက် Venucia VX6 ကို ရွေးချယ်လိုက်ပါ။

Myint Myat Maung Company Limited နှင့် ရေရှည်လက်တွဲလုပ်ကိုင်ရန်အတွက် အောက်ဖော်ပြပါ ဝန်ထမ်းများ ခေါ်ယူလျှက်ရှိပါသည်။၁။ Ma...
24/07/2026

Myint Myat Maung Company Limited နှင့် ရေရှည်လက်တွဲလုပ်ကိုင်ရန်အတွက် အောက်ဖော်ပြပါ ဝန်ထမ်းများ ခေါ်ယူလျှက်ရှိပါသည်။
၁။ Marketing Manager / Assistant Marketing Manager – 1 Post (Male/Female)
-ဘွဲ့ တစ်ခုခုရရှိပြီးသူ ဖြစ်ရမည်။
- Social media ပိုင်းတွင်အတွေ့ကြုံ (၃) နှစ်အထက်ရှိသူဖြစ်ရမည်။
- Creativity ကောင်းမွန်ပြီး Digital Branding တည်ဆောက်နိုင်သူဖြစ်ရမည်။
- လုပ်ငန်းနှင့်ရေရှည်လက်တွဲပြီး အောင်မြင်တိုးတက်ရေးအတွက် ဦးဆောင်အကောင်ထည်ဖော်နိုင်သူဖြစ်ရမည်။

၂။ Marketing Executive – 2 Posts (Male/Female)
- ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။
- Marketing နှင့် ပတ်သက်သော စီမံခန့်ခွဲမှုအတွေ့အကြုံ အနည်းဆုံး(၃) နှစ်ရှိရမည်။
- Automotive နှင့် ပတ်သက်သော လုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးမည်။
- အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
- ရုံးလုပ်ငန်းကိစ္စများ ဝင်ထွက်သွားလာနိုင်သူဖြစ်ရမည်။
- အထက်အရာရှိ၏ ပေးအပ်သော တာဝန်ဝတ္တရားများအား တာဝန်ကျေပွန်စွာထမ်းဆောင်နိုင်ရမည်။

၃။ Graphic Designer – 1 Post (Male / Female)
- ဘွဲ့တစ်ခုခုရရမည်။ Graphic Design နှင့် ပတ်သက်သော သင်တန်းတက်ရောက်ပြီးသူ ဖြစ်ရမည်။
- Graphic Designer လုပ်ငန်းအတွေ့အကြုံ (2) နှစ် နှင့် အထက်ရှိသူဖြစ်ရမည်။
- Social media content design experience
- Basic Photography Knowledge

၄။ Dealer Executive – 2 Posts (Female)
- ဘွဲ့တစ်ခုခုရရမည်။ (Sales & Marketing Diploma ရရှိထားသူ ဦးစားပေးမည်)
- Sales သို့မဟုတ် Customer Service တွင် လုပ်သက် (၂) နှစ်ခန့် ရှိသူဖြစ်ရမည်။
- ပေါင်းသင်းဆက်ဆံရေးပြေပြစ်ကောင်းမွန်သူ ဖြစ်ရမည်။
- လုပ်ငန်းပြီးမြောက်အောင်မြင်သည်အထိ အားစိုက်ထုတ်နိုင်သူဖြစ်ရမည်။
- လုပ်ငန်းလိုအပ်ချက်အရ လိုအပ်ပါကနေရာဒေသမရွေး ခရီးသွား လာနိုင်သူ ဖြစ် ရမည်။
- Microsoft Office (Excel, Power point) ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။

၅။ Sales Executive - 3 posts (Female)
- တက္ကသိုလ်မှ ဘွဲ့တခုခုရရှိပြီးသူဖြစ်ရမည်
- Automotive Industry တွင် အရောင်းပိုင်းဆိုင်ရာအတွေ့အကြုံ ရှိဖူးသူဖြစ်ရမည်။
- သတ်မှတ်ထားသော အရောင်းပြည့်မှီအောင် စွမ်းဆောင်နိုင်သူဖြစ်ရမည်။
-ဆက်ဆံရေး ကောင်းမွန်ပြီး ရုပ်ရည် ပြေပြစ်သူဖြစ်ရမည်။
- Showroom မန်နေဂျာနှင့်အတူ လက်တွဲ၍ လုပ်ငန်းအောင်မြင်ရေး လိုက်နာဆောင်ရွကိနိုင်သူဖြစ်ရမည်။

၆။ Junior Accountant – 1 Post (Female)
- B.Com ဘွဲ့ရ (သို့မဟုတ်) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး LCCI Level 1, 2 ပြီးစီးထားသူ။
- စာရင်းကိုင်လုပ်ငန်း အတွေ့အကြုံ (၁) နှစ်ဝန်းကျင် ရှိသူဖြစ်ရမည်။
- Microsoft Office (Excel, Word) ကို အခြေခံ အသုံးပြုနိုင်ရမည်။
- သင်ယူလိုစိတ်ရှိပြီး အသေးစိတ် စေ့စပ်သေချာသူ ဖြစ်ရမည်။
- ရိုးသားဖြောင့်မတ်ပြီး အချိန်တိကျသူ ဖြစ်ရမည်။

၇။ Service Technician – 5 Posts (Male)
-AGTI (EP/ EC) ပြီးသူဖြစ်ရမည်။
- အသက် ၂၅ မှ ၃၅ အတွင်းဖြစ်ရမည်။
- EV Charging Station များတပ်ဆင်ဖူးသည့် အတွေ့အကြုံရှိသူဦးစားပေးမည်။
- လုပ်ငန်းသတ်မှတ်ချက်အတိုင်း ပြီးမြောက်အောင်မြင်အောင်ဆောင်ရွက်နိုင်သူဖြစ်ရမည်။

၈။ Installation Technician - 3 Posts (Male)
- AGTI (EP/ EC) ပြီးသူဖြစ်ရမည်။
- အသက် ၂၅ မှ ၃၅ အတွင်းဖြစ်ရမည်။
- EV Charging Station များတပ်ဆင်ဖူးသည့် အတွေ့အကြုံရှိသူဦးစားပေးမည်။
- လုပ်ငန်းသတ်မှတ်ချက်အတိုင်း ပြီးမြောက်အောင်မြင်အောင်ဆောင်ရွက်နိုင်သူဖြစ်ရမည်။

၉။ Service Advisor – 1 Post (Male/Female)
- Any Graduate
- Automotive Industry တွင် Service Advisor / Customer Service အတွေ့အကြုံ (0–2 Years) ရှိသူ (Fresh Graduates လည်း လျှောက်ထားနိုင်သည်)
- Basic Automotive Knowledge ရှိသူ
- Microsoft Office (Word, Excel) အသုံးပြုနိုင်သူ
- Communication Skills ကောင်းမွန်သူ
- Customer Service Mindset ရှိသူ
- Teamwork နှင့် Problem-solving Skill ကောင်းမွန်သူ

၁၀။ Chinese Translator – 1 Post (Male/Female)
- တရုတ်ဘာသာစကားကို ရေး၊ဖတ်၊ပြော နိုင်ရမည်။
- ဘာသာပြန်လုပ်ငန်းအား အတွေ့အကြုံရှိသူဦးစားပေးမည်။
- Microsoft Office (Word, Excel, PowerPoint) အသုံးပြုနိုင်ရမည်။
- Communication skill ကောင်းမွန်ပြီး အဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နိုင်ရမည်။
- ရုံးလုပ်ငန်းများ နှင့် Management မှ ပေးအပ်သော တာဝန်များကို လုပ်ဆောင်နိုင်ရမည်။

၁၁။ Cleaner (သန့်ရှင်းရေး) – 2 Posts (Female)
- အခြေခံပညာ အလယ်တန်းအဆင့် ရှိသူ။
- သန့်ရှင်းရေးလုပ်ငန်း အတွေ့အကြုံရှိသူ ဦးစားပေးမည်။
- ကျန်းမာရေးကောင်းမွန်ပြီး ဖျတ်လတ်သွက်လက်သူ ဖြစ်ရမည်။
- ရိုးသားကြိုးစားပြီး တာဝန်ကျေပွန်သူ ဖြစ်ရမည်။

၁၂။ လုံခြုံရေး - 3 Posts (Males)
- အခြေခံပညာ အထက်တန်းအဆင့် ရှိသူ
- လုံခြုံရေးလုပ်သက် (၂) နှစ်အထက် ရှိသူ (လုံခြုံရေးသင်တန်းဆင်းလက်မှတ် ရှိသူ ဦးစားပေးမည်)။
- ကျန်းမာသန်စွမ်းပြီး အရပ်အမောင်း သင့်တင့်သူ ဖြစ်ရမည်။
- ဧည့်သည်များနှင့် ဆက်ဆံရာတွင် ယဉ်ကျေးပျူငှာပြီး စိတ်ရှည်သူ ဖြစ်ရမည်။
- နေ့ဆိုင်း/ညဆိုင်း (Shift) စနစ်ဖြင့် အလှည့်ကျ တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

📍 အလုပ်တည်နေရာ
🕘 အလုပ်ချိန် နံနက် (၉း၀၀) မှ ညနေ (၅း၃၀)
🏢 အမှတ် (၂၀၆-A)၊ (၁၃)ရပ်ကွက်၊ အင်းစိန်လမ်းမ၊ လှိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
လျှောက်ထားလိုသူများအနေနဲ့ ကိုယ်ရေးအချက်အလက်များပါဝင်သော CV Form ဖြင့် 09-892109892 Viber သို့ လည်းကောင်း၊ [email protected] သို့လည်းကောင်း ပေးပို့လျှောက်ထားနိုင်ပါသည်။

မိုးသည်းလို့ ရှေ့ကားမှန်တွေ ဝါးလာရင် ဘယ်လိုအမြန်ဆုံး ဖြေရှင်းမလဲ? 🌧🚘မိုးတွင်း ကားမောင်းရတဲ့အခါ အခက်အခဲဆုံးက ရှေ့ကားမှန် ...
21/07/2026

မိုးသည်းလို့ ရှေ့ကားမှန်တွေ ဝါးလာရင် ဘယ်လိုအမြန်ဆုံး ဖြေရှင်းမလဲ? 🌧🚘
မိုးတွင်း ကားမောင်းရတဲ့အခါ အခက်အခဲဆုံးက ရှေ့ကားမှန် (Windshield) မှာ ရေခိုးရေငွေ့တွေရိုက်ပြီး မြင်ကွင်းဝါးသွားတာပါပဲ။ မြင်ကွင်းမရှင်းရင် အာရုံစိုက်ရခက်သလို အန္တရာယ်လည်း အရမ်းများပါတယ်။ အရင်ကလို အဝတ်နဲ့ လိုက်သုတ်နေစရာ၊ အဲကွန်းကို အအေးဆုံးဖြစ်အောင် လိုက်တင်နေစရာ မလိုတော့ပါဘူး။
Venucia VX6 မှာဆိုရင် ရှုပ်ပွနေတဲ့ ရိုးရိုးခလုတ်တွေ လိုက်ရှာစရာမလိုဘဲ ကားရဲ့ ဗဟိုထိန်းချုပ်မှုစခရင် (Central Control Screen) ကြီးပေါ်ကနေ Front Defogger (ရှေ့မှန် အပူပေးစနစ်) ကို အလွယ်တကူ ထိန်းချုပ်နိုင်ပါပြီ။
စခရင်ပေါ်က အဲကွန်း (A/C) Menu ထဲဝင်ပြီး မှန်ပုံစံ မြှားကောက်လေးတွေ (၃) ကြောင်းပါတဲ့ "Front Defogger" Icon လေးကို တစ်ချက်နှိပ်လိုက်တာနဲ့ လေစီးကြောင်းက ရှေ့မှန်ဆီကို တိုက်ရိုက်သွားပြီး ရေခိုးရေငွေ့တွေကို စက္ကန့်ပိုင်းအတွင်း အမြန်ဆုံး ရှင်းလင်းပေးသွားမှာပါ။
ဒါ့အပြင် VX6 ရဲ့ Smart AC စနစ်ကလည်း ကားတွင်း အပူချိန်ကို အလိုအလျောက် ချိန်ညှိပေးလို့ မိုးသည်းတဲ့ရက်တွေမှာတောင် မြင်ကွင်းကြည်ကြည်လင်လင်နဲ့ စိတ်အေးချမ်းသာစွာ မောင်းနှင်နိုင်ပါတယ်။ Venucia VX6 ရဲ့ Floating Island Cabin ဒီဇိုင်း ကြောင့် ခရီးစဉ်တိုင်းက ပိုပြီး Smart ကျသလို၊ လုံခြုံစိတ်ချရမှုကလည်း အပြည့်ပါပဲ။
မိတ်ဆွေတို့ကော မိုးရွာတဲ့အခါ ကားမှန်ဝါးတဲ့ ပြဿနာကို ဘယ်လိုနည်းလမ်းတွေနဲ့ အလွယ်ကူဆုံး ဖြေရှင်းလေ့ရှိကြလဲ? Comment မှာ အတွေ့အကြုံလေးတွေ ဝေမျှပေးခဲ့ပါဦး။ 👇✨

Address

No. 206 (A), Insein Road, 13 Ward, Hlaing Township
Yangon
11051

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30
Sunday 09:00 - 17:30

Website

Alerts

Be the first to know and let us send you an email when VENUCIA Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share