Apex Auto

Apex Auto Premium Used Cars
Buy • Sell • Trade
Trusted Quality, Fair Prices
✅ Fair Prices
✅ Reliable Information
🤝 Honest Deals & Customer satisfaction

31/07/2026

#လူတွေဟာ ဘယ်အချိန်ကျမှရှင်သန်ခြင်းကို တန်ဖိုးထားတတ်လဲ။

✨ဘယ်နေ့ကို ဘာလုပ်မယ်၊
ဘယ်နေ့ကို ဘာလုပ်မယ်လို့
အလုပ်ကိစ္စတွေ၊ နေရေးတွေကိုချည်း
အမြဲ စဉ်းစားမနေသင့်ဘူး။

" #ဘယ်အချိန်မှာ ငါ့ခန္ဓာကိုယ်ဟာ ဖောက်ပြန်ပြီးတော့ ထပြီးတော့ တစ်မျိုးတစ်မည် ဖြစ်မယ် မသိဘူး"လို့ သေရေးကိုလည်း စဉ်းစားရတယ်တဲ့ ဉာဏ်ပညာရှိတဲ့လူဆိုတာ။ ပရိသတ်ရေ အတိတ်မရှိ နိမိတ်မရှိလို့ မထင်ပါနဲ့နော်။

✨သေခြင်းတရားကို စဉ်းစားရင်
အကုသိုလ်ကို ကြောက်ပြီးတော့ ကုသိုလ်ကို အားကိုးပြီးတော့ မြတ်နိုးပြီးတော့ လူကောင်း သူကောင်းတစ်ယောက် သေချာပေါက် ဖြစ်နိုင်တယ်။
အင်မတန်လည်း အားတက်လာတယ်။ ဘယ်လိုနည်းနဲ့ အားတက်လာသလဲဆိုတော့ ဘဝကို ပိုပြီးတော့ တန်ဖိုးထားလာတယ်။
"ငါ ဘယ်အချိန် သေရမယ် မသိဘူး"။
မသေခင်လေးကို အင်မတန် တန်ဖိုးထားလာတယ်။

✨အခု လူတွေက သေရတော့မယ်ဆိုတာက
မစဉ်းစားတော့ ဒီနေရတဲ့အချိန်ကို
သိပ်ပြီးတော့ တန်ဖိုးမထားဘူး။
ဆိုကြပါစို့ အခုအချိန်မှာလေ ရောဂါ အကြီးအကျယ်စွဲပြီးတော့ အိမ်မှာရှိတဲ့ စည်းစိမ်တွေ အကုန်ကုန်မှ
ဒီရောဂါပျောက်မယ်။ ဒါမှ
သင် မသေမှာလို့ ဆိုလို့ရှိရင်
စည်းစိမ်းတွေနဲ့ လဲမှာနော်။ ဘာဖြစ်လို့လဲ ရှင်ချင်လို့,မသေချင်လို့။ ရှင်ခြင်းကို
အဲသလောက် တန်ဖိုးထားတယ်နော်။

✨အခု ရှင်နေပါတယ်။ ဘာမှ မဖြစ်ဘူး။ ကဲ ရှင်နေပါတယ်။ အခု ရှင်နေတဲ့အချိန်မှာ
ရှင်ခြင်းသဘောတရားကို
တန်ဖိုးထားသလား။

✨လူတွေဟာ ဘယ်အချိန်ကျမှ ရှင်သန်ခြင်းကို တန်ဖိုးထားမှာလဲဆိုတော့ သေတော့မယ်ဆိုမှ ရှင်သန်ခြင်းကို တန်ဖိုးထားကြတာ။ အဲဒါ တော်တော် ဝမ်းနည်းစရာကောင်းတဲ့ကိစ္စ။

#သေတော့မယ်ဆိုမှ စည်းစိမ်တွေ ကုန်ကုန်။ ဘာတွေဖြစ်ဖြစ် ငိုကြ ယိုကြ။
သေခြင်းတရားကို ရင်ဆိုင်ပြီးတော့
ရှင်သန်ခြင်းတရားကို ဆွဲဆန့်ချင်တယ်။ အဲဒီကျတော့ ရသေးလား၊မရတော့ဘူး။

#သေခြင်းတရားကို စဉ်းစားလို့ရှိရင် နေရတဲ့အချိန်လေးကို သိပ်ပြီးတော့
တန်ဖိုးထားတယ်။ တန်ဖိုးရှိအောင်လည်း
ကြိုးစားတယ်။✨🌷🌹🌻🪻🌷

16/07/2026

နာမည်တွေ အများကြီး ရေးထားတယ်…
အသက်တွေ မတူဘူး…
ဘဝတွေ မတူဘူး…
ဒါပေမယ့်
အဆုံးသတ်ကတော့
အားလုံး တူနေကြတယ်…။

တချို့က
ပိုက်ဆံအများကြီး ရှာခဲ့တယ်။

တချို့က
အာဏာတွေနဲ့ နေခဲ့တယ်။

တချို့က
မာနတွေနဲ့ လူတွေကို နာကျင်စေခဲ့တယ်…။

ဒါပေမယ့်…
သေသွားတဲ့နေ့မှာယူသွားနိုင်တာ
ဘာတစ်ခုမှ မရှိခဲ့ဘူး…။

နောက်ဆုံး…
ကိုယ့်ခန္ဓာကိုယ်ကိုမြေကြီးထဲ ထည့်ပြီး
လူတွေ ပြန်လှည့်သွားကြတာပဲ…။

အဲ့ဒီအချိန်မှာ
ကိုယ့်ကားတွေ မလိုက်လာဘူး
ကိုယ့်ပိုက်ဆံတွေ မလိုက်လာဘူး
ကိုယ်မာနတက်ခဲ့တာတွေလည်း
မလိုက်လာဘူး…။

လိုက်လာတာက…
ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုနဲ့
လူတွေရဲ့ ဆုတောင်းသံတွေပဲ…။

ဒါကြောင့်…
အသက်ရှင်နေတုန်း
မုန်းတာတွေ လျှော့ပါ…
လူတွေကို တန်ဖိုးထားပါ။

တစ်နေ့
ကိုယ့်သတင်းကြားတဲ့အချိန်
“စိတ်မကောင်းလိုက်တာ…” ဆိုပြီး
ရင်ထဲကနေ ပြောပေးမယ့်သူ
ကျန်ခဲ့နိုင်ပါစေ"".
#စာပေ #ဖတ်ကြည့်ပါ #

02/07/2026

"ထာဝရ မိတ်ဆွေဆိုတာ မရှိဘူး"

ဘဝဆိုတာ ရထားတစ်စင်းလိုပါပဲ။

ဘူတာစဉ်တိုင်းမှာ တက်လာတဲ့သူရှိသလို၊ ဆင်းသွားတဲ့သူတွေလည်း ရှိတယ်။

ကျွန်တော်တို့ ငယ်ငယ်က "မင်းနဲ့ငါ သေရာပါ သူငယ်ချင်းတွေနော်" ဆိုပြီး ရင်ဘတ်စည်တီး ကတိတွေ ပေးခဲ့ဖူးကြလိမ့်မယ်။

ဒါပေမဲ့ တကယ်တမ်း အသက်အရွယ်တစ်ခု ရလာတဲ့အခါ၊ လောကဓံရဲ့ အချိုးအကွေ့တွေကို အကြိမ်ကြိမ် ဖြတ်သန်းပြီးတဲ့အခါ ကျွန်တော်တို့ နားလည်လိုက်ရတဲ့ အမှန်တရားတစ်ခု ရှိလာတယ်။

အဲဒါကတော့ လောကကြီးမှာ ထာဝရ မိတ်ဆွေဆိုတာ မရှိဘူး ဆိုတာပါပဲ။

၁။ အချိန်နဲ့အမျှ ပြောင်းလဲသွားတဲ့ လူတွေ

လူဆိုတာ အမြဲတမ်း ပြောင်းလဲနေတဲ့ သတ္တဝါတွေပါ။ လွန်ခဲ့တဲ့ ငါးနှစ်က သင်နဲ့ အခု သင်ဟာ မတူတော့သလို၊ လွန်ခဲ့တဲ့ ငါးနှစ်က သင့်သူငယ်ချင်းဟာလည်း အခုအချိန်မှာ အရင်လိုလူမျိုး မဟုတ်တော့ပါဘူး။

ဝါသနာတွေ၊ အယူအဆတွေ၊ ဘဝရဲ့ ဦးစားပေးတွေ ပြောင်းလဲသွားတဲ့အခါ တစ်ချိန်က နေ့တိုင်းပြောမကုန်အောင် စကားတွေများခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်ဟာ တစ်နှစ်နေလို့ ဖုန်းတစ်ခါ ဆက်ဖြစ်ဖို့တောင် ခဲယဉ်းသွားတတ်ပါတယ်။

ဒါဟာ ဘယ်သူ့အပြစ်မှ မဟုတ်ပါဘူး။ ဘယ်သူကမှ သစ္စာဖောက်သွားတာလည်း မဟုတ်ဘူး။ အချိန်ကာလရဲ့ သဘာဝတရားသက်သက်ပါပဲ။

၂။ လမ်းခွဲခြင်းတိုင်းဟာ ရန်သူဖြစ်သွားတာ မဟုတ်ဘူး

တချို့က ထင်တတ်ကြတယ်။

သူငယ်ချင်းတွေ အဆက်အသွယ် ပြတ်သွားပြီ၊ ဝေးသွားပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် မုန်းသွားလို့၊ ဒါမှမဟုတ် ရန်ဖြစ်သွားလို့လို့ ယူဆတတ်ကြတယ်။

တကယ်တော့ အမြဲတမ်း အဲဒီလို မဟုတ်ပါဘူး။ ဘဝရဲ့ လမ်းကြောင်းတွေ၊ ရည်မှန်းချက်တွေ မတူတော့လို့ ကိုယ့်လမ်းကိုယ် လျှောက်သွားကြရင်း အဆက်အသွယ် ပြတ်သွားတာမျိုးက ပိုများပါတယ်။

တစ်ခါတလေ ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ကို တဖြည်းဖြည်း ဝေးကွာသွားတတ်ကြတယ်။ ဒါကို နာကြည်းနေစရာ မလိုပါဘူး။ သူ့ဘဝနဲ့သူ၊ ကိုယ့်ဘဝနဲ့ကိုယ် အကောင်းဆုံး ရှင်သန်နေကြတယ်လို့ပဲ တွေးပေးလိုက်ပါ။

၃။ ယာယီဆိုတာကို လက်ခံခြင်းရဲ့ အလှတရား

"ထာဝရ မိတ်ဆွေ မရှိဘူး" လို့ ပြောလိုက်ရင် လောကကြီးက သိပ်ခြောက်ကပ်သွားသလို ခံစားရနိုင်ပါတယ်။

ဒါပေမဲ့ ဒါဟာ အဆိုးမြင်ဝါဒ (Pessimism) မဟုတ်ပါဘူး။ လက်တွေ့ကျတဲ့ အမှန်တရား (Realism) တစ်ခုပါ။

> ထာဝရဆိုတာ မရှိဘူးလို့ နားလည်လက်ခံလိုက်တဲ့အခါ၊ လက်ရှိ ကိုယ့်ဘေးနားမှာ ရှိနေတဲ့ သူငယ်ချင်းတွေနဲ့ ဖြတ်သန်းရတဲ့ အချိန်လေးတွေကို သင် ပိုပြီး တန်ဖိုးထားတတ်လာလိမ့်မယ်။

ဒီအချိန်လေးတွေဟာ ပြန်မရနိုင်ဘူးဆိုတာ သိနေလို့ ပိုပြီး မြတ်နိုးလာလိမ့်မယ်။
>
ဘဝဆိုတဲ့ စာအုပ်ကြီးထဲမှာ သူငယ်ချင်းဆိုတာ အခန်းဆက်လေးတွေပါ။

တချို့က စာမျက်နှာ အနည်းငယ်လောက်ပဲ ပါဝင်ပြီး၊ တချို့ကတော့ အခန်းတော်တော်များများမှာ ပါဝင်ပါလိမ့်မယ်။

ဒါပေမဲ့ စာအုပ်အစကနေ အဆုံးထိ သင့်ဘေးမှာ အမြဲတမ်း ရပ်တည်နေမယ့်သူဆိုတာတော့ ရှားပါတယ်။

သူတို့ ပါဝင်ခဲ့တဲ့ စာမျက်နှာတွေ၊ အတူတူရယ်မောခဲ့ရတဲ့ အခိုက်အတန့်တွေအတွက် ကျေးဇူးတင်ပါ။

သူတို့ ထွက်ခွာသွားတဲ့အခါမှာလည်း ပြုံးပြုံးလေး နှုတ်ဆက်နိုင်ပါစေ။

မှတ်ထားပါ... ဘယ်သူမှ ကိုယ့်အနားမှာ ထာဝရ မနေနိုင်ပေမဲ့၊ သူတို့ပေးခဲ့တဲ့ အမှတ်တရတွေကတော့ သင့်ရင်ထဲမှာ အမြဲတမ်း ရှင်သန်နေမှာပါ။

#သုခကျော်

02/07/2026

ခွင့်လွှတ်မယ်ဆိုရင် ဖြစ်လာမယ့် နောက်ဆက်တွဲကိုပါ ထည့်စဉ်းစားပါ

ငယ်ငယ်ကတည်းက ကျွန်တော်တို့ကို သင်ပေးခဲ့တာ တစ်ခုရှိတယ်။ "ခွင့်လွှတ်ခြင်းဟာ မြင့်မြတ်တဲ့ အရာ" တဲ့။

မှန်ပါတယ်။ ဒေါသတွေ၊ အာဃာတတွေကို ရင်ဘတ်ထဲ သယ်မထားဘဲ လွှတ်ချလိုက်တာဟာ ကိုယ့်အတွက် အေးချမ်းပါတယ်။

ဒါပေမယ့် လက်တွေ့ဘဝမှာ "ခွင့်လွှတ်တိုင်းသာ အရာရာ အဆင်ပြေသွားမယ်" လို့ ထင်ရင်တော့ သင် အတော်လေး မှားသွားပါလိမ့်မယ်။

လူတစ်ယောက်က သင့်ကို အကြီးအကျယ် နာကျင်အောင်လုပ်တယ်။ သင်က ချက်ချင်းပဲ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်လိုက်တယ်။

အဲ့ဒီအခါ တစ်ဖက်လူရဲ့ စိတ်ထဲမှာ "အော်... သူက ဒီလောက်လုပ်လည်း ခွင့်လွှတ်တာပဲ၊ နောက်တစ်ခါ လုပ်လည်း ရတာပဲ" ဆိုတဲ့ အတွေး ဝင်သွားတတ်ပါတယ်။

သင့်ရဲ့ မြင့်မြတ်တဲ့ ခွင့်လွှတ်ခြင်းကို သူတို့က သင့်ရဲ့ "အားနည်းချက်" (Weakness) တစ်ခုလို သတ်မှတ်သွားတတ်ကြတယ်။

တန်ဖိုးမသိတဲ့ သူတွေရှေ့မှာ သွားပြတဲ့ ခွင့်လွှတ်ခြင်းဟာ သင့်ကိုယ်သင် နောက်တစ်ကြိမ် အစော်ကားခံဖို့ လမ်းခင်းပေးလိုက်တာနဲ့ အတူတူပါပဲ။

လူတွေ အမှားအများဆုံး အချက်က ဒါပါပဲ။

ခွင့်လွှတ်လိုက်တာနဲ့ အရင်တိုင်း ပြန်ဖြစ်သွားရမယ်လို့ ထင်နေကြတာပါ။

ခွင့်လွှတ်တယ် ဆိုတာ ကိုယ့်စိတ်ကို အဆိပ်မသင့်အောင် ကာကွယ်လိုက်တာပါ။

အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်က ကိုယ့်ကို ကိုက်လိုက်လို့ ပြန်မကိုက်ဘဲ လွှတ်ပေးလိုက်တာဟာ "ခွင့်လွှတ်တာ" ပါ။

ဒါပေမယ့် အဲ့ဒီမြွေကို အိမ်ထဲပြန်ခေါ်မွေးတာကတော့ "မိုက်မဲတာ" ပါပဲ။

သင့်ကို သစ္စာဖောက်သွားတဲ့ ချစ်သူ၊ ကျောချမ်းအောင် လုပ်သွားတဲ့ မိတ်ဆွေကို သံသရာမှာ အကြွေးမတင်ချင်လို့ သင့်ဘက်က ခွင့်လွှတ်ပေးလိုက်လို့ ရပါတယ်။

ဒါပေမယ့် သင့်ဘဝထဲကိုတော့ ပြန်ဆွဲသွင်းစရာ မလိုတော့ပါဘူး။

ဒါကြောင့် လူတစ်ယောက်ကို ခွင့်မလွှတ်ခင်၊ ဒုတိယအခွင့်အရေး (Second Chance) မပေးခင် အောက်ကမေးခွန်းတွေကို ကိုယ့်ကိုယ်ကိုယ် သေချာပြန်မေးကြည့်ပါ-

သူက တကယ် နောင်တရနေတာလား၊ ဒါမှမဟုတ် အခြေအနေအရ တောင်းပန်နေတာလား။

ဒီအမှားမျိုး နောက်တစ်ကြိမ် ထပ်မလုပ်ဘူးဆိုတဲ့ အာမခံချက်က ဘာလဲ။

သူ့ကို ပြန်လက်ခံလိုက်ရင် ငါ့ရဲ့ စိတ်အေးချမ်းမှုတွေ ပျောက်ဆုံးသွားပြီး နေ့တိုင်း သံသယတွေနဲ့ပဲ ပင်ပင်ပန်းပန်း ရှင်သန်နေရမလား။

အဖြေက သင့်အတွက် ပိုဆိုးသွားမယ် ဆိုရင်တော့... အဲ့ဒီ ခွင့်လွှတ်ခြင်းကို ခဏလောက် ရပ်တန့်ထားလိုက်တာ အကောင်းဆုံးပါပဲ။

> "ခွင့်လွှတ်ခြင်းဆိုတာ ကိုယ့်စိတ်အေးချမ်းဖို့ သောက်ရမယ့် ဆေးတစ်ခွက် ဖြစ်ပေမယ့်၊ ဒုတိယအခွင့်အရေး ဆိုတာကတော့ ထိုက်တန်သူကိုပဲ ပေးရမယ့် ဆုလာဘ်တစ်ခု ဖြစ်ပါတယ်။

မှားယွင်းတဲ့ ခွင့်လွှတ်ခြင်းက သင့်ကို နောက်တစ်ကြိမ် နာကျင်ဖို့ လက်မှတ်ဖြတ်ပေးလိုက်တာပါပဲ။"
>
ခွင့်လွှတ်ပါ။ အာဃာတ မထားပါနဲ့။ ဒါပေမယ့် သင့်ရဲ့ တန်ဖိုးနဲ့ သင့်ရဲ့ စိတ်ချမ်းသာမှုကိုတော့ အထိခိုက်မခံပါနဲ့။

ရခဲ့တဲ့ သင်ခန်းစာကို ဘယ်တော့မှ မမေ့ပါနဲ့။ လူတစ်ယောက်က သင့်ကို ပထမတစ်ကြိမ် လိမ်ညာသွားတာဟာ သူ့အမှား ဖြစ်ပေမယ့်၊ ဒုတိယအကြိမ် ထပ်အလိမ်ခံရရင်တော့ အဲဒါ ခွင့်လွှတ်ပေးခဲ့တဲ့ သင့်ရဲ့ အမှားပါပဲ။

#သုခကျော်

Address

Southern Shan State
Taunggyi

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959967220999

Website

Alerts

Be the first to know and let us send you an email when Apex Auto posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share