Golden Land Car Rental Service

Golden Land Car Rental Service Car Rental Service

24/09/2023

၁.၁ဝ.၂ဝ၂၃ ရက်နေ့မှစတင်၍ဖော်ပြပါယာဥ်လိုင်းများအား ယာဥ်လိုင်းနံပါတ်အသစ်များဖြင့်ပြောင်းလဲပြေးဆွဲသွားပါမည်။ခရီးစဥ်လမ်းကြောင်းအပြောင်းအလဲမရှိပါ။

အနောက်ပိုင်းတက္ကသိုလ်-လသာ YBS - 21
အနောက်ပိုင်းတက္ကသိုလ်-မော်တင် YBS - 21 အစား YBS - 131

အနောက်ပိုင်းတက္ကသိုလ်-လင်းစဒေါင်း YBS - 79
အနောက်ပိုင်းတက္ကသိုလ်-ဗိုလ်တထောင်ဘုရား YBS - 79 အစား YBS - 132

ရတနာနှင်းဆီအိမ်ရာ-ဗိုလ်ချုပ်စျေး YBS - 4
ယုဇနဥယျာဥ်မြို့တော်-ဗိုလ်ချုပ်စျေး YBS - 4 အစား YBS - 133

၁၆၈ရပ်ကွက်-သုမနလမ်း-လသာ YBS - 8
၁၆၈ရပ်ကွက်-ယမုံနာလမ်း-လသာ YBS - 8(minibus) အစား YBS - 134

ဒဂုံတက္ကသိုလ်-ကန်ကြီးထောင့်(သာကေတ) YBS - 10
ဒဂုံတက္ကသိုလ်-ကန်ကြီးထောင့်(သာကေတ) YBS - 10(minibus) အစား YBS - 135

အောင်မင်္ဂလာအဝေးပြေး-လသာ YBS - 11
အောင်မင်္ဂလာအဝေးပြေး-လသာ YBS - 11(minibus) အစား YBS - 136

ဒဂုံတက္ကသိုလ်-ပြည်လမ်း-တညင်းကုန်း YBS - 15
ဒဂုံတက္ကသိုလ်-ကြိုးတံတား-ပေါက်တောဝ YBS - 15 အစား YBS - 137

ဒဂုံဧရာအဝေးပြေး-ရွှေပေါက်ကံ(ဆေးရုံကွေ့) YBS - 17
ဒဂုံဧရာအဝေးပြေး-ရွှေပေါက်ကံ(ဆင်ဖုံ) YBS - 17(minibus) အစား YBS - 138

ရွှေပေါက်ကံတံတားထိပ်-ဆူးလေ YBS - 29
ဒဂုံတက္ကသိုလ်-ဆူးလေ YBS - 29 အစား YBS - 139

ရွှေပြည်သာ(ဝါးတရာ)-လသာ YBS - 39
ရွှေပြည်သာ(လှော်ကားတာဆုံ)-မော်တင် YBS - 39(GYCT) အစား YBS - 140

ရွှေပြည်သာ(ည ရပ်ကွက်)-သခင်မြပန်းခြံ YBS - 40
ရွှေပြည်သာ(လိန်ကုန်း)-သခင်မြပန်းခြံ YBS - 40 အစား YBS - 141
ရွှေပြည်သာ(လိန်ကုန်း)-သခင်မြပန်းခြံ YBS - 40(PST) အစား YBS - 142
ရွှေပြည်သာ(သံဒင်း)-သခင်မြပန်းခြံ YBS - 40 အစား YBS - 143

တောင်ဒဂုံ(ကျောက်လမ်း)-ဗဟိုအမျိုးသမီးဆေးရုံ YBS - 59
တောင်ဒဂုံ(ကျောက်လမ်း)-ဗဟိုအမျိုးသမီးဆေးရုံ YBS - 59(minibus) အစား YBS - 144

ရွှေပြည်သာ(လိန်ကုန်း)-ဗိုလ်တထောင်ဘုရား YBS - 65
ရွှေပြည်သာ(လှော်ကားတာဆုံ)-ဗိုလ်တထောင်ဘုရား YBS - 65 အစား YBS - 145

14/09/2023

🍀▪️သီလရက္ခိတ▪️🍀
----------------
မြတ်စွာဘုရားရှင် ရာဇဂြိုလ်ပြည်
ဝေဠု၀န်ကျောင်းတော်၌ သီတင်းသုံးနေစဉ်
ရှစ်ရက်သီတင်း၊ လပြည့်သီတင်းနေ့များ၌
ဗိမ္ဗိသာရမင်းကြီးနှင့်တကွ
တိုင်းသူပြည်သားအပေါင်းတို့သည်
လူ့ကျင့်၀တ်ဝိနည်းတရားဖြစ်သည့်
ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးစသည့် သီလတော်
မြတ်တို့အား မြတ်စွာဘုရားရှင်ရှေ့မှောက်
လာရောက်ဆောက်တည်ကာ ဥပုသ်ဆောက်
တည်ခြင်းအမှုကို ပြုကြ၏။

ဗိမ္ဗိသာရမင်းကြီး၌ အလွန်တရာ
ကိုယ်ကျင့်တရားကောင်းမွန်သည့်
စားတော်ကဲတစ်ဦး ရှိ၏။
သူ၏အမည်က " သီလရက္ခိတ " ဖြစ်၏။
သီလရက္ခိတသည် ဥပုသ်သီတင်း နေ့တိုင်း
မင်းကြီးနှင့်မြတ်စွာဘုရားရှင်၏ ကျောင်း
တော်သို့လိုက်ကာ ဥပုသ်သီလအား မပြတ်
ဆောက်တည်ခြင်းပြု၏။
သို့ကြောင့် သီလရက္ခိတသည် ပို၍ ထင်ရှား၏။

အခါတစ်ပါးသော ဥပုသ်နေ့အခါသမယ၌
ရာဇဂြိုလ်ပြည်သားတစ်ဦးသည် ဝေဘာ
ရတောင်သို့သွားကာ ကျောက်တောင်နဘေး
သလေးစပါးတော၌ ညွှတ်ကွင်းတစ်ခု
ဆင်ခဲ့၏။

ထိုအချိန် တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူသည့်
ကြက်ဖြူမောင်နံသည် အခြံအရံ ကြက်ပေါင်း
ငါးရာ ခြံရံလျက် တောင်ထိပ်မှ ဆင်းခဲ့၏။

သလေးတောအနီး ကျောက်ဆောင်ပေါ်၌
နေ၍ သုံးကြိမ်တွန်ကျူး၏။
ပြီးလျှင် ကြက်ဖြူမောင်နံသည် အလိုလို
ပေါက်နေသော သလေးစပါးကို ပျော်ရွှင်စွာ
စားသောက်ကြ၏။

ကြက်ဖြူမောင်နံသည် အပျှော်လွန်သဖြင့်
ညွှတ်ကိုမတွေ့။ ညွှတ်မိမှ သိသော် ရုန်းမ
ရတော့ပြီ။
သည့်အခါ ကြက်ဖြူမောင်နံက-
" အချင်းကြက်အပေါင်းတို့... အန္တရာယ်ရှိနေပြီ
ဖြစ်သဖြင့် ပြေးကြလော့ "
အသံပေး၍ ကြက်အပေါင်းအား နှင်၏။
ကြက်ဖြူမောင်နံကမူ ညွှတ်မိ၍ မပြေးနိုင်ပြီ။

အဝေးမှချောင်းကာ အခြေအနေကြည့်နေ
သော မုဆိုးသည် ညွှတ်၌ ကြက်ဖြူမောင်နံ
မိနေသည်ကို မြင်ရလျှင် လွန်စွာ၀မ်းမြောက်
သွား၏။

ထူးဆန်းသည့် ကြက်ဖြူမောင်နံအား
မိထားသဖြင့် ပျော်လည်းပျော်နေ၏။

ထိုအချိန်တွင် ကြက်ဖြူမောင်နှံလည်း
မပြေးနိုင်သဖြင့်ရုန်းနေ၏။
ထို့အတူ အခြားကြက်ဖြူများသည်လည်း
ကြောက်လန့်တကြားဖြစ်ကာ ပြေးကြ၏။

ထို့ကြောင့် မုဆိုးသည် ၀မ်းသာအားရဖြင့်
ကြက် မောင်နှံအားညွှတ်ကွင်းမှ ဖြုတ်ယူပြီး
လွယ်အိတ်တွင်းသို့ ထည့်၍ မြို့သို့ ပြန်ခဲ့၏။
ယင်းသို့ပြန်ရင်း လမ်းခရီး၌ မုဆိုးသည်
ဤသို့ တွေး၏။

ဒီကြက်ဖြူမောင်နံဟာ ထူးဆန်းတဲ့သတ္တဝါပဲ။
ဒီကြက်ဖြူမောင်နံကို စျေးမှာရောင်းရင်
အသပြာများစွာ ရနိုင်သလို မင်းဆီသို့
ဆက်သမယ်ဆိုရင် ပိုပြီး အကျိုးများနိုင်တယ် "

ထိုနောက် မုဆိုးသည် ဤသို့ စဉ်းစားပြီးလျှင်
ဗိမ္ဗိသာရမင်းကြီးထံသို့ အခစား၀င်သည်။
မင်းကြီးရှေ့သို့ရောက်လျှင်-
" အရှင်မင်းမြတ်...ကျွန်တော်မျိုး ဝေဘာ
ရတောင်တောင်စောင်းမှာ လွန်စွာထူးဆန်း
တဲ့ကြက်နှစ်ကောင်ရခဲ့ပါတယ် အရှင်၊ ထို
ကြက်ဖြူ နှစ်ကောင်သည် အရှင်မင်းကြီးနှင့်
သာ ထိုက်တန်သဖြင့် သိမ်းပိုက်တော်မူပါ
ဘုရား " ဟု လျှောက်ထားပြီး
ဘုရင်မင်းမြတ်အား ဆက်သ၏။
မင်းကြီးလည်း ၀မ်းမြောက်၀မ်းသာစွာဖြင့်
မုဆိုးအား ဆုလာဘ်များ ပေးသနားခဲ့၏။

ဤကဲ့သို့ပင် မင်းကြီးသည် စားတော်ကဲ
သီလရက္ခိတအား ခေါ်၍-
" အမောင်...စားတော်ကဲ၊
ဤကြက်ဖြူနှစ်ကောင်အား ပွဲတော်စာ
အဖြစ် စီမံလော့ " ဟု မိန့်ကြားခဲ့၏။
စားတော်ကဲသည် ကြက်ဖြူနှစ်ကောင်အား
ယူကာ စားဖိုဆောင် မီးဖိုခန်း သို့ ပြန်ခဲ့၏။
စားဖိုဆောင်သို့ရောက်၍ပြက္ခဒိန်ကြည့်ရာ
ဤနေ့သည် ဥပုသ်နေ့ဖြစ်ကြောင်းသိရ၏။
စားတော်ကဲသည် ကြက်ဖြူနှစ်ကောင်အား
ကြည့်ကာ ပါဏာတိပါတာ ဝရေမဏိသိက်
ခာပဒံ စသညျ့သိက်ခာတော်မြတ်အား
ခံယူ၍ ဥပုသ်သီတင်း ဆောက်တည်ထား
၏။

" ဟင်...ငါကား သီလယူပြီး ဤကြက်ဖြူနှစ်
ကောင်အား သတ်ခဲ့လျှင် သီလကျိုးပေါက်
မည်။ သီလကိုကားအကျိုးပေါက်မခံနိုင်။
သီလအတွက် ငါ့အသက်ကိုလည်းကောင်း၊
ငါ့အိမ်ရာအားလည်းကောင်း ငါ စွန့်ရဲရမည် "
ဟု ဆုံးဖြတ်ပြီး ကြက်ဖြူနှစ်ကောင်အား
တောစပ်မှ လွှတ်လိုက်လေတော့သည်။

သို့နှင့် ပွဲတော်တည်ချိန်သို့ ရောက်ခဲ့ပြီ။
အရှင်မင်းမြတ်သည် ပွဲတော်တည်ရန်
ပွဲတော်အုပ်အားဖွင့်ရာ အသားမပါသည်ကို
မြင်ရ၏။ သို့ကြောင့်
ချက်ချင်း စားတော်ကဲအား ခေါ်၏။
" အချင်းစားတော်ကဲ...ငါ ချက်ရန်
ကြက်ဖြူများပေးပါလျက် ဘာ့ကြောင့်
ကြက်ဖြူသားမပါသနည်း "ဟု မေး၏။

သည်အခါ စားတော်ကဲက ရဲဝံ့စွာဖြင့်-
အရှင်မင်းမြတ်...
ကျွနုပ်သည် အရှင်မင်းမြတ်နှင့်အတူ
ဘုရားကျောင်းတော်သို့ သွားကာ
ဥပုသ်သီလယူခဲ့သူဖြစ်ပါသည်။ ထို့ကြောင့်
ပါဏာတိပါတ သိက္ခပုဒ်ကို ပျက်စီးမည်
စိုးပါသဖြင့် သူ့အသက်ကို မသတ်ခဲ့ပါ။
ဤသို့ပြုခဲ့သည့်အတွက် သတ်လျှင်သေ၊
ထားလျှင်နေရပါမည်အရှင် ဟုလျှောက်လေ၏။

ယင်းသို့လျှောက်ထားလျှင် မင်းကြီးသည်
လွန်စွာဝမ်းမြောက်သွား၏။ ပီတိအပြုံးနှင့်
ကြည့်ပြီး-
အချင်းသီလရက္ခိတ...သင်၏စောင့်
ထိန်းခြင်းသည် အံ့ဖွယ်ရှိ၏။
အသက်ကိုစွန့်၍ စောင့်ထိန်းခြင်းဖြစ်သဖြင့်
ငါ့ကိုပင် တုန်လှုပ်စေခဲ့၏။
ထို့ကြောင့် ယနေ့မှစ၍ သင့်အား
စားတော်ကဲအရာ မထားတော့ပြီ။
သင်သည် ချမ်းသာစွာ အသက်မွေးလော့
ဟု မိန့်ကြားပြီးနောက်
စားတော်ကဲသီလရက္ခိတအား
ဆင်တစ်ရာ၊ မြင်းတစ်ရာ၊ အလုပ်အကျွေး
ပြုစုသူတစ်ရာ ချီးမြင့်ခဲ့၏။
ထိုမျှပင်မကဘဲ...တန်ဆာဆင်အပ်သော
အမျိုးသမီးတစ်ရာ၊ အခွန်တစ်သိန်းထွက်
သည့်ရွာကြီးရှစ်ရွာနှင့်တကွ သူဋ္ဌေး
အဆောင်အယောင်အား ပေးအပ်နှင်းခဲ့၏။
သည်အခါ သီလရက္ခိတက-
အရှင်မင်းမြတ်...အရှင်မင်းမြတ် ချီးမြင့်သည့်
သူဋ္ဌေးအရာနှင့်ညီသော နေရာနှင့်အိမ်ရာမြေ
ကို ချီးမြှင့်တော်မူပါ ဟု လျှောက်ရာ သူဋ္ဌေး
ဟောင်းများနေခဲ့သည့် နယ်မြေဟောင်းအား
ချီးမြှင့်ခဲ့၏။

ပစ္စုပ္ပန်သံသရာ အကျိုးပြုခြင်း
•••••••••••••••••••••••••••••••••••••••
သီလ၏အကျိုးကား အဆုံးမရှိပြီ။
သီလရက္ခိတသည် နေအိမ်ဆောက်လုပ်ရန်
မြေတူးရာ ရွှေအိုးများသည် မြေအပြည့်
ပေါ်ပေါက်ခဲ့၏။
ရွှေအိမ် (၆၀)တိုက်ရိုက်ပေါ်ခဲ့ခြင်းသည်
အသက်ဇီဝိတဒါန မည်၏။
သီလရက္ခိတသည် ရွှေအိုးများပေါ်လျှင်
မင်းကြီးရှေ့တော်သို့ဝင်ကာ ရွှေအိုးများ ပေါ်
ခဲ့သည်ဖြစ်၍ သိမ်းတော်မူပါ ဟု လျှောက်၏။
မင်းကြီးက-
သီလရက္ခိတ...ဤကား သူတစ်ပါးအသက်အား သတ်ဖြတ်ခြင်းမှ အသက်ပး၍ ရှောင်ကြဉ်ခဲ့သည့်အကျိုး ဖြစ်သည်
အံ့ဖွယ်အကျိုးတည်း။ ယခု ရွှေအိုးပေါ်ခြင်းသည် သင်၏သီလတန်ခိုး၊ ဇီဝိတဒါန အကျိုးဆက်ကြောင့် ဖြစ်သဖြင့် ငါနှင့်မဆိုင်။
သင်နှင့်သာ ဆိုင်သင့်သည် ဟု ဆိုကာ ပေးလေ၏။

စင်စစ် သီလအကျိုးဆက်သည် အကျိုးပေး
ကြီးလှ၏။
သီလရက္ခိတသည် သေလွန်လျှင် တာဝတိံ
သာနတ်ပြည်၌ ယူဇနာ (၆၀) ရှိသော ဗိမာန်နှင့်
သီလရက္ခိတနတ်သားအဖြစ် ထင်ရှားခဲ့၏။

မင်းကြီးသည် အသက်နှင့်လဲ၍ ဇီဝိတဒါန
ပြုခဲ့သော သီလရက္ခိတအကြောင်းအား
ဘုရားရှင် ကျောင်းတော်သို့ရောက်၍
ဘုရားရှင်အား လျှောက်ထားရာ-

သီလရက္ခိတ၏ သီလစောင့်ထိန်းခြင်း၊
အသက်နှင့်လဲ၍ ဇီဝိတဒါနပြုခဲ့ခြင်းတို့
ကြောင့် ရရှိသော အကျိုးကား
ကြီးမား၏ ဟု မိန့်ကြားပြီးနောက်
သီလရက္ခိတနတ်သားသည် ဘုရားရှင်အား
ရှိခိုး၏။ မင်းကြီးက-
အသင်နတ်သား...အသင်နတ်သားက
အခြွေအရံလည်းများလှ၏။ တန်ခိုးလည်း
ကြီးလှ၏။ အဘယ်နတ်သားဖြစ်သနည်း ဟု
မေးလျှောက်၏။ ဘုရားရှင်က-
ဤအကြောင်းကား နတ်သားကပင်
ပြောပြလိမ့်မည်ဟု မိန့်ကြား၏။
သည်အခါ နတ်သားက-
သူတစ်ပါးအသက်ကို မသတ်ဘဲ
သိက္ခာပုဒ်ကိုစောင့်ခြင်း၊ မိမိ၏အသက်ကို
မငဲ့ကွက်ဘဲ ဇီဝိတဒါနပြုခြင်းအကျိုးကြောင့်
ယခုနယ် ခံစားရခြင်းဖြစ်သည် ဟု ဖြေကြားပြီး-
အရှင်မင်းကြီး...မမေ့မလျှော့ လူ့ကျင့်
ဝတ်နှင့် ပြည့်စုံစွာနေပါလော့ ဟု မှာကြားပြီး
နတ်ပြည်သို့ ပြန်သွားလေသည်။ ။

(အင်္ဂုတ္တရနိကယ်၊ စားဖိုသည်ဝတ္ထု )

သီလ၏ အကျိုးတရားများ
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
သီလကို စောင့်ထိန်းက
ကောင်းသော အကျိုးတရားများကို
ခံစားကြရမည် ဖြစ်၏၊ ယင်းအကြောင်းတို့
ကား-

၁။ မမေ့လျော့ခြင်းကြောင့်
များစွာသော စည်းစိမ်အစုကို ရရှိခြင်း၊

၂။ ကောင်းသော ကျော်စောသတင်း ပျံ့နှံ့
ထွက်ခြင်း၊

၃။ ပရိသတ်အလယ်သို့ မကြောက်မရွံ့၊
မျက်နှာ မညှိုးမငယ် ချဉ်းကပ်ရခြင်း၊

၄။ မတွေမဝေသေရခြင်း၊

၅။ အချိန်တန်၍ သေပြီးနောက် နတ်ပြည်
ရောက်ရခြင်း
စသော အကျိုးတရားများပင်ဖြစ်သည်။

သီလစောင့်ထိန်းခြင်းအတွက်
ဖော်ပြပါအတိုင်း
ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန်ကောင်းကျိုး
သာမက နိဗ္ဗာန်အထိရောက်စေနိုင်သော
ကောင်းကျိုးများကို ရရှိနိုင်ပါသည်။

ထို့ကြောင့်ပင် သီလကို
" ကုသိုလ်အားလုံးတို့၏ အစ " ဟု
ဖော်ပြကြခြင်းဖြစ်ပါ၏။

(သုတ်မဟာဝါ၊ မဟာပရိနိဗ္ဗာနသုတ်)
Crd

--------------------------------

#မူရင်းရေးသားပူဇော်သူ၊ #အဆင့်ဆင့်မျှဝေသူများကို #လေးစားစွာဂါရဝပြုပြီး
#ထပ်ဆင့်ဓမ္မဒါနပြုပါသည်။🙏🙏🙏

25/08/2023

ဘုရားဖူးပဲဖြစ်ဖြစ် ၊ အပန်းဖြေခရီးပဲဖြစ်ဖြစ် ၊ လုပ်ငန်းကိစ္စပ ဖြစ်ဖြစ် ကျွမ်းကျင်သောယဉ်မောင်းတွေနဲ့ ကြံ့ခိုင်သောကားမျာကိုသာ အသုံးပြာထားပါကြောင် မိဘပြည်သူများကိုအသိပေးအပ်ပါသ်ည်။
ဆက်သွယ်ရန် 09254610434

22/08/2023

ကိုယ့်အပေါ် မေတ္တာ အစစ်အမှန် ပေးတဲ့သူကို
မပြစ်မှားပါနဲ့

မေတ္တာတရားဆိုတဲ့ စကားလုံးလေးဟာ
အင်မတန်မှ ကြားလို့ကောင်းတယ်
နာလို့ကောင်းတယ် ခံယူလို့ကောင်းတယ်
သိမ်မွေ့တယ် နူးညံ့တယ်လို့ ခံစားရတယ်
ဒါပေမဲ့
အင်မတန် ထက်မြက်တဲ့ ဓားတစ်ချောင်း
မိုးကြိုးတစ်စင်း လိုလည်းဖြစ်​နေတတ်တယ်။

စစ်စစ် မေတ္တာ တရားလို့ ရွတ်ဆိုလိုက်လျှင်
သူနောက်မှာ စေတနာပါတယ်
စေတနာနဲ့ ကပ်လျှင် မှဂရုဏာတရား ပါတယ်
ဂရုဏာ ဆိုတဲ့သဘောတရားနောက်မှာ
သနားကြင်နာမှု တွေကျန်သေးတယ်
ဒါနဲ့ တင်မပြီးသေးဘူး
ကိုယ်အတွက် ခွန်အားတချို့ကိုပါ ဖြစ်တည်စေတယ်။

ဒါကြောင့်
ရှေ့ပညာရှိတွေက ပြောကြတယ်
မေတ္တာ မစူး စေနဲ့ တဲ့
မေတ္တာတရား ကိုနားမလည်တဲ့သူ
တန်ဖိုးမထားတဲ့ သူတွေဟာ ဝဋ် လည်တဲ့အပြင်
မေတ္တာတရားစူး ရှ တဲ့ဒါဏ်ကိုပါ ခံစားရတတ်တယ်။

လောကမှာ တစ်ချို့ သောလူတွေ
မေတ္တာတရား နားမလည်ကြဘူး
သူတို့ အတ္တတွေအတွက်
ကိုယ်ချင်းစာတရား နည်းပါးကြတယ်
သူတို့ မာနအတွက်
တစ်ဖက်လူရဲ့ ခံစားချက်ကို မစာနာတတ်ကြဘူး
အဲ့ဒီလို လူတွေဟာ မေတ္တာစူးတတ်တယ်။

ဒါကြောင့် ကိုယ့်အပေါ်ကို
မေတ္တာ တရားထားပေးတဲ့သူ
ဝေမျှပေးတဲ့ သူတွေကို
မနာကျင်စေနဲ့၊မထိခိုက်စေနဲ့
မလိုချင်ရင်တောင် ၊မစော်ကားမိစေနဲ့
ဝမ်းနည်းမှုတွေကိုပြန်မပေးမိစေနဲ့။

အဲဒီလူတွေမရှိတော့တဲ့အချိန်ကာလ တစ်ခုမှ
ကိုယ်ပြုသမျှတွေကဝဋ်ကျွေး ပြန်လိုက်တတ်တဲ့အပြင်
မေတ္တာတွေက ပြန်လည်ပြီး စူးတတ်တယ်။

ဘဝမှာ ကိုယ့်အပေါ်ကောင်းတဲ့ သူတွေကို
ထိခိုက်ကြေကွဲ ဝမ်းနည်းစေခြင်းဟာ
ကိုယ့်အတွက်ပြန်လည်ပြီး ပေးဆပ်ရမယ်
ဝဋ်ကျွေး ကံကြမ္မာတစ်ခုကို မိမိအတ္တအတွက်နဲ့
ရယူလိုက်ခြင်းပဲလို့သတိပြုကြရမယ်။

ပါမောက္ခချုပ်ဆရာတော်

10/02/2023

မြန်မာပြည် တွင်း ခရီးသွားဘုရားဖူးသူများစျေးနူန်းမေးလိုသူများ အောက်ပါmessengerတွင်ရေးပါခြင်းဖြင့်စုံစမ်းမေးမြန်နိုင်ပါကြောင်း အသိပေးအကြောင်းကြားပါသည်။

Golden Land မှ အောက်ပါအဆင့်မြင့်ကားတွေ ကားဌားနိုင်ပါသည်။09400090932 / 0936881029
05/02/2019

Golden Land မှ အောက်ပါအဆင့်မြင့်ကားတွေ ကားဌားနိုင်ပါသည်။
09400090932 / 0936881029

အဆင်ပြေဆုံး ၊ အကောင်းဆုံးတွေပြင်ဆင်ထားပါတယ်။09400090932 / 0936881029
04/02/2019

အဆင်ပြေဆုံး ၊ အကောင်းဆုံးတွေပြင်ဆင်ထားပါတယ်။
09400090932 / 0936881029

04/02/2019

ကားမျိုးစုံ အချိန်အခါမရွေး အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်ပြီးဌားရန်နိုင်ပါသည်။
09400090932 / 0936881029

Address

Room No. (301), Building C-2, Ba Htoo Housing, North Dagon Township
Yangon
11181

Telephone

09400090932

Website

Alerts

Be the first to know and let us send you an email when Golden Land Car Rental Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category