Emerald Aura

Emerald Aura Beauty and lifestyle 🌸🫶

Review မရေးဖြစ်တာနည်းနည်းကြာသွားတယ်ရှင့် 😬 ဒီနေ့ကတော့ Azelaic Acid အကြောင်းလေးကိုအနည်းငယ် သိသလောက်ရှင်းပြပေးချင်ပါတယ် ။ ...
09/02/2026

Review မရေးဖြစ်တာနည်းနည်းကြာသွားတယ်ရှင့် 😬

ဒီနေ့ကတော့ Azelaic Acid အကြောင်းလေးကိုအနည်းငယ် သိသလောက်ရှင်းပြပေးချင်ပါတယ် ။

Skin Care Products တွေထဲမှာ လက်ရှိနာမည်ကြီးနေတဲ့

Niacinamide, Hyaluronic Acid , Vitamin C , Retinol တို့ကအသားအရေအတွက်အရမ်းကောင်းတယ်ဆိုပြီး ညွှန်းနေကြပေမဲ့

Azelaic Acid အကြောင်းပြောတဲ့လူအရမ်းနည်းသေးတယ် ။

သူကလည်းအပေါ်က Product တွေလိုဘဲ skin အတွက်အရမ်းကောင်းတဲ့ Acid တမျိုးပါဘဲ ။

အရင်ကတော့ Skin Care လိုမျိူးသုံးတာနည်းတယ် ဆေးဆိုင်တွေမှာတော့ဝက်ခြံအရမ်းပေါက်နေရင် Azelaic Acid ဝက်ခြံပေါ်လိမ်းတဲ့ဆေးလိုမျိုးလေး ပေးကြတယ် ။

အဲ့တော့အဓိကက Azelaic Acid ဆိုတာ ဝက်ခြံထွက်တဲ့ အသားအရေအတွက်အရမ်းအသုံးဝင်ပါတယ် ။

🌸 ဘာအတွက်ကောင်းလဲ ဆိုရင်တော့ ….

1) ဝက်ခြံကိုဖြစ်စေတဲ့ ဘတ်တီးရီးယားတွေကို သေစေတယ် ။
(ဆိုတော့ ဝက်ခြံထပ်မထွက်လာအောင်တားဆီးပေးတယ် )

2) အမဲစက်ပျောက်ပြီး အသားအရေညီညာစေတယ် ။

3) ဝက်ခြံကြောင့်နီမြန်း တာတွေ ယောင်ယမ်းတာတွေကိုလျော့ချပေးတယ် ။

4) ဆဲလ်အသစ်တွေကိုပြန်လည်ဖြစ်ပေါ်စေတယ်။

5) အသားအရေကိုဖြူဝင်းကြည်လာစေတယ် ။

ဒီ Acid လေးက sensitive skin သမားနဲ့ ကိုယ်ဝန်ဆောင်တွေတောင်အသုံးပြုလို့ရတယ်ဆိုတော့ အရမ်းကောင်းပါတယ်ရှင့်

🍀 Azelaic Acid နဲ့တွဲဖက်မသုံးသင့်တာတွေကတော့

ထုံးစံအတိုင်း AHA - BHA နဲ့ Retinol တို့ဘဲဖြစ်ပါတယ် ။

( တချို့တွေ Niacinamide နဲ့တွဲမသုံးရဘူးပြောကြတယ် မှားပါတယ်နော် တွဲသုံးလို့ရပါတယ် ရှင့် )

တခုသတိထားစေချင်တာကတော့
နေ့ဘက်သုံးမယ်ဆို - Sunscreens တော့မဖြစ်မနေ သုံးစေချင်ပါတယ် ။

Azelaic Acid မှာလည်း ဘယ်လောက် % ကစသုံးသင့်လဲဆိုရင်

10% လောက်ကဘဲ စသုံးသင့်ပါတယ်နော် ။

✍️✍️ အောက်ကပုံကတော့ နမူနာထည့်ပေးထားတာပါ ။

ဒီ Serum လေးလည်းသုံးကောင်းပါတယ် 😉🫶



ဒီ Serum လေးကိုလည်း review ရေးချင်နေတာ တစ်ဘူးမကုန်သေးလို့ မရေးသေးတာခုတော့ တစ်ဗူးကုန်ခါနီးအပြင် ရလဒ်လည်းတော်တော်လေးကောင်း...
26/01/2026

ဒီ Serum လေးကိုလည်း review ရေးချင်နေတာ

တစ်ဘူးမကုန်သေးလို့ မရေးသေးတာ

ခုတော့ တစ်ဗူးကုန်ခါနီးအပြင် ရလဒ်လည်းတော်တော်လေး

ကောင်းလို့ ညွှန်းပေးလိုက်ပါတယ် ။

ဝက်ခြံထွက်လို့ စိတ်ညစ်နေတဲ့လူတွေ

အသားအရေညစ်နေလို့ စိတ်ညစ်နေတဲ့လူတွေ

အသက်အရွယ်အရ အရေးအကြာင်းရှိနေတဲ့လူတွေသုံးပေး

တစ်ဗူးမကုန်ခင် result ထွက်ကိုထွက်တယ်

ကျမပြောတာ ယုံ 😬 ပိုက်ဆံရလို့ review ရေးနေတာမဟုတ်ဘူး ။

ကောင်းတာလေးတွေဆိုသုံးစေချင်တဲ့စေတနာနဲ့ရေးနေတာ ✌️🫶

မကြိုက်တာ တချက်တော့ရှိတယ် စျေးနည်းနည်းများပြီး 30ml ဆိုတော့မနက်ညသုံးရင် သိပ်အသုံးမခံတာတစ်ခုဘဲ

မှတ်ချက် ။ skin care ရွေးတော့မယ်ဆိုရင် ကိုယ့်အသားအရေ အမျိုးအစား သိပြီး ပါဝင်ပစ္စည်းတွေကိုလေ့လာပြီးမှ ကိုယ်နဲ့တည့်မတည့် ကြည့်သုံးပါရှင့် ။ skin care တိုင်းကလူတိုင်းနဲ့အဆင်မပြေနိုင်ပါ ။

Hello 👋 ✍️Toner Pad … ဆိုပီး အရမ်း Viral ဖြစ်နေလို့ Standard Toner တွေနဲ့ Toner Pad တွေနဲ့ ဘာကွာလဲဆိုတာကို နားလည်လွယ်အော...
15/01/2026

Hello 👋 ✍️

Toner Pad … ဆိုပီး အရမ်း Viral ဖြစ်နေလို့

Standard Toner တွေနဲ့ Toner Pad တွေနဲ့ ဘာကွာလဲဆိုတာကို
နားလည်လွယ်အောင် တိုတိုနဲ့လိုရင်းရှင်းပြချင်ပါတယ် ။

(1) ပထမဆုံး Toner ဆိုတာ ဘာလဲ ?

- Toner ဆိုတာကတော့ မျက်နှာသစ်ဆေး ( Cleanser) ပီးရင် သုံးရတဲ့ Skincare Step တစ်ခုပါ ။ မျက်နှာသစ်ဆေးနဲ့သစ်ပြီး ကျန်ရှိနေတဲ့အညစ်အကြေးတွေကိုချွေးပေါက်ထဲထိ ထပ်မံ သန့်စင်ပေးတယ် ၊ ပီးရင် ဆက်ပီးသုံးမယ် ( ဥပမာ - Serum , Moisturizer, Night Cream ) စတဲ့ Skin Care တွေကိုစုပ်ယူမှု့ကောင်းအောင်ပြုလုပ်ပေးပါတယ် ။ အလွယ်ပြောရရင် အာနိသင်ပိုကောင်းအောင်ပြုလုပ်ပေးတယ်။

Toner အမျိုးအစားတွေအများကြီးရှိတဲ့ အထဲမှာ ကိုယ့် skin type နဲ့ အဆင်ပြေမယ့် Toner မျိူးရွေးချယ်သင့်တယ် ။

တကယ်တော့ လက်ရှိ အရမ်း Trend ဖြစ်နေတဲ့ Toner pad တွေဟာလည်း ကျမတို့ပုံမှန်သုံးနေတဲ့ Cotton pad ထဲအရည်ထည့်ပြီး သုံးရတဲ့ Standard Toner တွေနဲ့တူတူပါဘဲ ။

တချို့ Skin Care ရောင်းတဲ့လူတွေအနေနဲ့ Toner Pad တွေကိုမှ ပိုကောင်းတယ်ဆိုတာမျိုးတွေတွေ့လို့ ခုလို ရှင်းပြခြင်းဖြစ်ပါတယ် ။

Toner Pad တွေရဲ့ကောင်းကျိုးဆိုရင်တော့
(1) cotton pad ထပ်ဝယ်စရာမလိုဘူး
(2) ခရီးသွားတာ ဘာညာဆို သယ်ရတာ လွယ်ကူတယ် ။
(3) Mask လိုအသုံးပြုနိုင်တယ် ။

Toner pad တွေရဲ့ဆိုးကျိုးဆိုရင်တော့
(1) စျေးကြီးပါတယ်
(2) Hydration ပေးတာအားနည်းတယ်
(3) နေ့စဉ်သုံးရင် Over-Exfoliation ဖြစ်နိုင်တယ် ။ တပါတ် (2-3 ) လောက်ဘဲသုံးသင့်တယ် ။

နိဂုံးအနေနဲ့ ကျမပြောချင်တဲ့အကြောင်းအရာကတော့

✨ Viral ဖြစ်တိုင်းဝယ်မသုံးသင့်ပါ

✨ Tik tok လိုနေရာမျိုးပိုဆိုးပါတယ် တယောက်ကကောင်းပြီဆို အကုန်လိုက်ကောင်းတာပါ ။

✨ ခုနောက်ပိုင်းက တကယ် Review ပေးတဲ့လူတွေကရှားသွားပါပြီ ။ ကိုယ့်ဘာသာချင့်ချိန်ပြီး ဝယ်သင့်ပါတယ် ။

✨စျေးကြီးတိုင်းလည်းကိုယ်နဲ့အဆင်ပြေချင်မှပြေတာပါ အဲ့တာကိုလည်းသိဖို့လိုပါတယ် ။

ဒါပါဘဲရှင့် 🫶🫶

မနေ့က Retinol အကြောင်း အဆက်လေးပါ Part - 2 ✨ Retinol နဲ့ တွဲဖက်မသုံးသင့်တဲ့ Ingredients or Skin Care ❌ No - 1 , AHA / BHA...
23/12/2025

မနေ့က Retinol အကြောင်း အဆက်လေးပါ Part - 2 ✨

Retinol နဲ့ တွဲဖက်မသုံးသင့်တဲ့
Ingredients or Skin Care ❌

No - 1 , AHA / BHA / PHA ( Exfoliating acids )

No - 2 , Alcohol များတဲ့ Toner

No - 3 , Scrub and Peeling

No - 4 , Vitamin C

No - 5 , Benzoyl Peroxide

အထက်ပါ ingredients ပါတဲ့ skin care များနဲ့ တွဲဖက်သုံးမိရင် Skin Barrier ကိုပျက်စီးစေပါတယ် ။

✨ တချို့ကမေးတယ် - Niacinamide နဲ့ ရောတွဲသုံးလို့ရလားဆိုရင်တော့ Niacinamide % နည်းတာနဲ့ တွဲသုံးလို့ရပါတယ် ။

ပိုပြီး Effective ဖြစ်စေတဲ့ Retinol သုံးနည်းကတော့

👉Moisturizer + Retinol + Moisturizer ဆိုပြီး အသုံးပြု သင့်ပါတယ် ။

🌸 Retinol သုံးပြီး နုပျိုလှပတဲ့ အလှလေးများဖြစ်ကြပါစေရှင့် 🌸

မနေ့က post လေးပါ Link ချပေးထားပါတယ် ။

https://www.facebook.com/share/p/17fgQtHjUN/?mibextid=wwXIfr

မဂ်လာပါရှင့်  ✌️ ဒီနေ့ကတော့ Reviews ပေးမှာမဟုတ်ဘဲ လက်ရှိမှာတော်တော်များများအကြိုက်တွေ့နေတဲ့ Retinol အကြောင်းကို Knowledg...
22/12/2025

မဂ်လာပါရှင့် ✌️

ဒီနေ့ကတော့ Reviews ပေးမှာမဟုတ်ဘဲ လက်ရှိမှာတော်တော်များများအကြိုက်တွေ့နေတဲ့ Retinol အကြောင်းကို Knowledge Sharing လုပ်ပေးသွားမှာဖြစ်ပါတယ် ။

No (1) အနေနဲ့ Retinol ကို ဘယ်လိုလူတွေသုံးသင့်လဲ ?

- ဝက်ခြံ အဆီဘုရှိတဲ့သူ , အသားအရေမွဲညစ်ပြီး မညီညာတဲ့သူနဲ့ အသက်အရွယ်အရ အရေးအကြောင်း တွေပေါ်လာပြီဆိုရင်တော့ retinol ကိုသုံးသင့်ပါတယ် ။

No (2) အနေနဲ့ Retinol ကိုဘယ်ချိန်တွေမှာသုံးသင့်လဲ နဲ့ ဘယ်လိုသုံးသင့်လဲ ?

- Retinol ကို ညဘက်အိပ်ချိန်မှသာသုံးသင့်ပါတယ် ။

- တပါတ်ကို 2 ရက်လောက်ဘဲစမ်းသုံးသင့်ပါတယ် ။ အကယ်၍ ကိုယ်နဲ့တည့်တယ်အဆင်ပြေတယ်ဆို တပါတ်ကို 3 ရက် 4 ရက် တိုးပြီးသုံးလို့ရပါတယ် ။

- Retinol ကို သုံးပြီးတာနဲ့ moisturizer ကို မဖြစ်မနေသုံးပေးရပါမယ် ။

- Retinol ကိုညဘက်သုံးပြီး နောက်တရက်ဆို Sunscreen (SPF 30 or SPF 50 ) မဖြစ်မနေလိမ်းပေးရပါမယ် ။

No (3) အနေနဲ့ သတိထားရမယ့် အချက်ကဘာလဲ ?

- Retinol က နေရောင်ခြည်ဒဏ်ကိုမခံနိုင်ပါဘူး ။

- ကိုယ်ဝန်ဆောင်ချိန်မသုံးသင့်ပါ ။

- ဝက်ခြံကန်ထွက်တာတွေ အသားအရေအရမ်းခြောက်သွားတာတွေ ယားတာတွေ ဖြစ်တက်လို့ သတိထားစေချင်ပါတယ် ။

- Sensitive skin သမားတွေအနေနဲ့ Retinol ကို (0.1%) လောက်ကနေ စသုံးစေချင်ပါတယ် ။

- Dry Skin သမားတွေကိုတော့ Retinol သုံးဖို့အားမပေးပါရှင့် ။

No (4) အနေနဲ့ Retinol ရဲ့ကောင်းကျိုးပါ ။

- ဝက်ခြံ အဆီဘုတွေကိုပျောက်ကင်းစေတယ် ။

- အသားအရေကိုတင်းရင်းပြီး အရေးအကြောင်းသက်သာစေပါတယ် ။

- အမဲစက် အမာရွတ်တွေ ခနလေးနဲ့ ယူပစ်သလိုပျောက်ကင်းစေတယ်

- အသားအရေကို ညီညာပြီး ချောမွေ့စေတယ် ။

**** မှတ်ချက် ****

✨ Cosmetic ဆိုင်တွေကညွှန်းတိုင်း Skin Care တွေကို မစမ်းသင့်ပါ ။ ကိုယ့် skin type ကိုသေချာသိပြီးမှသာ ဝယ်သုံးသင့်ပါတယ် ။

✨ ခုလိုပြောရတဲ့အကြောင်းကတော့ Online ပေါ်မှာ ကောင်းတယ် ညွှန်းတိုင်း ဝယ်သုံးတက်တဲ့ မမ လှလှ တွေအတွက်ပါ Retinol လို Skin Care မျိုးဟာ လူတိုင်းနဲ့ တည့်ဖို့ဆိုတာ တော်တော် ခက်ပါတယ် ။ အခန့်မသင့် မသုံးတက်လို့ ကိုယ့်မျက်နှာ လက်ရှိထက်ပိုဆိုးသွားနိုင်တယ်ဆိုတာ ကိုသတိပြုစေချင်ပါတယ် ။

ကျေးဇူးပါရှင့် 🫶🩵
ထပ်သိချင်တာရှိရင် Cmt လေးချန်ခဲ့ပေးပါရှင့်

20/12/2025

GRWM 💚🍀 Primer နဲ့ concealer မပါဘဲ Full Coverage ပေးနိုင်တဲ့ Make up look 🤗🫶🫶

💚
19/12/2025

💚

17/12/2025

ဝက်ခြံ အဆီပြန်သမားတွေ ကျမသုံးတာလေးတွေ လိုက်သုံးကြည့်လို့ရပါတယ် ။

Skin Care review လေးတွေကို Page မှာလည်း တင်ပေးသွားပါမယ် ။

Like and Follow လေးလုပ်ပြီး Support လုပ်ပေးကြပါအုံးရှင့် ။

🍀

15/12/2025

GRAYMELIN moisture ✨ Review

Budget လည်း Save ဖြစ်ရမယ်

Oily skin , Combination skin သမားတွေအတွက်

အရမ်းအသုံးတည့်ရမယ်

100 ml ပါပြီး gel type အေးအေးလေး ထဲက ရှာနေရင်

ဒါလေးကို Highly recommend လုပ်ပါတယ် ရှင့် 🫶

ကျမအသားအရေက ပုံမှန် Combination Skin ကိုမှ

ရာသီဥတုအပေါ်မူတည်ပြီး လည်း

ခနခန ပြောင်းတက်တာမို့လို့

Skin care ခနခနပြောင်းသုံးပေးရတယ် ။

ကျမမျက်နှာ ဆောင်းတွင်းဝင်ဝင်ချင်းဝက်ခြံတွေ

ထွက်လာတဲ့ အချိန်မှာ ဒီ moisture ကိုမှဘူးသေးလေးစ

သုံးရင်း အရမ်းကြိုက်သွားတာ

ဒါလေးက ဝက်ခြံ အဆီဘုတွေကို

သက်သာစေပြီး အသားအရေကို

တင်းရင်းစေတယ်။

ဝက်ခြံ ရှိပြီး အသားအရေ ညစ်နေတဲ့လူတွေကို

အဓိကထားပြီး ညွှန်းပေးချင်ပါတယ် ရှင့်

နောက်ဆုံးအနေနဲ့

Skin care step တွေထဲမှာ moisturizer

ကလည်းမပါမဖြစ်လေ အဲ့တော့ အရွေးမမှားရအောင်

စေတနာ အရင်းခံပြီး ပြောပြပေးလိုက်ပါတယ် 🤗

#ကျမကတော့မနက်ည သုံးပေးပါတယ်

ညဘက်ဆို မျက်နှာကိုထူထူလေးလိမ်းပြီး အိပ်တာ

မနက်ဆို အသားအရေကတင်းရင်းပြီး Glow skin လေး

ဖြစ်စေပါတယ် ။

ပြီးတော့

ပေးစေချင်တဲ့ skin care လေးတွေကိုလည်း

Cmt box မှာရေးပေးခဲ့ပါနော်

လက်ရှိအသုံးပြုနေရင်လည်း ကောင်းမကောင်း

အဆင်ပြေ မပြေ ပြောပေးပါအုံး 🍀🍀💓

Thanks

Rovectin Essence ✨ Reviewအရမ်းကောင်းတာလေးတွေဆို ပြောပြချင်လို့ ဝက်ခြံ အဆီဘုတွေထွက်ပြီး အသားအရေညစ်နေတဲ့ လူတွေအတွက် သုံးကြ...
08/12/2025

Rovectin Essence ✨ Review

အရမ်းကောင်းတာလေးတွေဆို ပြောပြချင်လို့

ဝက်ခြံ အဆီဘုတွေထွက်ပြီး အသားအရေညစ်နေတဲ့ လူတွေအတွက် သုံးကြည့်သင့်ပါတယ် ။

Glow Glass Skin ဖြစ်ချင်တဲ့လူတွေ အသားကိုဖြူကြည်ချင်တဲ့ လူတွေ သုံးသင့်ကြောင်း နဲ့ All skin type အသုံးပြုလို့ရကြောင်းကို

Review အတိုလေး လုပ်ပေးလိုက်ပါတယ် ။

Detail ကို တစ်ဘူးလုံးကုန်သွားရင် Video နှင့်တကွပြောပြပေးပါမယ် ။ အခုတော့ 60% (2 months ) လောက်သုံးကြည့်ပြီးမှ ဒီစာလေးရေးပေးရခြင်းဖြစ်ပါတယ် ။

✨ Blogger တော်တော် များများလည်း Good Reviews တွေ ပေးထားပါတယ် ။

✨ Essence ကိုဘယ်အဆင့်မှာသုံးရမလဲ ထပ်မေးကြမှာဆိုးလို့ Toner ပီးရင် Essence လေးသုံးပါရှင့် ။

🫶

Emerald
(4:13 pm)

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Emerald Aura posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share