06/11/2024
လမ်းဘေးတိုင်များအကြောင်း။
အဖြူ၊ အနီကျား လမ်းဘေးတိုင်။
~~~~~~~~~~~~~~~~~~~~
(က) အဖြူ၊ အနီကျားလမ်းဘေးတိုင်များကို ချောက်ကမ်းပါးရှိသော လမ်းဘေး၊
အန္တာရာယ်ဖြစ်ပေါ်နိုင်သော လမ်းကွေ့၊ လမ်းကောက် စသည့်နေရာများတွင် စိုက်ထားရမည်။
(ခ) ယင်းတိုင်များရှိသော လမ်းဘေးတလျှောက်တွင် ယာဉ်များရပ်ဆိုင်းခြင်း၊ ရပ်နားခြင်း လုံးဝမပြုရသည့်အပြင် ယာဉ်အချင်းချင်း ကျော်မတက်ရ။
ယင်းတိုင်များကို တွေ့လျှင် ယာဉ်များကို အရှိန်လျှော့၍ သတိဖြင့် မောင်းနှင်ရမည်။
အဝါနှင့် အနက်ကျား လမ်းဘေးတိုင်။
~~~~~~~~~~~~~~~~~~~~~~~
(က) အဝါနှင့် အနက်ကျား လမ်းဘေးတိုင်များကို ခရီးသည်တင်ယာဉ် မှတ်တိုင်များ၊ တက္ကစီဂိတ်များတွင် မော်တော်ယာဉ်ကို လိုက်ပါစီးနင်းရန်
စောင့်ဆိုင်းသူများအား ယာဉ်မှ အရှိန် လွန် ဝင်ရောက် တိုက်မိခြင်းမှ ကာကွယ်ရန် မှတ်တိုင်နှင့် လမ်းနယ်မိတ်အစွန်းတွင် စိုက်ထူထားသည်။
ထို့အပြင် မော်တော်ယာဉ်ဝင်ရောက်မောင်းနှင်ခွင့် မပြုသော အများပြည်သူဆိုင်ရာနေရာများ သို့မဟုတ် လမ်းများတွင် စိုက်ထူထားသည်။
အားလုံး ယာဉ်အန္တရာယ် ကင်းရှင်းကြပါစေ။
မူရင်းရေးသားသူကို ခရက်ဒစ်ပေးပါသည်။
#ယာဉ်
#လမ်းဘေးတိုင်