Athet’s Daily Notes & Knowledge Sharing Blog

Athet’s Daily Notes & Knowledge Sharing Blog Welcome to Athet’s Daily Notes & knowledge Sharing Blog 💚

📝 Warmth, comfort, and unconditional love.💚…..
30/09/2025

📝 Warmth, comfort, and unconditional
love.💚…..



❤️စိတ်ငြိမ်းချမ်းချင်ရင်သူများတွေအကြောင်း သိပ်မတွေးနဲ့။အသေးအဖွဲလေးတွေကို ပုံကြီးချဲ့မတွေးနဲ့။If you want peace of mind, ...
21/09/2025

❤️စိတ်ငြိမ်းချမ်းချင်ရင်
သူများတွေအကြောင်း သိပ်မတွေးနဲ့။
အသေးအဖွဲလေးတွေကို ပုံကြီးချဲ့မတွေးနဲ့။
If you want peace of mind,
don't spend too much time thinking about others.
Don't let your imagination exaggerate the trivial matters.

❤️စိတ်ငြိမ်းချမ်းချင်ရင်
ကိုယ်သွားရမယ့် လမ်းကြောင်းကို ရှင်းရှင်းမြင်အောင်ကြည့်။
ပန်းတိုင်ကိုရောက်အောင် အားစိုက်သွားပါ။
If you want peace of mind,
try to see clearly the path you need to take.
March forward with might and main till you reach your destination.

❤️စိတ်ငြိမ်းချမ်းချင်ရင်
အားချိန်မရှိလောက်အောင် အလုပ်များနေပါစေ။
အလုပ်များနေသူဟာ အဆိုးမြင်စိတ်တွေ ဝင်လာစေဖို့ အချိန်မရှိလို့ သူ့ စိတ်ဟာ ကြည်လင်နေတယ်။
If you want peace of mind,
keep yourself busy, so much so that it leaves you no free time.
As he has no time to let negative thoughts go through his mind, a busy person can stay pure-minded.

❤️စိတ်ငြိမ်းချမ်းချင်ရင်
မလိုတာတွေ မဝယ်နဲ့။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံကို ကျင့်သုံး။
ခြိုးခြံချွေတာပါ။
If you want peace of mind,
don't buy unnecessary things.
Try to adopt a healthy lifestyle.
Try to lead a frugal life.

❤️စိတ်ငြိမ်းချမ်းချင်ရင်
ကိုယ်နဲ့မဆိုင်တဲ့ သူများတွေကိစ္စမှာ မပါမိအောင်ကြိုးစားပါ။
မဖိတ်ဘဲနဲ့ အိမ်လည်မသွားနဲ့။
မတောင်းတဲ့ အကြံကို မပေးပါနဲ့။
လူတွေကို ကူညီနိုင်သလောက် ကူညီလိုက်ပါ။
သူတို့ဆီကတော့ ဘာမှပြန်မမျှော်လင့်ပါနဲ့။
If you want peace of mind,
always try not to interfere in other people's private affairs.
Never visit someone's home uninvited.
Never offer unsolicited advice.
You may help people as much as you can,
but don't expect anything in return from them.






Crd-to-owner-with-respect 📝

📝အောင်မြင်ပျော်ရွှင်တဲ့ နေ့တစ်နေ့ကို ဘယ်လိုဖန်တီးမလဲ။❓❓❓📝လူတိုင်းက ကိုယ့်ဘဝအတွက် အရေးကြီးတဲ့ အရာတွေကို လုပ်ဆောင်ရင်း ပို...
19/09/2025

📝အောင်မြင်ပျော်ရွှင်တဲ့ နေ့တစ်နေ့ကို ဘယ်လိုဖန်တီးမလဲ။❓❓❓

📝လူတိုင်းက ကိုယ့်ဘဝအတွက် အရေးကြီးတဲ့ အရာတွေကို လုပ်ဆောင်ရင်း ပိုပြီး ထိရောက်၊ အကျိုးရှိတဲ့ နေ့တစ်နေ့ကို ပိုင်ဆိုင်ချင်ကြပါတယ်။ အောင်မြင်ပြီး ပျော်ရွှင်တဲ့ နေ့တစ်နေ့ကို ပိုင်ဆိုင်ဖို့အတွက် ဒီအချက်တွေကို လုပ်ဆောင်ကြည့်နိုင်ပါတယ်။

📝မနက်ခင်းကို အကောင်းဆုံးစတင်ပါ။
တစ်နေ့တာရဲ့အစဖြစ်တဲ့ မနက်ခင်းဟာ အရေးအကြီးဆုံးပါပဲ။ မနက်စောစောထပြီး တရားထိုင်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ဒါမှမဟုတ် စာအုပ်ဖတ်တာမျိုး လုပ်ပေးပါ။ ဒါမှ ကိုယ်ရောစိတ်ပါ လန်းဆန်းပြီး တစ်နေ့တာအတွက် အားအင်တွေ ပြည့်ဝနေမှာပါ။ မနက်စာကို အာဟာရပြည့်ဝအောင် စားသုံးဖို့လည်း မမေ့ပါနဲ့။
ရည်မှန်းချက်တွေ ချမှတ်ပါ။

📝တစ်နေ့တာအတွက် လုပ်ဆောင်ရမယ့်အလုပ်တွေကို စာရင်းတစ်ခုလုပ်ပြီး ဦးစားပေးအလိုက် စီစဉ်ထားပါ။ အရေးအကြီးဆုံးအရာတွေကို အရင်ဆုံးလုပ်ဆောင်ခြင်းက ပိုပြီး အကျိုးရှိစေပါတယ်။ ဒါမှ အချိန်ကို ပိုပြီး ထိရောက်စွာ အသုံးချနိုင်မှာပါ။

📝အချိန်ကို စီမံခန့်ခွဲပါ။
အလုပ်တစ်ခုတည်းကို အချိန်အကြာကြီး လုပ်နေတာမျိုးထက် အလုပ်တွေကို ခဏနားပြီးမှ ပြန်လုပ်တာမျိုးက ပိုပြီး အာရုံစူးစိုက်နိုင်စေပါတယ်။ ဥပမာ- Pomodoro Technique လို့ခေါ်တဲ့ နည်းလမ်းအတိုင်း အလုပ်ကို ၂၅ မိနစ်လုပ်ပြီး ၅ မိနစ်နားတာမျိုး လုပ်ကြည့်ပါ။ ဒါမှ ပင်ပန်းနွမ်းနယ်မှုလည်း သက်သာစေမှာပါ။

📝အနားယူဖို့ အချိန်ပေးပါ။
တစ်နေ့တာလုံး အလုပ်တွေနဲ့ပဲ အချိန်ကုန်နေတာမျိုးက စိတ်ဖိစီးမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်ချင်တာတွေကို လုပ်ဖို့အတွက် အချိန်ပေးပါ။ ဥပမာ- ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို လေ့လာတာ၊ သီချင်းနားထောင်တာ၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ စကားပြောတာမျိုး လုပ်ပေးပါ။ ဒါမှ စိတ်ဖိစီးမှုတွေ လျော့ကျပြီး စိတ်ကြည်လင်နေမှာပါ။

📝ကျန်းမာရေးကို ဂရုစိုက်ပါ။
တစ်နေ့တာလုံး အလုပ်တွေလုပ်နိုင်ဖို့အတွက် ကျန်းမာရေးကောင်းဖို့ လိုပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားတာ၊ ရေများများသောက်တာနဲ့ လုံလောက်တဲ့ အနားယူမှုတွေကို ပြုလုပ်ပါ။ ညဘက်မှာ ကောင်းကောင်းအိပ်စက်အနားယူခြင်းက နောက်တစ်နေ့အတွက် အကောင်းဆုံး ပြင်ဆင်ခြင်းပါပဲ။

📝ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် ကိုယ့်ရဲ့နေ့ရက်တွေကို ပိုပြီး အဓိပ္ပာယ်ရှိရှိ၊ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။🍃🍃






19.9.2025
Friday

📝စိတ်ထား မကောင်းလိုက်တာ နဲ့ကိုယ့်ရဲ့ဘုန်းကံဟာအမြန်ကျဆင်းသွားပါတယ် ။📝စိတ်ထားမမှန်လိုက်တာနဲ့ကိုယ့်က အရင်ပူလောင်ဆင်းရဲသွားရ...
18/09/2025

📝စိတ်ထား မကောင်းလိုက်တာ နဲ့
ကိုယ့်ရဲ့ဘုန်းကံဟာ
အမြန်ကျဆင်းသွားပါတယ် ။

📝စိတ်ထားမမှန်လိုက်တာနဲ့
ကိုယ့်က အရင်
ပူလောင်ဆင်းရဲသွားရပါတယ် ။

📝သူများကို တိုက်ခိုက်ခြင်းဟာ
ကိုယ့်ဘဝကို တူးဖြိုနေတာပါ ။

📝သူများကို စိတ်တိုနေတာဟာ
ကိုယ့်ဘ၀ကို
အဆိပ်ရည်နဲ့လောင်းနေတာပါ ။

📝သူများကို မကောင်းကြံလို့လည်း
ကိုယ်အမြဲ အနိုင်ရမနေပါဘူး ။

📝ကိုယ့်အလှည့်ဆိုတာလည်း
ပြန်ကြုံလာတတ်သေးတဲ့အတွက်

📝ဘာဖြစ်ဖြစ် စိတ်မကွက်ပဲ
မေတ္တာစိတ်လေးထားပြီးတော့
စိတ်ထားမှန်အောင်သာကြိုးစားပါ ။🍃🍃




Shout out to my newest followers! Excited to have you onboard!U Mae, Zaw Paing, Bhone Khant, Ei Winko, Hnin Yamone, Mi H...
17/09/2025

Shout out to my newest followers! Excited to have you onboard!

U Mae, Zaw Paing, Bhone Khant, Ei Winko, Hnin Yamone, Mi Htet, ZweYar Zar, Kelly Luxx, MinMaw Hein, KoHtet KoHtet, GhanSal Cxinn, Hong Hocxinn, Phoo Phoo, May Lay, Phoo Thri, Thwel Nyein, Hsu Hsu, Nhwe Nhwe, Htoo Myat, Mhe Shoon, NweNwe Linn, Soe Soe, Zwe Zwe, Zar Zar, Kar Yann, Zuu Thant, Chit Mee, Nay Chi, Zon Zon, Aye Thin, ChoCho Zin, Phoo Nge, Shinn Thiri, Shuun Lae Phyu, Eaint Eaint, Zan Ye Htet, Khin Mar Phyo, Pan Su Yee, Sann Min Thu, Shwe Thoon, Win Thinzar Khine, Shwe Myat Su, May Thiri, Zarkyi Wint, Shwe Hmone, Hla Yamin Swe, Nadi Khin, Lae Mon Zaw, Phyu Sin Lay, Zin Mon Myat

📝ဘဝကြီးအထာကျတယ်ဆိုတာဒုက္ခမရှိတာ မဟုတ်ဘူး။ဒုက္ခအပေါ်မြင်တဲ့အမြင်ပြောင်းသွားတာ။ဘဝဆိုတာ ရှိနေသမျှဒုက္ခက ရှိနေမှာပဲ။📝လိုချင်...
15/09/2025

📝ဘဝကြီးအထာကျတယ်ဆိုတာ
ဒုက္ခမရှိတာ မဟုတ်ဘူး။
ဒုက္ခအပေါ်မြင်တဲ့အမြင်ပြောင်းသွားတာ။
ဘဝဆိုတာ ရှိနေသမျှ
ဒုက္ခက ရှိနေမှာပဲ။

📝လိုချင်တာမရလဲ ဒုက္ခ၊
ရထားတာမလိုချင်လဲ ဒုက္ခ။

📝လိုချင်တာကို ရအောင်ယူနိုင်တဲ့
အစွမ်းအစရှိတဲ့အခါ
ဒုက္ခက နည်းသွားမယ်။
ဒါကြောင့် ဘဝမှာ အစွမ်းအစတွေ
တိုးတက်နေဖို့ နေ့စဉ်သတိပြုဖို့လိုတယ်။🍃🍃




゚viralシfypシ゚viralシalシ

📝ဝဋ်က သူ့အလုပ် သူ လုပ်ပါလိမ့်မယ်🍃🍀📝ဘယ်သူတွေ ကောင်းကောင်း၊ မကောင်းကောင်း ကိုယ်ကတော့ ကောင်းအောင်နေပါ။ ကျန်တာ ဝဋ်က သူ့အလုပ်...
14/09/2025

📝ဝဋ်က သူ့အလုပ် သူ လုပ်ပါလိမ့်မယ်🍃🍀

📝ဘယ်သူတွေ ကောင်းကောင်း၊ မကောင်းကောင်း

ကိုယ်ကတော့ ကောင်းအောင်နေပါ။ ကျန်တာ

ဝဋ်က သူ့အလုပ် သူ ဆက်လုပ်လိမ့်မယ်။ ကိုယ်က

လဲ ကိုယ့်အလုပ် ကိုယ် ဆက်လုပ်နေရုံပါပဲ။📝🍃





Athet’s Daily Notes
14.9.2025
Sunday

My Dear Sister,💚📝Always remember, that no one can replace you. 🍃📝You were, are, and will always be - irreplaceable.🍃📝You...
14/09/2025

My Dear Sister,💚

📝Always remember, that no one can replace you. 🍃

📝You were, are, and will always be - irreplaceable.🍃

📝You have a special place in my heart forever.🍃

Love you sister 💚




14.9.2025
Sunday

📝စိတ်ချမ်းသာချင်ရင်မသိချင်ယောင်ဆောင်လိုက်ပါ 💚📝နေရာတကာ အလိုက်သိတာက ကောင်းတယ်ဆိုပေမဲ့ တချို့အရာတွေက မသိချင်ယောင်ဆောင်တတ်ရတ...
13/09/2025

📝စိတ်ချမ်းသာချင်ရင်မသိချင်ယောင်ဆောင်လိုက်ပါ 💚

📝နေရာတကာ အလိုက်သိတာက ကောင်းတယ်ဆိုပေမဲ့ တချို့အရာတွေက မသိချင်ယောင်ဆောင်တတ်ရတယ် ဒါမှ စိတ်ချမ်းသာရမှာပါ ။

📝 နေရာတကာ လိုက်ပြီးတွေးပေးနေရင်
ကိုယ်ပဲပင်ပန်းရလိမ့်မယ်၊ လွှတ်ချသင့်တဲ့အရာတွေကို လွှတ်ချတတ်အောင်သင်ယူပါ၊ ဆွဲထားသမျှ ပူလောင်နေရင် အဲ့ဒီရပ်ဝန်းမှာ ကြာကြာမနေနဲ့ မလိုအပ်တော့ဘူးဆိုရင် သိသာစွာပြောင်းလဲတတ်တာ လူ့သဘာဝပါ ။ 🍂🍂🍁🍁






14.9.2025
Sunday

📝မဖြုန်းသင့်သည့်အရာ ( ၃ )ခု📝ငွေကို ဖြုန်းလျှင် ဥစ္စာကို ဆုံးရှုံးရတတ်သည် ။📝စကားကို ဖြုန်းလျှင်သိက္ခာကို ဆုံးရှုံးရတတ်သည်...
13/09/2025

📝မဖြုန်းသင့်သည့်အရာ ( ၃ )ခု

📝ငွေကို ဖြုန်းလျှင် ဥစ္စာကို ဆုံးရှုံးရတတ်သည် ။

📝စကားကို ဖြုန်းလျှင်သိက္ခာကို ဆုံးရှုံးရတတ်သည်။

📝အချိန်ကို ဖြုန်းလျှင် ဘဝကို ဆုံးရှုံးရတတ်သည်။

📝If you waste money, you risk losing wealth.

📝If you waste words, you risk losing respect.

📝If you waste time, you risk losing your life.




📝လူတိုင်းက ကိုယ်နဲ့ တန်ရာတန်ရာပဲ ရတတ်ကြတယ်။ ကိုယ်နဲ့ကောင်းတာနဲ့ ထိုက်တန်ဖို့ ကာယကံ၊ ဝဇီကံ၊ မနောကံ အတွေး၊ အကြံအစီ၊ အလုပ်အ...
13/09/2025

📝လူတိုင်းက ကိုယ်နဲ့ တန်ရာတန်ရာပဲ ရတတ်ကြ

တယ်။ ကိုယ်နဲ့ကောင်းတာနဲ့ ထိုက်တန်ဖို့ ကာယကံ၊

ဝဇီကံ၊ မနောကံ အတွေး၊ အကြံအစီ၊ အလုပ်

အထူးအရေးကြီးတယ်။ 📝




📝ဖခင်မေတ္တာ ဆိုတာ ဘဝရဲ့ အမြစ်၊ အနာဂတ်ရဲ့အလင်း 💕ဖခင်ဆိုတာ သားသမီးတွေရဲ့ ဘဝမှာ ခိုင်မာတဲ့ အမြစ် တစ်ခုလိုပါပဲ။ တိတ်တဆိတ်၊ မ...
12/09/2025

📝ဖခင်မေတ္တာ ဆိုတာ ဘဝရဲ့ အမြစ်၊ အနာဂတ်ရဲ့အလင်း 💕

ဖခင်ဆိုတာ သားသမီးတွေရဲ့ ဘဝမှာ ခိုင်မာတဲ့ အမြစ် တစ်ခုလိုပါပဲ။ တိတ်တဆိတ်၊ မထင်မရှား ရှိနေပေမယ့် ဘဝရဲ့ မုန်တိုင်းဒဏ်တွေကို ခံနိုင်ဖို့၊ ကြီးထွားဖို့ အတွက် အရေးပါဆုံး အထောက်အပံ့ ဖြစ်ပါတယ်။ ဖခင်ရဲ့ မေတ္တာဆိုတာ မာကျောတဲ့ ရုပ်ရည်အောက်မှာ ဖုံးကွယ်နေတဲ့ နွေးထွေးမှု၊ အနစ်နာခံမှုနဲ့ ခွန်အား တွေရဲ့ ပေါင်းစည်းမှုပါ။

📝ရင်ဘောင်တန်း ရပ်တည်ပေးသူ💕

📝တစ်ခါတလေ ဖခင်တွေဟာ သားသမီးတွေရဲ့ အားကိုးရာ ကျောက်တုံး လိုပါပဲ။ သူတို့ကိုယ်တိုင် ခက်ခဲကြမ်းတမ်းတဲ့ ဘဝလမ်းကို လျှောက်လှမ်းခဲ့ရပေမယ့် သားသမီးတွေအတွက်တော့ အေးချမ်းတဲ့ အရိပ် ကို အမြဲ ပေးစွမ်းခဲ့ပါတယ်။ ရင်ဘောင်တန်း ရပ်တည်ပေးရင်း၊ လိုအပ်တာမှန်သမျှ အနစ်နာခံ ပေးဆပ်ရင်း သားသမီးတွေရဲ့ အနာဂတ်ကို တည်ဆောက်ပေးသူတွေပါ။ သူတို့ရဲ့ အလုပ်ကြိုးစားမှု၊ မိသားစုအတွက် စွန့်လွှတ်မှု တွေဟာ မရေမတွက်နိုင်အောင် များပြားလှပါတယ်။

📝တိတ်တဆိတ် ကူညီပေးတဲ့ စွမ်းအား💕

📝ဖခင်မေတ္တာဟာ အသံကျယ်ကျယ်နဲ့ ကြေညာစရာ မလိုပါဘူး။ တစ်ခါတလေ တိတ်တဆိတ်၊ မသိမသာ ကူညီပေးတာတွေက ပိုပြီး ထိထိမိစေပါတယ်။ သားသမီးတွေ ကျရှုံးတဲ့အခါ ပြန်ထဖို့ လက်ကမ်းပေးတာ၊ မှားတဲ့လမ်းကို လျှောက်တော့မယ့်အခါ မှန်ကန်တဲ့ လမ်းညွှန်မှု ပေးတာ၊ ဒါမှမဟုတ် သားသမီးတွေ ပျော်ရွှင်နေတာကို ဝမ်းမြောက်စွာ ကြည့်ရင်း ကိုယ်တိုင်ကျေနပ်နေတာတွေဟာ ဖခင်မေတ္တာရဲ့ အစစ်အမှန် ပါပဲ။
သားသမီးတွေရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံသူ
ဖခင်တွေဟာ သားသမီးတွေရဲ့ အနာဂတ်အတွက် အရင်းနှီးဆုံး ရင်းနှီးမြှုပ်နှံသူတွေ လည်း ဖြစ်ပါတယ်။ သူတို့ရဲ့အချိန်၊ ငွေကြေး၊ စွမ်းအင် အားလုံးကို သားသမီးတွေ ကောင်းမွန်တဲ့ ပညာရေး၊ ဘဝတစ်ခု ရရှိဖို့ အတွက် မြှုပ်နှံပေးခဲ့ကြပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုတွေဟာ ပြန်မယူတတ်တဲ့ အချစ် ဖြစ်ပြီး ဘဝရဲ့ အကောင်းဆုံး လက်ဆောင်တွေထဲက တစ်ခုပါပဲ။

📝ဖခင်မေတ္တာကို ဘယ်လို တုံ့ပြန်ကြမလဲ?

ဖခင်ရဲ့ မေတ္တာကို သိတတ်၊ နားလည်ပြီး လေးစားမှုနဲ့ ကျေးဇူးတရား ကို ပြန်လည်ပေးဆပ်ဖို့ အရေးကြီးပါတယ်။ သူတို့ရဲ့ အနစ်နာခံမှုကို အသိအမှတ်ပြုပြီး ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှု တွေ ပြန်လည် ပေးအပ်ကြပါစို့။ ဘာကြောင့်လဲဆိုတော့ ဖခင်ရဲ့ မေတ္တာဆိုတာ ဘယ်တော့မှ ကုန်ဆုံးမသွားတဲ့ ရတနာ တစ်ပါးပါပဲ။

📝သင့်ဘဝမှာ ဖခင်ရဲ့ မေတ္တာနဲ့ ပတ်သက်လို့ အမှတ်ရဆုံး အဖြစ်အပျက်လေး ရှိရင် မျှဝေပေးပါဦး။




Address

Yangon

Website

Alerts

Be the first to know and let us send you an email when Athet’s Daily Notes & Knowledge Sharing Blog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share