University M

Call Contact the business

University M 09-772 85 85 85 Hot Line
09-77777 5669 Office
09-77777 5369 Service

21/10/2026

Annual Trip သွားမှာဖြစ်သည့်အတွက် University M Car Showroom ကို (21.10.2026 မှ 23.10.2026)ထိ ခေတ္တ ခဏ ပိတ်ထားမည်ဖြစ်ပြီး (24.10.2026) မှာပိုမိုပြီးပြည့်စုံတဲ့ဝန်ဆောင်မူတွေနှင့်အတူပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

Annual Trip သွားမှာဖြစ်သည့်အတွက် University M Car Showroom ကို (21.10.2026 မှ 23.10.2026)ထိ ခေတ္တ ခဏ ပိတ်ထားမည်ဖြစ်ပြီး ...
21/10/2026

Annual Trip သွားမှာဖြစ်သည့်အတွက် University M Car Showroom ကို (21.10.2026 မှ 23.10.2026)ထိ ခေတ္တ ခဏ ပိတ်ထားမည်ဖြစ်ပြီး (24.10.2026) မှာပိုမိုပြီးပြည့်စုံတဲ့ဝန်ဆောင်မူတွေနှင့်အတူပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

Sharp ဖြစ်တဲ့ Design၊ Futuristic ဖြစ်တဲ့အသွင်အပြင်နဲ့ Sporty ဆန်တဲ့ပုံစံ…..မြင်လိုက်တာနဲ့ သာမာန်ကားတစ်စီးမဟုတ်ဘူးဆိုတာ သ...
19/10/2026

Sharp ဖြစ်တဲ့ Design၊ Futuristic ဖြစ်တဲ့အသွင်အပြင်နဲ့ Sporty ဆန်တဲ့ပုံစံ…..
မြင်လိုက်တာနဲ့ သာမာန်ကားတစ်စီးမဟုတ်ဘူးဆိုတာ သိသာစေမယ့် KIA EV 6✨🚘✨

Brand : KIA

Make : EV 6

Model : 2024

Kilometer : 2x,###

Color : Black

Battery Capacity : 77.4 KW/H

Range : 490 KM

Maximum Speed: (188 Km/h)

Passenger and Seating Capacity : 5 seaters

Battery Type : Lithium Iron Polymer

All Wheel Drive: (Dual Motor)

License : NPW

Number : 6S/****

◽️Car specifications:
~~~~~~~~~~~~~~~~~
🚗Apple car play & Android Auto
🚗Paddle Shift
🚗Sunroof
🚗360 camera
🚗Wireless Charger
🚗Ambient Light
🚗Auto Hold
🚗Driving Mode (Eco, Comfort, Sport,)
🚗Tyre Pressure Monitoring System
🚗Steering volume Control
🚗12.3-inches Infotainment Touchscreen
🚗Meridian Sound System
🚗Front Seats Motor
🚗Front Heated And Ventilated Seat
🚗Rear Heated Seat
🚗Wireless charger
✅ Kia Myanmar Showroom Warranty Include

✅လက်တင်စီး ကားရှယ်မိုက်😎🔥

✨ဘဏ်အရစ်ကျ၊ကားအလဲထပ်စနစ်များဖြင့်လည်း ချစ်ရတဲ့Customerများ စိတ်တိုင်းကျ ဝယ်ယူနိုင်ပါတယ်ရှင်🤗

ကားနဲ့ပတ်သက်ပြီး အသေးစိတ်ကို
📞09-777775669
📞09-772858585ကို မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်

🏡Showroom address
အမှတ်(၁၃၉)၊တက္ကသိုလ်ရိပ်သာလမ်း၊ကမာရွတ်မြို့နယ်၊ရန်ကုန်။(အမေရိကန်စင်တာအရှေ့)

မြို့တွင်းပဲမောင်းမောင်း၊ High wayခရီးပဲသွားသွား စမတ်ကျကျဖြစ်စေပြီး  Luxury Performance နဲ့ Safety အားလုံးကို တစ်ပါတည်း ...
18/10/2026

မြို့တွင်းပဲမောင်းမောင်း၊ High wayခရီးပဲသွားသွား စမတ်ကျကျဖြစ်စေပြီး Luxury Performance နဲ့ Safety အားလုံးကို တစ်ပါတည်း ရရှိစေတဲ့အပြင် လူကြီးမင်းတို့ရဲ့ Daily Drive ကို ပိုပြီး ပြည့်စုံစေမယ့် BMW X1 2018 modelကားကောင်းလေးကို University M မှာ လာရောက်လေ့လာနိုင်ပါတယ်ရှင်🫶🫶🫶

🚘BMW X1
🚘2018 model
🚘SDrive 18i
🚘 YGN -2Q/****
🚘Kilo-4****
*Engine power 1.5CC Twin Turbo
*2WD
*HUD
*Seat memory/Seat motor
*Cruise control
*Dual round aircon
*Harman kardon sound system
*Electric hand brake
*Auto hold
*Ambient light
*Tailgate motor
*Drive mode (Sport, Comfort,Eco)
*Parking sonors (Front-6 Rear-4)
*Airbag 8

✨ဘဏ်အရစ်ကျ၊ကားအလဲထပ်စနစ်များဖြင့်လည်း ချစ်ရတဲ့Customerများ စိတ်တိုင်းကျ ဝယ်ယူနိုင်ပါတယ်ရှင်🤗

ကားနဲ့ပတ်သက်ပြီး အသေးစိတ်ကို
📞09-777775669
📞09-772858585ကို မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်

🏡Showroom address
အမှတ်(၁၃၉)၊တက္ကသိုလ်ရိပ်သာလမ်း၊ကမာရွတ်မြို့နယ်၊ရန်ကုန်။(အမေရိကန်စင်တာအရှေ့)

ဘေးကင်းပြီး ကြံ့ခိုင်မှုရှိဖို့အတွက် သင့်ကားကို ဒီအချက်တွေ အမြဲစစ်ဆေးပါကားရဲ.အကြီးမားဆုံးပြဿနာရယ်လို့ ဆိုလိုက်ရင်တော်တော...
07/10/2026

ဘေးကင်းပြီး ကြံ့ခိုင်မှုရှိဖို့အတွက် သင့်ကားကို ဒီအချက်တွေ အမြဲစစ်ဆေးပါ

ကားရဲ.အကြီးမားဆုံးပြဿနာရယ်လို့ ဆိုလိုက်ရင်တော်တော်များများ က အင်ဂျင်ပိုင်းဆိုင်ရာဂီယာပိုင်းဆိုင်ရာ ပြဿနာတွေကို ပြေးမြင် တတ်ကြပါတယ်၊

တကယ်တော့ အင်ဂျင်ရောဂါပိုင်းဆိုင်ရာ တွေကဖြေရှင်းရခက်ခဲပြီးငွေကုန်ကြေးကျများတဲ့ ရောဂါတွေဖြစ်ပေမယ့်၊သင့်ကားနဲ့ သင်ရဲ့ အသက် အန္တရာယ်အထိအကြီးမားဆုံး ဒုက္ခပေးနိုင် တာကတော့
SUSPENSION ပိုင်းလို့ခေါ်တဲ့သင့်ကား အောက်ပိုင်း ရောဂါတွေပါ။ဥပမာပြောရရင် အဝေးပြေးလမ်းကြောင်းခရီးသွားဖို့ ရှိတယ်။ဒါမှမဟုတ် ကားကို မိုင်နှုန်းမြင့် မောင်းတော့မယ်ဆိုကားအောက်ပိုင်းတွေကို အဲ့ဒါကြောင့် အဓိက စစ်ဆေးကြတာပါ။ဘာကြောင့်လဲဆိုရင် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်နေတဲ့ကားတစ်စီးဟာအင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ရုတ်တရက် စက်ထိုးရပ်သွားရင်၊ သင့်ခရီးလမ်းမှာ စိတ်အနှောက်အယှက်ဖြစ်မယ်၊ယုတ်စွအဆုံး အင်ဂျင်တစ်လုံး လဲလိုက်ရတာကလွဲလို့ ကျန်တာမဖြစ်နိုင်ပါ ။

ဒါပေမယ့် ကားအောက်ပိုင်း SUSPENSIONပိုင်းက ပစ္စည်းတွေပျက်နေတာ သတိမပြုမိလို့ ကားမောင်းနေတုန်း ပြုတ်ထွက်သွားမယ်၊ကျိုးပဲ့သွား မယ်ဆိုရင် သင့်ကားမှောက်နိုင်ပြီးသင့်အသက်အန္တရာယ်အထိ ထိခိုက်လာနိုင်ဖွယ်တွေ ရှိပါတယ်။

ဒါကြောင့် သင်နဲ့ သင့်ကားရဲ့လုံခြုံစိတ်ချရမှု SAFETY အတွက်သင်ကိုယ်တိုင် သတိပြုနိုင်တဲ့ကားအောက်ပိုင်းရောဂါလက္ခဏာတွေကိုအကျဉ်းချုပ်တင်ပြပေးပါ့မယ်။

ကားအောက်ပိုင်း (SUSPENSION )ကို အဓိကအားဖြင့်အောက်ပါ ပစ္စည်းများဖြင့် ဖွဲ့စည်းထားပါတယ်။
( TIE ROD ) တိုင်းရော့
( TIE ROD END OR RACK END ) မိန်းလုံး
( BALL JOINT ) ဘောလ်ဂွိုင့်
( CONSTANT VELOCITY -CV JOINT ) ဒူးဆစ်
(STABILIZER BAR ) နှုတ်ခမ်းမွှေးလိုင်း
(SHOCK ABSORBER ) ရှော့ခ်ဘား
(UPPER ARM ) အပေါ်လက်ဝါး
(LOWER ARM ) အောက်လက်ဝါး
(COIL SPRING ) ကွိုင်စပရင်
(RUBBER BUSHING ) ရာဘာဘွတ်
(BELLOWS ) သဲကာ

အစရှိတဲ့ အခြေခံပစ္စည်းတွေနဲ့ ဖွဲ.စည်းထားပြီး ကားအမျိုးအစား မော်ဒယ် အမျိုးအစား ထုတ်လုပ်တဲ့ ကုမ္ပဏီပေါ် မူတည်ပြီး အောက်ပိုင်းပစ္စည်း အစိတ်အပိုင်းတွေ အများကြီး ပါဝင်ပါသေးတယ် ။

အဲ့ဒီပစ္စည်းတွေနဲ့ အဓိကတွဲဖက် အလုပ်လုပ်နေတာကတော့BRAKE SYSTEM ဘရိတ်အဖွဲ့အစည်းတွေနဲ့ တာယာတွေပါ ။

(၁) တိုင်းရော့ (TIE ROD )နဲ့မိန်းလုံး(TIE ROD END OR RACK END) မကောင်းရင်ဘယ်လို ရောဂါလက္ခဏာတွေ ပြမလဲ တိုင်းရောနဲ့ မိန်းလုံးမကောင်းရင်ဖြစ်တတ်တဲ့ထင်ရှားတဲ့ လက္ခဏာ ကတော့သင်ကားကို အရှိန်ဖြည်းဖြည်းနဲ့ မောင်းနေတဲ့အခါမျိုဒါမှ မဟုတ် ကားကို ရုတ်တရက် ထောင့်ချိုးကွေ့ လိုက်တဲ့အခါမျိုးမှာ အရှေ့ဖက်အစွန်းဆုံးဆီကနေ ဒုတ် ဒုတ် မြည်သံထွက်လာမယ်။လာထုနှက်တဲ့ အသံမျိုး ထွက်နေမယ်ဆိုရင်သင့်ကားရဲ့ တိုင်းရော့နဲ့ မိန်းလုံးတွေ ချို့ယွင်းနေပါပြီ။ နောက်တစ်ချက် က သင်ကားမောင်းနေ တဲ့အချိန်၊ကားဘရိတ်အုပ်လိုက်တဲ့ အချိန်မှာကားက တဖက်ဖက်ကို ဆွဲနေမယ်။ ဒါ့အပြင် ကားတာယာတွေက အတွင်းဖက်ကိုဖြစ်စေအပြင်ဖက်ကိုဖြစ်စေ ဘက်မညီမမျှ စားသွားမယ်ဆိုရင်လည်းအဲ့ဒါ တိုင်းရော့နဲ့ မိန်းလုံးမကောင်းတဲ့ရောဂါလက္ခဏာပါ။ တိုင်းရော့နဲ့ မိန်းလုံးဆိုတာကတော့ ကားအောက်ပိုင်းမှာပျက်စီးမှု အများဆုံး ပစ္စည်းပါ။တိုင်းရော့ ကျိုးပိုင်းလို့၊ပြုတ်ထွက်လို့ တောင်တက်တို့အဝေးပြေးတို့မှာ အသက်အန္တရာယ် ကြုံရတဲ့အထိဒုက္ခရောက်ရတဲ့ ကားတွေရှိဖူးပါတယ် ။ ဒီတော့ အခုဖော်ပြထားတဲ့ ရောဂါ လက္ခဏာလေးတွေတွေ.ရင် မြင်ရင် ကြားရင် ကြီးကြီးမားမား ပျက်စီးမှု မဖြစ်ခင်ဝပ်ရှော့သွားပြီး တိုင်းရော့နဲ. မိန်းလုံးကို အသစ်လဲတန်လဲ ၊PRESS ခုံမှာနင်းပြီး ပြန်သုံးတန်သုံးဖို့ လိုအပ်နေပါပြီ။

(၂) BALL JOINT မကောင်းရင်ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ။

BALL JOINT မကောင်းရင် ဖြစ်တတ်တဲ့ လက္ခဏာတွေကသင့်ကား အောက်ဘက်ထောင့်ဆီကနေတစ်ချက်တစ်ချက်၊ အသံခပ်မျှဉ်းမျှဉ်း ထုနှက်သံမျိုးတွေ ထွက်တတ်တယ်။အထူးသဖြင့် လမ်းအတိမ်းအ စောင်း ဖြစ်နေတဲ့နေရာတွေတို့ချိုင့်ခွက်တွေထဲတို့ မှာ မောင်းလိုက်ရင်အဲဒီအသံက ထွက်လာတယ်ဆိုရင်အဲဒါ BALL JOINT မကောင်းတဲ့ လက္ခဏာပါပဲ ။ပြောရရင် သံကိုတူနဲ့ ထုတဲ့ အသံမျိုးနဲ့ဆင်ပါတယ် ။BALL JOINT က သင့်ကားဘီးရဲ့ ဘယ်ညာအကွေ့အထိန်းတွေမှာအဓိကထိန်းပေးထားတာမို့၊BALL JOINT မကောင်းဘူးဆိုတာနဲ့သင့်ကားစတီယာရင် ( STEERING ) ကို လာပြီးသက်ရောက်မှုတွေ ရှိလာပါမယ်။ဖြစ်လာနိုင်တာကသင့်ကားစတီယာရင်မာပြီးလှည့်ရတာ ခက်သွားမယ်၊ ဒါမှမဟုတ် အရမ်းပေါ့ရွှတ်ပြီးထိန်းရခက်သွားမယ်။ လမ်းအဖြောင့်မောင်းနေရင်းကအနိမ့်ပိုင်းကို ဆင်းလိုက်ရင် သင့်စတီယာရင် လက်ကိုင်ခွေကိုလာတိုးတာမျိုးတွေဟာ BALL JOINT မကောင်းခြင်းရဲ့ရောဂါ လက္ခဏာတွေပါ။ အခြားရောဂါလက္ခဏာ ကတော့တိုင်းရောမိန်းလုံးတို့လိုပဲ တာယာအတွင်းအပြင်မညီမညာစား သွားတာမျိုးပါပဲ ။

(၃) (CONSTANT VELOCITY -CV JOINT )

ဒူးဆစ်လက္ခဏာကတော့ သိသာထင်ရှားပါတယ်။သင့်ကား ဘယ် ကိုဖြစ်ဖြစ် ညာကိုဖြစ်ဖြစ် ကွေ့လိုက်လို့တစ်ခုနဲ့တစ်ခု ကြိတ်ဝါးနေ သလို * ကလစ်ကလစ်တောက်တောက်တောက် တက်တက်တက် * အသံတွေ ထွက်လာတယ်။

ကွေ.တိုင်း အဲ့ဒီလို အသံတွေထွက်နေတယ်ဆိုရင်အဲ့ဒါ ဒူးဆစ်မကောင်းတဲ့လက္ခဏာတစ်ရပ်ပါ။နောက် ဒူးဆစ်ဘောတွေကို ထိန်းထားတဲ့ကလစ် ပြုတ်ထွက်တာမျိုးဆိုရင်တော့ကားကဂီယာဘယ်လိုထိုးထိုး ဂီယာဖရီးလို ဖြစ်နေတတ်ပါတယ်။မနေ့ကပဲ ကားတစ်စီ းဒူးဆစ်ဘောကိုထိန်းထားတဲ့ကလစ်ပြုတ်ပြီးဝပ်ရှော့ကို ကြိုးနဲ့ ဆွဲလာရပါ သေးတယ်။

(၄) SHOCK BAR , COIL SPRING , STRUTS မကောင်းရင်ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ။
ဒီအပိုင်းတွေ မကောင်းရင်ပြတဲ့ လက္ခဏာတွေကသိသာထင်ရှားပါတယ်။အထူးသဖြင့် လမ်း အနိမ့်အမြင့် မညီမညာဖြစ်တဲ့နေရာတွေ ၊ဒါမှမဟုတ် ချိုင့်ခွက်တွေထဲ မောင်းတယ်ဆိုရင်ညိမ့်ညော ညင်သာမှု မရှိတော့ဘဲ အောက်ဘက်ကနေ ပြင်းထန်စွာ လာစောင့်နေတာမျိုးတွေကိုသိသာထင်ရှားစွာ ခံစားရပြီဆိုရင်တော့အဲ့ဒါ SHOCK BAR , COIL SPRING , STRUTS တို့မကောင်းတဲ့ လက္ခဏာရပ်ပါ ။ ရှော့ဘားတွေ မကောင်းတဲ့ လက္ခဏာ နောက်တစ်မျိုးကသင့်ကားကိုယ်ထည်တစ်ခုလုံးကို ပြင်းပြင်းထန်ထန် ယိမ်းနွဲ.စေတတ်ပါတယ်။
နောက်တစ်မျိုး ကလည်း တချို့ရှော့ဘားမှာဆိုရင်ဆီတွေ ယိုကျတာတို့၊ ရှော့ဘားကေ အောက်ကို ကျပြီးအပေါ်ကို ပြန်ကန် မတက်တော့တာမျိုးတွေကို လည်းမြင်တွေ.နိုင်ပါတယ်ခမျာ။

(၅) ကားတဖက်ဖက်ကိုဆွဲနေတဲ့ ရောဂါလက္ခဏာပြရင်ကားတဖက်ဖက်ကို ဆွဲနေတဲ့ရောဂါလက္ခဏာပြရင်ဖြစ်နိုင်တာတွေက တာယာလေနည်းနေတာ ၊ တာယာလေပေါင်တစ်ဖက်နဲ့တစ်ဖက်မညီတာဖြစ်တတ်ပါတယ် ။

တာယာလေပေါင် အရင်စစ်ဆေး ရပါမယ်။အခုနောက်ပိုင်းတချို့မော်ဒယ်မြင့် ကားတွေမှာတော့တာယာ လပေါင်မညီရင် ဒက်ဘုတ်မှာ လေပေါင်မညီတာကိုပြတဲ့မီးလင်း ပါတယ်။
တာယာတစ်ဖက်ဖက်စားနေတာ ဖြစ်နိုင်ပါတယ်၊တာယာ တစ်ဖက်ဖက်မညီမညာ စားနေလား၊ရှေ.နောက်ဘေး သေချာ စစ်ဆေးရပါမယ်။မညီမညာဖြစ်နေရင် ဘာကြောင့်ဖြစ်တယ်စစ်ဆေးပြီးအသစ်လဲတန်လဲရပါမယ်။ ကားအလိုင်းမင့် (ALIGNMENT)မညီမညာ ဖြစ်တာမျိုးလည်းဖြစ်တတ်ပါတယ်။အလိုင်းမင့်ချိန်ဆိုင်တွေမှာ သေချာစစ်ဆေးသင့်ပါတယ်။
တိုင်းရော့တို့ မိန်းလုံးတို့ မကောင်း တာလည်းဖြစ်တတ်ပါတယ် ။ကားအောက်ပိုင်းပြုပြင်ရေ းဆိုင်တွေမှာ ပြုပြင်သင့်ပါတယ်။

(၆) BRAKE မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲဘရိတ်နင်းရတာထိုင်းနေမယ်၊ ကပ်နေမယ် (ဝါ) လျောနေမယ်၊ဘရိတ်အုံတွေအရမ်းပူနေမယ်၊

ဘရိတ်ကလစ်နဲ့ဘရိတ်ဒရမ်နဲ့ ပွတ်တဲ့ ဂျစ်ဂျစ်ဂျစ်ဆိုတဲ့ ရောဂါလက္ခဏာပြရင်BREAK PADS တွေ ကုန်နေတာ၊ဘရိတ်ပစ်စတင်တွေ ဂျမ်းဖြစ်နေတာ၊ဘရိတ်ရူးလျော့နေတာ၊ ပင်တွေ သံချေးတက်ပြီးကိုက်နေတာတွေဖြစ်နိုင်ပါတယ်။

(၇) STEERING မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ။

စတီယာရင် လှည့်ရတာချော်နေမယ်၊ သင်စတီယာရင်ကိုလှည့်တဲ့ အခါဖြစ်စေ၊ လှည့်ထားတဲ့ အတိုင်းလေး ထိန်းတာတဲ့အခါဖြစ်စေ၊စတီယာရင်က ချော်ထွက်နေမယ် ဒါမှမဟုတ် လှည့်ဖို့ ခက်ခဲနေမယ် ဆိုရင်STEERING FLUID နည်းနေတာဖြစ်နိုင်တယ်၊STEERING BELT ကြိုးလျော့နေတာ ဒါမှမဟုတ်ပွန်းစားနေတာဖြစ်နိုင်ပါတယ်. STEERING PUMPမကောင်းတာလည်းဖြစ်နိုင်ပါတယ်၊ STEERING PUMP က O RING ပျက်ပြီး ဆီယိုနေတာလည်းဖြစ်နိုင်ပါတယ်။ဒါတွေက ကားတစ်စီးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အခြေခံအောက်ပိုင်း ရောဂါလက္ခဏာရပ်တွေပါ၊ အခြားခြားသော ကားအောက်ပိုင်းရောဂါ တွေအများကြီး ကျန်ရှိပါသေးတယ်၊ မြန်မာနိုင်ငံမှာကလမ်းမကောင်း တာရယ်၊ နောက် USED ကားတွေသာများတာကြောင့်ကားအောက်ပိုင်း ရောဂါတွေကတော့ အဖြစ်များဆုံးရောဂါတွေလို့လည်းဆိုနိုင်ပါတယ်။ တချို့ကားတွေမှာဆို ဒူးဆစ်တို့ မိန်းလုံးတို့ဘောဂွိုင့် တိုက်ရော့တို့ကို အုပ်ထားတဲ့ သဲကာလေးပေါက်တာကိုမလဲတာကနေပြီးအဲ့ဒီ အရာတွေ ကြားထဲမှာနေရမယ့်အမဲဆီတွေ အပြင်ထွက်ပြီး ၊ အထဲမှာ မရှိရမယ့်သဲတွေ ဖုန်တွေ ရွှံ.တွေကအထဲဝင်ကာ အောက်ပိုင်းဆက်စပ် ပစ္စည်းတွေကိုပျက်စီးစေတာလည်း မကြာခဏဆိုသလို တွေ့မြင်ရ ပါတယ် ။

ကားပေါ် တက်လိုက်လို့ အောက်ပိုင်းဆီကနေသံစုံတီးဝိုင်းသံတွေ ကြားနေရ ရင်တော့သင့်ကားအောက်ပိုင်း တော်တော်များများ ပျက်စီးယို ယွင်းနေပြီဆိုတာ သတိပြု သင့်ပါတယ်။

စစဖြစ်ခြင်း ရောဂါလက္ခ ဏာတွေသတိမမူဘ ဲမပြုပြင် မထိန်းသိမ်းရင်အောက်ပိုင်း အခြား ဆက်စပ်ပစ္စည်းတွေကိုပါလိုက်ပျက်စီးစေပြီးအနည်းဆုံး တာယာ စားသွားတာ၊ ကားမောင်းရတာ မငြိမ်တော့ဘဲ အသံတွေထွက်လာတာ ကနေအဆိုးဝါးဆုံး သင့်အသက်အန္တရာယ်ထိအောင် ထိခိုက်စေမှာပါ။ဒါကြောင့်သင့်ကားအောက်ပိုင်းကနေမူမမှန်တဲ့အသံတွေ တုန်ခါမှုတွေ ကို သတိထားပြီး ရောဂါလက္ခဏာပြပြီဆိုတာနဲ့ သင်နဲ့ သင့်ကားဘေးအန္တရာယ် ကင်းရှင်းရေး လုံခြုံရေးအတွက်ကားအောက်ပိုင်းဆိုင်ကိုစစ်ဆေးအကြံပြုတင်ပြလိုက်ပါတယ်။

မူရင်းရေးသားသူအားလေးစားစွာဖြင့် credit ပေးပါသည်။

🤍Luxury SUV type လည်းဖြစ်ရမယ်🤍ရုပ်ထွက်Designကလည်း မိမိုက်နေရမယ်၊ 🤍ဆီစားလည်း သက်သာရမယ်၊  🤍နည်းပညာပိုင်းမှာလည်း ခေတ်ရှေ့ပြ...
03/10/2026

🤍Luxury SUV type လည်းဖြစ်ရမယ်
🤍ရုပ်ထွက်Designကလည်း မိမိုက်နေရမယ်၊
🤍ဆီစားလည်း သက်သာရမယ်၊
🤍နည်းပညာပိုင်းမှာလည်း ခေတ်ရှေ့ပြေးနေရမယ်ဆိုတဲ့သူတွေအတွက် BAIC Beijing X7ကားကောင်းလေး University M Car Showroom မှာရောက်ရှိနေပါပြီရှင်🫶🫶🫶

☘ Beijing X7
☘ Model - 2024
☘ Color - White
☘ Engine - 1.5 (Turbo)
☘ Kilo - 1**** km

☘ Function & Specifications ☘

☘ Push Start & Smart Key
☘ 360 3D Camera
☘ Rader Shell
☘ Eectronic Parking Break (Eco Mode)
☘ Pre Collision Alert
☘ 12” Dual Screen & 8” Touch Screen Control
☘ 2 Seat Motor & Driver Seat Memory
☘ Lane Departure Warning
☘ Panoramic Sunroof
☘ Tailgate Motor
☘ Steering Volume Control
☘ Rador Cruise Control
☘ Driving Mode (Eco/Normal/Sport)
☘ Blind Spot Detection
☘ Parking Sonors
☘ Seat Massage & Heat & Cool Seat (4 Seats)

#ငွေစင်
#အရစ်ကျစနစ်
#ကားအလဲထပ်စနစ်များနဲ့လည်း ၀ယ်ယူနိုင်ပြီး ညီမတို့ Customerများစိတ်တိုင်းကျ အဆင်ပြေအောင် ဆောင်ရွက် ပေးတာမို့ showroom ကို လာဖို့ဖိတ်ခေါ်ပါတယ်ရှင်🥳🥳

ဆက်သွယ် ဝယ်ယူ မေးမြန်းလိုပါက

☎️09 772 858585
☎️ 09 77777 5669

🏠Address
အမှတ်139၊ တက္ကသိုလ် ရိပ်သာလမ်း ၊ကမာရွတ်မြို့နယ် ၊ရန်ကုန်မြို့။

#ငွေစင် #ကားအလဲအထပ် #အရစ်ကျစနစ်
#ဝယ်ယူအားပေးသူတိုင်းကိုကျေးဇူးတင်ပါတယ်

Kiaကားချစ်သူ Customer များအတွက် ပေါ့ပါးကျစ်လစ်ပြီး Function အပြည့်ပါသော Hatchback typeလေးဖြစ်တဲ့ Rio  2020 model လေးကို ...
01/10/2026

Kiaကားချစ်သူ Customer များအတွက် ပေါ့ပါးကျစ်လစ်ပြီး Function အပြည့်ပါသော Hatchback typeလေးဖြစ်တဲ့ Rio 2020 model လေးကို မိတ်ဆက်ပေးပါရစေရှင့်📢📢

#ကားအလဲအထပ် လုပ်မလား??????
#အရစ်ကျစနစ်များနဲ့ ၀ယ်ယူမလား?????
ချစ်ရတဲ့ ကားချစ်သူများစိတ်တိုင်းကျ အဆင်ပြေအောင် ဝန်ဆောင်မူပေးလျှက်ရှိပါတယ်ရှင်💯💯💯

အပြင်မှာမျက်မြင်ကိုယ်တိုင်လာရောက်ကြည့်ရူ့လိုပါက...........

🏠အမှတ် (၁၃၉) တက္ကသိုလ်ရိပ်သာလမ်း၊ကမာရွတ်မြို့နယ်၊ရန်ကုန်(အမေရိကန်စင်တာအရှေ့)

☎️09-777775669
☎️09-772858585

#ဝယ်ယူအားပေးသူတိုင်းကိုကျေးဇူးတင်ပါတယ်

ညီမတို့ရဲ့ University Mမှာ Kia Carnival ကားလေးကို ယုံကြည်စိတ်ချစွာလာရောက်အားပေး၀ယ်ယူတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင...
30/09/2026

ညီမတို့ရဲ့ University Mမှာ
Kia Carnival ကားလေးကို ယုံကြည်စိတ်ချစွာ
လာရောက်အားပေး၀ယ်ယူတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။🤗❤️

စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
ဒီထက်မက စီးပွားလာဘ်လာဘများ‌ ပေါကြွယ်၀
ပါစေ‌ကြောင်း University M မိသားစုမှ ဆုမွန်‌ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။🙏🙏🙏

#ဝယ်ယူအားပေးသူတိုင်းကိုကျေးဇူးတင်ပါတယ်

28/09/2026

🔮ခေတ်မီတဲ့Lookနဲ့မရိုးနိုင်တဲ့ရုပ်ထွက် Design…Performance ပိုင်းမှာပါအပြစ်ပြောစရာမရှိအောင် Perfect ဖြစ်လွန်းတဲ့………”KIA Cerato”🚘🩶🚘

ဒီကားလေးကို University M Car Showroom မှာ
💸ငွေစင်(Cash Down)
🏦ဘဏ်အရစ်ကျ (Bank installment)
🔄ကားအလဲအထပ်(Trade-in)တို့ဖြင့်လည်းကားချစ်သူများစိတ်တိုင်းကျရွေးချယ်ဝယ်ယူနိုင်ပါတယ်💯💯💯

အပြင်မှာမျက်မြင်ကိုယ်တိုင်လာရောက်ကြည့်ရူ့လိုပါက..........

🏠အမှတ်(၁၃၉)၊တက္ကသိုလ်ရိပ်သာလမ်း၊ကမာရွတ်မြို့နယ်၊ရန်ကုန်။(အမေရိကန်စင်တာအရှေ့)

📞09777775669/09772858585 တို့ကိုအသေးစိတ်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်💯💯💯

ကားမောင်း အယူအဆများ💥💥💥**ခွေးခေါင်း နွားဖင်**ခွေးဆိုခေါင်းဘက်ကဖြတ်ရင် သူကပြန်လှည့်ပြေးမှာဖြစ်တယ်။ နွားကတော့ ခေါင်းဘက်ကဖြတ...
27/09/2026

ကားမောင်း အယူအဆများ💥💥💥

**ခွေးခေါင်း နွားဖင်**

ခွေးဆိုခေါင်းဘက်ကဖြတ်ရင် သူကပြန်လှည့်ပြေးမှာဖြစ်တယ်။ နွားကတော့ ခေါင်းဘက်ကဖြတ်ရင် ပြန်လှည့်ပြေးမှာမဟုတ်ဘဲ ရှေ့ဆက်တိုးလာမှာဖြစ်လို့ သတိထားပါ လို့ပြောတာပါ။ နွားဆိုဖင်ဘက်ကဖြတ်ပါ ခွေးဆိုဖင်ဘက်ကဖြတ်ရင် သတိထားပါ ပြန်လှည့်ပြေးလာတတ်လို့ပါ။

**ဘယ်တက် ညာပန်း**

ရှေ့ကကုန်ကားကို ဟွန်းတီးကျော်တဲ့ခါ ကုန်ကားက ဘယ်ကြောကိုခေါင်းတက်လာလို့ အရှိန်သပ်လိုက်ရတာမျိုး ကြုံဖူးမှာပါ။ ဘယ်မတက်ခင် ညာဘက်ကနေပန်းပြီး ကုန်ကားရှေ့မှာ လူ၊ ဆိုက်ကား ၊
ဆိုင်ကယ် ရှိမရှိ လမ်းကောင်းမကောင်း အရင်ကြည့်ရပါတယ်။ ပြီးမှလမ်းတောင်းတက်ရပါတယ်။

**ကပ်ကွေ့ဖြတ်ကွေ့**

တောင်အဆင်းအတက်တွေ မြင်ကွင်းကွယ်ကွေ့တွေမှာ ကိုယ့်လမ်းဘက်ကို အတတ်နိုင်ဆုံး ကပ်ကွေ့ရပါမယ်။ မြေပြန့်ပြီး တစ်ဘက်ယာဉ်ကြောကို ကောင်းကောင်းမြင်ရ လမ်းရှင်းတဲ့အခါမှာတော့ အရှိန်နဲ့တစ်ဘက်ပါမသွားအောင် ဒါမှမဟုတ် ကွေ့နည်းနည်းပြေသွားအောင် လမ်းလယ်ကိုဖြတ်ကွေ့လို့ရပါတယ်။

**ကာထွက်ကာကွေ့**

ကိုယ်ဘေးကားက ကိုယ့်ရဲ့တစ်ဘက်မြင်ကွင်းကို ကွယ်ထားတဲ့အခါ သူထွက်တဲ့အခါမှာ သူ့ကိုကာဗာယူပြီး လိုက်ထွက်လို့ရပါတယ်။ သူကဘယ်ကွေ့ဖို့ထွက်တဲ့အခါ တစ်ဘက်မြင်ကွင်းကို ကိုယ်မမြင်ရပေမဲ့ သူကိုကာဗာယူပြီး ကိုယ်ကညာကွေ့လို့ရပါတယ်။

===========================
( ကားမောင်း လေ့လာနေသော ညီ/ကို များအတွက် မျှဝေပေးလိုက်ပါတယ်
ကျွမ်းကျင်ဆရာများ ကျော်သွားပေးပါခင်ဗျ🙏🙏🙏 )

#မူရင်းရေးသားသူအားလေးစားလျှက်

Address

Yangon

Opening Hours

Monday 09:30 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 05:00
Friday 09:30 - 17:00
Saturday 09:30 - 17:00
Sunday 09:30 - 17:00

Telephone

+959775732064

Website

Alerts

Be the first to know and let us send you an email when University M posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to University M:

Shortcuts

Share

Category