Myanmar Professional Driving Academy

Myanmar Professional Driving Academy ပရော်ဖက်ရှင်နယ်ယာဉ်မောင်းကောင်းဖြစ်ဖို့ MPDA မှာတက်ကြစို့ Service & Community

နေ့စဉ်လမ်းကိုအသုံးပြု၍လှုပ်ရှားနေသောယာဥ်မောင်းများ၊လမ်းအသုံးပြုသူများအတွက် #သိသင့်သိထိုက်သောအချက်များ ၊  #ဆောင်ရန်ရှောင်...
06/09/2022

နေ့စဉ်လမ်းကိုအသုံးပြု၍
လှုပ်ရှားနေသောယာဥ်မောင်းများ၊
လမ်းအသုံးပြုသူများအတွက်
#သိသင့်သိထိုက်သောအချက်များ ၊
#ဆောင်ရန်ရှောင်ရန်
အချက်များ ကိုလေ့လာ၊ မှတ်သားပြီး
ယာဥ်များအန္တရာယ်ကင်းရှင်းစေရေးအတွက်
ရည်ရွယ်ပြီး အမှန်တကယ်
သိရှိလေ့လာပြီး၊ လိုက်နာရမည့်
အချက်များ မျှဝေပေးရခြင်းဖြစ်ပါသည်။

(၁) မော်တော်ဆိုင်ကယ်စီးသူများလိုက်
နာရန်စည်းကမ်းများ၊
(၂) စက်ဘီးစီးသူများလိုက်နာရန်စည်း
ကမ်းများ၊
(၃) ခြေကျင်လျှောက်သူများလိုက်နာရန်
စည်းကမ်းများ၊
(၄) အနှေးယာဥ်များလိုက်နာရန်စည်း
ကမ်းများ၊
(၅)ယာဥ်တန်းများလိုက်နာရန်စည်းကမ်း
များ၊
(၆)ကုန်တင်ယာဥ်များသတိပြုလိုက်နာ
ရန်စည်းကမ်းများ၊
(၇) စင်းလုံးငှားတက္ကစီယာဥ်များလိုက်
နာရန်စည်းကမ်းများ၊
(၈) ခရီးသည်တင်ဘတ်စ်ကားယာဥ်
များလိုက်နာရန်စည်းကမ်းများ၊
(၉) ဘတ်စ်ကားစီးခရီးသည်များလိုက်
နာရန်စည်းကမ်းများ၊
(၁၀) သင်ယာဥ်မမောင်းမီအောက်ပါ
အချက်များစစ်ဆေးပါ
(၁၁)မော်တော်ယာဥ်မောင်းသူများလိုက်
နာရန်စည်းကမ်းများ၊အထွေထွေစည်း
ကမ်းများ၊
(၁၂) ယာဥ်မောင်းကြစို့၊
(၁၃) ရှေ့ယာဥ်ကိုဘယ်လိုကျော်တက်
မလဲ၊
(၁၄) ဘယ်လိုနောက်ဆုတ်မလဲ၊
(၁၅) ဘယ်အချိန်ဘယ်လိုမီးဖွင့်မောင်း
မလဲ၊
(၁၆) ဘယ်လိုရပ်မလဲ၊
(၁၇) ဘယ်လိုကွေ့မလဲ၊
~ နှစ်လမ်းမောင်းလမ်းမှတစ်လမ်း
မောင်းလမ်းသို့ကွေ့ဝင်လိုလျှင်၊
~တစ်လမ်းမောင်းလမ်းမှနှစ်လမ်း
မောင်းလမ်းသို့ကွေ့ဝင်လိုလျှင်၊
~ "ဂ" ကွေ့
(၁၈) ဘယ်လိုဦးစားပေးမလဲ၊
(၁၉) ယာဥ်တိုက်မှုဖြစ်လျှင်၊
(၂၀) ယာဥ်မောင်းလိုင်စင်/စပယ်ယာ
လိုင်စင်၊
(၂၁) လမ်းပေါ်တိရစ္ဆာန်ထိန်းကျောင်း
သူများလိုက်နာရန်စည်းကမ်းများ
(၂၂)မော်တော်ယာဥ်နံပါတ်ပြားများ
သတ်မှတ်ချက်များကို
သိရှိလေ့လာလိုသူများအတွတ်
အသေးစိတ်မကြာမှီ
၁ချက်ချင်းတင်ပေးပါမည်။
အင် ကြင်း
သင်တန်းကျောင်း မှ
စာတွေ့သင်ခန်းစာများကိုဦးစားပေးပြီး
အဆိုပါသင်ခန်းစာများကို
စာတွေ့(၅)ချိန်တိတိ ခေတ်မှီ Power Point ဖြင့်
YouTube Channel မှ သင်ခန်းစာများနှင့်အတူ
သင်ကြာပြသပေးနေသောသင်တန်းကျောင်း
ဖြစ်ပါသည်။ — at အင်ကြင်း ယာဉ်မောင်းသင်တန်းကျောင်း.

စင်ကာပူ ကို ကားမောင်းနဲ့လာချင်တယ်၊ မြန်မာပြည်လိုင်စင်ရှိတယ်၊  ဘယ်လိုလုပ်ရမလဲ ?******************************************...
07/08/2022

စင်ကာပူ ကို ကားမောင်းနဲ့လာချင်တယ်၊
မြန်မာပြည်လိုင်စင်ရှိတယ်၊ ဘယ်လိုလုပ်ရမလဲ ?
******************************************
အရှင်းဆုံးအဖြေ -
စလုံးမှာ ၆ လ ကနေ ‌ ၁ နှစ်ခွဲ၊ ၂ နှစ် အထိ
အချိန်တစ်ခုပေးပြီး ကြိုးစားမှရပါမယ်။

စင်ကာပူလိုင်စင်လိုချင်ရင် အနည်းဆုံး
စလုံးမှာ အလုပ်တခုခုလုပ်ပြီး စလုံး MOM က
ထုတ်ပေးထားတဲ့ Permit Card ရှိရပါမယ်။
ဒါက အခြေခံအဆင့် ….

Social Visit နဲ့ လာပြီး Passport ရှိရုံနဲ့
လုပ်လိုမရဘူးလို့ ဆိုလိုတာပါ ခင်ဗျာ ….

နိူင်ငံရဲ့ အခြေအနေအရပ်ရပ်ကြောင့်
ပြင်ပနိူင်ငံတွေကို အလုံးအရင်းနဲ့ ထွက်နေကြတဲ့
ညီအကို မောင်နှမတွေကို ကိုယ်ချင်းစာပါတယ်။

ဒီရက်ပိုင်း အမေးများလွန်းအားကြီးနေတဲ့
မေးခွန်းတခုမို့ Post လေးတခုအနေနဲ့ ရေးမှ
ရှင်းသွားမှာမို့ပါ သေချာစွာဖတ်ပေးစေချင်
ပါတယ်ခင်ဗျာ ….

မြန်မာပြည်လိုင်စင်ရှိတယ်
စင်ကာပူမှာ ကာားမောင်းချင်တယ် ဆိုရင် ….

ရော … ဒါ ငါ့ - မြန်မာလိုင်စင် … ပေး ...
မင်းတို့ စင်ကာပူလိုင်စင် ဆိုပြီး လုပ်သလောက်
မလွယ်ကူဘူးဆိုတာ ပထမဆုံးအနေနဲ့ သိစေချင်
ပါတယ်။

အဲလိုသာရနေရင် စင်ကာပူနိူင်ငံက
သူတွေတောင် ကားမောင်းတဲ့ အလုပ်ရမှာ
မဟုတ်ဘူး။ ကိုယ်တွေနိူင်ငံကလူတွေနဲ့တင်
ပြည့်နေမှာ …..
စလုံးလို ကိန်း ဂဏန်းကြီးတဲ့
နိုင်ငံဆိုတော့ ပိုဆိုးတာပေါ့ …

စင်ကာပူမှ မဟုတ်ပါဘူး ဘယ်နိူင်ငံမဆို …
နိူင်ငံတခုရဲ့ ယာဉ်မောင်းလိုင်စင်ရဖို့ဆိုတာ
မလွယ်ပါဘူးခင်ဗျာ။

ကိုယ့်မြန်မာနိူင်ငံမှာတောင် လိုင်စင်
အနက် / အညို / အနီ ရဖို့တောင် မလွယ်တာ
စင်ကာပူလို ကိန်းဂဏန်းကြီးတဲ့ နိူင်ငံဆို
ပိုလို့တောင်ဆိုးတာပေါ့ ခင်ဗျာ ….

အတိုဆုံးနဲ့ နားလည်လွယ်အောင်ပြောရရင်တော့ …
မြန်မာပြည်ကယူလာတဲ့ မြန်မာ (လိုင်စင်အနီ)
မကဘူး International License ပဲ ယူလာခဲ့
ယူလာခဲ့ သေချာလေးသိမ်းပြီး မေ့ထားလိုက်တော့
စလုံးမှာ Professional နဲ့ မောင်းမယ်ဆိုရင်
အဲတာတွေ ဘာမှ အသုံးမဝင်တဲ့အနေအထား
ဖြစ်အောင် Law တွေကို 2015 နောက်ပိုင်းမှာ
ကတည်းက ပြောင်းလိုက်ပါတယ် ခင်ဗျာ။

ဒီနေရာမှာ ပြောစရာ ၂ ချက်ရှိပါတယ်။

ပထမတခု က အေးဂျင်းနဲ့ လာမယ်။
အေးဂျင်းခ SGD 4000 / 4500 လောက်
ကုန်ကျမယ်။
ကားမောင်းရမယ်၊
လိုင်စင် ကို စလုံးရောက်မှ ဖြေရမယ်။

ဒုတိယတခုက
ရရာအလုပ်နဲ့ လာမယ်၊ စလုံးကျမှ
လိုင်စင်ဖြေမယ်။
လိုင်စင်ရမှ ကားမောင်းတဲ့ အလုပ်ကို ပြောင်းမယ်။
ထိုအချက် ၂ ချက်ရှိပါတယ်။
ခေတ်အနေအထားအရ
ပထမ အချက်လိုမျိုး လုပ်တဲ့
Agent အတော်ကိုရှားပါတယ်။
လာချင်ရင်တောင် ဘုရားပွင့်အောင် စောင့်ရမလို
လောက်ကို ကြာနိူင်တဲ့ အခြေအနေ။
ဆောက်ဖြစ်မှ
ကျောင်းဒကာဖြစ်မယ် အနေအထားမျိုးမို့ ….

အရင်ကတော့ရှိခဲ့တယ်။
အခုတော့ စလုံးသူဌေးတွေ
အဲလောက်အလုပ်ရှုပ်မခံတော့ဘူး။
လိုင်စင်ရပြီးတော့မှ အလုပ်ထွက်သွားရင်
သက်သက်အာရုံနောက်နေရအုန်းမယ်။
အဲလိုမဖြစ်အောင် Bond ထိုး ပြန်ရင်လည်း
စကားတွေအများကြီး ပြောရအုန်းမယ်။

အသေအချာဆုံးကတော့ ဒုတိယ အချက်ပဲ ….
ဒုတိယအချက်ကို ရွေးလိုက်ပြီဆိုတာနဲ့ ….
စလုံးမှာ အလုပ်တခုခု လုပ်နေရင်း
အားတဲ့အချိန်တွေမှာ လိုင်စင်ဖြေဖို့
ကြိုးစားရပါမယ်။

စင်ကာပူ လိုင်စင်ရဖို့အတွက် (သို့) စင်ကာပူမှာ
ကုန်တင် ကားသေး(ဥပမာ ၁၀ပေ canter လောက်)
ကို Professional မောင်းနိူင်ဖို့ သို့မဟုတ်
စလုံး Class 3 လိုင်စင် ရဖို့ဆိုရင်
အချိန် ၂ နှစ် နဲ့ ကုန်ကျစရိတ် SGD 1500 ကနေ
2000 နီးပါးလောက် ကုန်ကျမှာ ဖြစ်ပါတယ်။

ထိုကုန်ကျစရိတ်တွေက
တကြိမ်တည်းနဲ့ အောင်မှ ရမဲ့
ကုန်ကျစရိတ်တွေဖြစ်ပါတယ်။

တကြိမ်တည်းဖြေပြီးအောင်ဖို့ဆိုတာ
သိပ်တော့ မလွယ်လှပါဘူး။ တကြိမ်တည်းဖြေလို့
မ - အောင်ရင် …. ကုန်ကျစရိတ်တွေ ထပ်ကုန်ပါ
မယ်။ အချိန် ၁ လ / ၂ လ / ၃ လ ထပ်ကုန်မယ်
စသဖြင့်ပေါ့ …..

တကြိမ်တည်း
အောင်သွားရင်တော့ အတိုင်းအထပ်အလွန်ပေါ့ ….
ဟုတ်ပြီ ….
Class 3 လိုင်စင် လက်ထဲရပြီဆိုတာနဲ့
စာဖတ်သူအတွက် အလုပ်တွေက
တန်းစီနေတော့တာပဲ …..

Class 3 ကိုင်ဆောင်ထားတဲ့ သူတွေအနေနဲ့
လစာ SGD1800-SGD 2500 ဍပတ်ဝန်းကျင်
ဆိုတာ ပြေးလို့မလွတ်ပါဘူးခင်ဗျာ ….

ထိုမှတဆင့်ထပ်ပြီး ကြိုးစားမယ်၊
အားတဲ့အချိန်တွေကို တိုးတက်မှုအတွက်
ရင်းနှီးမြှပ်နှံမယ်ဆိုရင် Class 4
ကားကြီးမောင်းလိုင်စင် ) ဖြေဖို့
အခွင့်အရေးတွေရှိပါသေးတယ်။

Class 4 ကတော့ ကုန်ကျစရိတ်ကတော့
SGD 1000 ကနေ 1500 ဝန်းကျင်ရှိပါတယ်။ Class 4 ကိုင်ဆောင်ထားနိူင်ရင်တော့
လစာအားဖြင့် SGD 3000 / 4000 / 5000
မက ရနိင်ပါတယ်ခင်ဗျာ ….

အဝေးရောက် မြန်မာနိူင်ငံသားများအားလုံး အဆင်ပြေအောင်မြင်ကြပါစေ
လေးစားလျှက်
ကိုထက်ကြီး
( စင်ကာပူယာဉ်မောင်း အတွေ့အကြုံများ )

မော်တော်ယာဉ်မောင်းနှင်သူတိုင်းသတိထားလိုက်နာရမည့် အချက်များ…
26/07/2022

မော်တော်ယာဉ်မောင်းနှင်သူတိုင်း
သတိထားလိုက်နာရမည့် အချက်များ…

ယာဉ်တိုက်ခိုက်မှုအားလုံး၏ ၃၅% သည်အရှိန်ပြင်းစွာမောင်းနှင်ခြင်းကြောင့်ဖြစ်သည်။“ထူးခြားဖြစ်စဉ်” #ယာဉ်မှာထပ်ပိုင်းပြတ်ကာရပ်...
06/06/2022

ယာဉ်တိုက်ခိုက်မှုအားလုံး၏ ၃၅% သည်
အရှိန်ပြင်းစွာမောင်းနှင်ခြင်းကြောင့်ဖြစ်သည်။
“ထူးခြားဖြစ်စဉ်”
#ယာဉ်မှာထပ်ပိုင်းပြတ်ကာရပ်တန့်
🚗🚕🚙🚐🚚🚛
၆.၆.၂၀၂၂ ရက်နေ့၊ ၀၈ ၁၉အချိန်ခန့်၊
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊
မိုင်တိုင်အမှတ်(၁၄၇/၀)ဖာလုံတွင်
ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့
မောင်းနှင်လာသော MARK ll အမျိုးအစား
(အဖြူရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ
လမ်းလယ်ကျွန်းရှိ ခရေပင်နှင့်ထမ်းပင်တို့အား
ဝင်‌ရောက်တိုက်မိပြီး ‌ယာဉ်မှာထပ်ပိုင်းပြတ်ကာ
ရပ်တန့်နေကြောင်း သတင်းရရှိသဖြင့်
ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်း
မီးသတ်တပ်ဖွဲ့ဝင်(၁+၄)ဦး၊ဇီးပင်သာ
အမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်
အတူ ကယ် ဆယ်ရေးလုပ်ငန်းများ
ဆောင်ရွက်ခဲ့ရာ။

အဆိုပါယာဉ်တိုက်မှုကြောင့်
ယာဉ်ပေါ်ပါ ကျား(၁)ဦး၊ တပ်ဖွဲ့ပိုင်ယာဉ်ဖြင့်၊
တောင်ငူပြည်သူ့ဆေးရုံသို့ပိုဆောင်စဉ်
သေဆုံးသွားခဲ့။
================================
အမြန်လမ်းမကြီးပေါ်တွင် သွားလာနေကြသောမိဘပြည်သူခရီးသွားများ အဆင်ပြေစေရန်အတွက်အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ(၂၄)နာရီ ကူညီဆောင်ရွက်ပေးရန်အသင့်ရှိနေပါသည်။
"အမြန်လမ်းမီးသတ်တပ်ဖွဲ့"
Hotline 1️⃣9️⃣1️⃣
09 444 111 150
09 256 544 591
09 428 956 191
"Photo Highway Fire"
အင် ကြင်း

 #အာမခံအကြောင့်လေ့လာရန်(၁) ကားအာမခံ(၂) လူအာမခံ(၃) အသက်အာမခံ အကြောင်းလေးပါ။ #ကားချင်းတိုက်တာ #မလျော်နိုင်လို့အချုပ်ထဲရောက...
26/05/2022

#အာမခံအကြောင့်လေ့လာရန်
(၁) ကားအာမခံ
(၂) လူအာမခံ
(၃) အသက်အာမခံ အကြောင်းလေးပါ။
#ကားချင်းတိုက်တာ
#မလျော်နိုင်လို့အချုပ်ထဲရောက်နေသူ
Taxi ဆရာကိုတင်စိုးဦးမိတ်ဆွေသူငယ်ချင်းများဒီပို့စ်မြင်ရင်အာမခံပေးနိုင်ရန်ပါ။

ကိုအရည်ကြိုရေ
ညိီလေး နာမည် တင်စိုးဦး ပါအကို
ကားတိုက်တာ အာမခံပေးမဲ့သူမရှိလို့
ရဲအာမခံတောင်ဘယ်သူမှမလာကြ လို့ ခု အထဲကနေမထွက်ရတာပါ
ညီလေးကအုံနာကြေးပေးပြီးTaxi
ကားမောင်း တာ ပါ အကို

ခုကိစ္စ အုံနာ လဲလိုက် မလာဘူး
(အုံနာမှန်ပါတယ် သူကားပျက်စီးသွားတာကိုး)

အာမခံကလဲ ညီလေးအုံနာက ပထမ ထားထား ထယ်တဲ့ အကို နောက် ကျ သက်တမ်း မတိုးထား ဘူး တဲ့


ကျနိတော်က တစ်ကောင် ကြွက် ဖြစ်နေ လို့ ယာဥ် ထိနိး ရဲ အာမခံ ပေး တာ တောင် အာ မ ခံ မဲ့သူ မရှိ လို့ ခု ထိ ယာဥ်ထိန်း အချုပ် ခန်း က နေ အပြင်မထွက်ရသေး ပါ ဘူး

ပြိးခဲ့တဲ့ လက ၂၆ရက်နေ့က ဖြစ်တာ ဆို ခု ဆို တလပြည့် ခါ နီး ပါပီ။

အကိူ လဲ အပူ ကပ် မိထာ တောင်းပန် ပါ ထယ် အကို ကျေးဇူးလဲ အထူး တင် ပါထယ် အကို 🙏

ကျွန်တော် အပြင်ရောက် မှ ဘဲ အလုပ် လုပ်နေရင်း ရှာဖွေ ပြိး တက်ဖက် ကား ကို လျော် ကြေးဆပ် ချင် လို့ပါ အကို

အုံနာ က ပြော ထာ တေ့ာ မင်း အဲ ဘက်က ကို ဖာသာ ရှင်းတဲ့ ငါ့ကားကိုတော့ မင်နောက်မှ လုပ်တဲ့ အဲ လို ပြော ထာ ပဲ အကို

ရူံး ချိန်းနေ့ အာမခံ အဆင်မပြေ ရင် ခက် မှာ မလို့ အကို ဆိ ရလို ရငှား ပြောကူ ညိတောင်း ကြည့် ထာပါ အကို

ထောင် ထဲ နေ ရရင် တော့ အပြင်နဲ့ အဆက်သွယ် ပြတ် ပြိး ဘာ မှ လုပ် ဖြစ် မှာ မဟုတိ ဘူး အကို
အပြင်ရောက်မှ အပြင်ကနေ ကြိုစား ပြိး ဖြေရှင်း နိင်မယ် ထင်ထယ် အကို

မှ
တင်စိုးဦး

===========================
AYK insurance Service
Claim Team ၏အကြံပြုချက်

AYK Claim Team အကြံပြုချက် (1)

ကိုတင်စိုးဦးရေ

- လူမသေတာဖြစ်တဲ့အတွက် အာမခံရပါတယ်။

ယာဉ်မောင်းကိုအာမခံထုတ်မယ်ဆိုရင်ရဲမှယုံကြည်နိုင်ဖွယ်ရှိသူနှစ်ဦးမှ/မိမိရပ်ကွက်တွင်အမှန်တကယ်နေထိုင်ကြောင်းရပ်ကွက်ထောက်ခံစာနဲ့မှတ်ပုံတင်သန်းခေါင်စာရင်းမူရင်းပြမိတ္တူပေးပြီးအာမခံထုတ်လို့ရပါတယ်

ယာဉ်မောင်းထွက်လာပြီဆိုတာနဲ့တဖက်ယာဉ်ပျက်စီးဆုံးရှုံးမူကိုညှိနှိုင်းပြီးအဆင်ပြေတယ်ဆိုရင်တရားရုံး

ရုံးချိန်းရက်တွင်ကြေအေးရုတ်သိမ်းတင်ပြီးအမူပိတ်လို့ရပါတယ်

တရားရုံးတွင်ကြေအေးရုတ်သိမ်းတင်သည့်ရက်တွင်တဖက်ယာဉ်မှကြေအေးကြောင်းလက်မှတ်ကိုတရားရုံးတွင်လာထိုးပေးရမှာဖြစ်ပါတယ်

အာမခံယူပြီးရင်လဲညှိနိုင်းဆောင်ရွက်တာကိုအကြိမ်ကြိမ်လုပ်ရမှာပါဗျ

ယာဉ်တိုက်မူမှာလူမသေဘူးဆိုရင်အာမခံပေးရတဲ့အမူဖြစ်ပါတယ်

နစ်နာသူကိုမှားယွင်းသူမှတာဝန်ယူဆောင်ရွက်ပေးရပါတယ်

မှားယွင်းသူမှညှိနှိုင်းဆောင်ရွက်ပေးသော်လည်းနစ်နာသူဘက်မှကြေနပ်လောက်သည်အထိမဖြစ်လို့အမူဖွင့်ပြီးတရားရုံးရောက်သွားရင်တရားသူကြီးရဲ့အဆုံးအဖြတ်သာအတည်ဖြစ်ပါတယ်

တရားရင်ဆိုင်နေစဉ်ကာလအတွင်းမှားယွင်းသူမှနစ်နာသူကိုတတ်နိုင်သလောက်အကြိမ်ကြိမ်တောင်ပန်ညှိနိုင်းဆောင်ရွက်ခဲ့တာမျိုးရှိနေမှသာလျင်တရားသူကြီးမှထောင်မချဘဲလစဉ်အတိုင်းအတာသတ်မှတ်ပြီးလျော်ခိုင်းတာမျိုးရှိနိုင်ပါတယ်

လုံးဝမလျော်နိုင်ဘူးဆိုရင်တော့ထောင်ကျဖို့သေချာနိုင်ပါတယ်

AYK Claim Team အကြံပေးချက် (2) -

ကိုတင်စိုးဦးရေ

(၁)ဘေးအန္တရာယ်ဖြစ်လောက်အောင်ပေါ့ဆစွာဖြင့်ယာဉ်မောင်းနှင်မှု(လူထိခိုက်မှုမရှိ)ရာဇသတ်ကြီးပုဒ်မ-၂၇၉သည်အာမခံရနိုင်သောပုဒ်မဖြစ်ပြီးပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်အမြင့်ဆုံးပြစ်ဒဏ်မှာထောင်ဒဏ်(၂)နှစ်။

(၂)ဘေးအန္တရာယ်ဖြစ်လောက်အောင်ပေါ့ဆစွာဖြင့်ယာဉ်မောင်းနှင်မှု‌ေကြာင့်လူထိခိုက်ဒဏ်ရာရမှု(သာမာန်ဒဏ်ရာ)ရာဇသတ်ကြီးပုဒ်မ-၃၃၇သည်အာမခံရနိုင်သောပုဒ်မဖြစ်ပြီးပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်အမြင့်ဆုံးပြစ်ဒဏ်မှာထောင်ဒဏ်(၂)နှစ်။

(၃)ဘေးအန္တရာယ်ဖြစ်လောက်အောင်ပေါ့ဆစွာဖြင့်ယာဉ်မောင်းနှင်မှု‌ေကြာင့်လူထိခိုက်ဒဏ်ရာရမှု(ပြင်းထန်ဒဏ်ရာ)ရာဇသတ်ကြီးပုဒ်မ-၃၃၈သည်အာမခံရနိုင်သောပုဒ်မဖြစ်ပြီးပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်အမြင့်ဆုံးပြစ်ဒဏ်မှာထောင်ဒဏ်(၃)နှစ်မှ(၅)နှစ်ထိ။

(၄)ဘေးအန္တရာယ်ဖြစ်လောက်အောင်ပေါ့ဆစွာဖြင့်ယာဉ်မောင်းနှင်မှု‌ေကြာင့်လူထိခိုက်သေဆုံးမှုရာဇသတ်ကြီးပုဒ်မ-၃၀၄-ကသည်အာမခံမရနိုင်သောပုဒ်မဖြစ်ပြီးပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်အမြင့်ဆုံးပြစ်ဒဏ်မှာထောင်ဒဏ်(၅)နှစ်မှ(၇)နှစ်ထိ။

(မှတ်ချက်)
လူထိခိုက်မှု/လူသေဆုံးမှုရှိလျှင်ဖြစ်စေ၊

- လူထိခိုက်သေဆုံးမှုမရှိပဲပစ္စည်းပျက်စီးဆုံးရှုံးမှုရှိလျှင်ဖြစ်စေနစ်နာသူများမှတရားရုံးတွင်ကြေအေးရုတ်သိမ်းတင်မှသာလျှင်တရားခံအတွက်လွတ်မြောက်ရန်မျှော်လင့်ချက်ရှိနိုင်ပါသည်။

နစ်နာသူမှကြေအေးရုတ်သိမ်းတင်ပြခဲ့သော်လည်းတရားစွဲအဖွဲ့အစည်း၏သဘောထားမှတ်ချက်တွင်အမှုအားရုတ်သိမ်းရန်ကန့်ကွက်မှုမရှိမှသာတရားခံအတွက်ထောင်ဒဏ်မှကင်းလွတ်နိုင်ပါမည်။

တစ်ဖက်ကားပိုင်ရှင်အတွက် အကြပြုချက် -

တရားရုံးမှလျော်ကြေးအတွက်ဆုံးဖြတ်ပေးခြင်းမရှိပဲလျော်ကြေးရလိုပါကတရားမကြောင်းအရဆက်လက်တရားစွဲဆိုရမည်သာဖြစ်ပါသည်

ချစ်ခြင်းများစွာဖြင့်
AYK Insurance Service Claim Team
092025040
09777770456

မှတ်ချက် ။
သူများကားကို အငှါးမောင်းလဲ
လိုအပ်စာရွက်စာတမ်း ဓါတ်ပုံဖြင့်
မိမိဘာသာ ကားအာမခံထားလို့ရပါတယ်။
ကိုတင်စိုးဦးသာ “ကားအာမခံထားခဲ့ရင်”
အာမခံကုမ္ပဏီက စိုက်လျော်သွားမှာပါ။ — at အင်ကြင်း ယာဉ်မောင်းသင်တန်းကျောင်း.

ယာဉ်မောင်းအလုပ်လျှောက်ထားလိုသူများအတွက်MAI ကနော်…
13/05/2022

ယာဉ်မောင်းအလုပ်
လျှောက်ထားလိုသူများအတွက်
MAI ကနော်…

သူ့ကို မှတ်မိကြလား?ကားတိုက်ခံပြီးလုပ်စားတဲ့တစ်ယောက် မွေးရာပါ လက်အရိုးကဟနေတာ။ဒီနေ့ ကျနော့ဆေးခန်းကိုလာတယ် ရန်ကုန်မှာလူသိတေ...
10/04/2022

သူ့ကို မှတ်မိကြလား?
ကားတိုက်ခံပြီးလုပ်စားတဲ့တစ်ယောက်
မွေးရာပါ လက်အရိုးကဟနေတာ။

ဒီနေ့ ကျနော့ဆေးခန်းကိုလာတယ်
ရန်ကုန်မှာလူသိတော့ ပဲခူးမှာ
လာလုပ်စားတာပေါ့။

ထုံးစံတိုင်းကားပိုင်ရှင်ပါလာတာပေါ့
သူ့အကြောင်းက်ုသိလို့ ကျနော်က
ကားပိုင်ရှင်ကိုပြောပြတယ်။

ဘက်မှန်နဲ့ပဲချိတ်မိတာ
ဂျိုးသိန်းဆေးရုံမှာx ray ရိုက်တာ
အရိုးကျိုးတဲ့ မွေးရာပါဟာပဲဟာ
ရဲစခန်းသာခေါ်သွားဆိုတော့

ဆရာတဲ့ လွန်သွားပြီ၁ပုံးခွဲ
လျော်ပြီးသွားပြီတဲ့ ဒါမတတ်နိုင်
တွေ့ပြီဆိုပြီး ဆေးထိုး။

ဒါနဲ့သကောင့်သားက ဆရာဝန်ပါမချန်
လုပ်စားချင်သေးတာ....

ဆေးထိုးပေးပြီးတော့
ဆေးမတဲ့လို့များလား
မူးလို့ တဲ့ လုပ်စားချင်တာ

ရတယ် မင်းမူးရင်ဆေးရုံသွားမလား
ရဲစခန်းသွားမလားလို့ ငါလိုက်ခဲ့ပေးမယ်
ငါလဲဖေ့ဘုတ်သုံးတဲ့ဆရာဝန်
သတိထားကွာလို့ ပြုံးပြီးပြောလိုက်တယ်

(မူးစရာအကြောင်းက်ုမရှိတာ
ဒါတွေမြင်လို့ ကားပိုင်ရှင်ကိုအပြင်မှာ
ပြောပြထားပြီး မိုးရေထိုးပေးလိုက်တာလေ :P)

သကောင့်သားက သူ့အသိက
အမှတ်၂ရဲ စခန်းမှာရှိတယ် လုပ်သေးတာ

အေး အတော်ပဲကွာ အသိတိုးတာပေါ့
ငါ့အဖေက လဲ ပြည်ထဲရေးက
ဒုတိယဗိုလ်မှူးဘယ်သူပဲ ပြန်ပြောလိုက်မှ
နောက်ပိုင်း အချိုးလိမ်မာသွားတယ်
ရန်ကုန်ပဲပြန်ပါတော့မယ်ဆိုပဲ။

စာရေးသူ ထက်အာကာကိုကို
Credit Zaw Linn.
သေသေချာချာမှတ်ထားကြပါ။

 #အင်ကြင်း  #ယာဉ်မောင်းသင်တန်းကျောင်းမှ******************************ယာဉ်မောင်းများအတွတ် 🚗  🚗ခေါင်းစဉ်ဖြင့်(၁) ယာဉ်မောင်...
20/03/2022

#အင်ကြင်း
#ယာဉ်မောင်းသင်တန်းကျောင်းမှ
******************************
ယာဉ်မောင်းများအတွတ်
🚗 🚗ခေါင်းစဉ်ဖြင့်
(၁) ယာဉ်မောင်းကောင်း၏
စိတ်နေသဘောထား၊ (အရည်အချင်း)
(၂) လမ်းစည်းကမ်းအသိမှား၊ အမှတ်မှားများ ၊အတွေ့အကြုံများဖြင့်ဆွေးနွေးခြင်း၊
(၃) ယာဉ်မတော်တဆမှုဖြစ်လျင် ဘယ်လိုဖြေရှင်းမလဲ ?
(၄) ယာဉ်စည်းကမ်းဆိုင်ရာ သိမှတ်စရာများ၊
(၅) ယာဉ်/လမ်းစည်းကမ်းဆိုင်ရာ လေ့လာ
ထားရမည့် “ဥပဒေ နှင့် နည်းဥပဒေများ”
(၆) ကုမ္မဏီယာဉ်မောင်းများ၏ အရည်အသွေးမြှင့်တင်ခြင်း၊
- Safe Driving
- Green Driving အတွတ်…
- Driving skills for life Upgraded လုပ်ပေးခြင်း

(2) Cooporate and Managenent Training for QA/QC
- ယာဉ်မောင်းများဖြင့်ပူးပေါင်းဆောင်ရွက်ခြင်း
- စီမံခန့်ခွဲခြင်း
- အရည်အသွေးထိန်းသိမ်းခြင်း
- စနစ်တကျမှတ်တမ်းများဖြင့်တင်ပြခြင်း
Quality Assurance & Quality Control
At …
ICICLE Co, Ltd
Factory,
Sagaing.
^^^^^***^^^^^
ယခုလို ဝန်ဆောင်မူမျိုး လိုအပ်လျင်…
မိမိအဖွဲ့အစည်းရှိယာဉ်မောင်းများနှင့်
မိမိမော်တော်ယာဉ်များအတွတ်
Good Driver & Bad Driver ကို
QA/QC ဖြင့် Upgrade ပြုလုပ်လိုလျှင်
ဆက်သွယ်လို့ရပါပြီ။
Thanks a lot
m.me/ingyindrivingschool

 #ဝန်ဆောင်မှုအသစ်မိတ်ဆက်ခြင်း      🚗 🚗 🚗 🚗 🚗 🚗 🚗 🚗 ယခုအချိန်ကားဆီစျေး ၊ ပြင်ဆင်စရိတ်နှင့်ကားစျေးနှုန်းများအဆမတန်စျေးတက်န...
16/03/2022

#ဝန်ဆောင်မှုအသစ်မိတ်ဆက်ခြင်း
🚗 🚗 🚗 🚗 🚗 🚗 🚗 🚗
ယခုအချိန်
ကားဆီစျေး ၊ ပြင်ဆင်စရိတ်နှင့်
ကားစျေးနှုန်းများအဆမတန်
စျေးတက်နေချိန်မှာ….

m.me/ingyindrivingschool

ICICLE Co, Ltd ၏ယာဉ်မောင်းများနှင့်
မော်တော်ယာဉ်များအတွတ်
#အင်ကြင်း
#ယာဉ်မောင်းသင်တန်းကျောင်းမှ
******************************

ယာဉ်မောင်းများအတွတ်
🚗 🚗ခေါင်းစဉ်ဖြင့်
(၁) ယာဉ်မောင်းကောင်း၏
စိတ်နေသဘောထား၊ (အရည်အချင်း)
(၂) လမ်းစည်းကမ်းအသိမှား၊ အမှတ်မှားများ ၊အတွေ့အကြုံများဖြင့်ဆွေးနွေးခြင်း၊
(၃) ယာဉ်မတော်တဆမှုဖြစ်လျင် ဘယ်လိုဖြေရှင်းမလဲ ?
(၃) ယာဉ်စည်းကမ်းဆိုင်ရာ သိမှတ်စရာများ၊
(၄) ယာဉ်/လမ်းစည်းကမ်းဆိုင်ရာ လေ့လာ
ထားရမည့် “ဥပဒေ နှင့် နည်းဥပဒေများ”
(၅) ကုမ္ပဏီယာဉ်မောင်းများ၏ အရည်အသွေးမြှင့်တင်ခြင်း၊
- Safe Driving
- Green Driving အတွတ်…
- Driving skills for life Upgraded လုပ်ပေးခြင်း

(2) Cooporate and Managenent Training for QA/QC
- ယာဉ်မောင်းများဖြင့်ပူးပေါင်းဆောင်ရွက်ခြင်း
- စီမံခန့်ခွဲခြင်း
- အရည်အသွေးထိန်းသိမ်းခြင်း
- စနစ်တကျမှတ်တမ်းများဖြင့်တင်ပြခြင်း
Quality Assurance & Quality Control
At …
ICICLE Co, Ltd
Head Office
Time City
Yangon.
^^^^^***^^^^^

ယခုလို ဝန်ဆောင်မူမျိုး လိုအပ်လျင်…
မိမိအဖွဲ့အစည်းရှိယာဉ်မောင်းများနှင့်
မိမိမော်တော်ယာဉ်များအတွတ်
Good Driver & Bad Driver ကို
QA/QC ဖြင့် Upgrade ပြုလုပ်လိုလျှင်
ဆက်သွယ်လို့ရပါပြီ။
Thanks a lot

m.me/ingyindrivingschool

👉Today👈  and  At  ICICLE Co.Ltd See u Next WeekAt ICICLE Co.Ltd (Sagaing Factory)Thank you a lot.......
14/03/2022

👉Today👈

and



At ICICLE Co.Ltd

See u Next Week
At ICICLE Co.Ltd (Sagaing Factory)

Thank you a lot.......

 #ရန်ကုန်မှာကားစမောင်းတော့မယ်ဆိုရင်သိထားရမှာက ကားဆိုတာ ပြန်ပြီတောင်ပန်လို့မရဘူးကိုယ်ဖြစ်ကိုယ်ခံပဲအရာဝတ္ထုရုပ်ပစ္စည်းတွေထ...
06/03/2022

#ရန်ကုန်မှာကားစမောင်းတော့မယ်ဆိုရင်
သိထားရမှာက ကားဆိုတာ ပြန်ပြီတောင်ပန်လို့မရဘူး
ကိုယ်ဖြစ်ကိုယ်ခံပဲအရာဝတ္ထုရုပ်ပစ္စည်းတွေထက်
အသက်တွေထပ်ပြီး လမ်းပေါ်ပြေးလွှားနေကြတာ...
#စိတ်ထားကောင်းပြီးသတိ_အသိ_မျက်လုံး၊
#ဆုံးဖြတ်ချက်_ကျွမ်းကျင်မှု့အရေးအကြီးဆုံးပါ။
#စကေးတွေ_မြန်တာတွေအရေးမကြီးဘူး
လမ်းရဲ့မာယာ၊ကား၊ လူ၊ စက်ဘီး၊ အနှေးယာဥ်
စတာလေးတွေအရာအားလုံးကို မျက်ခြေပျက်လို့မရ
မလောနဲ့ ၊မတွေဝေနဲ့ တိကျတဲ့ ဆုံးဖြတ်ချက်ကိုချ
တစ်ဖက်ယာဥ်ကြော_ရှေ့နောက်_ဘေးဘယ်ညာ
(ဝဲယာ)ယာဉ်တန်းတွေအထူးသတိထား...

#မီးပှိုင့်မှာ
တည့်ကြော၊ ကွေ့ကြော သီသန့်ပေးတဲ့
မီးပှိုင့်ကြီးတွေတည့်ကြောကွေ့ကြောပေါင်းပေးတဲ့
မီးပှိုင့်တွေမှာ...
မိမိ ဘယ်ကိုသွားရမလဲဆိုတဲ့ အတွေး
တည့်ကြောသွားမှ လိုရာခရီးရောက်မှာကို
ကွေ့ကြောကနေ ယာဥ်ကြောအယူမှားပြီး
မီးပှိုင့်မှာ ဂယောင်ဖတ်နေရင် ဂွမ်းမှာက
အလျော်အစားကြီးတယ်နော်...

#အချက်ပြမီး
ညာကွေ့ဆို ညာဘက်အချက်ပြမီး ရဲရဲပြပါ
လမ်းကြောအကူးအပြောင်းအချက်ပြမီးရဲရဲပြပါ
ဒါမှ နောက်ကား အတည့်သွားရင်ကြိုပြီး ယာဥ်ကြော
ပြောင်းလို့ရမှာပေ၁၀၀ အကွာအဝေးက
ကြိုပြရမှာမမေ့ပါနဲ့
#ယာဥ်စည်းကမ်း_လမ်းစည်းကမ်းဆိုတာအသက်ပဲ

#အဝိုင်ပတ်
#ဟံသာဝတီ (အဝိုင်းပတ်)
#ဦးထောင်ဘို (အဝိုင်းပတ်)
#ဦးဝိစာရ (အဝိုင်းပတ်)
#ဧရာဝဏ်။ (အဝိုင်းပတ်)
#ဆူးလေဘုရား (အဝိုင်းပတ်)ပတ်ကြည့်ပါ
ကားရှင်းတဲ့အချိန် ဘယ်လိန်း(Lane)ကိုဝင်ပြီး
ဘယ်လိန်း(Lane)ကိုထွက်ရမလဲ
ကိုယ်ကလမ်းကြောမှန်ပေမဲ့
အမှတ်မထင် လမ်းကြောမှားထွက်တဲ့
ကားတွေရုတ်ချည် ဘယ်လိုဆုံးဖြတ်မလဲ
သင်ယူရမှာပါ။

#ကားပါကင်
ဂွင်ကျ(ပါကင်)ဘေးကပ်ရပ်
၉၀ ဒီဂရီ ကားပါကင်
၆၅ ဒီဂရီ ကားပါကင်
ဟုတ်ပြီရန်ကုန်မြို့ထဲ ကားပါကင်ရှားတော့
ကိုယ့်လိုရာခရီးဘယ်လိုသွားမလဲ
ရောက်ရင်ရော ဘယ်လိုရပ်မလဲ
သေချာစေ့စေ့ငငလေ့လာရမဲ့ အလုပ်ပါ

ရန်ကုန်မြို့ပြရဲ့ လမ်းတွေက အထာရှိတယ်
ဘယ်အချိန် ဘယ်လမ်းကြောက ချောင်တယ်
ပုံသေမရှိပေမင့်
ဘယ်အချိန်မျာ ဘယ်လမ်းကြောကကြပ်တယ်
အဖြစ်နိုင်ဆုံး လမ်းကြောယာဥ်ကြောရဲ့
အရွေ့တွေကို သေချာနားလည်ထားရမှာ
မဟုတ်ရင်ရုံးဆင်းချိန်သမိန်ဗရမ်းလမ်းထဲ
အိပ်ပျော်သွားလိမ့်မယ်

ဦးစားပေး ယာဥ်သိရှိနားလည်မှု့
အတည့်ကားကို ဦးစားပေးရမှာ သိပေမဲ့
တစ်ချို့ အကွေ့ကားတွေက ခေါင်းဦးနေတဲ့အခါ
အရှိန်လေးလျှော့ မီးကြီးလေးတောက်
ချစ်စရာကောင်းတဲ့ အလေ့အထလေးတွေလဲ
ရန်ကုန်မြို့ပြရဲ့လမ်းတွေပေါ် တွေရတတ်တယ်
ဒါပေမဲ့..
တစ်ချို့ ဘာမသိ၊ ညာမသိ
နောက်ကနေ ဟွန်းတရပ်စပ်တီးတဲ့
ဆရာ့ ဆရာ့တွေလဲ ရှိကြတယ်
သတိထားရမဲ့အရာတွေပါ

နောက်တစ်ခု
အကွေ့ကြီးရင် လီဗာဆက်နင်းမလား
ဘရိတ်မှေးထားမလား
ဘယ်အချိန်မှာ အရှိန်လျှော့ပြီး
ဘယ်အချိန်မှာ အရှိန်တင်ရမလဲ
ဒါတွေ မသိပဲ အကဲမဆတ်နဲ့
ပေးလိုက်ရမှာက အသက်တွေ

ဒါတွေက
#ဘေးကင်းစေဖို့သိထားသင့်တဲ့အရာတွေ

#အရှိန်
ကိုယ့်ရဲ့ အရှိန်က ဘယ်လောက်ရွေ့နေလဲ
တစ်ဖက်ယာဥ်ကြော ဘယ်လောက်သွားနေလဲ
ယာဥ်ကြောအကူးအပြောင်း
နောက်ကြည့်မှန်ကို ဘယ်လိုကြည့်မလဲ
ဘယ်လို ဆုံးဖြတ်ပြီး ယာဥ်ကြောဘယ်လိုကူးမလဲ
အရာအားလုံးကအလွန်သတိထားရမည့်အလုပ်တွေ

ကားမောင်းတဲ့အချိန်
#မတွေးနဲ့
#စိတ်ကူးမယဥ်နဲ့
#စိတ်မတိုနဲ့
#အပျော်မကြီးနဲ့
#ကားလက်ကိုင်ဂွေကိုင်တာကအစ
#ဘရိတ်_လီဗာ_ကလပ်_ဂီယာတံကိုင်တာအဆုံး
အားလုံးကကိုယ့်အသက်ရဲ့ အာမခံချက်တွေ

#ယာဉ်မောင်းကောင်း_ဒရိုက်ဘာကောင်း
#ယာဥ်မောင်းကောင်းတစ်ယောက်ဖြစ်ဖို့
ငွေမလိုဘူး၊ရုပ်ခံမလို
#စိတ်ရင်းစိတ်ထားကောင်းပြီး
#လူ_ယာဥ်_လမ်းအန္တရာယ်အားလုံးဘေးကင်းစေပြီး
#လိုရာခရီးကိုဘေးအန္တရာယ်ကင်းအောင်
#မောင်းနှင်းတတ်တဲ့လူကိုပြောတာ ...

တစ်ခုပဲ
မိမိ အိမ်အပြန်လမ်းမှာ
ဘေးကင်းစွာ အိမ်ပြန်ရောက်ဖို့
မျော်လင့်နေတဲ့ မိသားစုတွေရှိတယ်ဆိုတာမမေ့နဲ့
သင်ယူတတ်ကြပါစေ။
Credit; ဆရာသု

#အင်ကြင်း
#ယာဉ်မောင်းသင်တန်းကျောင်း
၀၉၄၄၅၅၉၉၉၇၅

Address

No.62 , Pyay Road, Hmawbi.
Yangon
ISO02

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 08:00 - 16:00
Sunday 08:00 - 16:00

Telephone

+959258007799

Alerts

Be the first to know and let us send you an email when Myanmar Professional Driving Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Professional Driving Academy:

Share