Than Htike Aung Car Auto Service

Call Contact the business

Than Htike Aung Car Auto Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Than Htike Aung Car Auto Service, Car Stereo Store, Parami Road, Myanmar, Burma (Myanmar), Yangon.

MAZDA CX5 ဲ့Hub_Bearingလဲပြီးတာတောင်မပျောက်သေးတဲ့အသံ...❗❗ #နောက်ဆုံးအကြောင်းရင်းကဘာဖြစ်ခဲ့လဲ...❓ကျနော်တို့ Workshop ကို ...
11/10/2026

MAZDA CX5

ဲ့Hub_Bearingလဲပြီးတာတောင်မပျောက်သေးတဲ့အသံ...❗❗
#နောက်ဆုံးအကြောင်းရင်းကဘာဖြစ်ခဲ့လဲ...❓

ကျနော်တို့ Workshop ကို Mazda CX5 ကားတစ်စီး ရောက်လာပါတယ် Customer ရဲ့ပြောပြချက်အရ ကားမှာဖြစ်နေတဲ့အချက်တွေကတော့...

👉 Engine Check Light လင်းနေခြင်း
👉 ကားစထွက်တဲ့အချိန် အသံတစ်ခုကြားနေရခြင်း
👉 Suspension (အောက်ပိုင်း) မှာ အသံတွေရှိနေခြင်း
👉 မစစ်ဆေးတာကြာပြီဖြစ်လို့ အခြေအနေစစ်ဆေးချင်ခြင်းစတဲ့အချက်တွေ ဖြစ်ပါတယ်...👍

အရင်ဆုံး Customer ပြောပြတဲ့ Problem တွေရဲ့ အကြောင်းရင်းကို သိနိုင်ဖို့ Test Drive လုပ်ပြီး စစ်ဆေးကြည့်လိုက်ပါတယ်...

စမ်းသပ်မောင်းနှင်ကြည့်တဲ့အချိန်မှာ မီးပွိုင့်မှာရပ်ထားသလိုမျိုး Gear ထည့်ပြီး Brake နင်းထားတဲ့အချိန် RPM အနည်းငယ်တုန်နေသလို ခံစားရပြီး ကားမောင်းရတာလည်း ပုံမှန်ထက် လေးနေတယ်ဆိုတာကို တွေ့ရပါတယ်...❓❓

Engine Check Light လင်းနေတာကြောင့် Mazda ရဲ့ i-stop System လည်း အလုပ်မလုပ်တော့တာကို တွေ့ရပါတယ်...👍

ဒါကြောင့် အရင်ဆုံး Diagnostic Scanner နဲ့ Error Code စစ်ဆေးကြည့်လိုက်တဲ့အခါ...

❗ P0300 (RANDOM MISFIRE DETECTED)

ဆိုတဲ့ Error Code ကို တွေ့ရပါတယ်...

ဒီ Error Code က Engine အတွင်း Combustion မမှန်တာနဲ့ ပတ်သက်နိုင်တာကြောင့်...

လိုအပ်တဲ့

✅ Spark Plugs
✅ Ignition Coils
✅ Throttle Body
✅ Injector
✅ Fuel Pressure

စတဲ့အပိုင်းတွေကို စစ်ဆေးကြည့်လိုက်ပါတယ်...

စစ်ဆေးတွေ့ရှိချက်အရ Spark Plugs တွေ အခြေအနေမကောင်းတော့တာကို တွေ့ရလို့ အသစ်လဲလှယ်ပေးခဲ့ပြီး ကျန်တဲ့ System တွေကိုတော့ Cleaning Service ပြုလုပ်ပေးခဲ့ပါတယ်...🔧

နောက်တစ်ချက်က ကားစထွက်တဲ့အချိန် အသံထွက်နေတာပါ...

Customer ပြောပြချက်အရ CV Joint နဲ့ Hub Bearing (ဟတ်ဘော) တွေကို အရင်က လဲထားပေမယ့် အသံက မပျောက်သေးဘူးလို့ သိရပါတယ်...

ဒါကြောင့် အသံထွက်တဲ့အခြေအနေကို သေချာစမ်းသပ်ပြီး စစ်ဆေးကြည့်လိုက်ပါတယ်...

Air Con ဖွင့်ထားတဲ့အချိန် အသံပိုသိသာပြီး Gear မပါဘဲ Accelerator နင်းတဲ့အချိန်မှာတော့ အသံမထွက်တာကို တွေ့ရပါတယ်...

ယခင်တွေ့ကြုံခဲ့တဲ့ Mazda SKYACTIV Engine တွေရဲ့ Pattern တွေအရ သေချာစစ်ဆေးကြည့်လိုက်တဲ့အခါ...

ထင်ထားတဲ့အတိုင်းပဲ အသံရဲ့ အကြောင်းရင်းက Belt Tensioner မှာ ဖြစ်နေတာကို တွေ့ရပါတယ်...✅

ဒါကြောင့် Belt Tensioner ကို အသစ်လဲလှယ်ပေးခဲ့ပါတယ်...🔧🔧

Suspension (အောက်ပိုင်း) ပိုင်းကိုလည်း စစ်ဆေးကြည့်တဲ့အခါ...

လမ်းမညီတဲ့နေရာတွေမှာ အသံဖြစ်စေနိုင်တဲ့

✅ Tie Rods
✅ Rack Ends
✅ Ball Joints
✅ Stabilizer Links
✅ Rear Shock Absorbers

စတဲ့နေရာတွေမှာ ချောင်ခြင်း၊ အားလျော့ခြင်းတွေကို တွေ့ရပါတယ်...

လိုအပ်တဲ့အပိုင်းတွေကို ပြုပြင်ပေးခဲ့ပါတယ်...🔧

အားလုံးပြီးဆုံးတဲ့အချိန်မှာ ကားကို Test Drive ပြန်လုပ်ကြည့်လိုက်တော့...

✅ Engine Performance ပိုကောင်းလာခြင်း
✅ မောင်းနှင်ရတာ ပိုပေါ့ပါးလာခြင်း
✅ အရင်ကြားနေရတဲ့အသံများ ပျောက်ကွယ်သွားခြင်း

တို့ကို တွေ့ရပါတယ်...👍👍

ကားမှာဖြစ်နေတဲ့ Error တစ်ခုချင်းစီတိုင်းမှာ အကြောင်းရင်းမတူနိုင်တာကြောင့် ခန့်မှန်းပြီး Parts လဲခြင်းထက် သေချာစစ်ဆေးပြီး အကြောင်းရင်းရှာဖွေပြုပြင်ပေးတာက ပိုအရေးကြီးပါတယ်...❤️

ကားတွေပျက်ရင် သတိရကြပါဦး...


✅opening hours - 9AM to 5PM

✅Address- Parami Road, Myanmar, Burma (Myanmar), Yangon, Myanmar.

✅ Phone - 09 969 754 493
✅ Line - 09 969 754 493

Google Map
https://goo.gl/maps/qqZ2PRNHALQMszfg8?g_st=ac

CHEVROLET MALIBU  #ဘရိတ်အသံတစ်ခုနဲ့အောက်ပိုင်းအသံတစ်ခု...❗ #စစ်ကြည့်လိုက်တော့အကြောင်းရင်းကတစ်ခုတည်းမဟုတ်ပါဘူးကျနော်တို့ ...
11/10/2026

CHEVROLET MALIBU

#ဘရိတ်အသံတစ်ခုနဲ့အောက်ပိုင်းအသံတစ်ခု...❗

#စစ်ကြည့်လိုက်တော့အကြောင်းရင်းကတစ်ခုတည်းမဟုတ်ပါဘူး

ကျနော်တို့ Workshop ကို Chevrolet Malibu ကားတစ်စီးမှာ..

👉 ဘရိတ်ငြိနေသလို ခံစားရတယ်
👉 ဘရိတ်နင်းတဲ့အချိန် အသံထွက်တယ်
👉 အောက်ပိုင်းမှာလည်း အသံထွက်နေတယ်

ဆိုတဲ့ပြဿနာတွေနဲ့ ရောက်လာပါတယ်..

ကားကို အရင်ဆုံး Test Drive လုပ်ကြည့်တဲ့အခါ ဘရိတ်ငြိနေတဲ့အခြေအနေကိုတော့ မတွေ့ရပေမယ့် Brake Pad နဲ့ Rotor ထိတွေ့နေသလို အသံထွက်နေတာကို ကြားရပါတယ်။

အောက်ပိုင်းကိုလည်း စစ်ဆေးကြည့်တဲ့အခါ မောင်းနှင်နေစဉ် အသံထွက်နေတဲ့အခြေအနေကို အတည်ပြုနိုင်ခဲ့ပါတယ်..❓❓

🔧 ကို အသေးစိတ်စစ်ဆေးကြည့်တဲ့အခါ...

👉 Brake Rotors တွေမှာ အစင်းများထနေခြင်း

👉 Brake Pads တွေ မညီညာစွာ ပါးနေခြင်း

👉 Splash Shield (သဲကာ) မှာ သံချေးတက်ပြီး Brake Rotor ဘက်ကို ထိခိုက်နေခြင်း

စတာတွေကို တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် Brake ပိုင်းမှာ လိုအပ်တဲ့ Repair တွေကို Customer ကို အသေးစိတ်ရှင်းပြပြီး ကုန်ကျစရိတ်ကိုလည်း ကြိုတင်အသိပေးခဲ့ပါတယ်။

Customer ရဲ့ သဘောတူညီချက်ရရှိပြီးမှသာ လိုအပ်တဲ့ Repair တွေကို ဆက်လက်ဆောင်ရွက်ပေးခဲ့ပါတယ်.......👍

🔧

✅ Brake Pads အသစ်လဲလှယ်ခြင်း

✅ Rotor မျက်နှာပြင်ကို စစ်ဆေးပြီး လိုအပ်သလို ပြန်လည်ပြုပြင်ခြင်း

✅ Splash Shield (သဲကာ) ရဲ့ သံချေးတက်ပြီး ထိခိုက်နေတဲ့အပိုင်းကို ပြုပြင်ခြင်း

ဒါနဲ့တင် မပြီးသေးပါဘူး...

အောက်ပိုင်းအသံထွက်ရတဲ့ အကြောင်းရင်းကိုလည်း တစ်ဆင့်ချင်းစီ စစ်ဆေးခဲ့ပါတယ်။

🔍

Tie Rods
Rack Ends
Ball Joints
Stabilizer Links
Shock Absorbers

စတဲ့ Suspension Components တွေကို စစ်ဆေးကြည့်တဲ့အခါ...

👉 နောက်ဘက် Shock Absorber တွေ အားနည်းပြီး Damping မကောင်းတော့တဲ့အခြေအနေကို တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့်...

🔧

👉 Rear Shock Absorbers အသစ်လဲလှယ်ပေးခဲ့ပြီး လိုအပ်တဲ့ Suspension ပိုင်းတွေကိုလည်း ပြုပြင်ပေးခဲ့ပါတယ်။

အားလုံးပြုပြင်ပြီးတဲ့နောက် Test Drive ပြန်လုပ်ကြည့်တဲ့အခါ...

✅ Brake ပိုင်းက မူမမှန်တဲ့အသံ မရှိတော့ပါဘူး

✅ Suspension ဘက်က အသံလည်း ပျောက်သွားပါတယ်

✅ ကားမောင်းနှင်မှု ပုံမှန်အခြေအနေကို ပြန်လည်ရရှိခဲ့ပါတယ်။ 👍

ဒီ Case လိုမျိုးမှာ အရေးကြီးတာက...

“ကားက အသံထွက်တယ်” ဆိုတာနဲ့ အစိတ်အပိုင်းတစ်ခုကိုပဲ ခန့်မှန်းပြီး လဲလိုက်တာထက် အသံရဲ့ အကြောင်းရင်းကို စနစ်တကျ စစ်ဆေးရှာဖွေဖို့ပါ။

Brake ပိုင်းဖြစ်ဖြစ်၊ Suspension ပိုင်းဖြစ်ဖြစ် ပြဿနာတစ်ခုခုရှိလာရင် အချိန်မီစစ်ဆေးပြုပြင်ထားတာက နောက်ပိုင်းမှာ ပိုကြီးတဲ့ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်...❤️

ကားတွေပျက်ရင် သတိရကြပါဦးဗျာ ❤️


✅opening hours - 9AM to 5PM

✅Address- Parami Road, Myanmar, Burma (Myanmar), Yangon, Myanmar.

✅ Phone - 09 969 754 493
✅ Line - 09 969 754 493

Google Map
https://goo.gl/maps/qqZ2PRNHALQMszfg8?g_st=ac

HONDA CIVIC  #ဆီပိုစားပြီး_ကားလည်းလေးနေတယ်ဆိုရင်_Engineတစ်ခုတည်းကြောင့်လို့ထင်လား...❓ကျနော်တို့ Workshop ကို Honda Civic...
11/10/2026

HONDA CIVIC

#ဆီပိုစားပြီး_ကားလည်းလေးနေတယ်ဆိုရင်_Engineတစ်ခုတည်းကြောင့်လို့ထင်လား...❓

ကျနော်တို့ Workshop ကို Honda Civic ကားလေးတစ်စီး ရောက်လာပါတယ် ကားပိုင်ရှင်ပြောပြတာက...

✅ ဆီစားနှုန်း သိသိသာသာများနေတယ်။

✅ အရှိန်တင်ရတာ လေးနေပြီး မောင်းရတာ စိတ်တိုင်းမကျဘူး။

✅ Suspension ကို မကြာသေးခင်က စစ်ဆေးပြီး Alignment ချိန်ခဲ့ပေမယ့် "အကုန်ကောင်းတယ်" လို့ ပြောထားတာကြောင့် ဘာကြောင့် မောင်းရတာ မကောင်းသေးလဲ သိချင်တယ်လို့ ပြောပါတယ်။

ကားကို Test Drive လုပ်ကြည့်တဲ့အခါ...

👉 Fuel Consumption က 1 Liter ကို 8.4 km ဝန်းကျင်ပဲ ရရှိနေတာကို တွေ့ရပါတယ်။

👉 လမ်းမညီတဲ့နေရာတွေမှာ ကားကိုယ်ထည်က လူးနေပြီး မောင်းနှင်ရတဲ့ Feeling က မတည်ငြိမ်တာကိုလည်း သတိထားမိပါတယ်။

ဆီစားပြီး ကားလေးနေရတဲ့အကြောင်းရင်းကို သေချာရှာဖွေဖို့...

✅ Spark Plugs

✅ Ignition Coils

✅ Throttle Body

✅ EGR Valve

✅ IMA Battery Performance

စတာတွေကို စနစ်တကျ စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးပြီးနောက် Spark Plugs တွေ ဟောင်းနေတာကို တွေ့ရတဲ့အတွက် အသစ်လဲလှယ်ပေးခဲ့ပါတယ်။ ✅

Suspension ပိုင်းကိုလည်း ဖြုတ်စစ်ကြည့်တဲ့အခါ...

🔧 Tie Rod

🔧 Rack End

🔧 Ball Joint

🔧 Stabilizer Links

🔧 Arm Bush

🔧 Shock Absorber

🔧 Brake Pads

🔧 Steering System

တို့ကို အသေးစိတ် စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးရာမှာ...

✅ Tie Rod, Rack End နဲ့ Ball Joint တွေမှာ ချောင်နေတဲ့အခြေအနေတွေကို တွေ့ရပြီး ပြန်လည်အသုံးပြုနိုင်တဲ့ အခြေအနေဖြစ်တာကြောင့် လိုအပ်တဲ့ ပြုပြင်မှုကို ဆောင်ရွက်ပေးခဲ့ပါတယ်။

✅ Arm Bush နဲ့ Stabilizer Links တွေကို အသစ်လဲလှယ်ပေးခဲ့ပါတယ်။

✅ အနောက်ဘက် Shock Absorber တွေက ပြန်မတက်တော့ဘဲ အရမ်းပျော့နေတဲ့အတွက် အသစ်လဲလှယ်ပေးခဲ့ပါတယ်။

လိုအပ်တဲ့အပိုင်းအားလုံးကို ပြုပြင်ပြီး Test Drive ပြန်လုပ်ကြည့်တဲ့အခါ...

✔ အရှိန်တင်ရတာ ပိုပေါ့ပါးလာတယ်။

✔ လမ်းမညီတဲ့နေရာတွေမှာ လူးနေတာ သိသိသာသာ လျော့နည်းသွားတယ်။

✔ Steering Feeling ပိုတည်ငြိမ်လာပြီး မောင်းနှင်ရတာလည်း ယုံကြည်မှုပိုရှိလာပါတယ်။

ကားတစ်စီး မောင်းရတာလေးနေတယ်၊ ဆီစားနေတယ်ဆိုတိုင်း Engine တစ်ခုတည်းကိုပဲ သံသယဝင်မနေပါနဲ့။

တစ်ခါတစ်ရံ Engine နဲ့ Suspension နှစ်ပိုင်းလုံးမှာ ဖြစ်နေတဲ့ ပြဿနာတွေ ပေါင်းစပ်နေတတ်တာကြောင့် စနစ်တကျ Diagnose လုပ်မှသာ အကြောင်းရင်းအမှန်ကို ရှာတွေ့နိုင်ပါတယ်။

ကား‌တွေပျက်ရင် သတိရကြပါဦး ❤️❤️




✅opening hours - 9AM to 5PM

✅Address- Parami Road, Myanmar, Burma (Myanmar), Yangon, Myanmar.

✅ Phone - 09 969 754 493
✅ Line - 09 969 754 493

Google Map
https://goo.gl/maps/qqZ2PRNHALQMszfg8?g_st=ac

TOYOTA VIOS ွင့်လိုက်တိုင်းEngineတုန်ပြီးအသံမြည်နေရင်... #အဖြစ်များတဲ့BeltTensionerပြဿနာ 👍Toyota Vios ပိုင်ရှင်တော်တော်မ...
11/10/2026

TOYOTA VIOS

ွင့်လိုက်တိုင်းEngineတုန်ပြီးအသံမြည်နေရင်...
#အဖြစ်များတဲ့BeltTensionerပြဿနာ 👍

Toyota Vios ပိုင်ရှင်တော်တော်များများ ကြုံဖူးတဲ့ Error တစ်ခုကို ဒီနေ့ မျှဝေပေးချင်ပါတယ်။

ဒီ Toyota Vios ကတော့ Aircon ဖွင့်လိုက်တိုင်း Engine က သိသိသာသာတုန်လာပြီး Engine ရှေ့ဘက်ကနေ အသံမြည်လာတယ်လို့ စစ်ဆေးပေးဖို့ ရောက်လာပါတယ်။ ဒါ့အပြင် Suspension ပိုင်းကိုလည်း တစ်ခါတည်း စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ပါတယ်............👍👍

အရင်ဆုံး Test Drive ပြုလုပ်ပြီး Customer ပြောတဲ့ လက္ခဏာကို အတည်ပြုခဲ့ပါတယ်။ Aircon Compressor အလုပ်လုပ်ချိန်မှာသာ အသံပိုထွက်လာတာကို တွေ့ရတာကြောင့် Belt System ပိုင်းကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးလိုက်တဲ့အခါ အသံက Engine အတွင်းပိုင်းက မဟုတ်ဘဲ Alternator Belt (ဒိုင်နမိုကြိုး) နဲ့ Belt Tensioner ဘက်ကနေ ထွက်နေတာကို တွေ့ရှိခဲ့ပါတယ်...✅✅

Toyota Vios တွေမှာ အဖြစ်များတဲ့ Belt Tensioner အားလျော့ခြင်းကြောင့် Aircon Compressor က Load ဆွဲတဲ့အချိန် Belt ကို ကောင်းကောင်းမထိန်းနိုင်တော့ဘဲ အသံမြည်လာတာ ဖြစ်ပါတယ်။

လိုအပ်တဲ့ Belt Tensioner ကို အသစ်လဲလှယ်ပြီး ပြန်လည်စမ်းသပ်ကြည့်တဲ့အခါ...

✅ အသံလုံးဝပျောက်သွားပါတယ်။
✅ Aircon ဖွင့်ထားတဲ့အချိန် Engine တုန်နေတာလည်း သိသိသာသာ သက်သာသွားပါတယ်။

ဆက်လက်ပြီး Suspension ပိုင်းကို စစ်ဆေးလိုက်တဲ့အခါ...

• Tie Rods
• Rack Ends
• Ball Joints
• Stabilizer Links
• Arm Bushes

စတဲ့အစိတ်အပိုင်းအချို့မှာ လျော့နေခြင်း၊ ချောင်နေခြင်းတွေကို တွေ့ရှိခဲ့ပါတယ်။

Steering Rack၊ Shock Absorbers နဲ့ Brake Pads တွေကတော့ ကောင်းမွန်တဲ့အခြေအနေမှာ ရှိနေပါတယ်။

ပြုပြင်သင့်တဲ့အပိုင်းတွေကို Customer နဲ့ အသေးစိတ်ဆွေးနွေးပြီး ကုန်ကျစရိတ်ရှင်းပြကာ သဘောတူညီမှုရရှိပြီးမှ ပြုပြင်ဆောင်ရွက်ပေးခဲ့ပါတယ်။

အားလုံးပြီးသွားတဲ့နောက် Test Drive ပြန်လုပ်ကြည့်တော့...

✅ Engine ရှေ့ဘက်က အသံပျောက်သွားပါတယ်။
✅ Aircon ဖွင့်ထားတဲ့အချိန်လည်း Engine အလုပ်လုပ်ပုံ ပိုငြိမ်ပြီး Smooth ဖြစ်လာပါတယ်။
✅ Suspension ပိုင်းလည်း အရင်ထက် ပိုတည်ငြိမ်လာပြီး မောင်းနှင်ရတဲ့ခံစားချက် ပိုကောင်းသွားပါတယ်။

တစ်ခါတလေ Engine ရှေ့ဘက်က ထွက်တဲ့အသံတိုင်းဟာ Engine အတွင်းပိုင်းပြဿနာ မဟုတ်ပါဘူး။ Belt Tensioner လို အစိတ်အပိုင်းသေးသေးလေးတစ်ခုကြောင့်လည်း ဖြစ်နိုင်တာမို့ အသံစကြားရပြီဆိုရင် စောစောစစ်ဆေးတာက Repair Cost ပိုမကြီးအောင် ကာကွယ်နိုင်ပါတယ်....👍

ကား‌တွေပျက်ရင် သတိရကြပါဦး ❤️❤️

✅opening hours - 9AM to 5PM

✅Address- Parami Road, Myanmar, Burma (Myanmar), Yangon, Myanmar.

✅ Phone - 09 969 754 493
✅ Line - 09 969 754 493

Google Map
https://goo.gl/maps/qqZ2PRNHALQMszfg8?g_st=ac

SUZUKI CIAZ ောင်းတာတစ်ခုတည်းနဲ့Engineအတွင်းပိုင်းသန့်ရှင်းနေမယ်လို့မယူဆသင့်ပါဘူး...❗ကျနော်တို့ Workshop ကို Suzuki CIAZ ...
11/10/2026

SUZUKI CIAZ

ောင်းတာတစ်ခုတည်းနဲ့Engineအတွင်းပိုင်းသန့်ရှင်းနေမယ်လို့မယူဆသင့်ပါဘူး...❗

ကျနော်တို့ Workshop ကို Suzuki CIAZ ကားလေးတစ်စီး ရောက်လာပါတယ်။

Customer ပြောတာကတော့ Engine Oil ထဲမှာ ဂျိုးတွေ၊ ညစ်ပတ်တာတွေ တွေ့နေရတာကြောင့် တစ်ချက်လောက် စစ်ဆေးပေးပါဆိုတာနဲ့ နောက်တစ်ချက်က ကားမောင်းရတာ အနည်းငယ်လေးနေသလို ခံစားရတယ် လို့ ပြောပါတယ်.. 👍

အရင်ဆုံး ကားကို Test Drive လုပ်ကြည့်တဲ့အခါ ကားက အနည်းငယ်လေးနေသလို ခံစားရပါတယ်။

Odometer ကိုကြည့်လိုက်တော့လည်း 90,000 km မပြည့်သေးတာ ကို တွေ့ရပါတယ်။

Engine Oil ထဲမှာ ဂျိုးတွေပါနေတာနဲ့ ပတ်သက်ပြီးတော့ အစပိုင်းမှာ ကျနော်လည်း Engine Flush လုပ်ပြီး Oil ပြန်လဲပေးရင် Customer အတွက် ကုန်ကျစရိတ်နဲ့ အချိန် သက်သာနိုင်မယ် လို့ တွေးမိပါတယ်.. 👍

ဒါပေမယ့် Workshop ပြန်ရောက်ပြီး Engine Oil Dipstick ကို ဆွဲထုတ်စစ်ဆေးကြည့်လိုက်တဲ့အခါ...

Dipstick မှာပါ အင်ဂျင်ဝိုင်ဂျိုးတွေ ကပ်ပါလာတာကို တွေ့ရပါတယ်...⚠️

ဒီအခြေအနေဆိုရင်တော့ Engine Flush ဆေးရည်ထည့်ပြီး Oil ဖောက်ချရုံနဲ့ မလုံလောက်နိုင်တော့တာကြောင့် Engine အတွင်းပိုင်းမှာ အင်ဂျင်ဝိုင်အညစ်အကြေးတွေ ဘယ်လောက်အထိ စုပုံနေပြီလဲဆိုတာ သေချာစစ်ဆေးဖို့လိုလာပါတယ်။

ဒါကြောင့် Engine အောက်ခြမ်းက Crankcase ကို ဖြုတ်စစ်ဆေးကြည့်တဲ့အခါ...

ပုံမှာပြထားသလို Engine Oil အညစ်အကြေးတွေ ဂျိုးအတုံးလိုက်ဖြစ်ပြီး စုပုံနေတာကို တွေ့ရပါတယ်.. ❗❗

ဒီလိုတွေ့ရတဲ့အတွက် Crankcase ကို သေချာသန့်ရှင်းပေးပြီး Engine Oil Strainer / Oil Pickup ပိုင်းကိုလည်း ဖြုတ်စစ်ဆေးကာ သန့်ရှင်းပေးခဲ့ပါတယ်။

အဲဒီနောက်မှာမှ Engine အတွင်းမှာ ကျန်ရှိနိုင်တဲ့ အညစ်အကြေးတွေကို လျော့ချနိုင်ဖို့ Engine Flush ကို သင့်တော်တဲ့နည်းလမ်းနဲ့ လုပ်ပေးပြီး Oil အဟောင်းကို ပြန်ဖောက်ချကာ Engine Oil အသစ် ပြန်လဲပေးခဲ့ပါတယ်.. 👍

ကားမောင်းရတာလေးနေတဲ့အတွက်လည်း Engine Performance နဲ့ သက်ဆိုင်တဲ့—

- Spark Plugs
- Ignition Coils
- Injectors
- Throttle
- Fuel Pressure

စတဲ့ အပိုင်းတွေကို တစ်ခုချင်းစီ စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးကြည့်တဲ့အခါ Spark Plugs တွေက အခြေအနေမကောင်းတော့တာကို တွေ့ရတာကြောင့် အသစ်လဲပေးခဲ့ပါတယ်...✅

အားလုံး ပြုပြင်စစ်ဆေးပြီးတဲ့နောက် Test Drive ပြန်လုပ်ကြည့်တဲ့အခါ—

Engine သံက သိသိသာသာ ငြိမ်သက်လာပြီး ကားမောင်းရတာလည်း အရင်ထက် ပေါ့သွားတာကို တွေ့ရပါတယ်..👍👍

ဒီကားက 90,000 km မပြည့်သေးတဲ့ကား ဖြစ်သလို အသုံးပြုထားတဲ့ Engine Oil ကလည်း နာမည်ကြီး Brand တစ်ခုဖြစ်တာကို တွေ့ရပါတယ်။

ဒါကြောင့် Engine Oil နဲ့ ပတ်သက်ပြီးတော့—

“Brand ကောင်းတာသုံးထားရုံနဲ့ မလုံလောက်ပါဘူး။”

ကားအတွက် သတ်မှတ်ထားတဲ့ Oil Specification မှန်ကန်ဖို့၊ Oil Change Interval ကို မကျော်ဖို့နဲ့ Engine ရဲ့ အခြေအနေကို ပုံမှန်စစ်ဆေးပေးဖို့ လည်း အရေးကြီးပါတယ်.....✅

ကားတွေပျက်ရင် သတိရကြပါဦး ❤️❤️


✅opening hours - 9AM to 5PM

✅Address- Parami Road, Myanmar, Burma (Myanmar), Yangon, Myanmar.

✅ Phone - 09 969 754 493
✅ Line - 09 969 754 493

Google Map
https://goo.gl/maps/qqZ2PRNHALQMszfg8?g_st=ac

LEXUS NX200t ားတစ်စီးရဲ့အရသာကပါဝါတစ်ခုတည်းမဟုတ်ပါဘူး... ❗❗ #ငြိမ်ငြိမ်လေးနဲ့ချောချောမွေ့မွေ့မောင်းရတဲ့ခံစားချက်ကလည်းအရေး...
10/10/2026

LEXUS NX200t

ားတစ်စီးရဲ့အရသာကပါဝါတစ်ခုတည်းမဟုတ်ပါဘူး... ❗❗

#ငြိမ်ငြိမ်လေးနဲ့ချောချောမွေ့မွေ့မောင်းရတဲ့ခံစားချက်ကလည်းအရေးကြီးပါတယ်.......👍👍

Lexus လို Premium ကားတစ်စီးကို မောင်းတဲ့အခါ အင်ဂျင်ပါဝါကောင်းတာတစ်ခုတည်းမဟုတ်ဘဲ Steering ကို လှည့်တဲ့အခါ Smooth ဖြစ်တာ၊ လမ်းမညီတဲ့နေရာတွေမှာ အောက်ပိုင်းက အသံမထွက်ဘဲ ငြိမ်ငြိမ်လေး မောင်းလို့ရတာတွေကလည်း မောင်းနှင်ရတဲ့အရသာရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။

ဒီနေ့တော့ Lexus NX200t ကားတစ်စီး ခရီးမထွက်ခင် Engine နဲ့ Suspension ပိုင်းတွေကို သေချာစစ်ဆေးပေးပါဆိုပြီး ကျနော်တို့ Workshop ကို လာရောက်အပ်နှံခဲ့ပါတယ်... 👍

Customer ပြောပြချက်ကတော့...

အောက်ပိုင်းမှာ အသံတစ်ခုရှိနေပြီး ခရီးရှည်မထွက်ခင် စိတ်ချလက်ချ မောင်းနိုင်အောင် စစ်ဆေးချင်တယ်လို့ ဆိုပါတယ်။

အရင်ဆုံး Test Drive ထွက်ကြည့်လိုက်တော့...

Engine လည်ပတ်ပုံက ပုံမှန်ဖြစ်ပြီး ပါဝါကျတာ၊ တုန်ခါတာလိုမျိုး လက္ခဏာတွေ မတွေ့ရပါဘူး...✅

ဒါပေမယ့်...

လမ်းမညီတဲ့နေရာတွေမှာ ဖြည်းဖြည်းမောင်းတဲ့အချိန် အောက်ပိုင်းက အသံကို သိသိသာသာ ကြားရပါတယ်.....❓

နောက်ထပ် သတိထားမိတာတစ်ခုကတော့...

Steering Wheel ကို လှည့်တဲ့အချိန် Lexus တစ်စီးမှာ ရှိသင့်တဲ့ Smooth Feeling မရှိတော့တာ ကို ခံစားရပါတယ်... 🤔

ခရီးရှည်ထွက်ရမှာဖြစ်တဲ့အတွက် Engine ပိုင်းကိုလည်း အသေးစိတ် စစ်ဆေးခဲ့ပါတယ်။

Engine Oil, Gear Oil, Coolant, Brake Fluid တွေအပြင် Spark Plug, Ignition Coil, Throttle, Injector နဲ့ Fuel System တွေကို စစ်ဆေးကြည့်တဲ့အခါ...

Engine ပိုင်းမှာတော့ ထူးခြားတဲ့ပြဿနာ မတွေ့ရဘဲ ပုံမှန်အခြေအနေမှာ ရှိနေပါတယ်... ✅

ဒါကြောင့် မလိုအပ်ဘဲ အစိတ်အပိုင်းတွေ လဲလှယ်တာမျိုး မလုပ်ဘဲ Suspension နဲ့ Steering ပိုင်းကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။

Tie Rod, Rack End, Ball Joint, Stabilizer Link, Shock Absorber, Arm Bush, Brake Pad နဲ့ Steering Gear တွေကို တစ်ခုချင်းစီ စစ်ဆေးကြည့်တဲ့အခါ...

Stabilizer Link, Rack End နဲ့ Ball Joint တွေမှာ လျော့နေတဲ့အခြေအနေ ကို တွေ့ရှိခဲ့ပါတယ်..✅

ဒါ့အပြင် အသံထွက်နေတဲ့ အဓိကအကြောင်းရင်းကို ဆက်လက်စစ်ဆေးတဲ့အခါ...

Steering Gear ကနေ ပြဿနာဖြစ်နေတာကို အတည်ပြုနိုင်ခဲ့ပါတယ်...✅

တွေ့ရှိထားတဲ့အခြေအနေတွေကို Customer ကို သေချာရှင်းပြပြီး သဘောတူညီချက်ရယူပြီးနောက် လိုအပ်တဲ့ Repair ကို ဆောင်ရွက်ပေးခဲ့ပါတယ်။ 🔧🔧

Steering Gear ကို အသစ်လဲလှယ်ပေးပြီး ကျန်တဲ့ Suspension အစိတ်အပိုင်းတွေကိုလည်း အခြေအနေအလိုက် လိုအပ်တာတွေ ပြုပြင်ပေးခဲ့ပါတယ်။

အားလုံးပြီးတဲ့နောက် Test Drive ပြန်လုပ်ကြည့်တော့...

✅ အောက်ပိုင်းက ထွက်နေတဲ့အသံတွေ ပျောက်သွားပါတယ်။

✅ Steering Wheel ကို လှည့်ရတဲ့ Feeling ကလည်း သိသိသာသာ ချောမွေ့လာပါတယ်။

အစပိုင်းမှာ Customer ပြောခဲ့တဲ့ “အရင်လိုမဟုတ်တော့ဘူး” ဆိုတဲ့ Feeling လည်း ပြန်ကောင်းလာပါတယ်..👍

Lexus လို Premium ကားတစ်စီးရဲ့ အားသာချက်တွေထဲမှာ ဒီလို ငြိမ်ငြိမ်လေးနဲ့ Smooth ဖြစ်တဲ့ မောင်းနှင်ရတဲ့ခံစားချက် ကလည်း အရေးကြီးပါတယ်။

ဒါကြောင့် ကားမှာ Error မတက်သေးပေမယ့် မောင်းတဲ့အချိန် “အရင်လိုမဟုတ်တော့ဘူး” လို့ ခံစားရပြီဆိုရင် လျစ်လျူမရှုဘဲ အချိန်မီ စစ်ဆေးပေးဖို့ အကြံပြုချင်ပါတယ်။

အထူးသဖြင့် ခရီးရှည်မထွက်ခင် စစ်ဆေးထားတာက ကိုယ့်ကားကိုယ် ပိုစိတ်ချစွာ မောင်းနိုင်ဖို့ အရေးကြီးပါတယ်..👍

ကားတွေပျက်ရင် သတိရကြပါဦး...❤️❤️


✅opening hours - 9AM to 5PM

✅Address- Parami Road, Myanmar, Burma (Myanmar), Yangon, Myanmar.

✅ Phone - 09 969 754 493
✅ Line - 09 969 754 493

Google Map
https://goo.gl/maps/qqZ2PRNHALQMszfg8?g_st=ac

CHEVROLET EQUINOX  #ကားမတည်ငြိမ်တာAlignmentတစ်ခုတည်းကြောင့်မဟုတ်ပါဘူး...👍Chevrolet Equinox ရဲ့ Suspension Wear Case တစ်ခ...
10/10/2026

CHEVROLET EQUINOX

#ကားမတည်ငြိမ်တာAlignmentတစ်ခုတည်းကြောင့်မဟုတ်ပါဘူး...👍

Chevrolet Equinox ရဲ့ Suspension Wear Case တစ်ခု....👍

ကျနော်တို့ Workshop ကို Chevrolet Equinox ကားလေးတစ်စီး ရောက်လာပါတယ်။

ကားပိုင်ရှင်ရဲ့ လိုအပ်ချက်ကတော့—

👉 Engine Oil Service ပြုလုပ်ချင်တာ
👉 Spark Plugs နဲ့ Engine ပိုင်း စစ်ဆေးချင်တာ
👉 အောက်ပိုင်းအသံတွေ ရှိနေတာကြောင့် Suspension ပိုင်းပါ စစ်ဆေးချင်တာတွေဖြစ်ပါတယ်....

အရင်ဆုံး ကားကို Test Drive စမ်းသပ်ကြည့်တဲ့အခါ—

👉 ကားမောင်းရတာ တင်းတင်းရင်းရင်းမရှိဘဲ လျော့နေသလို ခံစားရပါတယ်
👉 လမ်းမညီတဲ့နေရာတွေမှာ အောက်ပိုင်းအသံတွေ ထွက်နေတာကို တွေ့ရပါတယ်

ဒါကြောင့် Engine ပိုင်းနဲ့ Suspension ပိုင်းကို သေချာစစ်ဆေးပေးခဲ့ပါတယ်။

🔧 Engine ပိုင်းစစ်ဆေးချက်

Scan Tool နဲ့ စစ်ဆေးခြင်း၊ Engine Condition စစ်ဆေးခြင်းများ ပြုလုပ်ရာမှာ—

👉 အကြီးစား Engine Fault မတွေ့ရှိပါ
👉 Spark Plugs တွေ သက်တမ်းကြာပြီး Wear ဖြစ်နေတာကြောင့် လဲလှယ်ရန်လိုအပ်တာကို တွေ့ရှိခဲ့ပါတယ်

Spark Plug တွေက Engine ရဲ့ Combustion Performance အတွက် အရေးကြီးတဲ့ Parts ဖြစ်တာကြောင့် သင့်တော်တဲ့အသစ်နဲ့ လဲလှယ်ပေးခဲ့ပါတယ်။

Engine Oil ကိုလည်း Chevrolet Equinox 2.0 Engine Specification နဲ့ ကိုက်ညီတဲ့ Fully Synthetic Engine Oil ကို အသုံးပြုပြီး Service ပြုလုပ်ပေးခဲ့ပါတယ်။

🔧 Suspension ပိုင်းစစ်ဆေးချက်

ကားကို Lift ပေါ်တင်ပြီး Suspension Joint တွေကို စစ်ဆေးရာမှာ—

👉 Front Shock Absorbers
👉 Tie Rods
👉 Stabilizer Links
👉 Arm Bushes

တို့မှာ Wear ဖြစ်ပြီး လျော့နေတာတွေကို တွေ့ရှိခဲ့ပါတယ်။

တွေ့ရှိတဲ့အခြေအနေ၊ ပြုပြင်ရမယ့်အပိုင်းနဲ့ ကုန်ကျစရိတ်ကို ကားပိုင်ရှင်အား အသေးစိတ်ရှင်းပြပေးခဲ့ပါတယ်။

ကားပိုင်ရှင်ဘက်ကလည်း သဘောတူတာကြောင့် လိုအပ်တဲ့ Parts တွေကို ပြုပြင်လဲလှယ်ပေးခဲ့ပါတယ်.... 🔧🔧

ပြုပြင်ပြီးနောက် Test Drive ပြန်လုပ်ကြည့်တဲ့အခါ—

✅ ကားမောင်းရတာ ပိုတင်းလာပါတယ်
✅ အောက်ပိုင်းအသံတွေ သိသိသာသာပျောက်သွားပါတယ်
✅ Engine Response လည်း ပိုကောင်းလာပါတယ်

ကားတစ်စီးမှာ Engine Maintenance နဲ့ Suspension Wear တွေ တစ်ပြိုင်နက်တည်း ဖြစ်နိုင်ပါတယ်။

အောက်ပိုင်းအသံထွက်တိုင်း Alignment ချိန်ရုံနဲ့ မပြီးနိုင်ပါဘူး။

အချိန်မီ စစ်ဆေးပြုပြင်ပေးခြင်းက ပိုကြီးမားတဲ့ Damage တွေကို ကာကွယ်ပေးနိုင်ပါတယ်။👍

ကားတွေပျက်ရင် သတိရကြပါဦး ❤️

✅opening hours - 9AM to 5PM

✅Address- Parami Road, Myanmar, Burma (Myanmar), Yangon, Myanmar.

✅ Phone - 09 969 754 493
✅ Line - 09 969 754 493

Google Map
https://goo.gl/maps/qqZ2PRNHALQMszfg8?g_st=ac

MAZDA DEMIO #ဆီစားလာပြီးမီးခေါက်သံထွက်လာရင်Engineပိုင်းကိုသေချာစစ်ဆေးဖို့လိုပါတယ်...⚠️ကျနော်တို့ Workshop ကို Mazda Demi...
10/10/2026

MAZDA DEMIO

#ဆီစားလာပြီးမီးခေါက်သံထွက်လာရင်Engineပိုင်းကိုသေချာစစ်ဆေးဖို့လိုပါတယ်...⚠️

ကျနော်တို့ Workshop ကို Mazda Demio ကားလေးတစ်စီး ရောက်လာပါတယ်။👍

Customer ပြောပြတာကတော့...

ကားက အရင်ထက် ဆီပိုစားလာသလို ခံစားရတယ်။ မှတ်ထားသလောက်ဆိုရင် ၁ လီတာကို ၈ ကီလိုလောက်ပဲ ရတယ်လို့ ဆိုပါတယ်။

နောက်တစ်ချက်က Gear ထည့်လိုက်တဲ့အချိန်၊ အထူးသဖြင့် Reverse ထည့်ပြီး နောက်ဆုတ်တဲ့အခါ ရှေ့ဘက် Battery နေရာအနီးက အသံထွက်လာပါတယ်။ Brake နင်းလိုက်ရင်လည်း အသံတစ်ခုကြားရတာကြောင့် အားလုံးစစ်ဆေးပြုပြင်ပေးဖို့ ရောက်လာတာဖြစ်ပါတယ်။👍

ကားကို အရင်ဆုံး Test Drive လုပ်ကြည့်တဲ့အခါ...

RPM မငြိမ်တာ၊ Idle အချိန်မှာ RPM 500 အောက်ထိ ကျဆင်းနေတာကို တွေ့ရပါတယ်။

ဒါ့အပြင် မီးခေါက်သံ (Knocking Sound) လည်း ကြားရပြီး Gear ထည့်တဲ့အချိန် Steering Wheel နဲ့ Brake Pedal မှာ Vibration ဝင်လာတာကို သတိထားမိပါတယ်...❓❓

Engine ပိုင်းမှာ RPM မမှန်တာနဲ့ ဆီစားများလာတာနဲ့ ပတ်သက်လို့...

✅ Spark Plug
✅ Ignition Coil
✅ Throttle Body
✅ Injector
✅ Fuel Pressure

စတဲ့အပိုင်းတွေကို စစ်ဆေးပြီး Engine Tuning လုပ်ဖို့လိုအပ်ပါတယ်။

Gear Oil ကိုလည်း မလဲတာကြာပြီလို့ Customer က ပြောတာကြောင့် Gear Oil အသစ်လဲပေးပြီး Valve Body နဲ့ Gear Oil Filter ပိုင်းကိုပါ သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်...👍

Vibration ဝင်နေတာနဲ့ ပတ်သက်လို့ Mounting အားလုံး စစ်ဆေးကြည့်တဲ့အခါ Gearbox Mounting ပျက်စီးနေတာကို တွေ့ရပါတယ်။

Brake ပိုင်းကို ဖြုတ်စစ်ဆေးကြည့်တဲ့အခါ ရှေ့ဘက် Brake Pads တွေ ပါးနေပြီဖြစ်တာကြောင့် အသံထွက်လာတာကို တွေ့ရပါတယ်...⚠️

ပြုပြင်ရမယ့်အပိုင်းတွေကို Customer ကို အသေးစိတ်ရှင်းပြပြီး ကုန်ကျစရိတ်ကိုပါ အသိပေးတဲ့အခါ သဘောတူတာကြောင့် လိုအပ်တဲ့အပိုင်းတွေကို ပြုပြင်ပေးခဲ့ပါတယ်...👍

Spark Plug တွေကို ဖြုတ်စစ်ဆေးကြည့်တဲ့အခါ အခြေအနေတော်တော်လေးဆိုးနေပြီး Engine Performance ကျဆင်းစေတဲ့အကြောင်းရင်းတွေထဲက တစ်ခုဖြစ်နေတာကို တွေ့ရပါတယ်။

အားလုံးပြုပြင်ပြီးနောက် Test Drive ပြန်လုပ်ကြည့်တဲ့အခါ...

✅ RPM ပုံမှန်ပြန်ဖြစ်လာပါတယ်
✅ မီးခေါက်သံ ပျောက်သွားပါတယ်
✅ Vibration မရှိတော့ပါဘူး
✅ Brake အသံလည်း ပျောက်သွားပါတယ်

ကားတစ်စီးမှာ လက္ခဏာတစ်ခုတည်းကြောင့် အကြောင်းရင်းတစ်ခုတည်းလို့ မသတ်မှတ်နိုင်ပါဘူး။

သေချာစစ်ဆေးပြီး အကြောင်းရင်းမှန်ကို ရှာဖွေပြုပြင်ပေးနိုင်ဖို့က အရေးကြီးပါတယ်..👍

ကားတွေပျက်ရင် သတိရကြပါဦး ❤️❤️


✅opening hours - 9AM to 5PM

✅Address- Parami Road, Myanmar, Burma (Myanmar), Yangon, Myanmar.

✅ Phone - 09 969 754 493
✅ Line - 09 969 754 493

Google Map
https://goo.gl/maps/qqZ2PRNHALQMszfg8?g_st=ac

HONDA FIT  ်းနည်းယိုတာပဲဆိုပြီးမထားလိုက်ပါနဲ့....… ⚠️“နည်းနည်းပဲယိုတာပါ… နောက်မှပြင်မယ်” ဆိုပြီး လျစ်လျူရှုထားမိရင် နောက...
10/10/2026

HONDA FIT

်းနည်းယိုတာပဲဆိုပြီးမထားလိုက်ပါနဲ့....… ⚠️

“နည်းနည်းပဲယိုတာပါ… နောက်မှပြင်မယ်” ဆိုပြီး လျစ်လျူရှုထားမိရင် နောက်ပိုင်းမှာ ပြုပြင်ရတဲ့အပိုင်းတွေ ပိုများလာနိုင်ပါတယ်။

ဒီနေ့တော့ ကျနော်တို့ Workshop ကို Honda Fit GP1 ကားလေးတစ်စီး ရောက်လာပါတယ်။ 👍

Owner ပြောပြတာကတော့—

👉 မောင်းရတာ အနည်းငယ်တုန့်နေတယ်
👉 Engine Oil ယိုစိမ့်နေတာရှိတယ်
👉 လမ်းမညီတဲ့နေရာတွေမှာ Suspension ဘက်က အသံထွက်နေတယ်

ဒါကြောင့် Engine ပိုင်းနဲ့ အောက်ပိုင်းကို တစ်ခါတည်း စစ်ဆေးပေးဖို့ လာရောက်အပ်နှံခဲ့ပါတယ်။

ပထမဆုံး Engine Oil ယိုစိမ့်နေတဲ့နေရာကို အသေးစိတ်စစ်ဆေးကြည့်ရာမှာတော့…

✅ Valve Cover Gasket
✅ VTEC Solenoid Seal

ဒီနေရာ ၂ ခုကနေ Engine Oil ယိုစိမ့်နေတာကို တွေ့ရှိခဲ့ပါတယ်။

Honda Fit GP1 လို ကားတွေမှာ သက်တမ်းကြာလာတာနဲ့အမျှ Gasket နဲ့ Seal တွေ အိုမင်းပြီး Oil ယိုစိမ့်လာတာမျိုး ဖြစ်တတ်ပါတယ်။

ဒါကြောင့် “ဆီနည်းနည်းပဲယိုတာ” ဆိုပြီး မထားသင့်ပါဘူး... ⚠️

ဆက်လက်ပြီး Test Drive လုပ်ကြည့်တဲ့အခါ Owner ပြောထားသလို အရှိန်တင်တဲ့အချိန်မှာ ကားက အနည်းငယ်တုန့်နေတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ဒီအတွက် Scan Tool နဲ့ စစ်ဆေးပြီး Engine ပိုင်းကို တစ်ဆင့်ချင်း ဆက်လက်စစ်ဆေးခဲ့ပါတယ်။

Spark Plugs, Ignition Coils, Throttle Body, Injectors, Fuel System, EGR Valve နဲ့ IMA Battery အခြေအနေတွေကို စစ်ဆေးပြီး လိုအပ်တဲ့အပိုင်းတွေကို ပြုပြင်ပေးခဲ့ပါတယ်...✅

Engine Oil Leak အတွက်လည်း ပျက်စီးနေတဲ့ Gasket နဲ့ Seal တွေကို အသစ်လဲလှယ်ပေးခဲ့ပါတယ်။

နောက်တစ်ဆင့် Suspension ပိုင်းကို စစ်ဆေးကြည့်ရာမှာတော့…

✅ Front Shock Absorbers
✅ Tie Rods
✅ Rack Ends
✅ Stabilizer Links

တို့ဘက်က အသံထွက်နေတာကို တွေ့ရှိခဲ့ပါတယ်။

လိုအပ်တဲ့ အစိတ်အပိုင်းတွေကို ပြုပြင်လဲလှယ်ပြီးတဲ့နောက် အားလုံးကို ပြန်လည်စစ်ဆေးပေးခဲ့ပါတယ်။ 🔧

အားလုံးပြီးတဲ့နောက် Test Drive ပြန်လုပ်ကြည့်တဲ့အခါ…

✅ ကားမောင်းရတာ ပိုပေါ့လာတယ်
✅ အရှိန်တင်တဲ့အချိန် တုန့်နေတဲ့လက္ခဏာ ပျောက်သွားတယ်
✅ Suspension ပိုင်းက အသံတွေ ပျောက်သွားတယ်
✅ Engine Oil ယိုစိမ့်မှုလည်း ပြုပြင်ပြီးသွားပါပြီ

ကားမှာ Oil Leak ဖြစ်နေတာ၊ မောင်းရတာ အရင်လိုမဟုတ်တော့တာ၊ အောက်ပိုင်းက အသံထွက်လာတာတွေကို “နည်းနည်းပဲ” ဆိုပြီး မထားလိုက်ဘဲ အချိန်မီ စစ်ဆေးပေးတာက ပိုကြီးမားတဲ့ပြဿနာနဲ့ ကုန်ကျစရိတ်တွေ မဖြစ်လာအောင် ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ... 👍

ကားတွေပျက်ရင် သတိရကြပါဦး ❤️


✅opening hours - 9AM to 5PM

✅Address- Parami Road, Myanmar, Burma (Myanmar), Yangon, Myanmar.

✅ Phone - 09 969 754 493
✅ Line - 09 969 754 493

Google Map
https://goo.gl/maps/qqZ2PRNHALQMszfg8?g_st=ac

TOYOTA HARRIER ်းနေပြီးRPMကျကာစက်သေတဲ့ပြဿနာကSpark_Plugတစ်ခုပဲလား... ❓❓ကျနော်တို့ Workshop ကို TOYOTA HARRIER ကားတစ်စီးရေ...
10/10/2026

TOYOTA HARRIER

်းနေပြီးRPMကျကာစက်သေတဲ့ပြဿနာကSpark_Plugတစ်ခုပဲလား... ❓❓

ကျနော်တို့ Workshop ကို TOYOTA HARRIER ကားတစ်စီးရောက်လာပါတယ်။

Customer ပြောတဲ့ ပြဿနာတွေကတော့...

✅ မောင်းနေရင်း RPM အရမ်းကျတယ်။
✅ Air Con ဖွင့်ထားပြီး Gear ထည့်ကာ Brake နင်းထားရင် စက်သေသွားတယ်။
✅ Engine Check Light လင်းနေတယ်။
✅ Steering ကို အဆုံးချိုးပြီး နောက်ဆုတ်လိုက်ရင် အောက်ပိုင်းက အသံမြည်တယ်။
✅ Power Steering Fluid ကို မကြာခဏထည့်နေရတယ်။

အရင်ဆုံး ကားကို Test Drive လုပ်ပြီး Customer ပြောတဲ့ Error တွေအားလုံးကို အတည်ပြုခဲ့ပါတယ်။

Scan Tool နဲ့ စစ်ဆေးကြည့်လိုက်တော့...

P0303 (Cylinder 3 Misfire Detected)
P0171 (System Too Lean Bank 1)

ဆိုတဲ့ Error Code နှစ်ခုကို တွေ့ရှိခဲ့ပါတယ်။ 👍

Error Code တွေအရ Spark Plug, Ignition Coil, Throttle Body, Injector, Oxygen Sensor နဲ့ Fuel System အပါအဝင် လိုအပ်တဲ့အပိုင်းတွေကို အသေးစိတ်စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးရာမှာ...

✅ Spark Plug တွေ အခြေအနေဆိုးနေပါတယ်။
✅ No.3 Ignition Coil အလုပ်မလုပ်တော့တာကို တွေ့ရပါတယ်။ (Wiring ကတော့ ပုံမှန်အခြေအနေရှိပါတယ်။)

Spark Plug အသစ်လဲပြီး No.3 Ignition Coil ကို လဲလှယ်ပေးလိုက်တဲ့အခါ...

✅ RPM ပုံမှန်ပြန်ဖြစ်လာပါတယ်။
✅ Engine သံလည်း ငြိမ်ပြီး Misfire ပျောက်သွားပါတယ်။
✅ Engine Check Light လည်း ပျောက်သွားပါတယ်။

Suspension ပိုင်းကို ဆက်လက်စစ်ဆေးရာ...

Tie Rod End (Inner/Outer), Ball Joint, Stabilizer Link, Shock Absorber နဲ့ Arm Bush တွေအားလုံး ကောင်းမွန်နေပြီး...

အသံထွက်ရတဲ့ အကြောင်းရင်းက CV Joint (ဒူးဇစ်) ဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ်။ ✅

Power Steering Fluid လျော့နေတာကတော့ Power Steering Hose ယိုစိမ့်နေတာကြောင့် ဖြစ်ပါတယ်။ ✅

လိုအပ်တဲ့ ပြုပြင်မှုတွေကို ဆောင်ရွက်ပေးပြီးနောက်...

✅ Engine ပုံမှန်အလုပ်လုပ်ပါတယ်။
✅ RPM တည်ငြိမ်လာပါတယ်။
✅ Suspension အသံပျောက်သွားပါတယ်။
✅ Power Steering Fluid ယိုစိမ့်မှုကိုလည်း ဖြေရှင်းပြီး ကားကို အခြေအနေကောင်းမွန်စွာ Customer ထံ ပြန်လည်အပ်နှံပေးခဲ့ပါတယ်။

ကားမှာ Engine Check Light လင်းတာ၊ RPM မတည်ငြိမ်တာ၊ Suspension အသံထွက်တာတွေကို အချိန်မီစစ်ဆေးပြုပြင်ပေးတာက နောက်ဆက်တွဲကုန်ကျစရိတ်ကြီးတွေကို လျှော့ချပေးနိုင်ပါတယ်။

ကားတွေပျက်ရင် သတိရကြပါဦး။ ❤️


✅opening hours - 9AM to 5PM

✅Address- Parami Road, Myanmar, Burma (Myanmar), Yangon, Myanmar.

✅ Phone - 09 969 754 493
✅ Line - 09 969 754 493

Google Map
https://goo.gl/maps/qqZ2PRNHALQMszfg8?g_st=ac

Address

Parami Road, Myanmar, Burma (Myanmar)
Yangon

Telephone

+959969754493

Website

Alerts

Be the first to know and let us send you an email when Than Htike Aung Car Auto Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Than Htike Aung Car Auto Service:

Shortcuts

Share