KNA Automobile

KNA Automobile Your trusted automotive dealer. We serve for your car buying, car selling or car importing from abro

https://youtu.be/8K9do1gBmp0
23/12/2022

https://youtu.be/8K9do1gBmp0

#တရားတော်များ # ပါမောက္ခချုပ်ဆရာတော် #လူတိုင်းအတွက်သတိပဌာန်တရားတော် #တရားတော်များ2022 #တရားတော....

အခုဝယ် အခုစီး ချင်သူများ အတွက် Owner Book နဲ့ Wheel Tax ထွက်ပြီးသား Chevrolet Spark 2018 Model LT တစီးရောင်းဖို့ ရှိပါတယ...
23/09/2021

အခုဝယ် အခုစီး ချင်သူများ အတွက် Owner Book နဲ့ Wheel Tax ထွက်ပြီးသား Chevrolet Spark 2018 Model LT တစီးရောင်းဖို့ ရှိပါတယ်။

🚗 အရောင်၊ ကျောက်မီးသွေးရောင် (ခဲမဲ)

Key Remote - Steering ကြိုးချုပ် - Parking Sonar - လယ်သာ ထိုင်ခုံ - မှန်ချိုး မှန်ခေါက် - Original Chevrolet Alloy - Original TV နဲ့ Wide Back Camera - Steering Volume Control - Power Windows နဲ့ 2018 LT Full Grade ကားသန့်လေးပါ။

🚗 Kilo ၃၉*** (Original)

📕Owner Book နဲ့ wheel Tax အားလုံးထွက်ပြီးသားပါ (နေပြည်တော်)

❤️ ကားတစ်စီးလုံး ဘေးမှန်များအကောင်းစား Original Korea sticker ပတ်လည်ပါရှိပါသည်။

💵 မျက်မြင် 178 သိန်းပါးပါးညှိနှိုင်း ရောင်းမည်။ အပြီးစီးစျေးဖြစ်သည်။

🔏 အတိုက်အခိုက်ပြန်ဆေးလုံးဝမရှိကြောင်းအာမခံသည်။ လက်တင်စီးနိုင်သည်။

အောက်ပိုင်း၊ Engine ခန်းအတွင်းခန်း၊ Brand new လိုသန့်သည်။

Phone - 📞09-977360168/ 📞09-776239520
======================================

ရန်ကုန် တာမွေ သုဝဏ္ဏ ဘောလုံးကွင်းနား ကားကြည့်နိုင်သည်။

❌ Error/ Accident ရှိသောကားများလုံးဝ (လုံးဝ) မရောင်းပါ။ ❌

ကျန်းမာပျော်ရွှင်တဲ့ ကရင်နှစ်ကူးနေ့ ဖြစ်ပါစေလို့ KNA Automobile မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
13/01/2021

ကျန်းမာပျော်ရွှင်တဲ့ ကရင်နှစ်ကူးနေ့ ဖြစ်ပါစေလို့ KNA Automobile မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ကား တစ်စီး ဝယ်ယူတော့မယ်ဆိုရင်ဒီနေ့တော့ ကားဝယ်ဖို့ ရည်ရွယ်နေသူများအတွက် ဗဟုသုတရစေဖို့ "ကား တစ်စီး ဝယ်ယူဖို့" ဘာတွေလုပ်ရမယ...
05/01/2021

ကား တစ်စီး ဝယ်ယူတော့မယ်ဆိုရင်

ဒီနေ့တော့ ကားဝယ်ဖို့ ရည်ရွယ်နေသူများအတွက် ဗဟုသုတရစေဖို့ "ကား တစ်စီး ဝယ်ယူဖို့" ဘာတွေလုပ်ရမယ်၊ ဘာတွေ လိုနေတယ်ဆိုတာကို အကြံပြုတင်ပြလိုပါတယ်။

ငွေတတ်နိုင်တဲ့သူတွေအတွက် ကားဝယ်ယူခြင်းဆိုတာ ခက်ခဲလှတဲ့ ကိစ္စ တခုမဟုတ်ပါဘူး။ သို့ပေမယ့် လူလတ်တန်းစားတွေ အတွက်တော့ ကားတစ်စီး ဝယ်ယူဖို့ ပြင်ရဆင်ရ စဉ်းစားရတာ ကြီးမားတဲ့ အရေးကိစ္စတစ်ခု ဖြစ်နေလို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ်က ဝယ်ယူပြီးမှ ကိုယ်ဝယ်ယူလိုက်တဲ့ ကားက ကိုယ်နဲ့ အဆင်မပြေတာကို အဖြစ်မခံနိုင်ကြလို့ပါပဲ။

ℹ️ ဒီနေရာမှာ ချွင်းချက် သတိပေးလိုတာက ကားဝယ်ရင် မြတ်မယ်ဆိုတဲ့ အတွေးအခေါ်ကိုတော့ စွန့်လွှတ်လိုက်ဖို့ အချိန်ရောက်နေပြီလို့ မြင်ပါတယ်။

အခု အချိန်က စပြီး ကား ဝယ်ယူခြင်းဆိုတာ အသုံးပြုချင်လို့ ဆိုတာကို စိတ်ထဲ သွင်းထားတာက အကောင်းဆုံးမို့ ကျွန်တော်တို့ ဒီမှာ ရေးသားမှာတွေကလည်း တကယ် ဝယ်ပြီး သုံးချင်တဲ့ သူတွေ အတွက်ပဲ ရည်ရွယ်ထားပါတယ်။

ကားဝယ်ဖို့ စတင်လှုပ်ရှားလိုက်ရအောင် အရင်ဆုံး ကိုယ့်လိုအပ်ချက်ကို ချင့်ချိန်လိုက်ပါ။

"မှန်ကန်တဲ့ ကား" ဆိုတာ ဘာကား အမျိုးအစား၊ ဘယ်လောက်တန် မဟုတ်ပါဘူး၊ ဝယ်ယူမယ့်သူရဲ့ မိမိ အခြေအနေနဲ့ ဘာအတွက် ကားကို သုံးချင်တာလဲ ဆိုတာကပဲ သင့်ရဲ့ "မှန်ကန်တဲ့ ကား" ဖြစ်စေတာပါပဲ။ မှန်ကန်တဲ့ ကား တစ်စီး ဝယ်နိုင်ဖို့ ကိုယ့်လိုအပ်ချက်ကို ဘယ်လိုချင့်ချိန် သင့်လည်း ဆိုရင်

✅ ပုံမှန် သင် ကားနဲ့ စီးမယ့်သူအရေ အတွက် ဘယ်လောက်ရှိတယ် ?

✅ အများအားဖြင့် သင် ဘယ်လိုမျိုး မောင်းနှင်ဖြစ်မှာလဲ? (ဥပမာ။ ။ မြို့တွင်းများလား? ဟိုင်ဝေး ခဏ ခဏ မောင်းဖို့ လိုတာလား? လမ်းကြမ်း Off-road ကို ကြိုက်တာလား?)

✅ ဆီ စားနှုန်းက သင့်အတွက် အရမ်းအရေးကြီးနေလား?

✅ ဘယ်လိုမျိုး Feature တွေက သင့်ကားမှာ ပါကို ပါစေချင်သလဲ? (ဥပမာ။ ။ မှန်ချိုးမှန်ခေါက်စနစ်၊ လယ်သာခုံ၊ နောက်ကင်မရာအစရှိသဖြင့်)

✅ ကားရပ်ဖို့ နေရာ ကျယ်ကျယ်ရှိလား? ကား ကို ဘယ်လိုမျိုး ရပ်မှ အဆင်ပြေမလဲ?

✅ သင့်ရဲ့ ကားဝယ်ဖို့ Budget က ဘယ်လောက်လဲ?

ဒါတွေကို မိတ်ဆွေ စဉ်းစားပြီးသွားရင် သင့်အတွက် "မှန်ကန်တဲ့ ကား" တစ်စီး ဝယ်ယူဖို့ စတင် စုံစမ်းလို့ ရနေပါပြီ။ ကဲ ဒါဆိုရင် သင်လိုချင်တဲ့ ကား က ဘာတွေ ဖြစ်မလဲ စုံစမ်းကြရအောင်...

မိတ်ဆွေရဲ့ ဒေသမှာ ဘယ်ကား အမျိုးအစားတွေ ရောင်းနေလဲကို အရင်ဆုံး စုံစမ်းပါ။ ရောင်းချတဲ့ ကားတွေ ကို စုံစမ်းရာမှာလည်း အပေါ်က မိတ်ဆွေ စဥ်းစားထားတဲ့ အချက်တွေနဲ့ ကိုက်တဲ့ ကား အမျိုးအစားတစ်ခုကို စတင်ပြီး စုံစမ်းသင့်ပါတယ်။ ကားအမျိုးအစားတွေ့ပြီဆိုရင် ကားရဲ့ Class က ဘာလဲ ဆိုတာ လေ့လာပါ (ကား Class ဆိုတာ City Car လား၊ 4 wheels drive လား၊ Luxury လား)။ ဒါပြီးရင်တော့ Class တူ တခြား ကုမ္ပဏီ ကွဲက ထုတ်တဲ့ ကားတွေကိုပါ ရှာဖွေပါ။ ကဲ အခုဆို ဝယ်ယူမယ့်ကားကို စုံစမ်းတဲ့ ကိစ္စ ပြည့်စုံသလောက် ရှိနေပြီး မိတ်ဆွေအတွက် "မှန်ကန်တဲ့ ကား" တစ်စီးလည်း ဖြစ်လာပါတော့မယ်။

ဒီနောက်တော့ မိတ်ဆွေ ကားသွားကြည့်ပြီး ဖြစ်နိုင်ရင် Test Drive ခွင့် ရရှိဖို့ တောင်းဆိုပါ။ စမ်းသပ်မောင်းနှင်ကြည့်တဲ့ အခါမှာ ကားက မောင်းရတာ ကိုယ်နဲ့ အဆင်ပြေရဲ့လား ကိုယ်လိုချင်တဲ့ အတွင်းခန်းမျိုးကောရှိရဲ့လားပါ သိရှိလာမှာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ မိတ်ဆွေ စိတ်တိုင်းကျ ရွေးချယ်ထားတဲ့ "မှန်ကန်တဲ့ ကား" တစ်စီး ရရှိလာမှာဖြစ်ပါတယ်။

ℹ️ တကယ်လို့ မိတ်ဆွေက ကားဟောင်း ဝယ်ယူတော့မယ်ဆိုရင် ကျွမ်းကျင်တဲ့ "စက်ပြင်ဆရာ" ပါ ခေါ်ပြီး ကားသွားကြည့်ဖို့ လိုပါတယ်။ စက်ပြင်ဆရာက ကားကို စစ်ဆေးပြီး ကားက ဝယ်ပြီး ပြင်ဖို့ လိုမလို မိတ်ဆွေ ကြိုသိနိုင်မှာမို့ ဝယ်ယူပြီးတာနဲ့ စိတ်ညစ်ရတာမျိုးက ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။ ကဲ မိတ်ဆွေတို့ "မှန်ကန်တဲ့ ကား" လေး ပိုင်ဆိုင်နိုင်ကြပါစေနော်။

ကျန်းမာရွှင်လန်းပါစေနော်။

မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေကြောင်း ကျွန်တော်များ KNA Automobile မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
01/01/2021

မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေကြောင်း ကျွန်တော်များ KNA Automobile မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Address

1167, Thamardi Street, Myint Thar Nyunt, Tarmwe
Yangon
11212

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when KNA Automobile posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share