101 PRO-Auto Detailing & Accessories

101 PRO-Auto Detailing & Accessories Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 101 PRO-Auto Detailing & Accessories, Automotive, aircraft & boat, Thaton.

💥 EVတာယာအသစ် အရမ်း‌ေစျးကြီးတယ်အော်နေကြလို့💥 ကျွန်တော်တို့ 101proမှာ ဈေးတန်တန်လေး ရောင်းပေးမယ်🔥👉ရှိသလောက်အကုန်ရောင်းပေးမယ...
03/09/2026

💥 EVတာယာအသစ် အရမ်း‌ေစျးကြီးတယ်အော်နေကြလို့💥

ကျွန်တော်တို့ 101proမှာ ဈေးတန်တန်လေး ရောင်းပေးမယ်🔥
👉ရှိသလောက်အကုန်ရောင်းပေးမယ်းးးး‌ေငွကြိုလွှဲရန်မလို ဦးသူယူပါ

👉EVတာယာအသစ်၁လုံး ၃သိန်းနဲ့ပဲကျမယ် 👌၄လုံး၁စုံမှ၁၂သိန်း
EVတာယာ
EV 16ဂွေဆိုဒ် ၄လုံး ၁စုံယူပေးရပါမယ် 2026ဒိတ်👌

205/55R16
NAZZ made in Vietnam 2026

👉101PRO ဆိုင်လိပ်စာ - ခြံအမှတ်၂၀၀ , မင်းလမ်း (ရန်ကုန် မော်လမြိုင်လမ်းမကြီးပေါ်) တမံကြီးရပ် ကျိုက်ကော်(သုဝဏ္ဏဝတီမြို့) သထုံမြို့နယ်
ဆိုင်ဖုန်း - ၀၉ ၇၆၇ ၅၆၁ ၄၄၉

31/08/2026

ရန်ကုန် မော်လမြိုင်လမ်းပေါ် လက်ရှိလမ်းတွေမကောင်းတော့ တာယာတွေခနခနကွဲကြတယ်.. တစ်ရက် တစ်ရက် မိုးလင်းကနေ မိုးချုပ်အထိ ရောက်လာကြတာ အစီးရေမနည်းပါ
အချို့ ကျွန်တော့ဆိုင်မှာပစ္စည်းပြတ်သွားတဲ့ တာယာတွေ ဖြစ်တဲ့နေရာနဲ့ နီးစပ်ရာ ရင်းနှီးရာ ညွန်ပေးမိတယ်.. ဈေးတွေမတန်တဆတောင်းတယ်တဲ့ ပြန်ကြားရပါတယ်..
ညဘက်သွားဝယ်မိတာ "ဒီဘက်မှာ ၂သိန်းခွဲလောက်ပဲပေါက်တဲ့တာယာကို ရန်ကုန်ဈေး၃သိန်းခွဲလောက်တောင်းကြတယ်တဲ့..၄သိန်းလောက်တန်တဲ့တာယာကို ၆သိန်းတောင်းတယ်တဲ့ " မလဲရင်မရလို့သာဝယ်လာကြတာ ဘယ်သူမှ စိတ်မချမ်းသာကြပါဘူး
တန်ရာတန်ကြေးနဲ့ ရောင်း ရင်လည်း အမြတ်ရပါတယ်ဗျ ကျွန်တော့ဆိုင်မှာ ဘယ်သူလာမေမေး ဘယ်အချိန်လာမေးမေး ကာလပေါက်ဈေးနဲ့တစ်ဈေးတည်းပဲရောင်းပါတယ် ဝယ်ဖူးသူတိုင်းသိပါတယ်
မတော်လောဘတွေတက်ပြီး ရောင်းမယ်ဆို တစ်ခါတော့ မလဲမဖြစ်မို့ ဝယ်မယ် နောက်ဘယ်တော့မှ ဖောက်သည်အမှန် ကိုယ်ဆီပြန်မလာတော့ပါဘူး.. ကျွန်တော်တို့လည်းထပ်မညွှန်ပေးချင်တော့ပါဘူး
အသိ သတိလေးနဲ့ ကိုယ်ချင်းစာတရားနဲ့စီးပွားရှာရင်လည်း စီးပွားဖြစ်ပါတယ်.. တစ်ခါစားလုပ်လို့မရပါဘူး ကျွန်တော်တို့လည်း ထမင်းကို သေတဲ့အထိစားကြရမှာပါ ၊..

💥ရန်ကုန်မှ မော်လမြိုင်/ဘားအံ လာကြမဲ့ ကားပိုင်ရှင်များ        သတိထားကြဖို့ ထပ်မံအသိပေးပါတယ်..💥   ဒီ‌ေန့မနက်တင် ကျွန်တော်တ...
30/08/2026

💥ရန်ကုန်မှ မော်လမြိုင်/ဘားအံ လာကြမဲ့ ကားပိုင်ရှင်များ သတိထားကြဖို့ ထပ်မံအသိပေးပါတယ်..💥
ဒီ‌ေန့မနက်တင် ကျွန်တော်တို့တာယာဆိုင်မှာ ဂျိုင့်‌ေဆာင့်လို့ ဂွေလိမ် တာယာကွဲဖြစ်ပြီး တာယာနဲ့ ဂွေ လာဝယ်လဲကြတာကား8စီး ရှိပါပြီ တစ်ပတ်အတွင်း ဂျိုင့်‌ေဆာင့်လို့ လာတဲ့ကားအစီး‌ေရသက်သက်အစီးး ၃၀ကျော်ပါပြီ
ကားဆရာတွေ ပြောစကားအရ" ဂျိုင့်ကအတော်နက်ပြီး ရေဖုံးနေတဲ့အတွက်မမြင်ရဘူး တာယာကွဲလို့ ကားစပယ်ယာဖြုတ်လဲနေတုန်း ဂျိုင့်ဆောင့်ထပ်ကွဲတာ ‌မျက်စိ‌ေရှ့တင် ၆စီးဆက်တိုက်ရှိတယ်"တဲ့

လမ်းတောက်လျှောက် ဂျိုင့်‌ေတွလည်းတော်တော်နက်ပါတယ်တဲ့ အထူးသတိထားကြပါ ခရီးသွား ကားဆရာများ
👉 အဖြစ်များတဲ့နေရာက ရန်ကုန်က လာရင် ကျိုက်ထိုမြို့ရှောင်လမ်းအထွက်လမ်းပေါ်နဲ့ ဘီးလင်း ကျုံအိပ်တံတား မရောက်ခင်လမ်းကွေ့ အထူးသတိထားကြပါ
လမ်းတွေပျက်စီးနေတဲ့အတွက် မိုးရွာချိန်နဲ့ ညဘက်တွေမှာ ပိုဂရုစိုက်အရှိန်လျှော့မောင်းနှင်ကြပါ ခရီးသွာများအားလုံးဘေးကင်းကြပါစေဗျ..🙏

💥 " 101PRO ရဲ့  Outdoor serviceနဲ့ Jetour T2 "💥   Services -  polish & coating  Used by Chemical guys (USA) Coating - Ca...
26/08/2026

💥 " 101PRO ရဲ့ Outdoor serviceနဲ့ Jetour T2 "💥

Services - polish & coating
Used by Chemical guys (USA)
Coating - Car pro (Korea) CQ.UK 3.0

Thanks for choosing us 😍
👉101PRO ဆိုင်လိပ်စာ - ခြံအမှတ်၂၀၀ , မင်းလမ်း (ကျိုက်ကော်လမ်းမကြီးပေါ်) တမံကြီးရပ် ကျိုက်ကော်(သုဝဏ္ဏဝတီမြို့) သထုံမြို့နယ်
ဆိုင်ဖုန်း - ၀၉ ၇၆၇ ၅၆၁ ၄၄၉

💥ဒီရက်ပိုင်း ကျွန်တော်တို့တာယာဆိုင်မှာ လမ်းဂျိုင့်ဆောင့် ကားတာယာကွဲ/ပွင့်ထွက်လို့ ရောက်လာတဲ့ နယ်ဝေးကားတွေ တောက်လျှောက်မျ...
22/08/2026

💥ဒီရက်ပိုင်း ကျွန်တော်တို့တာယာဆိုင်မှာ လမ်းဂျိုင့်ဆောင့် ကားတာယာကွဲ/ပွင့်ထွက်လို့ ရောက်လာတဲ့ နယ်ဝေးကားတွေ တောက်လျှောက်များပြားလာတဲ့အတွက်
" ဒီရက်ပိုင်း ရန်ကုန်ကလာကြမဲ့ ခရီးသွားကားဆရာတွေအနေနဲ့
"ကျိုက်ထို မြို့ရှောင်လမ်းအကျော် ကနေ ဘီးလင်းကျံုအိပ်တံတားအလွန်အထိလမ်းတလျှောက် ရေဖုံးနေတဲ့ ဂျိုင့်ကြီးကြီးတွေအများအပြား ရှိနေသေးတာမို့
မိုးသည်းချိန်နဲ့ ညဘက်‌ေတွမှာ အထူးဂရုစိုက် သွားလာကြဖို့ အသိပေးလိုပါတယ်...
ခရီးသွားကားများအားလုံးလမ်းခရီးမှာဘေးကင်းစွာ လိုရာခရီးရောက်ကြပါစေ..


101 တာယာ ဆိုင်လိပ်စာ
ခြံအမှတ်၂၀၀ , မင်းလမ်း (ကျိုက်ကော်လမ်းမကြီးပေါ်) တမံကြီးရပ် ကျိုက်ကော်(သုဝဏ္ဏဝတီမြို့) သထုံမြို့နယ်

101PRO ဆိုင်ဖုန်း
09767561449

ရပ်ဝေးမှ ကားတာယာမှာယူကြတဲ့ မိတ်ဆွေများ ကျိုက်ကော် ကားဂိတ်ချ ငွေချေစနစ်နဲ့ပဲ ရပါမယ်ခင်ဗျ    မိမိတို့ကိုယ်တိုင် ကားသမား or...
19/08/2026

ရပ်ဝေးမှ ကားတာယာမှာယူကြတဲ့ မိတ်ဆွေများ ကျိုက်ကော် ကားဂိတ်ချ ငွေချေစနစ်နဲ့ပဲ ရပါမယ်ခင်ဗျ
မိမိတို့ကိုယ်တိုင် ကားသမား or ကားဂိတ် နဲ့လည်းချိတ်ဆက်ပြီးဝယ်ယူနိုင်ပါတယ်ခင်ဗျ (ကျွန်တော်တို့ဆိုင်အနေနဲ့ ကတော့ နယ်ဝေးပို့အစီအစဉ် ခတ္တရပ်နားထားပါတယ်ခင်ဗျ)
ရပ်နီးရပ်ဝေးမှ အမြဲအားပေးကြတဲ့ တစ်ဦးချင်းစီတိုင်းကို 101proမိသားစုမှ ကျေးဇူးအထူးတင်ပါတယ်ဗျ😍🙏🙏🙏

EVကားတစ်စီး ဘီးလင်းကျံုအိပ်တံတားနားမှာ ညဘက် ဂျိုင့်ဆောင့်တာယာပွင့်ထွက်ပြီး အနားပတ်ဝန်းကျင်တာယာဝယ်မရ  ဖြုတ်စရာ ဂျိုင့်ဂွလ...
31/07/2026

EVကားတစ်စီး ဘီးလင်းကျံုအိပ်တံတားနားမှာ ညဘက် ဂျိုင့်ဆောင့်တာယာပွင့်ထွက်ပြီး အနားပတ်ဝန်းကျင်တာယာဝယ်မရ ဖြုတ်စရာ ဂျိုင့်ဂွလည်းမပါ မနက်ထိစောင့်ပြီး ကျိုက်ကော် 101တာယာဆိုင်အထိ လာအကူအညီတောင်းလို့ တံတား စစ်ဆေးရေးဂိတ်နားမှာမို့ (ကိုယ်ချင်းစာလို့ ) လိုက်ကူညီပေးလိုက်ပါတယ် (ပုံမှန်ဆို အဝေး မလိုက်ပါ)
ခရီးသွားများအနေနဲ့ ခရီးမထွက်ခင် ကားတာယာကြံခိုင်မှုကိုသေချာစစ်ဆေးဖို့လိုပါတယ် အရေးပေါ်အတွက် စပယ်ယာဘီးနဲ့ဂျိုင့်ဂွသေချာထည့်ထားသင့်ပါတယ်
EVတွေမှာTire pressure sensor ပါတဲ့အတွက် sensorမထိအောင် လည်း အထူးသတိထားဖို့လိုပါတယ် EVကားတာယာပွင့်ထွက်ချိန် ဆက်မောင်းမိလျှင် Tire pressure sensor ပျက်စီးတတ်ပါတယ်
ခရီးသွားများအားလုံး ဘေးကင်းကြပါစေ

💥 101တာယာဆိုင်ရဲ့အမာခံ "ပဲခူး-ဘားအံကားဆရာကြီးတွေ"ရောက်သမျှ မလောက်အောင်အားပေးကြမ်းကြတယ်😁😍ရန်ကုန် မော်လမြိုင်ကားလမ်းပေါ်အမ...
17/07/2026

💥 101တာယာဆိုင်ရဲ့အမာခံ "ပဲခူး-ဘားအံကားဆရာကြီးတွေ"
ရောက်သမျှ မလောက်အောင်အားပေးကြမ်းကြတယ်😁

😍ရန်ကုန် မော်လမြိုင်ကားလမ်းပေါ်အမြဲပြေးဆွဲနေတဲ့ ခရီးသည်တင် ကားဆရာတွေအတွက်အထူးဈေးနှုန်းတွေနဲ့ အမြဲဝန်ဆောင်မှုပေးနေဆဲပါ..🥰👌
ပစ္စည်းမှန် ဈေးမှန်တယ်ဆိုပြီး တစ်ဦးနဲ့တစ်ဦးလမ်းညွန်အားပေးကြတဲ့ ကားပိုင်ရှင်ညီအကိုတွေလည်း စီးပွားရေးတွေ ဒီရေအလားတိုးတက်ကြပါစေဗျ😍🙏🙏🙏

👉101 တာယာ ဆိုင်လိပ်စာ
ခြံအမှတ်၂၀၀ , မင်းလမ်း (ကျိုက်ကော်လမ်းမကြီးပေါ်) တမံကြီးရပ် ကျိုက်ကော်(သုဝဏ္ဏဝတီမြို့) သထုံမြို့နယ်

101PRO ဆိုင်ဖုန်း
09767561449

👉ဘယ်လောက်‌ညစ်ညစ် 101PROရောက်ရင်                       အကုန်အသစ် ပြန်ဖြစ်စေရမယ်😁😍ချစ်ခင်ယုံကြည်စွာအမြဲအားပေးကြတဲ့ တစ်ဦးချ...
15/07/2026

👉ဘယ်လောက်‌ညစ်ညစ် 101PROရောက်ရင်
အကုန်အသစ် ပြန်ဖြစ်စေရမယ်😁😍

ချစ်ခင်ယုံကြည်စွာအမြဲအားပေးကြတဲ့ တစ်ဦးချင်းစီတိုင်းကို 101PROမိသားစုမှ ကျေးဇူးအထူးတင်ရှိပါတယ်🙏🙏🙏

💥" polish &Coating ကား/ဆိုင်ကယ်များပြန်လက်ခံပါမည်"💥ဝန်ထမ်းအင်အားနဲ့ချိန်ပြီးလက်ခံပေးရတာဖြစ်တဲ့အတွက် ရက်ချိန်းကြိုယူခြင်း...
15/07/2026

💥" polish &Coating ကား/ဆိုင်ကယ်များပြန်လက်ခံပါမည်"💥

ဝန်ထမ်းအင်အားနဲ့ချိန်ပြီးလက်ခံပေးရတာဖြစ်တဲ့အတွက် ရက်ချိန်းကြိုယူခြင်းဖြင့်ကူညီပေးကြပါ🙏


ချစ်ခင်ယုံကြည်စွာအမြဲမပြတ်အားပေးကြတဲ့ customer တစ်ဦးချင်းစီးတိုင်းကို 101PRO မိသားစုမှ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ😍🙏🙏🙏



101 Pro Auto Detailing & Accessories

👉101PRO ဆိုင်လိပ်စာ
ခြံအမှတ်၂၀၀ , မင်းလမ်း (ကျိုက်ကော်လမ်းမကြီးပေါ်) တမံကြီးရပ် ကျိုက်ကော်(သုဝဏ္ဏဝတီမြို့) သထုံမြို့နယ်

101PRO ဆိုင်ဖုန်း
09767561449

Address

Thaton

Website

Alerts

Be the first to know and let us send you an email when 101 PRO-Auto Detailing & Accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share