GS Battery Myanmar

GS Battery Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GS Battery Myanmar, Automotive Parts Store, Lot No. BC-6, Industrial Area, Zone B, Thilawa Special Economic Zone, Thanlyin.
(1)

Siam GS battery is the pioneer battery manufacturer in Thailand over 50 years that certified ISO 9001 / IATF 16949 which well accepted in the automotive manufacturing standard both Japanese or European maker.

27/08/2026

အိမ်သုံး ဘက်ထရီလေးတွေ သက်တမ်းမပြည့်ခင် ပျက်သွားမှာ စိတ်ပူနေလား?

24/08/2026

Dance With me GS Battery

19/08/2026

ရိုးရိုးရေ နဲ့ Distilled Water က ဘာကွာလဲ?

💥 ဒီအမှား (၃) ခုကို မပြင်သရွေ့တော့...  ဘယ်လောက်ကောင်းတဲ့ ဘက်ထရီပဲဝယ်ဝယ် ကြာရှည် မခံပါဘူး 💥ဘက်ထရီအကောင်းစားကြီး ဝယ်ထားတာပ...
15/08/2026

💥 ဒီအမှား (၃) ခုကို မပြင်သရွေ့တော့... ဘယ်လောက်ကောင်းတဲ့ ဘက်ထရီပဲဝယ်ဝယ် ကြာရှည် မခံပါဘူး 💥
ဘက်ထရီအကောင်းစားကြီး ဝယ်ထားတာပဲ... ဘာလို့ ခဏခဏ ပျက်နေရတာလဲလို့ စိတ်ညစ်ဖူးကြမှာပါ။ တကယ်တော့ ပြဿနာက ဘက်ထရီကြောင့်မဟုတ်ဘဲ ကျွန်တော်တို့ နေ့စဉ်ပြုလုပ်မိနေတဲ့ အလေ့အကျင့်အမှားတွေကြောင့် ဖြစ်နေတတ်တာကို သတိမထားမိကြပါဘူး။
အခုပြောပြမယ့် အလေ့အကျင့်ဆိုး (၃) ခုကိုသာ မပြင်နိုင်ရင်တော့ ဘက်ထရီဟာ သက်တမ်းအပြည့် ခံမှာမဟုတ်ပါဘူးခင်ဗျာ 🎯
❌ အားလုံးဝကုန်သွားမှ အားပြန်သွင်းခြင်း
ဘက်ထရီကို အားလုံးဝမကျန်တော့ဘဲ (၀%) ထိ ကုန်သွားအောင် သုံးပြီးမှ အားပြန်သွင်းတာဟာ ဘက်ထရီရဲ့ အတွင်းပိုင်း ဆဲလ် (Cells) တွေကို အမြန်ဆုံး ပျက်စီးစေတဲ့ နည်းလမ်းပါပဲ
❌ အားတစ်ဝက်တစ်ပျက်နဲ့ပဲ အမြဲယူသုံးခြင်း အားသွင်းတဲ့အခါ အားပြည့်အောင် စိတ်ရှည်ရှည် မစောင့်ဘဲ တစ်ဝက်တပြည့်နဲ့တင် ခဏခဏ ဖြုတ်သုံးမယ်ဆိုရင် ဘက်ထရီအတွင်းထဲမှာ ခဲဓာတ်ဆားပွင့်ခြင်း ဖြစ်ပေါ်စေပြီး အားသိုလှောင်နိုင်စွမ်း တဖြည်းဖြည်း ပျောက်ဆုံးသွားပါလိမ့်မယ်
❌ ပုံမှန်စစ်ဆေးထိန်းသိမ်းမှု လုံးဝမလုပ်ခြင်း အသုံးမပြုဘဲ ပစ်ထားတာမျိုးဟာ အဆိုးဆုံးပါပဲ။ ဘက်ထရီရဲ့ အားထုတ်သုံးစွဲမှုအပေါ် မူတည်ပြီး မကြာခဏ ပုံမှန်စစ်ဆေးပေးတာမျိုး မလုပ်ရင် ဘက်ထရီ ချို့ယွင်းချက်တွေကို ကြိုတင်မသိနိုင်ဘဲ ရုတ်တရက် အိုးပျက်စီးသွားတတ်ပါတယ်
ဒီအမှား (၃) ခုကို အမြန်ဆုံး ရှောင်ကြဉ်ပြီး စနစ်တကျ အသုံးပြုမယ်ဆိုရင် ဘက်ထရီကို ငွေကုန်ကြေးကျ သက်သာပြီး နှစ်ပေါင်းများစွာ အားကောင်းမွန်စွာနဲ့ ကြာရှည်အသုံးခံစေမှာဖြစ်ပါတယ်။

စက်ရုံက ထွက်လာကတည်းက အားအပြည့် ပါတယ်ဆိုတာ တကယ်လား?ဘက်ထရီအသစ်ဝယ်ခါနီးရင် "ဒီအိုးက စက်ရုံကတည်းက အားသွင်းပြီးသား၊ တန်းသုံးရ...
09/08/2026

စက်ရုံက ထွက်လာကတည်းက အားအပြည့် ပါတယ်ဆိုတာ တကယ်လား?

ဘက်ထရီအသစ်ဝယ်ခါနီးရင် "ဒီအိုးက စက်ရုံကတည်းက အားသွင်းပြီးသား၊ တန်းသုံးရုံပဲ" ဆိုတဲ့ စကားမျိုးကို ကြားဖူးကြမှာပါ။ ဒါပေမဲ့ ဒါက တကယ်ကော ဟုတ်ရဲ့လား၊ ဝယ်ပြီးတာနဲ့ တန်းသုံးရင် ဘက်ထရီ ထိခိုက်နိုင်မလားဆိုတာ GS Battery မဝယ်ခင် ဒါလေး အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေခင်ဗျာ 👀

စက်ရုံထုတ် ဘက်ထရီအသစ်တွေက တကယ်ပဲ အားအပြည့် (၁၀၀%) ပါတာလား?"
လူအများစုက Ready to Use ဆိုတာနဲ့ စက်ရုံကထွက်ကတည်းက အပြည့်အဝ အားဖြည့်ထားပြီးသားမို့ ဘာမှလုပ်စရာမလိုဘူးလို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ ဒါဟာ တကယ့်အမှန်တရား မဟုတ်ပါဘူးခင်ဗျာ။ ❌
ဘက်ထရီကို ဆိုင်ကနေ ဝယ်ယူပြီးပြီးချင်း အသုံးမပြုခင်မှာ အားအပြည့်ပြန်သွင်းပေးဖို့လိုအပ်ပါတယ်။ ဘက်ထရီမဝယ်ခင် ဒီ အချက်လေးကို သတိပြုပြီး ဝယ်ယူပြီးတဲ့အခါမှာလည်း အားအပြည့်သွင်းပြီးမှ စိတ်ချလက်ချ အသုံးပြု ကြမှ Battery သက်တမ်းပြည့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Quality ပိုင်းမှာစိတ်ချရတဲ့ ဘက်ထရီကိုမှ အသုံးပြုချင်တဲ့ မိတ်‌ဆွေများ အတွက် GS Battery ရှိပါတယ်ခင်ဗျာ။

04/08/2026

GS Battery - Unstoppable Energy

Battery အိုးတစ်လုံးရဲ့ အတွင်းဟာ ဘယ်လိုဖွဲ့စည်းထားတာလဲ?အပြင်ပန်းကကြည့်ရင်တော့ သာမန်လို့ ထင်ရပေမယ့် ဘက်ထရီအိုးတစ်လုံးထဲမှာ...
01/08/2026

Battery အိုးတစ်လုံးရဲ့ အတွင်းဟာ ဘယ်လိုဖွဲ့စည်းထားတာလဲ?

အပြင်ပန်းကကြည့်ရင်တော့ သာမန်လို့ ထင်ရပေမယ့် ဘက်ထရီအိုးတစ်လုံးထဲမှာ စွမ်းအင်တွေအများကြီး ထုတ်ပေးနိုင်ဖို့ ဘယ်လိုအရာတွေ စုစည်းတည်ဆောက်ထားလဲ ဆိုတာစဉ်းစားကြည့်ဖူးပါသလား? 💭
ဘက်ထရီဆိုတာ ဓာတုစွမ်းအင်ကနေ လျှပ်စစ်စွမ်းအင်ကို ပြောင်းလဲပေးတဲ့ နည်းပညာတစ်ခုပါ။ ကျွန်တော်တို့ ပုံမှန်မြင်တွေ့နေရတဲ့ ပုံထဲကအတိုင်း ဘက်ထရီအိုးတစ်လုံးဖြစ်လာဖို့ အတွင်းပိုင်းမှာ မရှိမဖြစ် အရေးကြီးတဲ့ အစိတ်အပိုင်းပေါင်းများစွာနဲ့ စနစ်တကျ အလွှာလိုက် ဖွဲ့စည်းထားတာ ဖြစ်ပါတယ် 🎯
♻️ Positive Plate (+) နှင့် Negative Plate (-) ဘက်ထရီရဲ့ နှလုံးသားလို့ ပြောလို့ရတဲ့ အဖိုခဲပြား (Positive Plate) နဲ့ အမခဲပြား (Negative Plate) တွေ ဖြစ်ပါတယ်။ ဒီခဲပြားတွေကြားထဲမှာ လျှပ်စစ်ဓာတ်ပြုမှုတွေ စဉ်ဆက်မပြတ် ဖြစ်ပေါ်ပြီး စွမ်းအင်တွေကို သိုလှောင်၊ ထုတ်လွှတ် ပေးတာပါ။
♻️ Separator နှင့် Fiber Glass အဖိုခဲပြားနဲ့ အမခဲပြားတွေ တိုက်ရိုက်ထိမိပြီး Short မဖြစ်သွားစေဖို့ ကြားထဲကနေ သေချာခြားနားပေးထားတဲ့ Separator အလွှာနဲ့ အကြမ်းခံ Fiber Glass တို့ ပါဝင်ပါတယ်။
♻️ Strap အတွင်းပိုင်း ခဲပြားအုပ်စုတွေကို တစ်ခုနဲ့တစ်ခု စနစ်တကျ စီးဆင်းမှု ချိတ်ဆက်ပေးထားတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။
♻️ Container နှင့် Cover အတွင်းက အက်ဆစ်ရည်တွေ ယိုစိမ့်မသွားအောင် အကြမ်းခံ ပလတ်စတစ် Container တွေနဲ့ ထည့်သွင်းတည်ဆောက်ထားတာပါ။ ဘေးပတ်ပတ်လည်မှာလည်း Acid ရေပမာဏကို ကြည့်နိုင်ဖို့ Upper Level နဲ့ Lower Level အမှတ်အသားတွေ ပါဝင်ပါတယ်။
♻️ Terminal (+) / (-) ဘက်ထရီရဲ့ မျက်နှာပြင်မှာရှိပြီး အပြင်က စက်ပစ္စည်းတွေဆီ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ပေးမယ့် ခဲငုတ်တွေ ဖြစ်ပါတယ်။

ကဲ..အခုလောက်ဆိုရင် ဘထရီအတွင်းပိုင်းမှာဘယ်လိုတည်ဆောက်ထားလဲဆိုပြီး စဉ်းစားဖူးတဲ့သူတွေအတွက် အတွင်းပိုင်း ဖွဲ့စည်းပုံ နည်းပညာစနစ်တစ်ခုချင်းစီကိုရှင်းပြပေးလိုက်ပါပြီခင်ဗျာ။ အဆင့်မြင့် စက်ရုံထုတ်စံချိန်စံညွှန်းတွေနဲ့ တိတိကျကျ တည်ဆောက်ထားလို့ပဲ GS Battery တွေဟာ အကြမ်းဆုံး လုပ်ငန်းခွင်တွေမှာပါ သက်တမ်းကြာရှည်စွာနဲ့ စွမ်းအားအပြည့် ပေးနိုင်တာ ဖြစ်ပါတယ် ⚡
❝စွမ်းအားပြည့်မီ အကြမ်းခံ❞

🌕 မင်္ဂလာရှိသော ဝါဆိုလပြည့်နေ့ဖြစ်ပါစေ... 🙏ဓမ္မစကြာအခါတော်နေ့မှာ မြတ်စွာဘုရားရှင်ရဲ့ တရားတော်များနဲ့အတူ စိတ်၏ချမ်းသာခြင်...
28/07/2026

🌕 မင်္ဂလာရှိသော ဝါဆိုလပြည့်နေ့ဖြစ်ပါစေ... 🙏

ဓမ္မစကြာအခါတော်နေ့မှာ မြတ်စွာဘုရားရှင်ရဲ့ တရားတော်များနဲ့အတူ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေလို့ GS Battery မှာ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။



🔋 GS Battery သုံးစွဲသူတွေ အမေးများဆုံး မေးခွန်း (၅) ခု 🔋GS Battery အသုံးပြုနေတဲ့သူတွေနဲ့ ဝယ်ယူဖို့ စဉ်းစားနေတဲ့သူတွေဆီကန...
23/07/2026

🔋 GS Battery သုံးစွဲသူတွေ အမေးများဆုံး မေးခွန်း (၅) ခု 🔋

GS Battery အသုံးပြုနေတဲ့သူတွေနဲ့ ဝယ်ယူဖို့ စဉ်းစားနေတဲ့သူတွေဆီကနေ အမေးအများဆုံး မေးခွန်း (၅) ခုကို စုစည်းပြီး တစ်ခါတည်း ဖြေပေးလိုက်ပါတယ်။ သိချင်နေတဲ့အချက်တွေ ပါဝင်မလားဆိုတာ ကြည့်လိုက်ရအောင်။ 👇
Q: အက်စစ်ရေ ပုံမှန်ဖြည့်ပေးရဲ့သားနဲ့ ဘက်ထရီက ဘာလို့ အားမဝင်တော့တာလဲ❓
Ans: ဘက်ထရီအတွင်းပိုင်းက ခဲပလိတ်ပြားတွေ သက်တမ်းရင့်ပြီး ကြွေကျကုန်တာ (သို့) ဆာလဖိတ်ဂျီးတွေ အလွန်အကျွံပိတ်ဆို့သွားလို့ အားထိန်မထားနိုင်တော့တာ ဖြစ်ပါတယ်။

Q: အိုးစိုဘက်ထရီက အက်စစ် ဘယ်လောက်ကြာရင် တစ်ကြိမ် စစ်ပေးရမလဲ?
Ans: အသုံးများရင် Acid ရေခန်းတာမြန်လို့ (၂) ပတ် (၁) ကြိမ် စစ်ပေးတာ ပိုစိတ်ချရပါတယ်။

Q: CV Battery Acid လျော့ရင် Acid ပြန်ဖြည့်ရတာလား? မိုးရေဖြည့်ရတာလား ❓
Ans: Acid လျော့ရင် Distilled Water ကိုသာဖြည့်သင့်ပါတယ်။

Q: အိုးစိုဘက်ထရီကို ကြမ်းပြင် (သို့) ကွန်ကရစ် ကြမ်းပြင်ပေါ် တိုက်ရိုက်ချထားရင် အားကုန်မြန်တယ်ဆိုတာ တကယ်ပဲလား?
Ans: ဟုတ်ပါတယ်။ ကွန်ကရစ်ကြမ်းပြင်ရဲ့ အပူအအေး မျှတမှုမရှိခြင်းက ဘက်ထရီအတွင်းပိုင်း ဓာတုဗေဒဖြစ်စဉ်ကို သက်ရောက်မှုရှိပြီး အားပြန်လျော့တာ ပိုမြန်စေပါတယ်။

Q: အိမ်သုံးအတွက်ဆိုဘယ်အမျိုးအစားသုံးရမလဲ ❓
Ans: အိမ်သုံးဖို့အတွက်သီးသန့်ထုတ်ထားတဲ့ PHC Series ကိုအသုံးပြုနိုင်ပါတယ် 📢 မိမိတို့အသုံးပြုနေတဲ့ GS Battery တွေနဲ့ပတ်သက်ပြီး အခြားသိလိုတဲ့ မေးခွန်းတွေရှိရင်လည်း Comment မှာ မေးမြန်းခဲ့နိုင်ပါတယ်ခင်ဗျာ။
"စွမ်းအားပြည့်မီ အကြမ်းခံ❞

Address

Lot No. BC-6, Industrial Area, Zone B, Thilawa Special Economic Zone
Thanlyin
11291

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+9512309270

Alerts

Be the first to know and let us send you an email when GS Battery Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GS Battery Myanmar:

Shortcuts

Share