Wax One Myanmar

Wax One Myanmar Distributed By Myint Thukha Nadi Company Limited

“𝑯𝒂𝒑𝒑𝒚 𝑪𝒉𝒊𝒏𝒆𝒔𝒆 𝑵𝒆𝒘 𝒀𝒆𝒂𝒓 2026” 🎊🧧 𝗚𝗼𝗻𝗴 𝗫𝗶 𝗙𝗮 𝗖𝗮𝗶 🧧တရုတ်နှစ်သစ်ကူးကစပြီး "စီးပွားလာဘ်လာဘတွေ တိုးတက်ပါစေ၊ ချမ်းသာကြွယ်ဝပါစေ...
17/02/2026

“𝑯𝒂𝒑𝒑𝒚 𝑪𝒉𝒊𝒏𝒆𝒔𝒆 𝑵𝒆𝒘 𝒀𝒆𝒂𝒓 2026” 🎊

🧧 𝗚𝗼𝗻𝗴 𝗫𝗶 𝗙𝗮 𝗖𝗮𝗶 🧧

တရုတ်နှစ်သစ်ကူးကစပြီး "စီးပွားလာဘ်လာဘတွေ တိုးတက်ပါစေ၊ ချမ်းသာကြွယ်ဝပါစေ"
လို့ဆုမွန်ကောင်းတောင်းအပ်ပါသည်။

“(၇၉)ကြိမ်မြောက် ပြည်ထောင်စုနေ့” 🌐ယနေ့ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင်ကျရောက်‌သော ပြည်ထောင်စုနေ့အား လှိုက်လှဲစွာကြ...
12/02/2026

“(၇၉)ကြိမ်မြောက် ပြည်ထောင်စုနေ့” 🌐

ယနေ့ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင်ကျရောက်‌သော ပြည်ထောင်စုနေ့အား လှိုက်လှဲစွာကြိုဆိုပါ၏။

Valentine Day မှာ ချစ်ဆုံးလေးကို သွားကြိုဖို့ကားကို သေချာလေးရွှိုင်းထားလားဗျို့ 💖📢လူက လန်းနေပြီး ကားကဂွမ်းနေရင် ကောင်မလေ...
11/02/2026

Valentine Day မှာ ချစ်ဆုံးလေးကို သွားကြိုဖို့ကားကို သေချာလေးရွှိုင်းထားလားဗျို့ 💖📢

လူက လန်းနေပြီး ကားကဂွမ်းနေရင် ကောင်မလေးက နှုတ်ခေါင်းရှုံ့နေဦးမယ်နော်

ကားကိုလန်းအောင်ရွှိုင်းဖို့ ဘာသုံးရမလဲမသိဘူးဆို အောက်ကိုဆက်ကြည့်လိုက်ပါဗျ။

ကျွန်တော်တို့ Wax One Myanmar က Product တွေဖြစ်တဲ့


Step 1️⃣ Max Wash & Car Wax

ကားကိုစမြင်တာနဲ့ အမှတ်ရအောင် Shampoo ကောင်းကောင်းနဲ့ဆေးဖို့ လိုပါတယ်။ Max Wash က ဖုန်နဲ့ အညစ်အကြေးတွေကို အထိရောက်ဆုံး ဖယ်ရှားပေးရုံတင်မကဘဲ ဆေးသားကိုပါ တစ်ခါတည်း Wax တင်ပေးတာမို့ ဆေးပြီးတာနဲ့ ဘေးကလူ ငေးလောက်အောင် ပြောင်လက်သွားမှာပါ။

​Step 2️⃣ Carpro Deep Clean

​ကားအပြင်တင်မကဘူး၊ အတွင်းခန်းက Dashboard တွေ၊ Leather တွေကလည်း အရေးကြီးပါတယ်။ Carpro Deep Clean နဲ့ သန့်စင်လိုက်ရင် အတွင်းခန်းက အသစ်စက်စက်အတိုင်း သန့်ရှင်းပြီး လီမွန်အနံ့သင်းသင်းလေးမို့ကောင်မလေးကြိုက်မှာတော့အသေအချာပဲနော်

Step 3️⃣ Premium President Spray

ကားသန့်ရှင်းတဲ့အပိုင်းပြီးပြီဆိုတော့ အရောင်တင်ဖို့အတွက် Premium President Spray လေးရှိပါတယ်။ ကားစတီယာရင်၊ Dashboard၊ ကူရှင်နဲ့ ကားအပြင်က တာယာတွေမှာပါ အသုံးပြုနိုင်ပါတယ်။

Step 4️⃣ Forward Smoking Odor Killer

လူကြီးမင်းက ကားထဲမှာ ဆေးလိပ်သောက်တက်တဲ့အကျင့်ရှိနေရင် Forward Smoking Odor Killer လေးကဆောင်ကိုဆောင်ထားသင့်ပါတယ်။ Spray ဖြန်းပြီး ကားထဲမှာ ၅မိနစ်လောက်တံခါးပိတ်ထားလိုက်ရုံနဲ့ ဆေးလိပ်အနံ့ဆိုးတွေဟာ ပျောက်ကင်းသွားမှာပဲ ဖြစ်ပါတယ်။

Wax One နဲ့ ပြင်ဆင်ပြီး ဒီတစ်ခေါက် Valentine မှာ အမှတ်ပြည့်ယူလိုက်တော့နော်

Wax One Product လေးတွေမှာယူချင်တယ်ဆို 📨 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 နှင့်
☎️ ဖုန်းနံပါတ် 𝟬𝟵-𝟰𝟮𝟬-𝟮𝟳𝟰-𝟯𝟬𝟯 ကိုဆက်သွယ်မှာယူလို့ရပါတယ်ခင်ဗျာ။

“𝗦𝗵𝗶𝗻𝗲 𝗕𝗿𝗶𝗴𝗵𝘁𝗲𝗿, 𝗣𝗿𝗼𝘁𝗲𝗰𝘁 𝗟𝗼𝗻𝗴𝗲𝗿” ✨

ဘယ်ကား 𝐖𝐢𝐩𝐞𝐫 𝐓𝐚𝐧𝐤 က အရင်ပြည့်မလဲ❓ကား A , B , C, D မှာ ဘယ်ကားအရင်ပြည့်မလဲဆိုတာ ဖြေကြည့်ခဲ့ပါဦးဗျ။“𝗦𝗵𝗶𝗻𝗲 𝗕𝗿𝗶𝗴𝗵𝘁𝗲𝗿, 𝗣𝗿𝗼𝘁𝗲𝗰𝘁...
01/02/2026

ဘယ်ကား 𝐖𝐢𝐩𝐞𝐫 𝐓𝐚𝐧𝐤 က အရင်ပြည့်မလဲ❓

ကား A , B , C, D မှာ ဘယ်ကားအရင်ပြည့်မလဲဆိုတာ ဖြေကြည့်ခဲ့ပါဦးဗျ။

“𝗦𝗵𝗶𝗻𝗲 𝗕𝗿𝗶𝗴𝗵𝘁𝗲𝗿, 𝗣𝗿𝗼𝘁𝗲𝗰𝘁 𝗟𝗼𝗻𝗴𝗲𝗿” ✨


🌟 ကားကိုမှန်လိုမျိုးတောက်ပချင်သူတွေအတွက် 𝐂𝐚𝐫𝐩𝐫𝐨 𝐂𝐚𝐫 𝐂𝐫𝐞𝐚𝐦ကားကို Detail Service ပို့ဖို့လဲ အချိန်မရှိဘူး ⏱️Result ကောင်းက...
09/01/2026

🌟 ကားကိုမှန်လိုမျိုးတောက်ပချင်သူတွေအတွက် 𝐂𝐚𝐫𝐩𝐫𝐨 𝐂𝐚𝐫 𝐂𝐫𝐞𝐚𝐦

ကားကို Detail Service ပို့ဖို့လဲ အချိန်မရှိဘူး ⏱️
Result ကောင်းကောင်းကလဲလိုချင်တယ်
ဒါဆို Carpro Car Cream ကိုသာ သုံး

Carpro Car Cream ဟာ DIY သမားတွေအတွက်အကောင်းဆုံး Product တစ်ခုပါပဲ
လက်နဲ့ပဲ သုံးသုံး ၊ စက်နဲ့ပဲ သုံးသုံး နှစ်ခုလုံးအတွက်လဲအဆင်ပြေပါတယ်။
လက်နဲ့သုံးမယ်ဆို အဝတ်နဲ့ ဆေးကိုယူပြီး ကားကို စက်ဝိုင်းပုံစံပွတ်တိုက်ပေးရုံပါပဲ

Carpro Car Cream ဟာ ကားအရောင်တင်ရာမှာ အဆင့်မြင့်နည်းပညာတွေကို အသုံးပြုထားပြီး၊ ပရော်ဖက်ရှင်နယ် ကားပြုပြင်သူတွေ အသုံးပြုတဲ့ အရည်အသွေးမျိုးကို သင့်ရဲ့ကားအတွက် အိမ်မှာတင် ရရှိနိုင်ပါတယ်။

✨ ဘာကြောင့် Carpro Car Cream ကို ရွေးချယ်သင့်သလဲ❓

1️⃣အစင်းအရာများကို ဖယ်ရှားခြင်း
သေးငယ်တဲ့ အစင်းရာတွေ လျင်မြန်စွာ ဖယ်ရှားပေးပြီး ကားမျက်နှာပြင်ကို ချောမွေ့တောက်ပစေပါတယ်။

2️⃣တောက်ပမှု အမြင့်ဆုံးပေးခြင်း
ကားအရောင်ကို ပိုမိုနက်ရှိုင်းပြီး တောက်ပစေတဲ့ ဖော်မြူလာကို အသုံးပြုထားပါတယ်။

3️⃣ကြာရှည်ခံသော အကာအကွယ်
အရောင်တင်ပြီးနောက်မှာ ကားမျက်နှာပြင်ကို ဖုန်၊ ညစ်ပတ်မှုနဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးတဲ့ အလွှာတစ်ထပ်ကို ပေးစွမ်းပါတယ်။

Carpro Car Cream ဟာ Thai နိုင်ငံထုတ် အရည်အသွေးမြင့် Product တစ်ခုဖြစ်တာကြောင့် စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ပါတယ်။
Carpro Car Cream ကို အခုပဲအသုံးပြုပြီး သင့်ကားရဲ့ တောက်ပမှုကို အမြင့်ဆုံးမြှင့်တင်လိုက်ပါ။

မှာယူချင်တယ်ဆို
📨 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 နှင့်
☎️ ဖုန်းနံပါတ် 𝟬𝟵-𝟰𝟮𝟬-𝟮𝟳𝟰-𝟯𝟬𝟯 ကိုဆက်သွယ်မှာယူလို့ရပါတယ်ခင်ဗျာ။

“𝗦𝗵𝗶𝗻𝗲 𝗕𝗿𝗶𝗴𝗵𝘁𝗲𝗿, 𝗣𝗿𝗼𝘁𝗲𝗰𝘁 𝗟𝗼𝗻𝗴𝗲𝗿” ✨


“ဆောင်းတွင်းမှာ ကားနဲ့ခရီးမထွက်ခင်စစ်ဆေးသင့်တဲ့အချက်(၅)ချက်” ❄️အေးမြတဲ့ ဆောင်းရာသီ ဟာဆိုရင် ခရီးသွားလာဖို့အတွက် အကောင်းဆ...
05/01/2026

“ဆောင်းတွင်းမှာ ကားနဲ့ခရီးမထွက်ခင်စစ်ဆေးသင့်တဲ့အချက်(၅)ချက်” ❄️

အေးမြတဲ့ ဆောင်းရာသီ ဟာဆိုရင် ခရီးသွားလာဖို့အတွက် အကောင်းဆုံးအချိန်ပါပဲ။ ဒီအချိန်ဆိုရင် လူတိုင်းနီးပါး အပန်းဖြေခရီးတွေ ထွက်လေ့ရှိကြပါတယ်။ ဒါပေမဲ့ ခရီးမထွက်ခင်မှာ ခရီးစဥ် ဘေးကင်းလုံခြုံပြီး စိတ်ချလက်ချ ခရီးနှင်နိုင်ဖို့အတွက် မဖြစ်မနေ စစ်ဆေးသင့်တဲ့ အရေးကြီးအချက် (၅) ချက် ကို မင်မင်က အခုပဲ ပြောပြပေးမယ်နော်။

၁။ 🔋 Battery
မနက်ခင်း အပူချိန်ကျတဲ့အခါ ကားနှိုးဖို့အတွက် ဘက်ထရီဟာ ပုံမှန်ထက် ပိုမိုအားထုတ်ရပါတယ်။ ခရီးမထွက်ခင် ဘက်ထရီရဲ့ ဗို့အား ကို စစ်ဆေးပြီး ဓာတ်လိုက်တိုင် (Terminals) တွေမှာ သံချေး (Corrosion) ကင်းမကင်း သေချာစွာစစ်ဆေးပါ။ သံချေးများ ရှိပါက ရှင်းလင်းပေးခြင်းဖြင့် စွမ်းအင်စီးဆင်းမှုကို ကောင်းမွန်စေပြီး ကားနှိုးရလွယ်ကူစေပါတယ်။

၂။ 💨 Tire Pressure & Condition
အေးတဲ့ရာသီမှာ တာယာလေဖိအားဟာ ကျဆင်းတတ်ပါတယ်။ ဒါကြောင့် ခရီးမထွက်ခင် သင့်လျော်တဲ့ PSI ပမာဏ အတိုင်း ပြည့်အောင် ပြုလုပ်ပါ။ လမ်းချော်ခြင်းကို ကာကွယ်ဖို့အတွက် တာယာမြောင်းအနက် (Tread Depth) လုံလောက်မှုရှိ၊ မရှိကိုပါ စစ်ဆေးသင့်ပါတယ်။

၃။ 💧 Engine Oil , Coolant
အင်ဂျင်ရဲ့ စွမ်းဆောင်ရည်ကို ထိန်းသိမ်းဖို့အတွက် အင်ဂျင်ဝိုင်၊ ဘရိတ်ဆီ နဲ့ အင်ဂျင်အပူချိန်ကို ထိန်းချုပ်ပေးတဲ့ Coolant/Antifreeze တို့ရဲ့ ပမာဏကို စစ်ဆေးပါ။ Coolant ပမာဏနည်းနေပါက အပူချိန်လွန်ကဲမှုကို ဖြစ်စေနိုင်တာကြောင့် လိုအပ်ပါက ဖြည့်တင်းပေးဖို့ မမေ့ပါနဲ့။

၄။ ✨ Light & Windshield
ဆောင်းတွင်း မနက်ခင်းတွေမှာ ကျတတ်တဲ့ မြူခိုးတွေက ကားမြင်ကွင်းကို ဝေဝါးစေပါတယ်။
ညဘက်ခရီးအတွက် ရှေ့မီး၊ နောက်မီး၊ ဘရိတ်မီး စတဲ့ မီးလုံးအားလုံး ကောင်းမွန်စွာ လင်းမလင်းစစ်ဆေးပါ။ နှင်းနဲ့ ရေစက်တွေကို သေချာဖယ်ရှားနိုင်ဖို့ Wiper Blade များရဲ့ ရာဘာသားဟာ မာကျောနေခြင်း သို့မဟုတ် ကွဲအက်နေခြင်းရှိမရှိ စစ်ဆေးပေးပါ။

၅။ 🛠️ အရေးပေါ်ကိရိယာ အစုံအလင်
ကားစက်ချို့ယွင်းမှု ဒါမှမဟုတ် ဘီးပေါက်တာမျိုး ကြုံလာနိုင်တာကြောင့် Jack၊ တာယာလဲကိရိယာ၊ ပထမဦးသူနာပြုစုကိရိယာ (First Aid Kit) စတဲ့ အရေးပေါ်သုံး ပစ္စည်းများအားလုံး ပြည့်စုံစွာ ပါမပါ စစ်ဆေးပါ။ ဒါ့အပြင် သက်ဆိုင်ရာ ကားစာရွက်စာတမ်း များလည်း အပြည့်အစုံ ပါရှိဖို့ လိုအပ်ပါတယ်။

ကဲအခုဆို ဆောင်းတွင်းခရီးမထွက်ခင် ကားကိုစစ်ဆေးဖို့ အချက် (၅) ချက်ကို သိပြီဆိုတော့
ခရီးမထွက်ခင် ကားကို စစ်ဆေးကြည့်လိုက်တော့နော်....

လာမယ့် Holiday တွေမှာ ခရီးထွက်ဖို့ရှိတယ်ဆို ဘယ်ဘက်တွေသွားကြမယ်ဆိုတာ ပြောပြခဲ့ပါဦးဗျ 🚙

“𝗦𝗵𝗶𝗻𝗲 𝗕𝗿𝗶𝗴𝗵𝘁𝗲𝗿, 𝗣𝗿𝗼𝘁𝗲𝗰𝘁 𝗟𝗼𝗻𝗴𝗲𝗿” ✨

"လွတ်လပ်ရေးနေ့"ဇန်နဝါရီ (၄)ရက်နေ့တွင်ကျရောက်သော ( ၇၈ )နှစ်မြောက်လွတ်လပ်ရေးနေ့အားကြိုဆို ဂုဏ်ပြုအပ်ပါသည်။
04/01/2026

"လွတ်လပ်ရေးနေ့"

ဇန်နဝါရီ (၄)ရက်နေ့တွင်ကျရောက်သော ( ၇၈ )နှစ်မြောက်လွတ်လပ်ရေးနေ့အားကြိုဆို ဂုဏ်ပြုအပ်ပါသည်။

Address

K26, Thiri Yatanar Wholesale Market , North Okkalarpa Township
Yangon
11031

Alerts

Be the first to know and let us send you an email when Wax One Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category