NNN Automotive

NNN Automotive 🍀 1.6.2025 🍀

 #မော်တော်ယဉ်တင်သွင်းခြင်း
03/01/2026

#မော်တော်ယဉ်တင်သွင်းခြင်း

03/11/2025
wtf ????
30/10/2025

wtf ????

🏮🌟အားလုံးပဲ ‌‌နွေးထွေးပျော်ရွှင်သော သီတင်းကျွတ်အခါသမယလေး ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ် 🕯️✨🎇Photo Credit
05/10/2025

🏮🌟အားလုံးပဲ ‌‌နွေးထွေးပျော်ရွှင်သော သီတင်းကျွတ်အခါသမယလေး ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ် 🕯️✨🎇

Photo Credit

နေပြည်တော်၊ စက်တင်ဘာ ၄နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ နေပြည်တော်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ကောက်ခံ...
04/09/2025

နေပြည်တော်၊ စက်တင်ဘာ ၄
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ နေပြည်တော်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ကောက်ခံလျက်ရှိသော မော်တော်ယာဉ်ဘီးခွန်နှုန်းထားများအား ၂၀၂၆-၂၀၂၇ ခု၊ ဘဏ္ဍာရေးနှစ်မှစ၍ နှုန်းထားပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း---
(နေပြည်တော်စည်ပင်သာယာရေးကော်မတီရှိ ဌာနများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပိုမိုသိရှိလိုပါက https://www.nptdc.gov.mm/ page နှင့် https://t.me/+CeS4el45o4IzZmRl Telegram Channel တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ကားတစ်စီးမောင်းတော့မယ်ဆို သိထားသင့်တဲ့သော 🪧
29/07/2025

ကားတစ်စီးမောင်းတော့မယ်ဆို သိထားသင့်တဲ့သော 🪧

25/07/2025

ယာဉ်မတော်တဆဖြစ်၍သေဆုံးသွားပြီးနောက်ကားမောင်းလိုင်စင်၊ ဆိုင်ကယ်မောင်းလိုင်စင်ရှိလျင် မြန်မာ့အာမခံတွင် လျော်ကြေးထုတ်ယူနိုင်
*********************************************
ယာဉ်မောင်းလိုင်စင်ရှိသော
ယာဉ်မောင်းတစ်ယောက်သည်
ယာဉ်မတော်တဆဖြစ်၍ သေဆုံးသွားလျှင်
ကျန်ရစ်သူမိသားစုဝင်များမှ
မြန်မာ့အာမခံထံတွင် လျော်ကြေးငွေ
(၃၀) သိန်းအထိတောင်းခံပိုင်ခွင့်ရှိသည်။

လိုင်စင်ရှိကား (သို့) ဆိုင်ကယ်တော့ဖြစ်ရမည်
ယာဉ်မောင်းလိုင်စင်ပြုလုပ်ချိန်တွင်
မြန်မာ့အာမခံတွင် အာမခံကြေးသွင်းပြီး
ဖြစ်ပါသည်။

လိုအပ်သော အချက်အလက်များမှာ
(၁) ရဲစခန်း (သို့) ယာဉ်ထိန်းထောက်ခံချက်
(၂) ဆေးရုံမှာ သေဆုံးကြောင်းထောက်ခံစာ
(၃) ကား၊ ဆိုင်ကယ်၏ လိုင်စင်ရှိကြောင်း
အထောက်အထား
(၄) သေဆုံးသူ၏ သက်တမ်းရှိ
ယာဉ်မောင်းလိုင်စင်
(၅) လျော်ကြေးထုတ်ယူမည့်သူ၏ မှတ်ပုံတင်တို့
ဖြစ်ပါသည်။

ယာဉ်မတော်တဆမှုဖြစ်ရာ ဒေသရှိ
မြန်မာ့အာမခံရုံးသို့ သွားရောက်ကာ လိုအပ်သည့် အချက်အလက်များဖြည့်စွပ်ကာ ဖေါင်တင်ရပါမည်
ဆက်လက်ဆောင်ရွက်ရမည်တို့ကို အာမခံရုံးမှ
ပြောပြပေးပါလိမ့်မည်။

(နားလည်သူများမှ လိုအပ်သည်များ
ဖြည့်စွက်ရေးပေးပါရန်)
နေမျိုးသူရ
21.2.2023

" ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ "ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာသန္ဓေ တောထွက် ဓမ္မစက်မိန့်မြွက်သံချို လဝ...
09/07/2025

" ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ "

ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ

သန္ဓေ တောထွက် ဓမ္မစက်
မိန့်မြွက်သံချို လဝါဆို တဲ့

ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်မှာ ထူးခြားသော
ဝါဆိုလပြည့်နေ့

( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား
ပဋိသန္ဓေ နေသောနေ့

( ၂ ) ဘုရားလောင်း တောထွက်
တော်မူသောနေ့

( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာ
စတင်ဟောတော်မူသောနေ့

( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့

( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့

( ၆ ) တရားရတနာ စတင်ပေါ်သောနေ့

( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့

( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်
ကူးပြောင်းခွင့်ကြုံသောနေ့

( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို
စတင်ကြားရသောနေ့

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်

~~~~~~~~~~~~~~~~~~~~~

ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂိ ၅ ဦးတို့
စွန့်ခွာထွက်သွားပြီးသည်နောက် တစ်ကိုယ်တည်း
တရားကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခု

ကဆုန်လပြည့်နေ့ သောကြာနေ့ တွင် သဗ္ဗညုတ
ဉာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ရောက်တော်
မူလေသည်။ ထိုအခါ သဟမ္ပတိဗြဟ္မာမင်း၏

လျှောက်ထားတောင်းပန် ချက်အရ အဘယ်သူ့ကို
တရားဦးဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။
ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဉာဏ် ဣန္ဒြိယပ
ရောပရိယဉာဏ်တော်တို့ဖြင့် ဆင်ခြင်သည်။

ပထမဦးစွာဈာန်လမ်းပြခဲ့ဖူးသော အာဠာရရသေ့
ဆရာကိုမြင်၏ ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီး
ဖြစ်သည် ထိုမှတစ်ဆင့် ဥဒကရသေ့ဆရာကို
မြင်တော်မူလေသည် ဥဒကရသေ့လည်း ကွယ်
လွန်ခဲ့ပြီဖြစ်၏။

ထို့နောက် အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား
တရားဦးဟောကြားရန် ကြည့်တော်မူပြန်သည်။
ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကိုမြင်တော်မူလေသည်

သို့သော်လည်း ထိုရသေ့များထံ ချက်ချင်းမကြွပေ
သုံးရက် သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။
ထို့နောက် ဗာရာဏသီအနီးရှိ မိဂဒါဝုန်တောသို့
ခရီးဆက်တော်မူလေသည်။

အစားနည်းသောအကျင့်မှ များသောအကျင့်သို့
ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင်တော့ဟု
ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထိုကြောင့် ဘုရားလောင်း
အား စွန့်ခွာပြီးဗာရာဏသီ မိဂဒါဝုန်တောသို့
ရောက်ခဲ့ ကြလေသည်။

မြတ်စွာဘုရားကြွလာသည်ကိုပဉ္စဂ္ဂီတို့မြင်ကြ၏
ခရီးဦးမကြို ဝတ်မပြုလိုကြတော့ပေ သို့ရာတွင်
အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်းဝတ်ရုံလျက်
ပင်ဝင်လာတော်မူ၏။

ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ်
ကြည်ညိုဖွယ်ရှိ၏ သို့ဖြစ်ရာ ပဉ္စဂ္ဂီတို့သည် ခရီး
ဦးကြိုကြ၏ ရှိခိုးပူဇော်ကြ၏ နှုတ်ခွန်းဆက်ကြ၏။

အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယဖြစ်၏
ဆည်းဆာညချမ်း ဖြစ်သည်။

သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းပေ၏။
မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏ ဆိတ်ငြိမ်မှုဖြင့်
ပြီးလျက်ရှိ၏ ထိုအခိုက်တွင် မြတ်စွာဘုရားရှင်သည်

ပဉ္စဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်
ထို့နောက် ရဟန်းတို့ ဟု ခေါ်ဝေါ်ကာနှုတ်ခွန်းဆက်
တောျမူုလိုကျ၏။ ဤကား တရားဦးဟောရန်ဖိတ်ခေါ်
သံ အစတည်း။

ပဉ္စဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများဖြစ်ကြသည်
ထို့ပြင် သဒ်ဓါ ဆန္ဒ ဝီရိယ စိတ်ထားပြည့်စုံနေပြီး သူများ
ဖြစ်ကြလေရာ မြတ်စွာဘုရား၏ စကားအစသည် သူတို့၏
နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူ
ကြောင်းမိန့်ကြား၏ တရားနာယူကြရန်လည်း တစ်ဆက်
တည်းတိုက်တွန်း၏ သို့သော်မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာနေကြ၏ မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း ထပ်မံသိစေပြန်၏။

ပြီးမှ တရားဦး ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကို
ဟောကြားတော်မူလေသည် ထိုတရားတော်၏
အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများ
အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌
တည်လေ၏ ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန် ဒေသနာကိုဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော် ( ၁ ) ရက်နေ့၌ အရှင်ဝပ္ပ
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ ( ၃ ) ရက်နေ၌
အရှင်မဟာနာမ် ( ၄ ) ရက်နေ့၌ အရှင်အဿဇိ
တို့သည် အသီးသီး သောတာပန်တည်ကြလေကုန်၏။

ပဉ္စဝဂ္ဂီအားလုံးပင် ဧဟိဘိက္ခု ရဟန်း အဖြစ်ရောက်
ကြလေသည်။ ဝါဆိုလပြည့်ကျော် ( ၅ ) ရက်နေ့တွင်
မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ္တ ကို
ဟောကြားတော်မူခဲ့သည်။

ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်
ထိုနေ့ကို လည်း '' ရဟန္တာ '' ဟု ဗုဒ္ဓဘာသာဝင်တို့
သတ်မှတ်ယူကြကုန်သည်။

ဝါဆိုလပြည့်နေ့ကို တရားဦး '' ဓမ္မစကြာ '' ဟောကြား
သောနေ့ဖြစ်၍ '' ဓမ္မစကြာနေ့ '' ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

#မေတ္တာဖြင့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်

👋 စာပေ Channel လေးပါ 👋

📓 Tele ✓ t.me/sarpay210 📓

2-Wheel နဲ့ 4-Wheel ဘာကွာလဲဆိုတာ?အခြေခံအားဖြင့် ကားတွေမှာ ၂ ဘီးမောင်း နဲ့  ၄ ဘီးမောင်း (2WD/4WD) ဆိုပြီး (၂) မျိုးရှိပါတ...
26/06/2025

2-Wheel နဲ့ 4-Wheel ဘာကွာလဲဆိုတာ?

အခြေခံအားဖြင့်
ကားတွေမှာ ၂ ဘီးမောင်း နဲ့ ၄ ဘီးမောင်း
(2WD/4WD) ဆိုပြီး (၂) မျိုးရှိပါတယ်

Function လုပ်ဆောင်နိုင်စွမ်း
function ကတော့ အသီးသီးရှိကြပါတယ်။

၂ ဘီးမောင်းတွေက ဘီးနှစ်ဘီးကိုသာ အင်ဂျင်နဲ့ ချိတ်ဆက်ထားတာဖြစ်ပြီး

၄ ဘီးမောင်းတွေကတော့ ဘီးလေးဘီးစလုံး ကိုအသုံးပြုပြီး မောင်းနှင်ရပါတယ်။

Types
၂ ဘီးမောင်းယာဉ်တွေကို ရှေ့ယက် နဲ့ နောက်ယက် နှစ်မျိုးခွဲခြားနိုင်ပြီး
ရှေ့ယက်က ရှေ့ဘီး၂ဘီးလည်ပတ်ပြီး မောင်းနှင်ရတာပါ၊
နောက်ယက်ကားတွေကျတော့ အနောက်ဘီး ၂ဘီး နဲ့မောင်းရပါတယ်။

၄ ဘီးမောင်းယာဉ်တွေမှာလည်း
part-time four-wheel drive & full-time four-wheel drive ဆိုပြီး ရှိပါတယ်။
Full-time four-wheel drive ကို all-wheel drive လို့လည်းခေါ်လို့ရပါတယ်။

All-wheel drive ကားတွေဟာ ဘီးလေးဘီးလုံးကို အင်ဂျင်နဲ့ အသေ တွယ် ဆက်ထားတာဖြစ်ပြီး

part-time four-wheel drive တွေက
ဘီးလေးဘီးနဲ့ ဘီးနှစ်ဘီးကို ခလုတ်(သို့မဟုတ်)မောင်းတံလိုမျိုးကို သုံးပြီး
ပြန်ပြောင်း မောင်းနှင်နိုင်ပါတယ်။

Advantages
Driveline တစ်မျိုးစီမှာ ကိုယ်စီ အားသာချက်တွေရှိကြပါတယ်

4wd ကားတွေက နှင်းတောတွေ၊ ရေခဲပြင်တွေ၊ ရွှံ့နွံတွေမှာပါ ရုန်းအား ကောင်းကောင်းနဲ့ မောင်းနှင်နိုင်ပြီး
တောလမ်းတွေ၊ လမ်းကြမ်းတွေ နဲ့
off-road မောင်းမယ့်သူတွေနဲ့ အရမ်းသင့်တော်ပါတယ်

2wd ကားတွေက mechanical စနစ်တွေ ပိုရိုးရှင်းပြီး ပိုပြီး ပေါ့ပါးတယ် lightweight ဖြစ်ပါတယ်
Drivetrain အတွက် overall price အကုန်အကျလည်း ပိုပြီးသက်သာပါတယ်။

Drawbacks
Drive system တစ်ခုချင်းကတော့ အားနည်းချက်တွေလည်း ရှိကြပါတယ်

2wd ကားတွေဟာ တောလမ်းကြမ်းတွေနဲ့ ရွှံ့ထူတဲ့လမ်းတွေမှာ သိပ်မရုန်းနိုင်ပါဘူး ၊
ဘာလို့လဲဆိုတော့ ဘီးနှစ်ဘီးတည်းကပဲ အားထည့်ပြီး steering ရော driving ရော duty နှစ်မျိုးလုပ်ဆောင်ရလို့ပါ

4wd ကားတွေကတော့ အင်ဂျင်နဲ့ လေးဘီးလုံးကို ချိတ်ဆက်ထားတဲ့အတွက်
တပ်ဆင်ထားရတဲ့ စက်ပစ္စည်းတွေပိုများပြီး
အလေးချိန်နဲ့ အကုန်အကျ ပိုများတဲ့အပြင်
တစ်ခုခုပျက်ခဲ့ရင်လည်း ပြင်စရာပိုများပါတယ်

Safety Issues
၂ ဘီးမောင်းနဲ့ ၄ ဘီးမောင်း ရွေးချယ်တော့မယ်ဆိုရင် ကိုယ့်ရဲ့ လုံခြုံမှု ကိုလည်း ထည့်တွက်ပြီးရွေးချယ်သင့်ပါတယ်

တချို့သော ကားကုမ္ပဏီတွေက နောက်ယက်စနစ်နဲ့ မောင်းရတဲ့ 2WD ကားတွေကို များများစားစား မထုတ်ကြပါဘူး...
လူအများကလည်း rear-wheel drive တွေကို
front-wheel drive နဲ့ 4WD ကားတွေလောက် လုံခြုံမှုသိပ်မရှိဘူးလို့ ယူဆကြလို့ပါ

နောက်ပိုင်းမှာတော့ Electronic Traction Control နဲ့ Anti-lock ဘရိတ်တွေကြောင့်
rear-wheel drive ကားတွေက အရင်ကထက်ပိုပြီး စိတ်ချရတယ်လို့ သိရှိရပါတယ်

ဒါပေမယ့် 4WD ကားတွေနဲ့တော့ မယှဉ်နိုင်သေးပါဘူး

4WD တွေဟာ weight လည်းခံနိုင်ပြီး stability ပိုရတော့ ပိုငြိမ်တာမို့ ပိုလည်း safe ဖြစ်ပါတယ်

Credit :;
Credit

မိမိတို့ကားရဲ့ ကာလတန်းဖိုးနှုန်းထားသိစေရန်၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်အတွက်မော်တော်ယာဥ် ဝယ်ယူခြင်း/ ရောင်းချခြင်း တို့အပေါ်အခွန်...
24/06/2025

မိမိတို့ကားရဲ့ ကာလတန်းဖိုးနှုန်းထားသိစေရန်

၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်အတွက်
မော်တော်ယာဥ် ဝယ်ယူခြင်း/ ရောင်းချခြင်း တို့အပေါ်အခွန်စည်းကြပ်ရန် ကာလတန်ဖိုးနှုန်းထားများ
====================
TOYOTA Company မှ ထုတ်လုပ်သော

ALPHARD- MicroBus
MYANMAR- Pickup
ALLION- Saloon
ARISTO- Saloon
AVANZA- StationWagon
AXIO- Saloon
BB- HatchBack
BELTA- Saloon
BREVIC- Saloon
CALDINA- StationWagon
CAMI- StationWagon
CAMRY- Saloon
CELICA- Saloon
CELSIOR- Saloon
CHR- StationWagon
COASTER- Bus

COROLLA- StationWagon/ Saloon

COROLLA CROSS- StationWagon

COROLLA FIELDER- StationWagon

CORSA- Saloon

CROWN- Saloon

CRESTA- Saloon

CYGNUS- StationWagon
DA80- Bus

DYNA- Truck/ LightTruck/ Bu280/ DumpTruck/ Pickup/ 1-2 Tons 10Ft 14Ft

ESTIMA- MicroBus/ MiniVan
FORTUNER- StationWagon
GRAND HIACE- Micro Bus

HARRIER- SUV/ StationWagon

HIACE- Pickup/ MiniBus/ MicroBus/ DeliveryVan

HIACE KDH- MicroBus/ MiniBus/ DeliveryVan

HILUX- Pickup/ Vigo/ StationWagon

HILUX SURF- StationWagon

HILIX TIGER- DoubleCab/ ExtraCab

HILUX VIGO- Pickup

INNOVA- StationWagon
IPSUM- StationWagon
IQ.KGF- HatchBack

ISUZU- Van/ StationWagon

KLUGER- Van/ StationWagon/ HatchBack

LAND CRUSIER- StationWagon/ Pickup

LANDCRUSIER PRADO- SW

LEXUS- SW

LIGHT TRUCK- 1 Tons/ 2 Tons

LIGHT ACE- Pickup/ Van/ DeliveryVan

MAJESTA- Saloon

MARK II- Saloon/ SW

MARK X- Saloon

NOAH- MiniVan/ MicroBus

PASSO- HatchBack

PASSO SETTE- HatchBack

PIXIS- Pickup

PREMO- Saloon

PROBOX- SW

RACTRS- HatchBack

RAV 4- SW
SERA- SW
SUCCEED- SW

SUPER CUSTOM- MicroBus

TOWNACE- Light Truck/ Pickup/ VAN/ DeliveryVan

TOYOACE- Light Truck

VANGUARD- SW

VISO- Saloon

VITZ- HatchBack

WISH- SW

ကားများ၏ ရာဖြတ်တန်ဖိုးနှုန်းထားများ
(6-6-2025 ထိပြင်ဆင်ပြီး)
----------------------------------------

ဖော်ပြပါမော်တော်ယာဥ်ကားများကို
ဝယ်ယူပြီး အမည်ပြောင်းလျှောက်ထားရာတွင် ဝယ်ယူသည့် ဝင်ငွေကို
ဝင်ငွေရလမ်း တင်ပြနိုင်ပါက
အဆိုပါဝင်ငွေကို နုတ်ပယ်ပြီး
ကျန်ဝင်ငွေ အပေါ်တွင် လည်းကောင်း
ဝင်ငွေရလမ်းတင်ပြနိုင်ခြင်း
မရှိပါက သတ်မှတ်ကာလတန်ဖိုး
ရာဖြတ်နှုန်းထားများအပေါ်
အောက်ပါ အခွန်နှုန်းထားအတိုင်း
ဝင်ငွေခွန် ပေးဆောင်ရပါမည်-
***************************

၁ ကျပ်မှ သိန်း ၃၀၀၀ ထိ ၃%

သိန်း ၃၀၀၁ ကျပ်မှ သိန်း ၆၀၀၀ ထိ ၅%

သိန်း ၆၀၀၁ ကျပ်မှ သိန်း ၁၀,၀၀၀ ထိ ၁၀%

သိန်း ၁၀၀၀၁ ကျပ်မှ သိန်း ၃၀၀၀၀ ထိ ၁၅%

သိန်း ၃၀၀၀၁ ကျပ်နှင့်အထက် ၃၀%

--------------
မော်တော်ယာဥ်ကား ရောင်းချသူအနေဖြင့် အခြေပစ္စည်းမှမြတ်စွန်းငွေ ခေါင်းစဥ်ဖြင့် မြတ်စွန်းသည့် အသားတင်အမြတ်ငွေ
(Nrt Profit) အပေါ် ၁၀ %
အခွန်ပေးဆောင်ရပါမယ်

👇👇👇👇👇
Crd Myanmar Tax Knowledge Sharing

Š Original Uploader

Sold out 🍀
12/06/2025

Sold out 🍀

For Sale 🔥🔥🔥အတွင်းခန်းကျယ်ကျယ်နဲ့Model မြင့်မြင့်နံပါတ်မြင့်မြင့်Toyota BB DJ Version YGNလိုင်စင်ကားကောင်းလေးတစီးထပ်မံရေ...
09/06/2025

For Sale 🔥🔥🔥

အတွင်းခန်းကျယ်ကျယ်နဲ့

Model မြင့်မြင့်နံပါတ်မြင့်မြင့်

Toyota BB DJ Version YGNလိုင်စင်

ကားကောင်းလေးတစီးထပ်မံ

ရောင်းချပေးပါ့မယ်ခင်ဗျာ🚘🚘🚘

🔥Toyota BB 2011🔥

🔥Grade DJ Version Full Grade 🔥

🔥Number (9G*555)(နံပါတ်အလှ)YGN

🔥Engine Power 1.3 (1300)Cc🔥

🔥Colour Super Black 🔥

🔥Ac Good Engine Good 🔥

🔥 No Error🔥

🔥 TV Back Cam Staring Volume 🔥

🔥GradeDJ Version Full Grade🔥

🔥New Type With Alloys Wheels 🔥

🔥Price / 715(Little Nego)🔥

🔥အရစ်ကျ /အလဲအထပ်(725)🔥

ကားအလဲအထပ်/ငွေကျန်/

အရစ်ကျ၁နှစ် ၂နှစ် ၃နှစ်အထိကားများကို

မိတ်ဆွေများစိတ်တိုင်းကျဝယ်ယူရရှိနိုင်ပါသည်

09975800887


Address

No 1040, Yazadirit Street , 41 Award , North Dagon
Yangon

Website

Alerts

Be the first to know and let us send you an email when NNN Automotive posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share