Auto Myanmar Car Sales Center

Auto Myanmar Car Sales Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Auto Myanmar Car Sales Center, Car dealership, Pyi Taw Nyunt Street, Yangon.

◾️စမတ်ကတ် ပျောက်ဆုံး၊ ပျက်စီးပါက Biometric ဖြင့် ပြန်လည်ထုတ်ယူနိုင်စမတ်ကတ် (UID) ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးမှုမျာ...
26/05/2026

◾️စမတ်ကတ် ပျောက်ဆုံး၊ ပျက်စီးပါက Biometric ဖြင့် ပြန်လည်ထုတ်ယူနိုင်

စမတ်ကတ် (UID) ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးမှုများ ဖြစ်ပေါ်လာပါက နီးစပ်ရာ လူဝင်မှုကြီးကြပ်ရေး မြို့နယ်ဦးစီးမှူးရုံးများတွင်ကိုယ်တိုင်သွားရောက်၍ Biometric စနစ်ဖြင့်ပြန်လည်ထုတ်ယူနိုင်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မေ ၂၂ ရက်တွင်ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်အရ စမတ်ကတ် ပြန်လည်ထုတ်ပေးရာတွင် ကာယကံရှင်၏ အမှန်တကယ်ပိုင်ဆိုင်သူဖြစ်ကြောင်း အတည်ပြုနိုင်ရန်အတွက် မြို့နယ်ရုံးများရှိ Biometric Enrollment and Verification စနစ်ကို အသုံးပြု မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါစနစ်တွင် မျက်နှာ၊ လက်ဗွေ၊ မျက်စိသူငယ်အိမ် စသည့် ဇီ၀အချက်အလက်များကို e-ID စနစ်အတွင်းရှိ မူလဒေတာများနှင့် တိုက်ဆိုင် စစ်ဆေးပြီးမှသာ စမတ်ကတ်အသစ် ပြန်လည်ထုတ်ပေးမည် ဖြစ်သည်။

ထို့ပြင် ပွဲစားများနှင့် ကြားခံလူများမှတစ်ဆင့် ဆောင်ရွက်ခြင်းသည် အချိန်နှင့် ငွေကြေးကုန်ကျမှုများ ဖြစ်ပေါ်စေနိုင်သလို UID အတုအပနှင့် လုံခြုံရေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နိုင်သဖြင့်ကာယကံရှင်ကိုယ်တိုင် လာရောက် ဆောင်ရွက်ရန်အရေးကြီးကြောင်း လည်း ဝန်ကြီးဌာနက သတိပေးထားသည်။

e-ID စနစ်ဖြင့် အတည်ပြုပြီးနောက် UIDစမတ်ကတ်အသစ်ကိုလည်း ကြားခံမပါဘဲကာယကံရှင်၏ လက်ဝယ်သို့ တိုက်ရိုက်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်း-ဆုလဲ့
ဓာတ်ပုံ-MOI
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
#အော်တိုမြန်မာ

30/04/2026

#ရန်ကုန်မှာလေနည်းနည်းကြမ်းသွားသောအခါ 🤣🤣
#ကဆုန်လပြည့်နေ့
#မော်တော်ပီကယ်ထီး

မြန်မာနိုင်ငံရဲ့ Lazada ဖြစ်တဲ့ SHOP APP MM ရပ်နားရပြီမြန်မာနိုင်ငံမှာ Online စျေးအရောင်းအဝယ် ဝန်ဆောင်မှုပေးနေတဲ့ SHOP A...
27/04/2026

မြန်မာနိုင်ငံရဲ့ Lazada ဖြစ်တဲ့ SHOP APP MM ရပ်နားရပြီ

မြန်မာနိုင်ငံမှာ Online စျေးအရောင်းအဝယ် ဝန်ဆောင်မှုပေးနေတဲ့ SHOP APP MM ဟာ လာမယ့် ဧပြီ ၂၉ရက်နေ့အထိသာ ဝန်ဆောင်မှုတွေ ပေးတော့မှာဖြစ်ပြီး လုပ်ငန်းတွေ ရပ်နားလိုက်တော့မယ်လို့ SHOP APP MM က ဒီကနေ့မှာ အသိပေးလာခဲ့ပါတယ်။

နှစ်ပေါင်းများစွာ Online စျေးဆိုင်တစ်ခုအဖြစ် ဝန်ဆောင်မှုပေးခဲ့တဲ့ SHOP APP MM ဟာ သူ့ကို အမြဲအားပေးနေတဲ့ စျေးဝယ်သူတွေနဲ့ စျေးရောင်းချသူတွေအတွက် ဧပြီ ၂၉ရက် ည ၁၁နာရီ ၅၉မိနစ်ထိသာ အော်ဒါတွေကို လက်ခံပေးပြီး ဝန်ဆောင်မှု ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“အင်တာနက် အဆင်မပြေတာက တစ်ခု၊ အခွန်ကိစ္စကလည်း အရမ်းရှုပ်တယ်၊ အရေးကြီးဆုံးက ကုန်တွေက ဝယ်လို့မရဘူး မှာလို့မရဘူးဆိုတော့ ရောင်းဖို့ပစ္စည်းမရှိ ခဏခဏ ပြသနာတွေရှင်းရ၊ နောက်ထပ်က လမ်းတွေပိတ်နေတာများတော့ ပစ္စည်းတွေပို့မရဘူး၊ ဘယ်လောက်ဆိုးလဲဆို အရင်က ခေါက်ခြင်ထောင်တွေကို တရုတ်ကသွင်းတာ၊ သွင်းတာအဆင်မပြေတော့ ကိုယ့်ဘာသာ ဇာမှာပြီး ချုပ်တယ်၊ အခုဇာပါ မှာမရတော့ဘူးလေ”လို့ SHOP APP MM နဲ့ ပူးပေါင်းပြီး စျေးရောင်းချနေသူတစ်ဦးက ပြောပါတယ်။

SHOP APP MM ကတော့ လုပ်ငန်းတွေ ရပ်နားရတဲ့ အကြောင်းရင်းကို ထုတ်ဖော်ပြောကြားတာ မရှိသေးပေမဲ့ SHOP APP MM အသုံးပြုသူတွေကတော့ ဝမ်းနည်းကြောင်း မှတ်ချက်ပေးမှုတွေ လုပ်ဆောင်နေကြပါတယ်။

-APP-MM #ရပ်နား #အင်တာနက် #ပို့ဆောင်ရေး

ခုတလော ရာသီဥတုက အရမ်းကို ပူလို့ လမ်းသွားရင်း နဲ့ တစ်စုံတစ်ယောက် လဲကျသွားတာ ကြုံလာခဲ့ရင် အရေးပေါ် ဒီအချက်တွေ လုပ်ပေးပါ ဆေ...
27/04/2026

ခုတလော ရာသီဥတုက အရမ်းကို ပူလို့ လမ်းသွားရင်း နဲ့ တစ်စုံတစ်ယောက် လဲကျသွားတာ ကြုံလာခဲ့ရင် အရေးပေါ် ဒီအချက်တွေ လုပ်ပေးပါ

ဆေးရုံ ဆေးခန်း သွားနေတုန်း လမ်းမှာလဲ လုပ်ပေးပါ ၊ အချိန်လုံးဝ မဆွဲပါနဲ့ ‼️

📌 အရိပ် အမိုး ရှိတဲ့ အေးတဲ့ နေရာအောက် လူနာကို ဆွဲ ခေါ်ပါ

📌 လူနာ သတိရနေသေးရင် ရေ / အချိုရည် / ဓါတ်ဆား ရည် ဘာရရ အများကြီး ဝင်အောင် တိုက်ပါ

လူနာ ရဲ့ အသားအရည်ကို ကိုင်ကြည့်လို့ ပူခြစ်ပြီး ခြောက်ကပ်နေတယ် ဆိုရင် heat stroke ဖြစ်နေပြီမို့

📌 လူနာ ဝတ်ထားတဲ့ အဝတ်တွေ အထပ်ထပ် ဖြစ်နေရင် ဆွဲခွါချွတ်ပစ်ပါ ၊ အဓိကက ခန္ဓာကိုယ် အပူချိန် ကို လျှော့ဖို့ ဖြစ်လို့ အပိုတွေ အကုန် ချွတ်ပစ်ပါ

📌 ရေ ၊ ရေခဲရေ ၊ ရေပတ်ဝတ် ဘာရရ တစ်ကိုယ်လုံးကို လောင်းချပါ ၊ တိုက်ပေးပါ

📌 အဓိက ပင်မ သွေးလွှတ်ကြောကြီးတွေ ရှိတဲ့ လည်ပင်း ၊ ချိုင်း ၊ ပေါင်ရင်း တွေမှာ ရေပတ် ဝတ် or ရေခဲ အေးနေတာတွေကို တင်ထားပါ ၊ ကိုယ်ထဲက အပူတွေကို စုပ်ယူပစ်လိုက်ဖို့ပါ ၊ ရေပတ်ဝတ်တွေ ပူလာ ပါလိမ့်မယ် ၊ အဲ့ဒီအချိန်ကျရင် ရေအေး ပြန် စွတ်ပြီး ပြန် တင်ပေးပါ ၊ ထပ်ခါ ထပ်ခါ ပြုလုပ်ပေးပါ

📌 ပန်ကာ ရှိရင် ပန်ကာလေ တိုက်ရိုက် ဖွင့်ထားပေးပါ ၊ မဟုတ်လဲ ယတ်ခတ်ပေးပါ ၊ Air con ကို အဆုံးထိ အေးနေအောင် ဖွင့်ပါ

‼️ အယူလွဲမှားတတ်တဲ့ အဓိက အချက်က နေပူထဲ က လူမို့ ရေ ချက်ချင်း ထိရင် / ချက်ချင်း အေးရင် အပူရှပ် ပြီး အန္တရာယ်ရှိတယ် ဆိုတဲ့ အချက် ပါ ၊ ဒီအချက်က ပုံမှန် ဆိုရင် မှန်ပါတယ် ၊ ဒါပေမယ့် heat stroke ဖြစ်နေတဲ့ လူနာ အတွက်ဆိုရင်တော့ မမှန်ပါဘူး ‼️

Heat stroke ရနေတဲ့ လူနာ ဟာ ခန္ဓာကိုယ် အပူချိန် အရမ်းကို မြင့်နေပြီ မို့ ဦးနှောက် ၊ နှလုံး နဲ့ ဝမ်းတွင်း ကလီစာ vital organs တွေ အားလုံး စ ထိခိုက်နေပါပြီ ။ အမြန်ဆုံး အေးအောင် ဖန်တီးပေးနိုင်မှ ( ကိုယ် အပူချိန် ကျအောင် ပြန် ဆွဲချ နိုင်မှ ) အသက်အန္တရာယ် က ကာကွယ်နိုင်ပါလိမ့်မယ်

လူနာ ရဲ့ အသားကို ကိုင်ကြည့်လို့ ပူခြစ်ပြီး ခြောက်ကပ်နေရင် အဲ့ဒါ heat stroke ပါပဲ

အမြန်ဆုံး အရေးပေါ် ပြုစုနည်းများ ပြုလုပ်ပေးခြင်း ဖြင့် လူနာ ရဲ့ အသက်အန္တရာယ်ကို ကာကွယ်လို့ ရနိုင်ပါတယ်

ပြုစုပေးနေရင်း တစ်ပြိုက်နက် နီးစပ်ရာ ဆေးရုံ ဆေးခန်းကို အမြန်ဆုံး ပို့ဆောင်ပေးကြဖို့ တိုက်တွန်းလိုပါတယ်

Heat exhaustion , Heat stroke လက္ခဏာတွေကတော့

📌 ခေါင်းမူးဝေ ခေါင်းကိုက်ခြင်း ၊ ရင်တုန် ၊ အားအင်ချိနဲ့ နုန်းချိ ၊ အော့အန်ခြင်း

📌 ကနဦးမှာ ချွေးများ အဆမတန်ထွက်ပြီး နောက် အသားမှာ ခြောက်ကပ် ပူပြင်းလာခြင်း

📌 ရောက်နေသော နေရာ ၊ အချိန် ၊ လူတွေကို ရှင်းလင်းစွာ မသိတော့ဘဲ အသိစိတ် ဝေဝါးခြင်း ( confusion )

📌 အမြင် ဝေဝါးခြင်း

📌 သတိလစ်ခြင်း ၊ တက် ခြင်း စတဲ့ လက္ခဏာများ ဖြစ်ပါတယ်

ဒီလို symptoms တွေ နဲ့ လူနာကို ကြုံလာခဲ့ရင်

‼️‼️‼️ act fast ‼️‼️‼️

အချိန်လုံးဝ မဆွဲဘဲ အရေးပေါ် ပြုစုကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်

Credit Dr Leik

2006ခုနှစ်~ရန်ကုန်မြို့မိမိ  ၆ တန်းဘဝ 😁
22/04/2026

2006ခုနှစ်~ရန်ကုန်မြို့
မိမိ ၆ တန်းဘဝ 😁

 #တက်ပြီဟေ့_မနက်ဖြန်၉၂ - ၄၄၅၀၉၅ - ၄၉၇၅   #ဆီဈေး  #စက်သုံးဆီ  #ဓာတ်ဆီဈေး  #95  #92
26/03/2026

#တက်ပြီဟေ့_မနက်ဖြန်

၉၂ - ၄၄၅၀

၉၅ - ၄၉၇၅
#ဆီဈေး #စက်သုံးဆီ #ဓာတ်ဆီဈေး #95 #92

ဆီထည်ရန်စနစ်သစ်27.3.2026 ရက်နေ့မှစတင်မည်အိမ်ကားတွေ တပတ် ၂ ကြိမ် ထည့်လို့ရမယ်။ 2000 cc အထိ ကားတွေက တပတ်ကို ၃၅ လီတာ ရပါမယ်...
26/03/2026

ဆီထည်ရန်စနစ်သစ်
27.3.2026 ရက်နေ့မှစတင်မည်

အိမ်ကားတွေ တပတ် ၂ ကြိမ် ထည့်လို့ရမယ်။

2000 cc အထိ ကားတွေက တပတ်ကို ၃၅ လီတာ ရပါမယ်တဲ့။

Taxi တွေ က တပတ် ၃ ကြိမ်ပါ။

၉၀ လီတာ ရမယ်။

မော်တော်ယာဥ်နဲ့ ဆိုင်ကယ်များ စက်သုံးဆီ ဝယ်ယူရာတွင် QR Code ဖြင့်ဆောင်ရွက်မယ့် အစီအမံ ထွက်ရှိလာပါပြီ။တစ်ရက် တစ်ကြိမ်သာ ၀ယ...
11/03/2026

မော်တော်ယာဥ်နဲ့ ဆိုင်ကယ်များ
စက်သုံးဆီ ဝယ်ယူရာတွင် QR Code ဖြင့်
ဆောင်ရွက်မယ့် အစီအမံ ထွက်ရှိလာပါပြီ။

တစ်ရက် တစ်ကြိမ်သာ ၀ယ်ခွင့်ပြုတော့မည်
မတ်လ(၁၂)ရက်စတင်စမ်းသပ်အသုံးပြုမည်ဟုဆိုသည်။
#စက်သုံးဆီ #စက်သုံးဆီအရောင်း

■ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ပြည်သူ့ရင်ပြင်တွင် ကျင်းပမည်ဖြစ်၍ ရင်ပြင်ရှေ့ရှိ ပြည်လမ်းကို ခေတ္တပိတ်ထားမည်။၇၈ န...
30/12/2025

■ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ပြည်သူ့ရင်ပြင်တွင် ကျင်းပမည်ဖြစ်၍ ရင်ပြင်ရှေ့ရှိ ပြည်လမ်းကို ခေတ္တပိတ်ထားမည်။

၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ပြည်သူ့ရင်ပြင်တွင် ကျင်းပမည်ဖြစ်၍ ရင်ပြင်ရှေ့ရှိ ပြည်လမ်းကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂ ရက် နံနက် ၄ နာရီတွင် အစမ်းလေ့ကျင့်ခြင်း၊ ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီတွင် အလံတင်အခမ်းအနား၊ နံနက် ၇ နာရီတွင် နိုင်ငံတော်အလံ အလေးပြုအခမ်းအနားနှင့် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကို ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနား ကျင်းပစဉ်အချိန်မှ ပြီးစီးသည့်အချိန်အထိ ပြည်လမ်းကို ခေတ္တပိတ်ထားမည်ဖြစ်သဖြင့် ပြည်လမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာသော ယာဉ်များသည် မြေနီကုန်း တံတားအောက် ရှင်စောပုလမ်းသို့ ချိုးကွေ့၍ အောက်ကြည့်မြင်တိုင်လမ်းသို့လည်းကောင်း၊ ပြည်လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသော ယာဉ်များသည် ပြည်ထောင်စု ရိပ်သာလမ်းသို့ချိုးကွေ့၍ ခရေပင်လမ်း၊ အလုံလမ်းမှတစ်ဆင့် အောက်ကြည့်မြင်တိုင်လမ်းသို့လည်းကောင်း ဆက်လက်မောင်းနှင်ကြပါရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
ားရောင်းဝယ်ရေး
#လွတ်လပ်ရေးနေ့ #ပြည်သူ့ရင်ပြင် #ပြည်လမ်း

လူကြီးမင်းတို့ရဲ့ ကားတွေမှာ EGR ဗားဘယ်လို အလုပ်လုပ်လဲ ???~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~...
27/12/2025

လူကြီးမင်းတို့ရဲ့ ကားတွေမှာ EGR ဗားဘယ်လို အလုပ်လုပ်လဲ ???
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကားတစီးမှာအရေးပါသည့် EGR valve အကြောင်းအနည်းငယ်ရေးသား ချင်ပါတယ်.....

EGR ဆိုတာ.....ကတော့
Exhaust Gas Recirculation ( EGR )ပဲ ဖြစ်ပါတယ်.....

EGR မှာ အဓိက အလုပ်လုပ်ပေးသော အစိတ်ပိုင်း ( ၃ ) မျိုးရှိပါတယ်....
1. EGR valve pintle
2.EGR Solenoid
3.EGR position sensor တို့ပဲ ဖြစ်ပါတယ်....

ကဲ....ဒါဆို EGR valve တွေ က ဘာအတွက် ဘယ်လို အလုပ်လုပ် ကြသလဲ....

EGR valve ကို ဒီဇယ် ဓာတ်ဆီ ကားနှစ်မျိုးလုံးသုံးကြသလား.....?

အိပ်ဇောမီးခိုးငွေ့ အချို့အား အင်ဂျင် အတွင်းသို့ ဝင်နေသော လေထဲသို့ ရောနှော ပေါင်းစပ်ခြင်းဖြင့် အင်ဂျင်မှ ထွက်လာသော လူနှင့် ပတ်ဝန်း ကျင်ကို အဆိတ်တောက် ဖြစ်စေသော... Nitrogen Oxide ( NOx ) ကို လျော့ချစေရန် အတွက် EGR စနစ်ကို အဓိက အသုံးပြုပါတယ်....

ဒီဇယ် ဓာတ်ဆီ ကား နှစ်မျိုး စလုံးတွင် EGR စနစ်ကို အသုံးပြုကြပြီး .... အလုပ်လုပ်ပုံ ခြင်းလဲ ခြားနားပါတယ်....

ဓာတ်ဆီအင်ဂျင်တွင် EGR သည်....
1.Coolant Temperature 57°C အောက်ရှိနေချိန်
2.Idle ( အင်ဂျင် slow နှိုးထားချိန် )
3.Engine light load ( အင်ဂျင်ရုန်းအား လျော့နေချိန်)
4.Over RPM 4000 ( အင်ဂျင် speed RPM 4000 ကျော်သွားချိန် )
ယခု အ‌ခြေနေ ( ၄ ) မျိုးတွင် EGR valve အလုပ်မလုပ်ပါ.......

ဒီဇယ် အင်ဂျင်တွင် EGR သည်.....
1.Idle တွင် အနည်းငယ် ရောနှောသည်...
2.Engine light load ချိန်တွင် ပို၍ ရောနှောသည်...
3. Heavy Load တွင် ရော‌နှောမှုကို ရပ်တန့်သည်...

အထက်ပါ အ‌ခြေနေ သုံးခုကတော့ ဒီဇယ် အင်ဂျင်ရဲ့ EGR ရောစပ်မှု နှုန်းဖြစ်ပါတယ်.....

ဒါဆို....EGR valve မကောင်း ရင်ဘာတွေဖြစ်မလဲ...?
▪️အင်ဂျင် အဆွဲရုံးကျခြင်း
▪️ဆီစားများခြင်း
▪️မီးခေါက်သံ ထွက်ခြင်း
▪️Slow မငြိမ်ခြင်း
▪️Exhaust Gas အတွက်များ‌နေခြင်း
စသည့် ပြသနာ တွေ ဖြစ်လာတတ်ပါတယ်.....
ဒါ‌ကြောင့် EGR ဆိုတာ စစ်ဆေး ပြုပြင်ဖို့ အရေးပါလှ ပါတယ်....

Crd ... ဆရာဆန်းသစ် ( နေပြည်တော်)
မူရင်းရေးသားမျှဝေသူအားလေးစားစွာ Credit ပေးပါသည်
(ဗဟုသုတ အနေဖြင့်ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါသည်)

ားရောင်းဝယ်ရေး
#ကားရောင်းဝယ်ရေး #ကားဝယ်ရောင်း

Address

Pyi Taw Nyunt Street
Yangon

Website

Alerts

Be the first to know and let us send you an email when Auto Myanmar Car Sales Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category