Aung Yadanar - အောင်ရတနာ

Aung Yadanar - အောင်ရတနာ ကလပ်ဘရိတ်၊ဖင်းဂါး၊ဒစ်ဒရမ်၊ ဘရိတ်ရှူး အမျိုးမျိုးပြုပြင်ရောင်းဝယ်ရေး နှင့် ဘရိတ်ပြုပြင်ရေး

သင်္ကြန်တွင်း ၁၃ရက်​နေ့အထိ ဆိုင်ဖွင့်ပါတယ်ခင်ဗျ
12/04/2026

သင်္ကြန်တွင်း ၁၃ရက်​နေ့အထိ ဆိုင်ဖွင့်ပါတယ်ခင်ဗျ

ပြည်ထောင်စုနေ့အား အောင်ရတနာမိသားစုမှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ယနေ့ဆိုင်ဖွင့်ပါသည်။
12/02/2026

ပြည်ထောင်စုနေ့အား အောင်ရတနာမိသားစုမှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
ယနေ့ဆိုင်ဖွင့်ပါသည်။

‎‌ဒီယောကျာ်းမှားလို့ ဖြစ်တာ‎ဒီမိန်းမ မှားလို့ ဖြစ်တာ‎ဟိုလူ မှားလို့ ဖြစ်တာ‎ဒီလူ မှားလို့ ဖြစ်တာ ထက်‎‎ဘာမှမဖြစ်ခဲ့တာက ပို...
24/01/2026

‎‌ဒီယောကျာ်းမှားလို့ ဖြစ်တာ
‎ဒီမိန်းမ မှားလို့ ဖြစ်တာ
‎ဟိုလူ မှားလို့ ဖြစ်တာ
‎ဒီလူ မှားလို့ ဖြစ်တာ ထက်

‎ဘာမှမဖြစ်ခဲ့တာက ပိုကောင်းပါတယ်။

‎ယာဉ်မတော်တဆမှု
‎အန္တရယ်ကင်းသော ခရီးစဉ်အတွက် သင့်မော်တော်ယာဉ် ကားဘရိတ်ကို ပြုပြင်စစ်ဆေးဖို့ လိုပါပြီ။


‎အောင်ရတနာ
‎ကလပ်ဘရိတ်၊ဖင်းဂါး၊ဘရိတ်ဒရမ်၊ ဘရိတ်ရှူးအမျိုးမျိုး ပြုပြင်ရောင်းဝယ်ရေး

‎ဆိုင်(၁) - သုမင်္ဂလာလမ်း၊ ၁၄/၁၅လမ်းဆုံမှတ်တိုင်အနီး၊ တောင်ဥက္ကလာပ မြို့နယ်၊ ရန်ကုန်မြို့။
‎၀၉ ၄၄၄ ၈၈၈ ၅၁၉၊ ၀၉ ၅၁၈၁၀၃၄၊ ၀၉ ၆၉ ၅၁၈၁၀၃၄။

‎မြန်မာ့ကားလောကထဲမှာ သုံးစွဲနေ  ရှိနေတဲ့ အမေရိကန်ဘရိတ်ဆီ အဆင့် စနစ်အကြောင်း‎--------------------------------------------...
07/01/2026

‎မြန်မာ့ကားလောကထဲမှာ သုံးစွဲနေ ရှိနေတဲ့ အမေရိကန်ဘရိတ်ဆီ အဆင့် စနစ်အကြောင်း
‎---------------------------------------------------------
‎မမေ့မလျော့ဖြင့် စောင့်ကြည့်ရတဲ့ ကားနှင့်ပက်သက်ရာ‌တွေထဲမှာ ဘရိတ်ရှူးတွေ နည်းတူ ဘရိတ်ဆီတွေကလည်း ယာဉ်မောင်းသူတွေအတွက် အရေးကြီးလှပါတယ်။

‎ကားရဲ့ ဘရိတ်စနစ်ကို အသက်ဝင်စေပြီး
‎စွမ်းဆောင်ရည်တွေ ပေးနေတဲ့ ဘရိတ်ဆီတွေနဲ့ ပက်သက်၍ သိကောင်းစရာလေးတွေ ရှိပါတယ်။
‎ပထမဆုံးကတော့

‎ဘရိတ်ဆီရဲ့ DOT
‎------------------------
‎ဘရိတ်ဆီမှာ သတ်မှတ်ထားတဲ့ DOT ဟာ
‎အမေရိကန်က Department of Transportation ဆိုတဲ့ အဖွဲ့အစည်းနာမည်ရဲ့ အတိုကောက်ဖြစ်ပါတယ်။
‎DOT ဆိုတာကတော့ ဘရိတ်ဆီတွေရဲ့ grade တွေကို ပြောတာဖြစ်ပါတယ်။

‎ဘရိတ်ဆီတွေရဲ့ grade
‎---------------------------------
‎ဘရိတ်ဆီတွေရဲ့ gradeတွေကတော့ boiling point တွေကိုမူတည်ပြီး ခွဲခြားခြင်းဖြစ်ပါတယ်။
‎ Dot 3, Dot 4, DOT 5.1 နဲ့ DOT 5ဆိုပြီး ရှိပါတယ်။
‎DOT 3, DOT 4, DOT 5.1က တစ်အုပ်စုလို့ မှတ်ထားသင့်ပြီး သူတို့က glycol-based fluid ဖြစ်ကာ
‎DOT 5 ကတော့ တစ်အုပ်စုဖြစ်ပြီး silicone-based fluid ဖြစ်ပါတယ်။

‎သတိပြုရမည့်အချက်
‎------------------------------
‎သတိပြုရမည့်အချက်က ဘရိတ်ဆီတွေကို မိမိကားအတွက် သတ်မှတ်ထားတဲ့ grade အတိုင်း သုံးစွဲပေးဖို့ဖြစ်ပါတယ်။

‎နောက်ထပ်သတိပြုရမည့်အချက်က မတူညီတဲ့ DOT fluid တွေကို အတူရော မသုံးသင့်ပါဘူး။
‎DOT 4 နဲ့ DOT 5 ဟာ chemical properties မတူညီတဲ့အတွက် brake systemကို ပျက်စီးနိုင်ပါတယ်။

‎ထို့အပြင်ဘရိတ်ဆီကိုပုံမှန်လဲလှယ်ပေးဖို့လိုအပ်ပါတယ်။

‎ဘရိတ်ဆီဟာ ကားရဲ့ ဘရိတ်စနစ်ကို အသက်သွင်းပေးတဲ့ သွေးတစ်စင်းလိုပဲ အရေးကြီးပြီး၊ သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း သုံးစွဲခြင်းနဲ့ စောင့်ရှောက်ပေးခြင်းကသာ ယာဉ်မောင်းသူအတွက် အန္တရာယ်ကင်းစွာ ခရီးသွားနိုင်စေမှာ ဖြစ်ပါတယ်။

‎ဘရိတ်ဆီဖြစ်ဖြစ် အခြားဘရိတ်အစိတ်အပိုင်းတွေပဲဖြစ်ဖြစ် ကားဘရိတ်လုံခြုံရေးအတွက် အရေးကြီးတဲ့ အရာတွေချည်းပါပဲ။

‎ထိုအပြင် ကားဘရိတ်လုံခြုံရေးအတွက် နီးစပ်ရာ Auto Service တွေနှင့် ကျွန်တော်တို့ အောင်ရတနာ မှာ စစ်ဆေးပြုပြင်ခြင်းကလည်း အန္တရယ်ကင်းစေတဲ့ ခရီးစဉ်အတွက် အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။

‎ကျွန်တော်တို့ အောင်ရတနာ ကလပ်ဘရိတ်နှင့် ဘရိတ်ရှူးဆိုင်ကလည်း ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးနေတဲ့ ဆိုင်ကြီးဖြစ်တဲ့ လူကြီးမင်းတို့ရဲ့ကားတွေကို အချိန်မရွေးလာာရောက် စစ်ဆေးပြုပြင်နိုင်ပါတယ်‌ခင်ဗျ။

‎ဆိုင်(၁) - သုမင်္ဂလာလမ်း၊ ၁၄/၁၅လမ်းဆုံမှတ်တိုင်အနီး၊ တောင်ဥက္ကလာပ မြို့နယ်၊ ရန်ကုန်မြို့။
‎၀၉ ၄၄၄ ၈၈၈ ၅၁၉၊ ၀၉ ၅၁၈၁၀၃၄။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အား Aung Yadanar - အောင်ရတနာ  မှ ကြိုဆိုဂ...
04/01/2026

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အား Aung Yadanar - အောင်ရတနာ မှ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။


ဒီပါဝလီနေ့🪔
20/10/2025

ဒီပါဝလီနေ့🪔

အာဇာနည်နေ့ တို့မမေ့(78) နှစ်မြောက်အာဇာနည်နေ့ #အာဇာနည်နေ့ #အောင်ရတနာ
18/07/2025

အာဇာနည်နေ့ တို့မမေ့
(78) နှစ်မြောက်အာဇာနည်နေ့
#အာဇာနည်နေ့
#အောင်ရတနာ

"ဖုန်းဆက်လိုက်ပါ လာယူပေးမယ်ပြန်ပို့ပေးမယ်"  ☎️လူကြီးမင်းတို့ရဲ့ ကားခ chargesတွေ နှင့် သက်သောင့်သက်သာ မရှိမှုတွေကို တားဆီ...
05/07/2025

"ဖုန်းဆက်လိုက်ပါ လာယူပေးမယ်
ပြန်ပို့ပေးမယ်" ☎️

လူကြီးမင်းတို့ရဲ့ ကားခ chargesတွေ နှင့် သက်သောင့်သက်သာ မရှိမှုတွေကို တားဆီးဖို့
ကလပ်ဘရိတ် ၊ ဘရိတ်ရှူး၊ ဒရမ် ပြုပြင်ဖို့အတွက်ဆို အောင်ရတနာကို ဖုန်းဆက်‌ခေါ်လိုက်ပါ။

အောင်ရတနာမှ
တောင်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ‌၊ အရှေ့ဒဂုံ၊ ယုဇန၊ သင်္ကန်းကျွန်း၊ တာမွေ၊ ရန်ကင်း၊ မြောက်ဥက္ကလာ တို့နှင့် ထိုမြို့တို့နှင့် ဆက်စပ်နေရာများတွေအထိ ဝန်ဆောင်ခ အခမဲ့နှင့် ပစ္စည်း ယူပေး၊ ပို့ပေး နေလျက်ရှိပါတယ်။

ဖုန်း 09444888519 နှင့် 095181034 တို့ကို ခေါ်ပြီး ဝန်ဆောင်ခ အခမဲ့နှင့် ပစ္စည်းအယူအပို့ ဝန်ဆောင်မှုကို အသုံးပြုပြီး ကလပ်ဘရိတ်ပြုပြင်လိုက်ပါ။

ဆိုင်(၁) - သုမင်္ဂလာလမ်း၊ ၁၄/၁၅လမ်းဆုံမှတ်တိုင်အနီး၊ တောင်ဥက္ကလာပ မြို့နယ်၊ ရန်ကုန်မြို့။
09444888519 ၊ 095181034


#အောင်ရတနာ

"ကိုဝင်းထိန်မင်းကလည်း ချမ်းသာလိုက်ကွာသူဌေးသားလားကွကျွန်တော်မေးတော့ဘယ်ဟုတ်မလဲဆရာဒီရွာမှာ စားရမဲ့ သောက်ရမဲ့ ဆင်းရဲလွန်းလို...
22/06/2025

"ကိုဝင်းထိန်
မင်းကလည်း ချမ်းသာလိုက်ကွာ
သူဌေးသားလားကွ
ကျွန်တော်မေးတော့
ဘယ်ဟုတ်မလဲဆရာ
ဒီရွာမှာ စားရမဲ့ သောက်ရမဲ့ ဆင်းရဲလွန်းလို့
ငါဒီအတိုင်းတော့ မနေဘူးကွ
သူဌေးဖြစ်အောင် ကြိုးစားမယ်ကွ
ဆိုပြီးတော့ ရန်ကုန်ဆင်းတာပါဆရာ

ကားစီးသွားတော့ ကားခပေးစရာမရှိလို့
စပယ်ယာက ကန်ချမယ် နရင်းရိုက်မယ် တဂဲဂဲလုပ်တယ်
မနည်းရှိခိုး‌တွေ တောင်းပန်ရတယ်
တစ်လမ်းလုံး ကျွန်တော့်ကို ခိုင်းပါခင်ဗျာ လုပ်ပါ့မယ်

တကယ်လည်း ခိုင်းပါတယ် ဆရာတဲ့
တစ်လမ်းလုံး ကျွန်တော်လုပ်ရပါတယ်
ဘာမှမလုပ်တော့ပါဘူး သူ

ဖင်ပေါ့တယ် အတွက်ကပ်မရှိ လုပ်တယ်
ဒရိုင်ဘာက မြင်တယ်
ဒီကလေး မဆိုးဘူး ရန်ကုန်ရောက်ပြီ
မင်းဘယ်သွားမလဲ
ကျွန်တော် သွားစရာနေရာ မရှိပါဘူး
ဪ မင်းတော့ ဒုက္ခရောက်တော့မယ့်ကောင်ပဲ
ကဲ ဒီလိုလုပ် ငါ့ကားမှာ မင်းကုန်ထမ်း
ညကျတော့ မင်းဒီကားကိုစောင့်ပြီးတော့ အိပ်ပေါ့ကွာ
ဟာ ဟန်ကျလိုက်တာ အလုပ်လည်းရပြီ
အိပ်စရာ ‌ကျောခင်းဖို့နေရာရပြီ
ဒရိုင်ဘာကလည်း ဟန်ကျ
ညတိုင်း ကားစောင့်ပိုက်ဆံပေးနေရတယ်
ပိုက်ဆံမပေးရတော့ အလကားခိုင်းလို့ရတယ်

အဲဒီကောင်ကဗျာ စပယ်ယာကို နင်းပေး နှိပ်ပေး
ဒရိုင်ဘာကို နင်းပေး နှိပ်ပေး
လက်ဖက်ရည်ဆို ပြေးဝယ်လိုက်
ဆေးလိပ်တိုလေး ကောက်ကိုင်တာနဲ့ မီးပြေးခြစ်ပေး
ဒရိုင်ဘာ‌ရော စပယ်ယာရော နောက်သူ့ချစ်သွားတယ်
နောက်ထပ်စပယ်ယာက ဒီအပြင်ကားပြောင်းသွားတယ်
ဒီကောင် ရာထူးတက်သွား
စပယ်ယာဖြစ်သွား

စပယ်ယာဖြစ်တော့လည်း သူ့ဆရာကိုရိုသေတော့
ဆရာကချစ်တာနဲ့ ကားမောင်းသင်ပေး
ကားရေဆေးချီဦးကွာ
ကားဆီထုတ်ချီကွာ
မောင်းတတ်သွားတော့ လိုင်စင်လုပ်
သူတို့ဆရာကားအသစ်ထောင်တော့
ဒရိုင်ဘာ အာမခံပြောပေးတာနဲ့ ဒီကောင် ဒရိုင်ဘာဖြစ်
ဟိုကောင်စပယ်ယာက စပယ်ယာအတိုင်းပဲ ကျန်ခဲ့တယ်နော်

သူဒရိုင်ဘာဖြစ်
ဖြစ်တဲ့အခါကျတော့ ရတဲ့ငွေကို သူမသောက်မစား
ကွမ်းယာဆေးလိပ်တောင် မသုံးစွဲဘူး စုထား
ငွေကလေး ကျစ်ကျစ်ပါအောင် သိမ်း
ကားပျက်ရင် သူများလိုဝပ်ရှော့ထိုးပြီးတော့
လက်ဖက်ရည်ဆိုင်မသွားဘူး
ကားသံယောဇဉ်နဲ့ ဘေးကထိုင်ကြည့်
ဘာဖြစ်လို့ပျက်တာလဲဗျ
ဘယ်လိုလုပ်လို့ကောင်းသွားတာလဲ
အဲပစ္စည်းထည့်ရတာ ဘာပစ္စည်းလဲ

"တစ်ခါပျက်တော့ တစ်မျိုးတတ်
ဆယ်ခါပျက်တော့ ဆယ်မျိုးတတ်"

အဲဒီမှာတင် နောက်တော့ ကားကောင်းကောင်းပြင်တတ်

သူ့စုမိတဲ့ငွေကလေးနဲ့ ဝပ်ရှော့ကလေးထောင်
ကြည့်ဦး သူ့ဆရာက ဒရိုင်ဘာမှာကျန်ခဲ့ပြီ
ဝပ်ရှော့သေးသေးလေးကနေ အချိန်မှန်တယ်ကွာ
လုပ်တာကောင်းတယ်ကွာ ဆက်ဆံရေးပြေလည်တယ်ကွ
အပ်တာများတော့ ဝပ်ရှော့ကြီးဖြစ်
အခုနောက်ဆုံး ဆယ်ဘီးကားကြီးတွေ ဘော်ဒီရိုက်ရောင်းတာ
ကားတစ်စင်းကို သိန်း၇၀ရတယ်
ကိုဝင်းထိန် သူဌေးဖြစ်သွားတာပဲ
သူ့ဆရာဒရိုင်ဘာက ဒီအတိုင်းပဲကျန်ခဲ့တယ်

သူကသူဌေးဖြစ်အောင် လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ထားတာကို
ဘယ်ရပ်လို့ရမလဲ
ကျွန်တော်တို့ရည်မှန်းချက် မြင့်မြင့်မားမားထားစမ်းပါ"

-ဆရာလယ်တွင်းသားစောချစ်

ဆရာကြီး၏ ဟောပြောချက်မှ တန်ဖိုးရှိသောစကားလေးအား ကောက်နှုတ်မျှဝေထားပါသည်။

အရည်အသွေးကောင်းမွန်တဲ့ Brake pad များကို သုံးစွဲခြင်းဟာ၁။ ဘရိတ်အသုံးပြုရာမှာ စိတ်ချရမှု၂။ ကြာရှည်ခံမှု၃။ အသံဆူညံခြင်းမရှ...
29/05/2025

အရည်အသွေးကောင်းမွန်တဲ့ Brake pad များကို သုံးစွဲခြင်းဟာ

၁။ ဘရိတ်အသုံးပြုရာမှာ စိတ်ချရမှု
၂။ ကြာရှည်ခံမှု
၃။ အသံဆူညံခြင်းမရှိမှု
၄။ အမှုန်မထွက်မှု
၅။ ဒရမ်ထိခိုက်မှု လျှော့ချပေးနိုင်မှု စတဲ့ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

ငွေကြေးချိုသာတာထက် quality ပစ္စည်းကို အသုံးပြုခြင်းက ပိုပြီး saving ဖြစ်တဲ့အတွက် မှန်ကန်တာကို ရွေးချယ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

တောင်ဥက္ကလာပ က အောင်ရတနာမှာလည်း အရည်အသွေးကောင်းမွန်တဲ့ Brake pad ကားမျိုးစုံကို ဝယ်ယူရရှိနိုင်ပါပြီ။

ဆိုင်(၁) - သုမင်္ဂလာလမ်း၊ ၁၄/၁၅လမ်းဆုံမှတ်တိုင်အနီး၊ တောင်ဥက္ကလာပ မြို့နယ်၊ ရန်ကုန်မြို့။
၀၉ ၄၄၄ ၈၈၈ ၅၁၉။

ဆိုင်(၂) - မြင်တော်သာလမ်း၊ ကျန်းမာရေးမှတ်တိုင်အနီး၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။
၀၉ ၇၇၇ ၈၇၉ ၅၅၇

#အောင်ရတနာ

21/04/2025

YBS လိုင်းကားများရဲ့ ကလပ်ဖင်းဂါးတွေအထဲမှာ
ဘာတွေရှိသလဲ?
-------------------------------------------------------------------------

ရန်ကုန်မြို့မှာ နေ့စဉ် လူသန်းချီ အားကိုးစီးနင်းနေကြတဲ့ YBS လိုင်းကားတွေရဲ့ ကလပ်ဖင်းဂါးများကို ဖြုတ်ကြည့်သောအခါ...

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Aung Yadanar - အောင်ရတနာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share