11/09/2026
Periodic Maintenance ပြုလုပ်တိုင်း Parts တွေ လဲရမှာလား?
Periodic Maintenance ပြုလုပ်တဲ့အခါတိုင်းမှာ ကားရဲ့ Parts တွေကို မဖြစ်မနေ လဲလှယ်ရတာ မဟုတ်ပါဘူး။
ကားမော်ဒယ်အမျိုးအစား၊ မောင်းနှင်ထားတဲ့ ကီလိုမီတာ၊ အသုံးပြုထားတဲ့ကာလနဲ့ Parts တစ်ခုချင်းစီရဲ့ အခြေအနေပေါ်မူတည်ပြီး လုပ်ဆောင်ရမယ့် အချက်တွေ မတူညီနိုင်တာကြောင့်၊ Maintenance Schedule အရ သတ်မှတ်ထားတဲ့ မောင်းနှင်မှုအကွာအဝေး သို့မဟုတ် အချိန်ကာလအလိုက်
🔹 စစ်ဆေးပေးရမယ့် အစိတ်အပိုင်းများ၊
🔹 သန့်ရှင်းပေးရမယ့် အစိတ်အပိုင်းများ၊
🔹 ချိန်ညှိပေးရမယ့် အစိတ်အပိုင်းများ၊
🔹 လဲလှယ်ရမယ့် အစိတ်အပိုင်းများ ဆိုပြီး ကွဲပြားပါတယ်။
လူကြီးမင်းရဲ့ ကားကို ဘယ်အချိန်၊ ဘယ်ကီလိုမီတာ ရောက်ရင် ဘယ် Parts တွေ စစ်ဆေး၊ သန့်ရှင်း၊ ချိန်ညှိ၊ လဲလှယ်သင့်သလဲ သိရှိနိုင်ဖို့ ကားအမျိုးအလိုက် Periodic Maintenance Schedule ကို Suzuki Myanmar Website Link ကနေ Download ရယူပြီး လေ့လာကြည့်ရှုနိုင်ပါတယ်။
https://suzukimyanmar.com/suzuki/service
Schedule ကို ကြိုတင်လေ့လာထားခြင်းဖြင့် လုပ်ဆောင်ပေးသင့်တဲ့ Maintenance အစီအစဉ်ကို ပိုမိုနားလည်နိုင်မှာဖြစ်ပြီး၊ ကားစစ်ဆေးပြုပြင်ခြင်းနဲ့ လိုအပ်တဲ့ Parts တွေလဲလှယ်ဖို့ Suzuki Authorized Service Center ဖြစ်တဲ့ ကို ဖုန်းဆက်ပြီး လာရောက်စစ်ဆေး ပြုပြင်လို့ရပါတယ် ခင်ဗျာ