AVATR Myanmar - Premium EV

Website

AVATR Myanmar - Premium EV Introducing AVATR, where sophisticated design meets advanced technology.

Luxury, performance, and eco-friendly innovation combine in AVATR vehicles to provide the best electric driving experience.

AVATR 12 ကို မြင်လိုက်တာနဲ့ ဘာတွေထူးခြားလဲ ပြောပြပါဆို 🤷Look အရ Sedan Type၊ Sport Look ကို အပြည့်အဝ ခံစားရတဲ့အပြင်. . .မ...
27/04/2026

AVATR 12 ကို မြင်လိုက်တာနဲ့ ဘာတွေထူးခြားလဲ ပြောပြပါဆို 🤷

Look အရ Sedan Type၊ Sport Look ကို အပြည့်အဝ ခံစားရတဲ့အပြင်. . .

မောင်းရတဲ့ Feel ကလည်း Cheetah တစ်ကောင်ရဲ့ ပြေးအားသဖွယ် 0 to 100 km/h အထိကို ၃.၉ စက္ကန့်အတွင်းမှာတင် အသာလေးပြေးတာမို့ Sporty မောင်းချင်တဲ့ မိတ်ဆွေတွေအတွက်တော့ AVATR 12 က နတ်ပြည်အလားပါပဲ။

ဒါ့အပြင်ကိုမှ အားအပြည့် သွင်းမယ်ဆိုလည်း 700km အထိကို ကောင်းကောင်းကြီး ဗျင်းလို့ရတဲ့အတွက် လေဟုန်ထက်ကိုခွင်းမယ့် အရှိန်အဟုန်အပြင်းဆုံး EV ကို ရှာနေပါတယ်ဆိုရင်တော့ AVATR 12 က မိတ်ဆွေတို့အတွက်ပါပဲ။

📌 Yangon Showroom Address
No.22 , Malikha Street, Shwe Than Lwin Industrial Zone, Hlaing Thar Yar Township, Yangon

(Google Maps )

☎️ Sales - 09 882 886 901 , 09 790 888 610

☎️ 24-Hour Hotline- 0942 575 4193

📧 [email protected]
🌐 Website - http://www.avatr.com

#လျှပ်စစ်ကား #သရဖူစိုးမြင့်

Avatr ဆိုတာ ဘာကြောင့် တခြား EV တွေထက် ပိုထူးခြားတာလဲ?လျှပ်စစ်ကားလောကမှာ "The Power of Three" လို့ လူသိများတဲ့ အင်အားကြီး...
27/04/2026

Avatr ဆိုတာ ဘာကြောင့် တခြား EV တွေထက် ပိုထူးခြားတာလဲ?

လျှပ်စစ်ကားလောကမှာ "The Power of Three" လို့ လူသိများတဲ့ အင်အားကြီးကုမ္ပဏီ (၃) ခုရဲ့ ပေါင်းစပ်မှုကနေ Avatr ဆိုတဲ့ နည်းပညာမြင့် Premium EV ပေါ်ထွက်လာတာဖြစ်ပါတယ်။ Avatr ဝယ်မယ်လို့ စဉ်းစားနေသူတွေ ဒါမှမဟုတ် EV ဝါသနာအိုးတွေ သိထားသင့်တဲ့ အချက် (၃) ချက်ကို မျှဝေပေးချင်ပါတယ်။

⚙️ ကမ္ဘာ့အဆင့်မီ နည်းပညာ (၃) မျိုးရဲ့ ပေါင်းစပ်မှု (CHN Platform)

Avatr ရဲ့ ကျောရိုးဟာ အင်အားကြီး (၃) ခုပေါ်မှာ အခြေခံထားပါတယ်။

(1) Changan: ကားထုတ်လုပ်မှုပိုင်းမှာ ဝါရင့်တဲ့အတွက် ခိုင်ခံ့မှုနဲ့ ဒီဇိုင်းပိုင်းကို တာဝန်ယူပါတယ်။

(2) Huawei: ကားရဲ့ ဦးနှောက်ဖြစ်တဲ့ HarmonyOS Smart Cockpit နဲ့ အဆင့်မြင့်မောင်းနှင်မှုစနစ် (ADS) ကို ဖန်တီးပေးထားပါတယ်။

(3) CATL: ကမ္ဘာ့နံပါတ် (၁) ဘက်ထရီကုမ္ပဏီဖြစ်တဲ့အတွက် စိတ်ချရဆုံးနဲ့ အကြာရှည်ခံဆုံး ဘက်ထရီနည်းပညာကို အသုံးပြုထားပါတယ်။

⚙️ Emotional Intelligence (ခံစားချက်ရှိတဲ့ နည်းပညာ)

Avatr ကားတွေဟာ သာမန်သံထည်ပစ္စည်းတစ်ခုထက် ပိုပါတယ်။ သူတို့ရဲ့ Emotional Vortex လို့ခေါ်တဲ့ အတွင်းခန်းဒီဇိုင်းနဲ့ အလင်းအမှောင်စနစ်တွေဟာ မောင်းနှင်သူရဲ့ ခံစားချက်နဲ့ လိုက်လျောညီထွေဖြစ်အောင် ဖန်တီးထားတာပါ။ ဒါ့အပြင် AI နည်းပညာက မောင်းနှင်သူရဲ့ အလေ့အထကို လေ့လာပြီး အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်အောင် ကြိုးစားပေးပါတယ်။

⚙️ Futuristic Design (အနာဂတ်ဆန်တဲ့ ရုပ်ထွက်)

Avatr 11 ပဲဖြစ်ဖြစ်၊ Avatr 12 ပဲဖြစ်ဖြစ် လမ်းပေါ်မှာ မြင်လိုက်တာနဲ့ တခြားကားတွေကြားထဲ ထင်းခနဲ ဖြစ်နေစေတာက သူ့ရဲ့ Spaceship Design ကြောင့်ပါ။ အထူးသဖြင့် နောက်ဖုံးမှန် မပါဝင်တဲ့ ဒီဇိုင်းမျိုးတွေက ကားလောကမှာ တော်တော်လေး ဆန်းသစ်ပြီး Aero-dynamics ပိုင်းမှာလည်း အထောက်အကူပြုပါတယ်။

Avatr ကားတွေမှာပါတဲ့ LiDAR Sensors တွေဟာ မြူဆိုင်းနေတဲ့အချိန် ဒါမှမဟုတ် ညဘက် အလင်းရောင်နည်းတဲ့ အချိန်တွေမှာတောင် ပတ်ဝန်းကျင်ကို တိတိကျကျ ပုံဖော်ပေးနိုင်လို့ ဘေးကင်းလုံခြုံမှုပိုင်းမှာ ထိပ်တန်းစာရင်းဝင်ပါတယ်။

နည်းပညာနဲ့ စတိုင်လ်ကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ချင်သူတွေအတွက်တော့ Avatr က အသင့်တော်ဆုံး ရွေးချယ်မှုတစ်ခု ဖြစ်မှာ အသေအချာပါပဲ။

📌 Yangon Showroom Address
No.22 , Malikha Street, Shwe Than Lwin Industrial Zone, Hlaing Thar Yar Township, Yangon

(Google Maps )

☎️ Sales - 09 882 886 901 , 09 790 888 610

☎️ 24-Hour Hotline- 0942 575 4193

📧 [email protected]
🌐 Website - http://www.avatr.com

#လျှပ်စစ်ကား #သရဖူစိုးမြင့်

25/04/2026

EV ကားတစ်စီးက ပြိုင်ကားတစ်စီးလို (သို့) ပြိုင်ကားတော်တော်များများထက် တဖြည်းဖြည်း ပိုပြီး မြန်လာပြီဆိုတာ သိပြီးကြပြီလား?

EV ကားတိုင်းတော့ ပြိုင်ကားလို မြန်နေတာမျိုးမဟုတ်ပေမဲ့ တချို့ EV ကားတွေဟာ တချို့ နာမည်ကြီး ပြိုင်ကားတွေထက် ပိုပြီး မြန်လာပြီဖြစ်လို့ ဘယ်လောက်မြန်တယ်ဆိုတာကိုတော့ အောက်က List တွေထဲမှာ အတူတူ ကြည့်လိုက်ကြရအောင်ပါ။

လက်ရှိ ကမ္ဘာ့အမြန်ဆုံး EV ကားလို့ပြောလို့ရမဲ့ EV ကား (၅) စီး

✅ ASPARK Owl (0 to 100 km/h in 1.75s)

✅ Rimac Nevera / Nevera R (0 to 100 km/h in 1.81s)

✅ Pininfarina Battista 1.86s (0 to 100 km/h in 1.86s)

✅ Lucid Air Sapphire 1.95s (0 to 100 km/h in 1.95s)

✅ Tesla Model S Plaid 2.1s (0 to 100 km/h in 2.1s)

သင်ကိုယ်တိုင်ရော ဒီလို Sporty ဆန်ဆန် EV ကားတွေကို ဗျင်းရတာကြိုက်တဲ့သူလား? အငြိမ်လေးပဲ မောင်းတဲ့သူလား? ဆိုတာကိုလည်း ကောမန့်မှာ မျှဝေပေးသွားပါဦးနော်။

📌 Yangon Showroom Address
No.22 , Malikha Street, Shwe Than Lwin Industrial Zone, Hlaing Thar Yar Township, Yangon

(Google Maps )

☎️ Sales - 09 882 886 901 , 09 790 888 610

☎️ 24-Hour Hotline- 0942 575 4193

📧 [email protected]
🌐 Website - http://www.avatr.com

#လျှပ်စစ်ကား #သရဖူစိုးမြင့်

နားဖြင့်ကြားသမျှ Premium ဆန်သည်၊ ခံစားကြည့်ပါ AVATR 12 ရဲ့ Speaker 🔥ကြားလိုက်ရုံ၊ ခံစားကြည့်ရုံနဲ့ Premium ဆန်မှန်းတန်းသ...
23/04/2026

နားဖြင့်ကြားသမျှ Premium ဆန်သည်၊ ခံစားကြည့်ပါ AVATR 12 ရဲ့ Speaker 🔥

ကြားလိုက်ရုံ၊ ခံစားကြည့်ရုံနဲ့ Premium ဆန်မှန်းတန်းသိစေရတာ AVATR 12 Speaker တွေရဲ့ Aura တစ်ခုဆိုလည်း မှားမယ်မထင်ပါဘူး။ ဒီလို Premium EV ကားကြီးထဲမှာ ဒီလို အမိုက်စားအသံတွေထွက်အောင် ဘာတွေသုံးထားလို့လဲလို့ မေးရင်

🔊 အင်္ဂလန်နိုင်ငံရဲ့ နာမည်ကြီး Luxury Brand Meridian™ Speaker ကို သုံးထားခြင်း

🔊ပတ်ပတ်လည် ခံစားနိုင်အောင် 3D Surrounding Sound System ကို သုံးထားခြင်း

🔊ကားထဲမှာ 2,016 Watt ရှိတဲ့ Amplifier 25 လုံးတိတိကို တပ်ဆင်ပေးထားခြင်း

🔊 အသံလုံလုံနဲ့ အပြည့်အဝ စီးမျောနိုင်အောင် Activie Noise Callcnetion ကို သုံးထားခြင်း

စတဲ့ အမိုက်ဆုံးတွေကိုသာ အသုံးပြုထားတာဖြစ်တဲ့အတွက် Information အတွက်ပဲ သုံးသုံး၊ Entertainment အတွက်ပဲသုံးသုံး AVATR 12 EV ကားကြီးထဲမှာဆို နားဖြင့်ကြားသမျှ Premium ဆန်စေရမှာ သေချာပါတယ်။

📌 Yangon Showroom Address
No.22 , Malikha Street, Shwe Than Lwin Industrial Zone, Hlaing Thar Yar Township, Yangon

(Google Maps )

☎️ Sales - 09 882 886 901 , 09 790 888 610

☎️ 24-Hour Hotline- 0942 575 4193

📧 [email protected]
🌐 Website - http://www.avatr.com

#လျှပ်စစ်ကား #သရဖူစိုးမြင့်

မြန်မာ့နှစ်သစ်မှစ နှစ်ဆုံးထိတိုင် အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမားပြီး စီးပွားလာဘ်လာဘများနဲ့အတူ လိုအင်ဆန္ဒများပါ ပြည့်...
13/04/2026

မြန်မာ့နှစ်သစ်မှစ နှစ်ဆုံးထိတိုင် အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမားပြီး စီးပွားလာဘ်လာဘများနဲ့အတူ လိုအင်ဆန္ဒများပါ ပြည့်ဝနိုင်ကြပါစေကြောင်း AVATR Myanmar Premium EV မိသားစုမှ တောင်းဆုခြွေလိုက်ပါတယ်။

#လျှပ်စစ်ကား #သရဖူစိုးမြင့် #မြန်မာ့နှစ်သစ်

EV ကြိုက်သူ လူကြီးမင်းအပေါင်းတို့ သိထားသင့်တဲ့ ❗ကမ္ဘာတဝှမ်းက EV ကားများအကြောင်း သတင်းဦး၊ သတင်းထူးတွေ လာပါပြီနော်။ကမ္ဘာတစ...
12/04/2026

EV ကြိုက်သူ လူကြီးမင်းအပေါင်းတို့ သိထားသင့်တဲ့ ❗

ကမ္ဘာတဝှမ်းက EV ကားများအကြောင်း သတင်းဦး၊ သတင်းထူးတွေ လာပါပြီနော်။

ကမ္ဘာတစ်ဝှမ်းက EV ကားတွေ ဘာတွေဖြစ်နေပြီလဲ? ဘာတွေ ထူးခြားနေပြီလဲ? ၂၀၂၆ ခုနှစ်ရဲ့ နောက်ဆုံးရသတင်းတွေကို ခေတ်နဲ့တပြေးညီ သိရှိနိုင်ဖို့ ကျွန်တော်တို့ AVATR Myanmar Premium EV Page ကနေ တစ်စုတစည်းတည်း တင်ဆက်ပေးလိုက်ပါတယ်။

(၁) ကမ္ဘာပေါ်မှာ EV အစီးရေ (၁၁၆) သန်း ကျော်လာပြီ

Gartner ရဲ့ နောက်ဆုံးခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း လမ်းမတွေပေါ်မှာ မောင်းနှင်နေတဲ့ လျှပ်စစ်ကား EV အစီးရေဟာ ၁၁၆ သန်းဝန်းကျင်အထိ ရှိလာတော့မှာဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်ကထက် ၃၀% နီးပါး ပိုများလာတာပဲဖြစ်ပါတယ်။

(၂) ယခင်ထက် အားသွင်းနှုန်းပိုမိုမြန်ဆန်လာခြင်း

နောက်ပိုင်း EV ကားသစ်ကြီးတွေမှာသုံးလာတဲ့ 800V Architecture နည်းပညာအသစ်တွေကြောင့် အဆင့်မြင့် EV ကားတွေမှာ ၁၀ မိနစ်ဝန်းကျင် အားသွင်းရုံနဲ့ Battery Percentage 10% to 70% အထိကို အလျှင်အမြန် သွားလာနိုင်ပြီပဲဖြစ်ပါတယ်။

(၃) AI က ကြိုတင်အသိပေးနိုင်တဲ့ EV တစ်စီးရဲ့ကျန်းမာရေး

နောက်ဆုံးပေါ် EV တွေမှာပါတဲ့ AI စနစ်ဟာ ကားမှာ တစ်ခုခု ချို့ယွင်းတော့မယ်ဆိုရင် မဖြစ်ခင် ရက်သတ္တပတ်အလိုလောက်ကတည်းက ကြိုတင်သိရှိပြီး Driver ကို သတိပေးနိုင်တဲ့ Predictive Maintenance စနစ်တွေ ပိုမိုအားကောင်းလာပါတယ်။

(၄) Solid-State Battery များ လက်တွေ့ပိုဆန်လာခြင်း

အရင်က Experiment အနေနဲ့သာရှိခဲ့တဲ့ Solid-state battery နည်းပညာဟာ အခု ၂၀၂၆ မှာတော့ Pilot Production အဆင့်ကို ရောက်ရှိလာပြီး ပိုမိုဘေးကင်းကာ မီးလောင်ကျွမ်းမှု အန္တရာယ်ကို မပူရတော့မဲ့ EV ခေတ်သစ်ပုံစံတစ်ခုကို စတင်ပုံဖော်နေပြီ ဖြစ်ပါတယ်။

(၅) AVATR 06 နှင့် 07 မြန်မာပြည်သို့ ရောက်ရှိလာခြင်း

ဒါကတော့ မြန်မာပြည်က EV Geek တွေအတွက် သတင်းကောင်းပါပဲ။ အဆင့်မြင့် Huawei Smart Driving စနစ်တွေ ပါဝင်တဲ့ AVATR 06 နဲ့ AVATR 07 မော်ဒယ်သစ်ကြီးတွေကို Tharaphu Soe Myint ကုမ္ပဏီကနေ မြန်မာနိုင်ငံသို့ ပူပူနွေးနွေး တင်သွင်းလိုက်ပြီ ဖြစ်လို့ Tharaphu Soe Myint EV Showroom မှာ အခုပဲ သွားကြည့်လို့ရပါပြီ။

ကားတစ်စီးကို နည်းပညာသစ်တွေနဲ့ အမြဲ ရင်ဘောင်တန်းစီးချင်တာပါဆိုရင်တော့ သရဖူစိုးမြင့်က တင်သွင်းတဲ့ AVATR Myanmar Premium EV Page ကိုသာ အခုပဲ ဆက်သွယ်လိုက်ပါ။

📌 Yangon Showroom Address
No.22 , Malikha Street, Shwe Than Lwin Industrial Zone, Hlaing Thar Yar Township, Yangon

(Google Maps )

☎️ Sales - 09 882 886 901 , 09 790 888 610

☎️ 24-Hour Hotline- 0942 575 4193

📧 [email protected]
🌐 Website - http://www.avatr.com

#လျှပ်စစ်ကား #သရဖူစိုးမြင့်

သင်္ကြန်ပိတ်ရက် မိသားစုနဲ့ လည်လည်ထွက်၊ ခရီးထွက်မယ်ဆိုရင်တော့ AVATR 12 နဲ့ဆို လုံးဝဇိမ်ပါပဲ။ခရီးဝေးထွက်ရမယ်ဆို အရေးကြီးဆု...
11/04/2026

သင်္ကြန်ပိတ်ရက် မိသားစုနဲ့ လည်လည်ထွက်၊ ခရီးထွက်မယ်ဆိုရင်တော့ AVATR 12 နဲ့ဆို လုံးဝဇိမ်ပါပဲ။

ခရီးဝေးထွက်ရမယ်ဆို အရေးကြီးဆုံးက ကိုယ့်ကားကဘယ်လောက် သက်သောင့်သက်သာရှိလဲ၊ ဘယ်လောက် Comfy ဖြစ်လဲ အရင်ကြည့်ရပါတယ်။

AVATR 12 Premium EV ကြီးမှာဆို Comfy ဖြစ်ချက်တွေကအတွင်းပိုင်းမှာ “Zero-Gravity Astronaut Seat” ဆိုပြီး တင်စားကြတဲ့အတိုင်း နူးညံ့အိစက် Nappa Leather တွေကို သုံးထားပြီး အနှိပ်ခံဖို့ Healing, Ventilation, and Massage Function တွေပါတော့ ခရီးဝေးသွားလည်း လုံးဝ ဇိမ်ပါပဲ။

နောက်တစ်ချက်က Safety ပိုင်းပေါ့။​ ခရီးဝေးသွားရင် ပိုပြီးတော့တောင် လိုပါသေးတယ်။

ဒီအတွက်ကိုလည်း ညဘက်အမှောင်ထဲ မောင်းရင်တောင် အန္တရာယ်ကို ဖော်ထုတ်ပေးမယ့် 3D Point Cloud အပြည့်နဲ့ GOD Neural Network၊ Air Bag 8 လုံးအပြင် GOD Auto Emergency Brake System စတဲ့ Safety System တွေကို ထည့်ထားပေးတာမို့. . .

AVATR 12 နဲ့ဆို သင်္ကြန်ခရီးထွက်ဖို့ နီးနီးဝေးဝေး ဇိမ်အပြည့်၊ လုံခြုမှုအပြည့်နဲ့ အကောင်းဆုံးဆိုတဲ့ အမှတ်တရတွေကို ခရီးတစ်လျှောက် ဖန်တီးနိုင်မှာသေချာပါတယ်။

📌 Yangon Showroom Address
No.22 , Malikha Street, Shwe Than Lwin Industrial Zone, Hlaing Thar Yar Township, Yangon

(Google Maps )

☎️ Sales - 09 882 886 901 , 09 790 888 610

☎️ 24-Hour Hotline- 0942 575 4193

📧 [email protected]
🌐 Website - http://www.avatr.com

#လျှပ်စစ်ကား #သရဖူစိုးမြင့်

အခုခေတ်ဟာ ခက်ခက်ခဲခဲ တကူးတက Parking ထိုးရမဲ့ ခေတ်မဟုတ်တော့ပါဘူး။အထူးသဖြင့် အခုလို Ai ခေတ်ကြီးမှာ Parking ထိုးဖို့အရေး ခေ...
09/04/2026

အခုခေတ်ဟာ ခက်ခက်ခဲခဲ တကူးတက Parking ထိုးရမဲ့ ခေတ်မဟုတ်တော့ပါဘူး။

အထူးသဖြင့် အခုလို Ai ခေတ်ကြီးမှာ Parking ထိုးဖို့အရေး ခေါင်းကို ဟိုလှည့်၊ ဒီလှည့် သမင်လည်ပြန်အကြည့်တွေနဲ့ Parking ထိုးနေရသေးတယ်ဆိုရင် အထာလည်းပျက်သလို ခေါင်းလည်းညောင်းတာပေါ့။

ဒီလို အထာမပျက်ဘဲ ခေတ်မီ၊ အထာကျ၊ လွယ်ကူချင်တယ်ဆိုရင်တော့ AVATR 11 EV မှာပါတဲ့ 𝘼𝙪𝙩𝙤𝙢𝙖𝙩𝙞𝙘 𝙋𝙖𝙧𝙠𝙞𝙣𝙜 𝘼𝙨𝙨𝙞𝙨𝙩 (𝘼𝙋𝘼) က လူကြီးမင်းတို့အတွက် တကယ်ကို အသုံးဝင်စေမှာ သေချာတယ်။

ခလုတ်တစ်ချက်နှိပ်ရုံ ဒါမဟုတ် ဖုန်းတစ်လုံးနဲ့ Control လုပ်ရုံနဲ့တင် AVATR 11 မှာ ပါပြီးသား 𝙐𝙡𝙩𝙧𝙖 𝙎𝙚𝙣𝙨𝙤𝙧, 360° 𝘾𝙖𝙢𝙚𝙧𝙖, 𝙍𝙖𝙙𝙖𝙧 တွေက ကိုယ်ထိုးချင်တဲ့အနေအထားကို တိတိကျကျ သတ်မှတ်ပေးမှာမို့ Futuristic EV တစ်စီးရဲ့ အရသာစစ်စစ်ကို အပြည့်အဝ ခံစားနိုင်ပါလိမ့်မယ်။

☎️ Sales - 09 882 886 901 , 09 790 888 610

☎️ 24-Hour Hotline- 0942 575 4193

📧 [email protected]
🌐 Website - http://www.avatr.com

#လျှပ်စစ်ကား #သရဖူစိုးမြင့်

မြန်မာပြည်မှာ အခုတလော Premium EV ကားကြီးတွေကို ခပ်စိပ်စိပ်နဲ့ ပိုပြီး တွေ့မြင်လာရတာ အားလုံး သတိထားမိကြမယ်ထင်ပါတယ်။တကယ်တေ...
30/03/2026

မြန်မာပြည်မှာ အခုတလော Premium EV ကားကြီးတွေကို ခပ်စိပ်စိပ်နဲ့ ပိုပြီး တွေ့မြင်လာရတာ အားလုံး သတိထားမိကြမယ်ထင်ပါတယ်။

တကယ်တော့ ဒီ EV ကားတွေဟာ သာမန်ခေတ်စားနေတဲ့ ခေတ်ရေစီးကြောင်းတစ်ခု သက်သက်တင် မဟုတ်ဘဲ

✅ လေထုညစ်ညမ်းမှုကို လျှော့ချပေးနိုင်ခြင်း

✅ ပတ်ဝန်းကျင် ဆူညံမှုမရှိအောင် မောင်းနိိုင်ခြင်း

✅ လက်တွေ့ဘဝသွားလာမှုပိုင်းတွေမှာ ပိုမိုလွယ်ကူစေမဲ့ Feature အသစ်၊ Tech အသစ်တွေပုံဖော်လာခြင်း

စတဲ့ Nature အတွက် ကောင်းကျိုးပြုပေးနိုင်တဲ့ ပြောင်းလဲမှုကြီးတစ်ခုဖြစ်လို့ မြန်မာပြည်တခွင် EV ကား ပိုအစီးများလာတဲ့အပေါ် အတိုင်းမသိ ဝမ်းသာမိပါတယ်။

ဒီလို အနာဂတ်ဆန်ဆန် ပြောင်းလဲမှုတွေရဲ့ အရှေ့မှာ ဆန်းသစ်မှု၊ ဇိမ်ခံနိုင်မှုနဲ့ အဆင့်မြင့်နည်းပညာတွေကို ပြီးပြည့်စုံစွာ ပေါင်းစပ်ပေးထားတဲ့ AVATR ကတော့ လူကြီးမင်းတို့အတွက် အမြဲတမ်း အသင့်ရှိနေပါတယ်။

ဒီလို ဆန်းသစ်ပြီး Furusitic ဆန်တဲ့ မောင်းနှင်မှုမျိုးကိုမှ လိုချင်ပါတယ်ဆိုရင်တော့ AVATR EV တွေကို မြန်မာပြည်တွင်း ပထမဦးဆုံးတင်သွင်းခဲ့တဲ့ သရဖူစိုးမြင့် EV Showroom ကြီးမှာ အသေးစိတ်လာရောက်ကြည့်ရှု့ဝယ်ယူနိုင်ပါတယ်။

☎️ Sales - 09 882 886 901 , 09 790 888 610

☎️ 24-Hour Hotline- 09699 833 464

📧 [email protected]
🌐 Website - http://www.avatr.com

#လျှပ်စစ်ကား #သရဖူစိုးမြင့်

Address

No. 22, Malikha Street, Shwe Than Lwin Industrial Zone, Hlaing Thar Yar Township
Yangon
11021

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when AVATR Myanmar - Premium EV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share