Kaung Driving Trainer

Kaung Driving Trainer Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kaung Driving Trainer, Driving school, No 66 A2 Thunandar Road, Yangon.

15/09/2024

အသုံးအများဆုံးဖြစ်တဲ့ ( Honda) ကားများအကြောင်း....
🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰

ဗဟုသုတအနေဖြင့် လေ့လာနိုင်ရန်အတွက် ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

Fit အကြောင်းသိကောင်းစရာ.......

Honda Fit ဟာ လက်ရှိရန်ကုန်မြို့မှာသာမက မြန်မာပြည်အနှံ့ နေရာတော်တော်များများမှာ တွေ့နေရတဲ့ ကားတစ်စီးဖြစ်ပါတယ် ဒီဇိုင်းပုံစံလှပသေသပ်ခြင်း၊ ဆီစားသက်သာခြင်း၊ အသံ စနစ်ကောင်းမွန်ခြင်းနဲ့ အခြားသော အားသာချက်တွေကြောင့် လူကြိုက်များနေရခြင်းလည်း ဖြစ်ပါတယ်။
Honda Fit ကို Honda Jazz လို့လည်း ခေါ်ပါသေးတယ် ၊ကျစ်လျစ်တဲ့ပုံစံတည်ဆောက်ထားပြီး ဂျပန်နိုင်ငံ၊ ဟွန်ဒါ ကားထုတ်လုပ်ရေးမှ ထုတ်လုပ်လိုက်တဲ့ ‘Subcompact’ ကားတစ်စီးပါ။
ဒါပေမဲ့ သူ့ရဲ့အတွင်းခန်းကတော့ တော်ရုံ Wagon ကားထက်တောင်ကျယ်ပြီး / နောက်ခန်း ပစ္စည်းတင်တဲ့နေရာကလည်း အိတ်ကြီးကြီး ၆ အိတ်လောက်ထိ တင်လို့ပါသေးတယ်
၂၀၀၁ ခုနှစ်၊ ဇွန်လက စတင်မိတ်ဆက်ခဲ့တဲ့ ကားဖြစ်ပြီး အခုတော့ ဒုတိယမျိုးဆက်ထိ ရောက်သွားပါပြီ။ ဂျပန်၊ တရုတ်နဲ့ အမေရိက မှာတော့ အဆိုပါကားကို ‘Honda Fit’ လို့ခေါ်ကြပြီး ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက၊ သြစတြေးလျနဲ့ အာရှတိုက်နေရာ တော်တော်များများမှာ “Honda Jazz” လို့ ခေါ်ကြပါတယ်။

တံခါး ငါးပေါက်ပါတဲ့ 5-door Style ဖြစ်ပြီး အင်ဂျင်က ရှေ့မှာတပ်ဆင်ထားတာ ဖြစ်ပါတယ်။ ပေါ်ကာစ ၂၀၀၁ ခုနှစ်မှာတည်းက လူကြိုက်များ၊ အရောင်းသွက်ခဲ့တဲ့ ကားဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာတော့ ပုံစံအနည်းငယ်ပြောင်းထားတဲ့ ဒုတိယမျိုးဆက်ကို ဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။ မော်ဒယ်နှစ်မျိုးလုံးမှာ ဂီယာငါးချက်ပါတဲ့ Auto/Manual စနစ်တွေ ရွေးချယ်နိုင်သလို အင်ဂျင်ဆီစားနှုန်းကလည်း 1.2L, 1.3L, 1.5L စသဖြင့် အသီးသီး ရှိပါတယ်(အဓိက မြန်မာပြည်မှာတော့ ဂျပန်က သွင်းတာပဲများတဲ့ အတွက် 1.3 နဲ့ 1.5 ပဲပြောပါမယ်)။ ကားတစ်စီးလုံးရဲ့ အလေးချိန်ဟာဆိုရင်လည်း ပေါင်နှစ်ထောင်ကျော်ခန့် (ကီလိုဂရမ် ၁၀၀၀ ကျော်)သာ ရှိပါတယ်။

Honda Fit, Honda Jazz အတူတူပဲ ဖြစ်ပေမယ့် မြန်မာပြည်မှာတော့ ဂျပန်မှာခေါ်တဲ့အတိုင်း ‘Honda Fit’ လို့ပဲ ခေါ်ကြပါတယ်။ ရန်ကုန်မြို့တွင်းလမ်းတွေမှာနဲ့ နယ်တွေမှာပါ အဆိုပါကားကို တော်တော်အသုံးများကြတာ တွေ့ရပါတယ်
လက်ရှိမြန်မာပြည် စျေးကွက်မှာတော့ First-generation ရော၊ Second-generation ရော Third generation ရောသုံးမျိုးစလုံး ရှိနေပါတယ်။

၂၀၀၁ ဇွန်မှာ စတင် ထုတ်လုပ်ခဲ့ပြီး အခုအခါမှာတော့ တတိယမျိုးဆက်အဖြစ် တောင်မှထုတ်လုပ်နေပါတယ်။ နိုင်ငံ ၈ နိုင်ငံက စက်ရုံ ၁၀ ရုံကနေ ထုတ်လုပ်ပြီး တစ်ကမ္ဘာလုံးမှာ ရောင်းချနေတာဖြစ်ပါတယ်။

၂၀၁၂ ဇွန်လအထိ ၁၁ နှစ်အတွင်း အစီးရေ ၄ သန်း ဝန်းကျင် ရောင်းချပြီး ဖြစ်ပါတယ်။
Hybrid အမျိုးအစား ဆီစွမ်းအင်နဲ့လျှပ်စစ်မော်တာ ဖြင့် မောင်းနိုင်သည့် အမျိုးအစားများကို ၂၀၁၀ အောက်တိုဘာတွင် ဂျပန်နိုင်ငံ၊ ၂၀၁၁ အစောပိုင်းတွင် ဥရောပ၌ စတင်ရောင်းချခဲ့ပါတယ်။

လျှပ်စစ်သီးသန့် ဖြင့်သာ မောင်နှင်နိုင်သည့် အမျိုးအစားဖြစ်တဲ့ FIT EV ကိုတော့ ၂၀၁၂ ဇွန်လိုင်တွင် အမေရိကန်မှာ စတင်ရောင်းချခဲ့ပါတယ်။
Fit Shuttle ဆိုတဲ့ အမျိုးအစားလည်း ထုတ်လုပ်ပါသေးတယ် သူကတော့ station wagon ဆန်ဆန် ကားကြီးသွားပါ ပြီ နောက်ခန်းလည်း အကျယ် ကြီးဖြစ်သွားပါတယ် (စျေးလည်းပိုတယ်ပေါ့နော်)

မြန်မာပြည်မှာတော့ Honda Fit ကို ရွေးချယ်စရာ (၃)မျိုး ထိရှိပါသေးတယ်။

First Generation GD1/GD2/GD3/GD4/GD5
Second Generation GE6/GE7/GE8/GE9/GP1
Third Generation GK3/GK4/GK5/GK6
မှတ်ချက်အနေနဲ့ကတော့ မြန်မာပြည်မှာ GD1 / GD3 / GE6 / GE7 / GE8 / GP1 ၊GK3 အမျိုးအစားတွေသာအများအားဖြင့်တွေ့ရနိုင်ပါတယ်။

GD1 မှာတော့ grade 2 မျိုးသာ တွေ့ရပါတယ်
G နဲ့ L ပါ L grade ရဲ့ ထင်ရှားတဲ့ ကွဲပြားမှုက Aircon digital ဖြစ်မယ် Driver လက်တင်ပါမယ်
လက်ကိုင်ကွင်း ၄ ကွင်း ပါမယ် ဒါတွေက G grade မှာလုံးဝ မပါဝင်ပါဘူး ။

GE6 အကို အကြမ်းအားဖြင့် Modification / Grade ခွဲချင်တယ်ဆို G, G F package, L package ဆိုပြီး (၃)မျိုးခွဲခြားလို့ ရပါတယ်။

ရိုးရိုး G ဆိုရင် မှန်ကာလာ မပါဘူး၊ side mirror ဘေးမှန်မှာ မီးတန်းမပါသလို မှန်ချိုး၊ မှန်ခေါက် မရပါဘူး။

G F package ဆိုရင် G မှာ မရတာ၊ မပါတာတွေ ပါလာမယ်၊ ရလာပါမယ်။

L package ဆိုရင်တော့ aircon မှာ digital ဖြစ်သွားပါမယ်။

Smart key (turn start), Original TV & Audio controller / Back cam / Sonar / Fog light စတဲ့ အချက်တွေကတော့ optional တွေမို့ package နဲ့ ခွဲခြားဖို့ ခက်ခဲစေပါတယ်။
ဒါ့အပြင် G 10th anniversary, Sporty Edition, She S, Smart Edition , RS စတဲ့ အခွဲလေးတွေလည်း အများကြီး ထပ်ရှိသေးပါတယ် အဓိကကွဲပြာတာကတော့ မီးခွက်ပုံစံ , အရောင် code နဲ့ skirt ရယ် အင်ဂျင်မှာ တပ်ဆင်တဲ့ ပစ္စည်းအမျိုးအစားလေးတွေသာ ကွာပါတယ် ။

Second Generation GP1 မှာ နောက်ထပ် ထူးခြားတာ တစ်ခုက ၂၀၁၀ ခုနှစ် ၁၀လပိုင်း နောက်ပိုင်းထုတ်တဲ့ ကားတွေဆို ရှေ့ဘန်ဘာနဲ့ အနောက်မီးခွက်ပုံစံ ကွဲပြားသွားပါတယ်( တချို့ hybrid မဟုတ်ပဲနဲ့ GE6 chassis နဲ့ ဘန်ဘာပြောင်းတာလည်းရှိပါတယ်)။

အမျိုးအစား လိုက် အင်ဂျင်ပါဝါတွေကတော့
GD1 1300cc, FF
GD2 1300cc, 4WD
GD3 1500cc , FF
GD4 1500cc, 4WD
GD5 1200cc, FF ( Europe only -Jazz )
Second generation
GE6 1300cc, FF
GE7 1300cc, 4WD
GE8 1500cc, FF
GE9 1500cc, 4WD

အခုဆို မြန်မာပြည်လမ်းပေါ်မှာ ရောက်လာပြီဖြစ်တဲ့ Third generation fit တွေကတော့
GK3 1300cc, FF
GK4 1300cc, 4WD ( ရွားပါး )
GK5 1500cc, FF
GK6 1500cc, 4WD ( ရွားပါး )
ဂရိတ်ခွဲ အနေနဲ့ကတော့ 13G/ 15X / RS နဲ့ Hybrid. ဆိုပြီး ဂျပန်မှာရောင်းနေပါတယ်
RS က အမြင့်ဆုံး ဂရိတ်ပါ 1.5 အင်ဂျင်နဲ့ပဲလာပါတယ် ။

အင်ဂျင် အမျိုးအစားတွေကတော့
First Generation အတွက်
1.3 = L13A I4 i-DSI ( plug ၈ လုံး )
1.5 = L15A I4 i-DSI

Second Generation အတွက်
1.3 = L13A I4 i-VTEC ( plug ၄ လုံး )
1.5 = L15A I4 i-VTEC

Third Generation အတွက်ကတော့
1.3 = L13B I4 Earth Dreams i-DTEC
1.5 = L15B I4 Earth Dreams i-DTEC
ဆို ပြီးဖြစ်ပါတယ် ။

အခု HONDA Fit 2018 Model အထိကို
လူကြိုက်များ ရောင်းအားကောင်းဆဲဖြစ်ပါတယ်

======

FIT GK3 အကြောင်း !

HONDA FIT ကားလေးတွေရဲ့ THIRD GENERATION အဖြစ် GK3 . GK4. GK5 . GK6 စီးရီး တွေကို HONDA CO : က 2013 /9 လပိုင်မှာ စျေးကွက်မှာစတင်ရောင်းချပါသည် ။
☆☆☆ 1300CC မှာ GK3 / 2WD နှင့် GK4 /4WD ကိုထုတ်လုပ်ပါသည်။
CAR GRADE ခွဲ 4 မျိုးရှိပါသည်။
☆☆☆☆☆☆▪▪▪
G GRADE: Economy စျေးအနိမ့်ဆုံး အသက်သာဆုံးဖြင့် ရောင်းနိုင်အောင် အတွင်းပိုင်း grade တွေလျော့ထားပါသည်။ Base Grade ပါ ။ မှန်ဖြူ ၊ aircon ဂျောက်ဂျက် ၊ remote key ပါ ။ စီယာတိုင်နှင့် ထိုင်ခုံတွေကလည်း ရိုးရှင်းပါတယ်၊ လက်တင်မပါပါ ။

GF grade : မှန်ကာလာ Tinted Glasses ပါ ။ Aircon ခလုတ်တွေက လည်း ဂျောက်ဂျက်ပါ ။ Pust Start ဖြစ်သွားပါပြီ။ လက်တင်ပါလာပြီ။ ရှေ့မီးကြီးတွေက ရိုးရိုးပါ။

GL grade : မှန်ကာလာ ၊ aircon ခလုတ်တွေ Touch Screen ဖြစ်သွားပြီ။ ရှေ့နောက် လက်တင်ပါလာပြီ။ရှေ့မှန်ကြီး မှန်သား Sunshade . ရှေ့မီးကြီးတွေ XENON HEAD LIGHTS ဖြစ်သွားပါသည်။

GS grade : GK3 & GK4 ရဲ့ အမြင့်ဆုံး Grade ပါ ။ GL grade က Function တွေအကုန်ပါပြီး Fog Lights နှင့် Alloy Rims တွေ ပါလာမည်။
☆☆☆☆☆☆☆
စီယာတိုင်ခလုတ်တွေက ပါဝင်သော TV က Internavi Premium Club HDD TV တွေဆိုရင် GL ရော GS ရောပါပါသည်။
☆☆☆☆☆☆▪▪▪▪▪
1500 CC အင်ဂျင်များအတွက် GK5 /2WD နှင့် GK6/4WD ဆိုပြီး ထုတ်လုပ်ပါသည်။
XL grade : GS မှာ ပါသော grade များအပြင် စီယာတိုင်လယ်သာကြိုးချုပ် နှင့် Alloy Rims တွေ ပုံပြောင်းသွားပါသည်။
RS grade : XL grade မှာပါသောစနစ်များ အကုန်ပါပြီး Auto - Manual ဂီယာ 7 ချက် ဖြစ်သွားသည်။

ကားတင်သွင်းမှု မူဝါဒ အရ 1500 CC ကားတင်သွင်းရင် အခွန်ကြီးမြင့်လို့ ကားသွင်းရောင်းသူတွေ မသွင်းကြပါ။
==========

Honda_Fit_Shuttle_အကြောင်း

ခုတလော ကျနော်မျက်စိကျနေတဲ့ Honda Fit Shuttle အကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါ တယ်။ ပြည်တွင်းကားအသုံးပြုသူ တွေအတွက် အသုံးတည့်မယ့် ကားတစ်စီးဖြစ်ပေမယ့် တင်သွင်း အသုံးပြုမှုနည်းပါးနေသေးတဲ့ Honda Fit Shuttle အကြောင်း ရွေးချယ် ဖော်ပြပေးလိုက်ပါ တယ်။

Honda Fit Shuttle ကို ၂၀၁၁ မှာ စတင်ထုတ်လုပ်ခဲ့ပြီး Wagon ကိုယ်ထည်အမျိုးအစား ဖြစ်ပါတယ်။ အင်ဂျင်အရွယ်အ စားက ၁၅၀၀ စီစီဖြစ်ပြီး အိမ်စီး ကားအဖြစ်ရော လုပ်ငန်းသုံးကား အငှားယာဉ်အဖြစ်ပါ အသုံးပြုဖို့ သင့်တော်ပါတယ်။

အတွင်းခန်းဂရိတ်ရော ကား ဒီဇိုင်းပါလှပပြီး အရွယ်အစား လည်း သင့်တင့်တဲ့ကားတစ်စီးဖြစ် ပါတယ်။ မော်ဒယ်မြင့်ကားတစ်စီး ဖြစ်လို့ အဆင့်မြင့်ကားနည်းပညာ တွေကို ပေါင်းစပ်ထုတ်လုပ်ထား ပါတယ်။

အဆင့်မြင့်နည်းပညာတွေ အနေနဲ့ ABS, TRC, EBD, AntiTheft Cruise Control တို့လို နည်းပညာတွေ ပါဝင်ပါတယ်။ ဂီယာ အမျိုးအစားကိုတော့ CVT ဂီယာနဲ့ အော်တိုဂီယာငါးချက်ဆိုပြီး နှစ် မျိုးသာထုတ်လုပ်ပါတယ်။

Chassis ID အရ ခွဲခြားမယ် ဆိုရင်တော့ GG7 နဲ့ GG8 ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ ဟွန်ဒါ က ထုတ်လုပ်တဲ့ကားတွေထဲမှာ GG Chassis ID ဖြင့် ထုတ်လုပ် တဲ့တစ်မျိုးတည်းသော ကားဖြစ် ပါတယ်။ GG ရဲ့ ဆိုလိုရင်းကို ပြည်တွင်းက မော်တော်ယာဉ် ကျွမ်းကျင်သူတွေ သုံးသပ်တာက တော့ အလတ်တန်းစားဇိမ်ခံကား တွေကိုသာ ဟွန်ဒါက GG Chassis ID ဖြင့် ထုတ်လုပ်တယ် လို့ သုံးသပ်ကြပါတယ်။

Chassis ID အရ ခွဲခြားလေ့ လာမယ်ဆိုရင်တော့ GG7 ကို 2WD, CVT, 1500CC ဆိုပြီး ခွဲခြားနိုင်ပါတယ်။ GG8 ကိုတော့ 4WD, 4AT, 1500CC ဆိုပြီး ထုတ်လုပ်တာ တွေ့ရပါတယ်။ ဂရိတ်တွေ ကိုတော့ 15C, 15X, 15X Fine Line, 15X Cool Edition ဆိုပြီး လေးမျိုးခွဲခြားထုတ် လုပ်ပါတယ်။

ဂရိတ်တွေထဲက 15C နဲ့ 15X တို့ကတော့ အခြေခံဂရိတ်တွေဖြစ်ကြပါတယ်။ 15X Fine Line က အလတ်စားဂရိတ်ဖြစ်ပြီး 15X Cool Edition ကတော့ အမြင့်ဆုံးဂရိတ် တွေဖြစ်ပါတယ်။

15C

အခြေခံဂရိတ်တစ်ခုဖြစ်ပေမယ့် အတွင်းရော အပြင်မှာပါ ထပ်မံတပ်ဆင်လို့ရပြီး ဂရိတ်အမြင့်တစ်စီးလို တပ်ဆင်နိုင်တဲ့ Option ဂရိတ်တစ်ခုဖြစ်ပါတယ်။ ဒီဂရိတ်ကို Chassis ID နှစ်မျိုး စလုံးမှာ တွေ့နိုင်ပါတယ်။ အ တွင်းခန်းအော်တီဗီ၊ နောက်မှန် Spoiler ၊ ထိုင်ခုံလက်တင်၊ ECON Mode ၊ပါဝါဝင်းဒိုးပတ်လည်၊ ဒစ်ဂျစ်တယ်အဲကွန်း၊ နောက်ကြည့် မှန် အချက်ပြတွေ ပါဝင်ပါတယ်။

15X

ဒီဂရိတ်ကလည်း Option ဂရိတ်တစ်ခုဖြစ်ပြီး အတွင်းခန်းက တော့ 15C နဲ့ တူညီပါတယ်။ အ ပြင်ကိုယ်ထည် တည်ဆောက်မှု အပိုင်းမှာ နောက်မှန်ဝိုက်ဘာ၊ နောက်မှန်အရောင်ဝင်တာတွေ က အဓိကထူးခြားချက်ဖြစ်ပါ တယ်။

15X Fine Line

Chassis ID နှစ်မျိုးစလုံးမှာ ထုတ်လုပ်တဲ့ဂရိတ်ဖြစ်ပြီး ကိုယ် ထည်ပိုင်းအပြောင်းအလဲတွေ ကြောင့် လူကြိုက်များ ဂရိတ်တစ် ခုဖြစ်လာပါတယ။် ပတ်လည် စကတ်အကြီးတွေက ရုပ်ပိုင်းဆိုင် ရာ အဓိကဆွဲဆောင်မှုဖြစ်ပြီး အတွင်းဂရိတ်တွေကလည်း ပို ကောင်းလာပါတယ်။ ထိုင်ခုံ Leather ဖြစ်တာ၊ ရှေ့နောက် ထိုင်ခုံတွေမှာ လက်တင်ပါဝင် တာ၊ အော်တီဗီပါဝင်တာ၊ DVDPlayer ဖြစ်တာ၊ ဒစ်ဂျစ်တယ် အဲကွန်းစနစ်ဖြစ်တာ၊ ပါဝါမှန် ပတ်လည်ဖြစ်တာတွေက ဂရိတ်မြင့်ကားတစ်စီးဆိုတာကို သိသာ စေတဲ့အချက်တွေ ဖြစ်ပါတယ်။ စကတ်တွေကိုလည်း ပတ်လည်စကတ်အကြီးတွေ တပ်ဆင်ထားတဲ့အပြင် နောက်မှန်အရောင်ဝင် တာ၊ နောက်မှန် Spoiler အကြီး၊ နောက်မှန်ဝိုက်ဘာ၊ နောက်ကြည့် မှန်အချက်ပြပါဝင်တာတွေက ဒီ ဂရိတ်ကိုမြင်ရုံနဲ့ ဆွဲဆောင်နိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။

15X Cool Edition

၂၀၁၃ မှာ စတင်ထုတ်လုပ် တဲ့ ဂရိတ်ဖြစ်ပြီး မော်ဒယ်အမြင့် ဆုံးနဲ့ ဂရိတ်အပြည့်ဆုံးဖြစ်ပါ တယ်။ အတွင်းခန်းဂရိတ်တွေမှာ အော်တီဗီ၊ နောက်ကင်မရာ၊ ပါကင်ဆင်ဆာ၊ ပါဝါဝင်းဒိုးပတ် လည်၊ ထိုင်ခုံလက်တင်၊ အော်တိုအဲကွန်း၊ ရှေ့မှန် UV Filter စတာတွေ ပါဝင်ပါတယ်။ ၂၀၁၃ ပုံပြောင်းရုပ်ဖြစ်လို့ ရှေ့ပိုင်းဘောနက်နဲ့ ရှေ့ရှဲလ်တွေက ပုံပြောင်း ဖြစ်သွားတာ တွေ့ရပါတယ်။ အလွိုင်းခွေ၊ နောက်မှန်ဝိုက်ဘာ၊ နောက်မီးခွက်ပုံပြောင်း၊ ရှေ့မီးကြီး LED ကြောင်မီး၊ Fog Light ၊Door Lock Sensor စတာတွေကတော့ ဂရိတ်အမြင့်ကားတစ်စီးဆို တဲ့အတိုင်း ပြည့်ပြည့်စုံစုံပါဝင် လာတာ တွေ့ရပါတယ်။
ပုံပြထားတာကတော့ 2015 Model ပါခင်ဗျ...

➖➖➖➖➖➖➖➖➖➖➖➖➖➖➖
Honda Civic ✅

ကမ္ဘာကျော် Honda ကား ထုတ်လုပ်ရေးရဲ့ သက်တမ်း အရှည်ကြာဆုံး Brand တစ်မျိုးဖြစ်နေပါတယ်
First Generation
၁၉၇၉ ခုနှစ်မှာ First generation အဖြစ်စတင်ရောင်းချခဲ့စဉ်က တံခါး ၃ ပေါက် နဲ့ Hatchback အမျိုးအစား ဖြစ်ပါတယ်။
၁၉၇၃ ခုနစ်မှာ ကမ္ဘာလုံးဆိုင်ရာ ရေနံ ရှားပါးမှု ပြသနာရင်ဆိုင်ရပါတယ်။အဲ့ဒီအချိန်က လူတွေဟာ ဆီစားသက်သာတဲ့ ကားငယ်လေးတွေကို တောင့်တခဲ့ကြပါတယ်။ ဆီစားသက်သာပြီး အင်ဂျင်သေး စျေးပေါတဲ့ကားလေးတွေထုတ်လုပ်ရောင်းချရင်းနဲ့ Honda အရမ်းအောင်မြင်ခဲ့ပါတယ်။
သူ့ကိုအောင်မြင်မှု ထပ်တိုးစေတဲ့ civic ကတော့ second generation နဲ့ Third generation ပါ ။
ပုံမှန် ဂီယာတွေကနေ ကွဲထွက်တဲ့ Semi Automatic gear ကို ထည့်သွင်းတပ်ဆင်ပေးခဲ့ပါတယ်။
Hondamatic လို့ခေါ်ပါတယ် , Mercedes ထံကနေ ဝယ်ယူပြီး အဆင့်မြင့်ခဲ့တဲ့ နည်းပညာပါ ။
မြန်မာပြည်မှာတော့ ၁၉၈၇ မော်ဒယ် fourth generation နဲ့ ၁၉၉၁ မော်ဒယ် fifth generation (EG) တို့ကို တွေကိုရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။
8th Generation
ယခုလက်ရှိ တင်သွင်းထားပြီး လမ်းပေါ်မှာ အများဆုံးတွေ့ရတာကတော့ 8th Generation civic ပါ
စတင်ထုတ်လုပ်တဲ့ ၂၀၀၅-၂၀၀၆ ခုနှစ်မှာတင် ကမ္ဘာတဝန်း အစီးရေ ၁၇ သန်း တင်ပို့ ရောင်းချခဲ့ရပါတယ်။
သူက ပုံစံကွဲ အမျိုး မျိုးထုတ်လုပ်ပါတယ်
4 door Sedan ( FA1,3,4,5/ FD 1,2,3,4,7)
3 door Hatchback ( FN 1,2,3,4)
5 door hatchback ( FK 1,2,3 )
2 door coupe ( FG 1,2)
အင်ဂျင်ကလည်း အမျိုးမျိုး ရနိုင်ပါသေးတယ်
၁.၃ / ၁.၆ / ၁.၈ / ၂.၀ လီတာတွေပါ ။
ဒီဇယ်အင်ဂျင်လည်း တပ်ဆင်ထုတ်လုပ်ပါသေးတယ်
သူကတော့ ၂.၂ လီတာပါ ( N22A2 I4 ) Turbo diesel အမျိုးအစားပါ ။
မြန်မာပြည်က လူကြိုက်များတဲ့ ၁၃၀၀ စီစီ Honda Civic hybrid ကားလေး အကြောင်းကို ပိုမိုပြည့်စုံအောင် ပြေ ာချင်ပါတယ်။
၁၃၀၀စီစီတွေထဲမှာ ဒီဇိုင်းအလှဆုံး၊ modify လုပ်လို့ အကောင်းဆုံး ကားအမျိုးအစားလို့ သတ်မှတ်နိုင်ပါတယ်။ Hybrid အမျိုးအစားမို့ ပျက်ခဲ့သည်ရှိသော် ဘယ်လို ပြုပြင်ထိန်းသိမ်းမလဲဆိုတာကို တွေးပူနေကြလို့သာ၊ ၁၃၀၀စီစီကိုပဲ hybrid အင်ဂျင်နဲ့ မဟုတ်ခဲ့ဘူးဆို ဒီထက်မက မြန်မာတွေ အကြိုက်တွေ့စေမယ့် ကားပါပဲ။ ၁၃၀၀ စီစီ ကို hybrid engine တပ်ဆင်မထားတဲ့ အမျိုးအစားဟာ ဂျပန် ကားဟောင်းရှားတာကြောင့်မို့သာ, ကြိုက်မယ်ဆိုလည်း ကြိုက်လောက်တဲ့ အနေအထား အသွင်အပြင်ရှိပါတယ်။ အတွင်းပိုင်း လှပသလို လူငယ်တွေအနေနဲ့ စိတ်တိုင်းကျ ပြုပြင်ပြောင်းလဲ ရိုးထုတ်နိုင်တဲ့ ကားပုံစံပါ။ Eagle eyes တွေ တပ်မလား၊ skirt ထည့်မလား၊ spoiler အမြင့်ကြီးတွေဆင်မလား၊ sport type power exhaust တပ်မလား၊အလွိုင်းဂွေ ကြီးကြီးတွေ ကပ်မလား၊ စတေကာ အလန်းစားတွေကပ်မလား .... အရမ်းရုပ်ထွက်တဲ့ ကားပါ။
ဒီကားလေးတွေကို ၂၀၀၅ခုနှစ် ၁၁ပိုင်းမှာ စတင် ထုပ်လုပ်ခဲ့ပါတယ်။ ပြေ ာင်းလဲမှုအနေနဲ့ကတော့ ၂၀၀၈ခုနှစ် ၉လ နောက်ပိုင်းထုတ်ကားတွေမှာတော့ နောက်မီးနဲ့ ရှေ့ fog lamp ပုံစံ ပြေ ာင်းလဲသွားပါတယ်။ နောက်မီးခွက် အရင် အဝိုင်းပုံစံကနေ အဋ္ဌဂံ/ရှစ်မြှောက်ပုံစံလေး ဖြစ်သွားပါတယ်။ ရှေ့ဘက်က fog lamp ကလည်း အရင် ပုံစံဟောင်းတုန်းက လေးထောင့်၊ မော်ဒယ်အမြင့်တွေမှာက ဘဲဥပုံစံလေး ဖြစ်သွားပါတယ်။ ရှေ့ဘန်ဘာအချိုး၊ ပုံစံလည်း နည်းနည်းလေး ကွဲသွားပါတယ်။
Grade အခွဲတွေအနေနဲ့ အရမ်းမများလှပါဘူး။ MXB, MX, MXST ဆိုပြီး (၃)မျိုးခွဲခြားထားပါတယ်။ Chassis က ၁.၃ hybrid sedan အားလုံး အတူတူပါပဲ "DBA-FD3" ပါ။
MXB grade
MXB ကတော့ base grade ဆိုတဲ့အတိုင်း သူ့မှာ ဘေးမှန်မီးတန်း side mirror lamp မပါဘူး၊ fog lamp မပါ ပါဘူး။
MX grade
MX ဆိုရင်တော့ မီးတွေ စုံလာပါပြီ။ အနောက်မှာ spoiler သေးသေးလေးလည်း ပါလာပါပြီ။
MXST grade
MXST ကတော့ ထိုင်ခုံအသားချင်းလည်း ကွာသွားတယ်။ Alloy wheel size လည်း 16" ဖြစ်သွားမယ်။ (MXB နဲ့ MX က 15"), Fog light ပါလာမယ်။
Civic မှာ နောက်ထပ် အရေးကြီးတာက original tv ဖြစ် မဖြစ်ပါ။ original tv ဖြစ်မှ လက်ကိုင်မှာ steering audio controller ပါလာပါမယ်။ နောက်ပြီး သူ့မှာ cruise control ပါတာ၊ push turn start ဖြစ်တာ၊ leather seat ဖြစ်တာတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကျတော့ grade နဲ့ ခွဲလို့ မရတော့ဘဲ optional သာ ဖြစ်ပါတယ်။
Civic တွေဟာ စျေးတန်းအားဖြင့်တော့ သိန်း ၁၀၀ လောက်ကနေ သိန်း ၂၀၀ ကျော်အထိ ရှိပါတယ်။ ကီလိုအနည်းအများ၊ အရောင်၊ မော်ဒယ်၊ အက္ခရာနဲ့လည်း ဆိုင်ပါတယ်။ အနက်ရောင်နဲ့ အဖြူရောင်ကတော့ လူကြိုက်အများဆုံး အရောင်တွေပါပဲ။
Hybrid model မှာ transmission ကိုတော့ CVT ပဲသုံးပါတယ် ။
တခြား hybrid မဟုတ်တဲ့ အင်ဂျင်တပ်ထားရင်တော့
5 speed AT
5 speed Manual
6 speed manual စသဖြင့် ရှိပါတယ်
အင်ဂျင်တွေကတော့
1.3 hybrid ဆိုရင်
1.3 L LDA-MF5 I4 , IMA assist ( total 82 kW)
1.6 L R16A1 I4
1.8 L R18A1 I4
2.0 L K20Z2 I4
စသဖြင့် ရှိပါလိမ့်မယ်။
မတ် ၂၀၀၈ ခုနှစ်ရဲ့ ရှေ့ပိုင်း ကား အစီးရေ ၁ သိန်းကျော်ဟာ handbrake မမိတဲ့ ပြသနာရှိလို့ Recall လုပ်ခဲ့ရပါတယ် ။
နောက်ထပ်တိုး သိသင့်တာကတော့ Honda တံဆိပ် နောက်ခံ အနီရောင်နဲ့ ဖောင်းကြွတံဆိပ်ကပ်ထားတာဟာ Type R လို့ခေါ်ကြပါတယ်, sport model အဖြစ်ပွဲထုတ်တဲ့ ဂရိတ်တစ်မျိုးဖြစ်ပါတယ်။ နောက်ထပ် Civic ရဲ့ sport grade ကတော့ Si ဆိုတဲ့ ဂရိတ်ဖြစ်ပါတယ် , ၂၀၁၀ နောက်ပိုင်း Type R ဟာ ဂျပန်မှာ မထုတ်တော့ပါဘူး Si ပဲ ထုတ်ပါတယ်။
9th Generation
"Energetic,Sleek and aerodynamic " ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပွဲထုတ်လာတဲ့ Honda Civic 9th generation ဟာ ၂၀၁၁ ခုနှစ် နှစ်ကုန်ခါနီးမှာ စျေးကွက်ထဲရောက်ရှိလာပါတယ်။
Eco mode ကိုတော့ ကားတိုင်းမှာ ထည့်သွင်းတပ်ဆင်ပေးထားပြီး ရုပ်ထွက်က ကြွားလွန်းပါတယ်။
ရိုးရိုး အင်ဂျင်တပ် မော်ဒယ် နဲ့ hybrid model နှစ်မျိုး ကြိုက်ရာ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
ABS , VSA တို့အပြင် EBD = Electronic Brake Distribution ဆိုတဲ့ suspension အကူစနစ်တစ်မျိုး ထပ်တိုး တပ်ဆင်ပေးထားပါတယ်။
10th Generation
ဒီအမျိုးအစားကတော့ ၂၀၁၅ စက်တင်ဘာလမှာ concept အနေနဲ့ ထုတ်ဖေါ်ပြသသွားတဲ့ နောက်ဆုံး ထွက်လာမယ့် civic model ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် မှာ စတင်ရောင်းချပေးမယ်လို့ Honda က ကြေငြာထားပါတယ်။
ထူးခြားတာက မီးသီးတွေက HID မဟုတ်တော့ပါဘူး , DRL = daytime running light လို့ခေါ်တဲ့ စွမ်းအားမြင့် LED ရှေ့မီးနဲ့ C-shaped taillight စတဲ့ အမြင်ဆန်းဆန်းလေးတွေ ဖြစ်လာပါတယ်။
အင်ဂျင်ပိုင်း အနေနဲ့ ၁.၃ မရှိတော့ပဲ , ၁.၅ နဲ့ ၂.၀ နှစ်မျိုး ထုတ်ပေးမယ် လို့ ပြေ ာထားပါတယ်။
မှတ်ချက်။ ။ Honda Civic (2007) model ဟာ ကမ္ဘာပေါ်မှာ crash resistance အကောင်းဆုံးနဲ့ လူကို အကာအကွယ် အပေးနိုင်ဆုံး ဆိုတဲ့ world record ကို ရရှိထားပါတယ်။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Honda Insight ✅

ပြည်တွင်းဈေးကွက်မှာလည်း လူကြိုက်များပြီး ဆီစားလည်းသက်သာ ဈေးနှုန်းလည်း သင့်တင့်တဲ့ ဟွန်ဒါအင်စိုက် (Honda Insight) ထုတ်လုပ်မှုသမိုင်းနဲ့ ဂရိတ်တွေအကြောင်း ဒီတစ်ပတ်အတွက် အယ်ဒီတာ့အကြိုက်ကားအဖြစ် 7Day Cars ပရိသတ်တွေအတွက် ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

ဟွန်ဒါအင်စိုက်ကို ၁၉၉၉က စတင်ထုတ်လုပ်ပါတယ်။ ဂရိတ်တွေနဲ့ Chassis နံပါတ်တွေ အများကြီးထုတ်လုပ်ထားတာမျိုးမဟုတ်ဘဲ မျိုးဆက်နှစ်ခုအတွက် Chassis သုံးမျိုးဖြင့်သာ ထုတ်လုပ်ပါတယ်။ ပထမမျိုးဆက်ကို ၁၉၉၉ မှ ၂၀၀၆အထိ စတင်ထုတ်လုပ်ပြီး ဒုတိယမျိုးဆက် ၂၀၀၈ မှ ၂၀၁၄ အထိ ထုတ်လုပ်ပါတယ်။

Chassis တွေကိုတော့ ပထမမျိုးဆက်အတွက် ZE1 ဖြစ်ပြီး ဒုတိယမျိုးဆက်အတွက် ZE2, ZE3 နှစ်မျိုးဖြင့် ထုတ်လုပ်ပါတယ်။ ZE1 ကိုတော့ အင်ဂျင်အရွယ်အစား ၉၉၅ စီစီဖြင့် ထုတ်လုပ်ပြီး ZE2 ကို အင်ဂျင်အရွယ် အစား ၁၃၃၉ စီစီ၊ ZE3 ကိုတော့ အင်ဂျင်အရွယ်အစား ၁၅၀၀ စီစီဖြင့် ထုတ်လုပ်ရောင်းချပါတယ်။

ပထမမျိုးဆက် ZE1 ကို စတင်ထုတ်လုပ်ချိန် ၁၉၉၉ ကစပြီး ၂၀၀၆ အထိ တံခါးနှစ်ပေါက်၊ နှစ်ယောက်စီးရှေ့ဆွဲအင်ဂျင်ရှေ့ထိုင် အင်ဂျင်နဲ့ ထုတ်လုပ်ပါတယ်။ အင်ဂျင်အရွယ် ၉၉၅ စီစီ ဟိုက်ဘရစ်ကားကို ၂၀၀၆ အထိ ထုတ်လုပ်ပြီး နောက်ထုတ်လုပ်မှုကို သုံးနှစ်တာရပ်နားထားခဲ့ပါတယ်။

၂၀၀၉ ပြန်လည်ထုတ်လုပ်ချိန်မှာတော့ အခုမြင်တွေ့နေရတဲ့ ဟွန်ဒါအင်စိုက်တွေရဲ့ ဒီဇိုင်းအတိုင်း တံခါးလေးပေါက်၊ ငါးယောက်စီး၊ ရှေ့ထိုင်၊ ရှေ့ဆွဲအင်ဂျင်ကို တပ်ဆင်ထုတ်လုပ်ပါတယ်။ အင်ဂျင်အရွယ်အစားကတော့ ၁၃၃၉ စီစီ (၁၃၀၀ စီစီ)ဖြစ်ပါတယ်။ ပထမမျိုးဆက်မှာ Base Grade တစ်မျိုးတည်းကိုသာထုတ်လုပ်ပြီး အတွင်းခန်းသေးသေး၊ ကားသေးသေးကိုသာ ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၀၉က စတင်ထုတ် လုပ်တဲ့ ဒုတိယမျိုးဆက်မှာတော့ LS, L,G ဆိုပြီး ဂရိတ်သုံးမျိုးခွဲခြား ထုတ်လုပ်လာပါတယ်။

L Grade

ဟွန်ဒါအင်စိုက်တွေထဲမှာ အမြင့်ဆုံးဂရိတ်တစ်ခုဖြစ်ပြီး ဘေးက နောက်ကြည့်မှန် အချက်ပြမီး၊ တံခါးလက်တင်၊ နောက်ခန်း Cargo Box မီး၊ အလွိုင်းခွေ၊ အ လွိုင်းဖုံးတွေ ပါဝင်တာတွေ့ရပါ တယ်။ ကားအဲကွန်းဒစ်ဂျစ်တယ် ကွန်ထရိုးလ်၊ ပါဝါဝင်းဒိုး၊ ပါဝါ စတီယာရင်၊ ရှေ့နောက်ပတ်လည် စကတ်အကြီး၊ ရှေ့စကတ် Fog Light တို့ ပါဝင်တာ တွေ့ရပါ တယ်။

LS Grade

ဟွန်ဒါအင်စိုက်ဂရိတ်တွေထဲ မှာ အမြင့်ဆုံးဂရိတ်ဖြစ်ပါတယ်။ ရှေ့နောက်ပတ်လည်စကတ်အ ကြီး၊ Fog Light၊ အလွိုင်းခွေဆိုက်အကြီး၊ လေကာမှန် Sunshadeဘေးမှန်ပတ်လည် အရောင်ဝင်ပါ တယ်။ အတွင်းခန်း အဲကွန်းပတ် လည်၊ စပီကာလေးခု၊ လေအိတ် ခြောက်လုံး၊ ပါဝါစတီယာရင်၊ စတီယာရင် Paddle Shift, Volume Control, Smart Key တို့ဖြစ်ပါတယ်။

G Grade

ဒုတိယမျိုးဆက်ဟွန်ဒါအင် စိုက်တွေထဲမှာတော့ အနိမ့်ဆုံး ဂရိတ်ဖြစ်ပြီး အတွင်းခန်းအဲကွန်း ဒစ်ဂျစ်တယ်ကွန်ထရိုးလ်၊ ပါဝါ စတီယာရင်၊ ပါဝါဝင်းဒိုး၊ RemoteKey၊ လေအိတ်လေးလုံးဖြစ်ပါ တယ်။ ရှေ့နောက်စကတ်အသေး ဖြစ်ပြီး Fog Light မီးပေါက်သာ ပါဝင်ပါတယ်။

LS Grade က အမြင့်ဆုံးဖြစ် လို့ နောက်မှန်ဝိုက်ဘာ Fog Light အစုံအလင်ပါဝင်ပေမယ့် L,G Garde တွေကိုလည်း ထပ်မံတပ် ဆင်ခြင်း၊ ပြင်ဆင်တပ်ဆင်ခြင်း တွေ ပြုလုပ်ခြင်းဖြင့် ဂရိတ်အမြင့် ဆုံးနည်းပါးဖြစ်နိုင်ပါတယ်။

===============================

#ကား-Car အကြောင်းစုံ

:
:
:
မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit
ပေးပါသည်။

21/12/2022
20/12/2022

သိန်း 300 တန်ကားကြီး ကံထူးခွင့်လက်မှတ်ကို
ဖောက်ပေးတော့မှာပါ

ကံစမ်းမဲပေါက်ဖို့အတွက် အဓိက Top fan
ဖြစ်ရပါမယ်

ကားကံထူးရှင် လက်မှတ်ကို ဘယ်လိုရွေးချယ်မလဲဆိုတော့

Channel 1 မှာ comment အနည်းဆုံး post
ကိုရွေးချယ်ပြီး comment picker နဲ့ရွေးချယ်သွားမှာပါ

ဒါ့ကြောင့် post တိုင်းမှာ ကိုယ့်ရဲ့ မန့်ပါနေဖို့
Post မရွေးပဲ အမြဲမန့်နေဖို့လိုတယ်နော်

1 post မမန့်လိုက်တာနဲ့ ကားကံထူးရှင်ကြီး
ဖြစ်ဖို့အတွက် လက်မှတ် မရလိုက်ပဲ နေမှာနော်
အချစ်တို့ 😘💗

20/12/2022
20/12/2022
03/07/2022

မြောက်ဥက္ကလာမြို့အတွင်း ကားမောင်သင်လိုသူများ အိမ်အရောက်ကြိုပို့ ဆောင်ရွက်ပေးပါတယ်။
Sat &Sun ၂ရက် ၂ပါတ်သင်တန်းဖြစ်ပါတယ်။ကျွမ်းကျင်စွာမောင်းတတ်ဖို့ အာမခံပါတယ်။အသေးစိတ်အချက်အလက်များ မက်ဆင်ဂျာမှ စုံစမ်းနိုင်ပါသည်။သင်တန်းကြေး ၁၈၀၀၀၀ နာရီ ၁၂နာရီစာ ဖြစ်ပါသည်။

Address

No 66 A2 Thunandar Road
Yangon
11031

Telephone

+959420012899

Website

Alerts

Be the first to know and let us send you an email when Kaung Driving Trainer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category