24/05/2023
BYD - D1 (Price - 849 သိန်း + ဝင်ငွေခွန်)
ကလေး ကျောင်းကြိုပို့မလား?
အဖေနဲ့အမေကို ဘုရားသွားကျောင်းတက်ပို့ မလား?
မိသားစု နည်းနည်း၊ ကျစ်ကျစ်လစ်လစ်နဲ့ ဝှစ်ခနဲ ချက်ချင်း ပေါ့ပေါ့ပါးပါး လိုက်ပို့ဖို့ အသင့်တော်ဆုံး EV ကတော့ Model တွေထဲ ခုခေတ်အစားဆုံး BYD D1 ပဲပေါ့....😎
သားသားမီးမီး တို့ ကျောင်းအကြိုပို့အတွက်ဖြစ်ဖြစ်၊ ဟိုနားသည်နား လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါး မောင်းနှင်ဖို့ အတွက် ကျစ်လစ်တောင့်တင်းတဲ့ ကား body design အပြင် ထူးခြားချက်အနေနဲ့ ကားနောက်ဖက် passenger door တစ်ဖက်ကလည်း Slide Door system နှင့်ဆိုတော့ အဝင်အထွက် က ပိုမိုလွယ်ကူ တဲ့အပြင် အတွင်းခန်းက လည်း ကျယ်ကျယ်ဝန်းဝန်း နဲ့ အမိုက်စား BYD တစ်စီးကတော့ သေချာပေါက် အိမ်အတွက် လိုအပ်နေလို့ ရွေးချယ်ရမယ်ဆို D1 က မဖြစ်မနေကို ဝယ်ချင်စရာကောင်းနေပြီး လိုအပ်ချက်တိုင်းနဲ့ ကွက်တိကျနေမဲ့ ကားအမျိုးအစားလေးပဲ ဖြစ်ပါတယ်
ဒီနေ့ ပြောပြချင်တာကတော့မြန်မာနိုင်ငံနဲ့ အကိုက်ညီဆုံး ရွေးချယ်မှုတစ်ခုဖြစ်လာမယ့် BYD D1 တွေကို Order မှာဖို့ စိတ်ဝင်စားနေပြီဆို ဒီ အချက်အလက်တွေ ကြည့်ပြီးရင် သေချာပေါက် Pre-Order မှာဖို့ ဆုံးဖြတ်မယ်ဆိုတာ သေချာပေါက် အာမခံပါတယ်ဗျ...
BYD D1 ရဲ့ အားသာချက်
-
BYD D1 ဆိုတာ မြန်မာပြည်နဲ့ အထူးကိုက်ညီပြီး Individual or family ဘယ်လိုပဲသုံးသုံး အဆင်ပြေတဲ့ ကျစ်ကျစ်လစ်လစ် နဲ့ Classic ဆန်ဆန် သေသပ်လှပတဲ့ အရွယ်အစား ၊
ကိုယ်တိုင်မောင်းနှင်ရာမှာလည်း အထူးမောင်းလို့ကောင်းတဲ့ Electric Compact Multi Purpose vehicle (MPV) အမျိုးအစား EV တစ်စီးပဲဖြစ်ပါတယ်။
BYD တွေထဲကမှ D1 ရဲ့ အားသာချက် ကတော့ World Wide Safest, Great Performance နဲ့ သက်တမ်းအကြာဆုံး အသုံးခံတဲ့ BYD Blade Battery (LFP) နဲ့ သူရဲ့ ပြည့်ဝတဲ့ ဘက်ထရီစွမ်းအင်နဲ့ ကြာရှည်အသုံးခံတဲ့ သက်တမ်း ပါပဲ။
အားလုံးစိတ်ပူနေကြတဲ့ Battery အကြောင်းကလည်း D1 ကို ရွေးချယ်သင့်တဲ့ အဓိက Factor ပါပဲ။ Battery Capacity 53.56 kWh ကိုမှ မောင်းနှင်နိုင်မဲ့ အကွာအဝေး Pure Electric NEDC Range အရ (418 km) ထိမောင်းနှင်နိုင်လို့ battery နဲ့ ပတ်သက်ပြီး စိုးရိမ်၊ စိတ်ပူနေစရာမလိုပဲ လိုရာ ခရီး ကို Driving Performance ပြည့်ပြည့်ဝဝ နဲ့ မောင်းနှင် စီးနင်း နိုင်မှာပဲ ဖြစ်ပါတယ်။
ကားအပြင်ဘက် Exterior Design ပိုင်း
-
BYD D1 က ပွဲဦးထွက်လာတည်းက Electric Compact Multipurpose Vehicle (MPV) လို့ ကြွေးကြော်ထားလို့ကို Body ပိုင်း အရမ်း ကျစ်လစ်ပြီး အရိုးရှင်းဆုံးနဲ့ Classic ဆန်တဲ့ အချိုးအကွေ့ Corner တွေ၊ Line တွေက ဆွဲဆောင်မှုပါပဲ။ မြို့ပြရဲ့ Car Parking အခက်အခဲအတွက် အသင့်တော်ဆုံး Design မျိုးမို့ ကားရပ်ရမှာလည်း အဆင်ပြေတဲ့အပြင် အဆင့်မြင့်နည်းပညာတွေ နဲ့ ပေါင်းစပ်ဖွဲ့ စည်းထားလို့ ကြည့်လိုက်တာနဲ့ လှပသေသပ်နေမယ့် Rear combination lights with light bar (LED) ကို BYD ရဲ့ logo `Build Your Dream ဆိုတဲ့ စာသားဒီဇိုင်း ၊ Daytime running light (LED), Automatic Headlight and manual headlights hight adjustment တွေ လည်းပါလာတာမို့ ညဘက် မောင်းနှင်တဲ့ အခါတွေမှာလည်း နေ့ဘက်မှာ မောင်းသလို မြင်ကွင်းရှင်းရှင်း လင်းလင်းနဲ့ safety ဖြစ်ဖြစ် လိုရာခရီးကို မောင်းနှင် နိုင်မှာ ဖြစ်ပါတယ်။
ထူးခြားချက်ကတော့ D1 ရဲ့
-
Rear Passenger Side Door က Automatic System အဖွင့်အပိတ်ပါဝင် လာမှာဆိုတော့ ကားထဲ အဝင်အထွက်၊ အတက်အဆင်းတွေ ပြုလုပ်ရာမှာလည်း အရင်ထက်များစွာပိုမို လွယ်ကူစေမှာပဲ ဖြစ်ပါတယ်။
ကားအတွင်းပိုင်းရဲ့ ဇိမ်ကျ လှပသေသပ်နေမယ့် Innovative Interior Design များ
-
D1 မှာ ပါဝင်လာတဲ့ Polyurethane Seat က Bespoke seating type နဲ့ဆိုတော့ ကလေးငယ်တွေ နဲ့ လူကြီးမိဘတွေ အတွင်လည်း သာမာန်ထက် ပိုတဲ့ နူးညံ့တဲ့ အထိအတွေ့ , သက်သောင့်သက်သာ ငြိမ့်ငြိမ့်ညောင်းညောင်း နဲ့ မောင်းနှင် စီးနင်းနိုင်မဲ့ အပြင် မောင်းနှင်မဲ့ Driver အတွက် 6-ways manual adjustable driver seat၊ လိုက်ပါ စီးနင်းမဲ့ front passenger အတွက် 4-ways manual adjustable seat ကိုထည့်သွင်းထားပါတယ်။ ဒါအပြင် ပိုမိုသက်သောင့်သက်သာ ဖြစ်စေဖို့ Lumber Support ကိုမှ 4-ways electric adjustment နဲ့ဆိုတော့ မိသားစု (သို့) သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အတူ ရှိနေ အချိန်တွေမှာ D1 နဲ့ အတူ ပိုမို ငြိမ့်ညောင်းပြီး သက်သောင့်သက်သာ နဲ့ ကောင်းမွန် တဲ့ အချိန်တွေကို ဖြတ်သန်းနိုင်မှာပဲ ဖြစ်ပါတယ်။
D1 ရဲ့ အတွင်း interior ကို ကြည့်လိုက်မယ် ဆိုရင် အရင်ဆုံး မြင်တွေ့ရမဲ့ သိသာထင်ရှားတဲ့ 10.1 inches ရှိ infotainment Carpad နဲ့ အတူ တိကျ သေသပ် လှပတဲ့ အလယ် center console ကိုလည်း New Technology design တခုဖြစ်တဲ့ k**b type electronic gear shift နဲ့ အချိူးကျ လှပစွာ ပေါင်းစပ်ထည့်သွင်းထားတာ ကိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မောင်းနှင်နေတဲ့ အခါ မှာလည်း တိကျ မြန်ဆန်တဲ့ ကား ရဲ့ information တွေ ကို အချိန် နဲ့ တပြေးညီ မောင်းနှင်သူကို Carpad မှတစ်ဆင့် အချက်အလက် များပေးပို့မဲ့ အပြင် ဒီဇိုင်း အသစ် K**b Type Gear ကြောင့် အသုံးပြုတဲ့ အခါတိုင်း မတူညီကွဲပြား တဲ့ feelings and moments ကိုရရှိဦး မှာပဲ ဖြစ်ပါတယ်။
ကားတစ်စီးလုံးအတွက် အရေးအကြီးဆုံး Safety features များ
BYD D1 မှာ ပါဝင်လာမဲ့ အဆင့်မြင့်နည်းပညာ safety features တွေကတော့ ;
- Rear 3 points seatbelts
- Driver/ Front passenger airbags
- Front side airbags
- Driver's seatbelt reminder (with light and sound)
- Front passenger's seatbelt reminder (with light and sound)
- Rear seatbelt reminder (with light and sound)
- Reverse image
- Anti-lock Brake System (ABS)
- Electronic Stability Program (ESP)
- Hydraulic Brake Assist (HBA)
- Traction Control System (TCS)
- Controlled Deceleration for Parking Brake (CDP)
- Vehicle Dynamics Control (VDC)
- Electronic Brakeforce Distribution (EBD)
- Hill-start Hold Control (HHC)
- Brake Override System (BOS)
- Acoustic vehicle alerting systems
- Adaptive Cruise Control (ACC)
- Predictive Collision Warning (PCW)
- Automatic Emergency Braking (AEB)
- Lane Departure Warning (LDW)
- 4-sensor reverse radar
- Indirect tire pressure monitoring
- Speed-sensing auto lock
- Remote control by center console lock
- Child safety lock
- Power system immobilizer
- Electronic anti-theft system တို့ ကြောင့် လိုရာခရီးကို D1 နဲ့ အတူ စိတ်သွားတိုင်းကိုယ်ပါ Driving Performance အပြည့်အဝ နဲ့ မောင်းနှင်ပြီး တန်ဖိုးရှိလှတဲ့ လူကြီးမင်း ရဲ့ နေ့ရက်တွေ ကို ဖြတ်သန်းနိုင်ပါပြီ။
ဒါ့ကြောင့် EV တစ်စီး ဝယ်စီးချင်ပေမယ့် EV နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေ မှန်ကန်ဖို့ သေချာပေါက် အကြံကောင်းပေးဖို့ဆို ဘယ်တော့မှ ရွေးချယ်မှု မမှားစေမယ့် D1 ကတော့ သေချာပေါက် Pre Order တင်ကို တင်ထားသင့်တဲ့ Model မျိုးလို့ ညွှန်းပါရစေ။
နောက်ထပ် သတင်းကောင်းက PRIME Automotive မှ တရားဝင် တင်သွင်းပြီးတော့ PRIMEs Dealers များမှ ဝယ်ယူမဲ့ customers တွေ အတွက်လည်း ပိုပြီး ယုံကြည်စိတ်ချစွာ မောင်းနှင်နိုင်ဖို့ Warranty အာမခံ ကို ဝယ်ယူတဲ့နေ့မှ စပြီး (၈) နှစ် သို့မဟုတ် ကီလို ၁ သိန်းခွဲ အထိ ပေးထားသေးတာမို့ D1 ကတော့ သေချာပေါက် အရွေးချယ်သင့်ဆုံးပါပဲ...😇
ဈေးနှုန်း နဲ့ အသေးစိတ် အချက်အလက်တွေ သိလိုပါက BYD Prime Automotive Myanmar ရဲ့ chat box (သို့) Ph - 09946666528 ကို ဆက်သွယ် စုံစမ်းရုံနဲ့ ကျွန်တော်တို့က BYD နဲ့အတူ လူကြီးမင်းတို့ သိလို သမျှကို ဖြေကြားပေးဖို့ အမြဲ အဆင်သင့်ပါပဲ။ 😇😎