Dagon Red Cross

Dagon Red Cross ဒဂုံ​မြို့နယ်ကြက်ခြေနီအသင်းဖြစ်ပါ?

04/01/2024
24/11/2023

ဒီအကောင့်ကို ဘယ်လို့ဖြက်ရမလည်း
ဗျ

20/09/2022
01/01/2022

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်၏ ၂၀၂၂ ခုနှစ် နှစ်သစ် နှုတ်ခွန်းဆက်စကား
================================

ချစ်ခင်လေးစားအပ်ပါသော နိုင်ငံတစ်ဝန်းက ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် များနဲ့ မိဘပြည်သူ အပေါင်းတို့ ခင်ဗျာ -

ယနေ့သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတဲ့ ၂၀၂၂ ခုနှစ် နှစ်သစ်ရဲ့ ပထမဆုံးနေ့ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်၊ အသင်းဝင်၊ တပ်ဖွဲ့ဝင်တွေဟာ ကျရာ အခန်းကဏ္ဍ ကနေပြီး ဒေသအလိုက် ရောဂါကာကွယ်တားဆီးရေးနှင့် ရှေးဦးပြုစုခြင်းလုပ်ငန်းများ အပြင် ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိနေကြတဲ့ အတွက် ကျေးဇူးတင် ဂုဏ်ယူပါတယ်။ ဒီလို ကူညီဆောင်ရွက်နိုင်အောင် ပံ့ပိုးခဲ့ကြတဲ့ ကြီးကြပ် ကော်မတီဝင်များ၊ မြို့နယ်အမှုဆောင်များ၊ အသင်းဝင်၊ တပ်ဖွဲ့ဝင်ခေါင်းဆောင်များ၊ ကြက်ခြေနီစေတနာ လုပ်အားရှင်များနှင့် မိတ်ဖက်ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့ဝင်များ၊ နိုင်ငံတကာနှင့် ဒေသတွင်းရှိ ပုဂ္ဂလိကနှင့် တစ်ဦးချင်း အလှူရှင်များအားလုံးကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက အထူးပင် ကျေးဇူးတင် လေးစား ဂုဏ်ယူ ပါကြောင်း မှတ်တမ်းတင်အပ် ပါတယ်။

ယနေ့ ကမ္ဘာပေါ်မှာ တီထွင်ဖန်တီးမှုတွေကြောင့် ခေတ်မှီတိုးတက်လာသည့် ပတ်ဝန်းကျင်နှင့် အညီ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသည့် သဘာဝနှင့် ပဋိပက္ခဘေးအန္တရာယ်များကြောင့် အချိန်နှင့် အမျှ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။ ဒါတွေကို ပူးပေါင်း ရင်ဆိုင်ဖြေရှင်းဖို့အတွက်ဆိုရင် ရပ်ရွာလူထု ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြင့်မားရေးအတွက် နေထိုင်မှု ပုံစံသစ်နဲ့ အံဝင်ခွင်ကျသည့် တီထွင်ဖန်တီးမှုများကို ဝိုင်ဝန်း ကြိုးစား လုပ်ဆောင် ပေးပါလို့ တိုက်တွန်းအပ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်၊ အသင်းဝင်များနဲ့ မိဘ ပြည်သူအပေါင်းတို့ ခင်ဗျာ -

ယခုလို နှစ်သစ်မင်္ဂလာအခါသမယမှာ ကြက်ခြေနီစေတနာလုပ်အားရှင်များသို့ အသင်း၏ အခြေခံမူ (၇) ချက်နှင့်အညီ မိဘပြည်သူများနှင့် အတူလက်တွဲ၍ ရောဂါဘယကင်းဝေးသော ပိုမို ကျန်းမာ ကြံ့ခိုင်သည့် လူမှုဘဝမှာ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အသင်း၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကို ထိန်းသိမ်းကာ အပြုသဘောဆောင်မည့် ကြိုတင်ပြင်ဆင်မှုနှင့် ထိရောက်တဲ့ တုံ့ပြန်နိုင်မှုတွေကို ဖြေရှင်းကျော်လွှား နိုင်သော ကြက်ခြေနီများ ဖြစ်ပါစေကြာင်း ဆုမွန်ကောင်းတောင်းရင်း မေတ္တာ ပို့သလိုက်ပါတယ်။

ဒေါက်တာမောင်မောင်မြင့်
ဥက္ကဌ
မြန်မာနိုင်ငံကြက်ခြေနီအသင်း

အပိုင်း 2
30/12/2021

အပိုင်း 2

အပိုင်း 1
30/12/2021

အပိုင်း 1

Address

Yangon
16616

Telephone

+959788988919

Website

Alerts

Be the first to know and let us send you an email when Dagon Red Cross posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share