Shwe Driving School

Shwe Driving School Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Driving School, ငမိုးရိပ်(၈)လမ်း၊အပိုင်း(၁), Yangon.

ကညန အသိမှတ်ပြု တရားဝင်Shweယာဉ်မောင်းသင်တန်း‌ကျောင်းစိတ်ရှည်သဘောကောင်းသော ဆရာ/ဆရာမများကိုတိုင် တစ်ဦးခြင်းအတတ်သင်ပေးလျှက်ရှိပါတယ်ခင်ဗျ။လိုင်စင်အမျိူးမျိူးလဲ အမြန်ဆုံးရအောင်တာဝန်ယူမှု့အပြည့်ဖြင့်ဆောင်ရွက်ပေးလျှက်ရှိပါတယ်ခင်ဗျ🥰
09426095332=09780803731🥰🇲🇲။

🔹ABS ဘရိတ်စနစ်ဆိုတာဘာလဲ ဘယ်လိုအလုပ်လုပ်သလဲ ? 🔹ရိုးရိုး ဘရိတ်စနစ်နဲ့ ABS စနစ်ဘာတွေကွာခြားလဲ ? 🔹ABS မီးဘာကြောင့်လင်းရသလဲ ?...
20/02/2026

🔹ABS ဘရိတ်စနစ်ဆိုတာဘာလဲ ဘယ်လိုအလုပ်လုပ်သလဲ ?
🔹ရိုးရိုး ဘရိတ်စနစ်နဲ့ ABS စနစ်ဘာတွေကွာခြားလဲ ?
🔹ABS မီးဘာကြောင့်လင်းရသလဲ ?
ဘယ်လိုပြုပြင်နိုင်သလဲ ?
ဆိုတာတွေကို ကားတစ်စီးရဲ့အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ ဘရိတ်စနစ်တွေအကြောင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီနေ့ဆွေးနွေးတင်ပြပေးပါ့မယ်။

ဒီဆောင်းပါးလေးဖတ်ပြီးရင် ကားလောကရဲ့ ဗဟုသုတအမှားတွေဖြစ်တဲ့ ABS ဘရိတ်စနစ်ကမကောင်းဘူးလို့ပြောကြတယ်၊ အဲဒါဖြုတ်လို့ရမလား ?။

ABS ဆိုတာ Auto Braking System ကိုပြောတာလား ?

ABS ဘရိတ်တပ်ထားရင် ဘရိတ်ရှူးတွေပိုစားတယ်။ ကားလမ်းကြပ်ရင် အဲဒီဘရိတ်စနစ်က မကောင်းဘူး။ ABS မီးလင်းလာတာနဲ့ ဘရိတ်လုံး၀မမိတော့ဘူး။ အစရှိသဖြင့် ပြောနေကြတဲ့ နားလည်မှု လွဲနေတဲ့ အမှားတွေကို သိပ္ပံနည်းကျ နားလည်ဖြေရှင်းတတ်သွားမယ်လို့ အာမခံပါတယ်။

▪️ABS ဘရိတ်စနစ်ဆိုတာဘာလဲ ?
~~~~~~~~~~~~~~~~~~~

ABS ဆိုတဲ့စကားလုံးကိုတော့ အခုခေတ်ကားမောင်းနေတဲ့ သူတိုင်းကြားဖူးနား၀ရှိမှာပါ။

ABS ဆိုတာက အခုကားသမားအများစုထင်နေသလို Auto ဘရိတ်ဖမ်းတဲ့စနစ်မဟုတ်ပါဘူး။

ABS ဆိုတာ Anti-Lock Braking System ဆိုတဲ့စကားလုံးကို အတိုကောက်ယူထားတာပါ။

Anti-Lock Braking System ဆိုတာကို ဘာသာပြန်လိုက်ရင် ဘရိတ်နင်းလိုက်တဲ့အခါ လည်နေတဲ့ဘီးတွေကို ၁၀၀ ရာခိုင်နှုန်းမချုပ်ထားဘဲ လိုသလောက်ပဲထိန်းချုပ်တဲ့ (Anti-Lock) စနစ်လို့ မြန်မာမှုပြုနိုင်ပါတယ်။

ဘီးမလည်အောင် ဘရိတ်ဖမ်းပါတယ်ဆိုမှ ဘီးလည်အောင်လွှတ်ပေးတယ်ဆိုတဲ့ ABS စနစ်ကကောင်းပါ့မလားလို့ ထင်မြင်ယူဆဖွယ်ရာတွေရှိလို့ ဘာကြောင့်ဘီးတွေကို အသေချုပ်မထားဘဲ လိုသလောက်ဖမ်းချုပ် ပြန်လွှတ် ပြန်ဖမ်းပေးရသလဲဆိုတာ ထပ်ရှင်းပြပါ့မယ်။

ဟိုးအရင်ကတည်းက ဘရိတ်စနစ်တွေကို ကျနော်တို့ကိုးတန်းဆယ်တန်း ရူပဗေဒမှာသင်ရတဲ့ ပါစကယ်ရဲ့နိယာမ (Pascal 's Law) P=F/A ဆိုတာကို အခြေခံပြီး အရည်ဖိအားသုံး (Hydraulic Braking) နည်းတွေနဲ့တီထွင်အသုံးပြုပါတယ်။

အဲဒီနည်းတွေက ရိုးရိုးဘရိတ်စနစ်တွေဖြစ်ပြီး လည်နေတဲ့ ဘီးတွေအကုန်လုံးကို ၁၀၀ ရာခိုင်နှုန်းအသေဖမ်းချုပ်ကိုင်လိုက်တဲ့ (Lock) စနစ်ဖြစ်ပါတယ်။

အဲဒီလိုအရှိန်များများနဲ့ရွေ.လျားနေတဲ့ကားရဲ့ဘီးတွေကို အသေဖမ်းချုပ်လိုက်တယ်ဆိုရင်ပဲ ရွေ့လျားနေသော အရာ၀တ္ထုသည်ဆက်လက်ရွေ့လျားခြင်း (Law of Inertia) ဆိုတဲ့ အင်နာရှားသဘောတရားအရ ဘီးတွေအကုန်ချုပ်ကိုင်နိုင်ပေမယ့် ရွေ့လျားနေတဲ့ ကားရဲ့ဘော်ဒီတခုလုံးက ဆက်လက်အရှိန်နဲ.ရွေ့လျားကာ ကားက သင်ထိန်းချုပ်မှုအောက်ကလွတ်သွားပြီး တရွတ်တိုက်ဆွဲသွားပြီး တိုက်ချင်တဲ့ဆီကို ၀င်တိုက်၊ ချော်ချင်တဲ့လမ်းကြောင်းပေါ်ကို ချော်ထွက်ပြီး မလိုလားအပ်တဲ့ Accident တွေဖြစ်ကုန်ပါတော့တယ်။

ဒီလိုအဖြစ်တွေကို ကာကွယ်ဖို့အတွက် ဘီးတွေကို အသေမထိန်းချုပ်ဘဲ ဘရိတ်ဖမ်းတဲ့အချိန်ကားကို လိုသလိုကွေ့နိုင်ခေါက်နိုင် ထိန်းချုပ်နိုင်တဲ့ ABS စနစ်ဆိုတာကို တီထွင်ခဲ့ကြတာပါ ။

▪️ABS စနစ်ကဘယ်လိုအလုပ်လုပ်သလဲ ?
~~~~~~~~~~~~~~~~~~~

ABS စနစ်မှာ တွဲဖက်လုပ်ဆောင်နေတာတွေကတော့ Wheel Speed Sensors (ဘီးလည်ပတ်မှု အာရုံခံစနစ်)၊ Valve, ABS Accumulator, Hydraulic Control Unit ၊ ECU ( Electronic Control Unit ) တို့ဖြစ်ပါတယ်။

ကားတစီးအရှိန်နဲ့မောင်းနေတဲ့အချိန် ABS စနစ်သုံး ဘရိတ်တခုနဲ့ ဘရိတ်ဖမ်းလိုက်တယ်ဆိုရင် ဘီးမှာတပ်ဆင်ထားတဲ့ အာရုံခံစနစ်တွေကနေ ဘီးဘယ်လောက်အရှိန်နဲ့လည်ပတ်နေသလဲ၊
ဘရိတ်ဖမ်းလိုက်ချိန်ဘယ်လောက်အရှိန်လျော့သွားသလဲဆိုတာကို ECU (Electronic Control Unit) ကိုသွားသတင်းပို့ပါတယ်။

ECU ( Electronic Control Unit ) ကနေတဆင့်ရထားတဲ့ ဒေတာတွေကို Hydraulic Control Unit ကို တဆင့်စေခိုင်းပြီး အဲဒီကနေမှ ဘရိတ်ဖမ်းဖို့ဘယ်လောက် ဖိအားပေးသင့်တယ်ဆိုတာကိုတွက်ချက်ပြီး Solenoid Valve တွေကနေတဆင့် ဘရိတ်ဖမ်းလိုက်တဲ့ ဖိအားကို ရပ်တန့်ပေးတာ၊ လျှော့ချပေးတာ၊ တိုးပေးတာတွေလုပ်ပြီး ဘရိတ်ကို ၁၀၀ရာခိုင်နှုန်း ဖမ်းချုပ်ခြင်းမှကာကွယ်ပေးပါတယ်။
အဲ့ဒီဖြစ်စဉ်တွေဟာ စက္ကန့်အစိတ်အပိုင်းလေးမှာဘဲ တွက်ချက်ပေးပြီး အလုပ်လုပ်သွားတာမျိုးပါ။

▪️ABS စနစ်ရဲ့အားသာချက်တွေ က ဘာတွေလဲ ?
~~~~~~~~~~~~~~~~~~~
ဘရိတ်ဖမ်းလိုက်တဲ့အချိန်မှာဘဲ စီယာတိုင်ကို လိုသလိုထိန်းချုပ်မောင်နှင်နိုင်တယ်။
ဘီးတွေကို အသေချုပ်ကိုင်တာမျိုးမဟုတ်ဘဲ လိုသလောက်ဘဲ ထိန်းချုပ်တာမို့ ကားက စလစ်ဖြစ်ချော်ထွက်ခြင်းမှကာကွယ်နိုင်တယ်။
အရှိန်ပြင်းပြင်းနဲ့ မောင်းနေချိန်ဘရိတ်ဖမ်းလိုက်လို့ မိသွားရင်လည်း ကားက ပုံမှန်အနေအထားအတိုင်းတည်ငြိမ်တယ်။

ရိုးရိုးဘရိတ်စနစ်တွေထက် ဘရိတ်မိတဲ့အကွာအဝေးတိုတာမို့ ပိုလို့အန္တရာယ်ကင်းဝေးတယ်။
အကွေ့တွေမှာ ဘရိတ်ဖမ်းလိုက်ရင် တဖက်ကိုစောင်းပြီ ချော်ထွက်သွားတာမျိုးကိုကာကွယ်ပေးတယ်။
လမ်းမညီမညာဖြစ်နေတဲ့ နေရာမျိုးမှာ ဖမ်းလိုက်ရင်လည်း ဘီးတခုခြင်းဆီရဲ့လည်ပတ်နှုန်းကိုအာရုံခံတာမို့ လမ်းကနေချော်ထွက်သွားတာမျိုးကာကွယ်ပေးတယ်။
ကြမ်းတမ်းနေတဲ့လမ်းအနေအထား၊ ရေတို့၊ ချောဆီတို့ ရှိနေတဲ့လမ်းအနေအထားမျိုးမှာ ဘရိတ်ဖမ်းလိုက်ရင် ချော်ထွက်ခြင်းမှကင်းဝေးစေတယ်။

▪️ABS မီးဘာကြောင့်လင်းရသလဲ ?
~~~~~~~~~~~~~~~~~~~

ABS မီးလင်းရတဲ့အကြောင်းအရင်းတွေကတော့ အပေါ်မှာ ဖော်ပြထားတဲ့
Wheel Speed Sensors (ဘီးလည်ပတ်မှု အာရုံခံစနစ်)၊ Valve, Hydraulic Control Unit, ECU (Electronic Control Unit) တို့တခုခုချို့ယွင်းပျက်စီးခဲ့မယ်ဆိုရင် ABS မီးလင်းလာပါမယ်။

အဓိကအားဖြင့် အဖြစ်များဆုံးကတော့ Wheel Speed Sensors (ဘီးလည်ပတ်မှု အာရုံခံစနစ်) ကနေအဖြစ်များပါတယ်။

ရေထဲမောင်းပြီး ရေစိုသွားရင်လည်း အာရုံခံစနစ်တွေကြောင်ပြီးABS မီးလင်းလာတတ်ပါတယ်။

သံကြေးတက်သွားတာမျိုး၊ ဘရိတ်ပြုပြင်ရင်း မတော်တဆထိခိုက်မိတာမျိုး၊ Wheel Speed Sensorsတွေပြန်မတပ်မိတာမျိုး တွေကလည်း ABS မီးလင်းလာတတ်ပါတယ်။

တချို့ကားတွေမှာ နောက် ဘရိတ်မီးသီးကျွမ်းနေတာကနေလည်း ABS မီးသွားလင်းနေတတ်ပါတယ်။

Brake Pad တွေကုန်နေရင်လည်း ABS မီးလာလင်းတာမျိုးတွေ တချို့ကားတွေမှာဖြစ်တတ်ပြီး တချို့မော်ဒယ်မြင့်ကားတွေမှာတော့ Brake Pad ကုန်နေတာကို Warning Light သီးသန့် ဖော်ပြပေးပါတယ်။

▪️ABS မီးလင်းလာရင် ဘာလုပ်သင့်လဲ ?
~~~~~~~~~~~~~~~~~~~

ABS မီးက ပုံမှန်အားဖြင့် ကားသော့ဖွင့်လိုက်ရင် လင်းနေမှာဖြစ်ပြီး စက်နှိုးလိုက်တဲ့အခါမှာ ပြန်မှိတ်သွားရမှာပါ။
မဟုတ်ဘဲ ဆက်လင်းနေတယ်ဆိုရင်တော့ ABS System တခုခုချို့ယွင်းနေပြီး ၊ဒါပေမဲ့ သင့်ကားမှာ ရိုးရိုးဘရိတ်စနစ်ကတော့အလုပ်လုပ်နေဆဲပါ။

ABS မီးတခုတည်းလင်းနေတာမျိုးဆိုရင်တော့ ကားရဲ့ ဘရိတ်ခြေနင်းအပေါ်မှာ အားဘယ်လိုသက်ရောက်သေးလဲ၊
ဘရိတ်လျော့ကျသွားလား၊ ဘရိတ်ချော်နေပြီလား ဆိုတာမျိုးကို သတိထားစမ်းသပ်ပြီး ကျွမ်းကျင်၀ပ်ရှော့မှာစစ်ဆေးပြုပြင်ရမှာပါ။

▪️Brake Warning Light ပေါ်လာရင် ဘယ်လိုလုပ်ရမလဲ ?
~~~~~~~~~~~~~~~~~~~

အခြေခံဘရိတ်မီးလင်းလာတာ(ABS မီးနဲ့မတူပါဘူး) မျိုးကတော့ Parking Brake (ဟန်းဘရိတ်ဆွဲထားတာ)၊ Master Cylinder Fluid Reservoir (ဘရိတ်အပေါ်ဆုံ) မှာဘရိတ်ဆီနည်းနေတာ၊ ဘရိတ်ဆလင်ဒါတွေ က ဝါရှာတွေပေါက်နေတာ၊ ဘရိတ်ရှူး တွေပါးနေတာ ဘရိတ်ဆီလိုင်းတွေ ပေါက်နေတာတွေကြောင့်ဖြစ်တတ်ပါတယ်။

သင်ကိုယ်တိုင်စစ်ဆေးနိုင်တာကတော့ ဟန်းဘရိတ်ကြီးဆွဲထားမိသလား ပြန်စစ်ပါ
ဆွဲထားမိရင် ဟန်းဘရိတ်ပြန်ချပါ။

အပေါ်ဆုံမှာ ဘရိတ်ဆီနည်းနေသလားပြန်စစ်ပါ။ နည်းနေရင် Max အမှတ်ရောက်အောင် ဖြည့်ပေးပါ၊ ကားစက်သတ်ပြီး တဖန် ကားစက်ပြန်နှိုးကြည့်ပါ။ မပျောက်သေးရင် ကျွမ်းကျင်၀ပ်ရှော့ကို ပြသစစ်ဆေးဖို့လိုနေပါပြီ။

တချို့ကားတွေမှာ Brake Warning Light ကိုပဲ အဝါရောင် နဲ့ အနီရောင်နှစ်မျိုးခွဲထားပြီး အဝါရောင်က သင့်ရဲ့ဘရိတ်စနစ်မကြာခင်ချို့ယွင်းတော့မယ်ဆိုတာမျိုးကို ဖော်ပြတာဖြစ်ပြီး၊ အနီရောင်ကတော့ ပြုပြင်ထိန်းသိမ်းဖို့ ချက်ခြင်းလိုအပ်နေပြီဆိုတာကို ဖော်ပြတာဖြစ်ပါတယ်။

ABS မီးရော Normal Brake Warning Light ရောပေါ်နေတယ်ဆိုရင် ?
~~~~~~~~~~~~~~~~~~~

ဒါဆိုရင်တော့သင့်ကားရဲ့ ဘရိတ်စနစ်တခုလုံး ချို့ယွင်းပျက်စီးနေပါပြီ။
အရမ်းအန္တရာယ်ကြီးတာမို့ မပြုပြင်ဘဲ မောင်းနှင်ဖို့မသင့်တော့ပါဘူး။
ဖြစ်နိုင်မယ်ဆိုရင် ချက်ခြင်း ကျွမ်းကျင်၀ပ်ရှော့တွေမှာ သွားရောက်ပြုပြင်သင့်နေပါပြီလို့ အကြံပြုတင်ပြလိုက်ရပါတယ်။

အခြားမျိုးတူမူခြား ဘရိတ်နည်းပညာတွေလည်း ရှိသေးပေမဲ့ အခုလောက်ဆိုရင် ABS စနစ်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ အခြေခံတွေသိလောက်ပြီလို့ ယူဆရပါတယ်။
မှတ်ချက်။ ။တချို့ကားတွေမှာ Brake Pad (ဘရိတ်ရူးကုန်တာမျိုး)၊ Parking Brake (ဟန်းဘရိတ်) ဆွဲထားတာမျိုးတွေကို သီးသန့်အချက်ပြမီးတွေပြတာမျိုးရှိပါတယ်။

ဘရိတ်နည်းပညာတွေဘယ်လိုပဲကောင်းကောင်း မဆင်မခြင်နဲ့ Over Speed မောင်းနှင်ခြင်းကသင့်နဲ့သင်ကားကိုထိခိုက်ပျက်စီးစေမှာမို့ အသိသတိနဲ့ဆင်ခြင်ကြပါလို့ စေတနာထားတိုက်တွန်းရပါတယ်။


မူရင်း​ရေးသားသူအား​လေးစားစွာ credit ​ပေးပါသည်။

လတ်တလော 09444803389 ကိုဆက်သွယ်လို့မရခဲ့လျှင်ဖော်ပြပါယခုဖုန်းနံပါတ်များကိုတိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။ ☎️ 09 794 009 115 ...
17/02/2026

လတ်တလော 09444803389 ကိုဆက်သွယ်လို့မရခဲ့လျှင်
ဖော်ပြပါယခုဖုန်းနံပါတ်များကိုတိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။
☎️ 09 794 009 115
09 688 127 968
09 781 122 562
09 426 095 332
09 688 911 710
09 780 803 731
09 740 021 997
09 540 1524

#ကညနအသိအမှတ်ပြု #ရွှေယာဉ်မောင်းသင်တန်းကျောင်း #အိမ်အကြိုအပို့ #လိုင်စင်ဝန်ဆောင်မှု #အတတ်သင် #ကားမောင်းသင်တန်း #လိုင်စင်အမျိုးမျိုး၀န်ဆောင်မှု #‌ကညနတရာ၀င်အသိအမှတ်ပြုသင်တန်းကျောင်း

ကားရောက်တာနဲ့ သော့ချက်ချင်းပိတ်လိုက်ရင် တာဘို ငိုပါလိမ့်မယ် 🚗​ခရီးဝေးပဲမောင်းမောင်းမြို့ထဲပဲမောင်းမောင်း... လိုရာခရီးရော...
15/02/2026

ကားရောက်တာနဲ့ သော့ချက်ချင်းပိတ်လိုက်ရင် တာဘို ငိုပါလိမ့်မယ် 🚗

​ခရီးဝေးပဲမောင်းမောင်းမြို့ထဲပဲမောင်းမောင်း... လိုရာခရီးရောက်ပြီဆိုတာနဲ့ ချောက် ခနဲနေအောင် ကားသော့လှည့်ပြီး စက်သတ်လိုက်တဲ့ အကျင့်ရှိလားဗျ?
​ရှိရင်တော့ ပြင်လိုက်ပါတော့နော်... မဟုတ်ရင်ငွေပိုကုန်သွားနိုင်ပါတယ်ဗျ။ 💸
​ဘာဖြစ်လို့လဲဆိုတော့... 👇
တာဘို Turboဆိုတာ ကားမောင်းနေတဲ့အချိန်မှာ တစ်မိနစ်ကို အပတ်ရေ သိန်းချီ လည်ပတ်ပြီး အလုပ်လုပ်ပေးနေရတဲ့ ကောင်ပါ။
မီးဖိုပေါ်တင်ထားသလိုမျိုး အပူရှိန်ကလည်း အရမ်းပြင်းပါတယ်။ 🔥
​ရုတ်တရက် ရပ်လိုက်ရင် ဘာဖြစ်မလဲ? 😱
ကားမောင်းနေရာကနေ ချက်ချင်းရပ်ပြီး စက်သတ်လိုက်တဲ့အခါ...
​တာဘိုက အရှိန်နဲ့ ဂျင်လည်သလိုဆက်လည်နေတုန်းပါ။
​ဒါပေမယ့်... စက်သတ်လိုက်တဲ့အတွက် သူ့ကို အအေးခံပေးမယ့် အင်ဂျင်ဝိုင် ဆီ က ဝင်မလာတော့ပါဘူး။
​ရလဒ်ကတော့... အထဲမှာ ကျန်နေတဲ့ ဆီတွေက အပူလွန်ပြီး ဂျိုး တွေ ဖြစ်ကုန်ရော။ ကြာလာရင် တာဘိုဝင်ရိုးတွေ စားပြီး ပျက်စီးသွားတတ်ပါတယ်။
ဘယ်လိုလုပ်ရမလဲ? ✅
အရမ်းလွယ်ပါတယ်။ ကားရပ်ပြီးပြီဆိုရင် ချက်ချင်း ဆင်းမပြေးပါနဲ့ဦး။
(၁) မိနစ် (သို့မဟုတ်) ၂ မိနစ်လောက် စက်နှိုးထားပြီးမှ သော့ပိတ်ပေးပါ။
​ဒီလိုလုပ်လိုက်ရင် အင်ဂျင်ဝိုင်က တာဘိုထဲကို ဆက်လက်စီးဆင်းပြီး အပူတွေကို သယ်ထုတ်ပေးသွားပါလိမ့်မယ်။
တချို့ကားတွေမှာတော့ Turbo Timerတပ်ထားရင် စက်သတ်ပြီး သော့ဆွဲထုတ်သွားလည်း ကားစက်က သူ့အလိုလို ၁ မိနစ်လောက် နှိုးနေခဲ့ပြီးမှ ပိတ်သွားပါလိမ့်မယ်။ အဲဒါ အကောင်းဆုံးပါပဲ။
​တာဘိုကားမောင်းတဲ့ ဘော်ဒါတွေရော... ခရီးရောက်ရင် ချက်ချင်း စက်သတ်လား? ခဏစောင့်လား? မှန်တာပြောကြေးနော်...😉👇
​Respectful Credit 🙏🙏🙏

သားသားမီးမီးတို့ကို ကိုယ်တိုင်ကိုယ်ကျ ကြို/ပို့လုပ်နိုင်ဖို့🎒 သားသားမီးမီးတို့ရဲ့ ကျောင်းသွားကျောင်းပြန်ခရီးအတွက် စိတ်မအ...
14/02/2026

သားသားမီးမီးတို့ကို ကိုယ်တိုင်ကိုယ်ကျ ကြို/ပို့လုပ်နိုင်ဖို့

🎒 သားသားမီးမီးတို့ရဲ့ ကျောင်းသွားကျောင်းပြန်ခရီးအတွက် စိတ်မအေးဖြစ်နေတုန်းပဲလား❔

နေ့စဉ် ကျောင်းကားစောင့်ရတဲ့ဒုက္ခ၊ အချိန်မမှန်မှာ၊ လူကျပ်မှာ စတဲ့ အတွေးတွေနဲ့ စိတ်မသက်မသာ ဖြစ်နေရတဲ့အစား ကိုယ့်ရင်သွေးလေးတွေကို ကိုယ်တိုင် ကားလေးနဲ့ ဘေးကင်းလုံခြုံစွာ သွားကြို၊ သွားပို့ပေးချင်တဲ့စိတ်ကူးလေးကို အခုပဲ အကောင်အထည်ဖော်လိုက်ပါ။

🚘 Shwe Driving School မှာဆိုရင် အိမ်အရောက် အကြိုအပို့ အခမဲ့ ဝန်ဆောင်မှုရှိတာကြောင့် အချိန်ကုန်၊ လူပန်းသက်သာစွာနဲ့ သင်တန်းတက်နိုင်မှာဖြစ်ပြီး သင်တန်းမှာဆိုရင်လည်း စိတ်ရှည်ပြီး အတွေ့အကြုံရှိတဲ့ ဆရာ၊ ဆရာမတွေက Aircon အေးအေးလေးနဲ့ သန့်ရှင်းသပ်ရပ်တဲ့ ကားတွေမှာ တစ်ဦးချင်း သီးသန့် သင်ကြားပေးမှာပါ။ ဒါ့အပြင် က.ည.န အသိအမှတ်ပြု တရားဝင်သင်တန်းကျောင်းဖြစ်တဲ့အတွက် ယုံကြည်စိတ်ချရပြီး လိုင်စင်ရတဲ့အထိ One-Stop Service အပြည့်အဝပေးနေတာမို့ ခေါင်းရှုပ်စရာမလိုတော့ဘူးပေါ့။

ဒါ့ကြောင့် သားသားမီးမီးတို့ကို ကားလေးနဲ့ ကိုယ်တိုင်ကိုယ်ကျ သွားကြိုဖို့ Shwe Driving School မှာ အခုပဲ Booking တင်ထားလိုက်တော့နော်…
🫶🏻✨

💵💵 Cash Back တွေ ပြန်ပေးနေတာရော မေမေတို့ သိပြီးပြီလာ

၁ ဦး ထဲသင်တန်းအပ် Cash Back 20000 ကျပ်

၂ ဦး သင်တန်းအပ် Cash Back 50000 ကျပ်

ပြန်ပေးနေပြီနော်

Shwe Driving Yangon School (ကားမောင်းသင်တန်းကျောင်းနှင့် လိုင်စင်အမျိုးမျိုး၀န်ဆောင်မှု)
- - - - - - - - - - - - - - - - - - - - - - - - - - - - -

➧ ကားမောင်းသင်ဖို့ပဲဖြစ်ဖြစ်၊ လိုင်စင်အမျိုးမျိုး (သ၊ ခ၊ ဃ၊ င) လုပ်ဖို့ပဲဖြစ်ဖြစ် အသေးစိတ်သိရှိလိုပါက…

📞 ဖုန်းနံပါတ် - 09 444 803 389
09 781 122 562
09 426 095 332
09 780 803 731
09 794 009 115
09 688 911 710

(Call, Viber & Telegram) မှ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သလို 💬 Page Messenger မှလည်း မေးမြန်းနိုင်ပါတယ်ခင်ဗျာ...

📌 ကျောင်းလိပ်စာ: အမှတ် ၂၁၁၊ ငမိုးရိပ် (၈)လမ်း နှင့် သံသုမာလမ်းထောင့်၊ မြင်သာလိုင်စင်ရုံးရှေ့၊ စံပြဈေးအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။

📌အမှတ် (၃၀)မြေညီထပ်၊(၄၃)လမ်းအောက်ဘလောက်၊ကုန်သည်လမ်းနှင့်ကမ်းနားလမ်းကြားဗိုလ်တထောင်။

#ရွှေယာဉ်မောင်းသင်တန်းကျောင်း #ကားမောင်းသင်တန်း #လိုင်စင်ဝန်ဆောင်မှု #အိမ်အကြိုအပို့ #အတတ်သင် #ကညနအသိအမှတ်ပြု

◾Brakeနှင့် Leverကို တပြိုင်တည်းနင်းရင် 📍ဘာဖြစ်တတ်သလဲ? 📍ဘာတွေဖြစ်နိုင်လဲ?ဆိုတာ. မိတ်ဆွေတို့အတွက် သိထားနိုင်စေဖို့ မျှဝေပ...
12/02/2026

◾Brakeနှင့် Leverကို တပြိုင်တည်းနင်းရင် 📍ဘာဖြစ်တတ်သလဲ?
📍ဘာတွေဖြစ်နိုင်လဲ?ဆိုတာ.
မိတ်ဆွေတို့အတွက် သိထားနိုင်စေဖို့
မျှဝေပေးလိုက်ပါတယ်ခင်ဗျာ🗯😊

ဘာဖြစ်မယ် ဘာတွေထိခိုက်နိုင်တယ်ဆိုတာကတော့ ကားအမျိုးအစား Model အရှိန်နှုန်း ဘရိတ်နဲ့လီဘာကိုနင်းသောဖိအား အကြိမ်ရေနှင့်
ကြာချိန်ပေါ်မှာ မူတည်ပြီး အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။

Manual ကားတွေမှာ ဘယ်ခြေက ကလပ်နင်းပြီး ညာခြေက ဘရိတ်နဲ့လီဘာမှာ ခြေဖျားခြေဖနှောင့် အဖိအဖေါ့နဲ့ ထိန်းနင်းတာပါ။ ကုန်းတက်တွေမှာ ရပ်ပြီးပြန်ထွက်ချိန် နောက်ပြန်မလိမ့်စေရန်အတွက် Half Clutch နင်းရာမှာ အလွန်အသုံးဝင်တယ်လို့ဆိုပါတယ်။

ခေတ်ပေါ်ကားလေးတွေဖြစ်တဲ့ (Auto Gear) ကားတွေမှာတော့ Leverနဲ့Brakeကို တပြိုင်တည်းနင်းရင် အချို့ကားတွေမှာ သတိပေးမီးလင်းပါတယ်။ အချို့ကားတွေမှာတော့ ဘရိတ်နင်းထားပါက Lever အလုပ်မလုပ်တဲ့စနစ် ပါဝင်လာပါပြီ။ ယာဉ်မောင်းသင်ကြားမှုတွေမှာ "Never use your left foot to brake" လို့သာ သင်ကြားပါတယ်။ သို့သော် တချို့ သင်ကြားရာမှာ စနစ်မကျလို့သော်လည်းကောင်း အကြောင်းကြောင်းကြောင့် အချို့သူတွေဟာ ဘရိတ်ကို ဘယ်ခြေ လီဘာကို ညာခြေ အသုံးပြုပြီး
မောင်းကြတာရှိပါတယ်။ အချို့ကလည်း ကုန်းတက်မှာ နောက်မလိမ့်အောင် ဘယ်ခြေက ဘရိတ်ကိုနင်းပြီး ညာခြေက လီဘာနင်းကြတာရှိပါတယ်။ အဲ့ဒီလိုမောင်းတာဟာ ရုတ်တရက် မိမိရှေ့တွင် အန္တရာယ်တစ်စုံတစ်ရာပေါ်လာခဲ့သည်ရှိသော် Leverနှင့် Brakeကို တပြိုင်တည်းနင်းမိခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။

ဘရိတ်ကို ဘယ်ခြေနဲ့အသုံးပြုတာကြောင့် ညာခြေလို ထောင့်မှန်မကျ ဖိအားအပြည့်မပေးနိုင်ဘဲ ဘရိတ်မိတာ ရှည်ပါတယ်။ ဒါဟာရုတ်တရက်လုံးဝ ရပ်တန့်ရမယ့်
အခါမျိုးမှာ အန္တရာယ်ပါပဲ။ ဘရိတ်ကို ဘယ်ခြေနဲ့အသုံးပြုသူအများစုဟာ ဘယ်ခြေကို ဘရိတ်ပေါ်တင်ထားတာကြောင့် ဘရိတ်ပွန်းစားမှု
များပါတယ်။ ဆီစားများပါတယ်။ မောင်းနှင်စနစ်ရဲ့
သက်တမ်း တိုစေပါတယ်။ ဘရိတ်မီး တောက်လျှောက်
လင်းနေတာကြောင့် နောက်ကပါလာတဲ့ယာဉ်ကို ဇဝေဇဝါဖြစ်စေပါတယ်။

Auto gear ကားများတွင် Brakeနှင့်Leverကို တစ်ပြိုင်နက်ထဲ အသုံးပြုခြင်း များလာပါက
🔹️ဘရိတ်မိတာရှည်ပါမယ်။
🔹️ဆီစားများပါမယ်။
🔹️တာယာစား များပါမယ်။
🔹️ဘရိတ်ရှူး ဘရိတ်Pad ကုန်တာမြန်ပါမယ်။
🔹️ဘရိတ်တွေပိုပူမယ် ဘရိတ်ဆီဆူလာပြီး
ဘရိတ်မမိဖြစ်မယ်။
🔹️အင်ဂျင် mount တွေအပျက်မြန်မယ်။
🔹️Torque converter ပျက်မြန်တယ်။
ဂီယာဆီ overheat ဖြစ်ပြီး ဂီယာသက်တမ်း
တိုစေပါမယ်။ crd🙏

11/02/2026

🚙🚙ကားမောင်းသင်တန်းအပ်ဖို့ ရွေးရခက်နေပြီဆိုရင်တော့

"ရွှေ" ကိုသာ လှမ်းလာခဲ့လိုက်တော့

သင်တန်းသူ/သားတွေ နေပူထဲ လိုင်းကားစီပြီးကျောင်းထိ လာစရာမလိုပဲ

အိမ်မှာ စောင့်နေရုံနဲ့ အိမ်အရောက်ကြိုပို လုပ်ပေးတဲ့ "ရွှေ"

ရွေးချယ်စရာတွေ များကြီးရှိတဲ့ "ရွှေ" မှာ

ကျွမ်းကျင်တဲ့ နည်းပြ ဆရာ/ဆရာမ များကိုရွေးချယ်လို့ရတဲ့ အပြင်

ကားဆိုလဲ ဘယ်မောင်း/ညာမောင်း /Auto/Manual က အစရွေးချယ်လို့ရပြီး

ကြိုက်တဲ့ package ကိုအပ်လိုက် Cash Back 50000 ပြန်ပေးနေပြီနော်

လူဦးရေ လေးတော့ကန်သတ် ထားလို့မြန်မြန်လေး လာအပ်လိုက်တော့နော်

☎️☎️ 09 444 803 389
09 426 095 332
09 780 803 731
09 668 329 597
09 881 122 562
09 794 009 115

📌ကျောင်းလိပ်စာ: အမှတ် ၂၁၁ ၊ ငမိုးရိပ် (၈)လမ်း ၊ အပိုင်း(၁) ၊သံသုမာလမ်းမကြီး၊မြင်သာလိုင်စင်ရုံး၀င်ပေါက်တည့်တည့်လမ်း၊သင်္ဃန်ကျွန်း။

📌‌ကျောင်းလိပ်စာ: အမှတ် ၃၀ ၊ မြေညီ ၊(၄၃)လမ်း ၊ အောက်ဘလောက် ၊ ကုန်သည်လမ်း နှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်။

#ရွှေကားမောင်းသင်တန်းကျောင်း

#‌ကညနတရာ၀င်အသိအမှတ်ပြုသင်တန်းကျောင်း
#လိုင်စင်အမျိုးမျိုး၀န်ဆောင်မှု
#ကားလိုင်စင်သက်တမ်းတိုး၀န်ဆောင်မှု
#အိမ်အကြိုအပို့

11/02/2026

ကားမောင်းသင်ချင်စိတ်က တဖွားဖွားဖြစ်နေပေမယ့် သင်တန်းသွားဖို့လာဖို့ အခက်အခဲဖြစ်နေလား❔

ဒါဆိုရင်တော့ အချိန်ကုန်၊ လူပန်းမခံရစေဖို့ သင်တန်းသူ/သားတိုင်းကို အိမ်ရှေ့အရောက် အခမဲ့ ကြို/ပို့ ၀န်ဆောင်မှုပေးလျက်ရှိတဲ့ Shwe Driving Yangon School က သင့်အတွက်ပါပဲ။ ✨

ကျွန်တော်တို့ SDYS မှာဆိုရင် ဒီလို အိမ်အရောက်အကြို/အပို့ဝန်ဆောင်မှုအပြင်…💵💵💵Cash Back တွေအများကြီးပေးနေတာသိပြီးပြီလား...

၁ ယောက် အပ်မယ်ဆိုရင် Cash Back 30000

၂ ယောက် အပ်မယ်ဆိုရင် Cash Back ၁ ယောက် 50000

ရှယ်ရှယ် CashBack တွေ ပေးနေတာနော်💵💵💵💵

✅ Review ကောင်းများစွာပိုင်ဆိုင်ထားတဲ့ စိတ်ရှည်၊သဘောကောင်းပြီး အတွေ့အကြုံရှိ ဝါရင့်နည်းပြ(Trainer)ဆရာ/ဆရာမများကိုယ်တိုင်ဦးစီးပြီ တစ်ဦးချင်း သီးသန့်သင်ကြားပေးတာကြောင့်
✅ Auto/Manual ကားအမျိုးမျိုး၊ ဘယ်/ညာမောင်း စိတ်ကြိုက်ရွေးချယ်နိုင်တဲ့အပြင်
✅ လိုင်စင်ကိစ္စအစအဆုံး တာဝန်ယူပေးတဲ့ One-Stop Service တွေလည်း ရှိတာကြောင့် ကားမောင်းသင်ဖို့ လိုအပ်တာမှန်သမျှကို တစ်နေရာတည်းမှာ အပြီးအစီးရရှိနိုင်ပါတယ်

ကဲ-- ဒီလိုဆိုတော့ မိတ်ဆွေအနေနဲ့ ဖုန်းလေးတစ်ချက်ဆက်ပြီး အိမ်မှာ အေးအေးဆေးဆေးစောင့်နေရုံနဲ့ Aircon အေးစိမ့်စိမ့်အပြင် သန့်ရှင်းသပ်ရပ်တဲ့ အိမ်စီးကားလေးတွေ လာကြိုမှာဆိုတော့ သင်တန်းမစခင်ကတည်းက စိတ်ရောကိုယ်ပါ ကြည်လင်လန်းဆန်းနေမှာ အသေအချာပါပဲ။

➧ ဒါ့ကြောင့် ကားမောင်းသင်ဖို့ ခေါင်းစားခံ၊ လမ်းမှာအချိန်ကုန်မခံဘဲ အိမ်ကနေ သက်သောင့်သက်သာနဲ့ ကျွမ်းကျင်တဲ့ယာဉ်မောင်းတစ်ယောက်ဖြစ်ဖို့အတွက် အခုပဲ Shwe Driving Yangon School ကို Hello လိုက်တော့နော်… 👋🏻

Shwe Driving Yangon School (ကားမောင်းသင်တန်းကျောင်းနှင့် လိုင်စင်အမျိုးမျိုး၀န်ဆောင်မှု)
- - - - - - - - - - - - - - - - - - - - - - - - - - - - -

➧ ကားမောင်းသင်ဖို့ပဲဖြစ်ဖြစ်၊ လိုင်စင်အမျိုးမျိုး (သ၊ ခ၊ ဃ၊ င) လုပ်ဖို့ပဲဖြစ်ဖြစ် အသေးစိတ်သိရှိလိုပါက…

📞 ဖုန်းနံပါတ် - 09 444 803 389
09 426 095 332
09 780 803 731
09 688 911 710
09 781 122 562
09 794 009 115
(Call, Viber & Telegram) မှ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သလို 💬 Page Messenger မှလည်း မေးမြန်းနိုင်ပါတယ်ခင်ဗျာ...

📌 ကျောင်းလိပ်စာ: အမှတ် ၂၁၁၊ ငမိုးရိပ် (၈)လမ်း နှင့် သံသုမာလမ်းထောင့်၊ မြင်သာလိုင်စင်ရုံးရှေ့၊ စံပြဈေးအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။

📌ကျောင်းလိပ်စာ(၂):အမှတ် ၃၀ ၊မြေညီ ၊၄၃ လမ်း ၊အောက်ဘလောက် ၊ကုန်သည်လမ်း နှင့် ကမ်းနားလမ်းကြား ၊ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်။

#အိမ်အကြိုအပို့ #ကားမောင်းသင်တန်း #လိုင်စင်ဝန်ဆောင်မှု #အတတ်သင် #ကညနအသိအမှတ်ပြု

07/02/2026

"ရွှေ"ကားမောင်းသင်တန်းကျောင်းမှာ ခုပဲ သင်တန်းလာအပ်ပြီး

Cashback 50000 promotion လာ ယူလိုက်တော့နော်

လူဦးရေ ၂၀ ပဲပေးတာဆိုတော့ မြန်မြန်လေး လာခဲ့လိုက်တော့နော်

☎️☎️ 09 444 803 389
09 426 095 332
09 781 122 562
09 794 009 115

📌ကျောင်းလိပ်စာ : အမှတ် (၂၁၁)၊ ငမိုးရိပ် (၈)လမ်း၊အပိုင်း(၁)၊ သံသုမာလမ်းမကြီး၊မြင်သာလိုင်စင်ရုံးအနီး၊သင်္ဃန်းကျွန်း၊ရန်ကုန်။

📌ကျောင်းလိပ်စာ(၂) :အမှတ် (၃၀)၊မြေညီ၊(၄၃)လမ်းအောက်ဘလောက်၊ကုန်သည်လမ်း နှင့် ကမ်းနားလမ်းကြား၊ဗိုလ်တထောင်၊ရန်ကုန်။

#ရွှေကားမောင်းသင်တန်းကျောင်း

#တရား၀င်ကညနအသိအမှတ်ပြုသင်တန်းကျောင်း
#လူလိုင်စင်၀န်ဆောင်မှု
#ကားလိုင်စင်၀န်တောင်မှု
#အိမ်အရောက်ကြိုအပို
#ကညနလူလိုင်စင်များ၀န်ဆောင်မှု

သားသားမီးမီးတို့ကို ကိုယ်တိုင်ကိုယ်ကျ ကြို/ပို့လုပ်နိုင်ဖို့ 🎒 သားသားမီးမီးတို့ရဲ့ ကျောင်းသွားကျောင်းပြန်ခရီးအတွက် စိတ်မ...
06/02/2026

သားသားမီးမီးတို့ကို ကိုယ်တိုင်ကိုယ်ကျ ကြို/ပို့လုပ်နိုင်ဖို့

🎒 သားသားမီးမီးတို့ရဲ့ ကျောင်းသွားကျောင်းပြန်ခရီးအတွက် စိတ်မအေးဖြစ်နေတုန်းပဲလား❔

နေ့စဉ် ကျောင်းကားစောင့်ရတဲ့ဒုက္ခ၊ အချိန်မမှန်မှာ၊ လူကျပ်မှာ စတဲ့ အတွေးတွေနဲ့ စိတ်မသက်မသာ ဖြစ်နေရတဲ့အစား ကိုယ့်ရင်သွေးလေးတွေကို ကိုယ်တိုင် ကားလေးနဲ့ ဘေးကင်းလုံခြုံစွာ သွားကြို၊ သွားပို့ပေးချင်တဲ့စိတ်ကူးလေးကို အခုပဲ အကောင်အထည်ဖော်လိုက်ပါ။

🚘 Shwe Driving School မှာဆိုရင် အိမ်အရောက် အကြိုအပို့ အခမဲ့ ဝန်ဆောင်မှုရှိတာကြောင့် အချိန်ကုန်၊ လူပန်းသက်သာစွာနဲ့ သင်တန်းတက်နိုင်မှာဖြစ်ပြီး သင်တန်းမှာဆိုရင်လည်း စိတ်ရှည်ပြီး အတွေ့အကြုံရှိတဲ့ ဆရာ၊ ဆရာမတွေက Aircon အေးအေးလေးနဲ့ သန့်ရှင်းသပ်ရပ်တဲ့ ကားတွေမှာ တစ်ဦးချင်း သီးသန့် သင်ကြားပေးမှာပါ။ ဒါ့အပြင် က.ည.န အသိအမှတ်ပြု တရားဝင်သင်တန်းကျောင်းဖြစ်တဲ့အတွက် ယုံကြည်စိတ်ချရပြီး လိုင်စင်ရတဲ့အထိ One-Stop Service အပြည့်အဝပေးနေတာမို့ ခေါင်းရှုပ်စရာမလိုတော့ဘူးပေါ့။

ဒါ့ကြောင့် သားသားမီးမီးတို့ကို ကားလေးနဲ့ ကိုယ်တိုင်ကိုယ်ကျ သွားကြိုဖို့ Shwe Driving School မှာ အခုပဲ Booking တင်ထားလိုက်တော့နော်…🫶🏻✨

Shwe Driving Yangon School (ကားမောင်းသင်တန်းကျောင်းနှင့် လိုင်စင်အမျိုးမျိုး၀န်ဆောင်မှု)
- - - - - - - - - - - - - - - - - - - - - - - - - - - - -

➧ ကားမောင်းသင်ဖို့ပဲဖြစ်ဖြစ်၊ လိုင်စင်အမျိုးမျိုး (သ၊ ခ၊ ဃ၊ င) လုပ်ဖို့ပဲဖြစ်ဖြစ် အသေးစိတ်သိရှိလိုပါက…

📞 ဖုန်းနံပါတ် - 09 444 803 389
09 426 095 332
09 780 803 731
09 781 122 562
09 794 009 115
09 688 911 710
(Call, Viber & Telegram) မှ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သလို 💬 Page Messenger မှလည်း မေးမြန်းနိုင်ပါတယ်ခင်ဗျာ...

📌 ကျောင်းလိပ်စာ: အမှတ် ၂၁၁၊ ငမိုးရိပ် (၈)လမ်း နှင့် သံသုမာလမ်းထောင့်၊ မြင်သာလိုင်စင်ရုံးရှေ့၊ စံပြဈေးအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။

📌ကျောင်းလိပ်စာ: အမှတ် ၃၀(မြေညီ)၊(၄၃) လမ်း၊အောက်ဘလောက်၊ကုန်သည်လမ်း နှင့် ကမ်းနားလမ်းကြား၊ဗိုလ်တထောင်။

#ရွှေယာဉ်မောင်းသင်တန်းကျောင်း #ကားမောင်းသင်တန်း #လိုင်စင်ဝန်ဆောင်မှု #အိမ်အကြိုအပို့ #အတတ်သင် #ကညနအသိအမှတ်ပြု

Address

ငမိုးရိပ်(၈)လမ်း၊အပိုင်း(၁)
Yangon
သင်္ကန်းကျွန်းမြင်သာကညနလိုင်စင်ရုံးရှေ့။

Telephone

+959780803731

Website

Alerts

Be the first to know and let us send you an email when Shwe Driving School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Driving School:

Share