20/07/2026
ပျစ်ပျစ်လေးလား? ကျဲကျဲလေးလား? ဘယ်ဟာကို ဘယ်မှာသုံးကြမလဲ?
ဆိုတော့ကာ ကားချစ်သူတိုင်း အင်ဂျင်ဝိုင်ဝယ်တဲ့အခါမှာ ဘူးခွံတွေပေါ်မှာ 0W-20, 5W-30, 15W-40, 20W-50 စတဲ့ နံပါတ်လေးတွေကို အားလုံး သတိထားမိကြမယ်ထင်ပါတယ်။
တကယ်တော့ ဒီနံပါတ်တွေက အင်ဂျင်ဝိုင်ရဲ့ အပျစ်အကျဲ ကို ကိုယ်စားပြုတာဖြစ်ပြီး ကိုယ့်ကားအင်ဂျင် အခြေအနေပေါ်မူတည်ပြီး မှန်ကန်စွာ ရွေးချယ်ဖို့ အရမ်းအရေးကြီးပါတယ်။
ဒါဆိုရင် ဆီအပျစ်နဲ့ အကျဲ ဘာကွာလဲ? ဘယ်နေရာတွေမှာ သုံးသင့်လဲဆို
ဆီအကျဲ (ဥပမာ - 0W-20, 5W-30, 10W-30)
ဆီအကျဲတွေကို အဓိကအားဖြင့် ကားသစ်တွေနဲ့ အင်ဂျင်သက်တမ်းနုသေးတဲ့ ကားတွေမှာ အသုံးပြုကြပါတယ်။ အင်ဂျင်အသစ်တွေမှာ အစိတ်အပိုင်းတွေကြား ကွာဟချက် အရမ်းကျဉ်းမြောင်းတဲ့အတွက် ဆီအကျဲကသာ အင်ဂျင်နေရာအနှံ့ကို အလွယ်တကူနဲ့ မြန်မြန်ဆန်ဆန် စီးဆင်းနိုင်ပြီး အားသာချက်အနေနဲ့ ဆီစားနှုန်းကို သက်သာစေပါတယ်။
ဆီအပျစ် (ဥပမာ - 15W-40, 20W-50)
ဆီအပျစ်တွေကိုတော့ ကီလိုမီတာ အရမ်းများနေတဲ့ ကားဟောင်းတွေ၊ ခရီးဝေးအမြဲပြေးရတဲ့ ကားတွေ၊ အလေးချိန်များများသယ်ရတဲ့ ကုန်တင်ကားကြီးတွေနဲ့ မီးစက်တွေမှာ အဓိကထား အသုံးပြုလေ့ရှိပါတယ်။ ဒီလို အခြေအနေတွေမှာ ဆီအပျစ်ကို သုံးပေးခြင်းအားဖြင့် အင်ဂျင်သံဆူညံတာတွေ၊ အင်ဂျင်ဝိုင် ခမ်းတာနဲ့ ယိုစိမ့်တာတွေကိုပါ လျှော့ချပေးနိုင်ပါတယ်။
အခုလောက်ဆို ဘယ်ဟာကို ဘယ်မှာသုံးရမလဲ သေချာသိသွားပြီဆိုတော့. . .
မိတ်ဆွေတို့ရဲ့ ကားအင်ဂျင်အတွက် အကောင်းဆုံး စွမ်းဆောင်ရည်နဲ့ အပြည့်ဝဆုံး ကာကွယ်မှုကို လိုချင်ပါတယ်ဆိုရင်တော့ ဂျပန်နိုင်ငံထုတ် 𝗧𝗼𝘁𝗮𝗰𝗵𝗶 အင်ဂျင်ဝိုင်တွေကိုသာ ယုံကြည်စိတ်ချစွာ ရွေးချယ်လိုက်တော့ဗျာ။
🏢 Address - No(22)၊ Malikha street၊ (Near BOC Surrounded ) , Hlaing Thar ya Township၊ Yangon,Myanmar,